ထောင်ကျတာကိုငိုမပြစေချင်ဘူး

11 views
Skip to first unread message

နေ သွေး

unread,
Aug 3, 2013, 3:33:32 AM8/3/13
to myanmar...@googlegroups.com

ထောင်ကျတာကိုငိုမပြစေချင်ဘူး

ထောင်ကျတာကိုငိုမပြစေချင်ဘူး


          ထောင်ကျတဲ့ ပုဂ္ဂိုလ်များဟာ - ထောင်ကျအောင်လုပ်လို့ ထောင်ကျတာ ဖြစ်တယ်။
ထောင်ကျအောင် လုပ်တဲ့အတွက် အထင်ကြီးချင်တယ် - ဒါပေမယ့် ထောင်ကျတာကို လိုအပ်တာထက် ပိုပြီးတော့ ပဏာယူနေတဲ့အခါကျ အထင်သေးချင်တယ်။
          ထောင်ကျတာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။
ကိုယ်လုပ်လို့ ကိုယ်ဖြစ်တာပဲ။
ကိုယ်လုပ်လို့ ကိုယ်ဖြစ်ခဲ့ပြီးပြီပဲ။
          မည်သူမပြု မိမိမှုပဲ။
          ထောင်ကျအောင်လို့ ရွပ်ရွပ်ချွန်ချွန် လုပ်ခဲ့တဲ့ စွမ်းရည်ကိုတော့ ချီးကျူးချင် ချီးကျူးမယ်။ ထောင်ကျခြင်းကိုတော့ ချီးကျူးမနေပါဘူး။
          အခုဟာ ပြည်သူလူထုကို သနားရမှာ၊ ပြည်သူရဲ့ အသနားကိုခံချင်နေကြတယ် (ဒါကတော့ ညံ့သေးတာပဲ) ခေါင်းဆောင်မပီသဘူး။ ပြည်သူလူထုကို သနားဖို့လုပ်ရမယ်၊ ပြည်သူလူထုကို ကူညီဖို့ လုပ်ရမယ်၊ အခုတော့ ပြည်သူလူထုရဲ့ အသနားကို ခံချင်နေတယ်ဆိုတော့ (ဒါကတော့ မဟုတ်သေးဘူး)
          တစ်ခါတစ်ခါ ပြည်သူလူထုကိုတောင် နှိမ်ချင်သလိုလို ဖြစ်နေသေးတယ်။ ဒါကတော့
လွန်စွာမှားယွင်းတဲ့ လမ်းစဉ်ပဲ။ ဒီတော့ ကိုယ့်ဖာသာကိုယ် သေချာတည်ဆောက်ပါ။ စစ်ဆေးပါ။ တစ်ချိန်မှာ တိုင်းပြည်အတွက် အလုပ်လုပ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ နေရာတကာ နွဲ့ပြ ငိုပြ ထောင်ကျခြင်းအတွက် အခွင့်အရေးတွေ လိုအပ်တာထက် ပိုယူနေလို့ရှရင် ပြည်သူလူထုက ဘယ်လိုခံစားရမလဲ - ဒါကို စဉ်းစားသင့်တယ်။
အခုဟာက လွှတ်ထားရသလို ဖြစ်နေတော့ မပြောဖြစ်ဘူး - ဒီက ရှေ့လျှောက်တိုင်းပြည်ကို တစ်စုံတစ်ခု လုပ်ပေးချင်တဲ့ စေတနာရှိတဲ့ပုဂ္ဂိုလ်တွေကို လွှတ်ထားလို့မဖြစ်ဘူးလို ဖြစ်နေတယ်။
အစွန်းလွတ်အောင် စိတ်ထားရမယ်။
          ပြည်သူလူထုကို မနှိမ်ပါနဲ့ - ဘယ်သောအခါမှ မနှိမ်ပါနဲ့
ပြည်သူလူထုဟာ ကိုယ့်ကိုထောက်ပံ့တဲ့ပုဂ္ဂိုလ် ကျေးဇူးရှင်ပါ / ရိုသေရမယ်/ လေးစားရမယ်/ စေတနာထားရမယ်/ နှိမ်ဖို့ မဟုတ်ပါဘူး။
သာမာန်ကျောင်းသားတို့ သာမာန်အရပ်သားတို့ ဆိုတဲ့စကားလုံးတွေဟာ ခေါင်းဆောင် အလောင်းအလျာတွေက သုံးဖို့မသင့်ပါဘူး။ သာမာန်ကျောင်းသားတို့ သာမာန်အရပ်သားတို ဆိုတာတွေလည်း လူသားတွေပဲ။ သူတို့မှာလည်း သူတို့အခွင့်အရေးနဲ့ သူတို့ရှိတာပဲ။ နှိမ်ဖို့မဟုတ်ပါဘူး။
ငါကပညာတတ်တယ်/ ငါကသိတယ်/ သာမာန်ကျောင်းသားတွေက ဘာမှမသိဘူး/ သာမာန်အရပ်သားတွေက ဘာမှမသိဘူး -- ဒီလိုခေါင်းဆောင်ဆိုတာ မနှိမ်ရဘူး။
ခေါင်းဆောင်ဖြစ်မယ့်ပုဂ္ဂိုလ်ဆိုတာ ကိုယ့်တိုင်းသူပြည်သားကို ချစ်မြတ်နိုးရမယ်/ တန်ဖိုးထားရမယ်။ နေရာတကာ ငါဆရာကြီးလုပ်ပြီးတဲ့နောက် ငါ့ကိုပဲတန်ဖိုးထားရမယ်/ ငါ့ကိုပဲ ဂရုစိုက်ရမယ်လို့ သိပ်တောင်းဆိုနေလို့ရှိရင် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ကြောင်း သတိပေး ပြောကြားပါသည်။

ပုံ / လေးဗိုလ်သား


(quotes; ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ သာမာန်ကျောင်းသား အရပ်သား ရန်ဖြစ်တဲ့ကိစ္စ မဟုတ်ဘူးဆောင်းပါး)


http://laybothar.blogspot.no/2013/08/blog-post_2.html
Reply all
Reply to author
Forward
0 new messages