အားလုံးဘဲ မင်္ဂလာပါရှင်၊
ယခုလို ဒီသတင်းလေးကို ကြားလိုက်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါသည်။
အမှန်ပင် ဖြစ်ပါသည်။မြန်မာ့ ခရီးသွားလုပ်ငန်း သက်တမ်းကာလ( 1992 -UP TO NOW )အတွင်း ၊
ယခုကဲ့သို့ ပြည်ထောင်စု ဝန်ကြီးမှ ဧည့်လမ်းညွန်များအား ချီးကျူးစကားများ ပြောဆိုသွားခြင်းအတွက်လည်း
ဝမ်းသာဂုဏ်ယူမိပါသည်။
ယခုလို ပြည်ထောင်စု ဝန်ကြီး၊ ဒု ဝန်ကြီး ၊M D တို့မှ ယခုကဲ့သို့ ဧည့်လမ်းညွန် အသင်းကြီး ဖြစ်မြောက်အောင်မြင်ရေး
အတွက် ဂရုတစိုက်ဖြင့် ကူညီပံ့ပိုး၊အလေးပေး နားထောင်ပေးသည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရမှာဖြစ်ပါသည်။
ဧည့်လမ်းညွန် ညီအစ်ကို မောင်နှမများ အားလုံး၏ မှန်ကန်သော၊ရဲဝင့်သော စွမ်းဆောင်အားထုတ် ကြိုးစားမှုများကြောင့်သာ
အောင်မြင်ခဲ့ရသည့် အတွက်လည်း ဂုဏ်ယူမိပါသည်။အမှန်ကိုအမှန် အတိုင်းပြုလုပ်ပြောဆိုရဲခြင်း သည်သာအရာရာကိုအောင်မြင်ရာ၏။
*ရိုးသား ဖြောင့်မတ် မှန်ကန်မှုတိုင်းအတွက်
ရလဒ်ကောင်းတွေအချိန်တိုင်းရှိမှာမဟုတ်ပေမဲ့
သင့်အတွက်တော့ အမြဲစိတ်လုံခြုံမှု ရှိနေပါလိမ့်မယ်။*
အားလုံးကို လေးစားလျှက်
မရီရီဟန်
2011/8/24 Emerald Twentyfive
<emerald.t...@gmail.com>
လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီး ဒု-၀န်ကြီး MD ကြီးနှင်.တကွ
ဟိုတယ်ခရီးဝန်ကြီး ဌာနမှ တာဝန်ရှိ လူကြီးမင်း အပေါင်းတို့ရှင့်
မြန်မာနိုင်ငံမှ လိုင်စင်ရ ဧည်.လမ်းညွန်
ညီအစ်ကိုမောင်နှမများကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်
ဂုဏ်ယူကြောင်းပြောကြားပါရစေ။
ကျွန်မတို. ဧည်.လမ်းညွန်များမှာ နှစ်ပေါင်းများစွာ အမိမဲ့သား
ရေနည်းငါးပမာ နေလာကြရာမှ
ယခုမှ ပြည်ထောင်စုဝန်ကြီး ဒု-၀န်ကြီးတို.၏ လမ်းညွန်ချက်ဖြင်.
ဧည်.လမ်းညွန်များအသင်းဟူ၍
ပီပီပြင်ပြင် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ကျွန်မတို.ဧည်.လမ်းညွန်များ၏ ရင်တွင်းခံစားချက်များ ဒုက္ခနှင့်
အခက်အခဲ အတားအဆီးများ
တရားမျှတသော အလိုဆန္ဒများကို Heart to Heart နားထောင်ပေးသည်အတွက်
ကျေးဇူးတင်ဝမ်းမြောက်ရပါသည်။
မေလ ၁၆ ရက်နေ. PANDA ဟိုတယ် အစည်းအဝေးမှ စတင်အခြေတည်၍ ၃လနှင်.တစ်ပတ်အကြာ
သြဂုတ်လ ၂၃ ရက်နေ. ဟိုတယ်ခရီးဝန်ကြီး ဌာန နေပြည်တော်
ဧည်.လမ်းညွန်လုပ်ငန်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတွင် ထပ်မံ အတည်ပြုခဲ့သော မြန်မာနိုင်ငံ
ဧည်.လမ်းညွန် အသင်းကြီး
စတင်အကောင်အထည်ပေါ်လာခြင်းမှာ အစိုးရ၀န်ထမ်း မဟုတ်သော လွတ်လပ်သော
ဧည်.လမ်းညွန်ဝန်ဆောင်မှု လုပ်ငန်းစတင်ချိန် ၁၉၉၂ မှ ၂၀၁၁ ဆယ်စုနှစ်
နှစ်ခုစာ ကာလအတွင်း
ပထမ ဦးဆုံးအကြိမ်ဖြစ်ပါသည်။
ထိုသို.သော ပထမဦးဆုံးအကြိမ် ဖွဲစည်းဖြစ်မြောက်ရေးကာလတွင်
ကိုယ်တိုင်ပါဝင် ကူညီခဲ့သူ
တစ်ဦးအနေနှင်.လည်း အင်မတန်မှ ၀မ်းသာပီတိ ဖြစ်ခဲ့ရပါသည်။
ယမန်နေ.က ဟိုတယ် ခရီးဝန်ကြီး ဌာန ၀န်ကြီးရုံး ကျောက်စိမ်းခန်းမ
နေပြည်တော်၌ ကျင်းပသည့်
ဧည်.လမ်းညွန် လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကြီးတွင်
ပြည်ထောင်စု ၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင်
ဧည်.လမ်းညွန်ဆိုသည်မှာ နိုင်ငံရဲ့ ပြယုဂ် နိုင်ငံရဲ့ သမိုင်း
နိုင်ငံရဲ့ သဘောထားကို ဖော်ညွန်းနိုင်စွမ်းသည်.သူများနှင့် နိုင်ငံ၏
သံတမန်များ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
တိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေ၇သူများ ဖြစ်ကြောင်း၊
ဧည်.လမ်းညွန် အားလုံးနီးပါး တော်ကြကြောင်း ကောင်းသော အမြင်ဖြင့်
ချီးကျူးစကားပြောကြားသွားခြင်းအပေါ်လည်း ဧည်.လမ်းညွန် ညီအစ်ကို
မောင်နှစ်မများကိုယ်စား
နှလုံးသားမှ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ချီးကျူးစကားပြောကြားခြင်းအပေါ် ပီတိဖြင့်သာ ယစ်မူးနေမည် မဟုတ်ကြပဲ
တော်သည်ထက်တော်
ကောင်းသည်ထက်ကောင်းအောင် ဆက်လက်ကြိုးစားသွားကြမည် ဖြစ်ကြောင်းကိုလည်း
ကတိပေးလိုပါသည်။
ထို့အတူ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖတ်ကြားသွားကြသော စာတမ်း ၁၁
စောင်အား ၁၁း၄၅ နာရီမှ
စတင်ကာ နေ့လည် ၁း၄၅ နာရီအထိ နားထောင်မှတ်သား၍ လိုအပ်သည်များကို သက်ဆိုင်ရာ
ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ တဖြည်းဖြည်းခြင်း
ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းကို ကြားသိခဲ့ ရပါသည်။
အထူးသဖြင့် ဧည်.လမ်းညွန်အားလုံး (အထူးသဖြင့် အမျိုးသမီးများ) ၏
ရင်ထဲတွင် အလွန်သိချင်နေကြသော တူညီဝတ်စုံ ၀တ်ဆင်ရေးနှင့် ပတ်သက်၍
စာတမ်းရှင် ဒေါ်ဇင်ငြိမ်းအေး (ဂျာမန်) ၏ အကြံပြုတင်ပြချက်အပေါ်တွင်
ပြည်ထောင်စုဝန်ကြီး ဒု-၀န်ကြီး MD ကြီး အားလုံးတို့မှ
စိတ်ပါဝင်စားစွာ နားထောင်ကြပြီး ပြည်ထောင်စု ၀န်ကြီးမှ
ဝတ်ကိုဝတ်ရမယ်လို. မပြောကြောင်း
သင်.တော်တဲ. အခမ်းအနားများနှင့် လေယဉ်ကွင်း အကြို/ မပို့
စသောနေ.များတွင်သာ
ဝတ်ဆင်ရန်လိုမည်ထင်ကြောင်း ဒီကိစ္စကို မြန်မာနိုင်ငံ
ဧည်.လမ်းညွန်များ အလုပ်အမှုဆောင်
အဖွဲ့နှင့်သာ ဆက်လက် ဆောင်ရွက် သွားကြရန် ပြောကြားခြင်းအပေါ်လည်း
များစွာကျေးဇူးတင်ရပါသည်ရှင့် ။
အချုပ်အားဖြင်. ဆိုရလျှင် ဧည်.လမ်းညွန်များ၏ ဘ၀နှင်.အခက်အခဲများ
ဆန္ဒများအား အချိန်ပေးနားထောင်ရန်နှင့် ဖြေရှင်းပေးရန်
အကောင်းမြင်စိတ်များရှိာကသော ပြည်ထောင်စုဝန်ကြီး ဒု-၀န်ကြီး MD
ကြီး တို.နှင်. တကွ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး
ဌာနမှ တာဝန်ရှိသူ
အားလုံးတို.အား အထူးပင် ကျေးဇူးတင်ရှိကြောင်း နှလုံးသားနှင့်
ပြောကြားလိုက်ပါသည်။
အလုပ်ရုံ ဆွေးနွေးပွဲ အပိတ်တွင် ဧည်.လမ်းညွန်များမှ တခဲနက်
ဆုတောင်းပေးခဲ့ ကြသလို ပြည်ထောင်စုဝန်ကြီးနှုင့် တကွ ၀န်ကြီးဌာန
တစ်ခုလုံး ကျန်းမာ ချမ်းသာ ကြပါစေရှင့် ။
ဧည်.လမ်းညွန် အသင်ြးုဖစ်မြေက်ရေး ကိစ္စများကို ၀န်ကြီးရုံးနှင့်
အတူတကွ ပူးပေါင်းတာဝန်ယူ
ဆောင်ရွက်ရန် နေပြည်တော်တွင် သွားရောက်တာဝန်ထမ်းဆောင်နေကြသော
မြန်မာနိုင်ငံ ဧည်.လမ်းညွန်အသင်း ဥက္ကဌ ဒေါ် ဌေးဌေးတင် အတွင်းရေးမှုး
ဒေါ်ချောချောကြေးမုံ နှင့်
အလှည့်ကျ တာဝန်ဖြင့် နေပြည်တော်သို့ သွားရောက်ရသူ အလုပ်အမှုဆောင်
အဖွဲ့ဝင်များအားလည်း
အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည် ။
EMERALD