ပခုက္ကူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက် ထုတ်ပြ
0 views
Skip to first unread message
ဇေဇေ UCSM
unread,
Apr 14, 2012, 9:38:24 AM4/14/12
to myanmar_pyi_thar
(၅ - ၄ - ၂၀၁၂) နေ့ ၊  ည (၇း၀၀)နာရီ အစည်းအဝေး ဆုံးဖြတ်ချက်အရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ
အောက်ပါအချက်များကို မေတ္တာရပ်ခံ ထုတ်ပြန်လိုက်သည်။
       အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ လုံးဝပြောင်းလဲမှ ဖြစ်မည်ဟု အလေးအနက် ခံယူထားသည့်  မဲဆန္ဒရှင်များဧ။်  တခဲနက် ထောက်ခံမှုကြောင့်   အောင်နိုင်မှု ရရှိခဲ့သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧ။် ဂုဏ်သိက္ခာ ကို လေးစားစွာ ၀ိုင်းဝန်း ထိန်းသိမ်းရမည့်
ဝတ္တရားများ အားလုံးတွင် ရှိပါသည်။
        ယခုနှစ်သင်္ကြန်ပွဲတော်တွင် -
(၁)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧ။် ယူနီဖောင်းများ ၀တ်ဆင်၍ အိနြေ္ဒသိက္ခာ မဲ့သော
        ဟော့ရမ်းသော ရေကစားမှုများ မပြုလုပ်ရန်။
(၂)    ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တီရှပ်များ၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ တီရှပ်များ
ပြောဆိုရမ်းကားမှုများ မပြုလုပ်ကြရန်။
(၃)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ တံဆိပ် အမှတ်အသားပါသည့်   ခေါင်းစီး များကို
        သင်္ကြန်ပွဲတော် တစ်လျှောက်လုံး လုံးဝ(လုံးဝ) စီးနှောင် အသုံးပြုခြင်း မပြု လုပ်ရ။
(၄)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဂုဏ်သိက္ခာကို ထိခိုက် ပျက်ပြား စေနိုင် သော
        တရားမ၀င် သည့် လုပ်ရပ်များ၊ အပြုအမူ အပြော အဆို များ လုံးဝ (လုံးဝ)  မပြု
လုပ်ကြဘဲ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဂုဏ်သိက္ခာ ကို ၀ိုင်းဝန်းမြှင့် တင်
ပေးကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့
 ပ ခု က္ကူ မြို့ နယ်
--
zayzayucsm
Reply all
Reply to author
Forward
0 new messages