မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အားလုံးအတွက် စေတနာ အမှန် ဖြင့်လမ်းညွှန်ပြသနေသော
ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက်
နေပြည်တော် တွင် ၎င်း။ ရန်ကုန်မြို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းတွင်၎င်း။
လုပ်အား ခွန်အား အကြံညဏ် များလိုအပ်နေပါသည်။
လူကြီးမင်းတို့ သည် ဧည့်လမ်းညွှန်ကောင်းပီသပါက။
ဧည့်လမ်းညွှန်များ ၏ အကျိုးစီးပွားကိုဖြစ်စေချင်သော စေတနာ အမှန် ထက်သန်ပါက
အင်တာနက်မှ တစ်ဆင့် ၀န်ကြီးးဌာန၏စေနာမှန်များကို ခဲဖြင့် ပေါက်စော်ကားနေခြင်းထက်
တံခါးဖွင့်ထားသော နိုင်ငံတော် စေတနာကိုလေးစားပါလျင်
ဘေးထိုင်။ဘု့ပြော။ အွန်လိုင်းတွင် အချိန်ကုန်နေမည့် အကျိုးမရှိလုပ်ရပ်များအစား။
စကားမပြောဘဲ အလုပ်ဖြင့် သက်သေပြသင့်သည်ဟု့ယူဆမိပါသည်။
နေပြည်တော် တွင် တာဝန်ထမ်းဆောင်နေသူ ၃
ဦး၊ရန်ကုန်မြို့တွင်ဆင့်ပွားတာဝန်ယူနေသူများနှင့်
တွဲဘက်ပြီးလက်တွဲလုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်ကို လေးစားမှု နှင့်အတူ
မိမိ အသက်မွေးဝမ်းကြောင်းပညာကိုတန်ဘိုးထားရာရောက်ပါမည်။
မိမိတို့၏ စိတ်ထားအမှန်၊လုပ်ရပ်အမှန် ၊ စေတနာအမှန်
များကိုထုတ်ဖေါ်ပြသရန်အချိန်ရောက်နေပါပြီ။
တာဝန်သိတတ်သောဧည့်လမ်းညွှန်များကိုကိုယ်စားပြု ဂုဏ်ယူသောအားဖြင့်
တာဝန်သိတတ်ချင်သောဧည့်လမ်းညွှန်တစ်ဦး