မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

11 views
Skip to first unread message

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း

unread,
Jan 16, 2013, 10:18:02 PM1/16/13
to paowyne, mmfu...@googlegroups.com, myanmargtalkers, aurorageneration+owners, ဗမာ့ သွေး, burma-network
မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Wednesday, 16 January 2013 14:08


မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း
နှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း
၎င်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၆ လမ်းရှိ နေအိမ်(ဂိုဒေါင်) တစ်ခုအတွင်း၊
ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း
အလုံးရေ ငါးသိန်းနီးပါးခန့်အား လက်ဝယ်ထားရှိသူနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိမှုမှာ ပတ် ၀န်းကျင်နေ ပြည်သူများ
ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ ည
၈နာရီဝန်းကျင်ခန့်တွင် မူးယစ်(အထူး)အဖွဲ့နှင့် မြို့နယ်ရဲစခန်းမှ
တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့မှာ
ဝရမ်းအမိန့်နှင့် ၀င်ရောက်စစ်ဆေးခဲ့ပြီး လျှပ်စစ်ပစ္စည်းနှင့်
စက္ကူဂျပ်ဖာများတွင် အထပ်ထပ် ထုတ်ပိုးထားသော စိတ်ကြွရူးသွပ်ဆေးပြားများအား
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး
ကိုကျော်ဇင်ဦးမှ ဆိုသည်။

''ကျွန်တော်တို့ အနေနဲ့ ဒီလောက်များတဲ့ မူးယစ်ဆေးဝါးတွေကို
ဖမ်းမိနိုင်ခဲ့တာ ပတ်ဝန်းကျင်နေ ပြည်သူတွေရဲ့
ပါဝင်ပူးပေါင်းနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး
ကျွန်တော်တို့အနေနဲ့ ရလာတဲ့သတင်းကို မူးယစ်အထူးတပ်ဖွဲ့ကို
အကြောင်းကြားတယ်။အဲဒီကနေပြီးတော့မှ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့တာ
ဖြစ်ပါတယ်''ဟု ကိုကျော်ဇင်ဦးမှ ပြောသည်။

အသေးစိတ် အချက်အလက်များနှင့် အမှုဖွင့်လှစ်ထားမှုများအား သိရှိနိုင်ရန်
မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းရှိ တာဝန်မှူးအား မေးမြန်းခဲ့သော် လည်း
ယင်းကိစ္စအနေဖြင့် မိမိတို့တွင် လိုက်နာရန် အမိန့်စာများရှိနေသည့်အတွက်
ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မူးယစ်စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ကိုမောင်မောင်စိုးမှာ
မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းတွင် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍
နေထိုင်သူဖြစ်ပြီး မင်္ဂလာဈေးအတွင်း လျှပ်စစ်နှင့် ပတ်သတ်သော
ကုန်ပစ္စည်းကို ရောင်းဝယ်နေသူဖြစ်ကြောင်း သိရသည်။

လက်ရှိဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါး အမှုအပါအ၀င် နှစ်နှစ်တာကာလအတွင်း
သပြေကုန်းရပ်ကွက်၌ မူးယစ်ဆေးဝါးအမှု ၁၀ မှုကျော်ခန့်အား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း

unread,
Jan 16, 2013, 10:24:49 PM1/16/13
to paowyne, mmfu...@googlegroups.com, myanmargtalkers, aurorageneration, ဗမာ့ သွေး
Reply all
Reply to author
Forward
0 new messages