လူထုအတွက် အကျိုးပေးမကောင်းတဲ့ ဒေါ်စုခရီစဉ်များကြောင့် ပြည်သူတစ်ယောက် သေပြန်

25 views
Skip to first unread message

mg mg

unread,
Mar 5, 2012, 5:19:04 AM3/5/12
to
03:51  Myanmar Express Group  No comments

ဖျာပုံမြို့၊ ၇ ရပ်ကွက် နီလာလမ်း အမှတ် ၄၆ နေ ကိုရဲထွန်း အသက် ၂၆ နှစ်ရှိသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ ၁၇ ရက်ဖျာပုံခရီးစဉ်တွင် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးပြီး ယင်းနေ့မှာပင် ဖျာပုံပြည့်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်သွားပုံမှာ ကိုရဲထွန်းသည် အမျီုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံခရီးစဉ်တွင် ဓာတ်ပုံလိုက်လံရိုက်ကူးခဲ့ပြီး အိမ်ပြန်အရောက်တွင် ရင်ဘတ်အောင့်သည်ဟုဆိုကာ ဖျာပုံပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်ရသည်။ ကိုရဲထွန်းမှာ ယင်းဆေးရုံ၌ ထိုနေ့ညနေ ၆ နာရီခွဲအချိန်တွင် ကွယ်လွန်သွားကြောင်းသိရသည်။


ဘာအကြောင့်ပြချက်ကြောင့်သေမှန်းမသိရပေမယ့် ဖျာပုံဒေသခံများက ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ခေါက်ထပ်လာမှာကို အလွန်ဆိုးရိမ်နေကြကြောင်း သိရသည်။ အသက် ၉၀ အရွယ် ဒေသခံ အဘိုးအိုတစ်ယောက်ကတော့ ပြည်သူကို အကျိုးမပေးတဲ့ ခေါင်းဆောင်လာလို့ ခိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားတယ်လို့ သတင်းရရှိပါသည်။

ဒီနှစ်ထဲမှာတင် ရန်ကုန်မြို့မှ NLD ပါတီဝင် အသစ်တစ်ဦးလည်း ပါတီဝင်ပြီး တစ်လအတွင်းမှာ သေဆုံးခဲ့ပြီး ပုသိမ်ခရီးစဉ်အတွင်းမှာလဲ ဆေးခန်းသွားမယ့်လူတစ်ယောက်ရဲ့လမ်းမှာ NLD ပါတီဝင်တွေ လမ်းပိတ်နေလို့ အရေးပေါ် ကုသလိုက်ရတယ်လို့ သိရသည်။



၎င်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ရှေးမြန်မာပညာရှိများက ကောင်းကျိုးမပေးတဲ့ ခေါင်းဆောင်ကြောင့် ၊ အင်္ဂလိပ် လူမျိုးကို ယူထားတဲ့ မိန်းမ ကြောင့် ဖြစ်ရတယ်လို့ ယုံကြည်နေကြကြောင်း သတင်းရရှိပါသည်။

Myanmar Express

Reply all
Reply to author
Forward
0 new messages