လွတ်လပ်ရေး ယူပေးခဲ့တာ အရပ်သား ဦးအောင်ဆန်း ဖြစ်တယ်

0 views
Skip to first unread message

lin linn

unread,
Dec 24, 2012, 11:03:02 PM12/24/12
to myanmar_pyi_thar
"သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။ 

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါ တယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ် တယ်လို့ ပြောတယ် ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။ ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲ ကွဲကွဲ ဖြစ်ဖို့လိုပါတယ်။ 

ဘာကြောင့် ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲ ရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင် ချွတ်လိုက်ပါတယ်။ 

အရပ်ဝတ် အရပ်သား စစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူ မဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့် ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။ တော်တော်ရှင်းပါတယ်။ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။ ဖဆပလ အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်း ရေးထိုးခဲ့တဲ့ အောင်ဆန်း-အက်တလီ ပါ။ 

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။

ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။ လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။ 

 (မင်းကိုနိုင်) 

Reply all
Reply to author
Forward
0 new messages