Groups
Groups
Sign in
Groups
Groups
Myanmarian
Conversations
About
Send feedback
Help
အတ္တလွတ်မြောက်ရာနယ်မြေ
7 views
Skip to first unread message
Yhal Htet Aung
unread,
Sep 10, 2009, 12:20:15 AM
9/10/09
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to myanmarian
အတ္တလွတ်မြောက်ရာနယ်မြေ
သူငယ်ချင်း
မင်းတွေးထင်ကြည့်
တို့ငယ်စဉ်ကသင်အံရသည်
အနန္ဒသူရိယ
ရေးဖွဲ့အပ်သည့် သံဝေဂလင်္ကာ
ကြားယောင်လာပြီး
စိတ်မှာစွဲငြိ
သတိသမ္ပဇဉ်အတွေးဝင်ခဲ့
ရွှေအိမ်နန်းနှင့်ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
စည်းစိမ်မကွာမင်းချမ်းသာကား
သမုဒ္ဒရာထက်
ခဏတက်သည့်ရေပွက်ပမာ
တစ်သက်လျာတည်းတဲ့
သူငယ်ချင်း
မတည်ငြိမ်ခြင်းမမြဲခြင်းကို
ရင်တွင်းငြိအောင်
သတိဆောင်ဖို့
ပုံဆောင်ညွှန်ကြား
သည်စာသားကိုမင်းလည်းနားလည်
ငါနားလည်ခဲ့
သူငယ်ချင်း
မင်းမြင်အောင်ကြည့်
အပုပ်ကောင်ကရုပ်ဆောင်ပြပြီး
ဟုတ်လှပြီထင်
လူ့ဘ၀င်ကို
ဆင်ခြင်တုံဘိ
ပညာရှိသည်သတိနှင့်ယှဉ်
ဥာဏ်ဖြင့်မြင်လော့
လူနှင့်လူချင်း
ပေါင်းဖေါ်ခြင်းတွင်
ရင်တွင်းမေတ္တာဂရုဏာထား
ဆက်ဆံငြားမှ
အများလူတွင် ဘ၀င်ငြိမ်းချမ်း
ရွှင်ကြည်လန်းလိမ့်
နိမ့်လျှင်လှံစိုက်
မြှင့်လျှင်ကြိုက်သည့်
စရိုက်ဥာဉ်ဆိုးရိုက်ပယ်ချိုးပြီး
ကိုယ်ကျိုးစွန့်ကာလက်တွဲပါမှ
သာယာရွှေပြည်
ရောက်လေမည်မှာ
မလွှဲပါတည်း
(နန်း)
( ၁၇.၈.၂၀၀၉. )
Reply all
Reply to author
Forward
0 new messages