အီဂျစ်များ ယနေ့ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြမှု နောက်ဆက် တွဲနှင့် ၀ါဒဖြန်မှုများ

1 view
Skip to first unread message

ဇေဇေ UCSM

unread,
Jun 29, 2012, 9:49:20 AM6/29/12
to myanmar_pyi_thar
by Thiri Grace (Facebook)
ဒီနေ့ ( ၂၈၊၆၊၂၀၁၂) အီဂျစ်မှာ အီဂျစ်လူမျိုးအယောက် ၂၀ လောက်ကစပြီး မြန်မာသံရုံးရှေ့မှာဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်..ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ မြန်မာပြည်မှာ မွတ်ဆလင်တွေကို မြန်မာအစိုးရနဲ့ မြန်မာလူမျိုးများက နိုင့်ထက်စီးနင်း ဖိနှိပ်ပြီး ယခု အာရကန်နှင့် အရေးအခင်းမှာ မွတ်ဆလင်တွေကို တစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ်နေလို့ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။ အယောက် ၂၀ လောက်ကစလိုက်တဲ့ ဆန္ဒပြမှုဟာ အယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါ ထိမ်းသိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကြားသိရသလောက်ကတော့ မြန်မာသံရုံးနဲ့ ဆန္ဒပြသူများဘက်မှ ခေါင်းဆောင်အချို့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာသံရုံးဘက်မှ အရေးအခင်းဖြစ်ပွားရခြင်းနဲ့ အခြေအနေတို့ကို ရှင်းပြသော်လည်း ဆန္ဒပြပွဲခေါင်းဆောင်တို့က ထိုအဖြစ်အပျက်များအားလုံးကို ၄င်းတို့သိပြီးသားဖြစ်ကြောင်းနဲ့ ထိုအဖြစ်အပျက်များနဲ့ စပ်လျဉ်းပြီး အီဂျစ်ပြည်သူတို့ကို မြန်မာတို့က တောင်းပန်ရမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ မြန်မာသံရုံးမှ ထိုကိစ္စများအတွက် များစွာဝမ်းနည်းပါကြောင်း ပြောသော်လည်း ထိုလူတို့က လက်မခံနိုင်ကြောင်းနှင့် မြန်မာတို့မှ သတင်းစာများမှ တရားဝင် တိုင်းသိပြည်သိ တောင်းပန်မှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုသို့မတောင်းပန်လျင် တာ့ဟ်ရီးယား စကွဲမှ လူများအား သံရုံးရှေ့သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ ....ဒါတွေကတော့ ယနေ့ကြားသိထားသမျှ အခြေအနေတွေပါ။ မနက်ဖြန် ဘုရားဝတ်ပြုပြီးချိန်တာ့ဟ်ရီးယား စကွဲမှအပြန် ညနေ၅ နာရီမှာ ပြန်လည် ဆန္ဒပြကြဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်.။ ဒီနေ့ ကိစ္စဖြစ်ပွားအပြီးမှာတော့ ကျမတတ်နိုင်သလောက် သဲလွန်စရှာဖွေကြည့်မိတဲ့အခါမှာ အီဂျစ်တွေရဲ့ ဂရုတစ်ခုကနေ ဒီလို ၀ါဒဖြန့်တာကို အီဂျစ်ပေါင်းများစွာက ပြန်ရှဲနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ကျမကလဲ အာရဗီစာ၊ စကားမတတ်တဲ့အခါကျတော့ ဂူးဂဲလ် အကူအညီနဲ့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်.။ ဒါပေမယ့် ခင်မင်တဲ့ အီဂျစ်တွေကတဆင့် ဆက်လက်စုံစမ်းပြီး သတင်းရသလောက် ဖြန့်ပေးပါမယ်.။ တကယ်တော့ ဒီနိုင်ငံအခြေအနေနဲ့ ကျမတို့အာရှတိုက်သားလူနည်းစုတွေဟာ အမြဲသတိကြီးကြီးနဲ့နေကြရတာပါ.။ ဆန္ဒပြတဲ့ သံရုံးဘက်ကိုကိုယ်တိုင်မသွားနိုင်သည့်တိုင်အောင်(သွားခဲ့ရင် အသက်ရှင်ဖို့ အာမခံချက်မရှိပါဘူး) ဘာပဲပြောပြော တတ်နိုင်သလောက်တော့ ရေးပေးပါမယ်.။ ဒီကိစ္စဟာ ကျမတို့အားလုံးသိတဲ့အတိုင်း မရိုးသားပါဘူး.။ တစ်ချက်စဉ်းစားကြည့်ရအောင်... ဘာလို့အီဂျစ်ကိုအရင် စတင်ပြန့်နှံ့စေသလဲဆိုရင် အီဂျစ်ရဲ့လက်ရှိအခြေအနေနဲ့ နိုင်ငံအခြေအနေအရ အီဂျစ်လူမျိုးတွေသွေးဆူနေတဲ့ အချိန်တစ်ကြောင်း၊ ပြည်သူအချို့ဟာ နိုင်ငံရေးအသုံးချသူအချို့ကြောင့် နေ့တွက်နဲ့ တာ့ဟ်ရီးယား စကွဲမှာ

 ဆန္ဒပြနေသူတွေလဲ အဆင်သင့်ရှိနေတာက တကြောင်း၊ နောက်အီဂျစ်ဟာ လောလောလတ်လတ် မွတ်စလင်ဘရားသားဟုဒ်မှ သမတရာထူးရရှိထားတာက တစ်ကြောင်းတို့ကြောင်း အင်မတန် ဇာတ်လမ်းစလို့ကောင်းတဲ့အခြေအနေကို အသုံးချသွားတာ ဖြစ်ပါတယ်။ တစ်ခြား စော်ဘွားတိုင်းပြည်တွေကို ဒီလို

ဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အီဂျစ်မှာ ကြီးကြီးမားမားဖြစ်သွားပြီးပြီဆိုရင်တော့ တခြားအစ္စလာမ်မစ်နိုင်ငံတွေဆီက ထောက်ခံမှုရဖို့ မခက်တော့ပါဘူး။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ကွက်လို့ ကျမတော့ မြင်ပါတယ်.။ အောင်မြင်ရင် မြန်မာပြည်အဖို့ တစ်ကမ္ဘာလုံးက ၀ိုင်းဖိအားပေးတာမျိုးခံလာရနိုင်စရာရှိပါတယ်.။ ဒီကိစ္စကို အားလုံးက ၀ိုင်းပြီးအလေးအနက်ထားပြီး စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်..။

--
zayzayucsm

Reply all
Reply to author
Forward
0 new messages