သတိပေးရေးသားချက်
သတိပေးရေးသားချက်
ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ
သာမာန်ကျောင်းသား အရပ်သား ရန်ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး
ဒီလိုပြောတာကတော့ ရိုင်းပါတယ်။ သာမာန်ကျောင်းသားနဲ့
အရပ်သား ရန်ဖြစ်တဲ့ကိစ္စ
မဟုတ်ဘူးဆိုတော့ - သာမာန်ကျောင်းသားနဲ့ သာမာန်အရပ်သားကို နှိမ်ရာ
မကျပေဘူးလား???
ဒီလို အစွန်းမလွတ်တဲ့ စကားမပြောသင့်ပါဘူး။ သာမာန်ကျောင်းသားတွေက
ထောက်ခံလို့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဂုဏ်ရှိလာတာ မဟုတ်ဘူးလား .. ..
သာမာန် အရပ်သားတွေက ထောက်ခံလို့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ
အဓိကကျလာတာ မဟုတ်ဘူးလား .. ..
အခုတော့ သာမာန်ကျောင်းသားနဲ့ သာမာန်အရပ်သား ရန်ဖြစ်တဲ့ကိစ္စ မဟုတ်ဘူးဆိုတော့
- နှိမ်လွန်းရာ ကျပါတယ်။
တိုင်းပြည်ကို အရေးပါ အရာရောက်တဲ့ နေရာမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
ကိုယ့်ကို ကျောထောက် နောက်ခံပေးနေတဲ့ ဒီလို သာမာန်ကျောင်းသားတွေ၊ သာမာန်အရပ်သားတွေကို
နှိမ်ပေါက်နဲ့ ပြောတာကတော့ တော်တော်ဆိုးဝါးတာပဲ။ ဒါမျိုးဟာ မပြောထိုက်ပါဘူး။ ဘာဖြစ်လို့
ဒီလိုပြောရတာလဲ . .
ရှစ်လေးလုံး အရေးတော်ပုံကို ကိုယ့်ဖာသာ မွှန်းပေါ့ - မွှန်းချင်သလောက်မွှန်း
ရတယ်။ ဘာဖြစ်လို့ သာမာန်ကျောင်းသားကို နှိမ်ချင်ရတာလည်း၊ သာမာန်အရပ်သားကို နှိမ်ချင်ရတာလဲ
. . ဒါမျိုးမဟုတ်ဘူးကွဆိုတော့ ကိုယ်ကရော ဘယ်ကတက်လာတာလဲ ???
မနေ့တစ်နေ့ကမှ ထောင်ကထွက်လာပြီးတဲ့နောက် - ဒီ သာမာန်ကျောင်းသားတွေ၊
သာမာန်အရပ်သားတွေက ထောက်ခံလို့ - အခုလောက် အရေးပါ အရာရောက်ပြီး တိုင်းပြည်မှာ လူတလုံး၊
သူတလုံး ဖြစ်လာတာကို သာမာန်ကျောင်းသားနဲ့ သာမာန်အရပ်သားတွေကို နှိမ်ပေါက်နဲ့ ပြောတာက
လွန်လွန်းရာကျတယ်၊ မိုက်ရိုင်းရာကျတယ်။
ဒါမျိုးတွေ ဆက်ပြောနေမယ်ဆိုရင် ဘယ်လိုလုပ် ထောက်ခံရမှာလဲ .. ..
ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ
သတိထားပါ။
သာမာန်ကျောင်းသားကို မစော်ကားပါနဲ့
သာမာန်အရပ်သားကို မစော်ကားပါနဲ့
သူတို့ ရန်ဖြစ်ချင်လည်း ဖြစ်မှာပဲ၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါသူတို့
သဘာဝပဲ။ ဘာဖြစ်လို့ ဒါကိုထည့်ပြီး စော်ကားရတာလဲ။
ဘာဖြစ်နေတာလဲ -???
ဘဝင်မြင့်နေတာလား ???
ခြေဖျားထောက်နေတာလား ???
ရင်ကော့နေတာလား ???
ကိုယ့်ဖာသာကိုယ် အာဏာရအောင် လုပ်ချင်လုပ်ပေါ့။ ကိုယ့်ဖာသာကိုယ်
စီးပွားရေးဖြစ်အောင် လုပ်ချင်လုပ်ပေါ့။ ကိုယ်ဖာသာကိုယ် နာမည်ကြီးချင်လို့ လုပ်ချင်တာရှိလည်း
လုပ်ပေါ့။ သို့မဟုတ် ကိုယ့်ဆန္ဒအတိုင်း လုပ်ချင်တာလုပ်ပေါ့ -- -
သာမာန်ကျောင်းသားနဲ့ သာမာန်အရပ်သားကို ဒီလိုနှိမ်ပေါက်နဲ့ မပြောပါနဲ့။
နှိမ်ပေါက်ပြောလို့ရှိရင် မြန်မာပြည်ရဲ့ သာမာန်ကျောင်းသားနဲ့ သာမာန်အရပ်သားက
ပြန်လည်ပြီးတော့ တိုက်ခိုက်တုန့်ပြန် ချေမှုန်းလိမ့်မယ်ဆိုတာကိုတော့ ထည့်စဉ်းစားဖို့
ကောင်းကြောင်း သတိပေးလိုက်ပါတယ်။
ပုံ / လေးဗိုလ်သား
http://laybothar.blogspot.no/2013/08/blog-post.html