NCDG မိသားစုများ၏ စုပေါင်း အလှူတော်မင်္ဂလာများကို ၂၀၁၃ခု ဇူလိုင်လမှ စတင်ပြီး လစဉ် မပျက်မကွက် ပြုလုပ်လာခဲ့သည်မှာ ၁၂ကြိမ်တင်းတင်းပြည့်မြောက်၍ နှစ်ပါတ်လည်ခဲ့ပါပြီ…
အဖွဲ့ဝင်များ၏ ချွေးနည်းစာ လစဉ် အလှူငွေများအပြင် အလှူရှင်များ၏ စေတနာ သဒ္ဓါတရား ထက်သန်သော လှူဒါန်းမှုများကြောင့် (၈-၆-၂၀၁၄)နေ့တွင် လှူဒါန်းခဲ့သော အလှူတော်မင်္ဂလာမှာ စည်ကား သိုက်မြိုက် လှပါတယ်…
အလှူရှင်များ ဖြစ်ကြသော ဦးရဲနောင်မိသားစု၊ ဒေါ်ခင်အေးဝင်း၊ အဖွဲ့ဝင်သစ်ဖြစ်သော မောင်ဇေယျာမြင့်တို့နှင့်အတူ ဦးသန်းဝင်းမိသားစု၊ ဦးထွေးမိသားစုတို့မှ အဖွဲ့ဝင်၊ အလှူရှင်များအားလုံးကိုယ်စား လှူဒါန်းပေးခဲ့ကြပါတယ်…
လမ်းကြောပိတ်ဆို့မှုကြောင့် အချိန်တော်တော် နောက်ကျမှ လူစုံခဲ့ကြသော်လည်း နေမွန်းမလွဲမီ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်… ဦးရဲနောင်၊ ဒေါ်သန်းသန်းနိုင်၊ သား မောင်ရဲမာန်သတိုး မိသားစုက ဆရာကြီး၊ ဆရာလေး အပါး ၃၀ကျော်အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသော ဧည့်ပရိသတ်များကိုလည်း ကျွေးမွေး ဧည့်ခံခဲ့ပါတယ်…
ဆွမ်းအလှူအတွက် တစ်သိန်းကျပ်၊ ဒေါက်တာ ရွှေလင်းအောင်၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် သုံးသောင်းကျပ်၊ ပညာရောင်ခြည်ကျောင်းမှ ဆရာလေးများ၏ ပညာရေးအတွက် ငွေပဒေသာပင် သုံးသောင်းကျပ်ကိုလည်း လှူဒါန်းခဲ့ကြပါတယ်…
NCDGမိသားစုများ၏ တစ်နှစ်တာ အလှူစာရင်းကိုလည်း အကျဉ်းချုပ် တင်ပြလိုက်ပါတယ်…
ပညာရောင်ခြည်ကျောင်း ပြန်လည်ဆောက်လုပ်ရန်အတွက် ဘဏ်စာအုပ်ထဲသို့ (၂-၆-၂၀၁၄)နေ့ကငွေကျပ်လေးသိန်း ထည့်သွင်းလှူဒါန်းခဲ့ခြင်းကိုလည်း ဆရာကြီးများအား အသိပေး လျှောက်ထားခဲ့ပါတယ်… ဘဏ်စာရင်းတွင် ၅ကြိမ်မြောက် ထည့်သွင်းအပြီး စုစုပေါင်း ငွေကျပ်သိန်း(၂၀)ကျော် ရရှိနေပြီ ဖြစ်ပါတယ်… သို့သော်လည်း မတည်ငွေ သိန်းငါးဆယ်ပြည့်ရန် အမြန်လိုအပ်နေပါသဖြင့် အလှူရှင်များ ပေါ်ပေါက်နိုင်ရန် ဤနေရာမှ နှိုးဆော်အပ်ပါတယ်…
မတည်ငွေ သိန်းငါးဆယ်ပြည့်မှ ကျောင်းဟောင်းကိုဖျက်ပြီး လမ်းတစ်ဘက်ခြမ်းတွင် ယာယီကျောင်းပြန်ဆောက်၍ အောက်ခံမြေတူးခြင်း လုပ်ငန်းများ စတင်နိုင်မည် ဖြစ်ပါတယ်... ထိုအဆင့်မှာပင် ခန့်မှန်းခြေ သိန်းနှစ်ရာကျပ်ခန့် လိုအပ်မည်ဖြစ်၍ လှူဒါန်းမည့် သဒ္ဓါကြည်လင် ပါရမီရှင်များ လိုအပ်နေပါတယ်… သို့ပါ၍ အလှူရှင်များအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ NCDG Donation အဖွဲ့မှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း ထပ်လောင်း နှိုးဆော်ပါရစေ…
ပညာရောင်ခြည် သီလရှင် စာသင်တိုက်၊ ဧရာဝတီပတ်လမ်း၊ (၆/၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့
ဖုန်းနံပါတ် 09 730 91664 , 09 4500 38008 ဖြစ်ပါတယ်…
ဘဏ်ငွေစာရင်းသို့ လှူဒါန်းလိုပါက KBZ ဘဏ် ငွေစုစာရင်းအမှတ် 102 122 000 4903 သို့ ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်း…
NCDG မှတဆင့်လှူဒါန်းလိုပါက
ဦးသန်းဝင်း (ဖုန်း 09 730 40668)၊
ဦးသော်တာဆွေ (ဖုန်း 09 732 08297)၊
ဦးထွေး (ဖုန်း 09 512 7271)
ဒေါ်အေးအေး၊ ရွှေတံခါး အဆင့်မြင့်မူကြို (ဖုန်း 01 610 875)
ဒေါ်ခင်အေးဝင်း (ဖုန်း 09 730 88056)
သို့ဆက်သွယ် လှူဒါန်းနိုင်ပါတယ်…
KBZ Bank MPU Card Account No. 999 191 073 7481 (U Khin Maung Htwe) သို့လည်း နီးစပ်ရာ KBZ ဘဏ်ခွဲများတွင် ပေးသွင်းလှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်…
နိုင်ငံရပ်ခြားမှ လှူဒါန်းလိုသူများအတွက်လည်း ဤနေရာ တွင် အသေးစိတ် ဖတ်ရှု၍ လှူဒါန်းနိုင်ပါကြောင်း…
ပထမအကြိမ်မှ စတင်၍ တစ်နှစ်ပြည့်မြောက်သည့်တိုင် လစဉ်မှန်မှန် ထည့်ဝင်လှူဒါန်းကြပါသော မူလ ပထမ အဖွဲ့ဝင်ဟောင်းများ၊ စတင်စဉ်က မပါဝင်သော်လည်း တဆင့်စကားဖြင့် သိရှိ၍ နောက်ပိုင်းတွင် ပါဝင်လာကြသော အဖွဲ့ဝင်သစ်များ၊ ပုံမှန် မဟုတ်သော်လည်း အလျဉ်းသင့်သလို ပါဝင်လှူဒါန်းကြသော အလှူရှင်များအားလုံးကို NCDG မိသားစုများကိုယ်စား တန်ဖိုးထား လေးစား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ… တစ်နှစ်ပြည့်မှစ၍ နောင်နှစ်ပေါင်းများစွာ သားစဉ်မြေးဆက်တိုင်အောင် ဤကောင်းမွန်သော အာစိဏ္ဏကံ ကုသိုလ် ပရဟိတလုပ်ငန်းကြီးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်နိုင်အာင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါလို့လည်း မေတ္တာရပ်ခံလိုပါတယ်…
ယနေ့ထိ ပြုလုပ်ခဲ့ပြီး၊ ပြုလုပ်နေဆဲ၊ ပြုလုပ်ဦးမည့် အလှူဒါန ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို အမျှပေးဝေပါ၏၊ အားလုံး အမျှရကြ၍ သာဓုခေါ်ယူနိုင်ပါစေ…
NCDG မိသားစုများ၏ စုပေါင်း အလှူတော်မင်္ဂလာများကို ၂၀၁၃ခု ဇူလိုင်လမှ စတင်ပြီး လစဉ် မပျက်မကွက် ပြုလုပ်လာခဲ့သည်မှာ ၁၂ကြိမ်တင်းတင်းပြည့်မြောက်၍ နှစ်ပါတ်လည်ခဲ့ပါပြီ…
(ဆရာကြီးဖုန်းဆက်၍ ဒေါ်ကေသီဝင်းနှင့် ဓမ္မမိတ်ဆွေများ စုပေါင်းလှူဒါန်းသောငွေကျပ်တစ်သိန်းခွဲကို (၈-၆-၂၀၁၄)နေ့လယ်တွင် လက်ခံရရှိပါကြောင်း နောက်ဆက်တွဲ အနေဖြင့် သိရသည်မှာ ဝမ်းသာအားရဖွယ် ဖြစ်ပါတယ်... အလှူရှင်များတိုးပွား၍ ဆရာကြီး၊ ဆရာလေးများ နောက်ဆံမတင်းပဲ လောကီ လောကုတ္တရာ ပညာများကို စိတ်အေးချမ်းသာစွာ ပို့ချသင်ကြားနိုင်မည့် ကျောင်းဆောင်ကြီးအဖြစ် အမြန်ဆုံး ပြန်လည် ဆောက်နိုင်ပါစေဟု ဆုတောင်းမိပါတယ်...)