ဒါန-ရှေ့ဆောင်မြန်မာမှ လူငယ်များ၊ အမျိုးသမီးများ၏ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းအစီအစဉ်များ
ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ခုနှစ် မေလမှ ဇူလိုင်လအတွင်းတွင်
မြန်မာနိုင်ငံအတွင်း ကိုယ့်အားကိုယ့်ကိုး အမျိုးသမီးအဖွဲ့မှ
အမျိုးသမီးများ၊ ဦးတည်အုပ်စုမှအမျိုးသမီးများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှအမျိုးသမီးများ၏ နိုင်ငံ့ရေးရာအမြင်ဖွင့်ခြင်းနှင့်
ခေါင်းဆောင်မှုစွမ်းရည်များတိုးတက်လာစေရန်အတွက် အမျိုးသမီး သီးသန့်
ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းအပတ်စဉ်(၂)ကို
ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သင်တန်းအပတ်စဉ်တစ်ခုစီတိုင်းတွင် မတူညီသောနေရာ ဒေသ အထူးသဖြင့်
တိုင်းရင်းသားလူနည်းစုအုပ်စုနှင့်
ပညာရေးအခွင့်အလမ်းနည်းပါးသည့်နေရာဒေသများမှ သင်တန်းသူဦးရေ (၂၀)ဦးခန့် ကို
ရွေးချယ်တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။
သင်တန်းကာလတစ်ခုကို မော်ဂျူး နှစ်ခုခွဲ၍တက်ရောက်ရမည် ဖြစ်သည်။
သင်တန်းအစီအစဉ်အသေးစိတ်ကို ပူးတွဲပါ သင်တန်းအကြောင်းသတင်းလွှာတွင်
ဖော်ပြထားပါသည်။
သင်တန်းတက်ရောက်ခြင်းအတွက် သင်တန်းကြေးပေးရန်မလိုပါ။
အပတ်စဉ်(၂)၏ မော်ဂျူး-၁ သင်တန်းသည် သြဂုတ်လ(၆)ရက်နေ့တွင်စတင်မည်ဖြစ်ပြီး သြဂုတ်လ(၂၈)ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပါသည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့်
ဇူလိုင်လ(၂၅)ရက်နေ့ (ဗုဒ္ဓဟူးနေ့)
ညနေ(၅)နာရီ နောက်ဆုံးထား၍
leadersh...@gmail.com
သို့အီးမေးလ်ပို့၍သော်လည်းကောင်း၊
တိုက်(အေ)၊ အခန်း(၂၀၂)၊ ဒုတိယထပ်၊ သစ်မင်းရိပ်သာ၊ သုမင်္ဂလာလမ်း၊
နနွင်းကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့
သို့လူကိုယ်တိုင်သော်လည်းကောင်း စာတိုက်မှပေးပို့၍ သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။
သတ်မှတ်ရက်ကျော်လွန်၍ ပေးပို့လာသော လျှောက်လွှာများကို
မည်သည့်အကြောင်းနှင့်မှ လက်ခံစဉ်းစားသွားမည်မဟုတ်ပါ။
သင်တန်းအစီအစဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက
အီးမေးလ်မှတဆင့်သော်လည်းကောင်း၊ သင်တန်းနှင့်စီမံရေးရာလက်ထောက်တာဝန်ခံ
တယ်လီဖုန်းနံပါတ် ၀၉ ၇၃၂ ၀၂၄၆၂ သို့ တနင်္လာနေ့မှသောကြာနေ့၊ ရုံးချိန်
မနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း ခေါ်ဆို၍သော်လည်းကောင်း
မေးမြန်းနိုင်ပါသည်။
Dear All,
Please find attached the training flyer and application form for the
“Strengthening Leadership and Political Awareness in Women of
Potential (Batch-1)". This training program is a new training program
launched by Charity-Oriented Myanmar. It is a scholarship and
fellowship program for training program for strengthening leadership
skill in Myanmar women of potential who live different place in
Myanmar.
The course will have two modules and an outreach research activity.
Batch-2 (Module-1) will begin on 6 August 2012 and finish on 28 August 2012.
Most of the costs for successful applicants are covered by the Center.
The interested person can apply this program. Please feel free to
contact us with any questions you may have. You are welcome to forward
this application to any organization or individual you believe may be
interested in this training opportunity.
Applications or questions can be emailed to
leadersh...@gmail.com . You can also call 09 73202462 for more
information.
Please note that if you answer the essay question in Burmese using a
computer, the font ‘Zawgyi-One’ should be used. You will find this
font attached.
The deadline for receipt of applications is
25 July 2012, with no exceptions.
Thank you for your time and to distribute the attached application.
Best regards,
COM-Training Management Unit