Groups
Sign in
Groups
Myanmar Express Group
Conversations
About
Send feedback
Help
NLD ပါတီ၏ အမှားတော်ပုံများ(၁)
30 views
Skip to first unread message
mg mg
unread,
Mar 7, 2012, 3:00:16 AM
3/7/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
08:19
Myanmar Express Group
No comments
From : ရဲထွန်း၏ မှတ်တမ်း
ယနေ့မြန်မာနိုင်ငံ၌ တရားဝင်တည်ရှိနေသည်ဆိုသည့် NLDပါတီသည် စကတည်းက ယဉ်သကို ဖြစ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလတွင် အမေရိကန်အထက် လွှ့တ်တော်အမတ် စတီဗင် ဂျေဆိုလာ ဆိုသူသည် စက်တင်ဘာလ(၄)ရက်နေ့၌ ရန်ကုန်သို့ ရောက်လာသည်။ ၄င်းက အရေးအခင်း အခြေအနေအရ ကြားဖြတ်အစိုးရ ဖွဲ့စည်းသင့်သည်ဟု ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုကြည်တို့နှင့် တွေ့ဆုံစဉ် လမ်းကြောင်းပေးသွားသည် ။
ဦးနုက စက်တင်ဘာလ ၉ရက်နေ့၌ အစိုးရဖွဲ့ကြောင်း ကြေငြာသည်။ ဦးအောင်ကြီး၊ ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့ကလည်း သုံးယောက်ပေါင်းပြီး အောင်-စု-တင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးဟူ၍ လှုပ်ရှားခဲ့ကြသည်။ တိုင်းပြည်အတွက် အလွန်အန္တရာယ် ကြီးသော လုပ်ရပ်များပင် ဖြစ်သည်။
ထိုအချိန်တွင် ဗကပက မန္တလေးအထိ သိမ်းမည်ဟူသည့် စစ်ရေးရည်မှန်းချက် ဖြင့် မိုင်းယန်း တိုက်ပွဲကို ဖန်တီးနေသည်။ KNU ကလည်း မြန်မာပြည်အောက်ပိုင်းကို သိမ်းမည် ဟူသော မျှော်မှန်းချက်ဖြင့် မဲသဝေါတိုက်ပွဲဆင်နွှဲလာသည်။ ရန်ကုန်မြို့၌ တပ်မတော်တပ်စု တစ်စုကို ၀ိုင်းစီးပြီး လက်နက်သိမ်းယူသည့်ဖြစ်စဉ် ပေါ်ပေါက်လာသည်။ ကြားဖြတ်အစိုးရ ဖွဲ့မပေးပါက လေတပ်မှ ဗုံးကြဲမည်၊ ရေတပ်မှ အမြောက်နှင့် ပစ်မည်ဟူသည့် ခြိမ်းခြောက်မှုများ ကို မဟုတ်မမှန် လုပ်ကြံကြေညာနေကြသည်။ ထိုအချိန်၌ မြန်မာ့ရေပိုင်နက် ကိုကိုးကျွန်း အနီးသို့ အမေရိကန် ရေတပ်သင်္ဘော အုပ်စု ရောက်ရှိနေသည်။ ကမ်းတက်ရန် စစ်ရေးလေ့ကျင့် လျက်ရှိသည် ။
လမ်းစဉ်ပါတီ အစိုးရက ကြားဖြတ်အစိုးရ မပေးလည်း ရန်ကုန်တက္ကသိုလ်ကို အခြေခံ၍ ၄င်းတို့အစီအစဉ်ဖြင့် အောင်-စု-တင် ကြားဖြတ် အစိုးရဖွဲ့ရန် ပြင်ဆင်မှုများ လုပ်ပြီး နေပြီ ဖြစ်သည်။ ယင်းသို့ တိုင်းပြည်ဖရိုဖရဲဖြင့် ပြိုကွဲပျက်စီးရန် လက်မတင်အခြေအနေတွင် တပ်မတော်က နိုင်ငံတော် တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရသည်။
တပ်မတော်အစိုးရ ပေါ်ပေါက်လာသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရန် အတွက် နိုင်ငံရေးပါတီများ ဖွဲ့ခွင့်ပြုခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့ခွင့်မရသည့် အောင်-စု-တင် သုံးယောက်တွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟူ၍ ပါတီထောင်ခဲ့ကြသည် ။ NLD ပါတီကို ၂၇-၁၀-၁၉၈၈ ရက်နေ့၌ စဖွဲ့သည် ။ ပါတီ ဖွဲ့စည်းစမှာပင် ဦးအောင်ကြီးက ဥက္ကဋ္ဌ လုပ်မည်၊ ဒေါ်စုကြည်က ဥက္ကဋ္ဌလုပ်မည်ဆိုပြီး နေရာလုခဲ့ကြသည်။ အမြင်မတော်သူများက ဖျန့်ဖြေသဖြင့် ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်စုကြည်က အထွေထွေ အတွင်းရေးမှူးဟု ခွဲဝေယူခဲ့ကြသည်။ ဤသို့ဖြင့် NLDသည် စလယ်ဝင် ဖင်မမည်းခင်ကပင် ကွဲရန် အက်သံပါလာခဲ့ လေသည်။
Myanmar Express
Reply all
Reply to author
Forward
0 new messages