မန္တလေးတွင်ပေါက်ကွဲမှုဖြစ်၊ နှစ်ဦးသေ တစ်ဦး ဒဏ်ရာရ

48 views
Skip to first unread message

mg mg

unread,
Mar 19, 2012, 8:00:15 AM3/19/12
to

မန္တလေးတွင်ပေါက်ကွဲမှုဖြစ်၊ နှစ်ဦးသေ တစ်ဦး ဒဏ်ရာရ

18:30  Myanmar Express Group  1 comment

ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ဝန်းကျင် ယောက်ျားလေးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ် ။ ပေါက်ကွဲမှုတွေ ဖြစ်တိုင်းမှာ ရှေ့ဆုံးက ပါဝင်ရတဲ့ တပ်မတော်သား များမှ ရောက်ရှိလာပြီး သံရည်ကျိုပစ္စည်းဟောင်းများကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံး ၂၀ လုံးခန့်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါတယ်။


ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံ

လူထုအတွက် အရေးပါတိုင်း တပ်မတော်သားတွေ အလျှင်မြန်ရောက်လာ

အရာရှိများလည်း ချက်ချင်းရောက်လာ


နိုင်ငံ့အရေး၊ ပြည်သူ့အရေးတွင် တပ်မတော်က ကျောပေးနေလို့မဖြစ်

ဒီနေ့ထိ ခံစားနေရသည့် နယ်ချဲ့ တို့၏ ဆိုးမွေများ


Myanmar Express

Posted in: သတင်း

1 comments:

အင်္ဂလိပ်ကတော့ ဒီနေ့ထိ ဗုံးနဲ့ သတ်နေတုန်းပါလား

Post a Comment

Reply all
Reply to author
Forward
0 new messages