သဘာဝအခြေခံခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲ သုံးသပ်ချက် အခြားမှ ကောက်နှုတ်ချက်များ။ ( By: May Thandar Win <http://www.facebook.com/maythandar.win1> )

19 views
Skip to first unread message

chawchaw mirror

unread,
Aug 7, 2011, 10:37:45 PM8/7/11
to ချောချောကြေးမုံ, emerald.twentyfive, gorose.myanmar, tuntourguide, linnontour, kokolatt47, changyein, lihuilian70, liveheritage, ninikhet, winzawoo5, winstonglenn, winnmay, yan naing aung, မရီရီဟန်(ပြင်သစ်), yannainghtun08, simplesoe, htunmdl,့, akthu71, corner88.mandalay, Bo Saw, goldenmdyts, travelmyanmar, MYANMARTOURISMHITTAING, tto.tg.mm, theinhtwe, tawemashaung, thanwinhtut, tinmaung2, tinpapamin, thomas Latt, mgnge.lay90, naylin2010, wgdperth, withmonewai, nyinyi, nyi123
မေသန္တာဝင်း 12:35 PM 6.8.2011 See More
By: May Thandar Win <http://www.facebook.com/maythandar.win1>


အခုလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ရန်ကုန်မြို့ Traders ဟိုတယ်မှာ ကျင်းပသွားတဲ့
National Eco-tourism Workshop က တစ်ထိုင်တည်းနဲ့ကို
ဗဟုသုတအများကြီးရလိုက်တဲ့ပွဲပါ။ စိတ်ဝင်စားစရာ အလွန်ကောင်းပြီး အဖိုးတန်လှသလို
စိတ်မကောင်းစရာတွေလဲ တော်တော်များပါတယ်။ မကြာသေးခင်ကမှ ဖ...ွဲ့လိုက်တဲ့ Myanmar
Tourism Board ကနေ ကြီးမှူးကျင်းပပြီး ဇေကမ္ဘာကုမ္ပဏီက စပွန်ဆာလုပ်ပါတယ်။
(ဂျာနယ်တွေမှာ အကျယ်ရေးကြမှာဆိုတော့ ကျွန်မကတော့ သတင်းပုံစံနဲ့ မရေးတော့ပါဘူး။
ကြားခဲ့သိခဲ့သမျှထဲက စိတ်ဝင်စားစရာအကြောင်းလေးတွေကို
ပဲတစ်ဦးချင်းစိတ်ဝင်စားသူတွေအတွက်ရယ်၊
ခရီးသွားလုပ်ငန်းနဲ့အခြားဆက်စပ်လုပ်ငန်းတွေအတွက်အထေ
ာက်အကူပြုနိုင်အောင်ပဲ ဗဟုသုတ
မျှဝေတဲ့အနေနဲ့ပဲ ပြောပြပါရစေ..။) ခုနက အပေါ်မှာ အဖိုးတန်တယ်လို့
ဘာလို့ပြောရသလဲဆိုတာကတော့ နှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ်လေ့လာ
လိုက်စားခဲ့တဲ့ ဆိုင်ရာဆိုင်ရာ ပညာရှင်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ၊
သူတို့ရှာဖွေစုဆောင်းထားတဲ့ သုတေသနပြုချက်တွေကို တစ်ထိုင်တည်းနဲ့ရခဲ့ရလို့ပါ။
စိတ်မကောင်းစရာကတော့ တင်ပြသွားတဲ့ စာတမ်းတိုင်းမှာ eco-tourism products
တွေနဲ့ပတ်သတ်ပြီး barriers and threats တွေပြောတိုင်း ဒေသခံတွေကို ကောင်းကောင်း
educate မလုပ်နိုင်တာ၊ ဒေသခံအာဏာပိုင်တွေနဲ့ လုံလောက်တဲ့ပူးပေါင်းမှုမရနိုင်တာ၊
budget မရှိတာ၊ နောက်ပေါ်လစီ အဲဒါ အဲဒါတွေနဲ့က ထုံးစံအတိုင်း
တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပီးသော်လည်းကောင်း ပတ်သတ်နေတာပါပဲ..။
ဆင်ပြောင်ကြီး အဲဒီ အမြီးမှာ ထုံးစံအတိုင်း တစ်လေသတည်းပါပဲ.. ။
ဆွေးနွေးတင်ပြသူတစ်ယောက်ကဆို ဘာပြောသွားသလဲဆိုရင် marketing ရဲ့ 4 Ps တွေ 7 Ps
တွေ ဘယ်လောက်ပဲပြောပြော သူကတော့ မြန်မာနိုင်ငံအတွက် နောက်ထပ် P တစ်ခုကို
မဖြစ်မနေထပ် ထည့်ချင်ပါတယ်တဲ့..။ အဲဒါကတော့ Permit ဆိုတဲ့ P ပါပဲတဲ့.. ။ ဆရာ
မနုဿဦးကျော်ဝင်းရဲ့ စာတမ်းဆိုလည်း တော်တော့်ကို အဖိုးတန်လှပါတယ်။ တိုင်းရင်း
သားတွေ ရဲ့ Taboo (ရှောင်တလိ ခေါ် ရိုးရာတားမြစ်ချက်) တွေ အကြောင်းပါ။
eco-tourism မြင့်တင်တဲ့နေရာမှာ သူလည်း တစ်ခန်းတစ်ဏ္ဍအနေနဲ့ အရေးအတော်ပါပါတယ်။
စာအုပ်တစ်အုပ်လို တောင် သေချာထုတ်သင့်တဲ့အကြောင်းအရာပါ။ Taboo တွေကို
မသိနားမလည်ခြင်းဟာ eco-tourism ခရီးသွားတွေအတွက် ဘယ်လောက်အခက်အခဲဖြစ်နိုင်ပြီး
တစ်ခါတလေ အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့ အကြောင်းတွေကို သူ့အတွေ့အကြုံတွေနဲ့
ယှဉ်ပြီးဆွေးနွေးသွားပါတယ်။ ဆရာပြောသွားတဲ့အထဲမှာ လက်ရှိ သတင်းစာအယ်ဒီတာ
သတင်းထောက်ဆိုသူတွေရဲ့အရည်အချင်း မပြည့်ဝမှု၊ အကြောင်းအရာ တစ်ခုကို
သေချာမလေ့လာပဲ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုနဲ့ပတ်သတ် ရင်
ဗဟုသုတမပြည့်စုံမှုနဲ့ပတ်သတ်တာလေးတစ်ခုကို ကြားဖြတ်ထောက်ပြသွားပါသေးတယ်။
အဲဒီအကြောင်းအရာကတော့ တစ်ခါက ဂျာနယ်တစ်စောင်မှာ
နန်းတော်ပုံစံများဆောက်လုပ်ရာတွ​င် ရှေးယခင်နန်းတော်များအတိုင်း
ခိုအိမ်များကိုထည့်သွင်းဆောက် လုပ်ရကြောင်း ဆိုတာကို
မျက်နှာဖုံးသတင်းအနေနဲ့ကိုထည့်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်​ ။ တကယ်တော့
အဲဒါဟာ ခိုအိမ်မဟုတ်ပါဘူး.. ငှက်ခတ်တဲလို့ခေါ်တဲ့ ဟိုးယခင်က
ငှက်ဆိုးတွေမနားနိုင် အောင်လုပ်ထားတဲ့အရာပါ။ အဲဒါကို
ဧည့်လမ်းညွှန်တစ်ယောက်ယောက်ကများ​ဖတ်မိပြီး သူကိုယ်တိုင် ကလည်း
သေချာမလေ့လာထားဘဲဒါကိုကိုးကားပြီးများပြောရင် နိုင်ငံခြားသားတွေအနေနဲ့
မြန်မာနန်းတော်တွေမှာ ခိုအိမ်မပါမနေရ ပါရတယ်လို့ နားလည်သွားကြမှာ ဘယ်လောက်
စိုးရိမ်စရာကောင်းလဲ ဆိုတာကို ပြောပြသွားပါတယ်။ အလားအလာကောင်းသော
သစ်ခွခရီးသွားလုပ်ငန်းဆိုတဲ့စာတ​မ်းကလည်း တော်တော်လေး ဗဟု သုတပွားစရာပါ။
ကျွန်မတို့နိုင်ငံလောက် biodiversity အရ အိမ်နီးချင်းနိုင်ငံတွေကို
အနိုင်ပိုင်းလို့ ရသလောက် စနစ်တကျမထိန်းသိမ်းမှု၊ အသိပညာမကြွယ်ဝမှုတွေကြောင့်
ကိုယ့်နိုင်ငံက ရှားပါး သစ်ခွပန်းမန်မျိုးစိတ်တွေ Bio-piracy
လုပ်ခံရတဲ့အကြောင်းတွေပါ။ ရှားပါးသစ်ခွတွေကိုပြပြီး Floral and Fauna Tour
တွေလုပ်လို့ရကြောင်းကိုအသေးစိတ်​လေ့လာဆွေးနွေးသွားပါတယ်။ အဲဒီမှာလည်း
စိတ်မကောင်းစရာတစ်ခုကြားရပါသေးတ​ယ်။ Black Orchid ဆိုတဲ့
ကျွန်မတို့နိုင်ငံမှာပဲတွေ့ရတဲ့​ သစ်ခွမျိုးတစ်မျိုးအကြောင်းပါ။
သီရိဒုံလာတုန်းက ထိုင်းက ကျွန်မတို့နိုင်ငံကနေ အဲဒီ Black Orchid မျိုးကို
တရားဝင်တောင်းဖူးတယ်လို့ဆိုပါတယ်။ ကက်ဘိနက်က မပေးဖို့ ဆုံးဖြတ်ပြီး
မပေးခဲ့ပေမယ့် အခုတော့ ထိုင်းမှာ မှောင်ခိုကနေတစ်ဆင့်ရောက်သွားပြီး
ဟိုင်းဘရစ်လုပ်ထားတဲ့ Black Orchid တွေ သူတို့ဈေးကွက်မှာ ရနေပြီလို့ဆိုပါတယ်။
သူတို့အနေနဲ့ country of origin ကြောင့် တရားဝင် market မလုပ်နိုင်ပေမယ့် အဲဒီ
Black orchid တွေကို အတော့်ကိုဈေးပေါပေါနဲ့ ရောင်းနေကြတယ်ဆိုတာကို ကြားရတာ
အတော်လေးစိတ်မကောင်းစရာပါ။ နောက်ပြီး ကျွန်မတို့နိုင်ငံရဲ့ သစ်ခွမျိုးစိတ်တွေ
ပန်းပင် တွေနာမည်အများစုဟာ နိုင်ငံခြားသားတွေရှာတွေ့ခဲ့ပြီး
နာမည်ပေးခဲ့တာတွေကြောင့် နိုင်ငံခြားနာမည် တွေချည်းဖြစ်နေပြီး မြန်မာနာမည်နဲ့
register လုပ်ထားတာဆိုလို့ ၄ မျိုးပဲရှိတယ်လို့ဆိုပါတယ်။ နည်းနည်းထူးဆန်းလို့
အဲဒီနာမည်လေးမျိုးကို မျှဝေပါရစေ။ အဲဒီနာမည် တွေကတော့ Dendrobium
မဒမ်.စနေနံပါ။........၊
Dendrobium....သောကြာနာမည်ပါ။ Dendrobium ...တနင်္လာနံမည်ပါ။၊ Variety
.....တနင်္လာနံမည်ပါ။ တို့ဖြစ်ပါတယ်တဲ့…။ အခုနောက်ဆုံး register လုပ်တဲ့
သစ်ခွနာမည်ကတော့ Dendrobium..... သောကြာနံမည် ပါ။ လို့ဆိုပါတယ်။
သြော်..သစ်ခွနာမည်တောင် မလွတ်ပါလားလို့တော့ တွေးမိတယ်။
သစ်ခွနာမည်အနေနဲ့ ခေါ်ရတာ ကိုးလို့ကန့်လန့်လည်းနိုင်လှတယ်​။
ပထမနေ့ဖတ်သွားတဲ့စာတမ်းတွေထဲမှာ​ နောက်ထပ်စိတ်ဝင်စားစရာကောင်းပြီး
အများကြီးလည်း အတွေးပွားစေတဲ့စာတမ်းကတော့ မိုးဇလဦးထွန်းလွင်ရဲ့
မြန်မာနိုင်ငံလက်ရှိရာသီဥတု ပြောင်းလဲခြင်းနှင့်ယင်း၏အကျိုး​ ဆက်များ စာတမ်းပါ။
ဘက်ပေါင်းစုံကနေ အတော်လေးပြည့်ပြည့်စုံစုံ တင်ပြပြောသွားတာတွေအနက်
အထူးသတိထားမိတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာမုတ်သုံကာလတို တောင်းလာတာပါပဲ။ ၁၉၇၈
ခုနှစ်မတိုင်ခင်နဲ့ဒီနောက်ပိုင်း ရက်ပေါင်း ၄၀ တိတိ မုတ်သုံကာလတို
တောင်းလာတာကိုတွေ့ရပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံ
အနေနဲ့ ဒါဟာသိပ်ကောင်း တဲ့အလားအလာတော့မဟုတ်လှဘူး။
နောက်ထပ်စိုးရိမ်စရာတစ်ခုကတော့ လူထုကျန်းမာရေ၊ ဇီဝမျိုးကွဲများ၊
ရေသယံဇာတအရင်းအမြစ်၊ သစ်တော၊ ကမ်းရိုးတန်းဒေသ စီမံရေးရာ၊ စိုက်ပျိုးရေး စတဲ့
ကဏ္ဍခြောက်ခုအလိုက် ထိခိုက်မှုရှိနိုင်တဲ့ တိုင်းဒေသတွေကိုစီပြသွားရာမှာ
ဧရာဝတီတိုင်းဟာ ကဏ္ဍခြောက်ခုစလုံးမှာပါနေပြီး ကဏ္ဍ ၃ ခုမှာတော့ vulnerability
အမြင့်မားဆုံးနံပါတ်တစ်ဧရိယာဖြစ်နေတာပါပဲ။ နောက်တစ်ခုကတော့ ကျွန်မတို့အားလုံး
ဆလုံ လို့ပဲခေါ်ကြသိကြတဲ့ မိုကန် လူမျိုးတွေအကြောင်းပါ။ သူတို့က သူတို့ကို
ဆလုံလို့ခေါ်ရင် a bit insult လိုခံယူကြပါတယ်တဲ့။ မိုကန်လို့ခေါ်တာကိုပဲကြိုက်
ကြတယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင် ဆလုံဆိုတာ ထုံထုံအအလို့ အဓိပ္ပါယ်ထွက်လို့လို
ဆိုတယ်။ အဲဒီစာတမ်းထဲက ဆလုံလူမျိုးတွေဘာလုပ်သလဲဆိုတာကို
သူတို့နေတဲ့လှေအိမ်တွေရဲ့အမိုးေ​ တွနဲ့ခွဲ ခြားရတဲ့အကြောင်းတို့၊ သူတို့တွေ
ကုန်းပေါ်မှာနေတော့မယ်အချိန် သူတို့ရဲ့နတ်ဆရာတွေနဲ့ Spirit Pole လို့ခေါ်တဲ့
နတ်ပူဇော်ပွဲတွေလုပ်ကြတဲ့အကြောင်း၊ ပုဆိန်တစ်လက်တည်းနဲ့ လှေထွင်းသွားတဲ့
အကြောင်းတွေက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတ​ ယ်။ နောက်မြိတ်ဒေသက
ရှားပါးမျိုးစိတ် တွေ၊ Rock foundation တွေအကြောင်း၊ Dynamite fishing
ရဲ့ဂေဟစနစ်ကိုပျက်စီးစေမှုတွေ အကြောင်းတွေပြောသွားတာ ပျင်းချိန်ကိုမရလိုက်တဲ့
စာတမ်းတစ်ခုပါပဲ။ နောက် မထင်ရှားသေးပေမယ့် အလားအလာကောင်းတဲ့ eco-tourism sites
တွေထဲက private sanctuary တစ်ခုအကြောင်းလည်း တင်ပြသွားပါတယ်။ အဲဒါကတော့ ဂွမြို့
ကျိန်တလိဒေသက ကျောက်တောရောင် ဘေးမဲ့တောလေးပါ။ ဆေးထိုးအပ်မကိုင်တဲ့
ဆရာဝန်တစ်ယောက်က ပိုင်ပါ တယ်။ ပုဂ္ဂလိကပိုင်တယ်လို့သာပြောတာ..
ရှားပါးတိရိစ္ဆာန်တွေ၊ ဆေးမြစ်တွေ၊ ပန်းပင်မျိုးစိတ် တွေက
နိုင်ငံပိုင်တောတောင်ဘေးမဲ့တောေ​ တွမှာတောင် မတွေ့နိုင်တဲ့ ရှားပါးသတ္တ၀ါ
မျိုးစိပ်တွေကို စနစ်တကျ ထိန်းသိမ်းထားတာ တော်တော်လေး ချီးကျူးစရာကောင်း ပါတယ်။
နောက်ထပ် နာမည်သိပ်မကြီးသေးပေမယ့် ခုနကလိုပဲ နိုင်ငံခြားခရီးသွားတွေကိုဆွဲဆေ
ာင်နိုင်တဲ့ eco-tourism site တစ်ခုကတော့ ညောင်ဦးမြို့နယ်ထဲက
ဇီးအိုရွာမှာရှိတဲ့ နတ်ထိန်းအင်ကြင်းတောနဲ့ နှစ်ထောင်ချီ သက်တမ်းရှိတဲ့
မန်းကျည်းကိုးခွပါပဲ။ အင်းကြင်းတော့က အေဒီ ၃ ရာစုလောက်ကတည်း ကရှိခဲ့တာလို့
အထောက်အထားတွေအရ သိရပါတယ်။ နတ်ထိန်းအင်ကြင်းတောလို့ခေါ်ရတဲ့​ အကြောင်းကတော့
နယ်မြေဒေသခံတွေအနေနဲ့ အဲဒီတောကို ဦးလှတင်အောင်နဲ့ဒေါ်ပန်းမြရင် ဆိုတဲ့
နတ်မောင်နှမကနေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားတယ်လို့
အယုံအကြည်ရှိကြလို့ပါ။ အဲဒီအယုံအကြည်ကြောင့် အဲဒီတောထဲက အင်ကြင်းပင်တွေကို
ဒေသခံတွေက ခုတ်ဖို့ဘာဖို့ မပြောနဲ့ ထိကိုမထိရဲကြပါဘူး။ ဒီနေရာမှာ
ကြုံလို့ပြောရရင် ကျွန်မတို့ လူမျိုးတွေများ ပတ်ဝန်းကျင်ထိန်းသိန်းဖို့
အခုလိုရှားပါး eco-tourism site တွေနဲ့ပတ်သတ်ပြီး ကာကွယ်စောင့်ရှောက်ဖို့
တခြားဟာတွေနဲ့ ပညာ ပေး အသိပေးထိန်းသိမ်းဖို့ပြောရင် သိပ်မထိရောက်ပါဘူး။ နတ်တို့
ရိုးရာအစွဲတွေနဲ့ခြောက်မှပဲ ကြောက်ပြီး ထိန်းသိမ်းကြသလိုပါပဲ။ အခုလည်း
အင်ကြင်းတော အခုချိန်ထိ တည်တံ့နေတာ နတ်မောင်နှမ
စောင့်ရှောက်တယ်ဆိုတဲ့အသိကြောင့်​ပါပဲ။ အဲဒါကြောင့်လဲ အစိုးရက အဲဒီ
အင်ကြင်းတောကို ဇီးအိုကျေးရွာအင်ကြင်းတောလို့ ခေါ်ဖို့လုပ်ပေမယ့်
စာတမ်းဖတ်သွားတဲ့ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ေ​နတဲ့ ဒေသခံက သူ့အနေနဲ့
နတ်ထိန်းဆိုတဲ့နာမည်ကိုပဲ တွင်စေချင်ကြောင်းပြောသွားပါတယ်​။ ဒါမှ
နောင်လာနောက်သားတွေအနေနဲ့ နတ်ထိန်းတယ် နတ်စောင့်ရှောက်တယ်ဆိုတဲ့အသိနဲ့
အပင်တွေကို မခုတ်ပဲ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ြ​ ကမှာ လို့ဆိုပါတယ်။ ၅
နှစ်လောက်မှာမှ ပညာတတ်တစ်ယောက်နှုန်းလောက်ပဲ မွေးထုတ်နိုင်တဲ့ ဇီးအိုရွာဟာ
ညောင်ဦးမြို့နယ်ထဲက ကျေးရွာ ၂၉၉ ရွာထဲမှာ အဆင်းရဲဆုံးလို့ဆိုပါတယ်။ ဧက ၄၀
ရှိတဲ့ အဲဒီ အင်ကြင်းတောပတ်လည်ကို သေသေချာချာစည်းရိုးခတ်မကာကွယ်နိုင်တဲ့အတွက်
တိရိစ္ဆာန်လေးတွေ ၀င်ဝင်စားတာနဲ့ အပင် အသစ်ဖြစ်နှုန်းကတော့ နည်းတယ်လို့ဆိုပါတယ်။
ဟိုတယ်ခရီးသွားက အရာရှိ တစ်ယောက်ကတော့ သူတို့အနေနဲ့ အဲဒီအင်ကြင်းတောနဲ့
ပတ်သတ်ပြီး သိပ်မကြာခင်မှာ စနစ်တကျထိန်းသိမ်းသွားဖို့ စဉ်းစားထားတဲ့
အကြောင်းတွေတော့ပြောသွားပါတယ်။ တောထဲမှာ ကျောက်စဖြစ်နေတဲ့ အင်ကြင်းပင်တွေလည်း
ရှိပါတယ်။ အဲဒီကျောက်တွေနဲ့ အရုပ်တို့ဘာတို့ souvenir လုပ်ရောင်းနိုင်ဖို့တွေ
နည်းပညာပံ့ပိုးဖို့ ဘာညာတော့ပြောသွားတာပဲ။ တကယ်အကောင် အထည်ဖော်ဖြစ်ရင်တော့
ဆင်းရဲတဲ့ရွာခံတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေရ​မှာမို့ ၀မ်းသာစရာပါ။
အဲဒီအင်ကြင်းတောနားတစ်ဝိုက်မှာလ​ ည်း အေဒီ ၁ ရာစုလောက်ကတည်းကရှိခဲ့တဲ့
သံဖိုတွေလည်း ရှိတယ်လို့ဆိုပါတယ်။ တကယ့်ကို သိနားလည်ပြီး ငွေကြေးလည်းတောင့်တင်း
ခိုင်မာတဲ့ နိုင်ငံတကာကကျွမ်းကျင်အဖွဲ့အစည်းတွေအထိရောက်အောင်တင်ပြပြီး
ထိန်းသိမ်းသင့်တဲ့ နေရာတစ်ခုပါပဲ။ ပြောရရင်တော့ ဒီ workshop လေးက
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တကယ်ကိုကောင်းပြီး အဖိုးတန်တဲ့ workshop
လေးပါ။ စာတမ်းတွေကလည်း ၁၇ ခုတောင်ဆိုတော့ ရေးမယ်ဆိုရင် ကျမ်း
တစ်စောင်လောက်ရပါလိမ့်မယ်။ နောက်ထပ် စိတ်ဝင်စားစရာတွေလည်း အများကြီး
ကျန်ပါသေးတယ်။ ပူတာအိုဒေသခရီးသွားလုပ်ငန်းအကြောင်းတွေ၊ ချင်းတောင်တန်းတွေက
Stone Slab တွေအကြောင်း၊ Responsible and Sustainable Tourism၊ တံငါသည်တွေကို
ငါးကူဖမ်းပေးတဲ့ ဧရာဝတီလင်းပိုင်တွေ၊ CBT (Community-based Tourism )
လို့ခေါ်တဲ့ လူထုအခြေပြုခရီးသွားလုပ်ငန်းအြေ​ ကာင်းတွေ၊ Green Hotel
တွေအကြောင်း၊ မြန်မာ့စဥ့်လုပ်ငန်းအလားအလာ စတာတွေကို ပညာရှင်တွေကတော့
တော်တော့ကိုအချိန်ပေးပြီး သူတို့ဘ၀ တစ်လျှောက်လုံး
တစိုက်မတ်မတ်လေ့လာသုတေသနပြုထားတဲ့အလျောက် စေတနာတွေအပြည့်၊
စိတ်အားထက်သန်မှုတွေအပြည့်နဲ့ကို​ ဆွေးနွေးသွားတာပါ။ ကျွန်မကတော့
တစ်ခုပဲတွေးမိတယ် အခုလိုဆွေးနွေးတာကို သက်ဆိုင်ရာ policy maker တွေထဲက
တကယ်ထိထိရောက်ရောက်ဆုံးဖြတ် နိုင်တဲ့သူတစ်ယောက်ယောက်များ workshop ၂
ရက်လုံးလုံး စလည်ဆုံး လာထိုင်နားထောင်နိုင် ကြရင်တော့ ပိုများထူးမလားလို့။
မဟုတ်ရင်တော့လည်း မြန်မာနိုင်ငံက workshop တွေထုံးစံအတိုင်း workshop လည်းပြီး
ဆွေးနွေးတာလဲ အေးစိမ့်နေတဲ့ ဟိုတယ် Ball room တွေထဲမှာပဲ လေနှင့်အတူ
ကျန်ခဲ့လေသတည်းဖြစ်လွန်းလို့ပါ။ မေသန္တာဝင်း 12:35 PM 6.8.2011 See More
By: May Thandar Win <http://www.facebook.com/maythandar.win1>

Reply all
Reply to author
Forward
0 new messages