လမြတ် ၀ါဆို ဓမ္မစင်္ကြာနေ ၊ ရတနာသုံးပါးအကြောင်းသိကောင်းစရာ ၊ ဗုဒ္ဓ၏ထူးခြားချက်များ ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရသော အကျိုးကျေးဇူး ၊ ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ (အမျိုးသား)များ ရဟန်းပြုခွင့်ရ မရ ၊ ရူပက္ခန္ဓာကို ထောက်ပံ့ထားသော သင်္ခါရတရားများ ( ဥတုနှင့်အာဟာရ ) ၊ Enquire abo

147 views
Skip to first unread message

Slip Knot

unread,
Jul 14, 2011, 5:51:18 PM7/14/11
to


  1. လမြတ် ၀ါဆို ဓမ္မစင်္ကြာနေ. ၊
  2.  ရတနာသုံးပါးအကြောင်းသိကောင်းစရာ ၊
  3.  ဗုဒ္ဓ၏ထူးခြားချက်များ ၊
  4.  ဗုဒ္ဓဘာသာဝင်ဖြစ်ရသော အကျိုးကျေးဇူး ၊
  5.  ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ (အမျိုးသား)များ ရဟန်းပြုခွင့်ရ မရ ၊
  6. ရူပက္ခန္ဓာကို ထောက်ပံ့ထားသော သင်္ခါရတရားများ ( ဥတုနှင့်အာဟာရ ) ၊
  7. Enquire about Buddha Dama Tayardaw (in English Version) ၊

လမြတ် ၀ါဆို ဓမ္မစင်္ကြာနေ


၁၃၇၃ ခုနှစ် ၀ါဆိုလပြည့် ၁၅ ရက်နေ့ 
15--7--2011.....ရက်

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။်
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့်
သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင်
ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး
မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို
မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို
ကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ခ
ျမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့
ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ
တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း
အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း)
အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။်
အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု
သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
သဗ္ဗညုတ ဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို
ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ
ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ
ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။်
ပုထုဇဉ်တို့အား ဟောကြားရန် လားလားမှ မတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာဧ။်
တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး
မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)
တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။
ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။်
ထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်
မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော
‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊
(၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး
ကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ်
ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး
‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော
တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။


မြန်မာတို့ ရဲ့  အထွဋ် လမြတ်ဝါဆိုနေ့ မှာ ဘုရား အလောင်းတော်
သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူရာ ပဉ္စ၀ဂ္ဂီ ၅ ဦးကို
ဝါဆိုလပြည့်၌ ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့၏
သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် သံချို လ ၀ါဆိုဟု
နေ့ ထူး နေ့ မြတ် ဓမ္မစကြာ နေ့ ဟု ခေါ်တွင် သမုတ်ပြုကြ၏
ယခုကျရောက်မယ့် လမြတ် ၀ါဆို လပြည့်နေ့ တွင်
ဝါဆို သင်္ဃန်း ကပ်လှူခြင်း ဥပုလ်သီလဆောက်တည်ခြင်း
မြန်မာတို့ ရဲ့  တရားဘ၀နာ များကို မမေ့မလျှော့ပဲ နိုးဆော်တိုက်တွန်ရင်နဲ့ 
ချစ်သူမြို့ တော် မှာရှိတဲ့ ဆရာတော် သံဃာများကို ရည်မှန်းပြီး
ဝါဆိုလပြည့် ဓမ္မစကြာနေ့ အတွက် ဒီစာစုလေနဲ့ အတူ
လက်ဆယ်ဖြာ ထိပ်မှာမိုလို့  ရှစ်ခိုးကန်တော့လိုက်ပါတယ်
အရှင်သူမြတ်ကြီးတို့ ဘုရား..........။

  (၀ါဆိုလပြည့်နေ့ + ဓမ္မစင်္ကြာနေ့ )......မှ တစ်ဆင့် ကူးယူတင်ပြလိုက်ပါတယ်ရှင်....


ရတနာသုံးပါးအကြောင်းသိကောင်းစရာ


ဗုဒ္ဓံ။         ။သဗ္ဗဓမ္မေ-အလုံးစုံသောတရားတို့ကို၊ ဗုဇ္ဈတိ-သိတော်မူတတ်၏ဟူသည်နှင့်အညီ၊ တရားအားလုံးကို အကုန်သိသောဥာဏ်တော်၏တည်ရာကိုယ်တော်ကို ဗုဒ္ဓဟု ခေါ်ရသည်၊(မိဘဘိုးဘွား၏ ရုပ်ပုံနှင့်အရိုးအိုးကို လေးစားရ၊ရိုသေရ၊ရှိခိုးရ၊ပန်းစသည်ဖြင့် ပူဇော်ရသကဲ့သို့)ဗုဒ္ဓ၏ပုံတော်ကိုလည်းကောင်း၊ဗုဒ္ဓ၏အရိုးဓာတ်တော်ဆံတော်များကို ထာပနာထားသောစေတီတော်များကိုလည်းကောင်း ရိုသေမြတ်နိုးရှိခိုးပူဇော်ကြရသည်။
ဓမ္မံ။         ။ဓာရေတိ-အပါယ်ဆင်းရဲ ၀ဋ်ဆင်းရဲသို့ မကျအောင်ဆောင်ထားတတ်၏ ဟူသည်နှင့်အညီ၊မဂ်ဖိုလ်နိဗ္ဗာန်ကိုရလျှင် အပါယ်လေးပါးသို့လည်းမကျရ၊သံသရာဝဋ်ဆင်းရဲ၌လည်း ကြာရှည်စွာမဖြစ်ရသောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်သည် အားထားကိုးကွယ်ဖို့ရာ ဓမ္မ အစစ်ဖြစ်၏၊ ဘုရားဟောတော်မူထားသောတရားတော်များလည်း အပါယ်ဆင်းရဲဝဋ်ဆင်းရဲမှလွတ်အောင် နည်းလမ်းညွှန်ပြသောကြောင့် ဓမ္မ ဟုပင်ခေါ်ရသည်။
သံဃံ။        ။ဒိဋ္ဌိသီလသာမညေန-အမြင်မှန်ဥာဏ်၊မကျိုးမပေါက်နိုင်သော သီလတို့တူကြသောအားဖြင့်၊သံဟတော့-ပေါင်းစပ်အပ်သော (ရဟန်းတော်)အပေါင်းသည် သံဃော-သံဃာမည်၏ နှင့်အညီ အသိဥာဏ်နှင့်သီလချင်းတူနေသော အရိယာသံဃာတော်တသည် ကိုးကွယ်ဆည်းကပ်ဖို့ရာ (သရဏဂုံဆောက်တည်ရာ၌ မှန်းထားဖို့ရာ)သံဃာတော်ဖြစ်သည်၊(သံဃိကဒါနလှူဒါန်းရာ၌ကား ပုထုဇဉ်သံဃာတော်များလည်း သံဃာစာရင်းတွင်ပါဝင်တော်မူကြသည်။)
သရဏဂုံ။       ။သရဏဂတာနံ-ကိုးကွယ်ရာဟုဆည်းကပ်သူတို့၏၊တေနေ၀ သရဏဂမနေန-ထိုကိုးကွယ်ရာဟုဆည်းကပ်ကြောင်းကုသိုလ်စိတ်ကြောင့်ပင်၊ဘယံ-၀ဋ်ဆင်းရဲဘေးကိုလည်းကောင်း၊သန္တာနံ-ကြောက်ရွံ့ထိန့်လန့်ခြင်းကိုလည်းကောင်း၊ဒုက္ခံ-ကိုယ်ဆင်းရဲခြင်းကိုလည်းကောင်း၊ဒုဂ္ဂတိပရိကိလေသံ-အပါယ်ဒုဂ္ဂတိဘ၀၌ညစ်နွမ်းရခြင်းကိုလည်းကောင်း၊ (သရတိ)ဟနတိ ၀ိနာသေတိ-ဖျက်ဆီးတတ်၏ ဟူသည်နှင့်အညီ၊ဘုရား တရား အရိယာသံဃာတော်များကိုဖူးမျှော်နေရ စိတ်ဝင်စားနေရလျှင် စိတ်ချမ်းသာ၍ နောင်သံသရာ၌ အပါယ်လေးပါး မကျအောင် ဆောင်ထားလျှက် ဆင်းရဲဟူသမျှကို ပယ်ရှားတတ်သောကြောင့် ရတနာသုံ့းပါးကိုပင် သရဏ ဟုခေါ်၏၊ တစ်နည်း- သရဏန္တိ ပဋိသရဏံ-လည်းလျောင်းရာ ဟု ဖွင့်သောကြောင့် မိမိကိုယ်ကို ပုံ၍ယုံကြည်သောအားဖြင့် လည်းလျောင်း မှီခိုစရာကိုပင် သရဏ ဟုခေါ်သည်။
ဂစ္ဆာမိ။     ။ဂစ္ဆာမိ ဘဇာမိ-အနီးအပါးသို့ကပ်ပါ၏၊(ဆည်းကပ်ပါ၏၊) ဂစ္ဆာမိ သေ၀ါမိ-အနီး၌လှည့်လည်သောအားဖြင့် မှီဝဲပါ၏၊ ဂစ္ဆာမိ ပယိရုပါသာမိ-ပြုစုလုပ်ကျွေးသောအားဖြင့် ဆည်းကပ်ပါ၏ နှင့်အညီ ရတနာသုံးပါးကို ကိုးကွယ်စရာဟု ယုံကြည်သောအားဖြင့်အနီးအပါး၌ ဆည်းကပ်လုပ်ကျွေးပါ၏ဟု ဆောက်တည်မူကို ဂစ္ဆာမိ ဟုလည်းကောင်း၊ထိုသို့ဆောက်တည်သော ကုသိုလ်စိတ်ကို သရဏဂမန-သရဏဂုံ ဟုလည်းကောင်းခေါ်၏။ တစ်နည်း။    ။ ဂစ္ဆာမိကို ဧ၀ံဇာနာမိ ဗုဇ္ဈာမိ-ဤသို့ဒုက္ခကို ပယ်ဖျောက်တတ်ကြောင်း သိပါ၏ ဟူသည်နှင့်အညီ ရတနာသုံးပါးသည် ဒုက္ခကိုပယ်ဖျောက်နိုင်ကြောင်း သိပါ၏ ဟုဆောက်တည်မူကို ဂစ္ဆာမိ ဟုလည်းကောင်း ထိုသို့သိသောကုသိုလ်စိတ်ကို သရဏဂမန-သရဏဂုံဟုလည်းကောင်းခေါ်သည်။(ဗုဒ္ဓဘာသာလက်စွဲ) ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရခြင်း၏ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များအတွက် ဘာကြောင့်ဗုဒ္ဓလို့ခေါ်တယ်၊ဘာကြောင့်ဓမ္မလို့ခေါ်တယ်၊ဘာကြောင့်သံဃာလို့ခေါ်တယ်ဆိုတာလေးကို ရှင်းရှင်းလင်းလင်းနှင့်ကွဲကွဲပြားပြားလေးသိစေချင်တာရယ် မြတ်ဗုဒ္ဓကိုလည်းကြည်ညိုသဒ္ဓါပွားများနိုင်အောင် ရည်ရွယ်၍တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
လပြည့်ဝန်း
ဘ၀အရေးစိတ်အေးရဖို့ဓမ္မအသိရှိလျှက်နေကြစို့။



ဗုဒ္ဓ၏ထူးခြားချက်များ



ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုးမျိုး


 

ကြာသပတေးနေ့ ပဋိသန္ဓေယူ


 ၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။ ။သောင်းခွင် စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန် မှုကြောင့်၊ ရတု နဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူ သည်။ ။နတ်လူငြိမ်းဘို့ ကိန်းပါကို။ ။

သောကြာနေ့ ဖွားမြင်


၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။ ။
 
 
တနင်္လာနေ့ တောထွက်

၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြ ဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ် လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။ ။


ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်



၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုံလပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူ ခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်။ ။ သုံးဘော်လူတို့ ငြမ်းပါကို။ ။

စနေနေ့ ဓမ္မစကြာဟော

 


၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက် အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။ ။

 

အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ


၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ ။
 

တနင်္ဂနွေနေ့ တေဇောဓာတ်လောင်


၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုပ်ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။မွေတော် ရှစ်စိတ် ကြွင်းတယ်ကို။ ။

 ဆုတောင်း


ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖြားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။ ။ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။

 



 
အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရား စည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်။ ။ နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။
 
သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကြိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုည ကြောင့် ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာ အညီ၊ ပါရမီ နှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။ ။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။
 

 ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်း နတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်း သန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လ နှယ် ထွန်းတင့်ပါစေသောဝ်။



 အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်း ကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက် စင်ဖြူ၊ အလှူရေစက်၊ လက်နှင့် မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွန်းစိုသည်။ ။ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။


 ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်းမာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုံးလျက်၊ ရွေဘုန်း စိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ် ခိုသည်။ ။မဂ် ဖိုလ် နိဗ္ဗာန်ရောက်စေသောဝ

အမျှဝေ


သုံးလူ့ထွဋ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါး သံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံ ချီးကြူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှစ်ခိုးရသည့်၊ ပုညကုသိုလ်၊ အဘို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင် ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။ ကောင်းထွေသာဓု ခေါ်စေသောဝ်။



ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းများ ပြီး၏။

(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၁ - ၄။)

 

ဗုဒ္ဓဘာသာဝင်ဖြစ်ရသော အကျိုးကျေးဇူး

သရဏဂုံတည်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လျှင်ပင် အပါယ်လေးပါးသို့ မကျရောက်နိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူထား၏။

 

အပါယ်မကျရုံသာမက နတ်ဖြစ်သော အခါတွင်လည်း အခြားနတ်များထက် ပို၍ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အခြံအရံပေါများခြင်း၊ အာဏာတန်ခိုး အစိုးရမူ သာလွန်ခြင်းနှင့် အာရုံငါးပါး သာလွန်ခြင်းဟူသော လွန်ကဲမူ (၁၀)မျိုး ရနိုင်သည်ဟု သိကြားမင်းအား အရှင်မာမောဂ္ဂလာန် ဟောပြဖူး၏။

 

ဝေလာမသုတ်၌ သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အကျိုးကျေးဇူးမှာ အတိုင်းမသိ အတုမရှိ လှူဒါန်းပေးကမ်းခြင်း အမျိုးမျိုးထက် သာလွန်ကြောင်းလည်း ဟောတော်မူထားသည်။

 

အဇာတသတ်မင်းသားသည် အပြစ်ကြီးလေးလှသော ဖခင်သတ်မူကံကြီးကို လွန်ကျူးမိသူဖြစ်၍ မအိပ်နိုင်၊ မစားနိုင်၊ တမိုင်မိုင်တတွေတွေ၊ ကြောက်ရွံ့တုန်လူပ်၍ နေရ၏။ သေလျှင်လည်း မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေ ကျခံရတော့မည် ဖြစ်သည်။ ဘုရားရှင်ကို ဖူးမြော်ခွင့်ရပြီး သရဏဂုံ ဆောက်တည်ရသည့် အချိန်မှစ၍ ကောင်းစွာ အိပ်စက် စားသောက်နိုင်လာ၏။ လူသတ်မူ အပြစ်ကြီးကို ကျူးလွန်သူသည် ပန်းတစ်ဆုပ် လာဘ်ထိုးရုံမျှဖြင့် ကြိုးမိန့်က လွန်ရသကဲ့သို့ အဇာတသတ် မင်းသားလည်း သရဏဂုံကျေးဇူးကြောင့် မဟာအ၀ီစီငရဲကြီး၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲငယ်၌သာ ကျခံရ၏။ ရတနာသုံးပါးကို အားထားယုံကြည်ရာ၌ ပုထုဇဉ်တို့တွင် မည်သူမျှပင် လိုက်မမီ၊ ပထမသံဂါယနာ၏ ဒကာလည်း ဖြစ်ခဲ့၏။ နောင်တစ်ချိန်၌ “၀ိဇိတာဝီ” အမည်ရှိ ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူရသည်အထိ သရဏဂုံ၏ ကျေးဇူးတို့ကား ကြီးမားလှပေသည်။

 

သရဏဂုံတည်သော ပုဂ္ဂိုလ်များသည် ဖြစ်လေရာ ဘ၀တိုင်း၌ အကျိုးရှစ်မျိုးကိုလည်း ရရှိနိုင်သည်။ အကျိုးရှစ်မျိုးတို့မှာ -

 

(၁) အများအပူဇော်ခံရခြင်း၊

 (၂) ဉာဏ်ပညာထက်မြက်ခြင်း၊

 (၃) မိမိပတ်ဝန်းကျင်သည် မိမိစိတ်အလိုသို့ လိုက်ပါခြင်း၊

 (၄) သူတကာတို့ မနိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာခံစားရခြင်း၊

 (၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလှပခြင်း၊

 (၆) အများ၏ ချစ်ခင်မြတ်နိုးခံရခြင်း၊

 (၇) ခိုင်မြဲသော မိတ်ကောင်းဆွေကောင်းရရှိခြင်း၊

 (၈) ကျော်စော ထင်ရှားခြင်း တို့ဖြစ်၏။

 

သရဏဂုံ၏ အကျိုးကျေးဇူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးကား အထူးပြောဖွယ်မရှိ၊ သရဏံဆောက်တည်ခြင်းသည် ချမ်းသာရေး လွတ်မြောက်ရေးလမ်းစ၏ အ၀င်ဝ၊ အစ၏ကောင်းခြင်းပင် ဖြစ်၏။ ပြဆိုခဲ့သော အကျိုးများသည် အလယ်၏ ကောင်းခြင်းများဖြစ်၍ အချုပ်အားဖြင့် နိဗ္ဗာန်အထိ အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံရမည်သာ ဖြစ်ပေသည်။

 

ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ (အမျိုးသား)များ ရဟန်းပြုခွင့်ရ မရ ?

ဗုဒ္ဓဘာသာဝင် အမျိုးသားတို့အတွက် ခေတ္တခဏမျှဖြစ်စေ ရဟန်းဘောင်တက်ခွင့်ရခြင်းသည် ဘ၀အတွက် အလွန်ပင်မွန် မြတ်၍ အရေးကြီးသော အခွင့်ဖြစ်သည်။ အဘယ်ကြောင့်နည်း ? ခိုင်လုံ သော အကြောင်းပြချက်များစွာ ရှိသည့်အနက်မှ ယခုဘုရား ၅ဆူ ပွင့်ရာ ဤဘဒ္ဒကမ္ဘာတွင် နောက်ဆုံး ပွင့်တော် မူခဲ့သော ဂေါတဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်ရန် ဆည်းပူးဖြည့်ကျင့်ခဲ့ရသော ပါရမီဖြည့်ရာဘ၀ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်ရှိခဲ့ သော်လည်းရဟန်းဘ၀ကို (၉) ဘ၀သာရရှိခဲ့ပေသည်။ ဤ အချက်တစ်ခု တည်းကပင်ရဟန်းဘ၀သို့ရာက်ရှိရခြင်း၏ အဖိုးတန်မှုကို ကောင်းစွာသိနိုင် ပေသည်။

ထိုပြင် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် ကိုယ်တော်မြတ်ဆွမ်းခံပြန်၍ သီတင်းသုံးရာကျောင်းတော်သို့ရောက်စဉ် ခြေတော် ဆေးရာခုံ၌ ခြေတော်ဆေးရင်း နောက်ပါ သံဃာတော် တို့အား နုတ်တော်ကပင်ဖွင့်၍ 'ချစ်သားတို့ လူ့ဘ၀သည်ရခဲ့၏၊ဘုရားပွင့်ရာအခါသည်ကြုံခဲ၏၊ ရဟန်းဘ၀သို့ရောက်ရှိရန်ခက်ခဲ၏၊ မြတ်သောတရားကိုကျင့်ကြံ အားထုတ်ဖို့ရန်အတွက်ခက်ခဲ၏။ မြတ်သောတရားကို ယုံကြည်သောသဒ္ဓါတရားနှင့်ပြည့်စုံ ခြင်းသည်ခက်ခဲ၏။'' ဟု ကြုံကြိုက်ခက်ခဲလှသော ဒုလ္လဗ္ဘတရား ၅ပါးကို နေ့စဉ် မိန့်မြွတ် ဆုံးမ တော်မူခဲ့သည်။ ဤ အချက်သည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားတို့အဖို့ မွန်မြတ်သော ရဟန်း ဘ၀သို့ရောက် ရှိရန်အတွက် မည်မျှခက်ခဲသည်ကိုသိနိုင်ပေသည်။

ရဟန်းဘ၀ရောက်ရှိခြင်းသည်မည်သို့သော အကျိုးထူးကိုရသနည်းဟူသည်ကိုမူ ရွှေပါရမီ တောရ ဆရာတော် အ၇ှင်ဆန္ဒာဓိက ၏ လေအတိုင်းဖြေရလျှင်'ကုသိုလ်အများကြီးရချင်လို့" ဟုသာပြောရပေမည်။ အကျယ်သိလို လျှင်မူ ဆရာတော်ရေးသားတော်မူသော'ရဟန်းဘာကြောင့် ၀တ် ရလည်း" စာအုပ်ကိုသာရှာဖတ်စေလိုကြောင်း လက်တို့ လိုက်ရပေသည်။( ဤစာမူရေသားရန် ရွှေပါရမီတောရ မှအင်တာနက်အသုံးပြုခ စပွန်ဆာမပေးပါ ကြောင်းသိစေ အပ်ပါ သည်း) ဤနေရာတွင်မူ သက်ဆိုင်သည့်အကြောင်းအရာကိုသာ ဖော်ပြပေးမည်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်အမျိုးသားများ ရဟန်းဘောင်သို့တက်လှမ်းရန် သိက္ခာတင်ရန်အတွက် သိမ်တော်အတွင်း ရှိနေစဉ် ရဟန်းလောင်းဘ၀၌ အစဉ်မေးမြန်းလေ့ရှိသော မေးခွန်းများအနက် " သင်ယောက်ျားစင်စစ်ဖြစ်ပါရဲ့လား' ဟူသော မေးခွန်းသည် ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ(အမျိုးသား)များ အတွက် ကြီးစွာသောအခက်အခဲဖြစ်မည်ဟုယုံ့ကြည်ပါသည်။ ယခုအခါ ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ(အမျိုးသား)များအတွက်ရဟန်းပြု၍ ရနိုင်မရနိုင် ဟူသော ကိစ္စသည်ဒွိဟဖြစ်ခြင်း အမှုသို့ ရောက်ရှိနေရပါသည်။ ယခုစာရေးသူလေ့လာတွေ့ရှိသော အချက်အချို့သည် ယင်းဒွိဟဖြစ်ရသော ကိစ္စအား ဖြေရှင်းနိုင်ရန်အတွက် အထောက်အကူဖြစ်မည်ဟုယုံကြည်ပါသည်။

ပထမဦးစွာ သတိပြုစေလိုသည်မှာ မြတ်ဗုဒ္ဓကဲံ့သို့သော အတုမဲ့ပုဂ္ဂိုလ်သည် လူတန်းစားခွဲခြားလိုသော ပုဂ္ဂိုလ်မဟုတ်သည်ကို မြတ်ဗုဒ္ဓပွင့် တော်မူရာခေတ်အခြေအနေ ကိုဆင်ခြင်၍လည်းကောင်း ဟောကြားတော်မူခဲ့သော တရားတော်များအားလေ့လာခြင်းဖြင့်လည်း မြတ်ဗုဒ္ဓသည် ပထမဆုံး လူတန်းစားခွဲခြားမှု၊ယောက်ျား မိန်းမလိင်ခွဲခြားမှု တို့ကို ပထမဆုံး တိုက်ဖျက်ခဲ့သော ပုဂ္ဂိုလ် ဟုသိရှိနိုင်ပေသည်။

ပါဠိ ဘာသာဖြင့် ပဏ္ဍုက်ဟုခေါ်ဆိုသော လိင်တူချစ်သူ အမျိုးသားတို့သည် ဗုဒ္ဓပွင့်ရာ ကာလတွင်အထင် အရှား ရှိကြလေသည်။ မြတ်ဗုဒ္ဓဟောကြားသောဝိနည်းဥပဒေတော်ကြီးတွင် တိအလင်းပါဝင်ထား၏။ သံဃာတော်များ ဆွမ်းခံ့ရန်မသင့်တော်သော နေရာများဟူ၍ တားမြစ် တော်မူထားသော နေရာများတွင် ပဏ္ဍုက်တို့အိမ်ပါ၏။ မြတ်စွာဘုရား လက်ထက် သံဃာရတနာအလွန်စည်းပွားတိုးတက်ချိန်တွင် ပဏ္ဍုက်တို့သည် လည်းသံဃာ အဖြစ်သို့ဝင်ရောက်၍ အခြား သောသံဃာတို့နှင့် မလျှောသောနေထိုင်မှုကိုပြုကြလေရာ အခြားသောတိတ္ထိဂိုဏ်းဝင်များက သံဃာရတနာ အား ပုတ်ခပ် ပြောဆိုခြင်းအမှုကိုပြုကြသဖြင့် ဘုရား၇ှင်၏ ဥပသိကာ ဥပါသိကာမတို့လည်း မြတ်ဘုရားအားလျှောက်ထားသောကြောင့် ဘုရား၇ှင်သည် ရ ဟန်းပြုရာ၌ သိမ်အတွင်းကံဆောင်စဉ် "သင်ယောက်ျားစင်စစ်ဟုတ်ပါရဲ့လား" ဟူသော မေးခွန်းပေါ်ပေါက် လာခဲ့ရသည်။

သို့သော်မြတ်စွာဘုရား၇ှင်သည် လူသားတို့အပေါ်ကြီးသော ကရုဏာထားသည့်အပြင် ခြားခြင်းမ၇ှိ သော အနှိုင်းမဲံ့ကရုဏာ၇ှင်ဖြစ် ရကား ပဏ္ဍုက်များအပေါ်တွင် လည်းများစွာ ကရုဏာထားတော်မူ ကြောင်းကို အဌကာထာ ဆရာတော်များ၏ ဖွင့်ဆိုချက်များတွင်တွေ့၇ှိနိုင်သည်။

ကင်္ခါဝိတရဏီအဌကထာ နှာ-၁၀၄ ၊ပါရာဇိက ကဏ္ဍ ပထမပါရာဇိက၀ဏ္ဏနာ ဒုပုဒ် ကြောင်းရေ ၄တွင် 'ပဏ္ဍကာဒယော ၀ဇ္ဇနှီယပုဂ္ဂလ ကထာယံ ၀ုတ္တာ၊ တေသု အာသိတ္တပဏ္ဍကဉ္စ ဥသူယပဏ္ဍကဉ္စ ဌပတွာ ဩပက္ကမိကပဏ္ဍကော နပုံသကပဏ္ဍကော ပဏ္ဍကဘာဝပက္ခေဌိတော ပက္ခပဏ္ဍကော စ ဣဓ အဓိပ္ပေတော။

ဆီလျှော်စွာပြန်ဆိုရလျှင်မူ "ပဏ္ဍုက်အစ၇ှိသော အပြစ်နှင်တကွဖြစ်သော ရဟန်းအဖြစ်မရ၇ှိ ထိုက် သော အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက် တို့အကြောင်းအားဆိုဦးအံ့၊ ထိုပဏ္ဍုက်အစ၇ှိသော အပြစ်နှင်တကွဖြစ်သော ရဟန်း အဖြစ်မရ၇ှိထိုက်သော အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်တို့တွင်မှ အာသိတ္တကပဏ္ဍုက်၊ ဥသူယပဏ္ဍုက် တို့ကို ကြဉ်ထား၍ ဩပက္ကမိကပဏ္ဍုက် ၊ နပုံသကပဏ္ဍုက်တို့သည်ကား အလျှင်းရဟန်းမပြုကောင်း၊ ပက္ခပဏ္ဍုက်သည်ကား ရံခါရဟန်းပြု ကောင်း၏ ဟု ဤ၌ အဓိပ္ပယ်ရ၏။"

မြန်မာလိုတော့ "ပဏ္ဍုက်အစ၇ှိသော အပြစ်နှင်တကွဖြစ်သော ရဟန်းအဖြစ်မရ၇ှိထိုက်သော အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်တို့ အကြောင်းအားဆိုဦးအံ့၊ ထိုပဏ္ဍုက်အစ၇ှိသော အပြစ်နှင်တကွဖြစ်သော ရဟန်းအဖြစ်မရ၇ှိ ထိုက်သော အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်တို့တွင်ပါဝင်သော ပဏ္ဍုက်တို့ထဲတွင်မှ အာသိတ္တကပဏ္ဍုက်၊ ဥသူယပဏ္ဍုက် တို့သည်ရဟန်းပြုကောင်း၏၊ ဩပက္ကမိကပဏ္ဍုက် ၊ နပုံသကပဏ္ဍုက် တို့သည်ကား လုံးဝရဟန်းမပြုကောင်း ၊ပက္ခပဏ္ဍုက် သည်ကား ပဏ္ဍုက်ပက္ခလွန်ရာအခါ၌ ရဟန်းပြုကောင်း၍ ပဏ္ဍုက်ပက္ခ၌တည်ရာ၌ရဟန်းမပြုကောင်း" ဟု အဓိပ္ပါယ်ရလေ၏။
ဒီနေရာမှာ ပဏ္ဍုက်ရဲ့ အဓိပ္ပယ်ကိုသေချာသိဖို့လိုပါသည်။ ပဏ္ဍုက်အားအနက်ပြန်ဆိုရာတွင်မူ လိင်အဂါင်္ချို့ တဲ့သူ့ဟူ၍ ပြန်ဆိုထားပါသည်။ သို့သောလိင်တူချင်းချစ်သူများကိုလည်း နှောင်း ခေတ် ပညာ ရှင်များမှ ထည့်တွင်း၍ အဓိပ္ပယ်ယူ သည်ကိုတွေ့ရသည်။ပါဠိဘာသာ၏ စည်းမျဉ်းအရပင် ဖြစ်သည်။ ဘုရား၇ှင်မှ ပဏ္ဍုက်အား(၆) မျိုးခွဲခြားထား သည်။ ယင်းတို့မှာ .................
(၁)အာသိတ္တကပဏ္ဍုတ်= သူတစ်ပါး၏အဂါင်္ဇာတ်ကိုစုပ်၍သုတ်သွန်းမှရာဂငြိမ်းသူ ( အင်း ရှင်းရှင်းပြော ရရင်ကန်တော့နော် သူများပစ္စည်းကိုစုပ်ပြီး သူများက သုတ်လွှတ်ပေးလို့က်မှ ရာဂငြိမ်းတဲ့သူလို့ပြောတာ...။ "ကီးသမား၊ပလွေသမားတွေပေါ့ကွယ်"...း)
(၂) ဥသူယပဏ္ဍုတ် = သူတစ်ပါးမေထုန်ပြုသည် ကိုကြည့်၍ငြူစူမှရာဂငြိမ်းသူ
(အဲ့ဒါကတော့ သူများတွေလိင်ဆက်ဆံတာကိုကြည့်ပြီး အာသာပြေတဲ့လူတွေ ဥပမာ အတွဲချောင်းတဲ့လူတွေ အပြာကား ကြည့်တဲ့လူတွေ၊ အလွန် အကျူး စိတ်ဝင်စားတဲ့ သူများကို ဆိုလို သည်၊ (ကာဗာ လုပ်ခြင်းမဟုတ်ပါး) စိတ်ပညာအရလည်း ယင်းကိုရောဂါတစ်ခုအဖြစ်သတ်မှတ်ထားပါသည်။)

(၃) သြပက္ကမိကပဏ္ဍုတ်= ဝှေးစေ့ထုတ်အပ်သူကိုခေါ်သည်။

(နတ်ကွပ်ဟု အပြင်တွင်လူပြောများသော မွေးရာပါများသာမက အကြောင်းကြောင့် ထုတ်ရသူ့များ လဲပါပါသည်၊ ရှေးတရုတ်မင်းဆက်များထဲမှ ကုန်းကုန်းတွေလိုပေါ့း)

(၄)ပက္ခပဏ္ဍုတ်= လဆုတ်ပက္ခ၌ ရာဂပူပန် ၍လဆန်းပက္ခ၌ရာဂငြိမ်းသူ

(ယင်းပုဂ္ဂိုလ်များသည် သာမန်ချိန်၌ ယောက်ျားစင်စစ်ဖြစ်သော်လည်း ပဏ္ဍုက် ပက္ခတည်ရာ တွင် ပဏ္ဍုက်စိတ်ဝင် ၏၊မိန်းမပုံသို့လုံးလုံးပြောင်းသွား၏။ တစ်ပက္ခတွင် ၁၅ ရက်ရှိ၏၊လပြည့်လကွယ် မြန်မာလနှင့်တွက်၏)

(၅)နပုံးပဏ္ဍုတ်(နပုံသကပဏ္ဍုက်)= ယောကျာ်းဘာဝရုပ် မိန်းမဘာဝရုပ်ကင်းသူ
(ယင်းပုဂ္ဂိုလ် များသည် မွေးကတည်းကပင် မည်သည်အင်္ဂါမျှ မပါသူများဖြစ်သည်။ ယင်းအဖြစ်မျိုး ဖြစ်နိုင် သည် ကို သီဟိုလ်ပြည်(ယခုသီရိလင်္ကာ) မူလသောမကျောင်းတွင်သီတင်းသုံးခဲ့၍ သဂြိုဟ်လက်သန်းကျမ်းကို ပြုစုတော်မူသော အရှင်အနုရုဒ္ဓါမထရ်၏သဂြိုဟ်လက်သန်းကျမ်း အဘိဓမ္မာသင်္ဂဟ ပါဠိတော်( ယခု အစိုးရ ပထမပြန် ငယ်၊ လတ်၊ကြီး စားမေးပွဲများတွင်သာမက ရန်ကုန်၊မန္တလေး အသင်းစာမေးပွဲ(အဘိဝံသ၊လကာင်္ရ စာမေးပွဲ) များတွင် ပင်ပြဌန်းစာအုပ်အဖြစ် သင်ကြားရသော စာအုပ်ဖြစ်ပါသည်) ရုပ်ပိုင်း စာပုဒ် (၅၄)တွင်
" တတ္ထာပိ ဘာဝဒသကံ ကဒါစိ နလဗ္ဘတိ " မြန်မာပြန်-ထိုသုံးပါးသော ဒသကတို့တွင်လည်း ဘာဝဒသက (ယောက်ျားအဖြစ်၊မိန်းမအဖြစ်) ကိုရံခါမရ အပ် ဟု ထင်ရှားစွာပြထား၏။)
(၆) ဥဘတောဗျဉ်း= ယောကျား၊မိန်းမလိင်အင်္ဂါနှစ်ခုပါသူ၊

(ယင်းတို့မှာအပေါ်မှနပုံးပဏ္ဍုက်နဲ့ပြောင်းပြန်ပင်ဖြစ်၏၊ ယခုခေတ်၌ ၎င်းတို့အား Intersexဟုခေါ်ဆိုလေ၏၊ ယောက်ျား အင်္ဂါစပ်၊မိန်းမအင်္ဂါစပ်၂မျိုးလုံး ထင်ရှားစွာ၇ှိလေ၏)

အထက်တွင်ဖေါ်ပြထားသောအဌကထာ၏ အဆိုအတိုင်းပင်ဖြစ်သည်။ အာသိတ္တက ပဏ္ဍုတ်၊ ဥသူယပဏ္ဍုတ် တို့သည်သာ ရဟန်းပြု၍ ရလေ၏၊ သြပက္ကမိကပဏ္ဍုတ်တို့မှာမူ ယောက်ျား ဟု၍ အသိအမှတ်ပြု ရာဖြစ် သော အထိန်းအမှတ်ကွယ်ပျောက်နေသောကြာင့် ယောက်ျား စင်စစ်ဟုမဆိုနိုင်ပေ၊။ နပုံးပဏ္ဍုတ်(နပုံသကပဏ္ဍုက်)တို့မှာမူ လိင်အဂါင်္သတ်မှတ်နိုင်မှုမရှိသောကြောင့် ဖြစ်၏။ ဥဘတောဗျဉ်းမှာမူ လိင်အဂါင်္၂ခုလုံးပါဝင်သောကြောင့် မည်သို့မျှသတ် မှတ်၍မရနိုင်ပေ။ အကယ်ရဟန်းပြုပါက မည်သို့ သတ် မှတ်မည်နည်း၊ ရဟန်းမလော့ ရဟန်းလော.၊ ထို့သို့တွက်ဆ ကြည့်လျှင်မူ ကောင်းစွာသိရှိပေလိမ်မည်။

ပက္ခပဏ္ဍုက်များမှာမူ မိမိယောက်ျားအသွင်၇ှိနေစဉ်အတွင်း ရဟန်းပြု၍ ရနိုင်ပေ၏၊ ရတောင့် ရခဲ့ ရဟန်းအဖြစ်သို့ရောက်စဉ် ခဏပင်ဖြစ်စေကာမူကောင်းစွာကျိုးစာအား ထုတ်လျှင် မိမိ ဥာဏ် ၇ှိသ လောက် အကျိုးရှိမည် ပင်ဖြစ်သည်။ ယခုခေတ်အခေါ် လိင်တူချစ်သူများနှင့် ပတ်သတ်၍ ရှင်းလင်းပါဦးမည်။ Lesbian (လပ်ဘီယံ) များတွင်ပါ ၀င်သော ယောက်ျားစိတ်ပေါက်သော အမျိုးသမီးများမှာလည်း ရဟန်း ပြု၍ မရပါ။ Gay (ဂေး) ဟုခေါ်ဆိုသေ လိင်တူချစ်သူအမျိုးသားများတွင်မူ အထက်တွင်ဖော်ပြသော အချက် အလက်များ နှင့် ညီလျှင်မူဝတ်၍ရပါသည်။ Bisexual များမှာမူလည်းဂေးနှင့်ထပ်တူပင်ဖြစ်၏။ အထူးပြဿနာ များနိုင်သော Transgender(လိင်ပြောင်းသူ) များမှာ ရဟန်းပြု၍ မရနိုင်ပေ၊ အဘယ် ကြောင့် ဟူမူကား အရှင်အနုရုဒ္ဓါမထရ်၏သဂြိုဟ်လက်သန်းကျမ်း အဘိဓမ္မာသင်္ဂဟ ပါဠိတော်ရုပ်ပိုင်း ၅၄ တွင် လိင်ပြောင်းရုံ ဖြင့် အမှန်တကယ် မပြောင်းလဲနိုင် ကြောင်းကို "ဂဗၻေသယ်က သတၱနံ ပန ကာယ ဘာ၀ ၀တၳဳဒသကသခါၤနိ တီဏိ ဒသကာနိ ပါတုဘ၀ႏၱိ။"

သံသေဒဇသြပပါတိက ပဋိသန္ဓေမှတပါး ဂဗ္ဘသေယျပဋိသန္ဓေကို ဆိုဦးအံ့၊ အမိဝမ်းတွင်းမှ ကိန်းကုန်သော သတ္တ၀ါတို့အား ကာယဒသက၊ ဘာဝဒသက (ဣတ္ထိဘာဝဒသက(မိန်းမအဖြစ်)၊ ပု မ္ဘာဝဒသက (ယောက်ျားအဖြစ်)) ၊ ၀တ္ထုဒသကဟု ဆိုအပ်ကုန်သော ၃ပါးသော ဒသကတို့သည် ထင်ရှားဖြစ်ကုန်၏။ ဟူ၍ ထင်ရှားတွေနိုင်၏၊ ထိုပြင် ယင်းလိင်ပြောင်းလဲ ထားသူများသည် နေ့စဉ် မိမိတို့ပြောင်းလဲထားသည် လိင်နှင့်သက်ဆိုင်သည့် ဟော်မုန်းအားတိုးဆေးများ အားသောက်သုံး နေရခြင်းသည် ယင်းအဆိုမှန်ကန်ကြောင်း တနည်းတဖုံ ထောက်ခံနေခြင်းပင်ဖြစ်သည်။
သို့သော် ယင်းစာပုဒ်ကိုထောက်ခြင်းဖြင့် အမျိုးသားမှ အမျိုးသမီးအဖြင့် လိင်ပြောင်းထားသော Transgender (လိင်ပြောင်းသူ) များရဟန်းပြု ၍ ရပါသလားဟူသောမေးခွန်းမှာမူ အတန်ဖြေ၇ှင်း ရခက်ခဲနိုင်ပေ၏၊ အမျိုးသမီးယောဂီ အဖြင့်ကား ၄င်းတို့အတွက်သာ၍ အဆင်ပြေနိုင်ပေသည်။ ထိုပြင် ဓမ္မာအဘိသမပဉ္စပါဠိတော်.တွင်ပါဝင်သော မဂ်ဖိုလ် မရနိုင်သူ တွေထဲမှာပါသော ပဏ္ဍုက်ဆိုသည်မှာ ရဟန်းလုံးဝပြုမရသော ဩပက္ကမိကပဏ္ဍုက် ၊ နပုံသကပဏ္ဍုက်၊ ဥဘတောဗျဉ်း= ယောကျား၊မိန်းမလိင်အင်္ဂါနှစ်ခုပါသူ၊တို့ကိုသာခေါ် ဆိုခြင်းဖြစ်၏ ။ ယင်းတို့သည် မွေးရာပါ(၀မ်းတွင်းပါ) ချို့တဲ့ သူများဖြစ်လေသည်။ အဘိဓမ္မာပါဠိတော်တွင် ယင်း အဖြစ်နှင့်လူ့ဘ၀သို့ ရောက်၇ှိလာသူများသည် သုဂတိအဟိတ် ၊ဒွိဟိတ်များဟုခေါ်၏။ ယင်းတို့သည် ပဏ္ဍုက်ဖြစ် မှသာမဟုတ် အခြား မွေးရာပါ မျက်မမြင် များဆွံ့အနားမကြားများ၊ အခြားမွေးရာပါခတဲ့သူ အာ်းလုံးအားခေါ်၏၊ ယင်းတို့တွင် ယခုဘ၀၌ မဂ္ဂ်၊ဖိုလ် နိဗ္ဗာန်ရနိုင်ရန် ဥာဏ်စွမ်းရည်ချိုတဲံ့ နေကြောင်းကို အရှင်အနုရုဒ္ဓါမထရ်၏သဂြိုဟ်လက်သန်းကျမ်း အဘိဓမ္မာသင်္ဂဟ ပါဠိတော် ၀ီထိပိုင်း ပုဂ္ဂလဘေဒ ၄၁ ၌

"တထာ ဥာဏသမ္မယုတ္တ ၀ိပါကနိစ သုဂတိယံ နလ ဗ္ဘ န္တိ"

"ထို့အတူ ဒွိဟိတ်ပုဂ္ဂိုလ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ်တို့သည် ဥာဏသမ္ပယုတ် မဟာဝိပါကစိတ်(ဈာန်မဂ္ဂ်ဖိုလ်ရနိုင်သောဥာဏ်) တိုကိုလည်းမရအပ်ကုန်" ဟူ၍ ဖော်ပြထား၏။

ယင်းသို့မရနိုင်သောကြောင့် စိတ်ပျက်အားငယ်ရန်မရှိ သင့်ပေ။ ယခုကြိုစားအားထုတ်ခြင်းသည် နောင်ဘဝ၌ မဂ်္ဂဖိုလ်ရရန် ကြီးစွာသော အထောက်အပံ့ ဖြစ်လေ၏။ သံသရာနှင့်ကံနှင့် ကံ၏အကျိုးကို ယုံကြည်ကြသူ ဗုဒ္ဓဘာသာဝင် တို့အတွက်မူ လိင်တူချစ်သူများအား နားလည်ခြင်း စာနာခြင်းသာဖြစ်သင့်၏၊။ မြတ်ဘုရား၏အလိုအရမူ ယောင်္ကျား၊မိန်းမ၊ ယောက်ကရှာ မိန်းမရှာ မရှိ၊ အားလုံးသောအရိုး၊အညှိ၊ အညစ်ကြေးများအား အပ်တဖျားမျှသော အရေ ဖြင့်သာဖုံးလွှမ်း ထားသော သတ္တ၀ါများသာဖြစ်၏။ မိမိလူဘ၀သို့ရောက်၇ှိစဉ်ခဏ မိမိ၏ အငှားခန္ဓာအားမက်မောတွယ်ငြိ တပ်မက်ခြင်းမရှိပဲ အကျိုးရှိအောင်အသုံးချသင့်ပေ၏။

ညအုပ်စိုး(ဗုဒ္ဓတက္ကသိုလ်-မန်းလေး)

ရူပက္ခန္ဓာကို ထောက်ပံ့ထားသော သင်္ခါရတရားများ ( ဥတုနှင့်အာဟာရ )

ရူပက္ခန္ဓာကို ထောက်ပံ့ထားသော သင်္ခါရတရားများ ( ဥတု )

သိမ်မွေ့သောအနက်အဓိပ္ပါယ်ရှိပါသည်။ ဖောက်ပြန်ခြင်းဆိုသည်မှာ ပြောင်းလဲခြင်းကိုခေါ်ပါသည်။ ဥတုမှ ပူရင် ရုပ်ပူ၊ ဥတုအေးရင် ရုပ်အေး။ ရှင်းသလိုရှိသော်လည်း  ဥတုမှ ပူသော်လည်း အေးနေသောရုပ်များရှိသကဲ့သို့  ဥတုအေးသော်လည်း ပူနေသောရုပ်များရှိပါသည်။ အတူတူပင်။

ရူပက္ခန္ဓာကို ထောက်ပံ့ထားသော သင်္ခါရတရားများ ( အာဟာရ )

အစာ ၊ ဆေး၊ အရေ အဖတ် စသည်ဖြင့် ရုပ်ကိုထောက်ပံ့သောအရာ။

ရုပ်၏ ဖြစ်စဉ်သည် အလွန်ရှုပ်ထွေးသည်။ ကံမှအကျိုးပေးသောရုပ်သည် ထမင်းစားရင်း အရိုးဆူးသည်ဖြစ်စေ လန့်သည်ဖြစ်စေ ရုပ်၏ ဖြစ်စဉ်သည် အလွန်ရှုပ်ထွေးသွားနိုင်သည်။ ၎င်းတချိန်ထဲ၌ ကံမှအကျိုးပေးသောကမ္မဇ္ဇရုပ် ၊ ထမင်း ( အာဟာရ ) မှအကျိုးပေးသော အာဟာရဇရုပ် ၊ ပတ်ဝန်:ကျင်အပူအအေးကြောင့်ဖြစ်သော ဥတုဇရုပ် နှင့် အရိုးဆူးသောကြောင့်ဖြစ်စေ လန့်၍ဖြစ်စေ ဖြစ်ပေါ်လာသော  စိတ္တဇရုပ် တို့သည် တပြိုင်တည်း ဖြစ်ပေါ်၍လာပေသည်။ ရုပ်၏အကြောင်းမှာ ထောက်ပံ့ထားသောအရာများ ရှုပ်ထွေးသကဲ့သို့ အလွန်ရှုပ်ထွေးသည်။ ထို့ကြောင့် မြင်နိုင် ထိတွေ့နိုင်ခြင်းဖြစ်သည်။ သဘောအရဆိုလျှင် သူတလူ ငါတမင်း ဗိုလ်လုအုပ်ချုပ်ခြင်းများ အချိန်ပြည.်ဖြစ်ပေါ်နေသည့် မြို့/ရွာ/နယ် ဖြင့်တူပါသည်။
 
 
ရေးကျင့်မရှိ၍ တင်ပြပုံမှားခဲ့သော် ၊ ရိုင်းခဲ့သော် ၊ စာလုံးပေါင်းမှားခဲ့သော် ရေးသူ၏အပြစ်သာပင်ဖြစ်ပါစေ။
ထွန်းအောင်ကျော်


Enquire about Buddha Dama Tayardaw (in English Version)


ကျွန်တော်အကြံပေးလိုတာကတော့ အောက်ကစွန်းလွန်းဆရာတော်ရဲ့ အကြောင်းmp3ကိုဦးစွာပထမနာကြား
ရန်ပန်ကြားလိုပါသည်။
pato...@gmail.com(myo oo)
 i want advise u that u must listen  first the mp3  about Sunlunn Sayadaw below the link.

http://www.dhammaransi.net/Audio/SunlunSayadaw-Biography.mp3

ဗုဒွဘာသာလေ့လာလိုသူများဒီအောက်က link မှာ member ၀င်နိုင်ပါသည်

http://buddhismworld.ning.com/

http://www.dhammaransi.com/index.php?option=com_content&view=ar...

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

http://www.dhammaransi.com/index.php?option=com_content&view=ar...

ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသ
ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာရာဘိဝံသ
http://www.dhammaransi.com/index.php?option=com_content&view=ar...

အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်)
အရှင်ပညာနန္ဒ (သီတဂူကြယ်တပွင့်)
http://www.dhammaransi.com/index.php?option=com_content&view=ar...

ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ (မိုးကုတ်)

http://www.dhammaransi.com/index.php?option=com_content&view=ar...

ဆရာတော်ဦးဃောသိတ (မိုးကုတ်)

http://www.dhammaransi.com/index.php?option=com_content&view=ar...

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ

http://www.dhammaransi.com/index.php?option=com_content&view=ar...

တွံတေးဆရာတော် အရှင်ဣန္ဒက

http://www.dhammaransi.com/index.php?option=com_content&view=ar...

ကျစွာချောင်ဆရာတော် အရှင်လက္ခဏ

http://www.dhammaransi.com/index.php?option=com_content&view=ar...

အောင်ဆန်းဆရာတော် အရှင်သဒ္ဓမ္မကိတ္တိသာရ

http://www.dhammaransi.com/index.php?option=com_content&view=ar...

သဇင်ရေကျော်ဆရာတော် အရှင်ဥာဏောဘာသ

http://www.dhammaransi.com/index.php?option=com_content&view=ar...

ဖားအောက်ဆရာတော်ဘုရားကြီး အရှင်အာစိဏ္ဏ

http://www.dhammaransi.com/index.php?option=com_content&view=ar...

မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန
http://www.dhammaransi.net/Audio/MingunSayadaw-PahtanPalidaw.mp3

http://www.dhammaransi.net/Audio/PhaAukSayadaw-ArnapanaTechnique.mp3




--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

Slip
http://www.meepyatite.info/


Facebook
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@googlemail.com.


Reply all
Reply to author
Forward
0 new messages