| ၂၀၁၁ ခုနှစ်တွင် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အလုပ်သမား ထွက်ခွာမှု သိသာစွာ လျော့ကျပြီး ထိုင်းအလုပ်သမား ဈေးကွက်မြင့်တက် |
|
၂၀၁၁ခုနှစ်အတွင်း အရှေ့ပိုင်း အလယ်ပိုင်းနိုင်ငံများသို့ အလုပ်လုပ် ရန်ထွက်ခွာမှုမှာ သိသာစွာလျော့ကျသွားခဲ့ပြီး ထိုင်းအစိုးရက မြန်မာအစိုး ရနှင့်ချိတ်ဆက်ကာ ဂျီတူဂျီ အလုပ်သမား ပို့ဆောင်ခြင်းဖြင့် ထွက်ခွာသူဦးရေမှာ သိသာစွာမြင့်တက် ခဲ့ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့ထံမှ စုံစမ်းသိရှိရသည်။ အရှေ့အလယ်ပိုင်း နိုင်ငံအချို့ တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ ၏ နောက်ဆက်တွဲ ဂယက်များကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်နေခြင်းနှင့် အလုပ်သမား လာရောက် ခေါ်ယူသော အေးဂျင့်များ၏ စာချုပ်ပါ အချက်အလက်များကို အလုပ်သမားများ အမှန်တကယ် ရရှိ ခံစားခွင့်များနှင့် တူညီမှုမရှိဘဲ ဖော်ပြထားခဲ့ ခြင်းများကြောင့် အလုပ်သမားအများစုမှာ ထိုနိုင်ငံများသို့ ရောက်ပြီးမှ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသည် ဟု သိရသည်။ ထို့ကြောင့် ယင်းနိုင်ငံများဆီသို့ ထွက်ခွာလိုသူဦးရေမှာ သိသာစွာ လျော့ကျခဲ့ရကြောင်း ဂရင်းဝေး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ စုံစမ်းသိရှိရပါသည်။ ယခုအခါ ထိုင်းနိုင်ငံ၏ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေး၍ အစိုးရချင်းချိတ်ဆက်ကာ တရားဝင် အလုပ်သမားခေါ်ယူမှု အစီအစဉ်များ ရှိလာခြင်းအပြင် ထိုင်းအစိုးရသစ် လက်ထက်၌ နိုင်ငံခြားသားနှင့် အခြေခံလူတန်းစားများ၏ အခြေခံလစာကို တိုးမြှင့်ရန် စီစဉ်နေသော သတင်းများ ထွက်ပေါ်ခဲ့မှုများကြောင့် ကော့သောင်းမှတစ်ဆင့် အလုပ်လုပ်ရန် ထွက်ခွာသူဦးရေမှာ သိသာစွာများ လာခဲ့ကြောင်း ထိုင်းကုမ္ပဏီ ခြောက်ခုမှ အလုပ်သမား လတ်တလောခေါ်ယူမှု ကမ်းလှမ်းရရှိထားသည့် အေဂျင်စီ မှ တာဝန်ရှိသူက ပြောပြခဲ့သည်။ “အခု ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင်မသွားခဲ့လို့ အဆင်မပြေတာနဲ့။ တရားဝင် သွားပေမယ့်လည်း အဆင်မပြေကြတာနဲ့။ တစ်ခုခုဖြစ်ရင် ဟိုဘက်ကအေးဂျင့်နဲ့ ဒီဘက်က အေးဂျင့်တွေ တာဝန်မယူတာ စတဲ့ဖြစ်ရပ်တွေကြောင့် ဂျီတူဂျီ တွေကို အတော်အားကိုးလာတယ်။ လတ်တလောမှာ အမျိုးသားတွေပဲ ခေါ်တဲ့ EPS ဆို အသွားများကြတယ်။ အခု ထိုင်းကိုလည်း အတော်သွားကြ တယ်”ဟု အေးဂျင့်တာဝန်ခံက ဆက် လက်ရှင်းပြခဲ့သည်။ ထိုင်းအစိုးရမှ ၎င်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာမှုများကို ကန့်သတ်စိစစ်သွားရန် ခြောက်နှစ် သက်တမ်းဖြင့် ယာယီနိုင်ငံကူးလက် မှတ်များကို ထုတ်ပေးနေပြီး အလုပ် သမားနေထိုင်ခွင့်ပါမစ်များဖြင့် စက်ရုံ အလုပ်ရှင်များမှ အလုပ်သမား တိုက်ရိုက်ခေါ်ယူခြင်း စနစ်များ ကော့သောင်းမြို့နယ်တွင် ထားရှိခဲ့ပြီးဖြစ်ရာ မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် အခြားမြို့နယ်များမှ နေ့စဉ်သွားရောက် လျှောက်ထားသူ ဦးရေလည်း ရှိနေသည်ဟု သိရသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းမှာ တရားမ၀င်သွားခဲ့ပြီး လုပ်ခလစာတွေ ခေါင်းပုံဖြတ်၊ ကျီးလန့်စာ စားနေရတာတွေထက်စာရင် အခုစနစ်က အရမ်းကောင်းသွားတယ်။ ရန်ကုန်ဘက်ကပါ ထိုင်းကိုသွားတဲ့သူတွေ များလာပြီ”ဟု ထိုင်းနိုင်ငံရှိစက်ရုံ တစ်ခုတွင် လျှောက်လွှာ တင်ထားသူ က ပြောပြခဲ့ပါသည်။ ထိုင်းအစိုးရသည် အမျိုးသား အပြင် အမျိုးသမီးများပါ တရားဝင် ခေါ်ယူခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် ခေါ်ယူခန့်ထားခြင်းများ ရှိနေရာ လုပ်ခလစာမှာ အနိမ့်ဆုံးတစ်လလျှင် ဘတ်ရှစ်ထောင် (ကျပ်နှစ်သိန်း ၀န်းကျင်) ခန့်ရရှိကြသည်ဟု သိရှိရပါသည်။ ၀န်ဆောင်ခမှာ သုံးသိန်းနှင့် လေးသိန်းကြား ကုန်ကျပြီး ထိုင်း အလုပ်ရှင်ဘက်မှ နေထိုင်ခွင့်၊ အသက် အာမခံ၊ ကျန်းမာရေးနှင့် ပါမစ်စရိတ်များအတွက် ကုန်ကျငွေ အကြမ်းဖျင်း ဘတ်တစ်သောင်းကို စိုက်ထုတ်ပေး ထားပြီး ၁၀ လအတွင်း အလုပ်သမားဘက်မှ ပုဒ်ဖြတ်စနစ်ဖြင့် အကြေပေး ဆပ်သွားရမည်ဖြစ်ကြောင်း သိရှိရ သည်။ |
| နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနှင့် ပတ်သက်၍ လိမ်လည်ခံရခြင်း မရှိစေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခန်းများကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ရန် စီစဉ် |
မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လိမ်လည်ခံရခြင်းများ မရှိစေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခန်းများကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။ ယင်းကဲ့သို့ တွေ့ဆုံမေးမြန်းခန်းများကို City FM, MRTV-4နှင့် ဂျာနယ်များတွင် ထည့်သွင်းတင်ပြခြင်းများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ “နိုင်ငံကူးလက်မှတ်လုပ်တဲ့ နေရာမှာ တချို့ပွဲစားတွေနဲ့လုပ်မိတဲ့ အတွက် အလိမ်ခံရတယ်။ ပိုက်ဆံတွေ အများကြီး ပိုကုန်သွားတယ်။ ဒါကြောင့် နိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ နိုင်ငံကူး လက်မှတ်လျှောက်ဖို့ ဘယ်လိုလုပ် ရမယ်ဆိုတာတွေကို တွေ့ဆုံမေးမြန်းခန်း သဘောမျိုးလေးတွေကို မီဒီယာ တွေကတစ်ဆင့် ထည့်သွင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြော ပြခဲ့သည်။ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ကြားခံပွဲစားများဖြင့် ပြုလုပ်ခြင်း မပြုလုပ်ရန်ကိုလည်း အသိပေး ကြေညာထားသည်ဟု သိရသည်။ “ပြီးခဲ့တဲ့ ဧပြီလက ပုံစံ-၁၉ သွားလုပ်တာ ပွဲစားဆီက ပိုက်ဆံ ပိုတောင်းတာကို ခံလိုက်ရတယ်။ ကိုယ်ကလည်း အလုပ်ရှုပ်တဲ့သူဆို တော့ အချိန်ကုန်သက်သာအောင် ပွဲစားဆီကိုအပ်လိုက်တာ။ ဒါပေမယ့် ဘာမှမထူးဘူး။ ပိုက်ဆံပဲပိုကုန်သွားတယ်” ဟု ပွဲစားဖြင့် ပုံစံ ၁၉ ပြုလုပ်ခဲ့သူတစ်ဦးက သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။ |

နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းထားစဉ်© dailymail
နိုင်ငံခြားသား အလုပ်သမားများကို ဓားပြတိုက်မှုအတွက် မလေးရှားတွင် လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ဦးကို တရားစွဲဆိုထားကြောင်း သိရှိရသည်။
ရှန်အလမ်တွင် နိုင်ငံခြား အလုပ်သမား ၁၂ ဦးကို ဓားပြတိုက်မှုအတွက် အဆိုပါ အရာရှိအပြင် အာမခံလုပ်ငန်း အေးဂျင့်နှစ်ဦး၊ ညပိုင်းဈေးရောင်းသူ တစ်ဦးကိုလည်း စွဲချက်တင်ထားသည်။ သံသယ တရားခံ အားလုံးက မိမိတို့တွင် အပြစ်မရှိကြောင်း ထွက်ဆိုထားသည်။
အသက် ၂၅ နှစ်ရှိ လူဝင်မှု ကြီးကြပ်ရေး အရာရှိ မိုဟာမက် ဖီထရီ မိုဟာမက် ယူဆွတ်၊ အရောင်းအဝယ် လုပ်ကိုင်သူ မွတ်ဖိုင်ဆယ် ဆူလီမန်နှင့် အေးဂျင့် နှစ်ဦးဖြစ်သော မူဟာမက် အာရှရက် ဂျိုဟာနီ၊ အဇူရှန်အက်ဘဒူမန်တို့သည် စွဲချက်နှင့် ပတ်သက်ပြီး မိမိတို့နှင့် မသက်ဆိုင်ကြောင်း အသီးသီး ငြင်းချက်ထုတ်ထားသည်။
၎င်း တို့သည် သားကောင်အဖြစ် သတ်မှတ်ထားသူ နိုင်ငံခြား အလုပ်သမားများထံမှ ရင်းဂစ်ငွေ ၄၁၅၀ နှင့် မိုဘိုင်းဖုန်းများကို လုယူခဲ့ကြောင်း အစွပ်စွဲ ခံထားရသည်။ ပြစ်မှု ထင်ရှားပါက အဆိုပါ ပုဂ္ဂိုလ်များသည် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခြင်း ခံရမည်ဟုလည်း သိရှိရသည်။
၎င်း တို့အား ကနဦး ကြားနာမှုများ ပြုလုပ်ခဲ့ပြီး တစ်ဦးလျင် အာမခံကြေး ရင်းဂစ် ၉၀၀၀ စီ တရားရုံးက သတ်မှတ်ထားကြောင်းလည်း သတင်းများက ဖော်ပြထားသည်။
အိုဗာစတေး သမားများအတွက် ယခု သက်တမ်းတစ်ပတ် တိုးပေးထားပြီး ဒီတစ်ပတ်သည် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စီမံချက်အတွက် ၀န်ကြီး Minister Datuk Seri Hishammuddin Hussein က ကြော်ငြခဲ့ပြီး ထိုကာလပြီးဆုံးပါက ပါမစ်များထုတ်ပေးခြင်းကို စက်တင်ဘာ လလယ်မှာ စတင်မယ်လို့ ယနေ့ ညနေသတင်းမှာ ကြော်ငြာသွားပါတယ် ။
ထိုသို့ပြီးဆုံးပါက စစ်ဆေးမည်ဖြစ်သည့် Enforcement Exerise ( ရှာဖွေဖမ်းဆီးဖော်ထုတ်ခြင်း) ကို နိုဝင်ဘာလမှာ မလေးရှား တစ်နိုင်ငံလုံးသို့ စတင်မည်ဖြစ်ကြောင်း ယနေ့ ကြော်ငြာ လိုက်ပါတယ် ။
ထိုသို့ဖမ်းဆီးမည့်ကာလအတွင်း လက်ဗွေ နှိပ်ထားသော စာရွက်ရှိသည့်မည်သူကိုမဆို ဖမ်းဆီးမှာမဟုတ်ကြောင်း ကတိပေး အာမခံပါတယ်လို့ ၀န်ကြီးက ပြောကြားသွားပါတယ် ။ ယခု လာမည့် 21.8.2011 အထိကို မဆောင်ရွက်ရသေးသူ အိုဗာစတေးသများများအတွက် ဆောင်ရွက်ထားရန် တိုက်တွန်း ထားပါတယ် ။
ကျွန်တော် ယခင်ဘလော့များမှာ ရေးသားခဲ့တဲ့သတင်းတွေ ယနေ့အထိ ဆက်တိုက်မှန်ကန်ခဲ့ရတဲ့ အဓိက အကြောင်းက ကျွန်တော်တို့ သေချာ တဲ့ အစည်းဝေး ၊ Seminer တွေမှာ တက်ခဲ့ပြီး ရရှိမှသာ ကျွန်တော်တင်ပေးခဲ့တာပါ ။ ယနေ့အထိ ကျွန်တော်တို့ အိုဗာစတေး သမားများအတွက် မှန်ကန်တိကျတဲ့ အချက်လက်ကိုသာ ရေးတင်ပေးခဲ့ပါတယ် ။
ယနေ့ တစ်ချို့သောသူများမေးနေတာတွေရှိပါတယ် Free Calling မရဘူးဆိုတာ ဟုတ်လားလို့ တော်တော်များများမေးထားပါတယ် ။ဖြေရမှာက ရပါတယ် ။ ယခု စီမံချက်မှာ အတော်များများက သူဌေးများကို ဖိအားပေးထားသည်မှာ ထင်ရှားသော်လည်း အချို့သော ကုမဏီ စာရွက်စာတမ်းမရှိတဲ့ လုပ်ငန်းငယ်များအတွက် Compant Transfer ရှိတဲ့ အလုပ်သမားများမှာ မဖြစ်မနေလိုအပ်ချက်တစ်ခုရှိပါတယ် ။
ဒါကြောင့် ပိုင်ရာ အေဂျင်းများမှနေ စိတ်ချရတဲ့ လွှဲစာရရှိပါက Outsourcing (ရွေ့ပြောင်းအလုပ်သမား) အနေနဲ့ လုပ်ကိုင်နေနိုင်ပါတယ် ။
လာမယ့် 9 လပိုင်း အလယ်မှာ မလေးရှား အစိုးရမှ ပါမစ်ထုတ်ပေးမည့်အကြောင်း (Approval) များကို ချပေးသွားမှာဖြစ်လို့ လျှောက်ထားသူများအတွက် စက်တင်ဘာလမှာ တိကျတဲ့ အဖြေကိုရရှိတော့မှာ ဖြစ်ပါတယ် ။
ပြန်မည့်သူများအနေဖြင့် လုံးဝ စောင့်ရန်မလိုတော့ပဲ မလေးရှားမှ မည့်သည့်အချိန်မဆို ထွက်ခွာနိုင်ပါတယ်။ ထိုသို့ထွက်ခွာရန် မြန်မာသံရုံးမှာ ( CI ) လျှောက်ပြီး ရရှိသည်နှင့် ယာယီပါမစ်ဖြင့်ပြန်နိုင်ပါတယ် ခင်ဗျာ ။
ဆက်လက်ပြီး ထူးခြားတဲ့ သတင်းများကို ရရှိသည်နှင့် ဆက်တိုင်တင်ပေးသွားပါ့မယ် ။ ယနေ့အချိန်သည် အိုဗာစတေးသမားများအတွက် တိကျသော သတင်း အချက်အလက် ရရှိရန် အရေးကြီးတာကြောင့် ကျွန်တော် ရရှိသည်နှင့်တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရပါတယ်ခင်ဗျာ ။
KOMYO
ဒီသတင်းကြောင့်
ယနေ့ Putra Jaya ရှိ Immigration ဌာနမှာ မြန်မာနိုင်ငံသား
အများဆုံးပါဝင်သော UN ကဒ်ကိုင်ဆောင်ထားသူတော်တော်များများ လက်ဗွေ
နှိပ်မှတ်ပုံတင်ဖို့ လာရောက်ကြတာ လူဦးရေ ၁၀၀၀၀ ကျော်ရှိနေပြီး ထိုထဲကမှ ၈၀
ရာခိုင်နှုန်းလောက် လက်ဗွေ မနှိပ်ရပဲ ပြန်ခဲ့ကြရတယ်လို့ သတင်းရရှိပါတယ် ။.
ထပ်မံပြီး လူဝင်မှု့ကြီးကြပ်ရေး ဌာနမှာ မှတ်ပုံတင်နိုင်တဲ့ပမာဏ အရေတွက်မှာ တစ်ရက်ကို လူဦးရေ ၂၅၀၀ သာ မှတ်ပုံတင်နိုင်သည်ဖြစ်တာကြောင့် ထိုလူစူလူဝေးကြီးအား နောက်ရက်မှ ပြန်လာ ဆောင်ရွက်ရန် ပြောဆို ပြန်လွှတ်လိုက်ကြောင်းသိရပါတယ် ။
မလေးရှား အစိုးရ ရုံးစိုက်ရာ ဖြစ်တဲ့ Rutra Jaya မှာ ယနေ့ UN ကဒ်ကိုင်ဆိုင်သူများ လက်ဗွေ နှိပ်ရန် စုရုံးမှု့ကြောင့် တစ်စုတစ်ဝေတည်းရှိနေရတာလို့ သိရပါတယ် ။ ဆက်လက်ပြီး မြန်မာ Refugee က တာဝန်ခံတစ်ယောက်က UN ရုံးကနေ ရနိုင်သလောက် များများစုဝေးပြီး လက်ဗွေ နှိပ်မှတ်ပုံတင်ပါဆိုတဲ့ အသိပေးချက်ကြောင့် ရသလောက်ကို သတင်းပေး ဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ် ။ အဆို ပါ Putra Jaya မှာ ယနေ့ အစားအသောက်မလောက်ငှမှု့ ၊ သန့်စင်ခန်းများ မနိုင်နင်းမှု့ ၊ နေစရာ အခက်အခဲများစွာတို့ကြောင့် လူထောင်ပေါင်းများစွာကို နောက်နေ့မှ လာရောက်ဆောင်ရွက်ရန် ပြန်လွှတ်လိုက်ရတယ်ဆိုတကို သိရပါတယ် ။ အများဆုံး တစ်ရက်တာ လက်ဗွေ နှိပ်ပေးနိုင်တဲ့ ပမာဏမှာ တစ်ရက်လျှင် ၂၅၀၀ သာဖြစ်တယ်လို့လဲ အရာရှိများရဲ့ ပြောကြားချက်အရ သိရပါတယ် ။
ဆက်လက်ပြီး မလေးရှား မှ လူဝင်မှု့ကြီးကြပ်ရေး တာဝန်ရှိ အရာရှိများနှင့် UN ကော်မတီလူကြီးများ ယနေ့ပြဿနာ အတွက် ဖြေရှင်းဖို့ ညှိနှိုင်းရမယ်လို့ Metro သတင်းဌာနက ဖော်ပြထားပါတယ် ။ ယနေ့ ရရှိတဲ့ သတင်းများစွာထဲကမှ UN သမားများ လက်ဗွေ နှိပ်ပြီးပါက မြန်မာပြည်သို့ပြန်ရန် မှတ်ချက်ပါသော ယာယီပါမစ်များသာ ထုတ်ပေးနေတယ်လို့ သိရှိရပါတယ် .။
ဒီအတွက်
UN သမားများ အထူးသဖြင့်ြ့မန်မာ နိုင်ငံသား များ အတွက် အထူး သတင်းတစ်ခုလို
ဖြစ်နေတာကို လဲ သိရှိရပါတယ် ။ အများစုက နေထိုင်လုပ်ကိုင်ရ အဆင်ပြေစေရန် UN
ကဒ်များကို လုပ်ထားကြရပေမယ့် မြန်မာပြည်သို့ လက်ရှိအခြေအနေ ပြန်ရန်
အခက်အခဲ ဖြစ်တယ်ဆိုတာ သိရပါတယ် ။
UN အနေနဲ့လည်း ထို ပမာဏကို ကိုင်တွယ်ဖြေရှင်းရန် အခက်ကြုံရတယ်ဆိုတာ သိရပါတယ် .။ လက်ရှိ မလေးရှား အစိုးရနဲ့ သြစတေးလျှ အစိုးရ သဘောတူညီမှု့အရ UN ဒုက္ခသည်များ လဲလှည်ရေး အစီအစဉ်များကို ညှိနှိုင်းထားပြီး စတင်အကောင်အထည်ဖော်နေပြီဆို တာ သိရပေမယ့် များပြားလှတဲ့ ဒုက္ခသည်အရေအတွက်ကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ UN ကဒ် ကိုင်ဆောင်ထားသူများ အနေနဲ့ စိုးရိမ်နေကြကြောင်းလဲ စုံစမ်းသိရှိရပါတယ် ။
ဆက်လက်ပြီး UN ကိုင်ဆောင်သူများ အတွက် သတင်းထူးများ ရရှိပါက ဘာသာပြန်တင်ပေးသွားပါ့မယ်ခင်ဗျာ ။
ယနေ့ရရှိသလောက်သတင်းများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ် ။.
KOMYO
DK-သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီးခရစ်စ်ဘိုဝင်
(Chris Bowen) မှ သြစတြေးလျ-မလေးရှား နှစ်နိုင်ငံလုံးမှ
ယခုဒုက္ခသည်လဲလှယ်ရေးအစီအစဉ်အားလမ်းပြစီမံကိန်းလုပ်ငန်းတရပ်အနေနှင့်
ရှုမြင်ကြပြီး ထပ်မံတိုးချဲ့ရန်
အလားအလာရှိနေသည်ဟုဆိုခဲ့သည်။
ဇူလိုင် (၂၅) ရက်နေ့တွင် သြစတြေးလျမှခိုလှုံခွင့်လျှောက်ထားသူ (၈၀၀) နှင့် မလေးရှားမှဒုက္ခသည် (၄၀၀၀) အား လက်ခံ စိစစ်ပေးမည့် နှစ်နိုင်ငံသဘောတူစာချုပ်အားခရစ်စ်ဘိုဝင်နှင့် မလေးရှားပြည်ထဲရေးဝန်ကြီးဟီရှမ်မူဒင်ဟူစိန်တို့မှမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ မလေးရှားပြည်ထဲရေးဝန်ကြီးဟီရှမ်မူဒင်ဟူစိန်အနေနှင့်လည်း ယခု အစီအစဉ်အား လမ်းပြစီမံကိန်းဖေါ်ဆောင်မှုတရပ်အနေနှင့်သတ်မှတ်ထားပြီး၊ အောင်မြင်မှုရှိမည်ဆိုလျှင် ၄င်းအားထပ်မံတိုးချဲ့မည့် အလားအလာ ရှိသည်ဟု ရှင်းလင်းစွာဆိုခဲ့ပြီးမိမိအမြင်နှင့်လည်းတထပ်တည်းကျနေသည်ဟုခရစ်စ်ဘိုဝင်မှ (ABC)သတင်းဋ္ဌာနအားပြောကြားခဲ့သည်။
ဤသဘောတူညီချက်အရမလေးရှားသို့လွှဲပြောင်းခံရမည့် ခိုလှုံသူ (၈၀၀) ထဲမှ ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေးတို့အတွက် ကုန်ကျစရိတ်အားတာဝန်ယူမည်ဆိုသည်အားသဘောတူညီခဲ့ပြီးလေးနှစ်တာခန့်သောကာလအတွက် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ (၃၁၆.၅) သန်းခန့်ရှိမည်ဖြစ်ကြောင်းခရစ်စ်ဘိုဝင်မှ ဆိုခဲ့သည်။ ၄င်းတို့သည် မလေးရှား၌ရှိနေပြီးသောဒုက္ခသည် (၉၀၀၀၀) နှင့် မတူပဲ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ရရှိကြမည်ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ
အတည်ပြုပေးခြင်းမရှိသောယခုသဘောတူညီချက်မှ ခိုလှုံခွင့်တောင်းခံသူများအတွက်
အဆိုးဆုံးအနေအထားဖြစ်လာရန်နိဒါန်းသဖွယ်ဖြစ်လာမည်ကိုစိုးရိမ်မိပြီးအာရှ-ပစိဖိတ်ဒေသတွင်းရှိ
ခိုလှုံခွင့်လျှောက်ထားသူများအားလုံးအားအကာအကွယ်ပေးထားမှုကိုထိခိုက်စေနိုင်သည်ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
(Human Rights Watch) ၏ အာရှတိုက်ဆိုင်ရာဋ္ဌာနခွဲမှ
အရာရှိတဦးဖြစ်သူဖီလ်ရော်ဘတ်ဆန် (Phil Robertson)
မှဆိုခဲ့သည်။
သြစတြေးလျနိုင်ငံအနေနှင့်မလေးရှားနိုင်ငံကဲ့သို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော နိုင်ငံတနိုင်ငံနှင့်အပေးအယူလုပ်ခြင်းသည် လှေစီးဝင်ရောက်လာသူများနှင့်ပတ်သက်သည့် ၄င်း၏ဝတ္တရားများကို ရှောင်လွှဲကာ ထိုသူများ၏လူ့အခွင့်အရေးကိုလျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်းဒုက္ခသည်များအရေးတက်ကြွလှုပ်ရှားသူများမှ ဤသဘောတူ ညီချက်အား ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
သြစတြေးလျနိုင်ငံသို့လှေစီးဝင်ရောက်လာသောခိုလှုံခွင့်တောင်းခံသူများ၏အရေးကိစ္စများအား ယင်းနိုင်ငံတွင် စိစစ်ခြင်းကို ပိုမိုလိုလားသည်ဟုကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှပြောကြားခဲ့သည်။ သို့သော် ယခု ကိစ္စနှင့်ပတ်သက်ပြီးUNHCR နှင့်ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ခဲ့ပြီး၊ ထိခိုက်လွယ်သူများနှင့် အုပ်ထိန်းသူမဲ့ လေးငယ်များနှင့် ပတ်သက်၍ အထူးအစီအစဉ်များချမှတ်ထားရှိခြင်းအား သြစတြေးလျနှင့်မလေးရှား နှစ်နိုင်ငံလုံးမှအသိအမှတ်ပြုခဲ့သည်ဟု UNHCRမှဆိုခဲ့သည်။
မလေးရှားနိုင်ငံတွင်လုံလောက်သည့်ကြိုတင်ကာကွယ်မှုများပြုလုပ်ထားခြင်းမရှိ၍ မလေးရှားသို့စေလွှတ်ခံရမည့်သူများအနေနှင့် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ ဆိုးရွားနိမ့်ကျသောထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံရခြင်းများနှင့် ကြိမ်ဒဏ်ခံရခြင်းများကြုံတွေ့ရနိုင်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International, AI) မှသတိပေးခဲ့ပြီး၊ ၄င်းသတိပေးချက်အား သြစတြေးလျအစိုးရမှပယ်ချခဲ့သည်။
မလေးရှားရှိဒုက္ခသည်များအနေနှင့် အနိုင်ကျင့်ခံရမှုများ၊ စွန့်ပစ်ခံရမှုများနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုများအား ပုံမှန်အားဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီးမလေးရှားကဲ့သို့ ကဲ့သို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသောနိုင်ငံတနိုင်ငံသို့ ခိုလှုံခွင့်တောင်းဆိုသူများအားပို့ဆောင်ခြင်းသည် မသင့်လျော်လှပဲ၊ ၄င်းတို့အတွက် အန္တရာယ်လည်းရှိနေသည်ဟု AI အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူဂရေဟမ်သော်မ် (Graham Thom) မှပြောကြားခဲ့သည်။
ယခုဒုက္ခသည်လဲလှယ်ရေးအစီအစဉ်သည် အာရှတိုက်အတွင်းရှိဆိပ်ကမ်းများမှ သစ်သားလှေများဖြင့် အန္တရာယ်ကြီးမားလှသော ခရီးကိုဖြတ်သန်း၍ သြစတြေးလျနိုင်ငံသို့ ရောက်ရှိလာပြီးခိုလှုံခွင့်လျှောက်ထားလာသူများအားဟန့်တားနိုင်မည်ဟု သြစတြေးလျအစိုးရမှမျှော်လင့်ထားသည်။သြစတြေးလျနိုင်ငံသို့ (၂၀၁၀) ခုနှစ်တွင် ခိုလှုံခွင့်လျှောက်ထားလာသူပေါင်း (၇၀၀၀) ခန့်ရောက်ရှိလာခဲ့ပြီးခရီးစဉ်တလျှောက်အတွင်းအများအပြားသေဆုံးခဲ့သည်ဟုယုံကြည်ရသည်။ (၂၀၁၀) ခုနှစ်၊ ဒီဇင်ဘာလအတွင်း ခရစ်စမတ်ကျွန်း (Christmas Island) အနီးလှေမှောက်မှုတွင်ပင် ယောက်ျား၊ မိန်းမနှင့်ကလေးငယ်ပေါင်း (၅၀) ခန့်သေဆုံးခဲ့ရသည်။
သြစတြေးလျအစိုးရမှ မလေးရှားအစိုးရနှင့်ဒုက္ခသည်လဲလှယ်ရေးအစီအစဉ်အား ကြေငြာအပြီးယခုနှစ်တွင်မူ လှေစီးဝင်ရောက်လာသူ အရေအတွက်မှာ (၂၀၀၀) ပင်မပြည့်တော့ပေ။ လူမှောင်ခိုများအားငွေပေး၍လှေစီးကာအသက်စွန့်ပြီး သြစတြေးလျသို့ဝင်ရောက်လာရန် ကြိုးစားမည့်သူများအနေနှင့် မလေးရှားသို့ပို့ဆောင်ခံရမည်ဖြစ်သည့်အတွက် ၄င်းတို့၏ဆုံးဖြတ်ချက်များအား ယခုအစီအစဉ်မှ အကြီးအကျယ်သက်ရောက်မှုရှိလာမည်ဟုမိမိအနေနှင့်ယုံကြည်သည်ဟုသြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီးခရစ်စ်ဘိုဝင် မှပြောကြားခဲ့သည်။ သူရိယသတင်းဂျာနယ်
သွေးထွက်သံယို အကြမ်းဖက်မှုတွေဖြစ်ပွားရာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်စစ်သွေးကြွတွေလို့ သံသယရှိသူတွေရဲ့ အကွက်ချ တိုက်ခိုက်မှုတွေကြောင့် သောကြာနေ့မှာတုန်းက လူ ၆ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နာရာသီဝဒ် (Narathiwat) ခရိုင်ထဲမှာရှိတဲ့ ရာဘာခြံက အလုပ်သမားတယောက်ကို စစ်သွေးကြွလို့ မသင်္ကာသူတယောက်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှုတခု ညပိုင်းမှာ ဖြစ်ပွားရာက စခဲ့တာလို့ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။
ဒီနောက်မှာတော့ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာကို လာကြတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ယောက် လိုက်ပါလာတဲ့ ထရပ်ကားတစီးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ လမ်းပေါ်မှာ မြုပ်ထားတဲ့ ဗုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာက ကားပေါ်မှာ ပါလာတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တယောက်ကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက အခုနောက်ဆုံး တိုက်ခိုက်မှုတွေဖြစ်ပွားရာ နာရာသီဝဒ် ခရိုင်ဟာဆိုရင် အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ နယ်စပ်ချင်းထိနေတဲ့ မူစလင်အများစုရှိရာ ခရိုင် ၃ ခုထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ် ဇန်န၀ါရီလကစလို့ မူစလင်တွေရဲ့ ပုန်ကန်မှုတွေ ဖြစ်ပွားရာက နာရာသီဝဒ် (Narathiwat), ယာလာ (Yala) နဲ့ ပက်သနီ (Pattani) ခရိုင်တွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူပေါင်းဟာ ၄,၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။