Fwd: ကျွန်တော်တို့ Facebook ထဲမှာဒီလိုပဲရှိတယ်

17 views
Skip to first unread message

Thynn Thynn Htut

unread,
Dec 24, 2011, 1:04:33 AM12/24/11
to myanma...@googlegroups.com



****www.ဖေ့စ်ဘွတ်ဒေါ့ကွန်း....*****
မနက်စောစော Facebook ထဲကို ကမန်းကတန်းဝင်...
ဗမာလိုလို ဘိုလိုလို Profile name ကိုပြင်...
ဗမာမလေးတွေ နံမည်တွေက ဂျပန် Name နဲ့ဆင်...

ဘာပဲဖြစ်ဖြစ် Note ရေးပြီး လူရှိန်အောင်ဖြဲ...
မကျေနပ်တဲ့လူတွေက Comment ပေးပြီးဆဲ...

မင်းသားမင်းသမီးပုံတင်ပြီး Share တဲ့သူက Share...
Photos လေးတွေ လှတာတွေ့ရင် ဆွဲတဲ့သူကဆွဲ...

Facebook ပေါ်မှာ လင်မယားခြင်း ဆဲတဲ့သူကဆဲ...
တီတီ တာတာပြောပြီး ချွဲတဲ့သူကချွဲ...
တချို့ကတော့ Relationship Status ကို change ပြီးတော့ကွဲ...

တရားဓမ္မတွေ ဝေမျှရင်း ကုသိုလ်ပြုသူပြု...
အရွယ်နဲ့မလိုက်အောင် Post တွေရေးပြီး ညုတဲ့သူကညု...

သတင်းစုံတွေ ဖတ်ပြီးတော့ ဖုတဲ့သူကဖု...
ဘော်ဒါချင်းချင်း ကွိုင်တက်လို့ ခုတဲ့သူကခု...

အိမ်သာတက်တာ လူသိအောင် Check in လုပ်သူလုပ်...
ဟိုရေးဒီရေး ကျွန်တော်ကတော့ အလုပ်အလွန်ရှုပ်...

စားစရာတွေ Photo ရိုက်ပြီးတင်တဲ့သူကတင်...
မစားရလည်း Photo ကြည့်ပြီး နင်တဲ့ သူကနင်...

ကိုယ့်ရည်းစားကို Facebook ပေါ်မှာ Check တဲ့သူက Check...
ဘာမှမဆိုင်ပဲ တွေ့သမျှအကုန် Tag တဲ့သူက Tag...
ကိုယ့်ပုံကိုပြန်ကြည့်ပြီး တချို့ကအရမ်းကိုရှက်...

ရည်းစားဟောင်းနဲ့ ပုံတွေကို ဖျက်တဲ့သူကဖျက်...
စိတ်မကုန်လို့ အချစ်ဟောင်းနဲ့ Chat တဲ့သူက Chat...

မှန်တာပြောလို့တောက်တတပ်တပ် ခေါက်တဲ့သူကခေါက်...
တညလုံး Facebook သုံးပြီး မှောက်တဲ့သူကမှောက်...
ရည်းစားရှိမှန်း လူသိမှာတချို့ကအသေကြောက်...

Profiles တွေနှစ်ခု သုံးခု ထားတဲ့သူကထား...
တွေ့သမျှအကုန် လူတတ်ကြီးလုပ် ပွါး တဲ့သူကပွါး...
ဟိုတယောက်ဆို Facebook ပေါ်မှာလေလုံး တော်တော်ထွား...

ကောင်မလေးများချောပြီဆိုရင် တင်သမျှအကုန် Like...
တချို့ကတော့ နံမည်ကြီးဆို ရေးသမျှကိုကြိုက်...
အများစုက Office ထဲမှာ Facebook သုံးရင်းငိုက်...

ကျွန်တော်ကတော့ Facebook ကိုတနေကုန်သုံးရင်းမိုက်...

ကျွန်တော်တို့ Facebook ထဲမှာဒီလိုပဲရှိတယ် ³...

aung lwinmoe

unread,
Dec 25, 2011, 1:48:57 AM12/25/11
to myanma...@googlegroups.com
Dear all of my nagaoka friends,
My email aungl...@mail.com is recovered.
Another gmail I used is doctorau...@gmail.com.
Thank you for your support and worry about my unconvinence hacked email.
best regards,
aunglwinmoe

2011/12/24 Thynn Thynn Htut <thyn...@gmail.com>

--
You received this message because you are subscribed to the Google Groups "Myanmar-Gidai" group.
To post to this group, send email to myanma...@googlegroups.com.
To unsubscribe from this group, send email to myanmar-gida...@googlegroups.com.
For more options, visit this group at http://groups.google.com/group/myanmar-gidai?hl=en.

Reply all
Reply to author
Forward
0 new messages