Fwd: သူရဦးရွှေမန်း မိန့်ခွန်း ၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဖိတ်ခေါ် ၊ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပညာရှင် ကိုးဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်း ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်

4 views
Skip to first unread message

Thinzar

unread,
Aug 23, 2011, 9:31:27 AM8/23/11
to n-staff-jica-...@googlegroups.com, immediate-f...@googlegroups.com, doorways-to-eng...@googlegroups.com, moe.k...@fco.gov.uk, Kyu Kyu Khaing, Khaing Khaing Oo, Khwa Nyo, kyaw...@gmail.com, U Htet, Kaung Lynn, htike aung, chu chue, irenemya...@gmail.com, Lu Zaw, mgm...@gmail.com, Myat Thu Aung, Tin Maw Lwin, moch...@gmail.com, Y M, ^ _ ^, Cho Zin, put...@gmail.com, Win Myat Oo, eggy su, miemie hlaing, Harold Charles wemyss, cowboy star, ghone man, thuyei...@gmail.com, Phyo Htike, Khin Lai Lai Aung, NAY MYO
Highlighted domestic news are as below. 

Remarks: If you annoys with my forwardings, don't hesitate to let me know .. I will delete you from the group listing or whatever ...
I just think that some individuals want to use their emails only for their personal affairs. So, I won't mind for it.

Have a good-day or night,
Thinzar





---------- Forwarded message ----------
  1. သူရဦးရွှေမန်း မိန့်ခွန်း ၊
  2. ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဖိတ်ခေါ်  ၊
  3. အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပညာရှင် ကိုးဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်း ၊
  4.  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတအိမ်တော်၌ ပထမဆုံးတွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု ထုတ်ပြန် ၊
  5.  ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေး၊ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက် ၊
  6.  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ၊
  7.  ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လှိုက်လှဲစွာကြိုဆို ၊
  8. Myanmar Youth Conference 2011 ကျင်းပပြုလုပ်မည်  ၊
  9.  မြို့ပတ် ရထား လက်မှတ်များ သြဂုတ်လကုန်တွင် ဈေးတက်မည ဆိုသည်မှာ မဟုတ်မှန် ၊
  10.  ခုံးကျော်တံတားပေါ် ဈေးရောင်းသူများကိုပါ စည်ပင်အရေးယူမည် ၊ 
  11. Public Voice : P.C.O ဖုန်းဝန်ထမ်း ရဲ့ ရင်ဖွင့်စာ ၊
  12. နယ်စပ် ဝင်ပေါက်များမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု ဦးရေ ကျဆင်း ၊

သူရဦးရွှေမန်း မိန့်ခွန်း

 

ဒီနေ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ဖွင့်ပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မြွက်ကြားတဲ့ မိန့်ခွန်းစကားလို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ၊ အထူး ဖိတ်ကြားထားသူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကြီး ယနေ့ ယခု စပါပြီ။ အစည်းအဝေး အစမှ အဆုံးထိ အများပြည်သူများအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့် မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေနှင့်အတူ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုရလိမ့်မယ်လို့ မျှော်လင့်ကြိုဆိုလျက်ပါ။

မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေတွေ တင်သွင်း ဆွေးနွေးကြမည့် ကိုယ်စားလှယ်များအပြင် အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စတုတ္တ မဏ္ဍိုင်မှ သတင်းဂျာနယ်၊ မီဒီယာများပါ ရောက်ရှိနေကြတာကြောင့် ဒီမိုကရေစီ ပီပြင်စွာ ဖြစ်ထွန်းစေသော အင်္ဂါများစုံညီစွာ ပါဝင်လာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာများ အပါအဝင် အများပြည်သူများနှင့် နိုင်ငံတကာမှ ဝေဖန် အကြံပြုမှုများကိုလည်း မိမိတို့ ခံယူသွားကြရမှာ ဖြစ်ပါတယ်။

ပါလီမန်က ဥပဒေပြုရေးနှင့် အုပ်ချုပ်မှုအာဏာ ရယူကျင့်သုံး ဆောင်ရွက် နေသည့် လုပ်နည်းစနစ်နှင့်မတူဘဲ သမ္မတက အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပြီး လွှတ်တော်က ဥပဒေပြုအာဏာ ရယူဆောင်ရွက်နေတဲ့ မိမိတို့နိုင်ငံ၏ လွှတ်တော် ဖွဲ့စည်းမှု၊ လွှတ်တော်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လွှတ်တော် ကော်မတီနှင့် ကော်မရှင်များ၊ အဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့်အညီ ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

အတိတ်က သင်ခန်းစာများကိုရယူပြီး ယနေ့ မျက်မှောက်ကာလမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စများကို မိမိတို့အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်မှာ အရည်အချင်းရှိဖို့ လိုပါတယ်။ ခိုင်မာတောင့်တင်းဖို့လည်း လိုပါတယ်။ ခိုင်မြဲအောင် တည်ဆောက်နေဖို့လည်း လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အသီးသီး အရည်အချင်းတိုးတက်မြင့်မားနေအောင် ပုံစံမျိုးစုံဖြင့် လေ့ကျင့်နေရန်လိုအပ်သလို စည်းလုံးညီညွတ်စွာ ရှိနေစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည် လေးစားကြရန်နှင့် ပြုမူဆောင်ရွက် ကြဖို့လည်း လိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ မထားရှိတော့ဘဲ အများပြည်သူအကျိုး၊ ပြည်ထောင်စုအကျိုး၊ နိုင်ငံတော်အကျိုး အတွက် ဆောင်ရွက်ကြမယ်လို့ ခံယူပြီး ပြောဆိုပြုမူ ဆောင်ရွက်နေကြတာများကို တွေ့ရတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူ ကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ လွှတ်တော်များဟာ ဒီမိုကရေစီ၏ အသွင်သဏ္ဍာန်နှင့် အနှစ်သာရများ စုစည်းတည်ရှိရာ အဖွဲ့အစည်းဖြစ်သလို အာဏာများကိုလည်း မျှတစွာ ခွဲဝေကျင့်သုံးစေသော အဖွဲ့အစည်းကြီးလည်း ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ၏ သဘောထားဆန္ဒများကို သယ်ဆောင်လာကြပြီး မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများအဖြစ် မေးမြန်းဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ကြရာမှာလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများ ဖြစ်ထွန်းစေသော ဥပဒေများနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ အလျင်အမြန် ဖြစ်ပေါ်လာရန် လိုအပ်နေပါတယ်။

ထို့အတူ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရေး အတွက်လည်း ဆောင်ရွက်ပေးရမယ့် အဓိကအဖွဲ့အစည်းဖြစ်နေပါတယ်။
လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သော ဥပဒေများကို ထပ်ဆင့်ထုတ်ပြန်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်သောဥပဒေများဖြစ်သည့် နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများသည် မူလလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ ကို ဆန်းစစ်နေရမှာ ဖြစ်သလို နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသားအားလုံးက လိုက်နာ ကျင့်သုံးရေးနှင့် အပြန်အလှန် ထိန်းညှိကူညီ ဆောင်ရွက်ရေးအတွက် ပါဝင်ပေးရမှာဖြစ်ပါတယ်။

ထိုတာဝန်များကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များက အဓိကထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ တာဝန်များ ကျေပွန်စေရေးအတွက် မွန်မြတ်သောစေတနာနှင့် ပြည့်ဝသောအရည်အချင်းများ ရှိကြရန်နှင့် လုပ်နည်းလုပ်ဟန်များ မှန်ကန်ရန်လည်း လိုအပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူ့မျှော်လင့်ချက်များကို အလေးထား ဆန်းစစ် သုံးသပ်ဝေဖန်ပြီး လက်တွေ့နယ်ပယ်တွင် ပြည်သူ့အကျိုးအတွက်၊ နိုင်ငံတော် အကျိုးအတွက် ဖြစ်ထွန်းစေမည့် ဥပဒေများ အမြန်ပေါ်ထွန်းရေးနှင့် ထိုဥပဒေများ နှင့်အညီ နိုင်ငံသားအားလုံး၊ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းအားလုံးက လိုက်နာကျင့်သုံးရေး အတွက် ထိန်းညှိ ကူညီဆောင်ရွက်ရန် လွှတ်တော်တွင် တာဝန်ရှိပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့တာဝန်ကို သိရှိပြီး ထိုတာဝန်များကို တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။သို့မှသာ နိုင်ငံတော်နှင့် နိုင်ငံသားများကို သစ္စာရှိရာ ရောက်မှာဖြစ်ပါတယ်။ တာဝန် ကျေသော သစ္စာရှိသာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြုမူဆောင်ရွက်သွားကြပါရန် အလေးအနက်ထား တင်ပြတိုက်တွန်းလိုက်ပါတယ်။



ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဖိတ်ခေါ်

ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့က သြ ဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ်   ၁/၂၀၁၁ ကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းကြေညာချက် အပြည့်အစုံမှာ -

၁။       နိုင်ငံတော်အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့်ပြည်သူ တစ်ရပ်လုံး ပူးပေါင်း တည်ဆောက် သွားရန် အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။

၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေ ရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လို သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၃။ ပဏာမ ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရ ဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

ဟု ဖော်ပြပါရှိသည်။

အဆိုပါကြေညာချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့၏အတွင်းရေးမှူး ဦးတင်မျိုးကြည်ကအမိန့်အရ ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပညာရှင် ကိုးဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်း

နေပြည်တော်၊ ဩဂုတ် ၂၀

နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ (ဩဂုတ် ၁၉ ရက်) တွင် ပညာရှင် ၉ ဦးမှ စာတမ်း ၉ စောင် ဖတ်ကြားတင်သွင်းခဲ့သည်။
DSCN0953

MICC, Naypyidaw

MICC, Naypyidaw
အပိုင်း (၁) မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကဏ0x081ဍ
dr_u_myint

ဒေါက်တာဦးမြင့်

၁။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးမူဝါဒ

u_soe_theinဦးစိုးသိန်း

- ဦးစိုးသိန်း (ဥက0x081ကဋ0x081ဌ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ)

၂။ မြန်မာနိုင်ငံ၏ ရ - သုံးငွေစာရင်းကို လေ့လာခြင်း
u_san_theinဦးစံသိန်း

- ဦးစံသိန်း

၃။ ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ

dr_zaw_ooဒေါက်တာဇော်ဦး

- ဒေါက်တာဇော်ဦး

၎။ Reforming Government – Business Relations in Myanmar
dr_kyaw_yin_hlaingဒေါက်တာကျော်ရင်လှိုင်

- ဒေါက်တာကျော်ရင်လှိုင် (Myanmar Egress/ University of Hong Kong)

၅။ Myanmar Political Economy of Development
dr_tin_mg2_thanဒေါက်တာတင်မောင်မောင်သန်း

- ဒေါက်တာ တင်မောင်မောင်သန်း (ISEAS, Singapore)

၆။ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတက်မှု
dr_khin_mg_lwinဒေါက်တာခင်မောင်လွင်

- ဒေါက်တာခင်မောင်လွင်
အပိုင်း (၂) နိုင်ငံတော်၏ စီးပွားရေးအခြေခံများကဏ0x081ဍ

သဘာပတိ - ဦးကျော်တင့်ဆွေ (သံအမတ်ကြီး၊ အငြိမ်းစား)
u_kyaw_tint_sweဦးကျော်တင့်ဆွေ

၁။ တိုင်းပြည်၏ ထုတ်လုပ်မှုစွမ်းအားနှင့် တိုင်းပြည်ဝင်ငွေဆိုင်ရာ စာရင်းဇယားများအတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ
d_win_myintဒေါ်ဝင်းမြင့်

- ဒေါ်ဝင်းမြင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းရေးဆွဲရေး ညွှန်ကြားမှု ဦးစီးမှုဌာန (စီမံကိန်း))

၂။ စိုက်ပျိုးရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ0x081ဍ၏ ပြုပြင်ပြောင်းလဲမှုများ
dr_thieingi_myintဒေါက်တာဒေါ်သိဂင်0x081ီမြင့်

- ဒေါက်တာဒေါ်သိဂင်0x081ိမြင့် (ကထိက၊ ရေဆင်းစိုက်ပျိုးရေး တက0x081ကသိုလ်)

၃။ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ပို့ဆောင်ရေးကဏ0x081ဍ၏ အနာဂတ်မျှော်မှန်းချက်

u_win_peဦးဝင်းဖေ

- ဦးဝင်းဖေ (ညွှန်ကြားရေးမှူးချုပ်၊ ပို့ဆောင်ရေးဦးစီးဌာန)

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်များအား ည ၇ နာရီ မိနစ် ၅ဝ တွင် ရပ်နားခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတအိမ်တော်၌ ပထမဆုံးတွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု ထုတ်ပြန်
6478

နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်း၌ ပထမဆုံး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်စဉ် ကာလအတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

နေပြည်တော်တွင် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့) အစီအစဉ်ကို မူလက မွန်းလွဲ ၁ နာရီတွင် စတင်ရန်စီစဉ် ခဲ့သော်လည်း မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ရောက်ရှိမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိလာပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေး၊ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်



ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေး၊ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၁၉ ရက်နေ့  ညနေ၄ နာရီတွင် နေပြည်တော် ရှိ သမ္မတ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည် တို့သည် မတူကွဲပြားသော သဘောထား အမြင် များကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူ လူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုး စီးပွားများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

“သမ္မတနဲ့တွေ့ဆုံဆွေးနွေးမှု ကိုကျေနပ်အားရမှုရှိ တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက် တွေကို ပြောသွားတယ်”  ဟု နေပြည် တော်သို့ သတင်းသွားရောက်ယူခဲ့သူ သတင်းထောက် တစ်ဦးကဆိုသည်။

ဒေါ်အောင်ဆန်းစု ကြည်သည် နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပသည့် နိုင်ငံတော် ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ တက်ရောက်ခဲ့ပြီး(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့်မြန်မာ့ မီးရထား အထွေထွေ မန်နေဂျာဦးကြည်အေး တို့ နှစ်ဦး ဖတ်ကြားသည့် စာတမ်းနှစ်စောင်ကို နားထောင်ပြီး အစည်းအဝေး ခေတ္တရပ်နားစဉ် တွင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး အချို့နှင့် ဆွေးနွေးမှု များပြုလုပ်ခဲ့ ကြောင်း၊ ယင်း နောက်နေပြည်တော်မှ ရန်ကုန်မြို့ သို့ ပြန် လည် ထွက်ခွာ သွားသည်။

ကျော်ဇေယျာဝင်း

Myanmar Post Journal


စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Posted by Popular News 

သြဂုတ်လ ၂၀ ရက်(ယနေ့) နေပြည်တော်(MICC)၌ကျင်းပသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းအစည်းအဝေး ပထမပိုင်း တစ်ချိန်သာ တက်ရောက်ခဲ့ပြီး ကော်ဖီ သောက်ချိန် ခေတ္တနား ချိန်၌ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ အစည်းအဝေးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းအဝေးခုံတန်း များ၏ ရှေ့ဆုံးခုံတန်းတွင် နိုင်ငံ တော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်နှင့် ကပ်လျက်နေရာ၌ ထိုင်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အကြံပေး ပုဂ္ဂိုလ်များနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၉ ရက်နေ့ကလည်း သမ္မတအိမ်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ညနေ ၄ နာရီမှ ၅ နာရီ ထိတွေ့ဆုံကာ ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။



   

  • Print
dassk_at_workshop

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လှိုက်လှဲစွာကြိုဆို


dassk_at_workshop

နေပြည်တော် ဩဂုတ် ၂၀

မြန်မာအစိုးရ မြို့တော်သစ် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပနေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက် ၉ နာရီက ရောက်ရှိလာခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အစည်းအဝေး တက်ရောက်နေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ0x081မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင်၊ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်တို့နှင့်အတူ ယနေ့နံနက်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိလာခဲ့ရာ ဝိုင်းအုံကြည့်ရှုနေကြသော လူပရိသတ် များပြားသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများက လုံခြုံရေးယူ၍ လမ်းရှင်းပေးခဲ့ရသည်ဟုလည်း 0x158င်းထံမှ သိရသည်။

" အလုပ်ရုံဆွေးနွေးပွဲ တက်လာတဲ့သူတွေ ဒေါ်စုရောက်လာတော့ အံ့ဩဝမ်းသာနေကြတယ်။ အစည်းအဝေးသဘာပတိ ကိုယ်တိုင်ထပြီး နှုတ်ဆက်တယ်" ဟု The Voice Weekly သို့ တိုက်ရိုက်သတင်းပေးပို့သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းဝေးခန်းမ ရှေ့ဆုံးတန်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တစ်ဖက်တစ်ချက်စီ နေရာယူခဲ့ပြီး UMFCCI ဥက0x081ကဌ ဦးဝင်းအောင် ဖတ်ကြားသည့် ပုဂ0x081ဂလိက လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းနှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကြည်အေး ဖတ်ကြားသည့် စာတမ်းတို့ကို နားထောင်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် ခေတ0x081တရပ်နားစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးသုံးဦးနှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဇော်ဇော်၊ UMFCCI ဥက0x081ကဌ ဦးဝင်းအောင်၊ ဒုတိယဥက0x081ကဌ ဦးလှမောင်ရွှေတို့နှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင်များ စီစဉ်ပေးသည့် ၅ဂ/ ၇၀၇၇ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ0x081မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပေါ် တွေ့ဆုံဆွေးနွေးရေး၏ ခြေလှမ်းအစ ဖြစ်သည်ဟု မှတ်ချက်ပေး ပြောကြားခဲ့ကြောင်း ပြည်ပအသံလွှင့် မီဒီယာများ၏ ထုတ်လွှင့်ချက်များအရ သိရှိရသည်။ နှစ်ပေါင်း ၂၃ နှစ်ကျော်ကြာ နိုင်ငံရေးမုန်တိုင်း ပြင်းထန်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ၌ အစိုးရနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးမှုများကြောင့် မြန်မာ့နိုင်ငံရေးအတွက် ရလဒ်ကောင်းများ သယ်ဆောင်လာသည့် လေပြေလေညှင်းဖြစ်ကြောင်း အိန0x081ဒိယနိုင်ငံထုတ် ဟင်ဒူသတင်းစာကြီးက ဖော်ပြသည်

The Voice Weekly journal


Myanmar Youth Conference 2011 ကျင်းပပြုလုပ်မည်
ဩဂုတ်လ (၁၂)ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် ဆက်စပ်ကျင်းပသည့် ယခုပွဲ၏ ရည်ရွယ်ချက်မှာ အနာဂတ် ခေါင်းဆောင် လူငယ်များ အသိအမြင် ပိုမို ပွင့်လန်းလာစေရန်နှင့် လူကြီးနှင့် လူငယ်ကြား နားလည်မှု ပိုမိုတည်ဆောက်ပြီး အောင်မြင်မှုများ အတူတကွ ဖန်တီးနိုင်ရန်ဖြစ်
Posted on Aug 20 11 - 02:59 PM | Hits : 450
Myanmar Youth Conference 2011 ကျင်းပပြုလုပ်မည်

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် Myanmar Youth Conference 2011 ကို ဩဂုတ်လ (၂၁)ရက်နေ့၊ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ (၁၂)ရက်နေ့က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် ဆက်စပ်ကျင်းပသည့် ယခုပွဲ၏ ရည်ရွယ်ချက်မှာ အနာဂတ် ခေါင်းဆောင် လူငယ်များ အသိအမြင် ပိုမို ပွင့်လန်းလာစေရန်နှင့် လူကြီးနှင့် လူငယ်ကြား နားလည်မှု ပိုမိုတည်ဆောက်ပြီး အောင်မြင်မှုများ အတူတကွ ဖန်တီးနိုင်ရန် ဖြစ်သည်။ ပွဲကို မင်းရဲကျော်စွာလမ်း (စိန်ဂျွန်းမှတ်တိုင်)ရှိ UMFCCIတွင် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါပွဲကို ဆွေးနွေးမှု Panel (၃)ခုဖြင့် ကျင်းပရန် စီစဉ်ထားပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပွဲအစီအစဉ် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Agenda of the Conference

9:00 am - Opening of the conference

9:05 am - Welcoming Speech

9:15 am - Introduction Speech

9:30 am - Panel (1) - Youth and Education for Job Opportunity

Moderator - Khaing Wuth Yee (MYiA)

Panelists - Saya U Aye Kyaw (MHR)

Saya Lynn Thaik Nyunt (Myanmar Land)

Saya U Zaw Linn (Gusto Education)

11:00 am - Discussion by attendees


11: 30 am - Lunch Break


12:00 pm - Second Part of the Conference

12:05 pm - Panel (2) - Involving Young People in Decision Making

Moderator - Aye Chan Maung (MYiA)

Panelists - U Kyaw Minn Tun (MD - Soe Electronic and Machinery)

Daw Nu Myat Theingi Oo (Editor in Chief  - The Chic Magazine)


1:00 pm - Discussion by Attendees



1:30 pm - Coffee Break



1: 45 pm - Panel (3) Active Participation of Youth to Climate Change

Moderator - Tin Myat Htet (MYiA)

Panelists - U Sithu Lwin (Environmentalist)

Daw Devi Thant Sin (Environmentalist)

One more panelists are to be announced

3:00 pm - Discussion by Attendees



3:30 pm - Singing MYiA Theme Song

3:40 pm - Closing Ceremony

အခြားအသေးစိတ် သိလိုသော အချက်အလက်များအတွက် အောက်ပါ ပုဂ္ဂိုလ်များထံ စုံစမ်း ဆက်သွယ်နိုင်မည် ဖြစ်သည်။

For More Information, pls contact

Aye Chan Maung - 09 730 71175

Khine Soe Linn - 09 540 8305

Tin Myat Htet - 09 73117849


Ref: Planet


မြို့ပတ် ရထား လက်မှတ်များ သြဂုတ်လကုန်တွင် ဈေးတက်မည ဆိုသည်မှာ မဟုတ်မှန်



မြို့ပတ် ရထား လက်မှတ်များ သြဂုတ်လကုန်တွင် ဈေးတက်မည ဆိုသည်မှာ မဟုတ်မှန်

ရန်ကုန်မြို့၊ မြို့ပတ် ရထားလက် မှတ်ခများ သြဂုတ်လကုန်တွင် လက် မှတ်ခ ကျပ် ၁၀ မှကျပ် ၁၀၀ သို့ မြင့် တက်မည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း မြန်မာ့ မီးရထား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ မြို့ပတ်ရထားတွေ ကို လကုန်ရင် ပုဂ္ဂလိကကုမ္ပဏီ တွေကို လွှဲပြောင်း ပေးပြီးလက်မှတ်ခ ကျပ် ၁၀ ကနေကျပ် ၁၀၀ ဖြစ်သွား မယ်ဆိုတာ မဟုတ်ပါဘူး၊ အခု လတ်တလော ဘာ ညွှန်ကြားချက်မှ မလာ သေးပါဘူး၊ လ သုံးလက်မှတ် တွေလည်း မပြင်သေးပါ ဘူး၊ လက်မှတ်ခ ၃၃၂ ကျပ်၊ အာမခံ ၇ ကျပ်ခွဲ၊စဘော်ငွေ တစ်ကျပ်နဲ့ ဒီလကုန် အထိ ဆက်စီး လို့ရသေးတယ်”ဟု မြန်မာ့ မီးရထား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ရှင်းပြသည်။

လက်ရှိ အချိန်တွင် မြန်မာ့မီးရထား မှ မြို့ပတ် ရထား ၂၂ စင်းဖြင့် တစ်နေ့ အခေါက်ရေ ၂၀၀၊ခရီးသည် ဦးရေ နှစ်သိန်း ခန့် ပြေးဆွဲ ပေးလျက် ရှိကြောင်း သိရသည်။ “လက်မှတ်ခ ကျပ် ၁၀ ကို ၀ယ်မစီးတဲ့ ခရီးသည်တွေဆိုရင် ဒဏ်ငွေ ကျပ် ၁၀၀၀ ပေးဆောင် ရမှာဖြစ်ပါ တယ်၊ လက်မှတ်မဲ့ စီးနင်းတဲ့ သူတွေကို လက်မှတ်စစ် အဖွဲ့တွေ အများကြီးခွဲပြီး နံနက် ၄ နာရီကနေ ညနေ ၆ နာရီအထိ အထူးကြပ်မတ် စစ်ဆေး နေပါတယ်၊ လက် မှတ်မဲ့ စီးနင်းတာ တွေကိုတွေ့ရင် EFT ဘောက်ချာလေးမှာ စီးနင်းတဲ့ သူရဲ့နေရပ် လိပ်စာ နာမည်ရေးပြီး ကျပ် ၁၀၀၀ ဒဏ်ပေး ဆောင် စေပါတယ်၊ ပြီးတာနဲ့ အဲဒီဘောက် ချာတွေကို ရန်ကုန် ဘူတာကြီးမှာရှိတဲ့ လက် မှတ်ငွေ စာရင်းရုံးချုပ် ကိုပို့ရပါတယ်”ဟု ရှင်း ပြသည်။

မြန်မာ့မီးရထား လုပ်ငန်းမှ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် မက်စ်မြန်မာ၊ ထူး၊ ရွှေတောင် ကုမ္ပဏီ IGE လုပ်ငန်းစု တို့မှ လုပ် ကိုင်ခွင့်ရရှိကြမည်ဖြစ်ပြီး လတ်တလော အချိန်တွင် အဆိုပါ ကုမ္ပဏီများမှ တစ်လ နောက်ဆုတ် ၍ လေ့လာ နေဆဲဖြစ်ကြောင်း သိရသည်။ ရန်ကုန် ဘူတာကြီး၊ မလွှကုန်း၊ ပုဇွန်တောင်နှင့် ဘုရားလမ်း ဘူတာများစ သည့် လူအတက် အဆင်းများသည့် နေရာ များတွင် ကုမ္ပဏီမှ ၀န်ထမ်း ၅ ဦးဖြင့် နံနက် ၈ နာရီမှ ညနေရထားပြေးဆွဲပြီးသည့် အချိန်ထိ ခရီးသည် အတက်အဆင်း စာရင်း ကောက်ယူ လျက်ရှိကြောင်း သိရသည်။

“အန်တီက လပြည့်ဝန်း ပလာဇာမှာ သန့်ရှင်းရေး လုပ်တာပါ၊ လခ ကျပ် ၃၂၀၀၀ ရပါတယ်၊ လကုန်ရင် ရထား လက်မှတ်ခက ကျပ် ၁၀၀ ဖြစ်သွားမယ် ဆိုတော့ အရင် ထက် အများကြီး ခုန်တက်သွားတာပေါ့၊ အ ရင်လို လပေးစာအုပ်နဲ့ ဆိုရင် တစ်လလုံးမှာ ကျပ် ၃၅၀ ပဲကျ တယ်ဆိုတော့ တန်တယ်။ ပုဂ္ဂလိက လက်ထဲပြောင်းသွားရင် ဘယ် လောက် တက်မလဲဆိုတာ အတိအကျ မသိရ သေးဘူး”ဟု မြို့ပတ်ရထား နေ့စဉ်စီးနင်းသူ အမျိုးသမီးတစ်ဦးကပြောသည်။

ရန်ကုန်မြို့ပတ်ရထားခရီးစဉ်အနေဖြင့် ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး၊ ဘုရား လမ်း၊ လမ်းမတော်၊ ပြည်လမ်း၊  ရှမ်းလမ်း၊ အလုံလမ်း၊ပန်းလှိုင်လမ်း၊ ကြည့်မြင်တိုင် လမ်း၊ဟံသာဝတီ၊လှည်းတန်း၊ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊သမိုင်းမြို့ သစ်၊ ကြို့ကုန်း၊အင်းစိန်၊ရွာမ၊ ဖော့ကန်၊ အောင်ဆန်း၊ ဒညင်းကုန်း၊ ဂေါက်ကွင်း၊ ကျိုက္ကလဲ့၊ မင်္ဂလာဒုံဈေး၊ ဝေဘာဂီ၊ ပါရမီ၊ ကံဘဲ့၊ ဘောက်ထော်၊ တာမွေ၊ မေတ္တာညွန့် ဘူတာ များသို့ ဆင်ခြေဖုံး ရပ် ကွက်များမှ ဌာန ဆိုင်ရာဝန်ထမ်းများ၊ အခြေခံ လုပ်သားများ၊ ကုမ္ပဏီ ၀န်ထမ်း များမှာ မြို့ပတ် ရထားဖြင့်သာ သွားလာ ကြကြောင်း သိရသည်။

စိန်ဝင်း


ခုံးကျော်တံတားပေါ် ဈေးရောင်းသူများကိုပါ စည်ပင်အရေးယူမည်

August 17, 2011
By Popular News
Share

ရန်ကုန်မြို့တွင်းရှိ လူကူးခုံးကျော်တံတားများပေါ် ဈေးရောင်းမှုကိုပါ အရေးယူသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။ လမ်းဘေးဈေးသည် ရှင်းလင်း ရေးစီမံချက်ကြောင့် မြို့တွင်းရှိ ခုံးကျော်တံတားများပေါ်၌ ဈေးရောင်းချမှုများ ပိုမိုရှိလာရာ ၄င်းဈေးသည်များအား ယခုလအတွင်း အရေးယူ ဖယ်ရှားသွားမည်ဖြစ်သည်။ အဆိုပါဈေးသည်များကိုလည်း သတ်မှတ်ထားသည့် အချိန်နှင့် အတူ ခွင့်ပြုထားသည့်နေရာများတွင်သာ ရောင်းချရန် တိုက်တွန်းသွားမည် ဟုလည်း အထက်ပါဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ ဆူးလေခုံးကျော်တံတား၊ သိမ်ကြီး ဈေးပတ်လည် ခုံးကျော်တံတား၊ ဗိုလ်ချုပ်ဈေးနှင့် အစရှိသော အခြား မြို့နယ်များရှိ ခုံးကျော်တံတားများ ပေါ်၌ ရောင်းချသည့် ဈေးသည် များကို တွေ့ရှိနေရကြောင်း ၄င်းက ပြောသည်။ YCDC မှ ယခုလအတွင်း ထုတ်ပြန် ခဲ့သော လမ်းဘေးဈေး သည်ရောင်းချမှု စည်းမျဉ်း စည်း ကမ်းသည် မြို့တွင်း ၆ မြို့နယ် အပြင်ရှိ မြို့နယ်များကိုပါ ရိုက်ခတ် လျက်ရှိကြောင်း အလုံမြို့နယ်ဈေး သည်များထံမှသိရသည်။ ”ရပ်ကွက်ထဲက လမ်းတွေမှာ လည်း ဖမ်းမယ်လို့ ပြောလို့ တချို့ လမ်းဘေးဆိုင်တွေ မထွက်ရဲကြဘူး၊ အမြတ်လိုချင်ပေမယ့် အဖမ်းခံရ ဖို့ တော့ကြောက်တယ်။ ဈေးကောက်လည်းဘယ်သူမှ လာမကောက်တော့ဘူး။ အဖမ်းခံရရင် ကိုယ့်ဘာ ကိုယ်သာခံလို့ ပြောထားတယ်” ဟု လမ်းဘေးကွမ်းယာဆိုင်ရှင်တစ်ဦး က ဆိုသည်။
PN-039

(Visited 13 times, 13 visits today)


Public Voice : P.C.O ဖုန်းဝန်ထမ်း ရဲ့ ရင်ဖွင့်စာ


Public Voice : P.C.O ဖုန်းဝန်ထမ်း ရဲ့ ရင်ဖွင့်စာ

သို့ . . .

အယ်ဒီတာ

P.C.O ဖုန်းဆိုင်များ ဈေးပိုမို ကောက် ခံပါက ဖုန်း-၂၅၆၈၂၂ သို့တိုင်ကြား နိုင်ဆို သော ခေါင်းစီး စာတန်းနဲ့သတင်း တစ်ပုဒ်ကို ဇူလိုင် ၂၀ ရက်ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဖတ်လိုက် ရပါတယ်။ အဆိုပါ သတင်းနှင့်ပတ် သက်၍ P.C.Oနေ့စားဝန်ထမ်း တစ်ဦးအ နေဖြင့် ပြန်လည် ဖြေရှင်း တင်ပြချင်ပါတယ်။ ဤဖြေရှင်းချက် ကို သည်းခံ၍ ဖတ်ရှုပေးစေ ချင်ပါတယ်။ ဖတ်ရှုပြီး ပါက ဤစာပါအ ကြောင်း အရာများကို ဂျာနယ် တွင်ဖော်ပြ ပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါ တယ်။ တကယ်လို့ အကြောင်း အမျိုးမျိုး ကြောင့် မဖော်ပြဖြစ်ပါက မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းသို့ ရောက်အောင်ပို့ပေး စေချင်ပါတယ်။

P.C.Oဖုန်းဆိုင် များတွင် ဖုန်းဆက် သူများမှာ ကျသင့် သည်ထက်ဈေးပိုပေးနေ ရခြင်း၊ မည်သည့် နှုန်းထားများနှင့် ကောက် ခံသည် ကိုမသိရှိခြင်း၊  စသည့် ကိစ္စရပ်များ ဖြစ်ပွား နေခြင်းများမှာ “အကြွေပြဿနာ” ကြောင့်ဟု P.C.Oတာဝန်ခံအရာရှိ ဗိုလ် မှူးဝင်းဆွေ(ငြိမ်း)က ပြောသည်ဟု ရေး သားထား သည်ကို ဖတ်ရပါသည်။

အမှန်မှာ ထိုသို့မဟုတ်ပါ။ P.C.Oနေ့စား ၀န်ထမ်းများအား အစိုးရမှ တရား ၀င် ကောက်ခံရန် သတ်မှတ် ထားသော တယ်လီဖုန်းနှုန်း ထားမှာ အဆိုပါဂျာနယ် တွင် ရေးသား ထားသည့်အတိုင်း မြို့တွင်း တစ်မိနစ် ၁၅ ကျပ်၊ နယ်ဝေး တစ်မိနစ် ၂၅ ကျပ်၊ ၀န်ဆောင်ခမြို့တွင်း နှစ်မိနစ် ငါး ကျပ်၊ နယ်ဝေး တစ်မိနစ် ငါးကျပ်ဖြစ်ပါ တယ်။

သို့သော် ရန်ကုန် တစ်မြို့လုံးရှိ P.C.O နေ့စားဝန်ထမ်း အားလုံး အထက်ပါ နှုန်း ထားများဖြင့် မကောက်ခံပါ။ မြို့တွင်း တစ်မိနစ် ကျပ် ၃၀၊ နယ် ကျပ် ၅၀၊ မြို့ တွင်းရော နယ်ပါ တစ်မိနစ်တည်း ဆက် လျှင် ကျပ် ၅၀ စသည်ဖြင့် အဆင်ပြေ သလို ကောက်ခံကြပါတယ်။ သတ်မှတ် ထားသော တရားဝင် နှုန်းထားများအတိုင်း မကောက် ခံရခြင်းမှာ P.C.O နေ့စားဝန် ထမ်းများ၏ နေ့စားခမှာ တစ်နေ့ကျပ် ၁၀၀၊ တစ်လကျပ် ၃,၀၀၀၊ တစ်လ လုံးခွင့် မယူ ရက်မပြတ် လျှင် ဆုကြေးအဖြစ် ကျပ် ၂,၀၀၀၊ အဲဒီတော့ တစ်လကျပ် ၅,၀၀၀ ပဲရ ပါတယ်။

ဤစာကို ဖတ်သူ စဉ်းစားကြည့်ပါ။ ရန်ကုန်မြို့မှာ မည်သည့်မြို့နယ်တွင် နေ ထိုင် သူဖြစ်ပါစေ၊ ဘယ်နေရာ သွားသွား ကားစီးသွားလျှင် ကားခမှာရိုးရိုးကား ကျပ် ၂၀၀၊ အထူးကားစီးလျှင် အနည်းဆုံးကျပ် ၂၀၀၊  ၃၀၀ ပေးရပါ တယ်။ အသွားအပြန် တစ်နေ့ကို အနည်းဆုံးကျပ် ၄၀၀ ရှိပါ တယ်။ ရန်ကုန်မြို့တွင်း တာဝန် ကျသော P.C.Oနေ့စားဝန်ထမ်း များမှာ ဖယ်ရီကား အကြို အပို့မရှိပါ။ နေ့လယ်စာ ဘယ်သူက မှမကျွေးပါ။ မိမိကျရာ နေရာမှာ တာဝန် ထမ်းဆောင် ရပါတယ်။ အဲဒီအချိန်မှာ အ လေး၊ အပေါ့သွားဖို့ အများသုံး သန့်စင်ခန်း ကိုအားကိုး ရပါတယ်။ အများသုံး သန့်စင် ခန်းမှာ တစ်ခါဝင် လျှင် ကျပ် ၁၀၀ ဖြစ်နေ ပါပြီ။ တစ်နေ့ နှစ်ခါ ကျန်းမာရေး အရ သွား မယ်ဆိုရင် ကျပ် ၂၀၀ ကုန်ပါတယ်။ အဲဒီ တော့ တစ်နေ့ကုန်ကျစရိတ် ကျပ် ၆၀၀ ကုန်ကျ ပါတယ်။ တချို့တာဝန် ကျရာနေရာ များမှာ ထီး၊ စားပွဲ၊ ကုလားထိုင်ဖြင့် ထိုင် ရပါက ၎င်းပစ္စည်းများကို  အခမဲ့ အပ်နှံ၍ မရပါ။ ပစ္စည်း အပ်လက်ခံသူကို တစ်ည ကျပ် ၃၀၀ ပေးပြီး သိမ်းဆည်း ခဲ့ရပါတယ်။

ထိုကုန်ကျ စရိတ်ကို P.C.O နေ့စား ၀န်ထမ်း ကကျခံနေပါတယ်။ တစ်လ ပစ္စည်း အပ်ခကျပ် ၉,၀၀၀ ဖြစ်ပါ တယ်။ P.C.Oနေ့စားဝန် ထမ်းတစ်ဦးရဲ့ လစာထက်များ သော ကုန်ကျစရိတ်များကို ဖြေရှင်းရန် မည် သည့်တာဝန်ခံ အရာရှိကမှ တာဝန် မယူပါ။ P.C.Oနေ့စား ၀န်ထမ်းများမှာ အားလုံး သော ၀န်ထမ်းများလို လကုန် လျှင်ကုန်ချင်း လစာ ချက်ချင်းမရပါ။ လစာရ သည့်အချိန် ကာလမှာ ဇွန်လ အတွက်လစာကို ဇူလိုင်လ ၂၀ ရက်ကျော် မှရပါတယ်။ ယခုလ ဆိုလျှင် ဇွန်လ အတွက် လစာရော၊ ဇူလိုင်လအ တွက် လစာပါ မရသေးပါ။ လစာရ လျှင် လည်း နည်းပါး သောဝင်ငွေလ စာရက် မပြတ်မှ ကျပ် ၅,၀၀၀ ပါ၊ အပြည့် မရသော နည်းနည်း လေးလစာထဲမှ တံဆိပ်ခေါင်း ကြေး ဟုဆိုကာ ကျပ် ၂၀၀၊ ခွင့်ယူလျှင် ခွင့်တိုင် ရန် ခွင့်စာရွက် ကြေးကျပ် ၂၀၀၊ ကျပ် ၄၀၀ နုတ်သေး တယ်။ စာဖတ်သူသာ P.C.Oနေ့စား ၀န်ထမ်းဖြစ်ခဲ့ ပါရင် အထက် ပါကိစ္စ များကို သည်းခံနိုင်ပါမည်လား။

တခြားသော နစ်နာမှုများရှိပါသေး သည်။ P.C.O နေ့စားဝန်ထမ်းများမှာ မည်သည့်အကျိုး ခံစားခွင့်မှမရပါ။ ဖုန်း ဆက် သူများမှ မကျေနပ်၍ တိုင်ကြားခံရ ပါက အခန့် မသင့်လျှင် အလုပ်မှ ရပ်စဲခံရ ခြင်း၊ မိမိရသော လစာတစ်လကျပ် ၅,၀၀၀ သည် တစ်ရက်ခွင့်ယူပါက ရက် မပြတ်ကြေး ကျပ် ၂,၀၀၀၊ နေ့စားခကျပ် ၁၀၀၊ အဖြတ် ခံရခြင်း၊ နေ့စား ၀န်ထမ်းဖြစ်သည့် အတွက် အစိုးရရုံး ပိတ်ရက်များတွင် အလုပ် ဆင်းရ ခြင်း၊ ထိုသို့အလုပ်ဆင်း ရသောရက်များ အတွက် အပိုဆု ကြေးခံစားခွင့် မရှိခြင်း၊ အမျိုးသမီး နေ့စားဝန်ထမ်းများ သည် ကိုယ် ၀န်လွယ်ထားရပါက မီးဖွားခွင့် မရရှိ၍ အ လုပ်မှ နုတ်ထွက်ပေးရခြင်း၊ အစိုးရ ရုံးပိတ် ရက်များ အတွင်း အများဆုံးရုံး ပိတ်ရက်ဖြစ် သော သင်္ကြန်ကာလ တွင်ပင် ရုံးပိတ်ရက် အားလုံးပိတ်ခွင့်၊ အနားယူခွင့် မရှိဘဲသင်္ကြန် အကြိုနေ့၊ နှစ်ဆန်း ၁ ရက်များတွင် အ လုပ်ဆင်း ပေးရခြင်း၊ သင်္ကြန်အကြတ်၊ သင်္ကြန်အကျ၊ သင်္ကြန် အတက်ရက်များ ပိတ်ပေးရခြင်း အတွက် ဆုကြေးများ နေ့ စားခများ ဖြတ်ယူခြင်းများသည် P.C.O၀န်ထမ်းများ အားလုံးခံစားရသော ခံစား မှုများဖြစ်ပါတယ်။

ထိုသို့အနစ်နာခ ၍တာဝန်ထမ်းဆောင် နေရခြင်းမှာ အလုပ်အကိုင် ရှားပါးခြင်း၊ ဖုန်းဈေးနှုန်း ပိုမို ကောက်ခံရရှိခြင်း မှ မိမိစား ၀တ်နေရေး ကို ဖြေရှင်းနိုင်ခြင်း စသည်တို့ ကြောင့် ဖြစ်ပါတယ်။ အတိုင် မခံရအောင် အများပြည်သူများ ထံမှ ချိုသာစွာ ပြောဆို ကောက်ခံပါက မိမိ၏ တစ်နေ့တာ စားဝတ် နေရေး ကို ဖြေရှင်း နိုင်ပါတယ်။ မည်သူမျှ သတ်မှတ် သည့်နှုန်းထား ထက်ပိုမိုမကောက် ခံချင်ပါ။ မိမိ စားဝတ်နေရေး အတွက် အ များ မကြည်ဖြူသည် ကိုမယူချင်ပါ။ ဖြစ်နိုင် လျှင် အခြေခံ ၀န်ထမ်းတစ်ဦး အတွက်ထိုက် သင့်သောခံစားခွင့်၊ ထိုက်တန်သော လုပ်ခ လစာ ကိုသာရချင်ပါတယ်။

P.C.O နေ့စားဝန်ထမ်းများအား P.C.O လုပ်ငန်းစတင်သည့် အချိန်မှစ၍ ယနေ့ အချိန်ထိ တာဝန် ကျေပွန်စွာထမ်း ဆောင် သော်လည်း မည်သည့် အကျိုးမျှ မခံစားရပါ။ ဒဏ်ပေးခြင်း သာရှိ၍ ဆုပေး သည့် စနစ်မရှိပါ။ အလုပ်အာမခံ ချက်မရှိ ပါ။ ကျန်းမာရေး ချို့ယွင်းပါက အလွယ် တကူ ခွင့်ယူ၍မရဘဲ အလုပ်မှ နုတ်ထွက်ရ သည်။ လုပ်သက် ဘယ်လောက်ကြာကြာ နေ့စား ၀န်ထမ်းအဆင့် မှမတက်ပါ။အချို့ တာဝန် ကျရာနေရာများ တွင် အစိုးရ၀န် ထမ်းဖြစ်ပါလျက် လမ်းဘေး ဈေးသည်များ ၏ရန်လို မှုကို ခံရခြင်းများကို သက်ဆိုင်ရာ အကြီး အကဲများမှ ဖြေရှင်း ပေးပါက P.C.O ဖုန်းဈေးနှုန်း ပိုမိုကောက်ခံခြင်း များပပျောက် သွားမည် ဖြစ်ပါတယ်။ စည်းကမ်းရှိ၍ တိုး တက်သော၊ စာရိတ္တ ကောင်းသောဝန်ထမ်း ကောင်းများ ပိုမိုပေါ် ထွန်းလာမှာဖြစ်ပါ တယ်။

P.C.O နေ့စားဝန်ထမ်းများ၏ နစ် နာမှု၊ မတရား ခံရမှုများကိုသိရှိပြီး အခက် အခဲများ ကိုဖြေရှင်းပေးပါက မှန်ကန် သော ဈေးနှုန်းများဖြင့် အများပြည်သူ သုံးတယ်လီ ဖုန်းလုပ်ငန်းကြီး ဒီထက်မက တိုးတက်လာ မည်ဟု ယုံကြည်ရင်း ဤစာဖြင့် မြန်မာပို့စ် ဂျာနယ် ကပင် ရင်ဖွင့် လိုက်ရပါတယ်။

P.C.Oနေ့စားဝန်ထမ်းတစ်ဦး

Myanmar Post Journal


နယ်စပ် ဝင်ပေါက်များမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု ဦးရေ ကျဆင်း


နယ်စပ် ဝင်ပေါက်များမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဝင်ရောက်မှု ဦးရေ ကျဆင်း

၂၀၁၀ ခုနှစ်မှ စ၍ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု သည်အိမ် နီးချင်း အာဆီယံနိုင်ငံ များနှင့်နှိုင်းယှဥ်လျှင် ကမ္ဘာ့လှည့် ခရီးသွား ဦးရေ ကျဆင်းလာ ကြောင်း ခရီးသွား လုပ်ငန်း အသိုင်း အ၀ိုင်းက ပြောသည်။

“အဓိကထိုင်း ဧည့်သည်တွေ လုံးဝကို မ၀င်တော့ဘူး။ အဲဒီဘက်က ၀င်မယ်ဆို ရင် E.P (Entry Permit) နဲ့ ကျိုင်းတုံ အထိပဲ သွားလို့ရတယ်” ဟု ရွှေထီးကန် ဟိုတယ်ဇုန် မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ မြန်မာ နိုင်ငံ၏ ခရီးသွား ၀င်ရောက်မှုမှာ International Gateway မှ ၀င်ရောက်လာသူ များထက် Border Gate (နယ်စပ်ဝင် ပေါက်) မှ ၀င်ရောက်သူက ပိုမိုများပြား ကြောင်း၊ လေဆိပ် များမှ ၀င်ရောက်လာ သူဦးရေမှာ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီမှ ဇွန် အတွင်း ဦးရေ ၇၉,၀၀၀ ကျော်၊ နယ် စပ်ဝင်ပေါက်မှ ၁,၀၁,၀၀၀ ကျော် ၀င် ရောက်ခဲ့ ကြောင်း၊ ယခုနှစ် ၂၀၁၁ ခုနှစ် ငါးလတာကာလတွင် လေဆိပ်ဝင်ပေါက်မှ ၁,၉၀,၀၀၀ ကျော်၊ နယ်စပ်ဝင် ပေါက်မှ ၂,၀၀,၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ဆီမှာက ၀င်ပေါက် ထွက်ပေါက်က တော်တော်များတယ်။ အများစုက ရန်ကုန်က ၀င်ပြီး နယ်စပ် ကပြန် ထွက်တယ်။ နယ်စပ် က၀င်ပြီးရန်ကုန်က ပြန် ထွက်တာတွေ လည်းရှိတယ်။ တချို့ခရီးစဉ် တွေကျ တော့ နိုင်ငံသုံးလေးခု ပါတဲ့ ခရီးစဉ် တွေရှိတယ်။ ထိုင်း-မြန်မာ- ဗီယက်နမ် အဲဒီလိုမျိုး ခရီးစဉ် တွေပါတယ်။ အဲဒီမှာက နယ်စပ်ဝင် ပေါက်ကနေ ၀င်ရတဲ့ ခရီးစဉ်တွေ ပါလာရော။ အခု လတ်တလောက ၀င်လို့ မရတော့ ခရီးစဉ်ကို မ၀ယ်တာ တွေရှိတယ်” ဟု ပြည်ပခရီးသွား လုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုလတ် တလောအခြေအနေ အရ တော့ သွားလို့မရတဲ့ နေရာတွေရှိတယ်။ သွား လာဖို့ အဆင်မပြေ နိုင်သေးဘူး။ သက်ဆိုင်ရာ ကခွင့်မပြုသေးတာ”ဟု ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးဌေးအောင် ကပြောသည်။ လတ်တလော အနေအထား အရ နယ်စပ်မြို့များ၌ ဖွင့်လှစ် ထားသော ဟိုတယ် များတွင် ယခင်နှစ်များ ထက်ခရီး သည်လာရောက် တည်းခိုမှုနည်းပါးလာ ကြောင်း အဆိုပါ မြို့များတွင် ဟိုတယ်လုပ် ငန်းလုပ်ကိုင် သူများက ပြောသည်။

“အခုကတော့ လာတဲ့ခရီးသည်က မရှိ သလောက်ပဲ။ အရင်နှစ် တွေကတော့လာ သေးတယ်”ဟု ကျိုင်းတုံမြို့ ရှိ princess  ဟိုတယ်မှ ဦးစိုးရွှေကပြောသည်။ “မြစ်ကြီး နား ခရီးစဉ်ကတော့ ဘယ်လိုမှ ရောင်းလို့ မရတော့ဘူး။ ဟိုဘက်က အေးဂျင့်ကို လည်း လှမ်းပြော ထားရတယ်”ဟု Rendezvous International Travel ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမြင့် ကပြောသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ သို့ ခရီးသွားဧည့်သည်ဝင် ရောက်မှုမြင့်တက် လာခဲ့ သော်လည်း အိမ်နီးချင်း အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါး လျက်ရှိ သည်ကို တွေ့ရသည်။ ယခုနှစ် ခရီးသွား ရာသီ တွင် မြန်မာနိုင်ငံ သို့ လာရောက် သည့် ခရီးသွားဦးရေ ငါးသိန်းခန့် လာရောက် လည်ပတ် မည်ဟုခန့်မှန်း ထားကြောင်း ခရီး သွား ဦးရေတိုးတက်ရေး အလုပ်ရုံဆွေးနွေး ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန် ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဇော်မင်းနိုင်










--
Respect Yourself, Respect Your Life and Respect Others !!



Reply all
Reply to author
Forward
0 new messages