ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်၊ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၁ ) ၊ လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး ၊ ကာမေသုက ကုမရပါ ၊ ကာမေသုက ကုမရပါ (၂) ၊
97 views
Skip to first unread message
meepyatite
unread,
Mar 30, 2011, 1:16:21 AM3/30/11
to
  1. ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်၊
  2. သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၁ ) ၊
  3. လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး ၊
  4. ကာမေသုက ကုမရပါ ၊
  5. ကာမေသုက ကုမရပါ (၂) ၊
ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်
-အရှုံးမရှိသောဒဿန
"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ"
     နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတစ်ရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေ၀ါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ထိုဘာ  သာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။
ထိုအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။အကယ်၍သာ ခေတ်သစ်သိပ္ဖံနည်းကျလိုအပ်ချက်များကို အဖြေ ထုတ်ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခုရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မည်။
"ကမ္ဘာကျော် သိပ္ဖှံဆရာကြီး ဒေါက်တာအဲလဘတ် အိုင်စတိုင်း"
"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်"
     ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို လေ့လာခဲ့ပြီးဖြစ်ဧ။် လှပတဲ့အရာ  မှာရော ၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ ဗုဒ္ဓဘာသာရဲ့ အမှန်တရားအရိယသစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍သာ    လွန်ကောင်ြး မတ်တဲ့အရာ တစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ်ဘ၀ကို ပုံဖော်ရေးအတွက် ကျွန်ုပ် ကျေနပ်ရောင်ရဲပါဧ။် ။
(ပါမ္ခောရိုက်-စ် ဒေးဗစ်)
"လူ့ဘာသာတရား"
     ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့ ကာလပတ်လုံး ဗုဒ္ဓဘာသာ ရှိနေမှာ ပါ။ အကြာင်းမူရင်းသည် လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။
(သီရီလင်္ကာ ၀န်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်)
"မူဝါဒဖြင့်နေရသော ဘ၀"
     ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘ၀မဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘ၀ဖြစ်ဧ။် ။အကျိုးဆက်အားဖြင့် သည်း ခံရေးဘာသာတရားတစ်ခုဖြစ်ဧ။် ။ယင်းသည် နေမင်းအောက်ရှိ စိတ်ကောင်းစေတနာ အရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။
(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)
"အမြင့်မြတ်ဆုံးလူသား"
     သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်း ထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို ကြည့်လိုက်ပါ။ သူဧ။် ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမှုသည်လူ့လော     ကတွင် ကြီးမြတ်လှပါပေဧ။် ။
(မူဆလင် ကဗျာဆရာ - အပ္ဖ္ဒဒူလ် အတာဟီယ)
"မြတ်ဗုဒ္ဓဧ။် ပဋိသေ၀၀ိဿဇ္ဖနာ"
     ဥပမာအားဖြင်ဆိုရသော် အိလက်ထရွန်ဧ။် အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။
အိလက်ထရွန်ဧ။် အနေအထားသည် အချိန်နှင့်အတူ ပြောင်းလဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။    သေသည့်            နောက်     ကာလ၌ အတ္တ၏    အခြေအနေနှင့် ပတ်သတ်၍          အမေးခံလာရသည့်အခါ               အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။သို့သော်ယင်းအဖြေမျိုးသည် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်ခုနှစ် သိပ္ဖံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးချေ။
(ဂျောရောဘတ် အိုပင်ဟိုးမား)
     အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံးအခပ်အခြာအာဏာပိုင်စိုးလာသော
ဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ်ကွတ်မြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့်
ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ်မတွေ့ရပါချေ။
(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)
္မ္စ္မ္န္က္ဆ္ဆ္တ္ဌ္ဌ္လ     ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်းရှင်းပြတော်မူသည့်အပြင်အန္ဒိယနိုင်ငံ၏
ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည် ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော် စင် ပညာရှိ လူ့ဂဂေးကြီးတစ်ဦးဖြစ်ပါပေ၏။
(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ရှင် အယ်လ်ဘတ်စဆိတ်စာ)
     ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့ ထွန်းကားရေးအတွက်လူ့သမိုင်းကြောင်းရှိအခြားသောသြဇာအာဏာ
ထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။
(အိပ်ခ်ျဂျီဝဲလ်)
     ခေတ်သစ်သိပ္ဖံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည်ဗုဒ္ဓဘာသာပင်
လျှင်ဖြစ်ရပါမည်။
(အယ်လ်ဘတ် အိန်းစတိန်း)
"အမှန်မြင်သူ၏စကား"
     သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့် စတိရီယို ကတ်ဆတ်တစ်လုံး
ဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခွင့်အရေးဆိုတာ တကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့
သင်ဆိုမယ်ဆိုပါတော့ ။
     ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူရင်းနဲ့ပဲ ၀မ်းနည်းမှု၊စိုးရိမ်ပူပန်ရမှုတွေ တွေကြုံနေ
ရပါတယ်။ ဒါကြောင့်ဒိလို တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစားသုံးသတ် လေ့လာကြည့်စေချင်ပါတယ်။ဒါပေမဲ့ ကျွန်မဟာအဲ့ဒီ   ကျင့်စဉ်များကို အားရကျေနပ်မှု မရှိခဲ့ပါဘူး။၁၉၇၆-ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါးတရား   နဲ့ လက္ခာရေးသုံးပါးအကြောင်းကို ပတမဆုံးနာကြားရပါတယ်။အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရာတော်မှလွဲ၍ဘယ်အတွေး   အခေါ် အယူအဆကိုမှ အားရကျေနပ်မှုမရျိခဲ့ပါ။
ဘာဘရာဂျင်နပ်စ်(အမေရိကန်)
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၁ )
ကျနော်ဒီဘာသာရေးစာတွေဘဲ တင်လို့တမျိုးတော့မထင်စေချင်ဘူး။ ကျနော့်ဘာသာသာသနာအတွက် အုပ်တချပ်သဲတပွင့်မဟုတ်ရင်တောင် ဖုန်မှုန့်လေး
တမှုန်လောက် အကျိုးပြုနိုင်ရင်ကျနော်ကျေနပ်ပါပြီ။ကျနော်တင်တဲ့ပို့စ်လေးတွေဖတ်ပြီး ဒီဆိုဒ်လေးထဲကမိသားစုဝင်များ
ရင်ထဲမှာ တခုခုကျန်ခဲ့ ရခဲ့မယ်ဆိုရင်ကျနော် ရှာဖွေတင်ရကြိုးနပ်ပါပြီဗျာ။
(ဂါဒီးယန်း ဦးစိန်ဝင်း နှင့် ဒေါက်တာ ဦးနေ၀င်း မေး၍ အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဖြေသည်။)
(မေး) အရှင်ဘုရား၊ ရုပ်ဖြစ်ပျက်မှုနဲ့ စိတ်ဖြစ်ပျက်မှုမှာ အဆပေါင်းများစွာ လျင်မြန်တယ်လို့ ဆိုတယ်။ စိတ်ဖြစ်ပျက်နေပုံကို ထင်ရှားအောင် ရှင်းပြပါဘုရား။
(ဖြေ)
ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက ရုပ်တခါပျက်တဲ့အချိန်မှာ စိတ်က ၁၇-ချက်ပျက်တယ်လို့ ဆိုပါတယ်။ စိတ် ၁၇-ချက် ပျက်တယ်ဆိုတာ လူများအတွက်က နားလည်ဖို့ သိပ်မလွယ်လှပါဘူး။ ဘာဖြစ်လို့ မလွယ်တုံးလို့ဆိုတော့ ပထမဆုံး မေးဖို့ကောင်းတာက စိတ်ဆိုတာ ဘယ်လိုသဘောပါတုံး။ ဒီလိုမေးမှ အဖြစ်အပျက်ကို ရောက်သွားမယ်။ ကိုယ်မေးချင်တဲ့ အရာဝတ္ထုပစ္စည်း တခုကို ဘယ်လိုပစ္စည်း၊ ဒီလိုသိပြီးတော့မှ အဲဒီဟာ ဘယ်လောက်မြန်သလဲ၊ ရုပ်က ဘယ်လိုသဘောလဲ၊ ဒီဟာကိုကြည့်ပြီးတော့မှ အဖြစ်အပျက်ကို ရှင်းဖို့ကောင်းတယ်။ ခုတော့ တဆင့်လွန်ပြီးတော့မှ ရောက်သွားတယ်။
ဒီတော့ကာ ဗုဒ္ဓရဲ့တရားတော်မှာ ပြဿနာက မပြည့်စုံသေးလို့ရှိရင် မေးနည်းကို ပြင်ပေးတဲ့နည်း ရှိပါတယ်။ ဒီတော့ ပြင်ပေးလိုတာက စိတ်ဆိုတာ ဘယ်လိုသဘောပါလဲ။ ဒီလိုမေးရင် သာကောင်းတယ်။ ဒီတော့ ဒီလိုမေးတယ်ဆိုပါတော့ စိတ်ဆိုတာ ဘယ်လိုသဘောပါတုံး။
(စိတ်ရဲ့သဘော)
ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာက စိတ်သဘောဟာ အဝေးအာရုံကိုလည်း ယူနိုင်တယ်။ နှစ်စိတ်တပြိုင်တည်း ဖြစ်ရိုး မရှိဘူး။ တစိတ်စီ တစိတ်စီ ဖြစ်တယ်။ အဖြစ်အပျက် မြန်တယ်။ ဘယ်လောက်မြန်သလဲဆိုတော့ လက်ဖျောက်တချက်တီးတဲ့အချိန်မှာ ကုဋေများစွာ ဖြစ်ပျက်တယ်။ စိတ်ချင်းတော့ တူချင်မှတူမယ်။ အာရုံလိုက်ပြီးတော့ အမျိုးမျိုးတော့ ရှိတယ်။ အဲဒီစိတ်ရဲ့ အဖြင်အပျက်ကတော့ လက်ဖျောက်တချက်လောက် တီးလိုက်ရင် ကုဋေတသိန်းမက ဖြစ်ပျက်နေတယ်။ စိတ်ဟာ အကောင်အထည် အရာဝတ္ထု အထည်ကိုယ် ရှိသလားလို့ဆိုတော့ အထည်ကိုယ်မရှိဘူး။ အထည်ကိုယ်မရှိရင် စိတ်မရှိဘူးလား။ မဟုတ်ဘူး။ စိတ်ဆိုတဲ့သဘောက ရှိတယ်။ အကောင်အထည်တော့ မရှိဘူး။ ဒီစိတ်ဟာ ဘယ်လိုနေရာမှာ အဖြစ်များတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒီဘုံမှာဆိုတော့ မဟာဘုတ်ဆိုတဲ့ ဟဒယလိုဏ်ဂူမှာ၊ လိုဏ်ဂူဆိုတာ တင်စားပြောတာ၊ တကယ့်ဂူလဲ မဟုတ်ပါဘူး။ ဟဒယမှာ အဖြစ်များတယ်။ အဖြစ်များတယ်ဆိုတော့ အကောင်အထည်မှ မရှိဘဲနဲ့၊ အဲဒီအပေါ်မှာ သူက ကပ်ပြီးတော့ဖြစ်နေတဲ့ သဘောမဟုတ်ဘူး။ သူရှိလို့ ဖြစ်နိုင်တာ။ သူမရှိလို့ရှိရင် မဖြစ်ဘူးဆိုတဲ့ အနေမျိုး၊ ဒီတော့ စိတ်သဘာဝကို ပထမဆုံးစဉ်းစားကြည့်ရင် ဘယ်လောက်သိမ်မွေ့သွားသလဲ။ ဒါကို နားမလည်ရင် ထပ်မေး။ ဒီတော့ ဗုဒ္ဓမြတ်စွာက ဆက်ပြီးတော့ စိတ်သဘာဝကိုသာ အမိန့်ရှိရုံတင်မဟုတ်ဘူး။ အဲဒီစိတ်ကို ထိန်းနိုင်လို့ရှိရင် ဒုက္ခအမျိုးမျိုးက လွတ်တာပဲ။ ဒီထိအောင် ဟောချင်လို့ ခုနက စိတ်ရဲ့သဘောကို အစချီပြီးတော့ ဟောတော်မူပါတယ်။
(အဝေးအာရုံ လှမ်းပြီးယူနိုင်)
ဒီဟာကို ဘုန်းကြီးပြောမယ်။ ထပ်ပြီးတော့ စိတ်ဆိုတဲ့သဘောဟာ အဝေးအာရုံကို လှမ်းပြီးတော့ ယူနိုင်တယ်။ ဥပမာ-ဒကာနေ၀င်းပဲ။ မိမိအလုပ်လုပ်တဲ့နေရာကို စိတ်ညွတ်လိုက်ရင် ထင်နေတာပဲ မှားသလား၊ မှန်သလား ဆိုတာကိုတော့ မပြောနိုင်ဘူး။ ဘာပြုလို့တုံး ဟိုနားမှာ ကုလားထိုင် ထားခဲ့မယ်။ ရွှေ့သွားတဲ့သူက ရွှေ့သွားမယ်။ သို့ပေမယ့် ကိုယ်က မြင်နေတာကတော့ အဲဒီနေရာမှာ ကုလားထိုင်မြင်နေတယ်။ အဝေးကိုသွားနိုင်တယ်ဆိုတာ ဘယ်လောက်များ မြန်သလဲဆိုတာတော့ မပြောနဲ့တော့။ မိမိအလုပ်လုပ်တဲ့နေရာကို ဒီနားကနေပြီးတော့ ရောက်သွားလိုက်တာ၊ သိပ်မြန်တာပဲ။ သိပ်မြန်တော့ စိတ်က ခုန်ဆွ ခုန်ဆွသွားနေသလား၊ မဟုတ်ဘူး။ ဒီမှာဖြစ်ပျက်ပြီးနေရင်းက ဟိုမှာ အာရုံယူနိုင်တယ်။ ဆန်းလိုက်တဲ့ဖြစ်ခြင်းကတော့ မပြောနဲ့တော့၊ မပြောနဲ့တော့၊ မဟုတ်ဘူးလားဆိုတော့ ကိုယ့်စိတ်ကို ကိုယ်ပြန်စဉ်းစားကြည့်လေ။ စိတ်ကူးနဲ့ ဘုရားဟောသွားတာ မဟုတ်ဘူး။ ကိုယ့်စိတ်ကို ကိုယ်ပြန်စဉ်းစားကြည့်ရင် တော်တော်ဆန်းတဲ့ သဘောတရားတမျိုးပါလား-လို့ ဒီလိုသဘောပေါက်မယ်။
(ကုဋေတသိန်းမက ဖြစ်ပျက်)
ပြီးတော့ နှစ်ခုတွဲမဖြစ်ဘူး။ လက်ဖျစ်တချက်တီးမှာ ကုဋေတသိန်း တခုပြီးတခု၊ တခုပြီးတခု၊ ဖြစ်နေတာပဲ။ ကုဋေတသိန်းမကတဲ့ အဖြစ်အပျက် ဘယ်လောက်မြန်သလဲ။ ဘာလဲ နောက်တော့ ထပ်မေးနိုင်တယ်။ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမက ဖြစ်ပျက်ဖြစ်ပျက် တမျိုးစီ၊ တမျိုးစီ၊ တခုတည်းက ကုဋေတသိန်းမက ဖြစ်နေတာမဟုတ်ဘူး။ ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်။ သူဟာ အကောင်အထည် မျက်စိနဲ့မြင်လို့လည်း မရ။ မျက်စိနဲ့မြင်ကောင်းတဲ့ အရာဝတ္ထုလည်း မဟုတ်ဘူး။ ဒါဖြင့် မရှိလို့လား။ ရှိတယ်။ မနောနဲ့ သူ ငါ့ကို မကောင်းကြံနေတယ်။
(အထည်ကိုယ် မရှိ)
သူ့ရဲ့စိတ်အစဉ်ဟာ ငါ့ကို မကောင်းကြံနေတာ။ ဘာဖြစ်လို့တုံး။ သူ့ရဲ့စိတ်ဓာတ်ဟာ မျက်နှာမှာပေါ်နေတယ်။ သူနဲ့ငါ ကြာကြာစကားပြောရင် ရန်ဖြစ်ရလိမ့်မယ်။ ရှောင်မှာပဲ။ ဟောဒါ သိတယ်။ မိမိတို့ချစ်ခင်တဲ့သူချင်း စကားပြောလည်း မျက်နှာက ပြုံးလို့ဆိုတော့ အကောင်အထည်တော့ မရှိဘူး။ သူ့စိတ်ကိုတော့ဖြင့် မှန်းလို့ရတယ်။ ဒါက အလေ့အထများမှ၊ အလေ့အထများမှ မှန်းလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက အထည်ကိုယ်တော့ မရှိဘူးတဲ့။ မရှိသောပစ္စည်းလား-လို့ဆိုတော့မှ ရှိလိုက်တာမှ သေသေချာချာရှိ။ အဲဒါက ဗုဒ္ဓပွင့်တော်မူမှ သိလာတာဖြစ်တော့ ဘုန်းကြီးတို့ ကလေ ဗုဒ္ဓရဲ့ဉာဏ်တော် သိပ်ပြီးတော့ ကြီးတော်မူတာပဲ။ မိမိတို့က နောက်ကလိုက်တာတောင် ဗုဒ္ဓသိသလို အမီမလိုက်နိုင်ဘူး။ စာတွေကို အများကြီး လေ့လာနေတာ တောင်မှ အမီမလိုက်နိုင်ဘူး။ ဒါမှန်းပြီးတော့ ဟုတ်တယ်၊ ဟုတ်လောက်တယ်။ ဒီလို ဒီလို ဒီလို မှန်းသွားရတယ်။
( ရုပ်ရဲ့သဘော)
စိတ်ရဲ့သဘောကို နည်းနည်းတော့ သိပြီနော်။ ရိပ်စားမိပြီနော်။ ဒီတော့ တခါ ရုပ်ရဲ့ သဘောကို မေးဖို့ကောင်းတယ်။ တော်တော်ကြာတော့ ရုပ်နဲ့စိတ်နဲ့ ရောလာမှာကိုး။ ရုပ်က ဘယ်လိုသဘောတုံး။ ရုပ်ကျတော့ ခုနက စိတ်နဲ့စာလို့ရှိရင် တော်တော် ထင်ရှားလာပြီ။ ကံကြောင့်ဖြစ်တဲ့ ရုပ်တဲ့၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တဲ့။ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တဲ့၊ အစာအာဟာရကြောင့် ဖြစ်တဲ့ရုပ်လို့ ဘုန်းကြီးတို့ ကိုယ်ထဲမှာ ရုပ်အမျိုးအစား လေးမျိုးရှိတယ်။ ဒီရုပ်က ရုပ်တခုလို့ ဆိုလိုက်ရင်ပဲ အနည်းဆုံး ရုပ်ကလေးတွေ ရှစ်ခုလောက် ပေါင်းရတယ်။ ရှစ်ခုလောက် ပေါင်းတဲ့ဥစ္စာကို တစုတကလာပ်လို့ ခေါ်တယ်။ ၉-ခုလောက် ပေါင်းတာ။ ၁၀-ခုလောက်ပေါင်းတာ။ သူ့ဟာနဲ့သူ အမျိုးမျိုး အစားစား ရှိတယ်။
(ဓာတ်ကြီးလေးပါး)
ရုပ်ကျတော့ နည်းနည်းအထည်ကိုယ် ပေါ်လာပြီ။ ဘာဖြစ်လို့ပေါ်လာတုံးဆိုတော့ကာ ခုနက ရုပ်ရှစ်ခုထဲမှာပဲ ပထ၀ီဓာတ်ဆိုတဲ့ မာမာသဘောမျိုးလေး ရှိနေတယ်။ အာပေါဓာတ် ရေက မုန့်မုန့်ကလေးတွေကို စုပေါင်းပြီး ဖွဲ့ထားသလို အဲဒီအာပေါဓာတ်ကလည်း သူနဲ့တကွ ရုပ်မှုန်ကလေး ရှစ်ခုကို တတွဲဖြစ်အောင် စာသံပေသံအားဖြင့် တကလာပ်ဖြစ်အောင်ဖွဲ့။ သူက ဖွဲ့ပြီးတော့ ထားတယ်။ တေဇောဓာတ်တဲ့။ အာပေါဓာတ်ကြောင့် ပျော့စိစိကြီး ဖြစ်မသွားအောင် သူကအငွေ့ကလေး၊ အငွေ့ဓာတ်ကလေး၊ သေးသေးလေးပေါ့။ ပြောသာပြောနေရတာပါ။ သူတို့ကတော့ သေးသေးမှုန်မှုန်လေးတွေ။ ပြီးတော့ ၀ါယောဓာတ်တဲ့။ ဒီရုပ်ရှစ်ခုကို တခုနှင့်တခု ဖိညှပ်ထောက်ကန်နေအောင်၊ ဒီဓာတ်ကြီးလေးပါးဆိုတာ ဒါပါပဲ။ ပထ၀ီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ၀ါယောဓာတ်။ အဲဓီဓာတ်ကြီးလေးပါးက ရုပ်ကလေးတွေကို ဖိညှပ်ပြီးတော့ နေတယ်။ အကြားမှာ ဘာမှမရှိဘူး။
( အဆင်း၊ အနဲ့၊ အရသာ)
သူတို့လေးခု ဖိညှပ်နေပြီးတော့ တခါ ဒီထဲမှာ အရာဝတ္ထုတော့ ခုနကလောက် ကြီးကြီးမားမား မရှိဘူး။ အဆင်းဓာတ် ပါလာတယ်။ ဒါကြောင့် အဆင်းတွေ မြင်နေရတာ။ အနံ့ဓာတ်များရင်တော့ ဘုန်းကြီးတို့ နှာခေါင်းနဲ့ရတယ်။ တော်တော်တန်ခိုးကြီးတဲ့ သူကဆိုရင် ဒီလောက်အနံ့မများတောင် သင်းနေတဲ့ အနံ့ ရတယ်။ အဲဒီအနံ့ဓာတ်ဆိုတဲ့အရာ ရှိတယ်။ ပြီးတော့ ရသဓာတ် ရှိတယ်။ ရေမှာလည်း ရေအလိုက် ရသဓာတ် ရှိတယ်။ ထမင်းမှာလည်း ထမင်းအလိုက် ရသဓာတ် ရှိတယ်။
(သြဇာ)
ပြီးတော့ ဘယ်ပစ္စည်းမျိုးမဆို သြဇာဆိုတာ နောက်ဆုံး ကျောက်ခဲပင်ဝါးဦးတော့ သြဇာဟာရှိနေတာပဲ။ ဒီသြဇာကို အဆီအနှစ်လို့ ဆိုတယ်။ ကျောက်ခဲလည်း ကျောက်ခဲအလိုက် သြဇာရှိတယ်။ ရေမှာလည်းပဲ ရေအလိုက် သြဇာဓာတ် ရှိတယ်။ ဒါကြောင့် တော်တော်လေး များများလေးကို မြည်းကြည့်ရင် ဘယ်လိုအရသာ ရှိတယ်။ ခုနက ရသနဲ့ သြဇာနဲ့ ၊ နောက်ဆုံးတော့ ဘုန်းကြီးတို့ ဘာမှမစားနိုင်ဘူးဆိုရင် ရေသောက်နေရင်ပဲ ရေရဲ့သြဇာက တော်တော်ကြာကြာ ခံသေးတယ်။ လူမမာဟာ ဆန်ပြုတ်၊ ကစီရည်ဆိုတဲ့ ဆန်ပြုတ်ကလေးကို အရည်ချည်းသက်သက် သောက်နေလည်းပဲ သြဇာဓာတ်ရှိလို့မို့ သူ့မှာ ရုပ်သစ်ကလေးတွေ ဖြစ်နေလို့မို့ အတော်ခံနိုင်တယ်။ ဆိုပါတော့ ရုတ်တရက် မသေနိုင်ဘူး။ အဲဒီလို သတ္တိရှိတယ်။
(ဓာတ်ကြီးလေးပါးရဲ့ သတ္တိ)
ဒီတော့ ရုပ်ဆိုတဲ့သဘောဟာ ဘယ်လိုတုံးလို့ဆိုရင် ခုနက ရုပ်ကလာပ်ကလေးတခုမှာ အနည်းဆုံး ရုပ်ရှစ်ခုရှိတယ်။ အမာခံရုပ်က ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ပါဠိလို၊ မြန်မာလိုတော့ မြေဓာတ်၊ တင်စားပြောထားတာ။ ဘုရားမို့လို့ ပထ၀ီတို့ ဘာတို့ နာမည်တပ်နိုင်တာ။ အလွတ်ဆိုလို့ရှိရင် ဘုန်းကြီးလည်း ဒီနာမည် မတပ်နိုင်ဘူး။ ဗုဒ္ဓမြတ်စွာဘုရားက မြေကြီးကို ဥပမာပြောပြီးတော့ နည်းနည်းမာမာ ခိုင်ခံ့တဲ့ ဓာတ်တခုရှိတယ်။ ဒါကို ပထ၀ီဓာတ်၊ မြေကြီးမာနေတာလည်း ဒီဓာတ်တွေ များနေတာ။ ဒီဓာတ်တွေ များနေတော့ မြေကြီးဟာ ခိုင်ခိုင်မာမာနဲ့ နင်းလို့ခံနေတာ။ ကျောက်ခဲတွေမာနေတာဟာလည်း ပထ၀ီဓာတ်။ သူ့သတ္တိ များနေတာ။ အဲဒီတော့ အဲဒါကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာက ပထ၀ီဓာတ် နာမည်တပ်ထားတယ်။ ပြီးတော့ အာပေါဓာတ်က ရုပ်ကလာပ်ရှစ်ခုရှိရင် ရှစ်ခုကို စုစည်းပြီးတော့ မှုန့်မှုန့်ကလေး တွေကို ရေနဲ့လောင်းလိုက်တော့ တခါတည်း တွဲသွားသလိုပဲ။ ဒီအာပေါဓာတ်ကြောင့် ရုပ်ကလေးတွေ တွဲသွားတာ။ တွဲတာမှ ပိညှပ်ပြီးတော့ နည်းနည်းမှ အကြားမရှိအောင် တွဲတာ။ ရုပ်ကလေးတွေကို အာပေါဓာတ်နဲ့ တွဲထားရင် စိုထိုင်းထိုင်းကြီး ဖြစ်နေမှာပေါ့ဆိုတော့ မဟုတ်ဘူး။ တေဇောဓာတ်က အခိုးငွေ့ ရှိနေပြန်ရော။ သူ့အလိုက်၊ သူ့အလိုက်၊ ကလာပ်ဆိုလည်း သူ့အလိုက်၊ ဒီဟာတွေကို စိုထင်းမသွားအောင် အခိုးအငွေ့ ကလေးတွေက ရှိနေပြန်ရော။ ၀ါယောဓာတ်ကလည်း ပထ၀ီနဲ့ အာပေါဟာ မကွဲအောင် သူက တွန်းကန်ပြီးတော့ ထားသလိုပဲ။ တခါတည်း ပိညှပ်နေတဲ့ဥစ္စာ။ ဒီဝါယောရဲ့သတ္တိကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဓာတ်ကြီးလေးပါးလို့ ဒါ ခေါ်တာပေါ့။
ဆက်လက်တင်ပြပါမည်။
လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး
တပည့်တော်စင်္ကာပူမှာအလုပ်လုပ်ပါတယ်ဘုရား၊ ဒီရောက်မှလည်း ဘာသာရေး ကိုလုပ်ဖြစ်တာပါ၊ တပည့်တော်ကိုကူညီတဲ့အနေနဲ့ အလွယ်အလွယ်ဆုံးအမြန်ဆုံးနဲ့ အထိရောက်ဆုံး ဘုရားရှိခိုးနည်းတစ်ခုလောက်ပေးပါဘုရား။
                                                                 ကိုတင်ဝင်းနိုင်(စင်္ကာပူ)
ဒါလေးကတော့ စင်္ကာပူမှာရောက်နေတဲ့ ကိုတင်ဝင်းနိုင်ကလျှာက်ထားလာတာပါ၊ ဒီလျှောက်ထားတာလေးကို ရေလည်အောင်ပြောပြရရင်၊ ဘုရားရှိခိုးတယ်ဆိုတာကနေစ ပြောပါမယ်၊ ဘုရားရှိခိုးတယ်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တွေကို ထုတ်ဖော်ချီးကျူး ရွတ်ဆိုတာပါ၊ ပြောပြရင် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေဟာ အရမ်းကိုများပြားပါ တယ်၊ ဘယ်လောက်ထိအောင်များပြားသလဲဆိုရင် ဘုရားရှင်တစ်ပါးဟာ တခြားဘာတ ရားမှမဟောပဲနဲ့  ရှေးပွင့်တော်မူသွားတဲ့ဘုရားရှင်းတစ်ပါးရဲ့ ဂုဏ်တော်တွေကို တစ် ကမ္ဘာပတ်လုံး ထိုင်ဟောနေမယ်ဆိုရင်တောင်မှ မကုန်နိုင်ပါဘူးတဲ့၊ အဲဒီလောက်တောင် များတာပါ၊ အဲဒီလိုများပြားလို့လဲ ဘုရားရှိခိုးတွေအမျိုးမျိုးဖြစ်နေတာပါ၊
အဲဒီလိုများပြားနေတဲ့အထဲမှာ ဘယ်ဘုရားရှိခိုးဟာ အထိရောက်ဆုံးလဲဆိုရင်ဘုရားဂုဏ် တော်ကိုးပါး။ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး ဘုရားရှိခိုးဟာအ ကောင်းဆုံးဖြစ်ပါသတဲ့၊ ဒါစာရေးသူပြောတာမဟုတ်ပါဘူး လယ်တီဆရာတော်ကြီးက သုကုမာရမဂ္ဂဒီပနီမှာပြောထားတဲ့စကားပါ၊ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် ဗုဒ္ဓဘာ သာဖြစ်နေပြီး ကိုယ်ကိုးကွယ်နေတဲ့ ဘုရားတရားသံဃာတွေရဲ့ ဂုဏ်တော်တွေကိုမသိ ရင် ဥာဏ်လေးကပ်ပြီး မကြည်ညိုတတ်သေးတဲ့အတွက် ဒွိတ်ဟိတ်ကုသိုလ်တွေပဲဖြစ် နေရနေမှာမို့ပါ၊ ဒီဂုဏ်လေးတွေကို အဓိပ္ပါယ်သိတဲ့အခါကြမှ ဘုရား၊တရားသံဃာတွေအ ပေါ်မှာ ဥာဏ်လေးနဲ့ကြည့်ညိုတတ်သွားပြီးတိဟိတ်ကုသိုလ်တွေရနိုင်မှာမို့ပါ၊
ဒါကြောင့်ဒီဂုဏ်တော်ဘုရားရှိခိုးလေးတွေကို အဓိပ္ပါယ်နဲ့တကွအလွတ်ရထားရင် အကျိုး များမှာပါ၊ ဘာကြောင့်လည်းဆိုတော့ ဒီဂုဏ်တော်တွေကို ဘုရားရှင်ကလည်း သုတ္တန်ဒေ သနာတွေထဲမှာထပ်ကာထပ်ကာဟောကြားထားပြီး ရဟန္တာအရှင်မြတ်ကြီးတွေကလည်း
ထပ်ကတလဲတလဲဟောကြားထားခဲ့လို့ပါ၊ ဒါကြောင့်ဒါထက်ကောင်းတဲ့ဘုရားရှိခိုးမရှိဘူး လို့ လယ်တီဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူခဲ့တာပါ၊
ယခု အဲဒီဂုဏ်တော်တွေကို အရုံပြုကြည့်ရအောင်ပါ၊
(ဘုရားဂုဏ်တော်ကိုးပါး)
ဣတိပိ သောဘ၀ါ
(၁) အရဟံ
(၂) သမ္မာသမ္ဗုဒ္ဓေါ
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
(၄) သုဂတော
(၅)လောက၀ိဒူ
(၆) အနုတ္တရော ပုရိသဒမ္မသာရထိ
(၇) သတ္ထာဒေ၀မနုဿာနံ
(၈) ဗုဒ္ဓေါ
(၉) ဘဂ၀ါ၊
(တရားဂုဏ်တော် ခြောက်ပါး)
(၁) သွာက္ခာတော ဘဂ၀တာဓမ္မော
(၂) သံဒိဋ္ဌိကော
(၃) အကာလိကော
(၄)ဧဟိပဿိကော
(၅) သြပနေယျိကော
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။
(သံဃာ့ဂုဏ်တော် ကိုးပါး၊)
(၁) သုပ္ပဋိပန္နော ဘ၀တော သာဝကသံဃော
(၂) ဥဇုပ္ပဋိပန္နော ဘ၀တော သာဝကသံဃော
(၃) ဥာယပ္ပဋိပန္နော ဘ၀တော သာဝကသံဃော
(၄) သာမီစိပ္ပဋိပန္နော ဘ၀တော သာဝကသံဃော
(၅) ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသဘဂ၀တော သာဝကသံဃော
  အာဟုနေယျော
(၆) ပါဟုနေယျော
(၇) ဒက္ခိဏေယျော
(၈) အဉ္ဇလီကရဏီယျော
(၉) အနုတ္တရံ ပုညခေတ္တံ ကောကဿ၊
အရဟံ ဂုဏ်တော်အဓိပ္ပါယ်-
        သော ဘာဂ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ် ထောင့်ငါးရာ ကိလသာတို့ကို ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ - အရဟံမည် တော်မူပါပေ၏၊
        ဒါကတော့ အရဟံဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ဖြစ်ပါတယ်၊ ဒီလိုမှတ်ရတာခက် နေရင် နောက်တစ်မျိုးအနေနဲ့ အရဟံ- ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊ အရဟံ = ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ဆိုပြီးလည်း မှတ်သား ထားနိုင်ပါတယ်။
သမ္မာသမ္ဗုဒ္ဓေါ အဓိပ္ပါယ်-
        သော ဘဂ၀ါ= ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သဗ္ဗဉ် ဥာဏ်အားစွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ် သိရန် ဥေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်း ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ= သမ္မာသမ္ဗုဒ္ဓမည်တော်မူပါပေ၏၊
        ဒါကလည်းအရှည်ကျက်မှတ်ပြီး မှတ်သားချင်သူတွေအတွက်ပါ၊ အတိုမှတ်သား ထားချင်ရင်တော့ သမ္မာသမ္ဗုဒ္ဓေါ- အလုံးစုံသောတရားတို့ကို ကိုယ်တော်တိုင် သိတော်မူ သောမြတ်စွာဘုရားလို့ မှတ်သားထားမယ်ဆိုရင် အဆင်ပြေပါတယ်၊
        သော ဘဂ၀ါ =ထိုမြတ်စွာဘုရားသည်၊ဣတိပိ ဣမိနာစ ကာရဏေန=သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့် ဟောထားပညာ ဥာဏ်ဝိဇ္ဇာတည်း နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည် အကျင့်စရဏ ဆယ်ငါ့ဝနှင့် တကွဥဿုံ ပြည့်စုံတော် မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာစရဏသမ္ပန္န မည်တော် မူပါပေ၏၊
        ဒါကတော့ အရှည်မှတ်ချင်သူတွေအတွက်ပါ၊ အတိုမှတ်ချင်ရင်တော့ ၀ိဇ္ဇာစရဏ သမ္ပန္နော- ၀ိဇ္ဇာတရား စရဏတရားနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားလို့ အလွယ် မှတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊ ဒီနေရာမှ ထပ်ရှင်းအောင်ပြောပြရရင် ၀ိဇ္ဇာ-ဆိုတာ အသိကိုပြောတာပါ၊ စရာဏကတော့=အကျင့်ပေါ့၊ သမ္ပန္န-ကတော့ အဲဒီလိုသိပြီး ကျင့်လို့ပြည့်စုံတာကိုပြောတာပါ၊ ဆက်ပြီး ၀ိဇ္ဇာကိုရှင်းပါဦးမယ်၊ ၀ိဇ္ဇာကိုဘာကြောင့် ရှင်း ရလည်းဆိုရင် ခုခေတ်မှာ ၀ိဇ္ဇာဆိုရင် အ၀တ်ဖြူစင်ဝတ်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုသွားမြင် တတ်လို့ပါ၊ ၀ိဇ္ဇာဆိုတာ ဘုရားရှင်ရဲ့ဥာဏ်တော်ပါ၊ အဲဒီဥာဏ်တော်က သုံးပါရှိပါတယ်၊ တစ်ချို့သုတ္တန်ဒေသနာတော်တွေမှာတော့ ရှစ်ပါးလို့ဟောထားပါသေးတယ်၊ ဒါကြောင့် သုံးပါး၊ ရှစ်ပါးဆိုပြီးပြောဆိုရေးသားကြတာပါ၊ ပထမဆုံး ၀ိဇ္ဇာသုံးပါးကိုပြောပြပါမယ်၊
အလွယ်မှတ်ချင်ရင်တော့“ပု၊ ဒိ၊ အာ”လို့ မှတ်ထားရင်အဆင်ပြောပါတယ်၊ ပု-ဆိုတာ ပုဗ္ဗေနိဝါသာနုဿိဥာဏ်-ရှေးရှေးဘ၀တွေကို ပြန်လည်အမှတ်ရနိုင်တဲ့ဥာဏ်ပါ၊ဒိ-ဆိုတာ ကတော့ ဒိဗ္ဗစက္ခုဥာဏ်=နတ်မျက်စိလို အဝေးကအရာဝတ္ထုတွေကိုမြင်နိုင်တဲ့ဥာဏ်ပါ၊
အာ-ဆိုတာ အာသ၀က္ခ၀ဥာဏ်=ကိလေသာအာသဝေါတွေကို ကုန်စေတတ်တဲ့ အရ ဟတ္တမဂ်ဥာဏ်ပါ၊ အခုပြောပြပေးခဲ့တာလေးတွေက ၀ိဇ္ဇာသုံးပါးဆိုတာပါ၊ ၀ိဇ္ဇာရှစ်ပါးဆို တာကတော့ ပြောပြခဲ့တဲ့ သုံးပါးရယ်၊ ခုပြောပြမယ့် ငါးပါးရယ်ပေါင်းလိုက်ရင်ရှစ်ပါးပေါ့၊
အဲဒီငါးပါးက ဘာတွေလဲဆိုရင်-
(၁) ၀ိပဿနာဥာဏ်=အနိစ္စ ဒုက္ခ အနတ္တဆိုပြီးလက္ခဏာရေးသုံးပါးနဲ့ ရုပ်နာမ်တ ရားအားလုံးကို သိမြင်နိုင်တဲ့ဥာဏ်၊
(၂) စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကို သိတဲ့ဥာဏ်၊
(၃) မနောမယိဒ္ဓိဥာဏ်=မိမိကဲ့သို့ အတူတစ်ပါးဘုရားတစ်ဆူကို စိတ်ဖြင့်ဖန်ဆင်း နိုင်သောဥာဏ်၊
(၄) ဒိဗ္ဗသောတဥာဏ်= နတ်တွေရဲ့နားလို အဝေးကအသံ၊ အသံတိုးတိုလေး တွေကိုကြားနိုင်တဲ့ဥာဏ်၊
(၅) ဣဒ္ဓိဝိဓဥာဏ်=မြေလျှိုးမိုးပျံ စတာတွေလို တန်ခိုးအမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ ဥာဏ်၊ ၀ိဇ္ဇာဆိုတာနဲ့ပတ်သက်ပြီး သိစရာလေးတွေကို ရှင်းပြပေးလိုက်တာပါ၊
စရဏဆိုတာကိုဆက်ရှင်းရအောင်ပါ၊စရဏက (၁၅)ပါးရှိပါတယ်၊ အဲဒါတွေက
(၁) သဒ္ဓါ=ကုသိုလ်ကံ အကုသိုလ်ကံ၊အဲဒီကံရဲ့အကျိုး၊ ဘုရားတရားသံဃာရှိ တာ၊နောက်ဘ၀ရှိတာ ယုံကြည်တာ၊
(၂) သတိ= ကုသိုလ်ကောင်းမှုနဲ့ ဆိုင်တဲ့အရာတွေမှာ အမှတ်ရတာ၊ လူတော်များ များက သတိရတယ်ပြောကြပါတယ်၊ ဒါပေမဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်တာသတိရ တာမဟုတ်ဘူးလေ၊ ကိုယ့်ရဲ့ ရည်းစားကိုသတိရတာ၊ သူငယ်ချင်း မိဘဆွေတွေကို သ တိရတာလေ၊ ဒီသတိက အဲဒီလို သတိမဟုတ်ပါဘူးနော်၊
(၃) ဟိရီ= မကောင်းမှုတွေလုပ်ရမှာကို ရှက်တာ၊
(၄) သြတ္တပ္ပ=မကောင်းမှုတွေလုပ်ရမှာကို ကြောက်တာ၊
(၅) ၀ီရိယ=ကုသိုလ်ကောင်းမှုမှာ အားတက်သရောလုပ်တာ၊
(၆) သုတ=အကြားအမြင်များတာ၊
(၇) ပညာ=အရာရာမှာတတ်သိလိမ္မာတာ၊
(၈) ဘောဇနမတ္တညုတာ=စားသောက်ရာမှာ ကိုယ်နဲ့သင့်မသင့်နှိုင်းချင့်ပြီး အ တိုင်းအရှည်သိတာ၊
(၉) ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားအိပ်တာ၊ အအိမ်အနေနည်းတာ၊
(၁၀) သီလ=ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းတာ၊
(၁၁) ဣန္ဒြိယသံဝရ=တွေ့မြင်ကြားသိသမျှတွေအပေါ်မှာ လောဘဒေါသစတာ  တွေမဖြစ်ပဲ မျက်စိ နား နှာစတာတွေကို ငြိမ်သက်အောင်စောင့်စည်းတာ၊
(၁၂) ပထမဈာန်၊
(၁၃) ဒုတိယဈာန်၊
(၁၄) တတိယဈာန်၊
(၁၅) စတုတ္ထဈာန်၊ တို့ဖြစ်ပါတယ်၊
သုဂတောဂုဏ်တော် အဓိပ္ပါယ်
သော ဘဂ၀ါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ ဒီပင်္ကရာ ထွဋ်ချာသနင်း ခြေတော်ရင်းမှ မှန်းကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါ ရမီ ပြည့်စုံညီလျှက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွါး ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိပဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျှက် သဗ္ဗဉ်ဥာဏ်တော် ရ ကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော်-သုဂတမည် တော်မူပါပေ၏။ ဒါက အရှည်မှတ်ချင်သူများအတွက်ပါ၊ အတိုမှတ်ချင်ရင်တော့“သုဂ တော= ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော မြတ်စွာဘုရား”လို့မှတ်လိုက် ပါနော်၊
လောက၀ိဒူ ဂုဏ်တော်အဓိပ္ပါယ်
သောဘဂ၀ါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သတ္တာကာ ယ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန် စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ၊ လောက၀ိဒူ မည် တော်မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့ လောက၀ိဒူ= လောကသုံးပါးကို သိတော်မူသော မြတ်စွာ ဘုရားဆိုပြီးမှတ်သားလိုက်ပါ၊ လောကသုံးပါးဆိုတာက (၁)သတ္တလောက=သက်ရှိ သတ္တ၀ါအပေါင်းကိုခေါ်တာပါ၊ (၂) သြကာသလောက=သတ္တ၀ါတွေနေတဲ့နေရာဋ္ဌာန ဘုံ၊သတ္တ၀ါတွေမနေတဲ့ ဘုံဋ္ဌာနတွေကိုခေါ်တာပါ၊ (၃) သင်္ခါရလောက= ရုပ်တရားနာမ် တရားအားလုံးကိုခေါ်တာပါ၊
အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်အဓိပ္ပါယ်၊
သောဘ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန် သတ္တ၀ါမှန်သော် ချောက်တန်လျှင်ချောက်၊ မြှေက်တန်လျှင်မြှောက်၍ အောက်အောက် ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျှက် ယဉ်ကျေးလေအောင် သွေး ဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာ ရထိ- အနုတ္တရောပုရိသဒမ္မ သာရထိမည်တော်မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့- ဆုံးမထိုက်တဲ့သတ္တ၀ါတွေကို ယဉ်ကျေးအောင်ဆုံးမရာ မှာ အတုမရှိ စွမ်းနိုင်တော်မူသောမြတ်စွာဘုရား ဆိုပြီးမှတ်သားထားလိုက်ပါ၊
သတ္ထာဒေ၀မနုဿာနံ ဂုဏ်တော်အဓိပ္ပါယ်၊
သောဘ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သတ္တ၀ါဟော် ကုန်သည်ကျော်သည်၊ ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေ မမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစိ ခဲယဉ်းဘိသည့် ဇာတိ ဇရာ မရဏာဟု ကန္တာရ ကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တ၀ါကို ကောင်းစွာဆောင် ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာန မည်တော်မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့ သတ္ထာဒေ၀မနုဿာနံ-နတ်လူဗြဟ္မာ သတ္တ၀ါတို့ရဲ့ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားလို့ မှတ်သားထားလိုက်ပါနော်၊
ဗုဒ္ဓေါဂုဏ်တော်အဓိပ္ပါယ်၊
သောဘဂ၀ါ-ထိုမြတ်စွဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ ဒုက္ခ သမုဒယ နိရောဓနှင် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ- ဗုဒ္ဓမည်တော်မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့ ၊ ဗုဒ္ဓေါ-သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်လည်းသိ သူတစ်ပါးကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရားလို့ မှတ်ပါနော်၊
ဘဂ၀ါ ဂုဏ်တော်အဓိပ္ပါယ်၊
သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ (၁) အဏု မြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်၊
(၂) စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွာနိုင်သော “လဃိမာ”ဘုန်းတော်
(၃) ကိုယ်တော်သဏ္ဌာန် ပုံဟန်ပိုင်းခြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ် ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
(၄) ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွသွား နိုင်သော “ပတ္တိ”ဘုန်းတော်၊
(၅) အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင် သော “ပါပကမ္မ”ဘုန်းတော်၊
(၆) ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ် စိုး လွှမ်းမိုးနိုင်သော“ဤသိတာ”ဘုန်းတော်
(၇) သမာပတ်ဈာန် အဘိညာဏ်ကို ၀င်စံလိုက တခဏခြင်းပိုင် ၀င်စားနိုင်သော “၀သိတာ”ဘုန်းတော်၊
(၈) ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆော်လျှင်မသွေ ပြီးဆုံးစေနိုင် သော“ယတ္ထကာမာဝသာယိတာ”ဘုန်းတော်၊
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ“ဣဿရိယ”ဘုန်းတော်၊
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတ ရားဟူသော“ဓမ္မ”ဘုန်းတော်
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့ထင် ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော“ယသ”ဘုန်းတော်၊
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်သည်၊ပန်းမင်းအနေ ကျက်သရောမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော“သိရီ”ဘုန်း တော်၊
အလိုတော်တိုင်း တောင့်တတိုင်းပင် မဆိုင်းမဆွ ပြီးစီးရသည့်“ကာမ”ဘုန်းတော်၊
တစ်လောကလုံး ညွန်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော် မူသော“ပယတ္တ”ဘုန်းတော်၊
ဤခြောက်ဖော်စုံ ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့် လည်း၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့ ဗုဒ္ဓေါ-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ် စွာဘုရားဆိုပြီးမှတ်လိုက်ပါနော်၊
ကဲစာဖတ်သူရေ မြတ်စွာဘုရားရဲ့ ဂုဏ်တော်အဓိပ္ပါယ်လေးတွေကို နားလည် လွယ်အောင် တောင်မြို့ဆရာတော်ဘုရားကြီးရတနာ့ဂုဏ်ရည်စာအုပ်ကို မှီးကာရေးပေး လိုက်ပါတယ်နော်၊ နောက်တစ်ခါ တရားဂုဏ်တော်နဲ့ သံဃာဂုဏ်တော်တွေကို ဆက် လက်ရေးပေးပါဦးမယ်၊ စာဖတ်သူအားလုံး ပုံတော်မှာ ဂုဏ်တော်တင်နိုင်ကြပါစေ။ ။
ကာမေသုက ကုမရပါ
အရှင်းဘုရား ( ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ )ရဲ့ အပြစ်ဖြစ်
ပုံကို အကျယ်တ၀င့် ရှင်းပြပေးပါလို့  ရိုသေစွာလျှောက်ထားအပ်တယ်အရှင်ဘုရား...
                                    (PHU နှင့် ရင်လွဲသူ)
ကာမေသုမိစ္ဆာစာရာ အစဖြာတဲ့ သီလသိက္ခာပုဒ်လေးကို ရှင်းမပြသေးခင် စာရေး သူ မုံရွာမှာနေစဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခုကိုဖောက်သည်ချပါဦးမယ်၊ မုံရွာမှာ စာရေးသူနဲ့ သိကျွမ်းတဲ့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရှိပါတယ်၊ ကျောင်း အုပ်ကြီးက မုံရွာနဲ့နီးတဲ့ ၀ဒါန်းဆိုတဲ့ရွာလေးက တွဲဘက်အထက်တန်းကျောင်းမှာ တာ ၀န်ကျပါတယ်၊ကျောင်းအုပ်ကြီးနေတာကတော့ မုံရွာမြို့ကအလယ်ရပ်မှာပါ၊ အလည်ရပ် ဆိုတာ မုံရွာမြို့ရဲ့ မြို့လည်ခေါင်အချက်အချာကြတဲ့နေရာလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးနေရတာက ချောင်ကြကြ လမ်းကြားလေးက၀င်သွားရတဲ့နေရာလေး မှာပါ၊ နောက်ပြီး နေရာတကလည်း ကိုယ်ပိုင်အိမ်ဆိုပေမဲ့ ဆွေမျိုးတွေရဲ့ဝင်းထဲမှာ ကပ် ပြီးနေရတာပါ၊ သူ့အိမ်ကြည့်တော့လည်း တဲသာသာလေးဖြစ်နေပါတယ်၊
တစ်နေ့မှာ အဲဒီကျောင်းအုပ်ကြီးသူကိုယ်တိုင် သူအဖြစ်ကို“တပည့်တော်ရတဲ့လခ နဲ့ နေမယ်ဆိုရင် အိမ်ပိုင်ယာပိုင်နဲ့ အိမ်ကြီးအိမ်ကောင်းဆောက်နေနိုင်ပါတယ်ဘုရား၊ ဒါပေမဲ့ ရတဲ့လခတွေက မိန်းမကိစ္စတွေနဲ့ လုံးပါးပါးသွားတော့ ခုလိုအရှင်ဘုရားမြင်တဲ့အ တိုင်းနေနေရတာဘုရား” လို့ ရင်ဖွင့်ပါတယ်၊ ဒါကကြုံခဲ့ဖူးတဲ့ ကာမေသုကြောင့် ဘ၀မ လှပတဲ့အဖျက်ပျက်လေးပါ၊
နောက် စာရေးသူတွေ့ကြုံဖူးတာတစ်ခုကတော့ ရွာတစ်ရွာမှာ ကိုကံချစ်နဲ့မမာ ဆိုတဲ့ လင်မယားနှစ်ယောက်ရှိပါတယ်၊ သူတို့မှာ သားလေးတစ်ယောက် သမီးလေး တစ်ယောက်ရှိပါတယ်၊ သားလေးက(၁၆)နှစ်သားမှာဆုံးပါးသွားပါတယ်၊ ကျန်တဲ့သမီး လေးကတော့ အိမ်ထောင်ကျသွားပါတယ်၊ သမက်ဖြစ်တဲ့သူကိုလည်း သားသမီးနဲတော့ သူတို့အိမ်မှာပဲ ခေါ်ထားလိုက်ပါတယ်၊ သမက်ကလေးအိမ်ရောက်လာတော့ တောင်သူ အလုပ်တွေကို ကိုကံချစ်သိပ်လုပ်စရာမလိုတော့ပါဘူး၊ သမက်အလိမ္မာလေးကပဲအကုန် တာဝန်ယူလုပ်ဆောင်ပါတယ်၊
အဲဒီမှာ အားနေတဲ့ကိုကံချစ်က ဗွေဖောက်လာပါတယ်၊ နှစ်အစိတ်လောက်ပေါင်း လာတဲ့ အိမ်ကချစ်ဇနီးကို အိမ်ကဟာကြီးလို့ထင်လာပါတယ်၊ ထင်ရုံတင်မကပဲ ကွက် သစ်က ခင်မေသန်းဆိုတဲ့ လင်ရှိကောင်မလေးတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို ခတ် ကြမ်းကြမ်ခင်းတော့တာပါပဲ၊ အစတော့ ဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ် ဟိုး နားတွေ့ဒီနားတွေ့ပေါ့၊ နောက်တော့ ခင်မေသန်းကလည်း အိမ်ကလင်ကြီးကိုပြစ် က လေးတွေကိုပြစ်ပြီး ကိုကံချစ်နဲ့ နှစ်ယောက်တစ်အိမ်မက်ဘ၀ထူထောင်ဖို့ အိမ်ပေါ်က ဆင်းချလာပါတယ်၊ အဲဒီမှာ မမာက ယူကြုံမရ အပူလုံးထပါတော့တာပါပဲ မုန့်သာဝေ စားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုပြီး ရုံးတွေရောက် ဂတ်တွေဝင်နဲ့ အမှုတွေဖြစ် ကြပါတော့တယ်၊ နောက်ဆုံးကိုကံချစ်လည်း အိမ်ကမယားကြီးပြစ်ထားခဲ့ပြီး ခင်မေသန်း နဲ့လိုက်သွားတယ်၊ အိမ်ကပစ္စည်းတွေကိုလဲ မယားကြီးနဲ့ တစ်ယောက်တ၀က်ခွဲတမ်း ချယူသွားပါတယ်၊ ဒါပေမဲ့ ခင်မေသန်းနဲ့က သိပ်မပေါင်းလိုက်ရပါဘူး၊ အသစ်တွေဘယ် လောက်ကောင်းကောင်းအဟောင်းကိုတော့ တလည်လည်ဖြစ်တတ်တဲ့စိတ်နဲ့ နောက် ဆုံး ပါသွားတဲ့ပစ္စည်းတွေ ခင်မေသန်းလက်ထဲထားခဲ့ရပြီး မယားကြီးအိမ်ပေါ်ပြန်တက် လာပါတယ်၊
ဒါပေမဲ့ အိမ်ပေါ်သာတက်လာတယ် ကိုကံချစ်ကို သမက်ကမလေးစားတော့ဘူး၊ သမက်တင်မကပဲ သမီးလုပ်တဲ့သူကလည်း အဖေဖြစ်နေပေမဲ့ သိပ်မချစ်တော့ပါဘူး၊ မယားကြီးမမာကတော့ ထားခဲ့တဲ့သံယောဇဉ်အဟာင်းကြောင့် ပြန်ပေါင်းကြတာပေါ့၊ ပတ်ဝန်းကျင် လူ့အသိုင်းဝိုင်းမှာတော့ ကိုကံချစ်ခေါင်းမဖော်နိုင်အောင်ဖြစ်သွားတယ်၊ ကြာကူလီသမားကြီး ဖောက်ပြားတတ်တဲ့သူကြီးအဖြစ် လူတကာရဲ့မျက်စိထဲမှာ အရိုးစွဲ အသည်းနစ်အောင် မှတ်တမ်းဝင်သွားပါတော့တယ်၊ ကိုကံချစ်တင်လားဆိုတော့ ခင်မေ သန်းလည်း ကိုကံချစ်လိုပါပဲ လူလည်ခေါင်မှာ ခေါင်းမဖော်ရဲတော့ပါဘူး၊
ပြောရရင်တော့ ဒါတွေဟာ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို မစောင့်ထိမ်းလို့ဖြစ်ရတဲ့ လူမှုဒုက္ခတွေပါ၊ ကာမေသုမိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိသိက္ခာပုဒ်ဟာ ကိုယ်ပိုင်လင်အမျိုးသား ကိုယ်ပိုင်ဇနီးမယားကနေ တစ်ခြားတစ်ယောက်ကို လွန်ကျူး ပြစ်မှားလို့ အပြစ်သင့်တဲ့ အပြစ်ဖြစ်တဲ့ သိက္ခာပုဒ်ပါ၊
    ရှင်းအောင်ပြောရရင်တော့ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ကြတာကိုခေါ်တာပါ၊ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာကိုပြောတာပါ၊ အဲဒီသိက္ခာပုဒ်ကိုဖောက်ဖျက်ရင် စောစောကပြောခဲ့သလိုပါ ပဲ လူမှုဒုက္ခတွေ အများတံတွေးခွက်ပက်လက်မျောရတာတွေ အစရှိတဲ့ဆိုးကြိုးတွေကို ခံ စားရမှာပါ၊ ခုခေတ်မြန်မာလူဘောင်လောကမှာ ကိုယ်အချင်းချင်းသဘောတူရင် မပြစ်မ ဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်းအယူအဆတွေဝင်ရောက်လာပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်းဘယ်လိုပဲသဘောတူနေပါစေ ကိုယ့်ကိုယ်ထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်၊ အောက်ထစ်ဆုံး အများတကာနဲ့ ဆက်ဆံသွားလာ တဲ့ မကောင်းတဲ့ပြည်တန်ဆာမတောင် အရင်လူကပိုက်ဆံပေးငှါးရမ်းထားရင် နောက်လူ ကပိုင်စိုးပိုင်နင်းနဲ့ သွားရောက်လွန်ကျူးမယ်ဆိုရင် ကာမေသုမိစ္ဆာစရာကံထိုက်ပါတယ်၊
ဒီနေရမှာ စကားစပ်မိလို့ စောင့်ရှောက်သူများရှိတဲ့ အမျိုးသမီများစာရင်းကိုရေး ပြပါဦးမယ်၊(၁) မာတုရက္ခိတ=အမေဖြစ်တဲ့သူစောင့်ရှောက်ထားတဲ့ မိန်းမ
    (၂) ပိတိုရက္ခိတ= အဖေဖြစ်တဲ့သူစောင့်ရှောက်ထားတဲ့ မိန်းမ
    (၃)မာတာပိတုရက္ခိတ= မိဘနှစ်ပါးစောင့်ရှောက်ထားတဲ့ မိန်းမ
    (၄)ဘာတုရက္ခိတ= အစ်ကိုတွေမောင်တွေ စောင့်ရှောက်ထားတဲ့မိန်းမ
    (၅)ဘဂိနိရက္ခိတ=အမတွေ ညီမတွေစောင့်ရှောက်ထားတဲ့ မိန်းမ
    (၆)ဥာတိရက္ခိတ=ဆွေမျိုးတွေစောင့်ရှောက်ထားတဲ့ မိန်းမ
    (၇) ဂေါတ္တရက္ခိ= လူမျိုးချင်း မျိုးရိုးချင်းတူသူတွေက     စောင့်ရှောက်ထားတဲ့မိန်းမ
    (၈)ဓမ္မရက္ခိတ= သီတင်းသုံးဖော်တွေက စောင့်ရှောက်ထားတဲ့မိန်းမ
    (၉) သာရက္ခာ=ထိမ်မြားကြောင်းလမ်းလက်ထပ်ပြီး စောင့်ရှောက်ထားတဲ့မိန်းမ
    (၁၀) သပရိဘဏ္ဍာ=ဘုရင်မင်းတွေကောက်ယူဖို့သတ်မှတ်ကာ စောင့်ရှောက်     ထားတဲ့ မိန်းမ
    (၁၁) ဓနက္ကိတာ=ဥစ္စာပေးဝယ်ယူကာ မယားအဖြစ်စောင့်ရှောက်ထားတဲ့မိန်းမ
    (၁၂) ဆန္ဒ၀ါသိနီ= သဘောတူအလိုတူပြီး ညားနေတဲ့မိန်းမ
    (၁၃) ဘောဂ၀ါသိနီ= စည်းစိမ်ပေးပြီး ပေါင်းနေတဲ့မိန်းမ
    (၁၄) ပဋ၀ါသိနီ=ပုဆိုးတန်းတင် အကြင်လင်မယားလုပ်နေတဲ့မိန်းမ
    (၁၅) သြဒပတ္တ၀ါသိနီ= ရေခွက်မှာ လက်စုံချပြီး မိဘပေးစားထားတဲ့ မိန်းမ
    (၁၆) သြဘဋစုမ္ဗဋာ=ခေါင်းခုကိုချပြီး လင်မယားအဖြစ်နေတဲ့မိန်းမ
    (၁၇) ဒါသီစ ဘရိယာစ= ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
    (၁၈) ကမ္မကာရီစ ဘရိယာစ= အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့မိန်းမ
    (၁၉) ဓဇာဟဋာ= စစ်မြေပြင်က ဆောင်ယူလာတဲ့မိန်းမ
    (၂၀) မုဟုတ္တိကာ= ခဏခေတ္တပေါင်းဖို့ ငှါးထားတဲ့မိန်းမ
ခုရေးပြခဲ့တာတွေက စောင့်ရှောက်သူတွေရှိတဲ့ အမျိုးသမီးတွေစာရင်းပါ၊ ဒီစာရင်းထဲမှာ နံပါတ်တစ်ကနေ နံပါတ်ရှစ်အထိစာရင်းပေါက်တဲ့ အမျိုးသမီးတွေကိုလွန်ကျူးမယ်ဆိုရင် လွန်ကျူးတဲ့ယောင်္ကျားလေးမှာ အပြစ်ဖြစ်ပါတယ်။ မိန်းခလေးမှာ အပြစ်မဖြစ်ပါဘူး၊ ကျန်တဲ့(၁၂)ယောက်ကိုလွန်ကျူးမယ်ဆိုရင်တော့ လွန်ကျူးသူရော လွန်ကျူခံရတဲ့အမျိုး သမီးပါ နှစ်ယောက်စလုံးမှာအပြစ်ဖြစ်ပါတယ်၊ ကာမေသုမိစ္ဆာစာရကံကို လွန်ကျူးမိရင် ဘယ်လိုအပြစ် တွေဖြစ်တယ်ဆိုတာ ဆက်လက်ရေးပါဦးမယ်၊
ကာမေသုက ကုမရပါ (၂)
ကာမေသုအကြောင်းလေးကိုဆက်လိုက်ရအောင်ပါ၊ မနေ့က ကာမေသုနဲ့ပတ်သက်တဲ့ ပိုစ်လေးတင်လိုက်တော့ လူငယ်အများစုဆီက မေးခွန်းတွေတသီကြီးရောက်လာပါ တယ်၊ စာရေးသူအနေနဲ့က ဒါလေးတွေဟာ ငါးပါးသီလထဲမှာပါတော့ အားလုံးသိပြီး  လောက်ပြီလို့ယူဆပြီး မရေးပဲနဲ့ လက်ရှောင်နေခဲ့တာပါ၊ ခုလိုရေးလိုက်တော့မှ လူငယ် တော်တော်များများက မသိကြသေးဘူးဆိုတာ အဖြေပေါ်လာပါတယ်၊
ကဲဆက်လိုက်ကြရအောင်ပါ၊ လွန်ကျူးရင်အပြစ်ဖြစ်နိုင်တဲ့ သူတွေစာရင်းကို မနေ့က ရေးထားတဲ့ပိုစ်မှာဖော်ပြခဲ့ပါတယ်၊ ဒါပေမဲ့ မရှင်းတာလေးတွေဟာ လူငယ်တွေရင် ထဲမှာကျန်နေပါသေးတယ်၊ အဲဒါဘာတွေလည်းဆိုတော့ နိုင်ငံခြားနေတဲ့မြန်မာတွေ ဟာ များသောအားဖြင့် အမေရိကလိုနိုင်ငံမျိုးမှာ တရားဝင်လက်ထပ်ပြီးနေနိုင်ထိုင်ဖို့ ဆိုတာ သူတို့နိုင်ငံဥပဒေနဲ့ကျတော့ အရမ်းခက်ခဲပါတယ်၊ အဲဒီလိုအခြေအနေမှာ တစ်ချို့က နှစ်ဦးသဘောတူလက်ထပ်ပြီးနေကျပါတယ်၊ ဒီလိုနေတာဟာ အပြစ်ဖြစ် သလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်၊
ဒီလိုအခြေနေဖြစ်ပေါ်လာရင် အဲဒီမိန်း ကလေး ယောင်္ကျားလေးတွေကို စောင့်ရှောက်တဲ့ မိခင်နိုင်ငံမှာ ရှိနေတဲ့မိဘတွေ သို့ မဟုတ်အုပ်ထိန်းသူကို တရားဝင်ခွင့်ပြုချက်လှမ်းတောင်းပြီးလက်ထပ်ရင် အပြစ် မဖြစ်ပါဘူး၊ ဒီလိုမဟုတ်ပဲ ဘယ်သူကိုမှလည်း အသိမပေးပဲ နှစ်ဦးသဘောတူ living together နေကြမယ်ဆိုရင်တော့ စောင့်ရှောက်သူတွေကို အသိမပေးခွင့်ပြုချက် မတောင်းတဲ့အတွက် အပြစ်သင့်နိုင်ပါတယ်၊ ပြောရရင်တော့ ကာမေသုသိက္ခာပုဒ် ဟာ ဆုံးဖြတ်ရတာ အရမ်းကိုသိမ်မွေ့ပါတယ်၊ ကိုယ်တိုင်တရားဝင်လက်ထပ်ယူထား တဲ့ဇနီးမယား လင်ယောင်္ကျားကိုတောင် သူ့ဆန္ဒမပါပဲ ကာမဂုဏ်ကိစ္စမှာ အတင်းအ ကြပ် အချစ်ဓါးမြတိုက်ပါရင် ကာမေသုမိစ္ဆာစာရ အပြစ်ဖြစ်နိုင်တယ်လို့ ရှေးကကျမ်း စာတွေမှာ ဆုံးဖြတ်ချက်ချထားပါတယ်၊ အကောင်းဆုံးကတော့ မလွန်ကျူးမိအောင် စောင့်ထိန်းတာဟာ အကောင်းဆုံးပါ၊ လွန်ကျူးရင် ဘယ်လိုအပြစ်တွေဖြစ်မလဲဆို တာ အောက်က တောင်မြို့ဆရာတော်ဘုရားကြီးရေးထားတဲ့ လင်္ကာလေးကြည့်ရ အောင်ပါ၊
     “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊
    ချမ်းသာဆိတ်၏၊ ဣတ္ထိ ပဏ္ဍုတ် မျိုးယုတ်ခါခါ၊ မျက်နှာမလှ အရှက်ရလျှက်၊
    လက္ခဏ ဣနြေ္ဒ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ
    အပြန်အကျိုးတည်း”။
ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ-
(၁) လူမုန်းများခြင်း၊
(၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေခြင်း၊
(၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊
(၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊
(၅) ဘ၀တိုင်းဘ၀တိုင်း မိန်းမသာဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် ဂျယ်ကြီးဖြစ်ရခြင်း၊
(၇) တကယ်လို့ ယောကျာ်းဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊
(၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊
(၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊
ဒါတွေက ကာမေသုမိစ္ဆာစာရကံကို လွန်းကျူးရင် ရရှိမဲ့အပြစ်တွေပါ၊ တချို့တွေ့ဖူးကြမှာ ပါ၊ ဗလကြီးလည်းတောင့်ပါရဲ့ ယောက်ျားကြီးလည်းဖြစ်ပါရဲ့ ဒါပေမဲ့ သွားပုံလာပုံကြ တော့ နွဲ့တဲ့တဲ့နဲ့လေ၊ ဒါဆိုသေချာပြီး အရင်ဘ၀တွေက ကာမေသုတွေကို ပြုချင် တိုင်းပြုလာတဲ့သူဆိုတာ၊ တစ်ချို့ရှိပါသေးတယ် ဘယ်သူကမှလည်းသူကို ဘာမှမ လုပ်ပဲ မပြောပဲနဲ့ စိုးရိမ်စိတ်တွေများနေတတ်တာလေ၊ ဒါဆိုရင်လည်း ဒီလူဟာ ကာ မေသုတွေလွန်ကျူးခဲ့လို့ပေါ့၊ နောက်တစ်ချက် ဘယ်သူကမှမဖျက်ရပဲ အရမ်းချစ်ကြ တဲ့ချစ်သူတွေ ကွာပြဲသွားတာတွေ့ဖူးမှာပါ၊ ဒါဆိုရင်လည်း သူတို့ဟာအရင်ဘ၀မှာ ကာမေသုတွေ ဝေဆာခဲ့လို့ပါလို့ ကောက်ချက်ဆွဲရပါမယ်၊
ပြောပြရင် ကာမေသုက အဲဒီလိုအပြစ်လေးတွေတင်မဟုတ်ပါဘူး၊ ကာမေသုကို လွန် ကျူးရင် ငရဲကိုလည်းကျပါသေးတယ်။ ထင်ရှားတဲ့ သာဓကအဖြစ်လေးတစ်ခုရေးပြပါ ဦးမယ်၊ အရှင်အာနန္ဒာအလောင်းတော်ဟာ ကမ္ဘာတစ်သိန်းလောက်ပါရီတွေဖြည့်ပြီး လာပါတယ်၊ ကျွတ်တန်းဝင်ခါနီး ဘဒ္ဒကမ္ဘာက တစ်ခုသောဘ၀မှာ ရွှေပန်းတိမ်သည် သားဖြစ်ပါတယ်၊ ရွှေပန်းတိမ်သည်သားဆိုတော့ သုံးချင်းတိုင်းသုံးဖြုန်းချင်တိုင်းဖြုန်း ပေါ့၊ တစ်နေ့တော့ လူရမ်းကားလူရှုတ်တွေနဲ့ ပေါင်းမိပါတယ်၊ ပေါင်းမိတယ်ဆိုရင် သူတို့မလုပ်ဖူးတာ မရှိရအောင်ဆိုပြီး အကုန်လျှောက်ရမ်းပါတယ်၊ နောက်ဆုံးအမျိုး သမီးတွေကိုလည်း ပြစ်မှားစော်ကားပါတယ်၊ အဲဒီလိုပြစ်မှားစော်ကားတဲ့နေရာမှာ အပျိုတွေတင်မကပဲ လင်ရှိမယားတွေကို အဓိကထားစော်ကားနေပါတယ်၊ ဘာ ကြောင့်လည်းဆိုတော့ အပျိုတွေထက်စာရင် လင်ရှိမယားတွေက ခွင်ဖန်ရတာ လွယ်လို့ပါတဲ့၊
အဲဒီလိုပြုခဲ့တဲ့ ကာမေသုကံကြောင့် သေတဲ့အခါမှာ ရောရုဝငရဲမှာ နှစ်ပေါင်းများစွာကျပါ တယ်၊ ငရဲကပြန်လွှတ်ပြန်တော့လည်း မျောက်ထီးလေးဖြစ်ပါတယ်၊ မျောက်ထီလေးဘ ၀မှာလည်း အရွယ်မရောက်ခင် မျောက်ခေါင်းဆောင်ကြီးက သူ့ရဲ့မျောက်မလေးတွေကို လုမှာစိုးတာနဲ့ ဝှေးစေ့ကိုက်ဖြတ်သတ်လိုက်ပါတယ်၊ အဲဒီဘ၀ကနေ နွားထီးဘ၀ကိုသွား ဖြစ်ပါတယ်၊ နွားထီးဘ၀မှာလည်း သင်းကွပ်ခံရပါတယ်၊ အဲဒီဘ၀ကလွတ်ပြန်တော့ လူ ပြည်မှာ လူလာဖြစ်ပါတယ်၊ ဒါပေမဲ့ ဟိုမရောက် ဒီမရောက်ဂျယ်ကြီး ဂျော်ကယ်ကြီးဖြစ်ရ ပါတယ်၊ အဲဒီဘ၀ကနေလွတ်ပြီး ကုသိုလ်ကံလေးပြန်အကျိုးပေးလို့ နတ်ပြည်မှာဖြစ်ရပါ တယ်၊ ဒါပေမဲ့ သူဋ္ဌေးသားဘ၀ကပြုခဲ့တဲ့ ကာမေသုကြောင့် နတ်သားမဖြစ်ပဲ နတ်သမီး ချည်း ငါးဘ၀တိုင်တိုင်ဖြစ်ရပါတယ်၊ အဲဒီနတ်သမီးဘ၀ကနေ စုတေတော့ လူ့ပြည်မှာ ဘုရင်သမီးတော်ဖြစ်ရပါတယ်၊ ဘုရင်သမီးတော်ဖြစ်ပြီး နတ်ရွာစံကာ နောက်ဘ၀ ရောက်မှ ယောကျာ်းဘ၀ကိုပြန်ရပါတယ်၊
    သတိပြုစရာလေးက ဒီလောက်ပါရမီတွေ ဖြည့်ဆီးလာတဲ့ အလောင်းတော်ကြီး တောင်တစ်ချက်ကလေးမှားတာနဲ့ ဘ၀ပေါင်းများစွာ မိန်းမဖြစ်လိုက်၊ အခြောက်ဖြစ် လိုက်၊ ဝှေးစေ့အထုခံရ၊ ငရဲအကျခံရနဲ့ ဖြစ်သေးရင် သာမာန်လူတွေဆို မတွေးရဲစရာပါ၊  ပြောရရင်တော့ သတိလေးထားပြီးရှောင် ကြဉ်တာအကောင်းဆုံးပါ၊ ဒါပေမဲ့ အမှောင်တ ကာ့ အမှောင်ဆုံးထဲမှာ ဒီကာမအမှောင်က အမိုက်ဆုံးဆိုတော့ ရှောင်ကြဉ်နိုင်ဖို့ဆိုတာ မလွယ်ရေးချာ မလွယ်ပါ၊ ဒါပေမဲ့ လွယ်သွားအောင် ချစ်သူဘ၀မှာဆိုရင် ကိုယ့်ရဲ့ချစ်သူ အိမ်ထောင်ရှင် အကြာင်လင်မယားဘ၀မှာဆိုရင် ကိုယ့်အိမ်သူ ကိုယ်အိမ်သားကိုပဲ စွဲမြဲ ပြီး တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်အမှတ်နဲ့ သစ္စာထားမယ်ဆိုရင် ကာမေသုဟာ ကုဖြစ်မှာပါ၊ အဲဒီလို ကုသိုလ်တွေဖြစ်လာရင် နှစ်ဦးသားပျော်ရွင်ပြီး အိမ် ထောင်ရေးလည်းသာယာ၊ ကျန်းမာရေးအတွက်လည်း စိတ်ချရမှာပါ၊ နို့မို့ဆိုရင် လေးလုံးရောဂါက အချိန်မရွေး နေရာမရွေးမှာ ကိုယ့်အတွက်စောင့်ကြိုနေမှာပါ၊
ဒါကြောင့် စာဖတ်သူအားလုံး ယခုအချိန်ကစပြီး ကာမေသုကံကို ရှောင်ရှားနိုင်ကြပြီး ဒီဇနီးဒီမယား ဒီသမီးဒီသားတွေနဲ့ ဘ၀ဘ၀တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေလို့ ။ ။
--
--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en
With Best Regards,
slip
http://www.meepyatite.info/
Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/
All Myanmar Blogs
ttp://allmyanmarblogs.blogspot.com/
Myanmar (Burma)
http://mathetzinnet.blogspot.com/
Music
http://myl6.blogspot.com/
My Bookmark
http://lighthouse28.blogspot.com/
Funny Jokes
http://7comrades.blogspot.com/
MIET Forum
http://mietforum.ning.com/
You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact meepy...@gmail.com & forall...@gmail.com & simplev...@gmail.com.
Pure Love Never Cause Pain
unread,
Apr 1, 2011, 6:04:29 AM4/1/11
to myanm...@googlegroups.com
thank you for your mails..........
they are really good
Reply all
Reply to author
Forward
0 new messages