ကံဆိုတာ ဘယ်ဟာလဲ

21 views
Skip to first unread message

Yhal Htet Aung

unread,
Sep 10, 2009, 12:20:44 AM9/10/09
to myanmarian
ကံနှင့်ပတ်သက်၍စားအုပ်အမျိုးရေးသားဖော်ပြသည်ကိုဖတ်ဘူးပါသည်။ ကံဆိုသည်ကလည်း စာပေဗဟုသုတ မကြွယ်သော ပုဂ္ဂိုလ်အတွက် သိပ်ရှုပ်ထွေးသော အရာတစ်ခုပင် ဖြစ်သည်။ သို့ အတွက်ကြောင့်လည်း မကြံစီ အပ်သော အရာလေးမျိုးတွင် ကံကိုတစ်ခုအပါအ၀င် ဟောကြား တော်မူခဲ့ပေသည်။ အမှန်ပင်လေ့လာကြည့်လျှင် ကံဆိုသည်မှာ လူသားတိုင်းအတွက်
နေ စဉ် လုပ်ရှားမှုမှ တစ်ဆင့် ဆည်းပူးစုဆောင်းနေသော အရာတစ်ခု
ပင်ဖြစ် နေပေသည်။

မိမိငယ်စဉ်က ကျေးဇူးရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ရေးသားဖေါ်ပြထားသောကံဆိုတာ ဘယ် လဲဆိုသည့် အကြောင်းရာ
ကို သွားသတိရမိသည်။ တကယ်ပင်ပြည့်စုံကာ ဖတ်သူများနား လည်းစေ သည့် အရေးသားဖြစ်သည်။ ထို့ ကြောင့် ဘလော့မှာ ဖေါ်ပြလိုက်ရင်း ကံအကြောင်းသိ လိုသူများ ဗဟုသုတရပါစေ ဟုရည်ရွယ်ကာ ဖေါ်ပြလိုက်ရပါသည်။
ဓမ္မပဒတရားတော်နှစ်ပုဒ်ဝယ်
ဒုက္ခသည်လည်ကောင်း၊သုခသည်လည်ကောင်း၊လိုက်ပါနေသည်ဟုဟောတော်မူရာ၌-
ဒုက္ခပေးမည့်အကုသိုလ်ကံလိုက်ပါနေသည်ကို ဒုက္ခလိုက်နေသည်ဟုလည်ကောင်း၊
သုခပေးမည့် ကုသိုလ်ကံလိုက်ပါနေသည်ကိုသုခလိုက်နေသည်ဟုလည်းကောင်းဟောတော်မူလိုသည်။
ထိုသို့ဟောတော်မူလိုလျှင်ကံဆိုသောတရားသည်အဘယ်တရားနည်းဟု မေးဘွယ်ရှိ၏။
အဖြေကား- ကံဟူသည် ကုသိုလ် အကုသိုလ်စိတ်၌ ယှဉ်လျက်ပါသော စေတနာစေတသိက်တည်း။

စိတ်ကခေါင်းဆောင်၍ ကုသိုလ်အကုသိုလ်ပြုသော်လည်း တကယ်အလုပ်-လုပ်သောတရား သည်စေတသိက် အများတွင် စေတနာစေတသိက်တည်း။ ကောင်းမှုမကောင်းမှုပြုသမျှ၌စေတနာညံ့လျှင်ထိုအမှုလည်းသေငယ်၏။ စေတနာထက်သန်လျှင် ထိုအမှုလည်းကြီးကျယ်၏။ စေတနာသည် မိမိတာဝန်ကိုလည်ဆောင်၏။အခြားတရား တို့ ကိုလည်းဆိုင်ရာတာဝန် ဆောင်ဘို
့ရန်လှုံ့ ဆော်၏။ ဤသို့ လျှင် အလုပ်တစ်ခုခုလုပ်ရာ၌စေတနာ၏သတ္တိ သည် အားကြီးရကား ထိုစေတနာကိုပင် ကံ-အလုပ်ရှင်၊ အမှုသည်ဟု အသိအမှတ်ပြုရသည်။ စေတနာဟံ ဘိက္ခစေ ကမ္မံ ၀ဒါမိ- ရဟန်းတို့ စေတနာကို ကံ-ဟုငါဘုရားမိန့် တော်မူသည်။

ကံ၏သတ္တိလိုက်ပါနေပုံ


ကံသည် ကုသိုလ် အကုသိုလ်စေတနာ, စေတနာသည် စေတသိက်ဖြစ်လျှင် အခြားနာမ်တရား တို့ကဲ့သို့ ဖြစ်ပြီးလျှင် ချုပ်သွားသည် မဟုတ်လော၊ အဘယ်သို့ လိုက်ပါနေသနည်းဟု မေးဘွယ်ရှိ ၏။ အဖြေကား-ကံဟုခေါ်ဝေါ်အပ် သော စေတနာသည် ဖြစ်ပြီးလျှင် ချက်ခြင်းချုပ်သော်လည်း ကံ၏သတ္တိကားကျန်ရစ်၏။ထိုကျန်ရစ်သောသတ္တိ သည် အကျိုးပေးဘို့ ရန် အစွမ်းမကုန်သေး သမျှ အမြဲလိုက်ပါ၍နေသည်။

ထင်ရှားစေအံ့- လူတစ်ယောက်သည် ကလေးဘ၀၌သူငယ်တန်း မှစ၍ ပညာသင်၏။ ထိုသူငယ်သည် အတန်းအဆင့်ဆင့်တက်၍ နောက်ဆုံးအတန်း ထိအောင် သင်၏။ ထိုသူငယ်၏ ရှေးရှေးအတန်း၌ သင်ခဲ့သောစာတွေသည် တချို့ မှာသူ့ ကိုယ်တိုင် သတိ မရ သော်လည်းသင်ယူအပ်ပြီးသောပညာ၏အသိဥာဏ်သတ္တိကားသူ၏သန္တာန်၌လိုက်ပါနေသည်သာ။ထိုကြောင့်တတန်းထက်တတန်း
တက်ရာ၌ အသိဥာဏ်လည်း အဆင့်ဆင့်ကြီး ထွားလျက်လာလေသည်။ ထို့ အတူကံတရားသည် ဖြစ်ပြီးချုပ်သွားသော်လည်း
ထိုကံ၏ သတ္တိ ကား ကံပြုသူ၏သန္တာန်၌ ကျန်ရှိရစ်သည်သာ။ ထို့ ကြောင့်အကြောင်းညီညွတ်သောအခါ ထိုသူ၏ ကံသည် ထိုသူ၏ သန္တာန်မှာ အကျိုးကို ဖြစ်စေရသည်။

ဥပမာတနည်းကား

လူတစ်ယောက်အား ငယ်စဉ်ကကျန်းမာရေးဆေးအစာတို့ ကို လူကြီးများကဂရုစိုက်၍ကျွေး၏။ထိုဆေးထိုအစာ တို့ သည် စားပြီး၍ ရက်အနည်းငယ်ကြာလျှင် ၀မ်းထည်း၌ ကုန်သွားသော် လည်း ထိုဆေးထိုအစာ၏ကျန်းမာစေ နိုင်သော သတ္တိမှာ ထိုသူ၏သန္တာန်၌ ကျန်ရှိရစ်၏။ ထို့  ကြောင့်ထိုသူသည် နောင်အခါ၌ ကျန်းမာသူဖြစ်ရ၏။ ငယ်ရွယ်စဉ်က အပျော်အပါးလိုက်စားသူ သေရည်အရက်ကို အလွန်အကျွံသောက်စားသူလည်းထိုပျော်ပါးသောက်စားမှုတို၏မကောင်းသတ္တိသည်ကျန်ရှိရစ်သောကြောင့်နောင်အခါမကျန်းမာ
သူဖြစ်ရ၏။ ထို့ အတူကံ တရားတို့  သည်လည်း သတ္တိမကုန်သမျှ ထိုသူအား ကုသိုလ်ကံသည် ကောင်းကျိုးပေး၍ အကုသိုလ်ကံ
ကလည်း မကောင်းကျိုးပေးလေတော့သည်။
[ yawcommunity ]
http://www.yawcommunity.com/2008_08_01_archive.html
စိတ်နှလုံးချမ်းမြေ့ပါစေ
ရင်းနှီးလျှက်
ရောင်နီ၀၇
Reply all
Reply to author
Forward
0 new messages