လေဆိပ်မှ အစဉ်အဆက် အကျင့်ပျက်ဝန်ထမ်းများ
ဘယ်လောက်ပဲ အထက်ကပြောင်းပြောင်း အောက်ခြေအဆင့်က လိုက်ပြောင်းဖို့ မစဉ်းစားကြ
နိုင်ငံခြားထွက်ဖူးသူတိုင်း.
ပြန်လာမည့်သူကို ကြိုဖူးသူတိုင်းအတွက် ဘယ်နိုင်ငံမှာမှ မတွေ့ဖူးသော
လေဆိပ်ထဲဝင်ရန် ဖောင်ဖြည့်ခိုင်းခြင်း စံနစ်ကတော့ မြန်မာနိုင်ငံတွင်
မည်သည့်အခါမှ ပျောက်ဆုံးပါမည်လဲ။
တရားဝင်ဖောင်ဖြည့်လျှင် ၅၀၀ ကျပ်.
ဖောင်မဖြည့်ချင်သော သူများက
အပေါက်စောင့်ကို ၅၀၀ကျပ် ပေးကြသည်။ ရွာမှလိုက်ပို့သူ မလည်မ၀ယ်
ပုံစံဆိုလျှင်တော့ ၁ထောင်ကျော် ၂ထောင်ကျော်လောက် အပေါက်စောင့်က
လိုချင်သေးသည်။ ဧည့်လမ်းညွှန်များမှ ၁ထောင် ၂ထောင်လောက် အသာလေး
မုန့်ဖိုးပေးသောအခါ အလွယ်တစ်ကူ မပေးသော အမြဲမြင်နေကြ
ဧည့်လမ်းညွှန်ဆိုလျှင်တောင် ၀င်ခွင့်ဖောင် ဖြည့်ခိုင်းသေးသည်။
ဝင်ခွင့်ဖောင်သည် မည်သည့်အတွက်နည်း လေဆိပ်ရန်ပုံငွေအတွက်လား…
လေဆိပ်လုံခြုံရေး အတွက်လား လေဆိပ်လုံခြုံရေး အတွက်ဆိုလျှင် စစ်ဆေးသည့်
ကရိယာများ တပ်ဆင်ထားကြသည်။ လူကိုယ်တိုင် စစ်ဆေးသည် တော်ပီပေါ့။
ဒီကြားထဲ ချက်ကင် ကောင်တာ လ.၀.ကနားအထိ
လိုက်မည့်သူ ဆိုလျှင်တော့ မပြောနှင့်တော့ ဆိုက်ရောက် ဗီဇာပြုလုပ်မည့်
ခရီးသွားကုမ္ပဏီများမှ တရားဝင်စာဖြင့် လာကြသည်။ လ.၀.ကသို့ အကြောင်းကြားသည့်
စာနှင့် တစ်ကွ မှတ်ပုံတင်ပဲ ပေးလို့ကတော့ ခဏစောင့် ကဒ်မရှိသေးဟု ပြောကြသည်။
စာနှင့်တကွ ပိုက်ဆံ ၁ထောင်ခန့် ထည့်ပေးလျှင်တော့ ၀င်ခွင့်ကဒ် တစ်ကဒ်
ထုတ်ပေးသည်။ ၃ ကဒ်လောက် လိုချင်လျှင်တော့ အနည်းဆုံး ၃၊ ၄ ထောင်ခန့်ပေးရမည်။
နယ်မှအမျိုးများ နိုင်ငံခြားထွက်မည့်
မိမိတို့ဆွေမျိုးများအား လိုက်ပို့ချင်သည်။ လ.၀.က ကောင်တာနားအထိ
လိုက်ကြည့်ချင်သည်။ ဘာမှမပြောနှင့် ၇ထောင်လောက်သာ ပေးလိုက် လိုက်ပို့ခွင့်
ကဒ်၃ ကဒ်လောက်က အလွယ်တစ်ကူ ထွက်လာသည်။ ကုမ္ပဏီမှ လာကြိုမှ ထွက်လို့ရမည့်
ဆိုက်ရောက်ဗီဇာဖြင့် လာမည့် ခရီးသွား ဧည့်သည်မှာ ပိုက်ဆံမပေးမိ၍
လ.၀.ကကောင်တာ နားအထိ ၀င်ခွင့်ကဒ် မရသေးသောကြောင့် အပြင်တွင် ရှိနေသေးသည့်
ကုမ္ပဏီမှ လာကြိုသူကို စောင့်ပေဦးတော့။ ပေးလျှင်တစ်မျိုး မပေးလျှင်တစ်မျိုး
ရုပ်ဆိုးစွာ ဆက်ဆံတတ်သော အကျင့်ပျက် ၀န်ထမ်းပေါင်းများစွာ စုစည်းရာ
လေဆိပ်သည် နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုနှင့် အကျင့်ပျက်မှုအား
နိုင်ငံမျက်နှာစာ မုခ်ဦးတံခါးဝ လေဆိပ်မှာပင် အလွယ်တကူ သိရှိနိုင်သော
နေရာဖြစ်ပါသည်။
(မဆင်မခြင် လာဘ်စားမှုများနဲ့ ပြည့်နှက်နေတဲ့ လေဆိပ် အတွင်းပိုင်း မြင်ကွင်း)
လေဆိပ်မှ အိမ်သာတွင် ဘိုထိုင်အိမ်သာ
တပ်ဆင်ထားသောလည်း ရေအိမ်သုံး စက္ကူကားမရှိ ရေများက ပြည့်လျှက်
အပေါက်စောင့်မူကား လာသမျှလူအား လုံခြုံရေးစစ်ဆေးဖို့အတွက် တစ်နေကုန်
နေ့တွက်အတွက် ၀င်သမျှ ပိုက်ဆံလက်ကို မှောက်လျှက်
(ဖြန့်ထားလျှင်ပေါ်တင်ကြီးကိုး) တောင်းရန် အသင့်စောင့်လျှက် ရှိနေပါသည်။
မိမိဧည့်သည် နိုင်ငံခြားသား တစ်ဦး လေဆိပ် အိမ်သာသို့ ဝင်ရာ အိမ်သာသုံး
စက္ကူကမရှိ အပေါက်စောင့်က အိမ်သာသုံး စက္ကူအတွက် ၁ဒေါ်လာတောင်းသည်...။
ဒေါသဖြစ်ပြီး မပေးခဲ့ နိုင်ငံစုံ ရောက်ဖူးသည့် မည်သည့်လေဆိပ်မှာမှ အိမ်သာ
စက္ကူဘိုး ငွေတောင်းတာ မကြုံဘူးသည့် အဆိုပါ မိတ်ဆွေ နိုင်ငံခြားဧည့်သည်
လက်ဖျားခါသွားသည်... နောက်တခါလာဖို့ စဉ်းစားမည်တဲ့။
အိမ်သာမှ ဧည့်လာပေမည် အထက်က
မည်မျှမိမိနိုင်ငံကို လာပါလည်ပါ.. မည်မျှကောင်းကြောင်း ပြောဆို
ဖိတ်ခေါ်နေပါစေ... နိုင်ငံ၏ တံခါးဝ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဤအရပ်၌
ထိုထိုသော အကျင့်ပျက် ဝန်ထမ်းများကြောင့် ခရီးသွား ပြည်တွင်းနိုင်ငံသားများ
စိတ်အနှောက်အယှက် ဖြစ်ရသလို ပြည်ပနိုင်ငံခြားသားများ အတွက် အရှက်ရစရာ၊
နိုင်ငံမျက်နှာ အိုးမည်းသုတ်စရာ ဖြစ်မနေပေဘူးလား။ များမကြာမှီ
တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် လာတောမည့် အိမ်သာလို့ ဧည့်လာတော့မယ့်
အခြေအနေ အခင်းအကျင်းများ အတွက် သက်ဆိုင်ရာမှ အသေအချာ ကွင်းဆင်းလေ့လာ
စောင့်ကြည့်ပြီး အရေးယူပေးဖို့ အပြုသဘောဆောင် တိုင်ကြားလိုက်ရပါတယ်..။
လုပ်ငန်းရှင်တစ်ဦး..
-----------
ကျွန်တော်သည်နေ. MI511 ခရီးစဉ်ဖြင့် ထွက်ခွာသောအခါ လေဆိပ်တွင် ပြတ်သနာတက်ပါတော့သည်။
တက်သည့်ပြတ်သနာမှာ D-Form မပါပဲ ဘဏ်ချလံ ပဲပါလို.ဆိုပြီး ဦးစီးအရာရှိ ရုံးခန်းသို.ခေါ်သွားပါသည်။
ဦးစီးအရာရှိများမှာ ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) နှင့်တွေ.ပါသည်။
D-form တင်သည့် ဆိုင်မှ နေပြည်တော်တွင် Server ပျက်နေသည့်အတွက် D-form မကျသည်မှာ 1လခန်.ရှိနေပြီ။မျက်စိရှေ.တွင်လ ည်းတင်ပေးပါသည်။မကျပါကဘဏ်ချလံ ဖြင့်ထွက်နေ ရသည်ဟုပြောပါသည်။
ဦးစိုးဝင်းမောင်
နှင့် ဦးပြည်ကျော် တို. 2ဦးမှာ အထက်ပါအကြောင်းကို သိရှိပါလျှက် TMK
e-dform(38 Street) & ----(8 Miles) မှာမတင် လျှင်မရဘူးဟုပြောပါသည်။
နောက်မသိရသည်မှာ အထက် 2 ဆိုင်လုံးမှာ လ၀ကမှ 4ဘားနှင့်အထက် လူကြီး ဦးတင်မောင်ကျော်နှင်. နောက်တစ်ရောက် ဖွင့်ထားခြင်းဖြစ်ပါသည်။
ဦးစီးအရာရှိများမှာ
ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) တို.မှအဲသည်. 2
ဆိုင်မှာမလုပ်သည်. E-dform တိုင်းထွက်ခွင့်မရှိဟုပြောပါသည် ။
လေယဉ်လက်မှတ်ဖြတ်ထားပြီး
ထားဟုပြောသောအခါ ထွက်ချင် ပိုက်ဆံ 20000ကျပ်တောင်းပါသည်။လူကြီး
တိုင်မည်ပြောသောအခါ ၀န်ကြီး ဦးမောင်ဦး နှင်.ပါပေါင်းစားပြီးထား
ဟုပြောပါသည်။
ဘယ်သူမှ ဂရုဆိုက်စရာ မလိုပါဘူးဆိုပြီး ဦးစိုးဝင်းမောင်(3 ဘား)၊ဦးပြည်ကျော်(3 ဘား) တို.မ၀ိုင်းရီကျပါသည်။
မြန်မာငွေ
မပါဘူးဟုပြောသောအခါ S$ 30 တောင်းယူပါသည်။ပိုက်ဆံကို
အံဆွဲထဲထည်.သောအခါကြည်.လိုက်တာ မြန်မာငွေ 400000/500000 ခန်.နှင်.
ဒေါ်လာမျိုးစုံတွေ.ရပါသည်။ွ
ဦးစိုးဝင်းမောင်(3
ဘား)၊ဦးပြည်ကျော်(3 ဘား)နှင့် အထက်လူကြီးများ
ကျွှန်တော်တို.လိုအလုပ်မလုပ်ရပဲ ဆထက်တပိုး ချမ်းသာပြီး ပိုပြီးလူတွေ ကို
ငြည်းဆဲနိုင်ပါစေ(ဒီမိုကရေစီ ဆိုတာသူတို.အတွက်ပါ
ကျွှန်တော်တို.အတွက်မဟုတ်ပါ)
--
ဘိုဘို
2011