NCDG မိသားစုများ၏ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၆/၁၀ ရပ်ကွက်၊ ဧရာဝတီပါတ်လမ်းရှိ ပညာရောင်ခြည် သီလရှင်ကျောင်းလေး ပြန်လည်ဆောက်လုပ်ရန်အတွက် ဘဏ်စာရင်းသို့ (၆)ကြိမ်မြောက် ငွေသွင်းလှူဒါန်းမှုကို (၂၅-၆-၂၀၁၄)နေ့တွင် ငွေသား လေးသိန်းကျပ်တိတိ ပေးသွင်းခြင်းဖြင့် လှူဒါန်းခဲ့ပါသည်။
ဝမ်းမြောက်ဖွယ်ရာအဖြစ် အလှူရှင် ဒေါ်ကေသီဝင်း၏ခင်ပွန်း ဦးသီဟ၏ မွေးနေ့အလှူအဖြစ် ကျောင်းဆောက်လုပ်ရန် ငါးသိန်းကျပ်တိတိလှူဒါန်းထားကြောင်း သိရှိရပါသည်။ ဆရာကြီး၏ ဘဏ်စာရင်းတွင် ထည်းသွင်းပေးရန် NCDG သို့ အပ်နှံပါသည်။ ၄င်းအလှူငွေပါဆိုလျင် စုစုပေါင်း (၂၉)သိန်းကျော် စုဆောင်းရရှိနေပြီ ဖြစ်ပါသည်။
ယနေ့ (၆-၇-၂၀၁၄)နေ့တွင် သီလရှင်ဆရာလေး၊ ဆရာကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပညာရေးပဒေသာပင်စိုက်ထူခြင်းများ ပြုလုပ်ခဲ့ပါသည်။ ပညာရောင်ခြည်ကျောင်းသာမက အနီးပတ်ဝန်းကျင်မှ သီလရှင်ဆရာလေး၊ ဆရာကြီးများအား အပါတ်စဉ် ကျန်းမာရေး စောင့်ရှောက် ကုသပေးပါသော ဒေါက်တာ ရွှေလင်းအောင်နှင့်အဖွဲ့အားလည်း ဆေးဝါးဖိုးလှူဒါန်းခဲ့ပါသည်။
ဆွမ်းအလှူအဖြစ် (၂၆-၆-၂၀၁၄)နေ့တွင် ကွယ်လွန်ခဲ့သော ဖခင်ကြီး ဦးချစ်သိန်းအားရည်စူး၍ ဦးမြင့်ဦး+ဒေါ်ကြူကြူသိန်းမိသားစုမှ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ပါသည်။ ကျောင်းအတွက်လည်း အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ပါသည်။ သမီးငယ် မမေသဇင်မြင့်မှ ဗလာစာအုပ်(၂၄)အုပ်နှင့် ဘောပင်(၁၈)ချောင်း ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ပညာရေးပဒေသာပင်အလှူငွေမှာ သုံးသောင်းကျပ် ဖြစ်ပါသည်။ ဆေးဝါးအလှူမှာ မဒမ်မွန်း၊ ဒေါ်မြင့်သူဇာထွန်း၊ ဦးထွေးမိသားစုတို့မှ တစ်ဦးလျင်တစ်သောင်းကျပ်စီဖြင့် စုစုပေါင်း သုံးသောင်းကျပ် ဖြစ်ပါသည်။
အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းရုံသာမက ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလာရောက် လှူဒါန်းပေးကြပါသော အလှူရှင် ဓမ္မမိတ်ဆွေများဖြစ်ကြသော ဒေါ်အေးအေးနှင့် သမီးသက်သက်ခိုင်၊ ဒေါ်ခင်အေးဝင်းနှင့် သမီးပုလဲဇင်မြင့်၊ ဦးသီဟ၊+ဒေါ်ကေသီဝင်းနှင့်မိတ်ဆွေဖြစ်သူတို့အား NCDG မိသားစုဝင်များကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
အဖွဲ့ဝင်၊ အလှူရှင်များ၏ လှူဒါန်းမှုကြောင့် ဆရာလေးများ အေးဆေးစွာ ဆွမ်းသုံးဆောင်ပြီး လောကီပညာများ သင်ကြားရန် ချမ်းမြေ့စွာ ထွက်ခွာသွားကြသည်ကိုကြည့်ရင်း လစဉ်မပျက်လှူဒါန်းနိုင်ရန်နှင့် ကျောင်းပြန်လည်ဆောက်လုပ်ရန် လုံလောက်သော အလှူငွေများ ရရှိနိုင်ရေးအတွက် သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့အား နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း...
NCDG Donation