ဥကိုအသက်ပေးကာကွယ်တဲ့ ရစ်မလို၊ မြီးဆံကိုအသက်ပေးစောင့်ရှောက်တဲ့
စာမရီမသားကောင်လို ၀ိနည်းစည်းကမ်းကို အသက်ပေးလိုက်နာတဲ့
အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ကိုယ်ကျင်သီလကတော့
နောင်လာနောက်သား သီလမြတ်နိုးသူတွေအတွက် စိတ်ထက်သန်စရာ အားဆေးကြီးတစ်ခွက်ပါပဲ။
ဒါတွေကြောင့်လည်း အနာထပိဏ်နတ်သားက “ သီလဂုဏ်အားဖြင့်
လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး၊ အမြတ်ဆုံးရဟန်း ၊အနှိုင်းမဲ့ရဟန်း”
လို့မြတ်စွာဘုရားရှင်ကလည်းဟုတ်မှန်ကြောင်း အတည်ပြုခဲ့တာပါ။
တစ်ခါတော့ အခန့်မသင့်လို့သက္ကင်္န်းဝတ်ပုံ မညီမညာဖြစ်နေတဲ့ အရှင်
သာရိပုတ္တရာကို ခုနှစ်နှစ်သားအရွယ်ကိုရင်လေးတစ်ပါးက ”အရှင်ဘုရား
သက္ကင်္န်းဝတ်တာ မညီပါလားလို့ လျှောက်ထားတဲ့အတွက် ချက်ချင်း ပြင်ဝတ်
ပြီး “ဒီလောက်ဆို အဆင်ပြေပါပြီလား ဆရာ” လို့ ကိုရင်လေးကိုလက်အုပ်ချီ
လျှောက်ထားခဲ့ဖူးပါတယ်။ “ဒီနေမှကိုရင်ဖြစ် ခုနှစ်နှစ်အရွယ်ကိုရင်လေးကပဲ
ဆုံးမလာပါစေ။အဲဒီ အဆုံးအမကို ဦးထိပ်တင်ခံယူပါတယ်”လို့ လည်းကျူး
ရင့်ခဲ့ပါတယ်။
လူကြီးဆုံးမတာကို လူငယ်တွေ အလွယ်တကူခံယူလေးရှိပေမယ့် လူငယ်က
အမှားပြင်ပေးတာကိုတော့လူကြီးတွေ အလွယ်တကူ ခံယူလေ့မရှိပါဘူး။ လူငယ်က
စေတနာနဲ့ အမှားပြင်ပေးတာကို“ သူနားမလည်လို့ ပြောတာပါ၊ သူမရင့်ကျက်သေးလို့
ပြောတာပါ” ဆိုပြီး ခွင့်လွှတ်သလိုလို ဘာလိုလို နဲ့ ကိုယ်အမှားကို ဇွတ်အတင်းအမှန်
လုပ်ပစ်တတတ်ကြပါတယ်။ ကိုယ့်ထက် အသက်ငယ်တဲ့ရဟန်းတော်တွေက ဘုရား
အလိုကျ အမှားပြင်ပေးတာကိုပဲစွပ်စွဲ သယောင်ယောင်၊စော်ကားသယောင်ယောင်
သတ်မှတ်ပြီးလုံးဝလက်မခံတဲ့ သက်ကြီးရွယ်အို လူဝတ်ကြောင်တွေ အများကြီးရှိ
ပါတယ်။
အရှင်အဿဇိရဲ့ တရားကိုနာပြီး သောတာပန်ဖြစ်ခဲ့ရတဲ့အတွက် အရှင်
သာရိပုတ္တရာဟာ သောတာပန်ဖြစ်တဲ့အချိန်ကစပြီး အသက်ထက်ဆုံး အိပ်တိုင်း
အိပ်တိုင်းအရှင်အဿဇိရှိရာအရပ်ကို ရည်မှန်းလက်အုပ်ချီရှိခိုးပြီးမှ အရှင်အဿဇိ
ရှိရာဘက် ကိုဦးခေါင်းထားအိပ်လေ့ရှိပါတယ်။
လောကမှာ ဘယ်အသိတရားမဆို ဆရာနဲ့ကင်းပြီး ရရိုးထုံးစံ မရိပါဘူး။ သက်
ရှိဆရာဖြစ်ဖြစ် ၊ သက်မဲ့ဆရာဖြစ်ဖြစ် ၊ဆရာတစ်ဦးဦးရဲ့ တိုက်ရိုက်သင်ကြားပေးမှု၊
သို့မဟုတ် သွယ်ဝိုက်သင်ကြားပေးမှုကြောင့်သာ အသိတရားတွေတဖြည်းဖြည်း ရင့်
ကျလာခဲ့ရတာပါ။သံသရာဇာတ်သိမ်း ဒုက္ခငြိမ်းတဲ့အထိ အသိဥာဏ်အလင်းဖွင့်ပေးတဲ့
ဆရာဆိုရင်တော့ ကျေးဇူးအကြီးမားဆုံးဖြစ်လို့မီးပူဇော်တဲ့သူမီးကို မပြတ်တောက်
စေသလို ကျေးဇူးရှင်ဆရာကိုလည်း မပြတ်ဦးတိုက်ပူဇော်နေသင့်ပါတယ်။
ဆွမ်းခံချိန်ရောက်လို့ ရဟန်းသာမဏေတွေမြို့တွင်း ရွာတွင်း ဆွမ်းခံကြွသွားကြ
ပြီဆိုရင် အရှင်သာရိပုတ္တရာမထေရ်မြတ် ကျောင်းတိုင်းတစ်တိုက်လုံး လှည့်လည် ကြည့်
ရှုပြီး တံမြက်မလှည်းရသေးတဲ့ နေရာတွေတံမြက်လှည်း၊ ရေကုန်နေတဲ့ သောက်ရေအိုး
သုံးရေအိုးတွေရေဖြည့်၊ နေရာတကျ မထားတဲ့ခုတင်၊ကုလားထိုင်စတဲ့ အသုံးအဆောင်
ပစ္စည်းတွေ သန့်ရှင်းရေးတွေ၊ ဝေယျဝစ္စတွေတစ်ခုမကျန် လိုက်လုပ်ပြီးမှ နောက်ဆုံးဆွမ်း
ခံကြွတော်မှုပါတယ်။
မြတ်စွာဘုရားနဲ့အတူ ရဟန်းသံဃာတော်တွေခရီးဒေသစာရီ ကြွချီတော်မှုကြ
တဲ့အခါတိုင်းမှာလည်း“ငါဘုရားလက်ျာရံပဲ” ဆိုပြီ ရှေ့ဆုံးကနေ ဘုရားနားကပ်မလိုက်ဘဲ
သံဃာပရိသတ်နောက်ပိုင်းကနေ ဖြေးဖြေးနှေးနှေး လိုက်ပါလာကြတဲ့ နာမကျန်းရဟန်း
တွေ၊ သက်ကြီးရွယ်အိုရဟန်းတွေကို လိုအပ်တာ ကူညီစောင့်ရှောက်ပေးရင်သံဃာပရိသတ်
နောက်ဆုံးကနေ၊အရှင်သာရိပုတ္တရာလိုက်ပါတော်မှုပါတယ်။
သားကြီုး၊ တပည့်ကြီးတို့ဆိုတာ မိဘတို့၊ ဆရာသမားတို့ရဲ့ လက်လွှဲရအောင်
အားကိုးထိုက်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်သင့်ပါတယ်။ ခေါင်းဆောင်ကောင်း ပီသ
ဖို့ဆိုတာကလည်း အမိန့်ပေးနေရုံ၊ လမ်းညွန်နေရုံနဲ့ မပြီးဘဲ ကိုယ်ကိုယ်တိုင်လုပ်သင့်တဲ့
အလုပ်တွေကို လူမြင်ရာရှေ့နားကဖြစ်ဖြစ်၊ လူကွယ်ရာ နောက်နားကဖြစ်ဖြစ်စေတနာပါပါ
မေတ္တာပြည့်ပြည့်နဲ့ စေ့စေ့စပ်စပ် လုပ်ဆောင်သွားတတ်ဖို့ အထူးလိုအပ်ပါသည်။
တစ်ခါတော့ မြို့တွင်း ခေတ္တကြွနေတဲ့ ရဟန်းငယ်တစ်ပါးရဲ့ မုန့်ဝေစုကို အဲဒီရဟန်း
ငယ် နေအတော်ကြီးမြင့်တဲ့အထိ ကျောင်းပြန်ရောက်မလာတဲ့အတွက် မုန့်ဝေစုယူထားတဲ့
ရဟန်းတော်တွေက အရှင်သာရိပုတ္တရာကိုဆက်ကပ်လိုက်ကြပါတယ်။အရှင်သာရိပုတ္တရာ
ဘုဉ်းပေးပြီးတဲ့အချိန်မှာပဲ အဲဒီ ရဟန်းငယ်ကျောင်းပြန်ရောက်လာပါတယ်။
*☆ဤ Myanmarian Group တွင်* *
နိုင်ငံရေးနှင့်ပတ်သတ်သောစာများ
လုံးဝရေးသားခြင်းခွင့်မပြု။နိုင်ငံရေးနှင့်ပတ်သတ်သော
ဓါတ်ပုံများ၊ရုပ်ပြောင်ကာတွန်းများ၊ဆွေးနွေးချက်များတင်ခွင့်မပြုပါ။
ဘာသာရေးနှင့်ပတ်သက်သော ပုတ်ခတ်ရေးသားမှုမျိုးမပြုရ။
COMMENT များတွင်နိုင်ငံရေးနှင့်ပတ်သတ်သော
ပို့ စ်သဖွယ်အရေးအသားမျိုး၊ရုပ်ပြောင်၊ကာတွန်း၊ဓါတ်ပုံများမပေးရ။
( လိုအပ်ပါက စည်းကမ်းများကို ထပ်မံဖြည့်စွက်ပါမည် )*
☆ဝေဖန်အကြံပြုပါ၊မေးမြန်းပါ။
စည်ကမ်းချက်များနှင့်မသင့်လျှော်သည့် ကိစ္စရပ်များကို ဤစာမျက်နှာတွင် Comment
ရေးခြင်းဖြင့်
ဝေဖန်အကြံပြုနိုင်ပါသည်။မေးမြန်းနိုင်ပါသည်။ကြိုးစားကူညီဖြေရှင်းပေးပါမည်။
You received this message because you are subscribed to the Google
Groups "Myanmarian" group.
To post to this group, send email to
myanm...@googlegroups.com
To unsubscribe from this group, send email to
mya
nmarian+unsubscribe@googlegrou
ps.comFor more options, visit this group at
http://groups.google.com/group/myanmarian?hl=en