ကျွန်”,ပီယဆေး(လူတိုင်းချစ်ခင်လာစေနိုင်သောပိယဆေးကောင်း), အဆိုးထဲမှကောင်းကွက်လေးတွေရှာကြည့်ကြရအောင်, နိုင်ငံတွေရဲ့အမည်မှာလျှို့ဝှက်ချက်လေးတွေရှိကြပါတယ်(ဖတ်ကြ, သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာဒီလိုလူမျိုးတွေကိုခေါ်တာပါ, I LOVE YOU ဆိုတာကိုနိုင်ငံတကာမှာဘယ်လု

111 views
Skip to first unread message

Yhal Htet Aung

unread,
Sep 6, 2009, 10:25:54 PM9/6/09
to
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွနတော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

http://kaungkinko.myanmarbloggers.org/ မှကူးယူဖော်ပြပါသည်။






[သူငယ်ချင်းများအတွက်အစွမ်းထက်တဲ့ပိယဆေးကောင်းတလက် လက်ဆောင်အဖြစ်ပေးလိုက်ပါသည်။
အာလုံးလိုက်နာကျင့်သုံးလျှင်အမှန်ပင်အစွမ်းထက်သည့်ဆေးစွမ်းကောင်းဖြစ်ပါသည်။]


ပီယဆေး

ရဟန္တာကို ဖူးချင်ရင် အရှင်ဘုရားကို သွားဖူးလို့ တပည့်တော်ရဲ့ ကိုယ်စောင့်နတ်က ညကအိပ်မက်ပေးလို့ အရှင်ဘုရားကို လာဖူးတာပါဘုရား။
ဒကာ၊ ဘုန်းကြီးက ရဟန္တာမဟုတ်သေးပါဘူး။ ပုထုဇဉ်ပဲ ရှိပါသေးတယ်။
လောဘဖြစ်စရာနဲ့တွေ့ရင် လောဘဖြစ်ပါသေးတယ်။ ဒေါသဖြစ်စရာနဲ့တွေ့ရင် ဒေါသဖြစ်ပါသေးတယ်။

ဒကာက ပုလိပ်မြို့က ဖြစ်ပါ၏။ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသအား ထိုဒကာက မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ လာရောက် လျှောက်ထားသဖြင့် ဆရာတော်ကြီးက အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်ပါ၏။
ဆရာတော်ကြီး၏ ထိုစကားကို ကြားရသည့်အခါ ဆရာတော်ကြီး ဟောထားသည့်တရား တိပ်ခွေတခွေထဲမှ စကားလေးတခွန်းကို သတိရလာမိပါ၏။ ထိုစကားလေးကား-
ဖြောင့်ဖြောင့်သွားရင် မြန်မြန် ရောက်တယ်-ဟူ၍ ဖြစ်ပါ၏။

ဆရာတော်ကြီးသည် သံဃာ့ဂုဏ်တော် ကိုးပါး ထဲမှ ဥဇုပ္ပဋိပန္နဂုဏ်တော်၏ အဓိပ္ပါယ်ကို ရှင်းပြရင်း ထိုစကားလေးကို မိန့်ကြားခဲ့ပါ၏။ ဘုရားတပည့် အရိယာ သံဃာတော်တို့သည် ကိုယ် နှုတ် စိတ်ထားတို့၌ အကောက်အကွေ့ ကင်းအောင် ဖြောင့်မှန်စွာကျင့်တော်မူကြပါပေ၏။ ဤဂုဏ်သည် ဥဇုပ္ပဋိပန္နဂုဏ် ဖြစ်ပါ၏။ နိဗ္ဗာန်ခရီးကို သွားကြသူတို့သည် ဖြောင့်ဖြောင့်သွားမှသာ မြန်မြန် ရောက်နိုင်ကြပါ၏။ ကွေ့ကွေ့ ကောက်ကောက် သွားလျှင် နိဗ္ဗာန်နှင့် ဝေးလျက်သာ ရှိနေကြပါ၏။

မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် ပုထုဇဉ်သာဖြစ်ပါသေး၏။ အရိယာ မဟုတ်သေးပါ။ အရိယာ မဟုတ်သေးသော ဆရာတော်ကြီးသည်ပင် ရိုးသားဖြောင့်မှန်မှုဂုဏ်နှင့် ပြည့်စုံနေပါ၏. ရိုးသားဖြောင့်မှန်မှုဂုဏ်သည် အလွန်ကြည်ညို လေးစားစရာကောင်းသော ဂုဏ်ဖြစ်ပါ၏။ ရိုးသားဖြောင့်မှန်မှု ဂုဏ်သည် မြင့်မြတ်သူတို့၏ နှလုံးသား၌သာ တည်ရှိပါ၏။ ယုတ်နိမ့်သူတို့၏ နှလုံးသား၌ မတည်ရှိပါ။

ရိုးသားဖြောင့်မှန်မှုသည် ဘ၀ကို ထွန်းလင်းစေနိုင်ပါ၏။ တောက်ပစေနိုင်ပါ၏။ တင့်တယ်စေနိုင်ပါ၏။ အသရေ ရှိစေနိုင်ပါပေ၏။ လှပစေနိုင်ပါ၏။
ကွေ့ကောက်မှုသည်ကား ဘ၀ကို မှောင်စေနိုင်ပါ၏။ မှေးမှိန်စေနိုင်ပါ၏။ သိက္ခာကျစေနိုင်ပါ၏။ အသရေ ပျက်စေနိုင်ပါ၏။ အကျည်းတန်စေနိုင်ပါ၏။

ရိုးသားဖြောင့်မှန်မှုကို လူတိုင်း မြတ်နိုး၏။ တန်ဖိုးထား၏။ ကွေ့ကောက်မှုကိုကား လူတိုင်း ရွံ၏။ မုန်း၏။ အလိုမရှိပါ။
ရိုးသားဖြောင့်မှန်မှုသည် လောကအတွက် ဆေးဖြစ်၏။ ကွေ့ကောက်မှုသည် လောကအတွက် အဆိပ်ဖြစ်၏။ လူသားတို့သည် အဆိပ်ကို ကြောက်ကြ၏။ ဆေးကိုကား ကြိုက်ကြ၏။

ရိုးသားဖြောင့်မတ်မှုကင်းသော ရုပ်အလှသည် ဆွဲဆောင်အား မရှိ။
ရိုးသားဖြောင့်မတ်မှုကင်းသော ပစ္စည်းကြွယ်ဝမှုသည် စိတ်ချမ်းသာမှု မကြွယ်ဝ။
ရိုးသားဖြောင့်မတ်မှုကင်းသော ပညာတတ်မှုသည် အဆိပ်လူးသော မြားနှင့်တူ၏။
ရိုးသားဖြောင့်မတ်မှုကင်းသော အောင်မြင်မှုသည် အခြေခံအုတ်မြစ် မကောင်းသော အဆောက်အအုံသဖွယ် ဖြစ်၏။

ရုပ်လည်း မလှ၊ ပစ္စည်းလည်း မရှိ၊ ပညာလည်း မတတ်၊ သို့သော် ရိုးသားဖြောင့်မှန်၏။ ထိုကဲ့သို့သော လူမျိုးကို လူတို့အလိုရှိကြ၏။
ရုပ်လည်း လှ၏၊ ပစ္စည်းလည်း ချမ်းသာ၏၊ ပညာလည်း တတ်၏၊ သို့သော် ကောက်ကျစ်၏။ ကောက်ကွေ့၏။ ထိုကဲ့သို့သော လူမျိုးကို လူတို့ အလိုမရှိကြပါ။

ရုပ်ရည် ပစ္စည်းဥစ္စာ ပညာတတ်မှုတို့ထက် ရိုးသားဖြောင့်မှန်မှုသည် ပို၍တန်ဖိုးရှိ၏။
ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမကုန်-ဟူသော မြန်မာစကားပုံသည် ရိုးသားဖြောင့်မှန်မှုဂုဏ်ကို ဖော်ကျူးထားဖြင်း ဖြစ်ပါ၏။ ရိုးသားဖြောင့်မှန်မှု၏ တန်ဖိုးကို ထုတ်ပြထားပါ၏။

မရိုးသား မဖြောင့်မှန်သူတို့သည် ကိုယ်မရှိသောဂုဏ်တို့ကို ရှိဟန်ဆောင်၍ ပြကြ၏။ ကိုယ့်မှာရှိသောအပြစ်တို့ကို ဖုံးကွယ်ကြ၏။
ရိုးသားဖြောင့်မှန်သူတို့ကား ကိုယ့်မှာ မရှိသောဂုဏ်တို့ကို ရှိဟန်ဆောင်၍ မပြကြပါ။ ကိုယ့်မှာရှိသော အပြစ်တို့ကို မဖုံးကွယ်ကြပါ။

မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် သူ့မှာမရှိသောဂုဏ်ကို ရှိဟန်ဆောင်၍ မပြော။ သူ့မှာရှိသော အပြစ်ကိုလည်း မဖုံးကွယ်ပါ။ ရိုးသားပါ၏။ ဖြောင့်မတ်ပါ၏။ ဖြောင့်စင်းပါ၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ရိုးသားမှု၊ ဖြောင့်မှန်မှု၊ ဖြောင့်မတ်မှု၊ ဖြောင့်စင်းမှု တို့သည် သူ့ဘ၀ကို ထွန်းလင်းစေကြပါ၏။ တောက်ပစေကြပါ၏။ တင့်တယ်စေကြပါ၏။ အသရေ ရှိစေကြပါ၏။ လှပစေကြပါ၏။

ကိုယ့်ဘ၀ကို ထွန်းလင်းစေလိုသူတိုင်း တောင်ပစေလိုသူတိုင်း တင့်တယ်စေလိုသူတိုင်း အသရေရှိစေလိုသူတိုင်း လှပစေလိုသူတိုင်း ရိုးသားကြရပါမည်။ ဖြောင့်မှန်ကြရပါမည်။ ဖြောင့်မတ်ကြရပါမည်။ ဖြောင့်စင်းကြရပါမည်။
ရိုးသားသူ ဖြောင့်မှန်သူ ဖြောင့်မတ်သူ ဖြောင့်စင်းသူကို လူတို့အားကိုးကြ၏။ လေးစားကြ၏။ ချစ်ခင်ကြ၏။
ကောက်ကွေ့သူကိုကား ဘယ်သူမှ အားမကိုးချင်၊ မလေးစားချင်ကြပါ။ ရိုးသားဖြောင့်မှန်မှုသည် အစွမ်းထက်သော ပီယဆေး တလက် ဖြစ်ပါ၏။


ရိုးသားဖြောင့်မှန်မှုဖြင့် ကိုယ့်ဘ၀ကိုလည်း အလှဆင်ကြရပါမည်။ လောကကြီးကိုလည်း အလှဆင်ကြရပါမည်။ ရိုးသားဖြောင့်မှန်မှုဖြင့် အလှဆင်အပ်သောဘ၀သည် ထာဝရ လှပနေပါလိမ့်မည်။ လောကကြီးသည်လည်း ထာဝရ လှပနေပါလိမ့်မည်။ မိမိဘ၀ကိုရော လောကကြီးကိုပါ အလှဆင်နိုင်သော လူသားတဦး ဖြစ်အောင် ကိုယ်စီကိုယ်စီ ကြိုးစားသင့်ကြပါသည်။

( သာမဏေကျော် ) ရေးသားသည်။

http://mawluu.blogspot.com/ မှကူးယူဖော်ပြပါသည်။






အဆိုးထဲမှကောင်းကွက်လေးတွေရှာကြည့်ကြရအောင်

နေရတဲ့လူ.ဘ၀က သက်တမ်းတိုတိုလေးပါ...
စိတ်ညစ်စရာလေးတွေကြုံလာရတဲ့အခါ....ကောင်းကွက်လေးတွေပြန်ရှာပြီး
ကိုယ့်ကိုယ်ကိုယ်အားပေးကြည့်ပါလား မိတ်ဆွေ..
ခဏတာနေရတဲ့လူ.ဘ၀ကြီး...မှာပျော်ပျော်ရွှင်ရွှင်လေးနေကြည့်ကြရအောင်

ကဲဒီလိုလေးတွေးကြည့်တာပေါ့......

တစ်ညလုံးပောာက်သံထွက်နေတဲ့ ယောက်ျားနဲ. အတူတူအိပ်ရတဲ့အခါ သူပာာ
တခြားသောသူတွေနဲ့အတူမရှိပဲ ကိုယ့်ဘေးမှာတစ်ညလုံးရှိနေပါလားလို.
တွေးကြည့်လိုက်ပါ.....

ဆယ်ကျော်သက်အရွယ် ကို.ရဲ့သမီးလေး အစားအသောက်နဲ.ပတ်သက်ပြီး ဂျီကြ
နေတဲ့အခါ သူများတွေလိုလမ်းပေါ်မှာအလေမလိုက်ဘဲ
အိမ်မှာဘေးကင်းစွာရှိနေပါလားလို. တွေးကြည့်လိုက်ပါ....

အခွန်ခတွေပေးဆောင်နေရလို.စိတ်ညစ်နေတဲ့အခါ
ငါပာာအလုပ်လက်မဲ့မပာုတ်ပါလားလို. တွေးကြည့်လိုက်ပါ....

ပါတီပွဲပြီးသွားလို. ရှင်းလင်းသိမ်းဆည်းစရာတွေ
တောင်လိုပုံနေတဲ့အခါ..ငါ့ရဲ့ဘေးပတ်လည်မှာ
သူငယ်ချင်းတွေအများကြီးရှိတဲ့အတွက်...အထီးကျန်ဆန်စွာမခံစားရပါလားလို.
တွေးကြည့်လိုက်ပါ....

ကိုယ့်ရဲ့အ၀တ်အစားတချို.
ကိုယ်နဲ့မတော်တော့တဲ့အခါ...ကိုယ်ပာာဝလင်လုံလောက်စွာစားသောက်
နေရပါလားလို. တွေးကြည့်လိုက်ပါ....

ကြမ်းတိုက်စရာတွေ အိမ်သန့်ရှင်းရေးတွေလုပ်နေရလို.ပင်ပန်းနေတဲ့အခါ ငါပာာ
အိမ်တစ်လုံးပိုင်ဆိုင်နေပါလားလို. တွေးကြည့်လိုက်ပါ....

ကားပါကင်ကို အဝေးကြီးမှာသွားရပ်ရတဲ့အခါ
ငါကိုလိုအပ်တဲ့နေရာရောက်အောင်ပို.ဆောင်ပေးမဲ့
ကောင်းမွန်တဲ့ခြေထောက်တွေနဲ. ကျန်းမာတဲ့ခန္ဓာကိုယ်ရှိနေပါလားလို.
တွေးကြည့်လိုက်ပါ.....

အိမ်နီးနားပတ်ဝန်းကျင်ကဆူညံသံတွေကိုသည်းမခံနိုင်တော့တဲ့အခါ.
.ငါ့မှာအကြားအာရုံခံစားနိုင်တဲ့ကောင်းမွန်တဲ့နားတွေ၇ှိနေပါလားလို.
တွေးကြည့်လိုက်ပါ...

အ၀တ်လျှော်စရာ မီးပူတိုက်စရာတွေအများကြည့်ရှိလို. စိတ်ညစ်နေပြီလား
ကိုယ့်မှာအ၀တ်အစားလုံလုံလောက်လောက်ရှိနေပါလားလို....တွေးကြည့်လိုက်ပါ..

တစ်နေ.တာကုန်ဆုံးလုခါနီးမှာ...တစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီးပင်ပန်းနွမ်းနယ်နေတဲ့အခါ
ကိုယ်တစ်နေ.တာအလုပ်ကိုကြိုးစားစွာလုပ်ဆောင်ခဲ့ပါလားလို..တွေးကြည့်လိုက်ပါ...

နှစ်ခြိုက်စွာအိပ်မောကြနေတဲ့မနက်ခင်းမှာ ဆူညံစွာနိုးထလာတဲ့
နိုးစက်နာရီသံကြားရတဲ့အခါ
ကိုယ်ပာာယနေ.အထိအသက်ရှင်နေဆဲပါလားလို.တွေးကြည့်လိုက်ပါ....

..ကဲမိတ်ဆွေ..ပင်ပန်းနေတဲ့ ကိုယ့်စိတ်ကလေးကို ကောင်းကွက်လေးတွေ
ရှာပြိးဖြေသိပ်လိုက်ပါလား
မနက်ဖြန်များစွာပာာပျော်ရွှင်သာယာလှပါနေမှာပါ.....

ကမ္ဘာမြေကြီးကိုအကောင်းမြင်တတ်ဖို.ကြိုးစားသင်ယူနေသူတစ်ယောက်








Lovely Country
H.O.L.L.A.N.D Hope Our Love Lasts And Never Dies.
I.T.A.L.Y. I Trust And Love You.
L.I.B.Y.A. Love Is Beautiful; You Also.
F.R.A.N.C.E. Friendships Remain And Never Can End.
C.H.I.N.A. Come Here?. I Need Affection.
B.U.R.M.A. Between Us, Remember Me Always.
N.E.P.A.L. Never Ever Part As Lovers.
I.N.D.I.A. I Nearly Died In Adoration.
K.E.N.Y.A Keep Everything Nice, Yet Arousing.
C.A.N.A.D.A. Cute And Naughty Action that Developed into Attraction
K.O.R.E.A. Keep Optimistic Regardless of Every Adversity.
E.G.Y.P.T. Everything's Great, You Pretty Thing!
M.A.N.I.L.A. May All Nights Inspire Love Always.
P.E.R.U. Phorget (Forget) Everyone... Remember Us.
T.H.A.I.L.A.N.D. Totally Happy. Always In Love And Never Dull.







A - Accepts you as you are.

သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' .

သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' .

"နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you.

သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)

သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes.

သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally.

ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you.

ကူညီဖေးမသူ

I - Invites you over.

နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you.

သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart.

လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are.

ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life.

သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges.

အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support.

သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up.

ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears.

ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits.

စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you.

သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it.

သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you.

သင့်ကိုနားလည်သူ

V - Values you.

သင့်ကိုတန်ဖိုးထားသူ

W - Walks beside you.

သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand.

သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen.

သူ့စကားကိုနားမထောင်ပါက အော်တတ်သူ


Z - Zaps you back to reality.









English - I love you
Afrikaans - Ek het jou lief
Albanian - Te dua
Arabic - Ana behibak (to male)
Arabic - Ana behibek (to female)
Armenian - Yes kez sirumen
Bambara - M'bi fe
Belarusian - Ya tabe kahayu
Bengali - Ami tomake bhalo bashi
Bisaya - Nahigugma ako kanimo
Bulgarian - Obicham te
Cambodian - Soro lahn nhee ah
Cantonese Chinese - Ngo oiy ney a
Catalan - T'estimo
Cheyenne - Ne mohotatse
Chichewa - Ndimakukonda
Corsican - Ti tengu caru (to male)
Creol - Mi aime jou
Croatian - Volim te
Czech - Miluji te
Danish - Jeg Elsker Dig
Dutch - Ik hou van jou
Esperanto - Mi amas vin
Estonian - Ma armastan sind
Ethiopian - Afgreki'
Faroese - Eg elski teg
Farsi - Doset daram
Filipino - Mahal kita
Finnish - Min rakastan sinua
French - Je t'aime, Je t'adore
Gaelic - Ta gra agam ort
Georgian - Mikvarhar
German - Ich liebe dich
Greek - S'agapo
Gujarati - Hoo thunay prem karoo choo
Hiligaynon - Palangga ko ikaw
Hawaiian - Aloha wau ia oi
Hebrew - Ani ohev otah (to female)
Hebrew - Ani ohev et otha (to male)
Hiligaynon - Guina higugma ko ikaw
Hindi - Hum Tumhe Pyar Karte hae
Hmong - Kuv hlub koj
Hopi - Nu' umi unangwa'ta
Hungarian - Szeretlek
Icelandic - Eg elska tig
Ilonggo - Palangga ko ikaw
Indonesian - Saya cinta padamu
Inuit - Negligevapse
Irish - Taim i' ngra leat
Italian - Ti amo
Japanese - Aishiteru
Kannada - Naanu ninna preetisuttene
Kapampangan - Kaluguran daka
Kiswahili - Nakupenda
Korean - Sarang Heyo
Latin - Te amo
Latvian - Es tevi miilu
Lebanese - Bahibak
Lithuanian - Tave myliu
Malay - Saya cintakan mu / Aku cinta padamu
Malayalam - Njan Ninne Premikunnu
Mandarin Chinese - Wo ai ni
Mohawk - Kanbhik
Myanmar- မင်းကိုငါချစ်တယ်
Moroccan - Ana moajaba bik
Nahuatl - Ni mits neki
Navaho - Ayor anosh'ni
Norwegian - Jeg Elsker Deg
Pangasinan - Inaru Taka
Papiamento - Mi ta stimabo
Persian - Doo-set daaram
Pig Latin - Iay ovlay ouyay
Polish - Kocham Ciebie
Portuguese - Eu te amo
Romanian - Te ubesk
Russian - Ya tebya liubliu
Scot Gaelic - Tha gra\dh agam ort
Serbian - Volim te
Setswana - Ke a go rata
Sign Language - ,/,,/ (represents position of fingers when signing
'I Love You')
Sindhi - Maa tokhe pyar kendo ahyan
Sioux - Techihhila
Slovak - Lu`bim ta
Slovenian - Ljubim te
Spanish - Te quiero / Te amo
Swahili - Ninapenda wewe
Swedish - Jag lskar dig
Swiss-German - Ich lieb Di
Tagalog - Mahal kita
Taiwanese - Wa ga ei li
Tahitian - Ua Here Vau Ia Oe
Tamil - Nan unnai kathalikaraen
Telugu - Nenu ninnu premistunnanu
Thai - Chan rak khun (to male)
Thai - Phom rak khun (to female)
Turkish - Seni Seviyorum
Ukrainian - Ya tebe kahayu
Urdu - mai aap say pyaar karta hoon
Vietnamese - Anh yeu em (to female)
Vietnamese - Em yeu anh (to male)
Welsh - 'Rwy'n dy garu di
Yiddish - Ikh hob dikh lib
Yoruba - Mo ni fe e
Zulu - Ndiyathan




*****သူပြောတဲ့စကား
ငါ့ကို စော်ကား၊
စဉ်းစားတိုင်း ဒေါသပွား၊
တွေးမိတိုင်း သောကပွား။
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်
ငါ့ရင်ထဲမှာ မီးတောက်
ကြာလာတော့ စိတ်ပြေ
မေ့လိုက်တော့ သက်သာ၊
ခွင့်လွတ်တော့ ချမ်းသာ
တရားခံက......
ငါ့ ဒေါသ
ငါ့ မာန
ငါ့ အတ္တ
သူပေးတဲ့ အပူ
မယူလည်း ရသားနဲ့
နောက်များဆို မယူဖို့Publish Post
ငါ့ စိတ်ကို ဆုံးမထား။ ။*******
Reply all
Reply to author
Forward
0 new messages