ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၂) ရက်နေ့က ကျင်းပပြုလုပ်သော နယ်မြေလုံခြုံရေးအရ ရှောင်တိမ်းလာရသူများအတွက် ပြည်ထောင်စုလွှတော်ကိုယ်စားလှယ်များမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ အလှူငွေပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် သိရှိခဲ့ရသော ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွှတော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို တင်ပြအပ်ပါသည်။

ဦးခတ်ထိန်နန်
ပျော်ရွှင်နေရမယ့် ဒီဇင်ဘာခရစ်စမတ်အချိန်အခါမှာ ကျွန်တော်တို့တွေဟာ
ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မတည်ငြိမ်ခြင်းတွေ
စတဲ့ခံစားမှုကိုယ်စီနဲ့ ဒီနေ့ဒီလမှာ တွေ့ဆုံနေကြရပေမယ့်
လုံခြုံရေးအရခိုလှုံလာရသူများ၊ မိသားစုများကို
ဖေးမကူညီစောင့်ရှောက်နိုင်ရန်အတွက် ကျွန်တော်တို့အားလုံးဟာ တက်ညီလက်ညီ
ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး သုံးရပ်နှင့်အတူ
စတုတ္ထမဏ္ဍိုင်ဟာလည်းပဲ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက်
ဒီနေ့မြစ်ကြီးနားမှာရှိတဲ့ ပြည်တွင်းမီဒီယာများ အထူးသဖြင့် ဒီကနေ့
ကချင်ပြည်နယ် မြစ်ကြီးနားကို ခေတ်သစ် စနစ်သစ် အစိုးရသစ်လက်ထက်မှာ
ပထမဆုံးရောက်လာတဲ့ ပြည်တွင်းမီဒီယာများထဲက မြန်မာတိုင်းမ်၊ Voice ၊ Weekly
Eleven ၊ Hot News ၊ ကုမုဒြာ စတဲ့သတင်းမီဒီယာများကို လည်း ကချင်ပြည်နယ်က
ကြိုဆိုသလို ကျေးဇူးလည်း အများကြီးတင်ပါတယ်။ ဒီကနေ့ ရောက်ရှိလာတဲ့ Hot News
journal အယ်ဒီတာချုပ် ဒေါ်ဟေမာကလည်း ငွေကျပ် သိန်း(၆၀) ကို ကိုယ်တိုင်
စခန်းတွေကို လိုက်လံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဦးဂျေရောဝူ
တပ်မတော်ဆိုတာလည်း တိုင်းရင်းသားမျိုးစုံပါဝင်ပါတယ်။
ကျွန်တော်လွှတော်မှာလည်း တင်ပြထားပါတယ်။ လူနည်းစုတိုင်းရင်းသားတွေကို
အနိုင်ကျင့်တာမျိုးတော့ မဖြစ်စေချင်သလို တိုင်းရင်းသားတွေအနေနဲ့လည်း
မဖြစ်နိုင်တဲ့ ပြည်ထောင်စုကြီး ပြိုကွဲစေမယ့်တောင်းဆိုမှုတွေကို
မတောင်းဆိုစေချင်ပါဘူး။ စစ်ပွဲတွေကြောင့် ခေတ်သစ်ပြည်သူတွေလည်း
သေကြေပျက်စိးကြပြီး အများကြီးဒုက္ခရောက်ရပါတယ်။ ကလေးတွေလည်း မိဘမဲ့
ဖြစ်ကုန်တာတွေ ရှိပါတယ်။ ဒါကြောင့် အပစ်အခက် အမြန်ဆုံးရပ်ဆဲပြီး
အမြင်မတူတာတွေကို ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
အမြန်ဆုံးဖော်ဆောင်နိုင်အောင်သာ ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါ်ဒွဲဘူ
မည်သည့် တိုင်းရင်းသားလူမျိုးမဆို သေနက်သံ ဗုံးသံကို မကြားလိုကြကြောင်း
ငြိမ်းချမ်းမှုနဲ့ ဆန့်ကျင်တဲ့ စစ်နှင့် သွေးထွက်သံယိုမှုများကို
လုံးဝမကြားလိုကြောင်း၊ မိမိတို့ကချင်ပြည်နယ်မှာ သေနက်သံ ဗုန်းသံ
မိုင်းကွဲသံများကို ပြန်လည်ကြားနေရပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့်
ပြည်သူများ စိတ်မချမ်းမြေ့မှုနဲ့ စိုးရိမ်ထိတ်လန့်မှုများ
ကြီးမားစွာခံစားနေရကြောင်း
ဦးစောသိန်းအောင်
တိုင်းရင်းသားအဖွဲ့အစည်းများသည် လူမျိုးစုံ၊ ဒေသစုံမှ ကျဉ်းမြောင်းသည့်
အယူအဆများကို စွန့်လွှတ်လျှက် တစ်ဦးနှင့်တစ်ဦးနားလည်မှု ရယူကာ
ပွင်လင်းစွားဆွေးနွေးတိုင်ပင်၍ ဒေသအကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်သွားကြ
မှသာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
အရှန်အဟုန်တိုးမြှင့်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။
![]() |
ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခံရသော ကာမိုင်းမြို့နယ်၊ မအူပင်ကျေးရွာမှ ရာအိမ်မှုး ဦးမြင့်စိုး
|

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။ “ တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
နေပါအုံး။
တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ)
ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။
အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို
ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။
တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို
ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
(ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆) မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ ) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။ စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။ “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးထားတဲ့ 'အင်းသီး'မှတ်တမ်းရုပ်ရှင်ကို ဆင်ဆာခွင့်ပြုချက်ရရှိပြီဖြစ်တဲ့အတွက် လာမယ့် ဇန်န၀ါရီလမှာ တစ်နိုင်ငံလုံး ကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
အင်းလေးဒေသက ခရမ်းချဉ်သီး ရေခြံလုပ်ငန်းတွေမှာ ခရမ်းချဉ်သီးစိုက်တဲ့အခါ သုံးကြတဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ တွေကြောင့် ရေထဲမှာ ဓာတုညစ်ညမ်းမှု ပါဝင်တဲ့အနေအထား၊ ရေထုညစ်ညမ်းစေတဲ့ အနေအထား တွေက လူတွေအတွက် ဘယ်လိုဆိုးကျိုး တွေဖြစ်နိုင်တယ်ဆိုတာကို 'အင်းသီး' မှတ်တမ်းရုပ်ရှင်မှာ တင်ပြထားတာပါ။
၂၀၀၉ ခုနှစ်၊ မတ်လက စတင် ပြင်ဆင်ရိုက်ကူးခဲ့တဲ့ ဒီ'အင်းသီး' မှတ်တမ်းရုပ်ရှင်က နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ အကြိမ်ကြိမ် ပြသခွင့် ရရှိခဲ့ပေမယ့် ပြည်တွင်းမှာတော့ ပြသခွင့်ကို ခုမှ ရရှိတာဖြစ်ပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်က ပြသခွင့်ဆင်ဆာကျပါတယ်။ အရမ်းထူးဆန်းတယ်။ တင်ထားတာကို ဘာတစ်ခုမှမဖြတ်ခိုင်းဘူး။ အဖြတ် အတောက် မပါဘူး။ ဒါကို ပြသဖြန့်ချိဖို့ စမိတ်ဆက်တဲ့ ၂၀၁၀ ပြည့် နှစ်၊ ဇွန်လကတည်းက စောင့်ခဲ့ရတာ။ ခုမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ခွင့်ပြုတယ် ဆိုတော့ ဆင်ဆာနဲ့ပတ်သက်ရင် မူဝါဒ အပြောင်းအလဲတွေ့ရတာပေါ့"လို့ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆိုပါတယ်။
ဒီ'အင်းသီး' မှတ်တမ်းရုပ်ရှင်ကို The Art of Freedom ရုပ်ရှင်ပွဲတော် စတင်ဖွင့်လှစ်တဲ့ ဇန်န၀ါရီလ ၄ ရက် နေ့မှာ ရောင်းချမှာဖြစ်ပြီး ပွဲတော်ကာလ လေးရက်စလုံးမှာလည်း တစ်ခွေကို ကျပ် ၂,၀၀၀ ၀န်းကျင်နဲ့ ရောင်းချသွား မယ်လို့ သိရပါတယ်။
'အင်းသီး'က ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလက ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ Festival of Photos, Reportage Film and Docu-
mentary Film on the Countries and People in ASEAN မှာ Best Documentary 2010 အမျိုးအစားအတွက်
ဒုတိယဆုရခဲ့ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လာအိုနိုင်ငံ
ဗီယင်ကျန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာပြုလုပ်တဲ့
ရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ပြသ ခဲ့ဖူးပါတယ်။
ပြည်တွင်းကရုပ်သံလိုင်းတွေမှာ ပြသဖို့ ကမ်းလှမ်းခံရဖူးပေမယ့် ဆင်ဆာမရတာကြောင့် ပြသခွင့် မသာခဲ့ပါဘူး။ အခု ပြသခွင့် ရရှိပြီဖြစ်တဲ့အတွက် 'အင်းသီး'ကို ပြည်တွင်းမှာ ပြသဖို့ ရုပ်သံလိုင်းတွေနဲ့ ထပ်မံဆွေးနွေးဖို့ရှိတယ်လို့လည်း ဒါရိုက်တာ မင်းထင် ကိုကိုကြီး က ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီလထဲမှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ၀သန်ရုပ်ရှင်ပွဲတော်မှာ New Vision ဆုရရှိခဲ့တဲ့ 'အလျင်'ဇာတ်ကားတိုကို ပြသဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် (MFF) မှပေးအပ်ချီးမြှင့်သော ၂ဝ၁၁ ခုနှစ် အတွက်
တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုအား ဆီးဂိမ်းတွင် ကြေးတံဆိပ်ဆုရ ယူ ၂၃၊
မြန်မာဘောလုံးအသင်း ရှေ့တန်းတိုက်စစ်မှူး ကျော်ကိုကို ရရှိသွားခဲ့ကြောင်း
သိရသည်။ တတိယနေရာ လုပွဲတွင် မြန်မာအသင်းအတွက် ကျော်ကိုကို အား မြန်မာ
နိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးတေဇမှ ၄င်းအား ဆုကြေးငွေအဖြစ်
အမေရိကန်ဒေါ် လာ ၃ဝဝဝ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ညက ဆီဒိုးနားဟိုတယ်၌ ကျင်းပ
သော မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဆုပေးပွဲ အခမ်းအနား၌
ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်း
ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ MNL
ကလပ်အသင်းပိုင်ရှင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ
တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက် ခဲ့သည်။ ထို့ နောက်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာ စကား
ပြောကြားခဲ့ပြီး MNL အရန် အသင်း ပြိုင်ပွဲ MNL Cup 2011 ပြိုင်ပွဲ၊ Max
Cement Cup ပြိုင်ပွဲ များမှ ပထမ၊ ဒုတိယ၊ တတိယ နှင့်
အသန့်ရှင်းဆုံးအသင်းများအား လည်းကောင်း၊ အာဆီယံ တတိယ ဆုရ
မူဆယ်အသင်း၊ဆီးဂိမ်း တတိယ ဆုရ မြန်မာလက်ရွေးစင်
ဘောလုံးအသင်း၊မဲခေါင်ဒေသတွင်း ဘောလုံးပြိုင်ပွဲ ပထမဆုရ အသက် ၂၁ နှစ်အောက်
အမျိုးသား ဘောလုံးအသင်း၊ AFF ဖလားဘောလုံး ပြိုင်ပွဲ ပထမဆုရ U 16 ၁၆
အမျိုးသား ဘောလုံးအသင်းတို့အား ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့်
စီးပွားရေးလုပ်ငန်းရှင်များမှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။ ယခုနှစ်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး
လူငယ်ဒိုင်လူကြီး အဖြစ် ဦးခင်မောင်ဝင်း၊ အကောင်း ဆုံး
လူငယ်ဘောလုံးသမားအဖြစ် နေပြည်တော် FC ယူနိုက်တက်မှ ဇော်လင်း အကောင်းဆုံး
အမျိုးသမီး ဘောလုံးသမားအဖြစ် စန်းစန်းမော်၊ MNL Cup ပြိုင်ပွဲတစ်လျှောက်
ဂိုး သွင်းအများဆုံး အဖြစ် ချာလ်းကိုး၊MNL Cup အရန်အသင်းပြိုင်ပွဲ
ဂိုးသွင်း အများဆုံးအဖြစ် ကောင်းစည်သူ၊ အကောင်းဆုံး ဒိုင်လူကြီးဆု အဖြစ်
မစ္စတာဟန်ဆန်တို့က ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
PN-202

