ဒါန-ရှေ့ဆောင်မြန်မာမှ
“ဆန္ဒမဲပေးခြင်းနှင့်အထွေထွေရွေးကောက်ပွဲအပေါ်
ပြည်သူလူထု၏ စိတ်ဝင်စားမှုအခြေအနေနှင့်
သိလိုသည့်အချက်များကို
စုစည်းကောက်ယူခြင်း အစီအစဉ်"
ကို ဇူလိုင်လအတွင်းတွင်
ထားဝယ်၊ ပုသိမ်၊ ရန်ကုန်၊ မကွေး၊ တောင်ကြီး (၅) မြို့နယ်တွင် ဆောင်ရွက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ ယင်းအစီအစဉ်အတွက် ပံ့ပိုးကူညီသူ (Facilitator)၊ (၂၀) ဦးလိုအပ်နေပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို
ပူးတွဲပါလျှောက်လွှာများတွင်ဖြည့်စွက်၍ (၃.၇.၂၀၁၅) ရက်နေ့ နောက်ဆုံးထားကာ ဒါန-ရှေ့ဆောင်မြန်မာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
ပံ့ပိုးကူညီသူအဖြစ်ရွေးချယ်ခံရသူများကို
၁။ သင်တန်းပေးခြင်း - ၆.၇.၂၀၁၅ မှ ၁၁. ၇. ၂၀၁၅ ထိ ၊ (၆)ရက်
၂။ ရပ်ရွာလူထုအသံအား ကွင်းဆင်း၍ စုစည်းကောက်ယူခြင်း- ၁၄.၇.၂၀၁၅ မှ ၂၀.၇.၂၀၁၅
၃။ အစီရင်ခံစာပေးပို့ခြင်း - ၂၁. ၇. ၂၀၁၅
အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ဖော်ပြချက်ကို ပူးတွဲပါသတင်းအချက်အလက်စာရွက်တွင် ဖတ်ရှုနိုင်ပါသည်။