Groups
Groups
Sign in
Groups
Groups
Myanmarian
Conversations
About
Send feedback
Help
Human emotion
0 views
Skip to first unread message
Yhal Htet Aung
unread,
Sep 10, 2009, 12:09:07 AM
9/10/09
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanmarian
တရုတ်လို ဘာသာပြန်ထားတဲ့ စပိန်ပုံပြင်တစ်ပုဒ်ကို ဖတ်ရပါတယ်။ စပိန်ဘာသာ
ခေါင်းစဉ်က "Los Sentimientos Humanos" ဖြစ်ပြီး အဓိပ္ပါယ်က Human emotion
ဖြစ်ပါတယ်။ မြန်မာလိုဆိုရင် "လူတွေရဲ့ ခံစားမှု၊ အာရုံ" လို့ ဘာသာပြန်ရမယ်
ထင်ပါတယ်။ ခံစားမိတဲ့စိတ်မှာ ဒေါသ၊ ပျင်းတာ၊ စိတ်ဝင်စားတာ၊ ရူးသွပ်တာ...
အစရှိတဲ့ ခံစားမှုတွေ ပါဝင်ပါတယ်။ ဖတ်ခဲ့ရတဲ့ ပုံပြင်က ဒီလိုရေးထားပါတယ်။
တစ်နေ့မှာ လူတွေရဲ့ ခံစားမှုနဲ့ အကျင့်စရိုက်တွေ စုစည်းမိကြသတဲ့။
ပျင်းရိခြင်း သုံးကြိမ်မြောက် သမ်းဝေပြီးချိန်မှာ ရူးသွပ်ခြင်း က "ကဲ...
ငါတို့ တူတူပုန်းတမ်း ကစားရအောင်" လို့ စကားစလိုက်တယ်။ စိတ်ဝင်စားခြင်းက
စိတ်ဝင်တစား မျက်လုံးလေး ပင့်ကြည့်လိုက်တယ်။ စူးစမ်းခြင်းက
"တူတူပုန်းတယ်ဆိုတာ ဘာလဲ?" လို့ သိလိုစိတ်နဲ့ မေးလိုက်တယ်။
"တူတူပုန်းဆိုတာ ကစားနည်းတစ်မျိုး" လို့ ရူးသွပ်ခြင်းက ရှင်းပြတယ်။
"ငါ မျက်စိမှိတ်ပြီး တစ်ကနေ တစ်သန်းအထိ ရေမယ်။ ဒီလိုရေတွက်နေတဲ့
အချိန်မှာ ကျန်လူတွေက ပုန်းအောင်းဖို့ နေရာရှာပြီး ပုန်းကြရမယ်။
တစ်သန်းပြည့်ခဲ့ရင် ပုန်းနေတဲ့သူတွေကို ငါလိုက်ရှာမယ်။ ပထမဆုံး
ငါရှာတွေ့တဲ့လူက ငါ့နေရာမှာ အစားဝင်ပြီး ဆက်ကစားရမယ်"
ပြင်းပျခြင်းက အပျော်လွန်ပြီး ထ,ကတော့တယ်။
ပျော်ရွှင်ခြင်းက သံသယကို သဘောပေါက်အောင် ရှင်းပြလိုက်တယ်။
ဘာကိုမှ စိတ်မဝင်စားတဲ့ မပျော်ရွှင်ခြင်းက ခုန်ပေါက် ပြေးလွှားနေခဲ့တယ်။
တစ်ချို့က ဒီကစားပွဲမှာ မပါချင်ခဲ့ကြဘူး။
စစ်မှန်ခြင်းက "ဘာဖြစ်လို့ ငါပုန်းနေရမှာလဲ? " ဆိုပြီး ဒီကစားပွဲမှာ မပါချင်ခဲ့ဘူး။
ဂုဏ်သိက္ခာက ဒီကစားနည်းဟာ ရူးမိုက်တဲ့ ကစားနည်းလို့ ထင်နေခဲ့တယ်။
(တကယ်တော့ ဒီကစားနည်းကို ကစားဖို့ သူအကြံဥာဏ် စပေးခဲ့တာ မဟုတ်လို့
သူဒီလိုထင်မြင်တာဖြစ်တယ်)
အားငယ်ခြင်းက မစွန့်စားချင်လို့ ဒီကစားနည်းထဲမှာ မပါခဲ့ဘူး။
" ၁, ၂, ၃" ရူးသွပ်ခြင်းက စရေတယ်။
ပျင်းရိခြင်းက သူ့စတိုင်လ်အတိုင်း ကျောက်ခဲတစ်လုံး အကွာအဝေးတောင်
မရွေ့လျားချင်တဲ့ အရင်ပုန်းအောင်းသူ ဖြစ်ခဲ့တယ်။
ယုံကြည်ခြင်းက မိုးပေါ်ထိ တက်ပုန်းနေခဲ့တယ်။
မနာလိုခြင်းက ကိုယ့်အားကိုယ်ကိုးပြီး ပထမရခဲ့တဲ့ အောင်မြင်ခြင်းရဲ့
နောက်မှာ ဝင်ပုန်းနေခဲ့တယ်။
ရက်ရောခြင်းက ပုန်းအောင်းဖို့နေရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့တဲ့
နေရာတွေကလည်း သူ့ သူငယ်ချင်းတွေ အတွက်ပဲ သင့်တော်တဲ့ နေရာဖြစ်ခဲ့တယ်။
မှန်တစ်ချပ်လို့ ကြည်လင်တဲ့ ရေကန်က လှပခြင်းကို ဖွက်ထားတယ်။
သစ်ခေါင်းက ရှက်ရွံ့ခြင်းအတွက် အသင့်တော်ဆုံး ပုန်းအောင်းနေရာဖြစ်ခဲ့တယ်။
လွတ်လပ်ခြင်းက လိပ်ပြာတွေနဲ့ ပျံဝဲနေခဲ့တယ်။ ဒါကြောင့် နောက်ဆုံးမှာ
ရက်ရောခြင်းက နေရောင်ခြည်အောက်မှာပဲ ရပ်နေခဲ့တယ်။
တစ်ကိုယ်ကောင်းဆန်ခြင်းက စစခြင်းမှာပဲ သူနဲ့သင့်တော်တဲ့ နေရာကို
တွေ့ထားပြီးဖြစ်တယ်။ လေဝင်လေထွက်ကောင်းပြီး သက်တော်သက်သာရှိတဲ့
နေရာမှာပေါ့။
လိမ်ညာခြင်းက ပင်လယ်အောက်အထိ ဝင်ပုန်းနေခဲ့တယ်။ (ဒါလိမ်တာ.. တကယ်တော့
သက်တန့်နောက်မှာ သူပုန်းနေတာဖြစ်တယ်) ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒက
မီးတောင်ထိပ်အထိ တက်ပုန်းနေခဲ့တယ်။
မေ့လျှော့ခြင်းကရော? မေ့သွားပြီ ! ဒါ အရေးမကြီးပါဘူး။
ရူးသွပ်ခြင်းက ၉သိန်း ၉သောင်း ၉ထောင့် ၉ရာ ၉ဆယ့်၉လို့ ရေတွက်မိချိန်အထိ
ချစ်ခြင်းမှာ ပုန်းအောင်းစရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့ခဲ့တဲ့ နေရာတိုင်း
လူရှိနှင့်နေပြီဖြစ်တယ်။ ဒါပေမယ့် နှင်းဆီပင်တစ်ပင်ကို သူသတိထားမိပြီး
အပင်အောက် သူဝင်ပုန်းလိုက်တယ်။
" တစ်သန်း! " အရေအတွက်ပြည့်တာနဲ့ ရူးသွပ်ခြင်း လူစရှာတော့တယ်။
ပထမဆုံး သူရှာတွေ့တာက ကျောက်ခဲတစ်လုံးအကွာ လောက်မှာသာ ပုန်းအောင်းနေတဲ့
ပျင်းရိခြင်းကို ဖြစ်တယ်။ အဲဒီနောက် ဘုရားသခင်နဲ့ အငြင်းပွါးနေတဲ့
ယုံကြည်ခြင်းရဲ့ အသံကို သူကြားလိုက်တယ်။ နောက် မီးတောင်ပေါ်မှာ
သွေးတိုးခုန်လှုပ်နေတဲ့ ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒတို့ကို သူတွေ့လိုက်တယ်။
ဆက်ပြီး မနာလိုခြင်းကို သူတွေ့ပြန်တယ်။ မနာလိုခြင်းရဲ့ရှေ့က
အောင်မြင်ခြင်းကိုလည်း တွေ့လိုက်တယ်။
ရူးသွပ်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းကို ရှာနေစရာတောင် မလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်ခြင်းက ပျားလပို့ထဲ
ဝင်ပုန်းနေလို့ဖြစ်တယ်။
ရူးသွပ်ခြင်းက ရှာရင်းဖွေရင်း မောပန်းလာခဲ့တယ်။ ရေလည်း ငတ်လာခဲ့တယ်။
အဲဒီလိုနဲ့ ရေကန်မှာ လှပခြင်းကို တွေ့လိုက်မိတယ်။ ဘယ်ထောင့်မှာ
ပုန်းအောင်းရမှန်းမသိတဲ့ ကန်ဘောင်ဘေးက သံသယကိုလည်း တွေ့လိုက်တယ်။
အဲဒီနောက် ကျန်တဲ့ လူတွေကိုပါ သူရှာတွေ့ခဲ့တယ်။
ဖြစ်နိုင်စွမ်းက မြက်ခင်းပေါ်မှာ၊ စိတ်ပျက်ခြင်းက တွင်းမည်းကြီးထဲမှာ၊
လိမ်ညာခြင်းက ပင်လယ်အောက်မှာ (တကယ်တော့ သက်တန့်နောက်မှာ)။
မေ့လျှော့ခြင်းက သူ့ကိုယ်သူ တူတူပုန်းတမ်း ကစားနေပါလား ဆိုတာကိုတောင်
မေ့လျှော့နေခဲ့တယ်။
နောက်ဆုံး ချစ်ခြင်းပဲ ကျန်တော့တယ်။ အပင်တိုင်းရဲ့နောက်၊ ဂြိုလ်တိုင်းရဲ့
ကြားနေရာမှာ ချစ်ခြင်းကို ရူးသွပ်ခြင်း လိုက်ရှာခဲ့တယ်။
တောင်တွေပေါ်မှာလည်း ချစ်ခြင်းကို ရှာမတွေ့ခဲ့ဘူး။ ရူးသွပ်ခြင်း ဆက်မရှာဘဲ
လက်လွတ်ဖို့ကြံတုန်း နှင်းဆီပင်နဲ့ နှင်းဆီပန်းကို တွေ့လိုက်မိတယ်။
နှင်းဆီပင်ကိုကိုင်ပြီး သူလှုပ်ခါကြည့်တော့ နာကျင်တဲ့ အော်သံတစ်ခုကို
သူကြားလိုက်တယ်။ ချစ်ခြင်းရဲ့မျက်စိကို နှင်းဆီဆူး စူးသွားလို့ဖြစ်တယ်။
သူ့ကြောင့်ဖြစ်ရတဲ့အတွက် ရူးသွပ်ခြင်းက ငိုယိုပြီး ချစ်ခြင်းကို
ခွင့်လွတ်ဖို့ တောင်းပန်တယ်။ မျက်မမြင်ချစ်ခြင်းကို တစ်သက်လုံး
လမ်းပြတွဲခေါ်သူအဖြစ် လုပ်သွားပါ့မယ်လို့လည်း ဂတိပေးခဲ့တယ်။
အဲဒီလိုနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ခံစားချက်တွေရဲ့ တူတူပုန်းတမ်း
ကစားပြီးနောက် ချစ်ခြင်းဟာ မျက်စိကွယ်သွားခဲ့တယ်။ အဲဒီနောက်
ချစ်ခြင်းနောက်မှာ ရူးသွပ်ခြင်းက အမြဲ ကပ်လိုက်နေခဲ့တော့တယ်။
အချစ်မှာ မျက်စိမရှိပါ။ အချစ်ကြောင့် ရူးသွပ်သွားတယ်။ ရူးရူးမူးမူး
ချစ်မိတယ်.. စတာတွေက ဒီပုံပြင်နဲ့များ ဆက်နွယ်နေလား မသိ :D
Reply all
Reply to author
Forward
0 new messages