ဒီတစ်ခေါက်တော အင်းလေးဖက်ရောက်ရင်းနဲ့
အမြင်မတော်တာလေးတစ်ခုတွေ့မိတာနဲ့ ဒီစာလေးကိုရေးဖြစ်ခဲ့တာပါ။အင်းလေးကိုမရောက်မီလေးမှာ
အချိန်နည်းနည်းရတာနဲ့
သမိုင်းဝင်ရွှေရန်ပြေ ဘုရားနဲ့ ရွှေရန်ပြေ ဘုန်းတော်ကြီးကျောင်းကို
ဝင်ရောက်ခဲ့ရာမှာ အောက်မှာ ဖော်ပြထားတဲ့ ညောင်ရွှေက ဟော်တယ်တစ်ခုရဲ့
ပိုစတာကိုအမှတ်မထင်တွေ့ခဲ့တာပါ။တွေ့ခဲ့ရတဲ့နေရာကတော့
ဘုန်းတော်ကြီးကျောင်းရဲ့အတွင်းပိုင်း နံရံတစ်နေရာမှာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲ
ဒီဘုန်းတော်ကြီးကျောင်းဟာမြန်မာနိုင်ငံရဲ့ထင်ရှားလှတဲ့ အနုပညာလက်ရာမြောက်ကျောင်းတွေထဲကတစ်ခုပါပဲ။ဒီကျောင်းရဲ့နံရံမှာ
အခုလိုပိုစတာတွေကပ်ခြင်းအားဖြင့်
ကျောင်းရဲ့အလှအပကို တစ်နည်းအားဖြင့် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။အခုတော့တစ်ခုတည်းဆိုတော့မပြောပလောက်ပါဘူး လို့ပြောချင်ရင်ပြောနိုင်ပေမယ့်
ညောင်ရွှေနဲ့
အင်းလေးတစ်ဝိုက်က ဟော်တယ် ၊ မိုတယ် ၊ အင်း တွေ အားလုံးအဲလိုလာကပ်ကြရင်
မခက်ပါဘူးလား။ ကျွန်တော်တို့ ရွှေမြန်မာတွေအကြောင်းလည်းအားလုံးအသိပါ။
တကယ်တော့ဖြစ်သင့်တာက
ကိုယ့်ဟော်တယ် ကြေညာ ချင်ရင် တစ်ခြားနည်းလမ်းတွေ အများကြီးပါ။ကျောင်းနဲ့ခပ်လှမ်းလှမ်းမှာ
လက်ကမ်းစာစောင်ဝေတာပဲဖြစ်ဖြစ်၊
အသင့်ယူသွားနိုင်တဲ့ စာစောင်လေးတွေကိုသင့်တော်မယ့်တစ်နေရာရာမှာ
ထားပေးတာပဲဖြစ်ဖြစ် ကြေညာလို့ရပါတယ်။အခုလိုဘုန်းတော်ကြီးကျောင်းမှာ marketing
ဆင်းနေတာကလူမြင်လို့လဲမကောင်းတဲ့ ပြုပြင်သင့်တဲ့အရာလေးတစ်ခု ဆိုတာတင်ပြလိုက်ရပါတယ်။