အကြောင်းအမျိုးမျိုးများတိုက်ဆိုင် ၍ ကံအားလျော်စွာမထင်မှတ်ဘဲ
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကိုတက်ရောက်ခွင့်ရခဲ့ပါတယ်။
သိလာခဲ့သောအချက်အလက်များကို ပြန်လည် တင်ပြမျှဝေပေးချင်သောစေတနာ အမှန် နဲ့
ဤ ဆောင်းပါးကိုရေးသားလိုက်ပါတယ်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ တွင် ဟိုတယ် / ခရီး
ဒုတိယ၀န်ကြီး ၏
အောက်ဖေါ်ပြပါ အခမ်းအနား အဖွင့် အမှာစကား အချို့ကို အလွန်ပင်
သဘောကျမိပါတယ်။
“ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေလို့ မရဘူး။ ဒီကထွက်လာတဲ့ ရလဒ်ကို
ဒီ အခန်းထဲ မှာ တင် မပြီးစေ့ချင်ပါ။ “
ကျမ သည် UMFFCI အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များ အစရှိ
မည်သည့်အသင်းများ တွင်မဆှိုပြုလုပ်သော
အလုပ်ရုံဆွေးနွေးပွဲ။ ဟောပြောပွဲ များကို အလွန်စိတ်ပါဝင်စား စွာ
အခွင့်ရလျှင်ရ သလို
သွားရောက်လေ့လာနားထောင် ဆွေးနွေးခဲ့ သူတစ်ဥင်္ီးဖြစ်ပါတယ်။
စာတမ်းဖတ်ပွဲအပြီးမှာကျမအပါအ၀င်တက်ရောက်လာကြသောဧည့်သည်များအားအလုပ်ရုံဆွေးနွေးပွဲ
နှင့် ပတ်သတ်ပြီး Feedback တောင်းခံတဲ့ အတွက် အောက်ပါ အဓိပါယ်ရသော
စာကိုရေးသားခဲ့ပါတယ်။
“ လူကြီးမင်းတို့ ကျင်းးပသော အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခွင့် ရတဲ့
အတွက် အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
နောက်ထပ်တစ်ကြိမ် ယခုကဲ့သို့ ကျင်းပရန် အစီအစဉ် များ ရှိပါက
ဧည့်လမ်းညွှန်များ အတွက် ( ၅ ) နေရာ ထက် ပိုမိုပေးနိုင်က ပေးပါရန် ။
ဧည့်လမ်းညွှန်များ အတွက် စားသောက်ကုန်ကျစားရိတ်ကို မိမိ ကိုယ်ပိုင်အစီအစဉ်
နှင့် ကုန်ကျခံပါမည်။ အလုပ်ရုံဆွေးနွေးပွဲများသို့ အဓိကထားပြီးတက်
ရောက်ဆွေးနွေးချင်ပါ၍ ဧည့်လမ်းညွှန် တော်တော်များများ
တက်ခွင့်ရမည်ဟု့သာမျှော်လင့်ပါသည်ဟု့ ပါရှိပါတယ်။“ ။
စာတမ်းဖတ်ပွဲ နှင့် ပတ်သတ်သော (DATA ) များ CD အခွေရရှိလာတဲ့ အတွက်
MTGAအသင်းရုံးခန်းကိုပေးထားမှာဖြစ်ပြီး
အခွေဆင့်ပွားကူးပေးပါရန် ဥက္ကဌ ကို တောင်းဆို တင်ပြအကြံပြုထားပါတယ်။
ဧည့်လမ်းညွှန် မည်သူမဆို (MTGA )ရုံးခန်းတွင် ၊
လာရောက်မေးမြန်းလေ့လာနိုင်ပါတယ်။
စာတမ်း ရှင်များစွာ တင်ဆက်ဖေါ်ပြ ဆွေးနွေးသွား ကြသော စာတမ်းများအားလုံး
ဟာ သူ့အပိုင်းနှင့်သူ အလွန်စိတ်ပါဝင်စားဖွယ်ကောင်း လှပါတယ်။
ကျမ စိတ်ပါဝင်စားမှုအရှိဆုံး စာတမ်းများ မှာ=
(၁)စာတမ်းရှင် ( U Maung Nyo/U Nyi Nyi ) ညောင်ဦး ခရိုင်။
ဇီးအိုရွာ။
(၂) စာတမ်းရှင် (ဦးမြသန်းထွန်း ) ဧရာဝတီလင်းပိုင် နှင့် အတူ ငါးဖမ်း
ခြင်း။
(၃) စာတမ်းရှင် (Dr.မောင်မောင်ကြည် ) ကျောက်တော်ရောင်ပုဂ္ဂလိကဘေးမဲ့တော။
(၄)စာတမ်းရှင် ( Smart Technical Service မှ ဦးကျော်ကျော်လှိုင် ) သဘာဝ
နှင့်ကိုက်ညီအောင်နေထိုင်မှု။live Green
(၅)စာတမ်းရှင် (ဦးဝင်းတင် ) ပူတာအိုဒေသ အတွင်း ခရီးသွားလုပ်ငန်း။
(၆) စာတမ်းရှင် (ဒေါ်ဖြူဖြူမော် ) ချင်းတောင်တန်း
ဒေသအတွင်းခရီးသွားလုပ်ငန်း။
မြန်မာနိုင်ငံ Tourism Pioneer တစ်ဦးဖြစ်သူ ဆရာမကြီးဒေါ်တင်သန်းယု
ရေးသားထုတ်ဝေခဲ့ သော သဘာဝအခြေခံခရီးသွားလုပ်ငန်း
စာအုပ်မှာလည်း အလွန် တန်ဖိုးရှိလှပါသည်။
ထိုင်းနိုင်ငံ။မလေးရှားနိုင်ငံ များတွင်ရှိသော eco-tourism
စာအုပ်များကဲ့သို့ မြန်မာပြည် eco-tourism နှင့် ပတ်သတ်သော
အခြေခံအချက်များ။Guide line/ Dos & Don’ts စာအုပ် ပြုစုမည့် အစီအစဉ်
ရှိသည်ဟု့လည်း ထင်မြင်ယူဆမိပါသည်။
Sustainable Tourism Development Project & Mekong Tourism Coordinating
Office မှ ပြုလုပ်ထားသော web site လိပ်စာ ကို လေ့လာနိုင်ရန်လည်း
ဖေါ်ပြလိုက်ပါတယ်။
http://mekongtourism.org/website/sustainable-tourism-knowledge-center/tourism-biodiversity/the-essential-guidelines-and-manuals/
I recommend first to read the general guidelines on the links between
tourism & biodiversity conservation , the management of protected area
more targeted at policy makers and protected area manners including
planning and zoning principles
Sustainable Tourism in Protected Areas Guidelines for Planning and
Management, 2002, WCPA - (1.46 MB
Forging Links between Protected areas and tourism sector, 2005 -
(837.67 kB)
Managing tourism & biodiversity: user's manual on CBD guidelines on
biodiversity and tourism development - (3.83 MB)
Guidelines for community-based ecotourism development, 2001 - (524.3
kB)
down is the part on ecotourism
http://mekongtourism.org/website/sustainable-tourism-knowledge-center/tourism-biodiversity/ecotourism-markets-product-development/
there are also very interesting information on pro poor tourism,
community based tourism, etc.please consult
http://mekongtourism.org/website/sustainable-tourism-knowledge-center/
Please disseminate this url so more and more people raise awareness
and knowledge on the subject
************************
Tea –break time အနားပေးနေစဉ်အချိန်အတွင်း ဟိုတယ် / ခရီး ၀န်ကြီးဌာန
မှတာဝန်ရှိအကြီးအကဲဖြစ်သူ ဦးရဲမြင့်ကို မြန်မာနိုင်ငံတွင်
နိုင်ငံခြားဧည့်သည်များ သွားရောက်လည်ပတ်ရန် ခွင့်မပြု ထားသောနေရာများ (up
to date ) information
အတိအကျများကိုမည်ကဲ့သို့သိရှိနိုင်မည်နည်းဟု့မေးမြန်းခဲ့ရာ၊
ဆရာဦးရဲမြင့်မှ“လွန်ခဲ့သော၁၀ရက်။၁၅ရက်ခန့်ကအစည်းအဝေးတစ်ခု့တွင်
အတိအကျ ပြောပြထားပါကြောင်း။ အဆိုပါအစည်းအဝေး သို့ ဧည့်လမ်းညွှန် တစ်ချို့
လာရောက်တက်ခဲ့ပါကြောင်း။ အဆိုပါ ဧည့်လမ်းညွှန် များကို သာ မေးမြန်းရန်
လိုပါကြောင်း။ သို့မဟုတ်ပါက ( ၀၆၇ -၄၀၆၁၃၁ ) သို့ ဆက်သွယ်မေးမြန်း
သတင်းအတိအကျယူနိုင်ပါကြောင်း ။ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
ကျမအပါအ၀င် MTGA ဖြစ်မြောက်ရန်ပါဝင်လှုပ်ရှားနေသောအလုပ်အမှုဆောင်အဖွဲ့ဝင်
တော်တော်များများ သည်
( ယခု့အချိန်ထိဟိုတယ်/ခရီး ၀န်ကြီးဌာန။ သက်ဆိုင်ရာအခြားအသင်းအဖွဲ့အစည်း
များမှကျင်းပပြုလုပ်ခဲ့သောအစည်းအဝေး များ။
အလုပ်ရုံဆွေးနွေးပွဲများကို သွားရောက်တက်ခဲ့သူများ၏ ) ပြန်လည်ဖြေရှင်း
သုံးသပ်ဆွေးနွေး တင်ပြ ချက်များကို စာအဖြင့် သော်၎င်း။
Internal meeting များတွင် Agenda တစ်ခု့ အနေဖြင့်သော်၎င်း။
လုံးဝမသိရှိရသေးပါသဖြင့် အချိန်နှင့်တပြေးညီထဲ သိရှိနိုင်ရန်
တောင်းဆိုအကြံပြုထားပါတယ်။