Attach photos တွေမှာ တွေ့ရတဲ့ ရင်မောစရာ ပုံတွေကတော့
ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ အထွတ်အမြတ်ထားရာ စစ်ကိုင်းတောင်ဆင်းလမ်း
မှာအစီအရီ တောင်းခံစားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေပါ။ရင်မောစရာဆိုတာကတော့
အဲဒီ့ သက်ကြီးရွယ်အိုတွေအတွက်တင်မကပါဘူး။ပုံမှာတွေ့ရတယ့်အတိုင်းပဲ အဲဒီ
အလှူခံနေတဲ့နေရာတွေဟာ
တောင်အဆင်းကားတွေအရှိန်ထိန်းဖို့ကအလွန်ခက်ခဲတဲ့နေရာတွေမှာပါ။
ကားတွေဆင်းလာတဲ့အချိန်တွေမှာသူတိုတစ်တွေဟာကြိုတင်တိုင်ပင်ထားသလိုရှေ့ကိုအတင်းတိုးဝင်ပြီးတောင်းရမ်းကြတာပါ။ကြုံဖူးသူတွေ
သိကြမှာပါ။ဘာမှမဖြစ်သေးသရွှေတော့ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။
ဖြစ်လာတဲ့တစ်နေ့တော့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်
ဘောလုံးပုတ်ကြဦးမှာပေါ့။အဲဒီတော့ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်
ပိုအကျိုးရှိတယ် ဆိုတဲ့ထုံး နှလုံးမူပြီး
တစ်စုံတစ်တော့ပြုလုပ်သင့်ပြီလို့ထင်ပါတယ်။
တစ်လောက မန္တလေးမှာ
တောင်းရမ်းစားသောက်သူတွေပပျောက်အောင်လုပ်ဆောင်နေတယ်လို့ကြားလိုက်ရပါတယ်။အဲလိုပဲခရီးသွားဧည့်သည်တွေမြင်လို့မသင့်တော်တဲ့၊အန္တရာယ်အလွန်ကြီးတဲ့ဒီလို
မြင်ကွင်းမျိုးတွေကို သင့်လျှော်သလိုဆောင်ရွက်သင့်ပါပြီ။
ပြီးတော့ကြီးမား ခန့်ညားထည်ဝါလှတဲ့သာသနာရေးဆိုင်ရာဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး
အဆောက်အအုံတွေအနီးအနားမှာ
သူတို့လိုသက်ကြီးရွယ်အိုတွေအတွက်နားခိုစရာနေရာလေးတစ်ခုမရှိသင့်ဘူးလား။ခရီးသွားဧည့်သည်တွေအတွက်ကတော့မင်းကွန်းမှာဘိုးဘွားရိပ်သာလေ့လာပြီး
စစ်ကိုင်းလဲရောက်ရော တို့ဘိုးဘွားအပေါင်းတောင်းရမ်းနေတာမြင်ရတော့
နယ်ခြင်းမတူလူခြင်းကွဲလို့ပဲလား မင်ကွန်းသာူးတွေကပဲပိုပြီး
လိမ်မာရေးခြားရှိကြလို့လား မေးခွန်းထုတ်စရာဖြစ်နေကြောင်းပါခင်ဗျား။
မှတ်ချက်။ယခုအကြောင်းကို tourism websites တွေမှာတင်ရတာကတော
တိုးလောကနဲ့ဆက်စပ်နေတယ်လို့ထင်မိတာတစ်ကြောင်း၊တစ်ခြားသက်ဆိုင်ကောင်းသက်ဆိုင်နိုင်တဲ့
sites တွေကို သိလဲမသိ တင်လဲမတင်ရဲလို့ပါခင်ဗျာ။
--
You received this message because you are subscribed to the Google
Groups "Travel Myanmar (Tourism information, activities, idea exchange
inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to
travelmyanma...@googlegroups.com.
For more options, visit this group at
http://groups.google.com/group/travelmyanmar?hl=en.