Fwd: ပါကစ္စတန်တွင် ရေကြီးမှုကြောင့် လူ ၆၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ၊ ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသအနီး ငလျင်ပြင်းလှုပ်ခတ် ၊ ရုပ်သံအစီအစဉ်တွင် ကတုံးနှင့် တွေ့ရသော သမ္မတ ချားဗေ့စ် ၊ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ပယ်ရီ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်

1 view
Skip to first unread message

Thinzar

unread,
Aug 22, 2011, 9:04:28 AM8/22/11
to immediate-f...@googlegroups.com, n-staff-jica-...@googlegroups.com, doorways-to-eng...@googlegroups.com, Myat Thu Aung, thuyei...@gmail.com, put...@gmail.com, Tin Maw Lwin, Cho Zin, Y M, ^ _ ^, Kyu Kyu Khaing, Khaing Khaing Oo, Khwa Nyo, cowboy star, Lu Zaw, eggy su, moe.k...@gmail.com, kyaw...@gmail.com, U Htet, htike aung, Khin Lai Lai Aung, mgm...@gmail.com
Just wanna share updated world news. Those who seeks politics or global affairs will interest in it.
Adopt this - knowledge is power.

Regards,
Thinzar


---------- Forwarded message ----------
  1. ပါကစ္စတန်တွင် ရေကြီးမှုကြောင့် လူ ၆၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ၊
  2. ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသအနီး ငလျင်ပြင်းလှုပ်ခတ်  ၊
  3.  ရုပ်သံအစီအစဉ်တွင် ကတုံးနှင့် တွေ့ရသော သမ္မတ ချားဗေ့စ် ၊
  4. တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ပယ်ရီ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ကြေညာ ၊
  5.  ပူတင် ရေငုပ်ရင်း ရှေးခေတ် ဂရိအိုးများ ရှာဖွေတွေ့ရှိ ၊
  6. ဘာလင်တံတိုင်း တည်ဆောက်မှု နှစ် ၅၀ ပြည့် ဖြိုချနိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီ ဖြစ်သော်လည်း ဂျာမနီအရှေ့၊ အနောက် ကွာဟမှုများ ကျန်ရှိနေဆဲ ၊
  7. လက်ဘနွန်နှင့် အစ္စရေးနှစ်နိုင်ငံကြား ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုဖြစ်  ၊
  8.  ဗြိတိန်မြို့များတွင် အကြမ်းဖက် လုယက်မှုများကြောင့် ဒေါ်လာ ၃၂၃ သန်းကျော် ဆုံးရှုံး ၊
  9. ရန်သူပစ်ခတ်မှုအား နားထောင်မည့်စက် ဗြိတိသျှတပ်များ သုံးနေခြင်း ၊
  10.  ဆင်းရဲမွဲတေမှု နှင့် အဓိကရုဏ်းကြားက ဆက်မျဉ်းလေးတစ်ချောင်း  ၊
  11. လန်ဒန်အဓိကရုဏ်းများအတွင်း လူသတ်ခဲ့မှုဖြင့် ဆယ်ကျော်သက်တစ်ဦးအား တရားစွဲဆို  ၊
  12. လုယက်ဖျက်ဆီးသူများ၏ မိသားစုဝင်များကို အစိုးရ အထောက်အပံ့များ ဖြတ်တောက်မည့် အစီအစဉ် အပေါ် ဗြိတိန် ညွန့်ပေါင်းအစိုးရအဖွဲ့ အတွင်း သဘောကွဲလွဲ ၊
  13. မူဘာရက်ကို ဒုတိယအကြိမ်မြောက် ရုံးတင် စစ်ဆေးမှုအပြီး အမှုအား သုံးပတ်ရွှေ့ဆိုင်းကာ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုကို တရားသူကြီးက ပိတ်ပင် ၊
  14.  အိမ်ဖြူတော် ခြံဝင်းကို ခုန်ကျော်တက်သူ အဖမ်းခံရ ၊
  15.  ကျောင်း​အုပ်ဆရာမကြီး​ကို သတ်ဖြတ်သည့်​ အ​မေရိကန်ဆယ်​ကျော်သက်လူငယ်အား​ စွဲချက်တင်  ၊
  16.  မူးယစ်ဂိုဏ်းအတွက် လူသတ်သော ဆယ်ကျော်သက်အား ထောင်ဒဏ် ချမှတ်ခြင်း ၊
  17. အမေရိကန်စာရေးဆရာ မာ့ခ်တွိန်၏ နေအိမ်ပြတိုက်မှ ဒေါ်လာတစ်သန်း အခိုးခံရ ၊

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် လူ ၆၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့

b42021
ကရာချိမြို့ အရှေ့ဘက် ၁၄၀ ကီလိုမီတာ အကွာရှိ ဘာဒင်ခရိုင်တွင် ရေကြီးခဲ့စဉ်

ပါကစ္စတန် တောင်ပိုင်းတွင် ရေကြီးမှုများကြောင့် လူ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး လူ ၇၀၀၀၀၀ ထက်မနည်း ရေကြီးမှုဒဏ် ခံခဲ့ရကြောင်း ပါကစ္စတန် တာဝန်ရှိသူများက သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်၏ စိုက်ပျိုးရေး အဓိကပြည်နယ် ဆင်းဒ်တွင် ရွာများ ရေမြုပ်ခဲ့ပြီး ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။ ပါကစ္စတန်တွင်၂၀၁၀ ပြည့်နှစ်က မကြုံစဖူး ရေကြီးခဲ့ရာ လူ ၂၁ သန်း ခံစားခဲ့ရပြီး ဒေါ်လာ ၁၀ ဘီလျံခန့် ဆုံးရှုံးခဲ့သည်။

ဆင်းဒ်ပြည်နယ် ၀န်ကြီးချုပ် ဆေယက်ကာအင်အလီရှားက ရေကြီးမှုကို လူ တစ်သန်းခန့် ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်ကို မပြောကြားခဲ့ပေ။ ယမန်နှစ်က ရေကြီးပြီးနောက် လူထောင်ပေါင်းများစွာသည် အရေးပေါ် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရဆဲ ဖြစ်ပြီး ပါကစ္စတန်သည် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အတွက် ရင်းနှီးမြုပ်နှံခဲ့ခြင်း မရှိကြောင်း Oxfam က စွပ်စွဲပြောကြားထားသည်။ ပါကစ္စတန်၏ အကြီးဆုံး ပရဟိတလုပ်ငန်း Edhi Foundation က သဘာဝဘေး ခံစားရသူများကို ကူညီရန် ကျယ်ပြန့်သော ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ကျောင်းအဆောက်အဦ ၁၅၀ တွင် ကယ်ဆယ်ရေးစခန်းများ တည်ဆောက်ထားကြောင်း သို့သော် စားနပ်ရိက္ခာနှင့် ယာယီတဲများ အရေးတကြီး လိုအပ်နေကြောင်း ဖောင်ဒေးရှင်းမှ အန်ဝါကာဇမီက ပြောကြားခဲ့သည်။

မိုးသည်းထန်မှုကြောင့် တောင်ပိုင်းပြည်နယ်များတွင် ကသောင်းကနင်း ဖြစ်ခဲ့ရပြီး လာမည့်ရက် အနည်းငယ် အတွင်း မိုးထပ်မံရွာသွန်းမည်ဟု မိုးလေ၀သဌာနက ခန့်မှန်းထားသည်။

ယမန်နှစ်က ရေဘေးဒုက္ခသည်များကို အကူအညီ အနည်းငယ်သာ ပေးနိုင်ခဲ့သောကြောင့် ပါကစ္စတန် အစိုးရသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။



ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသအနီး ငလျင်ပြင်းလှုပ်ခတ်

ရစ်ခ်ျတာစကေးအဆင့် (၆.၈)ရှိသော ငလျင်သည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဟွန်ရှူးကျွန်း၏ ကမ်းလွန်တွင် ဦးတည်ကာ လှုပ်ခတ်သွားခြင်းဖြစ်
Posted on Aug 19 11 - 05:16 PM | Hits : 162
ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသအနီး ငလျင်ပြင်းလှုပ်ခတ်

ဂျပန်နိုင်ငံတွင် မတ်လအတွင်း ငလျင်ကြီးတစ်ခု လှုပ်ရှားမှုကြောင့် နျူကလီးယား ယိုစိမ့်မှုများ ဖြစ်ခဲ့ရာ ဖူကူရှီးမား ဒေသအနီးတွင် အင်အားပြင်းထန်သော ငလျင်တစ်ခု ဩဂုတ်လ (၁၉)ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။ ရစ်ခ်ျတာစကေးအဆင့် (၆.၈)ရှိသော ငလျင်သည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဟွန်ရှူးကျွန်း၏ ကမ်းလွန်တွင် ဦးတည်ကာ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ယင်းငလျင်၏ ရိုက်ခတ်မှုကို မီယာဂျီနှင့် ဖူကူရှီးမား ဒေသများမှ သက်ရောက် ခံစားခဲ့ရသည်။ နျူကလီးယား ယိုစိမ့်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပိတ်ထားခဲ့သည့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှ ပထမဆုံး ပြန်လည် လည်ပတ်နေသည့် ဓာတ်ပေါင်းဖို အမှတ်(၁)သည် ယခုငလျင်ကြောင့် မည်သည့် ထိခိုက်မှုမှ မရှိကြောင်းလည်း TEPCO ကုမ္ပဏီက အတည်ပြု ကြေညာခဲ့သည်။ ငလျင်သည် ကမ်းလွန်ပင်လယ်ပြင် အနက် ကီလိုမီတာ (၂၀)ခန့်ကို ဗဟိုပြု လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး (၅၀)စင်တီမီတာရှိ ဆူနာမီ ရေလှိုင်းငယ်အချို့ ဖြစ်ပေါ်နိုင်ကြောင်း ကမ်းခြေဒေသ နေထိုင်သူများထံ တပ်လှန့်မှုများ ပြုလုပ်ခဲ့ရသေးသည်။ ငလျင်လှုပ်ရှားမှုကြောင့် ကျည်ဆန်ရထား ခရီးစဉ်နှင့် အဝေးပြေးလမ်း ခရီးစဉ် အချို့ကို ခေတ္တ ဆိုင်းငံ့ခဲ့ရသေးကြောင်းလည်း သိရှိရသည်။

Source: Xinhua


ရုပ်သံအစီအစဉ်တွင် ကတုံးနှင့် တွေ့ရသော သမ္မတ ချားဗေ့စ်

၂၀၁၁ သြဂုတ်လ ၁ ရက်နေ့ ဝန်ကြီးအသစ်နှစ်ဦးတို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မီရာဖလို ရေ့စ် သမ္မတ နန်းတော်၏ သတင်းထုတ်ပြန်ရေး ရုံးမှ ထုတ်ပြန်သော ပုံတွင် သမ္မတ အူဂိုချားဗေ့စ်အား ပြုံးပြုံးရွှင်ရွှင် တွေ့ရပုံ။ ကျမ်းသစ္စာ ကျိန်ဆိုသော ဝန်ကြီး နှစ်ဦးမှာ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာ ဝန်ကြီးများဖြစ်ကြသည်။

တနင်္လာနေ့ (၁.၈.၂၀၁၁) တွင် ဗင်နီဇွဲလား သမ္မတ အူဂို ချားဗေ့စ် (Hugo Chávez) ၏ ခေါင်းရိတ်ထားသည့် ပုံအား ရုပ်သံအစီအစဉ်တွင် တွေ့ရသည်။ ကင်ဆာရောဂါအတွက် ဓာတုဆေးသွင်းကုသခြင်း (chemotherapy) ကြောင့် သူ့ဆံပင်များ စတင်ကျွတ်နေပြီဟု ပြောသည်။

ရုပ်သံထုတ်လွှင့်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးအား ဦးဆောင်စဉ်၊ သူ၏ ဓာတုဆေးသွင်းကုသခြင်း (chemotherapy) မှာ အဆင်ပြေနေကြောင်းနှင့် သူရုပ်သွင်အသစ်အကြောင်း ဟာသပြောသည်။ စပိန်ဘာသာဖြင့် ပြောနေရာမှ “"It's a new look," ဟု အင်္ဂလိပ် ဘာသာဖြင့် ညှပ်လိုက်သည်။ သူ၏ဆံပင်များ ကျွတ်မည်ဟု သူက ယခင်ကပင် ကြိုတင်ပြောထားသည်။

လူများခန့်မှန်းသော အူမကြီးကင်ဆာ၊ စအိုကင်ဆာ သို့မဟုတ် ဆီးအိမ်ကင်ဆာ စသည်တို့မှာ တစ်ခုမှ မဟုတ်ကြောင်း သမ္မတချားဗေ့စ် (President Hugo Chávez) ကပြောသည်။

ဗင်နီဇွဲလား နိုင်ငံ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Ref : Internet
Chavez shaves head for chemo, supports Qaddafi (CBS News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)


တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ပယ်ရီ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ကြေညာ

ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာဖွယ် ရှိသော ရစ်ပယ်ရီကို ဇနီးဖြစ်သူနှင့် တွေ့ရစဉ်

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ပယ်ရီသည် ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု သြဂုတ်လ ၁၃ ရက်၌ ကြေညာခဲ့သည်။

တောင်ကာရိုလိုင်းနားတွင် ၎င်းကိုထောက်ခံသူ ရာပေါင်းများစွာရှေ့၌ ရစ်ပယ်ရီက ယင်းကြေညာချက်ကို ဦးစွာ အွန်လိုင်းမှ ထုတ်ပြန်ခဲ့ပြီး မိနစ်ပိုင်း အကြာတွင် မိန့်ခွန်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံကို စီးပွားရေး
အကျပ်အတည်း ကြုံစေခဲ့သည်ဟုလည်း လက်ရှိ သမ္မတ အိုဘားမားကို ဝေဖန်ခဲ့သည်။ လာမည့် လေးနှစ် အတွင်း အလုပ်လက်မဲ့ မြင့်တက်လာမှု၊ အခွန် တိုးမြှင့်လာမှု၊ ကြွေးမြီ ထူထပ်လာမှု၊ စွမ်းအင် မှီခိုနေရခြင်း မြင့်တက်လာမှု တို့ကို မိမိတို့က စိတ်ရှည်နိုင်တော့မည် မဟုတ်ကြောင်း ရစ်ပယ်ရီက ပြောကြားသည်။

ကြွေးမြီပြဿနာနှင့် ပတ်သက်၍ အမေရိကန် ဥပဒေပြုအမတ်များ အကြား သဘောကွဲလွဲမှု နက်ရှိုင်းနေမှုကို အိုဘားမားက ညီညွတ်အောင် မလုပ်နိုင်ခဲ့ကြောင်း ပယ်ရီက ဝေဖန်ခဲ့သည်။ အမေရိကန်သည် ၂၀၀၈ ခုနှစ်၊ စီးပွားရေး အကျပ်အတည်းမှ တဖြည်းဖြည်းချင်း နာလန်ပြန်ထူလာကြောင်း၊ သို့သော် နှေးကွေးနေသေးကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့မှုကိုလည်း ရစ်ပယ်ရီက နာလန်ပြန်ထူလာခြင်း မဟုတ်ကြောင်း၊ စီးပွားရေး အကျပ်အတည်း တစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပယ်ရီသည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် တရားဝင် နောက်ဆုံး ထုတ်ပြန်ခဲ့သော ရီပတ်ဘလီကန် ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နေနှင့် အလားတူ
တစ်ပေးခြင်း ခံရသည်။ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ရွေးချယ်ရန် ခြောက်လခန့်သာ လိုတော့ချိန်တွင် ပယ်ရီ အပါအ၀င် ရွမ်နေ၊ အခြား ကိုယ်စားလှယ်လောင်းများသည် လူထုဆန္ဒ အလွတ်သဘော ကောက်ခံမှု စစ်တမ်း အတွက် အိုင်အိုဝါပြည်နယ်သို့ ရောက်ရှိနေသည်။ ပယ်ရီသည် စီးပွားရေး ကျဆင်းနေစဉ် အတွင်း ၎င်းပြည်နယ်၌ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့သည့် အတွက် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် တစ်ပေးခြင်း ခံရခြင်း ဖြစ်သည်။




ပူတင် ရေငုပ်ရင်း ရှေးခေတ် ဂရိအိုးများ ရှာဖွေတွေ့ရှိ

w64608

လာမည့်နှစ် ရွေးကောက်ပွဲများ မတိုင်မီ လူကြိုက်များ အာရုံထားစေသည့် စတန့်ထွင်မှုတစ်ခု အနေဖြင့် ရုရှားဝန်ကြီးချုပ် ပူတင်သည် ဂရိပင်လယ်နက် ရှေးဟောင်း နေရာတစ်နေရာသို့ ရေငုပ်ခဲ့ရာ ရှေးခေတ် ဂရိအိုးကြီး နှစ်လုံး ရှာဖွေ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက သြဂုတ်လ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပူတင်သည် ၂ မီတာ (၆ ဒသမ ၆ ပေ)သာ ငုပ်ရသေးပြီး ရေကလည်း ထူးထူးခြားခြား ကြည်လင်နေခဲ့သောကြောင့် ၆ ရာစုခေတ် အိုးနှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

နားရွက်ပုံလက်ကိုင်ပါသော အိုးဟောင်းကြီး နှစ်လုံးကို ပူတင် ကိုင်ထားသည့် ဗီဒီယို အပိုင်းအစကို နိုင်ငံပိုင် ရုပ်မြင်ဌာနက ထုတ်လွှင့် ပြသခဲ့သည်။ ပူတင်က 'ရတနာတွေ'ဟု ရေစိုနေသော ရေငုပ် ၀တ်စုံဖြင့် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပူတင်သည် ရေငုပ်ရန် အခုမှ ကြိုးပမ်းနေသူသာ ဖြစ်ပြီး သုံးကြိမ်မြောက် ရေငုပ်စဉ် ရှေးဟောင်းအိုးများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း အကြောင်းကို နိုင်ငံပိုင်ရုပ်သံများက ဖော်ပြနေချိန်တွင် ပူတင်၏ အကြောင်းကို ထုတ်လွှင့်ခဲ့ခြင်းက ပူတင်သည် ရုရှားနိုင်ငံရေးတွင် ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်ကြောင်း လက္ခဏာတစ်ရပ်ကို
ထင်ဟပ်စေခဲ့သည်။ သို့သော်လည်း အချို့ မီဒီယာများက အသက် ၅၈ နှစ်အရွယ် ပူတင်၏ စတန့်ထွင်မှုကို ဝေဖန်ခဲ့ကြသည်။

''ဖုံးရုံသာ ဖုံးထားသော အိုးများသည် ရှင်းနေသည့် နေရာတွင် ရှိနေခဲ့ကြပြီး မြင်သာကြောင်း'' newsru.com က ဖော်ပြခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် ပူတင်နှင့်အတူ လိုက်ပါသူများသည် ရေမငုပ်ခဲ့ကြဘဲ ပူတင်ကသာ အံ့သြဖွယ်ရာ တွေ့ရှိမှုကို ဆောင်ရွက်နိုင်စေခဲ့ကြောင်း ရေးသားခဲ့သည်။ လေ့လာရေး ခရီး၏ ခေါင်းဆောင်က ထိုရှာဖွေတွေ့ရှိခဲ့ သော အိုးများသည် အေဒီ ၆ ရာစုက အိုးများ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပူတင်က ဆိုသည်။ သင်္ဘောများ ဆိပ်ကမ်းသို့ ကပ်စဉ် ထိုအိုးများ ထိခိုက်ကျိုးပဲ့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပူတင်က ရှင်းပြခဲ့သည်။



ဘာလင်တံတိုင်း တည်ဆောက်မှု နှစ် ၅၀ ပြည့် ဖြိုချနိုင်ခဲ့သည်မှာ ၂၂ နှစ်ရှိပြီ ဖြစ်သော်လည်း ဂျာမနီအရှေ့၊ အနောက် ကွာဟမှုများ ကျန်ရှိနေဆဲ

w64601
သြဂုတ်လ ၁၂ ရက်နေ့က ဘာလင်မြို့ အရှေ့ဘက်ခြမ်းမှ ကျန်ရစ်သော တံတိုင်း အစိတ်အပိုင်းကို ဓာတ်ပုံရိုက်နေသည့် အမျိုးသမီးတစ်ဦး(၀ဲပုံ)၊ ၁၉၆၂ ခုနှစ်က ဘာလင်တံတိုင်းကို အရှေ့ဂျာမနီဘက်က ပြင်ဆင်နေစဉ်(ယာပုံ)

ဘာလင်တံတိုင်း တည်ဆောက်ခဲ့မှု အနှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဂျာမနီနိုင်ငံတစ်လွှားတွင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒုက္ခရောက်ခဲ့ရသူများ အတွက် အောက်မေ့ဖွယ် အခမ်းအနားများ ပြုလုပ်ခဲ့သည်။

ကွန်မြူနစ် အရှေ့ဂျာမနီက အနောက်ဂျာမနီနှင့် နယ်စပ်ကို ပိတ်ပစ်ရန် ၁၉၆၁ ခုနှစ်က စီစဉ်ခဲ့မှုသည် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ တံတိုင်းကြီးသည် ၂၈ နှစ်ကြာ တည်ရှိနေခဲ့သည်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်မှ သွေးထွက်သံယိုမှု မရှိသော လူထုအုံကြွမှုဖြင့် တံတိုင်းကြီးကို ဖြိုဖျက်နိုင်ခဲ့သည်။

လွတ်မြောက်မှု အတွက် ကြိုးပမ်းရင်း သေဆုံးခဲ့ရသူများ စာရင်းကို သန်းခေါင်ယံအလွန်တွင် ဘုရားရှိခိုးကျောင်းတစ်ခု၌ ၇ နာရီကြာ ဖတ်ပြခြင်းဖြင့် အထိမ်းအမှတ် အခမ်းအနားကို စတင်ခဲ့သည်။

သမ္မတ ခရစ်ရှန်ဝဲ့လ်ဖ့်က မိန့်ခွန်း ပြောကြားခဲ့ပြီး စစ်အေးခေတ် အမှောင်မိုက်ဆုံးနေ့များ နောက်ပိုင်း ဂျာမန်တို့ မည်သည့် အတိုင်းအတာ အထိ ပြောင်းလဲသွားပြီ ဆိုခြင်းကို ယခု အထိမ်းအမှတ်များက ရောင်ပြန်ဟပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်

အရှေ့ဂျာမနီတွင် မွေးဖွားခဲ့သူ ၀န်ကြီးချုပ် အင်ဂျလာမာကယ်လ်ကလည်း တံတိုင်းကြောင့် နှစ်ပိုင်းပိုင်းသွားခဲ့သည့် Bernauer Strasse လမ်းကြောင့် တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့ရသည့် မိသားစုများ အတွက် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့သည်။

၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ခင်းအချိန်တွင် နိုးထလာသော အရှေ့ဘာလင်သားများသည် လမ်းများကို စစ်သားများက ပိတ်ထားပြီး၊ ရထားလမ်းများ ဖြတ်တောက်ထားပုံ၊ သံဆူးကြိုးများ တပ်ဆင်ထားသော နံရံကြီး ဆောက်လုပ်ထားပုံ တို့ကို တွေ့မြင်ခဲ့ရသည်။

အရှေ့ဂျာမနီမှ နိုင်ငံသားများ အနောက်ဂျာမနီသို့ ထွက်မပြေးစေရန် တည်ဆောက်ခဲ့သော တံတိုင်းကြီးကို ဖြတ်သန်းပြီး လွတ်မြောက်ရန် ကြိုးပမ်းသူ ၁၃၆ ဦးမှာ တံတိုင်းကြီး အနီးတွင် သေဆုံးခဲ့ရသည်။ ၉၆ မိုင် ရှည်သော တံတိုင်းကြီးကို ဖြတ်ကျော်ပြီး လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြရာမှ သေဆုံးခဲ့ရသူမှာ ထို့ထက် ပိုများနိုင်သည်ဟုလည်း သုံးသပ်ကြသည်။ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့သည်မှာ ၂၂ နှစ်ရှိပြီ ဖြစ်သော်လည်း ဆင်းရဲသော အရှေ့နှင့် ကြွယ်ဝသော အနောက် အကြား ကွာဟချက်များကမူ ကျန်ရှိနေဆဲ ဖြစ်ပြီး အရှေ့ဂျာမနီ နိုင်ငံသား အများစုမှာ ပေါင်းစည်းခြင်း၏ အကျိုးကို အပြည့်အ၀ ခံစားရခြင်း မရှိသေးကြောင်း လေ့လာသူများက သုံးသပ်သည်။


လက်ဘနွန်နှင့် အစ္စရေးနှစ်နိုင်ငံကြား ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုဖြစ်

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

ဘေရွတ် - ရေကြောင်းနယ်နိမိတ်နှင့် ပတ်သက်ပြီး လက်ဘနွန်နှင့် အစ္စရေးနှစ်နိုင်ငံကြား အငြင်းပွားမှုပြင်းထန်လာသည့်အတွက် နှစ်နိုင်ငံစလုံးကလည်း အချုပ်အခြာအာဏာပိုင်မှုကို ကြိုးပမ်းလျက် ပဋိပက္ခဖြစ်ပွားနိုင်သည့် အလားအလာများရှိနေသည်။

ထိုဒေသမှာ ဓာတ်ငွေ့ကြွယ်ဝသည့်နေရာ ဖြစ်သည်။ ယခင်လက အစ္စရေးဝန်ကြီးအဖွဲ့ သည် လက်ဘနွန်နှင့် ရေကြောင်းနယ် နိမိတ် အကြံပြုထားသည့် မြေပုံအား အတည်ပြုပြီး ကုလသမဂ္ဂထံ တင်ပြကာ ညှိနှိုင်းပေးရန် ပြောခဲ့သည့်အချိန်မှ အစပြု၍ တင်းမာမှုစတင် ခဲ့သည်။ ဤမြေပုံသည် ယခင်နှစ်က လက်ဘနွန် နိုင်ငံက ကုလသမဂ္ဂအား တင်ပြထား သည့်မြေပုံနှင့်မတူဘဲ ၎င်းမြေပုံထဲတွင် အစ္စ ရေးပိုင်နက်ကို လျှော့ပြီးဆွဲထားသည်။

၁၉၄၉ ခုနှစ်က စစ်ရပ်ဆိုင်းထားခြင်း သဘောတူညီချက်နှင့်အညီ မြေပုံအား ဆွဲခြင်းဖြစ်ပြီး အစ္စရေးက ငြင်းဆိုခဲ့ခြင်း မရှိကြောင်း လက်ဘနွန်ကပြောသည်။ ၂၀၀၇ ခုနှစ်က ဆိုက်ပရပ်စ်နှင့် လက်ဘနွန်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ သည့် နယ်နိမိတ်သည် ၂၀၁၀ ပြည့်နှစ်က အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့ သဘောတူခဲ့သည့်အတိုင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံ၏ ပြောဆိုချက်အား လက်ဘနွန်က စိန်ခေါ်ထားသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ စလုံးက ယခုအချိန်၌ အလျှော့ပေးမည့်ပုံ မပေါ်ကြပေ။ အငြင်းပွားသည့်နေရာ အနီးတွင် အရေးကြီး သည့် စွမ်းအင် နေရာရှိနေသည့်အတွက် ဒေါ်လာဘီလျံ နှင့်ချီပြီး ရရှိလာနိုင်သည့်အချက်ကြောင့် လည်း ဖြစ်သည်။ စစ်သွေးကြွအဖွဲ့ ဖြစ်သည့် ဟစ်ဇ်ဘို လာ အဓိကပါဝင်သော လက်ဘနွန် ၀န်ကြီးအဖွဲ့သစ်သည် နိုင်ငံ၏ အထူး သီးသန့်စီးပွားရေးဇုန် (အီး၊ အီးဇက်) ချမှတ်သည့်ဥပဒေ အတည်ပြုရန် စိုင်းပြင်းနေကြောင်း စွမ်းအင်ဝန်ကြီးက ပြောသည်။

၂၀၀၆ ခုနှစ်က အစ္စရေးနှင့် ပြင်းထန်သည့်စစ်ပွဲ ဆင်နွှဲခဲ့သော ဟစ်ဇ်ဘိုလာ ပါတီခေါင်းဆောင်ဟာဆန်နာ့စ်ရာလာသည် လွန်ခဲ့သည့် ရက်သတ္တပတ်က ဤ အငြင်းပွားမှုထဲဝင်ပါလာပြီး လက်ဘနွန် ၏ ကမ်းလွန်ဓာတ်ငွေ့နှင့် ရေနံနေရာ များကို အဓမ္မယူငင်ခြင်းမပြုရန် အစ္စရေး အား သတိပေးခဲ့သည်။

ကုလသမဂ္ဂနှင့် သံတမန်တို့ကလည်း နှစ်နိုင်ငံစလုံးအား အထိန်းအသိမ်းရှိ ကြရန်နှင့် ဤကိစ္စအား ညှိနှိုင်းဆွေးနွေး ပြီး ဖြေရှင်းကြရန် တိုက်တွန်းထားသည်။ အငြင်းပွားနေကြသည့် ဇုန်၏ပမာဏမှာ စတုရန်းမိုင် ၃၃၀ရှိသည်။ဤအငြင်းပွားမှုအားအေးချမ်းစွာ နည်းလမ်း ရှာဖွေပြီး ဖြေရှင်းနိုင်ကြောင်း၊ စီးပွားရေးရှုထောင့်မှကြည့်လျှင် အလွန် ကြီးမားသည့်အတွက် ပဋိပက္ခဖြစ်လာ လျှင် နှစ်ဖက်စလုံး အတွက် အကျိုးယုတ် ဖို့သာရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

အငြင်းပွားမှုတိုးမြင့်လာပါကဓာတ်ငွေ့ရှာဖွေသည့် ကုမ္ပဏီများသည် ဤနေရာကိုလာကြမည်မဟုတ်ကြောင်းထိုအရာရှိက ဆက်လက် ပြောကြားသည်။ တရားရေးအရ လက်ဘနွန်၏ရပ် တည်ချက်သည် အစ္စရေးဘက်ကထက် ခိုင်မာကြောင်း ယူဆရသော်လည်း ဤ အငြင်းပွားမှုသည် အချိန်တိုနှင့် ပြီးဆုံး မည်မထင်ကြောင်း ဘေရွတ်ရှိ အနောက် အုပ်စုမှ သံတမန်တစ်ဦးက ပြောသည်။

အကောင်းဆုံးနည်းလမ်းမှာ အငြင်း ပွားသည့်နေရာပြင်ပ၌ ဓာတ်ငွေ့နှင့် ရေနံရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် ပြီး ပြေလည်မှုရရှိ ရန် ဆွေးနွေးညှိနှိုင်း ခြင်းသာဖြစ်ကြောင်း သံတမန်များက ပြောကြသည်။




ဗြိတိန်မြို့များတွင် အကြမ်းဖက် လုယက်မှုများကြောင့် ဒေါ်လာ ၃၂၃ သန်းကျော် ဆုံးရှုံး

w64602ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်နှင့် အခြားမြို့များတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် လုယက်ဖျက်ဆီးမှုများကြောင့် ဗြိတိန် ပေါင်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၂၃ သန်း)ကျော် ဆုံးရှုံးခဲ့ကြောင်း ဗြိတိန်
အာမခံလုပ်ငန်းက သြဂုတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မျှော်မှန်းသည်ထက် နှစ်ဆ များပြားနေခဲ့သည်။

လုယက်ဖျက်ဆီးမှုခံရခြင်းဆိုင်ရာ ဥပဒေအရ အာမခံ မထားသော စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များ သာမက အာမခံထားသော သူများက ဆုံးရှုံးနစ်နာမှုအတွက် တောင်းဆိုမှုကို ခံရသော အာမခံလုပ်ငန်းများသည်လည်း ရဲဌာနမှ လျော်ကြေး တစ်စိတ်တစ်ဒေသ တောင်းခံခွင့် ရှိသည်။ယင်းဥပဒေအရ ပစ္စည်းများ ထိခိုက် ပျက်စီးမှုအပေါ်သာ အကျုံးဝင်ပြီး စီးပွားရေး လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းသွားခြင်း မပါဝင်ပေ။ လုပ်ငန်းများ ပြန်လည်ပတ်ရန် အတွက် ကုန်ကျစရိတ်မှာ ပစ္စည်းများ ထိခိုက်ပျက်စီးမှုထက် ကျော်လွန်ဖွယ် ရှိသည်။

ဗြိတိန် အကြီးဆုံး အာမခံကုမ္ပဏီ RSA ကလည်း အာမခံ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး၍ လျော်ကြေးပေးရေး စီမံကိန်းများကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။


ရန်သူပစ်ခတ်မှုအား နားထောင်မည့်စက် ဗြိတိသျှတပ်များ သုံးနေခြင်း

တိုင်ပေါ်မှ မိုက်ခရိုဖုန်း ခုနှစ်ခုသည် သေနတ်သံနှင့် သေနတ်ကျည်ဆံထိပ်ဖူး လေထဲတွင် အသံထက်မြန်သောနှုန်းနှင့် ရွေ့လျားနေစဉ် ထွက်လာသော တုန်ခါလှိုင်း (supersonic shockwave) များအား ဖမ်းယူနိုင်သည်။

ရန်သူများက ချောင်းမြောင်း ပစ်ခတ်ခြင်းအား သေနတ်သံအား နားထောင်ပြီး ထောက်လှမ်းသည့် စက်အား အာဖဂန်နစ္စတန်ရှိ ဗြိတိသျှတပ်များအား ထုတ်ပေးနေပြီဖြစ်သည်။

“Boomerang III” သည် ရန်သူ၏ သေနတ်သံအား “နားထောင်” (ဖမ်းယူ)ပြီး ပစ်ခတ်သူရန်သူရှိရာ အရပ်နှင့် အကွာအဝေးအား ခန့်မှန်းနိုင်သည်။

 

 



ဤ ကိရိယာမှ ရန်သူ သေနတ်သမားရှိသည့် နေရာအား မျက်မြင်ပြသ (Display) သည့်အပြင် အသံဖြင့်လည်း သတင်းပေးသည်။

အမေရိကန်ပြည်ထောင်စုမှ စတင်တီထွင်ပြီး ဗြိတိန်၏ “Defence Science and Technology Laboratory” မှ သိပ္ပံညာရှင်များက ရှေ့တန်းသုံး လိုအပ်ချက်နှင့် ကိုက်ညီရန် ပြန်လည်ပြုပြင်ထားသည်။

 

 




Ref: Internet
British forces employ machines to 'listen' for enemy fire (BBC News)
Sniper snooper: 'Boomerang' can tell where Taliban marksmen are by 'listening' for enemy gunfire (The Daily Mail)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)


ဆင်းရဲမွဲတေမှု နှင့် အဓိကရုဏ်းကြားက ဆက်မျဉ်းလေးတစ်ချောင်း

လန်ဒန်မြို့တော်တခွင် ပြဲပြဲစင်ခဲ့သော ဆူပူအုံကြွမှုကြီးကား အဆုံးသတ်သွားပါပြီ။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကတော့ ဒါတွေအတွက် တရားမျှတမှု ရရှိစေရမည်ဟု ကတိပေးလိုက်သည်။

ဒီ အဓိကရုဏ်းအတွင်း လူပေါင်း ၃၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည် ။ ၁၂၀၀ ကျော်ကို တရားရုံးတင် စစ်ဆေးခဲ့ပါသည်။ အခုအချိန်ကား နိုင်ငံရေးသမားတွေနှင့် လူမှုဗေဒပညာရှင်တွေရဲ့ အလှည့်ကို ရောက်လာပါသည်။ ဘာကြောင့် ဒီလိုဆူပူအုံကြွမှု အဓိကရုဏ်းများ ဖြစ်ခဲ့ပါသလဲ။ နောက်နောင်အလားတူ အဖြစ်မျိုးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုသည့် မေးခွန်းများ၏ အဖြေများကို တွက်ချက်ကြတော့သည် ။

ဗြိတိန်တွင် လွန်ခဲ့သောနှစ် ညွန့်ပေါင်းအစိုးရ တက်လာပြီးကတည်းက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုများ တက္ကသိုလ်များကို ၀င်ရောက်သိမ်းပိုက်မှုများ၊ သပိတ်မှောက်မှုများ ၊ သိန်းဂဏန်းချီသော လူထုချီတက်ပွဲများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ အခုလည်း မြို့တော်လန်ဒန်မှာ ရဲက ဆန္ဒပြသူကို ပစ်ခတ်ရာမှ စတင်၍ လူသေဆုံးသည်အထိ ပြင်းထန်သော အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြန်သည်။ ဒီလိုအဖြစ်အပျက်တွေသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

ဂါးဒီယန်း သတင်းစာကြီးကတော့ ဘာကြောင့် အဓိကရုဏ်း ဖြစ်ပွားရသလဲဆိုသော အမြင်တစ်ခုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလာလေပြီ။ သူတို့ရဲ့အဆိုအရ ဆင်းရဲမွဲတေ မှုနှင့် အဓိကရုဏ်းတို့ ဆက်စပ်နေကြောင်း ငြင်းချက်ထုတ်ထားပါသည်။ ဂါးဒီယန်းသတင်းထောက် ဆိုင်မန်ရော်ဂျာ နှင့် မတ်စတိုင်လ်က ဆင်းရဲမွဲတေ ချို့တဲ့ခြင်းအပေါ် အခြေခံရေးဆွဲထားသော သီအိုရီကို အသုံးပြုပြီး အဓိကရုဏ်း ဖြစ်ပွားသော နေရာများနှင့် လန်ဒန်သားများနေထိုင်သောနေရာကို ယှဉ်တွဲပြကာ သူတို့၏အဆိုကို ပေါ်လွင်အောင် မြေပုံနှင့် တင်ပြထားပါသည်။

ရလဒ်ကတော့ အံ့သြစရာမရှိပါ ။ မြေပုံပေါ်တွင် ဆင်းရဲသားများနေထိုင်သောနေရာကို အနီရင့်ရင့်ဖြင့် ပြသထားပြီး ပိုမိုချမ်းသာသောသူများ နေထိုင်သောနေရာများကို အပြာရောင်နှင့် အစိမ်းရောင်များဖြင့် ခြယ်သထားသည်။ အကြမ်းဖက်မှု၊ ခိုးဆိုးလုယက်မှု၊ ဖျက်ဆီးမှုများ ဖြစ်ပွားသော နေရာများကိုမူ အပေါ်မှနေ၍ အစက်လေးများဖြင့် ပြသထားပါသည်။

အစိုးရ၏ ခြိုးခြံချွေတာရေးပေါ်လစီ၊ အလုပ်လက်မဲ့ပေါများလာမှု၊ ဆင်းရဲမှုနှုန်း မြင့်မားလာမှု စသော အကြောင်းရင်းများကြောင့် လူတွေလမ်းပေါ်ထွက်လာကြသည်မှာ လယ်ပြင်ဆင်သွားသလို ထင်ရှားလှပေသည်။

အခုအဓိကရုဏ်း စတင်ဖြစ်ပွားရာ တော့တင်ဟမ်မှာ လန်ဒန်တွင် စတုတ္ထမြောက် အဆင်းရဲဆုံးဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေမှာ ၈.၈ ရာခိုင်နှုန်းရှိရာ ဗြိတိန်ရှိ ပျမ်းမျှအလုပ်လက်မဲ့ ရာခိုင်နှုန်း၏ ၂ ဆ ရှိပါသည်။ များများထုတ် များများသုံးဝါဒကလည်း လူတွေကို အကြွေးနွံနစ်စေကာ တိုင်းပြည်၏ စီးပွားရေးအခြေအနေကို ဒယိမ်းဒယိုင် ဖြစ်အောင်တွန်းပို့နေပါသည် ။

ရစ်ချတ်ဝီလဆင်နှင့် ကိတ်ပ် ကက်တို့ကတော့ ရာဇ၀တ်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ စာရိတ္တယိုယွင်းမှု၊ စသော လူမှုရေး ပြသနာများသည် စီးပွားရေးအခြေအနေ ကောင်းမွန်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုနည်းသော လူ့အဖွဲ့အစည်းအတွင်းမှာထက် မညီမျှသော လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုအဖြစ်များကြောင်း ထောက်ပြပါသည်။

တိုင်းပြည်၏ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းသည် ကျန်သောဆင်းရဲသားလူတန်းစားအားလုံးထက် အဆ ၁၀၀ မျှ ချမ်းသာနေခြင်းက ဗြိတိန်သည် ညီမျှမှုမရှိဆုံးသော ဖွံ့ဖြိုးပြီး နိုင်ငံများအထဲတွင် တစ်ခုအပါအ၀င် ဖြစ်နေပေပြီ။

အဆောက်အအုံတွေကို မီးရှို့နေသောပုံရိပ်များ၊ မီးတောက်နေသောကားများ၊ အလုပ်လက်မဲ့ ပြဿနာနှင့် စတိုးဆိုင်အတွင်း လုယက်မှုများ။ ဒါတွေကို စကြည့်လျှင်တော့ အဘယ်ကြောင့် အခုလို ဖြစ်ရသလဲဆိုတာ မသဲကွဲ ၀ိုးတိုးဝါးတား ဖြစ်နေပါလိမ့်မည် ။ လင်းကနဲ ဖြစ်စေသော အဖြေတစ်ခုကတော့ ရှိကောင်းရှိမည် ။ ဆင်းရဲမွဲတေမှု၊ အလိုဆန္ဒမပြည့်မှုက ဒေါသတရားတွေအတွက် လောင်စာဖြစ်သည် ။ အဆိုပါလောင်စာတွေသည် အခြေအနေတစ်ခုတွင် ထပေါက်သောအခါ အဓိကရုဏ်းကို အရှိန်ပြင်းသထက်ပြင်းအောင် မီးထိုးပေးနေသလားဆိုတာကိုတော့ လန်ဒန်မြို့သားတွေသာ အသိဆုံး ဖြစ်ပါလိမ့်မည်။

သုခသခင်



လန်ဒန်အဓိကရုဏ်းများအတွင်း လူသတ်ခဲ့မှုဖြင့် ဆယ်ကျော်သက်တစ်ဦးအား တရားစွဲဆို

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပေါ်ခဲ့သည့် အုံကြွမှုများအတွင်း လူတစ်ဦး သေဆုံးခဲ့ပြီးနောက် အမည်မဖော်လိုသူ အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီးထားကြောင်း ရဲများကဆို
Posted on Aug 18 11 - 01:11 PM | Hits : 363
လန်ဒန်အဓိကရုဏ်းများအတွင်း လူသတ်ခဲ့မှုဖြင့် ဆယ်ကျော်သက်တစ်ဦးအား တရားစွဲဆို

ဗြိတိန် ရဲတပ်ဖွဲ့သည် လန်ဒန်ရှိ အဓိကရုဏ်း ဖြစ်စဉ်များအတွင်း အငြိမ်းစား တစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် ဆယ်ကျော်သက် လူငယ်တစ်ဦးကို တရားစွဲဆိုထားကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပေါ်ခဲ့သည့် အုံကြွမှုများအတွင်း လူတစ်ဦး သေဆုံးခဲ့ပြီးနောက် အမည်မဖော်လိုသူ အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီးထားကြောင်း ရဲများကဆိုသည်။ ထိုလူငယ်သည် အသက်(၆၈)နှစ်ရှိ ရစ်ချတ်ဘိုးဝက်စ်ကို သတ်ဖြတ်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်ရဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။ ရစ်ချတ်သည် အနောက်လန်ဒန်ရှိ အိုင်လင်းတွင် ဦးခေါင်း ဒဏ်ရာများဖြင့် လဲနေသည်ကို ရဲများက တွေ့ရှိရာမှ ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း (၃)ရက် အကြာတွင် သေဆုံးသွားသည်။ ရဲများက ထိုလူငယ်၏ မိခင်ကိုလည်း ၀တ္တရား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။



(ဆူပူအုံကြွမှု အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများအား CCTV ကင်မရာမှ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများ)

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံတ၀ှမ်း ဖြစ်ပေါ်ခဲ့သည့် အုံကြွသောင်းကျန်းမှုများအတွင်း လူ(၅)ဦး သေဆုံးခဲ့ပြီး (၃)ဦးမှာ ဘာမင်ဂမ်တွင် ကားတိုက်ခံရခြင်းဖြစ်သည်။ ဘာမင်ဂမ်တွင်လည်း လူငယ်အများစု ပါဝင်သည့် ဆူပူသူများသည် အိမ်များ၊ ဆိုင်များကို လုယက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည် လူနှစ်ဦးနှင့် ဆယ်ကျော်သက် တစ်ဦးကိုလည်း အသက်(၂၀)အရွယ် ဟာရွန်းဂျာဟန်နှင့် အစ်ကိုများဖြစ်သည့် အသက်(၃၀)အရွယ် ရှာဇက်အလီ၊ အသက်(၃၁)နှစ်ရှိ အက်ဘ်ဒူလ်မူဆာဗားတို့အား သတ်ဖြတ်မှုဖြင့် တရားစွဲထားသည်။ ရဲတပ်ဖွဲ့သည် လုယက်မှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ မသင်္ကာဖွယ် လူပေါင်း အတော်များများကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ သတင်းများအရ နိုင်ငံတစ်ဝှမ်းတွင် လူပေါင်း (၃၀၀၀)ကျော် အဖမ်းခံထားရပြီး ထက်ဝက်ကျော်မှာ လန်ဒန်မှဖြစ်ကြောင်းလည်း သိရှိရသည်။

Source: AP on GoogleNews


လုယက်ဖျက်ဆီးသူများ၏ မိသားစုဝင်များကို အစိုးရ အထောက်အပံ့များ ဖြတ်တောက်မည့် အစီအစဉ် အပေါ် ဗြိတိန် ညွန့်ပေါင်းအစိုးရအဖွဲ့ အတွင်း သဘောကွဲလွဲ
AddThis Social Bookmark Button

w64617
တော့တင်ဟမ်ရှိ လမ်းပေါ်တွင် နှစ်ထပ် ဘတ်စကား မီးရှို့ခံရမှုကို သြဂုတ်လ ၆ ရက်က တွေ့ရစဉ်

ဗြိတိန်နိုင်ငံတွင် လေးရက်ခန့် ဖြစ်ပွားခဲ့သော လုယက်ဖျက်ဆီးမှုများတွင် ပါဝင်သူများ၏ မိသားစုဝင်များကို အစိုးရ အထောက်အပံ့များ ဖြတ်တောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ညွန့်ပေါင်းအစိုးရအဖွဲ့ အတွင်း သဘောကွဲလွဲမှု ဖြစ်နေကြောင်း သိရသည်။

လုယက် ဖျက်ဆီးမှုများတွင် ပါဝင်သူများ၏ မိသားစုဝင်များ၏ ခံစားခွင့်များ ဖြတ်တောက်ခြင်း၊ နေအိမ်များမှ နှင်ချခြင်း ပြုလုပ်ရန် အစီအစဉ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့ အတွင်း သဘောကွဲလွဲခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်လိုက်မည် ဆိုပါက အခြေအနေ ပိုမို ဆိုးရွားသွားစေနိုင်ကြောင်း လစ်ဘရယ်ဒီမိုကရက် အကြီးတန်း တာဝန်ရှိသူများက သတိပေးခဲ့ပြီး ယင်းအစီအစဉ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

လူမှုဝန်းကျင်တွင် ရေရှည် အဆင်ပြေစေရန် လုပ်ဆောင်မည် ဆိုပါက အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ကြွယ်ဝမှုများ ပြင်ဆင်ခွဲဝေပေးခြင်းတို့ လုပ်ဆောင်ရမည်ဟု လစ်ဘရယ်ဒီမိုကရက် ညွန့်ပေါင်းပါတီ ဒုတိယခေါင်းဆောင် ဆိုင်မွန်ဟုခ်ျက ပြောကြားခဲ့သည်။ အစိုးရ အထောက်အပံ့များ ဖြတ်တောက်ခြင်း၊ ချမ်းသာသူများကို အခွန် လျော့ပေါ့ပေးခြင်း မပြုလုပ်သင့်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ''တာဝန်သိ၊ တာဝန်ယူတဲ့ လူမှုဝန်းကျင် ပေါ်ပေါက်လာအောင် လုပ်ရမယ်။ လူတွေအားလုံးက နားလည်မှု ရှိပြီး ကိုယ့်တာဝန် ကိုယ်သိလာတဲ့ဝန်းကျင် ဖြစ်အောင် လုပ်ရမယ်''ဟု ဟုခ်ျက Observer တွင် ရေးသားခဲ့သည်။

ယခုကဲ့သို့ လုယက် ဖျက်ဆီးသူများ၏ မိသားစုဝင်များ အပေါ် ထောက်ပံ့ ကူညီနေမှုများ ဖြတ်တောက်မည့် နည်းလမ်းသည် မမျှော်လင့်သော ပြောင်းပြန် အကျိုးသက်ရောက်မှု ကြုံရနိုင်၍ သတိပြုသင့်ကြောင်း ဟုခ်ျက
ထောက်ပြခဲ့သည်။ လစ်ဘရယ် ဒီမိုကရက်ပါတီမှ လူမှုဖူလုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဂျင်နီဝီလွတ်က ယခု အစီအစဉ်များ အပေါ် လွန်စွာ စိုးရိမ်မိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခု လုယက်ဖျက်ဆီးသူများ ကျူးလွန်သကဲ့သို့ အလားတူ ပမာဏ ပြစ်မှုများကို ကျူးလွန်သူများအား ယခုပြုလုပ်ရန် စီစဉ်နေသော အပြစ်ပေးမှုမျိုး မရှိခဲ့ဖူးကြောင်း ထောက်ပြခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြည့်စုံသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာကို လာမည့် ၄၈ နာရီ အတွင်း မထုတ်ပြန်ပါက အကြမ်းဖက် လုယက်ဖျက်ဆီးမှု ဖြစ်ပွားရသည့် အကြောင်းရင်းများကို အတိုက်အခံ လေဘာပါတီက ကိုယ်ပိုင် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း လေဘာပါတီ ခေါင်းဆောင် အက်ဒ်မီလီဘန်းက ပြောကြားခဲ့သည်။


မူဘာရက်ကို ဒုတိယအကြိမ်မြောက် ရုံးတင် စစ်ဆေးမှုအပြီး အမှုအား သုံးပတ်ရွှေ့ဆိုင်းကာ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုကို တရားသူကြီးက ပိတ်ပင်

b42011

အီဂျစ်သမ္မတဟောင်း ဟို့စ်နီမူဘာရက်ကို သြဂုတ်လ ၁၅ ရက်နေ့တွင် မြို့တော် ကိုင်ရို၌ ဒုတိယအကြိမ် ရုံးတင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရုံးတင်စစ်ဆေးမှုတွင် တရားသူကြီးက အမှုကို သုံးပတ်ကြာ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း စစ်ဆေးမှုများကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်မှုအား ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလက မူဘာရက်ကို ပြုတ်ကျစေခဲ့သော အုံကြွမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ၏ ရှေ့နေများက တောင်းဆိုမှုအရ မူဘာရက်ကို ရုံးတင်စစ်ဆေးမှုနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဟာဘစ်အယ်လ်အက်ဒ်လီအား ရုံးတင် စစ်ဆေးမှုကို ပူးတွဲ ပြုလုပ်ရန် တရားသူကြီး အာမက်ရာဖက် က ဆုံးဖြတ်ခဲ့သည်။

ကြားနာမှုတစ်ခု အပြီးတွင် တရားသူကြီးက အမှုကို စက်တင်ဘာလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ မူဘာရက်သည် ရဟတ်ယာဉ်ဖြင့် ကိုင်ရိုမြို့ ဆင်ခြေဖုံးရှိ စစ်ဆေးရုံးမှ လာရောက် အစစ်ခံခြင်း ဖြစ်ပြီး လူနာတင်ကားဖြင့် တစ်ဆင့်ခံပြီး စစ်ဆေးရာ နေရာသို့ လာရောက်ခြင်း ဖြစ်သည်။

ကြားနာမှုအစတွင် မူဘာရက်သည် လှောင်ချိုင့်အတွင်းရှိ ဘီးတပ် ကုတင်ပေါ်တွင် လဲလျောင်းရင်း ၎င်းနှင့်အတူ စွဲချက်တင်ခံရသည့် သားနှစ်ဦးနှင့် စကားအနည်းငယ် ပြောခဲ့သည်။ ခဏနားပြီး ပြန်စချိန်တွင် မူဘာရက်သည် သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိထားရပြီး သားနှစ်ဦးက ရုပ်သံကင်မရာများ မမြင်စေရန် ရှေ့မှကွယ်ပေးခဲ့ကြသည်။ သူရှိနေကြောင်း အသံတိုးတိုးဖြင့် ပြန်ထူးခဲ့ရာ ဆူညံနေသော တရားရုံး အတွင်း ထင်ရှားစွာ မကြားနိုင်ခဲ့ပေ။

အသက် ၈၃ နှစ်ရှိပြီ ဖြစ်သည့် မူဘာရက်သည် အာရပ်နွေဦး အီဂျစ် ဖြစ်စဉ်တွင် ကန့်ကွက်သူများကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။

ခြစားမှု စွဲချက်များနှင့်ပါ ရင်ဆိုင်နေရသော မူဘာရက်သည် ယခုလ အစောပိုင်း ပထမအကြိမ် ရုံးတင် စစ်ဆေးမှုတွင် တရားခွင်သို့ ဘီးတပ် ကုတင်ဖြင့် လာရောက်ခဲ့ရသည်။ မူဘာရက်နှင့်သားနှစ်ဦး စွဲချက်များကို ငြင်းဆိုထားသည်။

သြဂုတ်လ ၁၄ ရက်နေ့ကလည်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဟောင်း ဟာဘစ်အယ်လ်အက်ဒ်လီကို ကန့်ကွက်သူ ၈၅၀ အား သတ်ဖြတ်မှု စွဲချက်ဖြင့် ထပ်မံ စစ်ဆေးခဲ့သည်။ အက်ဒ်လီသည် ငွေကြေးခ၀ါချမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ဖြစ်သည်။ ယခုအခါ မူဘာရက်နှင့် တစ်ပေါင်းတည်း စစ်ဆေးခံရမည် ဖြစ်သည်။

အီဂျစ် ကန့်ကွက်မှုများ၏ ရှေ့ဆောင်ပုဂ္ဂိုလ်များ အနက်မှတစ်ဦး ဖြစ်သူ ဘလော့ဂါ အက်စ်မာမာဖော့ဇ်မှာလည်း အီဂျစ်စစ်ဘက်ကို ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် အသရေဖျက်မှုဖြင့် ထိန်းသိမ်း စစ်မေးခံခဲ့ရသည်။ မာဖော့ဇ်ကို စစ်ဘက် စုံစမ်းစစ်ဆေးရေးက ထိန်းသိမ်းခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း သိရသည်။


အိမ်ဖြူတော် ခြံဝင်းကို ခုန်ကျော်တက်သူ အဖမ်းခံရ

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

ဝါရှင်တန်- အိမ်ရာမဲ့တစ်ဦးက အိမ်ဖြူတော်ခြံဝင်းကို ခုန်ကျော်ဝင် ရောက်ခဲ့၍ လုံခြုံရေး အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း၊ သို့ရာတွင် အမေရိကန် ထောက်လှမ်းရေးအဖွဲ့က လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအိမ်ရာမဲ့သည် အသက် ၄၁ နှစ်အရွယ်ရှိပြီး ဂျိမ်းစ်ဒါ့ခ် ခရူးဒပ် ဆိုသူဖြစ်ကြောင်းသိရသည်။ ၎င်းအား ၀ါရှင်တန် ရဲစခန်းသို့ပို့ခဲ့ပြီး ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရမည် ဖြစ်သည်။ ၎င်းထံတွင် ကျောပိုးအိတ်တစ်လုံး ပါ၍ စစ်ဆေးကြည့်ရာ မည်သည့် ဖောက်ခွဲ ရေးပစ္စည်းမျှ မတွေ့ရှိရ ကြောင်း၊ အခင်းဖြစ်ပွားပြီး မိနစ် ၉၀ ခန့်အကြာတွင် အန္တရာယ်ကင်းရှင်းပြီး ပုံမှန်အခြေအနေဖြစ်ကြောင်း အမေရိ ကန်ထောက်လှမ်းရေးအဖွဲ့က တရားဝင် ကြေညာခဲ့သည်။

ယင်းမှာ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ အိမ်ဖြူတော်တံခါးဝတွင် ဆန္ဒပြမှုသည် ဖြစ်နေကျဖြစ်သော်လည်း ထိုသို့ သမ္မတ၏လုံခြုံရေး ကို ထိခိုက် စေသည့် အဖြစ်အပျက်မှာ ရှားပါးကြောင်း သိရသည်။ စီအင်န်အင်န်ရုပ်သံဌာနက ၎င်း ဖြစ်စဉ်ကို တိုက်ရိုက်ရိုက်ကူးပြသခဲ့ ကြောင်း သိရသည်။


ကျောင်း​အုပ်ဆရာမကြီး​ကို သတ်ဖြတ်သည့်​ အ​မေရိကန်ဆယ်​ကျော်သက်လူငယ်အား​ စွဲချက်တင်


alt

အသတ်ခံရသည့် ကျောင်းဆရာမ © dailymail

အ​မေရိကန်တွင် ​ကျောင်း​အုပ် ဆရာမကြီး​အား​ သတ်မှုဖြင့်​ ဆယ်​ကျော်သက် လူငယ်​လေး​ တစ်ဦး​ကို စွဲချက်တင်ထား​လိုက်​ကြောင်း​ သိရှိရသည်။

အသက် ၁၇ နှစ်ရှိ အီဒွာဒို မာမိုလီဂျိုက အသက် ၄၈ နှစ်ရှိ မိမိနှင့်​ အသက် ၄၈ နှစ်အရွယ် ​ကျောင်း​အုပ်ဆရာမကြီး​ ဆူဇက်တီ​ယော့​တို့​ နှစ်ဦး​တည်း​ ရှိ​နေချိန်တွင် ကြိုတင် ကြံစည်ထား​သည့်​အတိုင်း​ ဓား​ဖြင့်​ ထိုး​သတ်ခဲ့​မိ​ကြောင်း​ ဝန်ခံခဲ့​သည်။ တင်နက်ဆီရှိ မမ်း​ဖစ် အငယ်တန်း​ အကယ်ဒမီ​ကျောင်း​တွင် ဗုဒ္ဓဟူး​​နေ့​က ဖြစ်ပွား​ခဲ့​သည့်​ လူသတ်မှုအတွက် ရဲများ​က လူသတ်သမား​ကို ​ခြေရာခံ ရှာ​ဖွေခဲ့​ကြသည်။

အဆိုပါ​ကျောင်း​တွင် ​ကျောင်း​သား​ ၁၀၀ ​ကျော်ရှိ​နေပြီး​ စာသင်ခန်း​ တစ်ခုအတွင်း​ ဆူဇက်တီ၏ အ​လောင်း​ကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ​နောက်ပိုင်း​တွင် မသင်္ကာဖွယ်ရာ သတင်း​အချက်အလက်များ​အ​ပေါ် အ​ခြေခံပြီး​ ရဲများ​က အီဒွာဒိုအား​ ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။

အီဒွာဒိုသည် ဆူဇက်တီအ​ပေါ် ယခင်ကတည်း​က ပုဂ္ဂိုလ်​ရေး​ မ​ကျေလည်မှုများ​ ရှိ​နေ​ကြောင်း​ ရဲများ​က ဆိုသည်။ ယခုအခါ အီဒွာဒိုသည် ပထမအဆင့်​ လူသတ်မှုဖြင့်​ စွဲချက်တင်ခြင်း​ ခံထား​ရသည်။ ဆူဇက်တီသည် ထို​ကျောင်း​တွင် သိပ္ပံနှင့်​ သင်္ချာဘာသာတို့​ကို သင်ကြား​​ပေး​ခဲ့​ပြီး​ ၂၀၀၈ ခုနှစ်တွင် ​ကျောင်း​အုပ်ကြီး​ ဖြစ်လာခဲ့​​ကြောင်း​ သိရှိရသည်။


မူးယစ်ဂိုဏ်းအတွက် လူသတ်သော ဆယ်ကျော်သက်အား ထောင်ဒဏ် ချမှတ်ခြင်း

အဲလ် ပွန်းချိစ် (El Ponchis) အား ထောင်ဒဏ် သုံးနှစ်ချမှတ်သည်။

မက္ကဆီကို တရားသူကြီးတစ်ဦးသည် အမေရိကန်ပြည်ထောင်စုတွင် ဖွားမြင်သော ဆယ်ကျော်သက် လူငယ်တစ်ဦးအား မူးယစ်ဂိုဏ်း၏ ခိုင်းစေချက်အရ လူလေးဦး သတ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။

 

 

 

 

အက်ဒ်ဂါ ဟီမေးနေ့စ် လူဂို

အမှုဖြစ်ပွားစဉ်က အသက် ၁၄ နှစ်ရှိ အက်ဒ်ဂါ ဟီမေးနေ့စ် လူဂို (Édgar Jiménez Lugo) က မိမိအမှု ကျူးလွန်စဉ်က မူးယစ်ဆေးဝါး ဒဏ်ခံနေရပြီး ခိုင်းထားသကဲ့သို့ မလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရကြောင်း မက္ကဆီကို နေ့စဉ်သတင်းစာ “Reforma” အားပြောသည်။

 

 



ယခင်နှစ် ဒီဇင်ဘာလအတွင်း ဟီမေးနေ့စ်သည် အမေရိကန်ပြည်ထောင်စုသို့ လေယာဉ်ခရီးဖြင့် ထွက်ခွာရန် ကြိုးစားနေစဉ် အဖမ်းခံရသည်။

သူ့အား မိုရေး လို့စ် (Morelos) ပြည်နယ်၏ အရွယ်မရောက်သေးသူများဆိုင်ရာ တရားရုံး (Juvenile Court) တွင် ရုံးတင်တရားစွဲသည်။



ကူအေရ်နာဗာကာမြို့၏ တံတားတစ်စင်းတွင် ချိတ်ဆွဲထားသော အလောင်းလေးလောင်း

အမှုမှာ ၂၀၁၀ ခုနှစ်တွင် ကူအေရ်နာဗားကာ (Cuernavaca) မြို့တွင် ရှိသော တံတားတစ်စင်းတွင် ချိတ်ဆွဲထားသော အလောင်းလေးလောင်း တွေ့ရသည့် အမှုတွင် သူသည် လူသတ်မှုဖြင့် အပြစ်ထင်ရှားကြောင်း တွေ့ရသဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်သည်။ မိုရေးလို့စ် (Morelos) ပြည်နယ်တွင် အရွယ်မရောက်သေးသူများအား အများဆုံး ထောင်ဒဏ် သုံးနှစ်အထိသာ ချမှတ်ခွင့်ရှိသည်။ တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောရာတွင် ဟီမေးနေ့စ် (Jiménez) ၏ ထောင်ဒဏ်အား ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ရေတွက်မည်ဖြစ်သည်။ သူ့အား လူငယ်အကျဉ်းထောင်တွင် ထားရှိမည် ဖြစ်သည်။



မက္ကဆီကိုနိုင်ငံ မိုရေးလို့စ်ပြည်နယ်

ဟီမေးနေ့စ် (Jiménez) မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် မွေးဖွားခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင်သာ အနေများခဲ့သည်။

 

 

 

 

 


ကူအေရ်နာဗားကာသည် မိုရေးလို့စ် ပြည်နယ်၏ မြို့တော်ဖြစ်သည်။

အဲလ် ပွန်းချိစ် (El Ponchis) ဟုလည်း လူအများခေါ်ဝေါ်ကြသော ဟီမေးနေ့စ် (Jiménez) သည် သူ၏နှမ နှစ်ယောက်နှင့်အတူ မိုရေးလို့စ် (Morelos) ပြည်နယ်ရှိ ကူအေရ်နာဗားကာ (Cuernavaca) မြို့မှ မိခင်ရှိရာ ကယ်လီဖိုးနီးယားသို့ လေယာဉ်ခရီးဖြင့် ထွက်ခွာရန်ကြိုးစားနေစဉ် လွန်ခဲ့သော ဒီဇင်ဘာလတွင် မက္ကဆီကို ကြည်းတပ်မှ သူ့အား ဖမ်းမိခြင်း ဖြစ်သည်။

 


အမေရိကန်စာရေးဆရာ မာ့ခ်တွိန်၏ နေအိမ်ပြတိုက်မှ ဒေါ်လာတစ်သန်း အခိုးခံရ

(အေအက်ဖ်ပီ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

နယူးယော့ခ်- မာ့ခ်တွိုင်းသည် သူ၏ စာအုပ်များထဲတွင် ကိုယ်ကျင့်တရား ကို သင်ယူလေ့လာရန်အတွက် ရာဇ၀တ်မှုများ ကျူးလွန်ရ မည်ဟု ဟာသသဘော ဖြင့် ပြောဖူးခဲ့သည်။ သို့ဖြစ်၍ နေအိမ် ပြတိုက်မှ ဒေါ်လာ တစ်သန်း အခိုးခံရသောအခါ ထင်ရှား ကျော်ကြား သော အမေရိကန် စာရေး ဆရာကြီး ထိတ်လန့်တုန်လှုပ်သွားမည် မဟုတ်နိုင်ပေ။

ဒိုနာဂရီဂေါဟု အမည်ရသော အသက် ၅၈နှစ်ရှိ အမျိုးသမီးသည်ကော်နာတီကပ်ပြည်နယ် ဘရစ်ပို့သ်တွင် ကြေးနန်းဖြင့် ငွေလိမ်လည် ရယူမှု၊ အခွန်လိမ်မှုစသည်တို့ကို မာ့ခ်တွိုင်း နေအိမ်ပြတိုက်မှ အလွဲသုံးစားလုပ် ရယူခဲ့ကြောင်း ၀န်ခံခဲ့သည်။ ဂရီဂေါဆိုသူ အမျိုးသမီး သည် Huckleberry Finn ၀တ္ထုကို ရေးခဲ့သော ၁၉ ရာစုခေတ် စာရေးဆရာကြီးကို ရည်စူး၍ တည်ထောင်ထားသော ပြတိုက်၏ အလုပ် သမားတစ်ဦးဖြစ် သည်။

သူမသည် အလုပ်ရှင်ထံမှ စာရင်း လိမ်ပြီး ငွေရယူခဲ့သည့်အပြင် သူ ရပိုင် ခွင့်မရှိသော လစာများကိုလည်း အပို ထုတ်ယူခဲ့သည်ဟု သိရသည်။ ထိုသို့ သူ လိမ်လည်၍ရရှိလာသော ငွေများကို သူမကိုယ်ပိုင် အိမ်ပြုပြင်ရန်၊ လက်မှတ်ဝယ်ယူရန်၊ ညစာအပြင်ထွက် စားရန်၊ အပေါင်ပြန်ရွေးရန်၊ ကြွေးဝယ် ကတ်ဖြည့်ရန်၊ ကားဝယ်ရန် အသုံးပြုခဲ့ သည်ဟု ကော်နာတီကပ်တရားရုံးချုပ်က ဆိုသည်။ သူသည် ထောင်ဒဏ် ၂၃ နှစ်ကျခံ ရဖွယ်ရှိပြီး ဒဏ်ငွေဒေါ်လာနှစ်သန်း ပေးဆောင်ရနိုင်ပါသည်ဟု ၎င်းတရားရုံး ချုပ်က ဆိုသည်။

တွိုင်းသည် ကော်နာတီကပ်ပြည် နယ် ဟားဒ်ဖို့ဒ်မြို့တွင် ၁၈၇၄ ခုနှစ်မှ ၁၈၉၁ ခုနှစ်အထိ နေထိုင်ခဲ့ပါသည်။ သူ၏ရာဇ၀တ်မှုနှင့် ငွေကြေးအတွက် ဟာသနှော ပြောကြားခဲ့သော အဆို အမိန့်များတွင် ရာဇ၀တ်မှုကို ကျူးလွန် ခြင်းဖြင့် ကိုယ်ကျင့်တရားအစစ်ကို သိရှိလာနိုင်ကြောင်း သူက ဟာသနှော မိန့်ဆိုခဲ့ခြင်းဖြစ်သည်။








--
Respect Yourself, Respect Your Life and Respect Others !!



Reply all
Reply to author
Forward
0 new messages