ကျွန်မသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနမှ
ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)ဖြင့် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါသည်။
ကျွန်မ၏အမည်မှာ မသင်းဟေမာစိုး(၂၈)နှစ်ဖြစ်ပါတယ်။
ကျွန်မ ၁၄-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆေးရုံကြီးအဆောင်တွင်ရှိနေစဉ် ဆွေမျိုး
နီးစပ်တော်စပ်သော မဇင်မာစိုး၊ မဇင်မင်းစိုး၊ သန်းဇော်အောင်၊
ချစ်ကိုကိုတို့မှ ဆူပါကပ်စတန်ကား (ဇ)/၈၀၇၄ ဖြင့် လာရောက်ခေါ်
ဆောင်ခဲ့ပါတယ်။ ပုဇွန်တောင်တွင် မဇင်မာစိုးနှင့် အတူ ဆံပင်ညှပ်ပြီး
တာမွေအခွန်လွတ်ဈေးရှိ မမာလာမြင့် ဆိုင်သို့သွားပြီး မဇင်မာစိုးနှင့်
မဇင်မင်းစိုးတို့ ဆင်းနေခဲ့ပါတယ်။ အခွန်လွတ်ဈေးကနေတစ်ဆင့် ကျွန်မကို
ဆေးရုံပို့ပေးမယ်ပြောပြီး မပို့တော့ဘဲ သန်းဇော်အောင်မှ ဓားထောက်ပြီး
မအော်နဲ့ဟု ပြောပြီး ခရမ်းသုံးခွဘက် ခေါ်သွားပါတယ်။
လမ်းတစ်နေရာတွင်ကားပျက်သွားသဖြင့် ဒေါ်မာလာမြင့်နှင့် စိုးအေး(ခ)ဒါဝတ်တို့
ပြန်လာ ခေါ်ပါ တယ်။ ပြန်ခေါ်လာပြီး သင်္ဃန်းကျွန်း လွတ်လပ်ရေးရပ်ကွက်မှ
အိမ်တစ်အိမ်တွင် ဗလီဆရာခေါ်ပြီး သန်းဇော်အောင်နှင့် လက်ထပ်ခိုင်းပါသည်။
ထိုစဉ်အချိန်မှာ ည ၃ နာရီခန့် ရှိပါပြီ။ လက်ထပ်ပြီးနောက်
အခွန်လွတ်ဈေးရှိ ဒါဝတ်(ခ) စိုးအေးနှင့် ဒေါ်မာလာမြင့်တို့ဆိုင်သို့
အတင်းပို့ခဲ့ပါတ်ယ်။ ဆိုင်တွင် ကျန်ခဲ့ပြီး ကျွန်မမှ သန်းဇော်အောင်အား
အမျိုးမျိုး တောင်းပန်ခဲ့ပါတယ်။ ကျွန်မမှာ နံနက်တွင် နိုင်ငံတော်မှ
ဓာတ်မှန်ရိုက်စေရန် ခိုင်းစေထားသော အလွန်အရေးကြီးပုဂ္ဂိုလ် ၄ အား
ဓာတ်မှန်ရိုက်ရန်တာဝန်ရှိပြီး ဓာတ်မှန်ခန်းသော့များလည်း ကျွန်မထံ
ပါလာသည့်အကြောင်း ပြောပြတောင်းပန်ပြီး နံနက် ၆ နာရီတွင်
ပြန်ပြေးလာခဲ့ပါတယ်။
ကျွန်မ၏အဖြစ်အပျက်များကို ဟင်္သာတရှိ မိဘများထံ
ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ မိဘများက လည်း
စိုးရိမ်ပူပန်စိတ်များဖြစ်ခဲ့ရပါတယ်။ ထိုသူများ၏ ရန်ကို
ရှောင်တိမ်းရန်အတွက် မိဘများက ခွင့်ယူပြီး ဟင်္သာတတွင်
ခေတ္တပုန်းအောင်းခိုင်းသဖြင့် မိဘများနှင့်အတူ ဟင်္သာတတွင် နေထိုင်ခဲ့ပါတယ်။
ယခုဖြစ်ရပ်ကို ဦးဆောင်စီစဉ်သူမှာ အောင်မြင့်(ခ)အီစမိုင်း (အမှတ်(၁၈)၊
၁၂၇ လမ်း၊ ၄ လွှာ သပြေ ကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။
သက်ဆိုင်ရာအာဏာပိုင်များကို သူက ရှင်းပေးမယ်ပြောပြီး
ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
သူတို့အားလုံးက ဆေးရုံကြီးတွင် ကျွန်မ လက်ထပ်ထားသော စာချုပ်အား မိတ္တူများ
လာရောက်ဖြန့် ဝေခြင်း၊ ဟင်္သာတရှိ မိဘများအိမ်ရှေ့မှ ကားဖြင့်လာရောက်
အရှက်ခွဲခြင်းများ ပြုလုပ်လာကြပါတယ်။
ဒါကြောင့် ကျွန်မလည်း လသာရဲစခန်းတွင် ၂-၁၁-၂၀၁၂ ရက်နေ့တွင်
သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ၈-၁၁-၂၀၁၂ ရက်နေ့တွင် ရဲစခန်းမှ
ခေါ်သဖြင့် သွားရောက်လက်မှတ်ထိုးခဲ့ရပါတယ်။ (ပ) ၃၄၀/၂၀၁၂၊ ပုဒ်မ ၃၆၆/၁၁၄
ဟု သိရပါတယ်။
တစ်ဖက်မှ တရားခံများကို စတင်ပြီး ခေါ်စစ်ကတည်းက ဟင်္သာတအိမ်ကို
ဖုန်းနှင့်အမျိုးမျိုးဆဲဆို ခြိမ်းခြောက်ခဲ့ကြပါတယ်။
အဲဒီကိစဖြစ်ပြီးကတည်း ကျွန်မအမေလည်း နှလုံးရောဂါဖြင့် ဆေးရုံကို
တင်ခဲ့ရပါ တယ်။ ကျွန်မမှာလည်း အရှက်တကွဲအကျိုးနည်းဖြစ်ရသဖြင့်
လုပ်ငန်းခွင်သို့ ပြန်မ၀င်ရဲသေးပါ။
ရဲစခန်းမှ တရားခံများကို စစ်ဆေးနေတဲ့အချိန်မှာပဲ ကျွန်မကို
အနှောင့်အယှက်အမျိုးမျိုးပြုလုပ်တဲ့အပြင် လူကိပါ သတ်မည်ဟု
ခြိမ်းခြောက်ပြောဆိုလာပါတယ်။
ယခုအခါ ၄င်းတို့မှာ မလေးရှားသို့ ထွက်ပြေးတိမ်းရှောင်ရန်
ကြိုးစားနေပါတယ်။ သူတို့လက်ထဲမှာ လည်း ပတ်စ်ပို့စ်များကို
အသင့်ကိုင်ဆောင်ထားပြီး ဖြစ်ပါတယ်။
ဝန်ထမ်းတစ်ယောက်အနေနှင့် ဆက်လက်တာဝန်ထမ်းဆောင်ရန်မှာလည်း အခက်အခဲများစွာ
ရှိနေတဲ့အပြင် တရားဥပဒေ၏ စိုးမိုးမှုကိုလည်း မရရှိဘဲ ကြောက်ရွံ့စွာ
ပုန်းအောင်းနေရပါတယ်။
ဒါကြောင့် ကျွန်မကို အကူအညီပေးဖို့ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
မသင်းဟေမာစိုး
၁၄/ဟသတ(နိုင်) ၂၅၀၂၈၉
ဓာတ်မှန်ကျွမ်းကျင်အဆင့်(၂)
ဆေးရုံကြီး ၀န်ထမ်းအိမ်ရာ
ကာယကံရှင် ပြောပြသော အကြောင်းအရာကို မူရင်းအတိုင်း တင်ပေးခြင်း ဖြစ်ပါတယ်။
မိုးနေ
On 11/28/12, MIN MIN CHIT <min2...@gmail.com> wrote:
> မှုခင်း မှာသွားထည်. ......
>
> 2012/11/28 Metta <mr.kryp...@gmail.com>
>
>> On Nov 28, 2012 11:00 AM, "Lord Nay Min, the Great
>>> --
>>> Computer နည်းပညာများ
>>> http://groups.google.com/group/auroracomputerservice?hl=en_US
>>>
>>> ဂြိုဟ်တုနှင့်အာကာသ
>>> http://sites.google.com/site/9spacestudy/
>>>
>>> Entertainment (game)
>>> www.vaperida.com
>>>
>>> Aurorageneration အတွက် facebook link ပါ။
>>> http://www.facebook.com/groups/186830348042417
>>>
>>> Aurorageneration facebook page
>>> https://www.facebook.com/Aurorageneration (Still fixing)
>>>
>>> --
>>> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail
>>> ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>>> http://groups.google.com/group/aurorageneration/topics?start=10&sa=N
>>> မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>>> aurorage...@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက
>>> auroragenerat...@googlegroups.com သို့ mail ပို့ ခြင်းဖြင့်
>>> ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
>>> auroragenerati...@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>>>
>>> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>>> auroragener...@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>>>
>>>
>>>
>