မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊
မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက် တလိုက် satellite ဓါတ်ပုံထဲမှာ
စိတ်ဝင်စားဖွယ်ရာ နေရာ (site) တခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင်
ကွန်တို (ခေါ်) လှေခါးထစ်သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော
သတ္တုတွင်း (contour strip mine) ကို မြင်နေရ သည်။
တောင်ကုန်းတောင်တန်းအတွင်းရှိ မြေအောက်သတ္တုကြောကိုထိအောင်
အပေါ်ယံမြေသားကို လှန်ထပ် ဖယ်ရှား ကာ မြေပြင်ကို လှေခါးထစ်အဖြစ်
ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချ
ပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို ဖဲ့ခြစ်ထုတ်ပြီးသောအခါ
တောင်ကြောတခုလုံးတွင် လှေခါးထစ် သဏ္ဌာန် မြေပြင်မှာ ကျန်နေခဲ့သည်။
(ဓါတ်ပုံ – ၁)
ပူးတွဲပါ ဓါတ်ပုံတွင် ကားလမ်းများကို တောင်ကမ်းပါးရံ တလျှောက်
လှေခါးထစ်ပုံ ဖေါက်ထားသည်ကို မြင်နိုင်သည်။ အ ချို့လမ်းများ၌ လော်လီကား၊
ထရပ်ကားများတန်းစီလျက် သတ္တုတွင်းများကို တင်ဆောင် ယူသွားရန်
စောင့်နေကြပုံကို မြင်နေရသည်။ ဒေသခံ ကချင်အမျိုးသားများ၏အဆိုအရ
ဤတူးဖေါ်နေသော သတ္တုမျိုးမှာ မိုလစ်ဒီနမ် (molybdenum) ဟုဆိုပါသည်။
ဤသတ္တုများကို တရုတ်ပြည်တွင်းသို့ သယ်ဆောင် သွားကြပါသည်။
(ဓါတ်ပုံ – ၂)
Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို
ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့် နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ
(tungsten) ကိုလည်း တွဲဖက်တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို
metal သံမာများပြုလုပ်ရာ၌ “အရော” (alloys) အဖြစ် ကြိုသုံးကြသည်။
မိုလစ်ဒီနမ်မှာ အထူးတလည်ပြင်းထန်သော အ ပူဒဏ် (heat) ကို ခံနိုင်သည်။
ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံးပစ္စည်း၊ အီလက်ထရောနစ် (electronic)
ပစ္စည်း ပြုလုပ်ရာတွင် စေ့ကပ် (contact) သည့် ပစ္စည်း၊ မော်တာစက် (motor)
စသည်တို့တွင် သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန် လပိုင်းက
ကမ္ဘာ့သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တတန်လျှင် ဒေါ်လာ ၁၀၃,၀၀၀
(တသိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ ဖူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက
မိုလစ်ဒီနမ် ဈေးမှာ တတန်လျှင် ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။
(ဓါတ်ပုံ – ၃)
ဤမိုလစ်ဒီနမ် သတ္တုမိုင်းတူးဖေါ်နေသည့် နေရာမှာ တရုတ်နယ်စပ်နှင့် ကပ်လျက်
ကချင်ပြည်နယ် မြေပေါ်တွင် တည်ရှိ နေသည်။ ကချင်ပြည်နယ်တွင်းရှိ
ချီဖွေမြို့၏ အရှေ့ဖက် (မျဉ်းဖြောင့်) ၂၆ မိုင်အကွာ၊ မြစ်ကြီးနားမြို့မှ
(မျဉ်းဖြောင့်) တ တန်းထည်း မိုင် ၈၀ အကွာတွင် တည်ရှိသည်။ ဒုတိယ
ကမ္ဘာစစ်ကာလ အမေရိကန် နိုင်ငံ၊Texasပြည်နယ်သား လေ ယာဉ်(ပိုင်းလော့) မှူး
ဂျင်မီဖောက်စ် (Jimmy Fox) ပျံသန်း ပျက်ကျခဲ့သည့် လေယာဉ်ပျက်ရှိရာ၊
တရုတ်-မြန်မာ နယ်စပ် နေရာမှ အနောက်ဖက်သို့ (မျဉ်းဖြောင့်) ၁၀ မိုင်အကွာ၌
ရှိသည်။ လတ္တိကျုအားဖြင့် ၂၁ံ ၅၁’ ၁၅.၃၀” (မြောက်) နှင့် လောင်ရျီကျု ၉၈
ံ ၃၂’ ၃၈.၆၁” (အရှေ့) နေရာတွင် တည်ရှိသည်။
(ဓါတ်ပုံ – ၄)
ဤမိုလစ်ဒီနမ် သတ္တုတွင်းရှိရာ ဒေသသည် တိုင်းရင်းသား ကချင်လူမျိုးများ
သွားရောက်နေထိုင်ခဲသော၊ လူနေ ကျဲပါး သောနေရာ ဖြစ်သည်။ အတွင်းသိ ဒေသခံ
အမည်မဖေါ်လိုသော ကချင်မိတ်ဆွေများ၏ အဆိုအရ ထိုသတ္တုတွင်း၌ တ ရုတ
အုပ်စုများက တူးဖေါ်နေကြပြီး ဒီမိုကရက်တ တပ်မတော်သစ် (NDA — New
Democratic Army) အမည်ရှိ နယ် ခြားစောင့် ကချင်အဖွဲ့က စီမံကြီးကြပ်သည်။
ဤသတ္တုတွင်း၌ ရုရှားပညာရှင်များ (technician) များ ပါဝင်လုပ်ဆောင်ကြ
ကြောင်းလည်း ဆိုပါသည်။
ဤသတ္တုတွင်း (mine) သည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င်
စီးပွားရေး လုပ်ငန်းတခု ဖြစ်ပါသည်။ တိုင်း ပြည်အတွက် စီးပွား၊ ၀င်ငွေ
ဖြစ်စေရမည့်အစား ကိုယ့်စစ်ဘောင်းဘီအိပ်အတွင်း ကိုယ်ကျိုးယူနေကြခြင်း
ဖြစ်သည်။
ဒေသခံ ကချင်အမျိုးသားများ အဆိုအရ အချိန်အားဖြင့် ၂၀၀၅-၂၀၀၆ ခုနှစ်
ဝန်းကျင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်
(Maj-General) အုန်းမြင့်ကိုယ်တိုင် ဤသတ္တုတွင်းနေရာသို့ လာရောက်၍
ကချင်နယ်ခြားစောင့် တပ် များ၏ ခေါင်းဆောင်ကြီး ဇခုန်တိန့်ယိန်း (Zahkung
Ting Ying) နှင့် အပေးအယူလုပ်ခဲ့ကြသည်။ ဦးဇခုန်တိန့်ယိန်း ဆို သည်မှာ ၎င်း၏
ကချင်မိတ်ဟောင်းကြီးများ အဆိုအရ – ယခုအခါ လက်ညှိုးညွှန်ရာမလွှဲဆိုသကဲ့သို့
ဟိုတယ်များ၊ အိမ် များ၊ ကုမ္ပဏီများ၊ စက်ရုံများ၊ ဘိန်းခင်းများနှင့်
ခေတ်မီ ဘိန်းချက်စက်ရုံများ ပိုင်ဆိုင်သည်။ ယနေ့အချိန်တွင် ဗိုလ်ချုပ်
အုန်းမြင့်၏ မိတ်ဆွေကြီးဖြစ်သော ဦးဇခုန်တိန့်ယိန်းမှာ မြန်မာနိုင်ငံ၏
လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ် သည်။ တိုင်းမှူးကြီး
ဗိုလ်ချုပ်အုန်းမြင့် မှာလည်း (ယခင်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏
သစ္စာတော်ခံအဖြစ် ရာထူးအရပ်ရပ် တိုးခဲ့ပြီး၊ ယနေ့အခါတွင် လက်ရှိ
မြန်မာနိုင်ငံအစိုးရ၏ သမ၀ါယမ၀န်ကြီး ဦးအုန်းမြင့် ဖြစ်လာခဲ့ပေသည်။ ဤ
မိုလစ်ဒီနမ် သတ္တုတွင်းမှာလည်း တရုတ်တို့ တူးယူဆဲပင်။
တခုသာထူးခြားစွာ မြန်မာပြည်သူပြည်သားတို့ မကြာသေးမီက ကြားနာရသည်မှာ
မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေမှာ ခါလီချ၊ ကြွေးဗေလပွဖြင့်
နိုင်ငံခြားနိုင်ငံများကို ဒေါ်လာငွေ ၁၁ ဘီလီယံ (11 BillionUS$ —
သန်းပေါင်း တသောင်း တထောင်) ကျော် ကြွေးတင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအဖို့ စစ်အစိုးရအဆက်ဆက်က တရားဝင်
နိုင်ငံတကာ စီးပွားကုန်သွယ်မှုများ ပြုခဲ့သည်ကို တခါတရံ အကြမ်းဖျင်းမျှ
သိရသည် လည်း ရှိသည်၊ မသိရှိရသည်က များသည်။ အိမ်နီးချင်းနိုင်ငံ
(အထူးသဖြင့် တရုတ်ပြည်) သို့ စီးပွားကုန်သွယ်မှုပြုခြင်း၊ နိုင်ငံ
သယံဇာတများကို ဖေါဖေါသီသီဖြင့် တရားဝင် ရောင်းချကာ၊ တရားမ၀င် လက်သိပ်ထိုး
လဒ်ယူနေကြသည် ကိုလည်း နားလည်ကြပါသည်။
ယနေ့ NLD နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူအများကို ပညာပေး
နားလည်နိုင်စေရန် ယခင် စစ် အစိုးရများ ခေတ်အဆက်ဆက်က တရားဝင် နိုင်ငံတကာ
စီးပွားဆက်သွယ်မှု (trade) လုပ်ခဲ့စဉ်က မည်သည့်နိုင်ငံသို့၊ မည်သည့်
သယံဇာတများ၊ ငွေကြေးမည်မျှ တန်ဖိုး ရောင်းချခဲ့သည်များ၊ မည်သည့်နိုင်ငံ
လုပ်ငန်းဆောင်တာများ အ တွက်၊ မည်မျှတန်ဖိုးအတွက် ကြွေးအဖြစ်
ဝယ်ယူခဲ့သည်များကို လက်ရှိ (စစ်အစိုးရ မဟုတ်တော့ ဟုဆိုသော) အစိုးရ ထံမှ
ရယူ၍ ပြည်သူကို တင်ပြကြရမည့်အချိန် ဖြစ်နေပြီဖြစ်သည်။ အကြောင်းမှာ
တနိုင်ငံလုံး မွဲပြာခံနေရသည့်ကြားမှ၊ “နိုင်ငံတော်ကြွေး၊ ပြည်သူ့အကြွေး”
(national debt, public debt) အဖြစ် ပြည်သူတို့က တာဝန်ရှိနေရပြန်ပြီ
ဖြစ်သော ကြောင့်တည်း။
ယခုတော့ သမ္မတကြီး ဦးသိန်းစိန်နှင့် ခိုးသားငါးရာတို့ နိုင်ငံတကာလှည့်၍
ကြွေးများပြန်ဖျက်သိမ်းပေးရန် မျက်နှာချိုသွေး နေကြသည်ကို
ကြားမြင်သိလျက်၊ ကျဆုံးသွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများမှ
ဤတခုကို သတိရမိရစေ သည်
“ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်ရတဲ့အခါ မျက်နှာချိုသွေးရ။
ဖါသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ…”