17 views
Skip to first unread message

ဇေဇေ UCSM

unread,
Jul 13, 2012, 9:56:41 AM7/13/12
to myanmar_pyi_thar


--
zayzayucsm

ဇေဇေ UCSM

unread,
Jul 13, 2012, 9:57:25 AM7/13/12
to myanmar_pyi_thar
တရား ဥပဒေ ဘာလဲ (နှလုံးမကောင်းသူများ မကြည့်သင့်ပါ)
ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ


လွန်ခဲ့တဲ့ ဇွန်လကုန်က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာ ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မရမ်းကုန်း ရဲစခန်းက လူသတ်မှု မသင်္ကာသူ ဒဂုံမြို့သစ်က မျိုးမြင့်ဆွေ ခေါ် ကုလားကြီးဆိုသူကို ဖမ်းဆီး စစ်ဆေးစဉ်မှာဘဲ မျိုးမြင့်ဆွေဟာ ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဇွန်လ ၂၈ ရက်နေ့က အသက် ၁၉ နှစ် အရွယ် ပန်းရောင်းသူ မပိုးပိုးမွန် ဟာ သူ့နေအိမ် အခန်းတခုထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသတ်တရားခံလို့ ယူဆသူကို ရဲက စစ်ဆေးရင်း လက်လွန်သွားတဲ့ သဘော လည်းဖြစ်ပါတယ်။ တရားရုံး မတင်ရသေးခင် ရဲစခန်းက ရဲတွေက ထုံးစံအတိုင်း တရားခံတယောက်ကို အတင်းရိုက်နှက် စစ်ဆေးလေ့ရှိတာ မြန်မာနိုင်ငံမှာ အထူးအဆန်းလည်း မဟုတ်တော့ပါ။ ဒါပေမယ့် အခုတော့ ရဲစစ်ဆေးစဉ်မှာဘဲ လူတဦး အသက်ဆုံးရှုံးသွားရပြန်ပြီ။

ဒီလို သေဆုံးသွားမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေထဲက အကိုတော်စပ်သူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့ နယ်၊ အမှတ်-၁၄၀၊ ၉ လမ်း၊ ငမိုးရိပ်ရပ်ကွက်နေ ဦးစိုးလင်းကလည်း ညီဖြစ် သူ သေဆုံးရမှုနဲ့ပတ်သက်ပြီး မရိုးသားတဲ့ သေဆုံးမှုလို့ ပြောလာပါတယ်။

“မောင်မျိုးမြင့်ဆွေ ခေါ် ကုလားကြီးကို အခု ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဖမ်းခေါ်သွားပါ တယ်။ ကုလားကြီးရဲ့ မိခင်၊ ကျနော့် အဒေါ်အရင်းဖြစ်တဲ့ ဒေါ်စိန်စိန်ကို လည်း နောက်တနေ့ ၆ ရက်နေ့ နေ့ခင်းမှာ ထပ်ပြီး လာခေါ်သွားတယ်။ ပြီးတော့ ကျနော့်ကိုလည်း အဲဒီနေ့ ည ၈ နာရီခွဲလောက်ကို ကျနော့်နေ တဲ့ တောင်ဥက္ကလာပ အိမ်က နေ လာခေါ်သွားတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ဒါနဲ့ ရဲစစ်ရင်းသေဆုံးသွားသူနဲ့ အတူ မိခင်နဲ့ အကိုဖြစ်သူ ဦးစိုးလင်းတို့ ၃ ဦးကို မရမ်းကုန်းရဲစခန်း၊ ဘုရင့်နောင် ရဲစခန်းတို့ မှာ လူခွဲစစ်ပြီး မရမ်းကုန်း ရဲစခန်းမှာ ၂ ည အိပ် ထိမ်းသိမ်းခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။


“ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကျွန်တော်နဲ့ ကျနော့် အဒေါ် ကုလားကြီးအမေ ဒေါ်စိန်စိန်တို့ကို ရဲစခန်း အပေါ်ထပ်ကို ခေါ်သွားပြီး မောင်မျိုးမြင့်ဆွေ (ခ) ကုလားကြီးဟာ သူတို့ အမှု စစ်ဆေးနေတုန်း တက်တဲ့ ရောဂါကြောင့် သေဆုံးသွားပြီဆိုပြီး သင်္ဂြိုလ်စရိတ် ၅ သိန်းကို စေတနာနှင့် ကူညီတယ် ပြောပြီး ကျနော့်အဒေါ်ကို အတင်းလက်မှတ် ထိုးခိုင်းလို့ သူက ကြောက်ပြီး လက်မှတ်ရေးထိုးခဲ့ရတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ပြီးတော့ သူတို့ကို ရဲ့စခန်းက ပြန်လွှတ်ပေးလိုက်ပြီး အိမ်ပြန်လာကြတော့ သေဆုံးသူ အသုဘ ချရေးအတွက် ဇူလိုင် ၁၀ ရက်နေ့ ချဖို့နဲ့ အမျိုးတွေ ကြည့်ဖို့ ဆိုင်းငံ့ပေးဖို့ ပြောတာကို ဘုရင့်နောင်ရဲကင်း ဒုရဲအုပ် ဇော်ဝင်းအောင်ဆီ အကြောင်းကြား ဖို့ ပြောလာလို့ ပြောပေမယ့် မရဘဲ ၉ ရက်နေ့မှာ ချက်ချင်း အသုဘချဖို့လုပ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။


အသုဘ ကိစ္စမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူရဲ့ မိခင် ဒေါ်စိန်စိန်ဟာလည်း ရဲက ညည်းပမ်းနှိပ်စက် စစ်ဆေးတဲ့ ဒဏ်ကြောင့် အောက်ပိုင်းချိနေပြီး စိတ်လည်း အလွန်ထိခိုက်နေတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မြင်ရတဲ့ အခါ ရဲက ဘယ်လောက်နှိပ်စက်ခဲ့တယ်ဆိုတာနဲ့ ဆေးရုံ တာဝန်ရှိ သူတွေ ဖြစ်တဲ့ ဒေါက်တာနုနုငယ်ထွေး၊ အထက်တန်း သူနာပြု ဒေါ်ချိုချိုကျော် (အင်းစိန်ဆေးရုံ)၊ ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ငွေစိုး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်ဝင်း၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်တို့နှင့်လည်း သူက လိုက်လံ တွေ့ဆုံခဲ့ပြီးဖြစ်တယ် လို့ လည်း သိရပါတယ်။


“တာဝန်အရ စစ်ဆေးတာမှာ လွန်ကဲတဲ့ အပြုအမှုတွေကြောင့် ကျနော့်ညီ သေဆုံးခဲ့ရတဲ့ကိစ္စမှာ ကျူးလွန်သူတွေ ကို တရားဥပဒေအရ အရေးပေးဖို့ပါ” လို့ ဦးစိုးလင်းက ဆိုပါတယ်။ 



နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများနဲ့ ရဲစခန်းမှာ စစ်ဆေးရင်း သေဆုံးသူရဲ့ ရုပ်အလောင်း ဓာတ်ပုံများ ( မှတ်ချက်- နှလုံးမကောင်းသူများ မကြည့်သင့်၍ များစွာသော ဓာတ်ပုံများ မတင်ပြတောပါ )

--
zayzayucsm

Reply all
Reply to author
Forward
0 new messages