 |
| ဗိုလ်ကြီးစည်သူအောင်၏ဓါတ်ပုံ |
ဧပြီလ ၇ ရက်နေ့ ၂၀၁၂
မြန်မာ့တပ်မတော်ထဲမှ လူပျိုအရာရှိစစ်သည်တော်တစ်ချို့သည် ငယ်ရွယ်သော
မြန်မာအမျိုးသမီး ကောင်မလေးများအား ရာထူးဂုဏ်ရှိန် စစ်တပ်ဂုဏ်ရှိန်
ကိုသုံး၍ သမီးရည်းစားဖြစ်ပြီးနောက် လိမ်ညာဖြားယောင်းကာ ငွေကြေးရယူမှု
ကာမလိမ်လည်မှုများ မကြာခဏဖြစ်ပေါ်ကြားသိ နေရပါသည်။
ယခုလည်း မြန်မာအမျိုးသမီးတစ်ဦးနှင့် နှစ်ရှည်လများ
သမီးရည်းစားအဖြစ်တွဲလာပြီး နောက် အတည်ပေါင်းသင်းပါမည်ဟု ပြောဆိုကာ
ကာမလိမ်လည်ရယူမှု ငွေကြေးရယူမှုများပြုလုပ်ပြီး နောက်ပိုင်း၌
၎င်းအမျိုးသမီးအား ဥပက္ခာပြုကာ တစ်ခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်
စီစဉ်နေပါသဖြင့် ကာယကံရှင်အမျိုးသမီးမှ ယခုလိုရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
ကာယကံရှင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် အမည်နာမကို ထည့်သွင်းခြင်းမပြုလုပ်ပါ။
မန္တလေးတိုင်း မိတ္ထီလာမြို့ မှ (မ --) နှင့် အမတ (၃၁၉) ကြည်းတပ်မှ
ဗိုလ်ကြီးစည်သူအောင် (ကြည်း-၄၄၆၉၅) တို့သည် ၁၁.၆.၂၀၀၈ ခုနှစ်တွင် စတင်၍
လူငယ်တို့သဘာဝ သမီးရည်းစားအဖြစ်သို့ရောက်ရှိခဲ့ပါသည်။
ကာလတစ်ခုကြာလက်တွဲပြီးနောက် ဗိုလ်ကြီးစည်သူအောင် သည် (မ --)အား
ဖြားယောင်သွေးဆောင်ကာ တရားဝင်ပေါင်းသင်းလက်ထပ်ယူပါမည်ဟုပြောဆိုကာ
သမီးရည်းစားအဆင့်ထက် ကျော်လွန်သောအဆင့်သို့ရောက်ရှိခဲ့ပါသည်။
သူမအနေဖြင့်လည်း အရာရှိ တပ်မတော်စစ်သားတစ်ယောက် ၏ တည်ကြည်မှု ၊ ကတိသစ္စာ
ကိုယုံကြည်မှု တို့ကြောင့် လိမ်ညာနေမှန်း မသိပဲနှင့် အတည်ယူမည်ဟု ယုံကြည်ကာ
ဗိုလ်ကြီးစည်သူအောင်၏ ပြောဆိုမှုများထဲ၌ အပျိုစင်ဘ၀ကို
ဆုံးရှုံးသွားခဲ့ပါသည်။
(မ --) သည် (၂၄.၆.၂၀၀၉) ရက်နေ့တွင်
ယခုလိုဆက်လက်နေထိုင်ရန်ဖို့မသင့်တော်ကြောင်းနှင့် ပတ်ဝန်းကျင်တွင်လည်း
သူမတို့နှစ်ယောက် အကြောင်းကို အားလုံးကသိနေသောကြောင့် ယူရန်ပြောဆိုသောအခါ
ဗိုလ်ကြီးစည်သူအောင်အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားနေခဲ့ပါသည်။
သူမထံမှလည်း ငွေကြေး (၁၁) သိန်းကျော်ယူငင်သုံးစွဲခဲ့ပါသည်။
၂၀၁၁ ခုနှစ် ၁၁ လပိုင်းလောက်တွင် အကြောင်းအမျိုးမျိုးပြ
လမ်းခွဲဖို့ကြိုးစား၍ အဆက်သွယ်ဖြတ်ကာ ရှောင်နေခဲ့ပါသည်။
၎င်းထံလည်းဖုန်းဆက်သောအခါ မရှိဘူးဟုပြောဆိုခဲ့၍ တပ်ထဲသို့ သွားသောအခါတွင်လည်း
မရှိဘူးဟုပြောဆိုကာရှောင်နေခဲ့ပါသည်။ တစ်ရက်တွင် ဗိုလ်ကြီးစည်သူအောင်
စေ့စပ်တော့မည်ဟု သတင်းကြားသိရသောကြောင့် ၁၆.၂.၂၀၁၂ ၌ တပ်ထဲသို့သွားခဲ့ရာ
သူမရှိကြောင်းပြောဆိုခဲ့ပါသည်။
၁၈.၂.၂၀၁၂ ၌သူ၏ အထက်အရာရှိဗိုလ်ကြီး ဇော်မျိုးသန့် ဆီသို့သွား၍ သူမနှင့်
ဗိုလ်ကြီးစည်သူအောင်တို့ ပတ်သက်ခဲ့သည့်အကြောင်းကို ပြောပြရာ သူမကို ၎င်း
ဗိုလ်ကြီးမှ ဘယ်လိုဖြစ်စေချင်တာလဲဟုမေးခဲ့သဖြင့် (မ --) က
ဗိုလ်ကြီးစည်သူအောင်အနေဖြင့် အရာရှိတပ်မတော်စစ်သားတစ်ယောက်ပီပီ
၎င်းပြုမှုခဲ့သမျှ အားလုံးအတွက် တာဝန်ယူရန်သာလိုအပ်ကြောင်း ပြောဆိုခဲ့ရာ
ဗိုလ်ကြီးဇော်မျိုးသန့်က ကူညီ၍ညှိပေးပါမည်ဟု ပြောဆိုခဲ့ပါသည်။
၂၀.၂.၂၀၁၂ ရက်နေ့တွင် ဗိုလ်ကြီး စည်သူအောင်ကို ခေါ်၍ (မ--) နှင့်အတူ
ချန်ပီယံ အအေးဆိုင်၌ လာတွေ့ခဲ့ပါသည်။ ဗိုလ်ကြီးစည်သူအောင်က (မ -- ) ကို
ဘာကိစ္စလည်းဟု မေးခဲ့ရာ (မ --) နှင့်စည်သူအောင်တို့ ပတ်သက်ငြိစွန်းခဲ့သည်မှာ
ကြာမြင့်ပြီဖြစ်သောကြောင့် တာဝန်ယူလက်ထပ်ရန် ပြောဆိုခဲ့ပါသည်။ ဗိုလ်ကြီး
စည်သူအောင်က တာဝန်မယူနိုင်ဘူး တိုင်ချင်ရာကိုတိုင်နိုင်တယ်
ငါအရာရှိစစ်ဗိုလ်တစ်ယောက် ဟု ပြောဆိုခဲ့ပါသည်။
ထို့အတွက်သူမကို ၂၂.၂.၂၀၁၂ ရက်နေ့တွင်
အဖြေပေးအကြောင်းပြန်မည်ဟုပြောဆိုခဲ့ပါသော်လည်း ၎င်းနေ့တွင် မရောက်လာခဲ့ပဲ
၂၃.၂.၂၀၁၂ ရက်နေ့သို့ထပ်မံ၍ ချိန်းဆိုခဲ့ပါသည်။ ထိုနေ့ နေ့လည် ၂ နာရီတွင်
လမ်း၌ မတော်တဆ တွေ့ခဲ့သဖြင့် သူမက အကြောင်းပြန်ရန်ပြောဆိုသောခါ ဗိုလ်ကြီး
စည်သူအောင်အနေဖြင့်ထိုနေ့ကပြောဆိုခဲ့သည်မှာ
နောက်ပြောင်မှုသက်သက်သာဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။
၂၄.၂.၂၀၁၂ နေ့၌ ၎င်းနေထိုင်ရာအဆောင်သို့ နံနက် ၆ နာရီသွားရောက်တွေ့ဆုံ၍
မေးခဲ့ရာ ဗိုလ်ကြီးစည်သူအောင်က မင်အခုလက်ရှိဘာဖြစ်နေလို့ယူရမှာလဲဟု
ပြောဆိုခဲ့ပါသည်။ (မ--) က အခုဘာမှမဖြစ်ပေမယ့် အရင်က ဖြစ်ခဲ့တယ်ဟု
ပြောဆိုလိုက်ပြီးနောက် ညနေကျမှ လာရောက်၍ ထပ်မံတွေ့ဆုံမယ်ဟုပြောဆိုခဲ့ပါသည်။
နေ့လည် ၃နာရီ၌ ဗိုလ်ကြီး ဇေယျာပွင့်နှင့် ကန်သာယာအအေး ဆိုင်သို့
ချိန်းဆိုခဲ့ပြီး ၎င်းဗိုလ်ကြီးမှ အခုခေတ်ကြီးမှာ ဒီကိစ္စတွေဟာမဆန်းဘူးဖြစ်၍ (မ
--) ကိုနောက်ဆုတ် ပေးရန် နှမချင်းစာနာထောက်ရှု့မှုမပြုပဲ
တပ်မတော်အရာရှိတစ်ယောက်အနေဖြင့် တာဝန်မဲ့စွာ ယခုလို ပြောဆို ခဲ့သည်။
၁၈.၃.၂၀၁၂ နေ့၌ ၎င်း၏ တပ်ရင်းမှူး နှင့် တပ်ရင်းမှူး ကတော်ကိုသွားရောက်တင်ပြရာ
လူငယ်ချင်း ပြေလည်အောင်ညှိနှိုင်းပါဟုပြောဆိုခဲ့သော်လည်း
ဗိုလ်ကြီးစည်သူအောင် အနေဖြင့်
ညှိနှိုင်းခြင်းဆွေးနွေးခြင်းမရှိခဲ့ပေ။သူ့အနေဖြင့် တစ်ခြားတွင်ပြဿနာရှိ၍
(မ--)ကိုမယူနိုင်ပါဟု တာဝန်မဲ့စွာပြောဆိုခဲ့ပါသည်။ ၅.၄.၂၀၁၂ ရက်နေ့
(ယနေ့)တွင်လည်း ၎င်းတို့တပ်ရင်းမှူးမှ (မ--) ကို ခေါ်တွေ့ကာ
ဥပဒေကိုလက်တစ်လုံးခြားအသုံးပြုကာ အနုနည်းဖြင့် ဖြားယောင်းသွေးဆောင်ပြီး
ကျေအေးကြောင်းလက်မှတ်ထိုးပေးရန်ပြောဆိုခဲ့သည်။
တပ်ရင်းမှူးတစ်ယောက်အနေဖြင့် မိမိတပ်ရင်းရှိ လက်အောက်ငယ်သားများကို
ဖခင်တစ်ဦးကဲ့သို့ အုပ်ချုပ်ရန် တာဝန်ရှိသကဲ့သို့ ဖြစ်ပေါ်လာသည့်
ကိစ္စရပ်မှန်သမျှအား တာဝန်ခံမှု တာဝန်ယူမှု ရှိစေရန်
လေ့ကျင့်သင်ကြားပေးရမည့် တာဝန်ရှိပါသည်။ ထို့အပြင် ပြည်သူလူထု
အရေးကိစ္စရပ်များနှင့် ပတ်သက်လာခဲ့လျှင်လည်း တပ်မတော်မှပြဌာန်းထားသော
စစ်စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးမေးမြန်အပြစ်ပေးအရေးယူ
တင်ပြပေးရန် နှင့် အထက်အဆင့်ဆင့်သို့ တင်ပြပေးရန်တာဝန်ရှိပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှလည်း တပ်မတော်သားများအနေဖြင့်
ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း အနိုင်ကျင့် စော်ကားမှုများ
ပြုလုပ်ခဲ့လျှင် တိုင်ကြားနိုင်ကြောင်း ထိရောက်စွာ အပြစ်ပေး
အရေးယူသွားမည်ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ထည့်သွင်းထားခြင်းရှိခဲ့ပါသည်။
ဗိုလ်ကြီစည်သူအောင် အနေဖြင့် ပျော်ဘွယ်မှအခြားသော မိန်းကလေး နှင့်
(၆.၄.၂၀၁၂) ရက်နေ့တွင် လက်ထပ်ရန် စီစဉ်နေသောကြောင့် ၎င်း နှင့် နှစ်ရှည်လများ
တွဲခဲ့သော ကာယကံရှင်အမျိုးသမီးအနေဖြင့် လွန်စွာနစ်နာလှပါသည်။
ရိုးသားဖြူစင်လှသောမြန်မာ အမျိုးသမီးများအနေဖြင့် ရာထူးဂုဏ်အရှိန်ဝါ ၊
စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိစစ်သည်များ၏
အန္တရာယ်မှရှောင်ရှားတတ်စေရန် ဖော်ပြလိုက်ရပါသည်။
--
zayzayucsm