Special ( what is the attitude ?)....

1 view
Skip to first unread message

Yhal Htet Aung

unread,
Sep 10, 2009, 12:08:34 AM9/10/09
to myanmarian
သဘောထား..ဆိုတာဘာလဲ....

သူငယ်ချင်းတို့ရေ...

   တစ်ခါကပေါ့...။
    ပြင်သစ်နိုင်ငံရဲ့ အကျဉ်းထောင်ထဲရှိ သေဒဏ်ပေးရာ ဌာနမှာ....
အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားကို သေဒဏ်ပေးဖို့ အလုပ်ရှုပ်နေကြတယ်..။
အကျဉ်းသားနာမည်က “ ပိတိ ” (Pitti)ဆိုသူ.....။
လူပေါင်း (၁၁) ယောက်ကို စိတ္တဇ ဆန်ဆန် ပက်လက်လှန် ၊ ခြေလက် တုပ်နှောင်ပြီး၊
ပါးစပ်ကို အ၀တ်ဆို့ လည်ပင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် လှီးပြီး
သတ်ခဲ့တဲ့ သူ....။
     အဲ..ကံဆိုးချင်တော့ (၁၁) ယောက်မြောက်မှာ....
သူလည်ပင်းကို လှီးပြီး သွေးတွေထွက်နေတာ သူထိုင်ကြည့်နေတုန်း..၊ သူ့ဆီကို
ဖုန်းလာတယ်..။
သူ ဖုန်းသွားကိုင်နေစဉ်...နှစ်ကြာ
လာပြီဖြစ်တဲ့ လက်ကိုချည်ထားတဲ့ လက်ပတ်က
ရုန်းရင်ပြတ်သွား
တယ်..။ သူ ထွက်ပြေးတဲ့ ကောင်မလေးကို နောက်ကိုလိုက်ပေမဲ့ လမ်းမပေါ်အရောက်
လူတွေ ၀ိုင်းအုံလာတာနဲ့ သူမတတ်နိုင်တော့...။
     ဒီလိုနဲ့ပဲ ...သူအဖမ်းခံရတယ်..။
 ထွက်ပြေးတဲ့ ကောင်မလေးကတော့ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး သေသွားတယ်..။
ဒါနဲ့ သူ့ကို တရားရုံးတင်တော့ သူ ပြုံးပြုံးပါပဲ..။
ဘာမှ အပြစ်မရှိတဲ့ သူတွေကို လည်ပင်းကိုလှီးပြီး သွေးတွေကျနေတာကို
ထိုင်ကြည့်ချင်တာ တစ်ခုတည်းနဲ့ လူပေါင်း (၁၁) ယောက်ကို သူ သတ်ခဲ့တယ်လို့
ဝန်ခံလိုက်တယ်..။
      အလောင်းတွေကတော့ သူ့အိမ်က သံမံသလင်းအောက်မှာ ရှိတယ်လို့ပြောလိုက်တယ်..။
ဒါနဲ့ သူ သေဒဏ်ကျခံရတယ်..။
ပြင်သစ် ဥပဒေအရ “ ဒဏ်ပြန်သေဒဏ်” တဲ့..။
ဒါကြောင့် တရာရုံးက သူ့ကို သူ လူ (၁၁) ယောက်ကို သတ်သလို....
 “ လည်ပင်းကိုလှီး၍ သွေးထွက်လွန်ပြီး သေစေ ”..တဲ့..။
ဒါကတော့ “ ပိတိ ” ကို တရားသူကြီးက အမိန့်ချမှတ်တာ ...။
ခု....သူ့ကို သေဒဏ်ချမှတ်ပေးဖို့ စီစဉ်နေတယ်..။
ဒါကတော့ “ ပိတိ ” သိသမျှ....။
     တကယ်တော့......
ပြင်သစ်နိုင်ငံ ၇ဲ့ စိတ်ပညာရှင်တွေဟာ သူတို့ စိတ်ပညာအရ “ Attitude
”ကိုလေ့လာနေကြတယ်..။

သူတို့က လုတွေမှာ အရေးအကြီးဆုံးက “ Attitude” ဆိုတဲ့ “သဘောထား”
ပြဿနာလို့ ယူဆကြတယ်..။
သဘောထားပြဿနာကိုဖြေရှင်းနိုင်ရင် အရာရာ အောင်မြင်ပါတယ်..။
သူတို့ သီအိုရီ ပိုင်းအရ အကြိမ်ကြိမ်စမ်းသပ်တယ်..။
လက်တွေပိုင်းအရ အသေးစိတ်စမ်းသပ်တယ်...။
ခုတော့ လူ့အသက်နဲ့ သူတို့ စမ်းသပ်ဖို့ စီစဉ်နေတာပါ..။
     လူ့အသက်နဲ့ စမ်းသပ်မှုအရ သူတို့ဒီလူကို အခွင့်အရေးပေးထားပါတယ်.။
သူတို့ စမ်းသပ်မှု အောင်မြင်သည်ဖြစ်စေ..၊ ရှုံးနိမ့်သည်ဖြစ်စေ စမ်းသပ်ခံ
လူကို သေဒဏ်မှ ကင်းလွတ်ပြီး ထောင်ဒဏ် တသက်တကျွန်းသို့
ပြောင်းရွေ့ပေးမည်ဟု သူတို့ အားလုံးသဘောတူ ပြီးသားပါ..။
ဒါပေမဲ့ ..သူတို့ စမ်းသပ်သော အစီအစဉ်ကို “ ပိတိ ”ကတော့ မသိပေ..။
    ယခု သူတို့ “ပိတိ”  မြင်အောင် ပြင်ဆင်နေသည်..။
လည်ပင်းကိုလှီးပြီး အသတ်ခံရမည်ဟု သိထားသော “ပိတိ”ရှေ့တွင်
လည်ပင်းကိုလှီးရန် ဓားအမျိုးမျိုး ၊
အောက်မှ သွေးခံရန် စတီးဇလုံ ၊ “ပိတိ” လည်ပင်းကို လှီးမည့်ဆရာဝန် ၃ ယောက်
၊ အချိန်ကျတော့
“ ပိတိ ” ရှေ့မှာခရစ်ယာန်ဘုန်းကြီးက သမ္မာကျမ်းစာ လာရွတ်တယ်...။
နောက်တော့ “ ပိတိ ”ကို ပက်လက်လှန်လိုက်တယ်..။
ခေါင်းကို အ၀တ်မည်းကြီးကြီးစွပ်လိုက်တယ်..။
လက်တွေ ၊ ခြေတွေ ၊ဦးခေါင်းကို တုပ်နှောင်လိုက်တယ်..။
နောက်အချိန်ကျပြီ ဆိုတဲ့ ပြောသံ “ပိတိ”ကြားအပြီးမှာ သူ့လည်ပင်းကို ဆရာဝန်တွေက
နာတယ်ဆိုရုံလေး အပေါ်ယံ အရည်ပြားလောက်ကို ၀ိုက်လှီးလိုက်တယ်..။
သွေးက စို့တယ်ဆိုရုံလေးထွက်တာပါ..။
ဒါပေမဲ့ “ ပိတိ ” က မမြင်ရဘူးလေ..။
       “ ပိတိ ” ရဲ့လည်ပင်းဘေးနားမှာ ဆရာဝန်တွေက အသင့်ပြင်ထားပြီး
ပလာစတာနဲ့ ကပ်ထားတဲ့
ပိုက်ပျော့လေးနှစ်ခုကနေ တစ်ဖက်တစ်ချက်က ရေတွေ “ပိတိ” လည်ပင်းပေါ်ကို
ဖွင့်ပြီး တသွင်သွင် စီးဆင်း
စေလိုက်တယ်..။
“ပိတိ” အထင်ကတော့ သူ့လည်ပင်းက သွေးတွေ တသွင်သွင်စီးနေပြီလို့ထင်နေတာပေါ့..။

       ဒါနဲ့........
၁၅ မိနစ် .................ဒီအတိုင်းပါပဲ...။
၄၅ မိနစ်ကြာလာတော့......“ပိတိ” ခန္တာကိုယ် တဆက်ဆက်တုန်နေတယ်..။
(သူ လည်ပင်းလှီးခဲ့တဲ့ လူတွေဖြစ်တဲ့ အတိုင်းပေါ့..။)
၁ နာရီကျော်လာတော့ ......“ပိတိ” ခန္တာကိုယ်က ဆက်ခနဲ့ ဆက်ခနဲ့ ဖြစ်ဖြစ်သွားတယ်..။
ဒီလိုနဲ့.....
၂ နာရီလောက်မှာတော့ “ပိတိ” ခန္တာကိုယ်က မလှုပ်ရှားတော့ပဲ ငြိမ်သက်သွားခဲ့တယ်..။
ဒီအချိန်အထိ “ပိတိ” လည်ပင်းက သွေးတစ်စက်တောင်မှ အောက်မှခံထားတဲ့
စတီးဇလုံထဲသို့ မကျပါ..။
စို့နေတဲ့ သွေးတွေတောင်မှ ခြောက်နေပါပြီ..။
ဒါပေမဲ့ ဆရာဝန်တွေ စမ်းသပ်ကြည့်တော့ “ပိတိ” အသက်မရှိတော့ပါ..။
     “ပိတိ”ကတော့ သူ သတ်ခဲ့သော လူတွေ သေသလိုမျိုး သူ့အသတ်ခံရပြီလို့
တထစ်ချ ယုံကြည်မှုကြောင့်
ခန္တာကိုယ်က ဘာသွေးမှ မထွက်ပဲ သွေးထွက်လွန်တယ်ဆိုတဲ့ စိတ်ကြောင့် သေဆုံးခဲ့ရပါတယ်..။
“ပိတိ” သေဒဏ်မှ ကင်းလွတ်ခွင့်ကိုတောင်မှ မခံစားခဲ့ရပါဘူး..။

   ဒီ အဖြစ်အပျက်မှာ စိတ်ပါရဂူတွေက လူမှာ “သဘောထား”(Attitude) က အရေးအကြီးဆုံးလို့
အားလုံးက မှတ်ချက်ချခဲ့ကြပါတယ်...။






--
သူငယ်ချင်းများအားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ
Thant Syn
Reply all
Reply to author
Forward
0 new messages