Fwd: ဂုဏ်ပြု မှတ်တမ်းတင်ခြင်း

3 views
Skip to first unread message

chawchaw mirror

unread,
Aug 8, 2011, 12:49:45 PM8/8/11
to MYANMARTOURISMHITTAING
---------- Forwarded message ----------
From: Tun Tun KO <tuntun...@gmail.com>
Date: Mon, 8 Aug 2011 20:59:33 +0630
Subject: Fwd: ဂုဏ်ပြု မှတ်တမ်းတင်ခြင်
To: myanmartourguidesociety <myanmartour...@gmail.com>,
travelmyanmar <travel...@googlegroups.com>

---------- Forwarded message ----------
From: ထွန်း <htu...@gmail.com>
Date: Mon, 8 Aug 2011 04:44:28 -0700 (PDT)
Subject: ဂုဏ်ပြု မှတ်တမ်းတင်ခြင်
To: Mandalay Tour Guides Society <mandalaytour...@googlegroups.com>
Cc: mtgama...@googlegroups.com

ဝမ်မြောက် ၀မ်သာ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

မန္တလေး ဧည့်လမ်းညွှန်များ၏ ပညာရေးတိုးတက်မှု အစီအစဉ်အရ ကျော်ဆည်မြို့
ကြောင်ပန်းကုန်းကျေးရွာအနီးရှိ ပုဂံခေတ်လက်ရာ
ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည့် တမုတ် ရွှေဂူကြီးဘုရား ပြန်လည်
ပြုပြင်ခြင်းနှင့် တူးဖော်ခြင်းလုပ်ငန်းများခွင်အား မန္တလေး ဧည့်လမ်းညွှန်
ညီအကို မောင်နှမများနှင့်အတူ မန္တလေး မိတ်ဆွေများ စုစုပေါင်း (၉၇)ယောက်
တို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ပျော်ပျော်ပါးပါး သွားရောက်
လေ့လာခဲ့ကြပါသည်။

တမုတ်ရွှေဂူကြီးဘုရား ကျောင်းဆရာတော်ဘုရားကြီးမှ လေ့လာရေးအဖွဲ့အား
လိုအပ်သည်များ အစစအရာရာ ကူညီဆောင်ရွက်ပေးခြင်းနှင့် နေ့လည်စာဖြင့်
ဧည့်ခံပေးခဲ့သည့်အတွက် ဆရာတော်အား ရိုသေလေးစားစွာ ကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။

တမုတ်ရွှေဂူကြီးဘုရား ရှင်းလင်းဆောင်တွင် ရှေးဟောင်းသုတေသီ တမ္ပ၀တီ
ဦးဝင်းမောင်မှ ပျူလူမျိုးတို့၏သမိုင်းကြောင်းနှင့်တကွ တွေ့ရှိသည့်
ပျူးအရိုးအိုးများအကြောင်းနှင့် ဘုရားကြီး၏ အဆင့်ဆင့်
တည်ထားကိုးကွယ်လာကြသည့် ပုဂံခေတ်မှစ၍ နောက်ပိုင်းဘုရားဒါယကာများအထိ
ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်များကို ရှင်းလင်းပြသခဲ့ပါသည်။ ထိုသို့
စေတနာ မေတ္တာအပြည့်ဖြင့် ရှင်းလင်းပြသပေးခဲ့သော ဆရာဦးဝင်းမောင်အား
အထူးပင် ကျေးဇူးတင် ရှိပါသည်။ ထိုအပြင် လိုက်ပါ ပညာဆည်းပူးကြသော မန္တလေး
ဧည့်လမ်းညွှန် ညီအကို မောင်နှမများနှင့်အတူ မန္တလေး ပရိတ်သတ်အား
အထူးကျေးဇူးတင်ရှိပါကြောင်း မန္တလေး ဧည့်လမ်းညွှန်အဖွဲ့မှ မှတ်တမ်းတင်ပြီး
အပ်ပါသည်။

ဆက်လက်ပြီး အလားတူ ပညာရေးတိုးတက်မှု အစီအစဉ်များကိုလည်း ဆက်လက် ပူးပေါင်း
ပါဝင်ကြပါရန်ဖိတ်ခေါ်အပ်ပါသည်။

မန္တလေး ဧည့်လမ်းညွှန်အသင်း

--
You received this message because you are subscribed to the Google
Groups "Travel Myanmar (Tourism information, activities, idea exchange
inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to
travelmyanma...@googlegroups.com.
For more options, visit this group at
http://groups.google.com/group/travelmyanmar?hl=en.

Reply all
Reply to author
Forward
0 new messages