ရွေးကောက်ပွဲများအား ကျင်းပပေးရန် တာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပရန်ရှိသော ကြားဖြတ် ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ လွတ်လပ်မျှတစွာ ကျင်းပပေးမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာလ ၁၆ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ကျင်းပမည့်ရက်မတိုင်ခင် သုံးလအလိုတွင် ကြေညာပေး မည်ဖြစ်၍ မှတ်ပုံတင် ပြီး နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံး ရေးလုပ်နေရန် လိုအပ်ကြောင်း ဦးတင်အေးက ပြောသည်။
လွှတ်တော် တတိယပုံမှန်အစည်း အဝေးများကို ဇန်န၀ါရီလလယ်တွင် ပြန်လည်ကျင်းပရန်ရှိရာ အဆိုပါ အစည်းအဝေးမတိုင်ခင်တွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဘဲ ကိုယ်စားလှယ် လစ်လပ်နေရာများ အတိုင်း ထားရှိမည်ဖြစ်သည်။
"ကြားဖြတ်ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါ့မယ်။ မဲဆန္ဒ နယ်နေရာတွေ လစ်လပ်နေတာ မကောင်းပါဘူး။ မဲဆန္ဒ နယ်တစ်နယ်မှာ လူထုကိုယ်စားလှယ်က ရှိသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် လေးနေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် နှစ်နေရာ၊ စုစုပေါင်း ၄၈ နေရာရှိပြီး ၂၀၁၀ အထွေထွေရွေးကောက် ပွဲကာလ၌ လုံခြုံရေးအရ မကျင်းပနိုင်ခဲ့ သည့် နေရာပေါင်း ၁၇ နေရာရှိသည်။
အဆိုပါ ၁၇ နေရာအနက် ရှမ်းပြည်နယ် မိုင်းလားမြို့နယ်တွင် ကိုယ်စားလှယ် တစ်ယောက်မျှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့၍ မကျင်းပခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
"လုံခြုံရေးအရ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ သက်ဆိုင်ရာအာဏာပိုင် တွေနဲ့ တိုင်ပင်ပြီး ကျင်းပနိုင်မယ့် အနေအထားရှိရင် ကျင်းပ ပေးပါ့မယ်"ဟု ဦးတင်အေးက ပြောကြားသည်။
ဦးတင်အေးခေါင်းဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် ကော်မရှင်ကို အစားထိုးကာ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သော ကော်မရှင်ဖြစ်သည်။
အဖွဲ့ဝင်ရှစ်ဦး ပါဝင်ဖွဲ့စည်းထားသည့် ကော်မရှင်အသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်သည့် ရွေးကောက်ပွဲအဖြစ် ခံယူထားသော်လည်း အားနည်းချက် များ ရှိနေခဲ့ကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ၏ ၀န်ထမ်းများသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတွင် အားနည်းချက်များ ရှိသကဲ့သို့ မဲဆန္ဒရှင်များအား အသိပညာ ပေးရာတွင်လည်း အားနည်းခဲ့ကြောင်း ၎င်းက ပြောသည်။
"အားနည်းချက်တွေက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာတွေတော့မဟုတ်ပါဘူး။ "အတိတ်ကဟာတွေကို မေ့လိုက်ပါ။ သင်ခန်းစာယူပါ"ဟု ဦးတင်အေးက ဆိုသည်။
၎င်းသည် ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ဇူလိုင်လတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။
"ပါတီတွေပြောတာက ဥပဒေတွေ က လုံလောက်ပါတယ်။ ဖော်ဆောင်မှု အပိုင်းမှာ အားနည်းနေတယ်လို့ ပြောကြတယ်"ဟု ဦးတင်အေးက ဆိုသည်။
"ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်း လုပ်ကြမယ်ဆိုရင် အားနည်းစရာမရှိပါဘူး"ဟု ၎င်းက ဆိုသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကန့်ကွက်မှုပေါင်း ၂၉ ခု ရှိခဲ့ပြီး ယခုအခါ အမှုအားလုံးကို စစ်ဆေး ပြီးဖြစ်သည်။
ယခင် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က ကျပ် ငွေ ၁၀ ဒသမ ၈ ဘီလျံခန့် သုံးစွဲခဲ့ပြီး ယခု ကော်မရှင် အသစ်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန်အတွက် ကျပ်ငွေ သန်း ၇၀၀ ခန့် သုံးစွဲရန် လျာထားကြောင်း ဦးတင်အေးက ဆိုသည်။
"နောင် ရွေးကောက်ပွဲတွေကို အကောင်းဆုံးဖြစ်အောင် လုပ်သွားပါမယ်"ဟု ၎င်းက ဆိုသည်။
ဦးတင်အေးသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်မှ ရွေးချယ်ခံခဲ့ရသည်။
၎င်းအား သမ္မတက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း မတင်သွင်းမီ တစ်ရက်အလိုတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။
ယမန်နှစ် ရွေးကောက်ပွဲအပြီးမှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလလယ်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားသည့် ပါတီပေါင်း ၁၀ ပါတီရှိပြီး လေးပါတီမှာ ပါတီမှတ်ပုံတင်ပြီးဖြစ်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အပါအ၀င် သုံးပါတီမှာ ပါတီတည် ထောင်ခွင့် ရရှိထားပြီးဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီသည်အခြားနိုင်ငံရေးပါတီများနှင့် အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တိုင်း ဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီ အားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ၎င်းတို့ ပါတီရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
'တီးပါတီ' ဟုဆိုသော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင် စုကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေး ပါတီများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအား စည်းရုံးဆွေးနွေးခြင်းမဟုတ် ပါဟုလည်း တိုင်းဒေသကြီး အတွင်းရေးမှူး ဦးဝင်းမောင်က ပြောသည်။
"နိုင်ငံရေးပါတီတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်အောင် တွေ့ဆုံတဲ့သဘောပါပဲ။ အားလုံး ဆန္ဒကိုရယူနိုင်ဖို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး တဲ့ သဘောမျိုးပါ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးတာမျိုး မဟုတ်ပါဘူး။ နောက်လည်း အခါအားလျော်စွာ တွေ့ဆုံသွား မှာပါ"ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးဝင်းမောင်က ပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တက် ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များသည် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ တရားစီရင် ရေးကိစ္စများနှင့် စည်ပင်သာယာရေး ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းတင်ပြ ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးပွဲအတွင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)က နိုင်ငံရေးပါတီများအတွက် ပါတီရုံးဖွင့်လှစ်ရန်မြေနေရာနှင့် အစိုးရထံမှ ဘတ်ဂျက် ခွဲတမ်းရရှိရန်တင်ပြခဲ့ပြီး အခြားနိုင်ငံရေး ပါတီအချို့ကလည်း ထောက်ခံဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးပါတီများသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားကိစ္စများအတွက် လွှတ်တော်အမတ်များမှ တစ်ဆင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ပြီး တိုင်းဒေသ ကြီးက လာမည့်လွှတ်တော် အစည်း အဝေးများတွင် ဥပဒေပေါင်း ၁၂ ရပ်ကို တင်ပြ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ရုံးခန်းတွင် ကျင်းပခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ် များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ၀ံသာနုဒီမိုကရက်တစ် ပါတီနှင့် (၈၈) ပြည်သူ့အင်အားစု ပါတီတို့မှ ပါတီခေါင်းဆောင်များတက် ရောက်ခဲ့ကြပြီး ဖိတ်ကြားထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တက်ရောက် ခဲ့ခြင်းမရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၁၉ သိန်းကျော်ရှိပြီး ပါတီဝင်ကတ်ပြား ရှစ်သိန်းကျော် ပေးအပ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေးကို ယခုအစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း အရယူ နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းကပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က သတင်း မီဒီယာများနှင့် တွေ့ဆုံပြောဆိုရာတွင် ပြည်တွင်း၌ လက်နိုင်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ခန့်ရှိပြီး အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူမှုသည် လက်ရှိ အခြေအနေတွင် အောင်မြင်မှုရရှိနေသည်ဟု ၎င်းကပြောသည်။
"ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စက အလွန်ကို Sensitive ဖြစ်ပါတယ်။ အရင် အခြေအနေ အရပ်ရပ်ကို လေ့လာပြီး တိုင်းရင်းသား တွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ စိတ်ထဲက စေတနာကို ပြင်ပလက္ခဏာအားဖြင့် ခံယူချက်မှား မသွားအောင်၊ အဓိပ္ပာယ် ယူဆချက် ပြောင်းမသွားအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒါတွေကို အခြေခံပြီး လုပ်လို့ ကျွန်တော်တို့ အောင်မြင်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ရက်ပိုင်းနဲ့ရမယ်လို့ သမ္မတအဆင့် မပြောနဲ့၊ ကျွန်တော်တို့အဆင့်တောင် မပြောပါဘူး။ ကျွန်တော်တို့ရဲ့ အစိုးရ သက်တမ်းမှာ ဒီအဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရအောင် ခိုင်ခိုင်မာမာ လုပ်မယ်လို့ ရည်မှန်းထားပါတယ်"ဟု ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးအောင်သောင်းက ပြောသည်။
နိုင်ငံတော်သမ္မတမှ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းလက်နက်ကိုင် အဖွဲ့များသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လွှာ ပေးပို့ခဲ့ပြီး ၎င်း တို့နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ် အဆင့်စသည့် အဆင့်နှစ်ဆင့်ဖြင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှု အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်နေရာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် သုံးဖွဲ့ ဖြစ်သည့် '၀' အထူးဒေသ (၂)၊ '၀' အထူး ဒေသ (၄)နှင့် ကလို့ထူးဘောအဖွဲ့ (ယခင် DKBA ) တို့နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးမှု ရောက်ရှိနေပြီဖြစ်ပြီး ကျန် အဖွဲ့များမှာ ပြည်နယ်အဆင့်ဖြင့် ဆွေးနွေးနေဆဲနှင့် ဆွေးနွေးရန် ညှိနှိုင်းနေဆဲဟု ၎င်းကပြောသည်။
"ဆွေးနွေးတဲ့နေရာမှာ စစ်ရေးကို လုံးဝအားမပေးပါဘူး။ ဖြစ်နိုင်သမျှ စစ်ရေးကို ရှောင်ပြီးသွားဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အရင် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ တပ်မတော်အစိုးရခေတ် တုန်းက တွေ့ခဲ့တဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ မလုပ်ပါဘူး။ အရင်ကတော့ အားလုံး သဘော တူညီပြီးမှ လက်မှတ်ထိုးကြပါတယ်။ အခုက မတူတဲ့အချက်ကို အပ ထား၊ တူသမျှလေးကို တစ်ခါတွေ့ရင် တစ်ခါလက်မှတ်ထိုးတယ်။ မတူတာတွေကို ညှိနှိုင်းဆောင်ရွက်ပါတယ်"ဟု ဦးအောင်သောင်းက ဆိုသည်။
ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် လက်နက်ကိုင်အဖွဲ့များ၌ အခြေခံအားဖြင့် တူညီသည့်အချက်များ ရှိနေသည်ကို တွေ့ရသည်ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့၏ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်က ပြောသည်။
"ဒီနေ့ နိုင်ငံမှာရှိကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ပြည်ထောင်စုကြီး ပြိုကွဲမယ့် အရေးကိစ္စတွေကို မည်သူ တစ်ဦး တစ်ယောက်ကမှ မလိုလားပါဘူး။ ပြည်ထောင်စုကြီးထဲမှာ အေးအတူ ပူအမျှ တန်းတူရည်တူနဲ့ အားလုံးအတူ လက်တွဲပြီး နေထိုင် လုပ်ကိုင်သွားကြလိုတဲ့ အဖွဲ့အစည်းတွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံသမျှအဖွဲ့တိုင်း ပြည်ထောင်စု မပြိုကွဲဖို့ အရေး၊ နိုင်ငံတော်မှာ တည်ငြိမ်အေးချမ်းမှုရှိဖို့၊ ဖွံ့ဖြိုး တိုးတက်ဖို့ကို လိုလားတာချင်းတူနေကြတဲ့အတွက် ဒီအချက်တွေပေါ် အခြေခံပြီး တည်ဆောက်သွားမယ်ဆိုရင် အင်မတန် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီးသား ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ဖော်ပြခဲ့သည့် ဧရာဝတီ ပြင်ပသတင်းမီဒီယာဌာန၏ သတင်းတစ်ခုတွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်း တစ်ခုဖြစ်သည့် KIO/KIA ၏ ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ် Gun Maw က KIA အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု၊ ဖြေရှင်းမှုများကို လိုလားပြီး အစိုးရဘက်မှ အပစ်အခတ် ရပ်စဲရေးကို အဓိကထားပြောဆိုနေသည်ဟု ဖြေခဲ့သည်။
အစိုးရဘက်ကလည်း KIA/KIO နှင့် တွေ့ဆုံဆွေးနွေးမှုများသည် သဘောတူညီမှုရှိရန်နီးစပ်လာပြီဖြစ်ပြီး အဆင်ပြေမည့် အလား အလာများရှိနေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်သောင်းက ပြောသည်။
"သူတို့တောင်းတာက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ကျွန်တော်တို့ကလည်း သဘောတူတယ်။ သူတို့က စစ်ရေးလမ်းစဉ်ကို မဆင်နွှဲနဲ့၊ ကျွန်တော်တို့ကလည်း သဘောတူတယ်။ ကျွန်တော်တို့ဆွေးနွေးတာက အပစ်အခတ်တွေကို ရပ်ပါ။ ကျွန်တော်တို့လည်းရပ်မယ်၊ ခင်ဗျားတို့လည်းရပ်မယ်။ ပြီးရင် တစ်ပြိုင်နက်တည်း ဆွေးနွေးမယ်။ သူတို့ကကျတော့ ဆွေးနွေးရင်းနဲ့ တပ်တွေ ရုပ်သွားမယ်။ ဒါလေးပါပဲ၊ တေ့လွဲလေးပါပဲ။ အားလုံးလည်း အဆင်ပြေသွားမယ့် သဘောရှိပါတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်း ချမ်းမှုရရှိရန် မဖြစ်မနေလိုအပ်လာသည့် အနေအထားသို့ ရောက်ရှိနေပြီဟုလည်း ၎င်းက ယခု ကဲ့သို့ပြောသည်။
"တိုင်းပြည်မှာ အများသိတဲ့အတိုင်း ငြိမ်းချမ်းမှုမရှိပါဘူး။ မရှိခဲ့တာလည်း နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပါတယ်။ နှစ် ၆၀ ကျော်ကြာအောင် လက်နက်ကိုင်အဖွဲ့ အစည်းတွေရှိနေတာ ကမ္ဘာမှာတစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာကလည်း အထင်သေးတယ်။ တိုင်းပြည်ကလည်း အထင်သေးခံရတဲ့ အနေအထားဖြစ်နေတယ်။ ဒီဘ၀က ကျွန်တော်တို့ လွတ်မြောက်ချင်တယ်" ဟု ဦးအောင်သောင်းကဆိုသည်။
KIO/KIA နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အဖွဲ့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် ဦးအောင်သောင်း၊ ဦးသိန်းဇော် နှင့် မီးရထားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းတို့ပါဝင်သည်။
အစိုးရသစ်လက်ထက် ငါးနှစ်တာ ကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မီဒီ ယာ များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ထာဝရ ငြိမ်းချမ်းရေးရ ရှိရန် တစ်ဆင့်ပြီး တစ်ဆင့် အမြန်ဆုံး ဆောင် ရွက်နေကြောင်း၊ ယခုအစိုးရသစ်သက်တမ်း မကုန်မီ ထာဝရငြိမ်းချမ်းရေးရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
“ထာဝရငြိမ်းချမ်းရေးရဖို့ ဘယ်လောက် ကြာမလဲဆိုရင် ဒီအစိုးရ သက်တမ်းမကုန်မီ လုပ်မယ်။ နောက် အစိုးရ မပေါ်မီမှာထာဝ ရငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ဖို့ရည်မှန်း ထားပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းမှု များ ဆောင်ရွက်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ဖြင့် ဆောင် ရွက် မည်ဖြစ်ပြီး ဒုတိယ အဆင့်အနေဖြင့် ပြည် ထောင်စု အဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
“ပထမ အနေနဲ့ ပြည်နယ် အဆင့်ကနေ ဘာ လို့ ဆောင်ရွက် တာလဲဆိုရင် သူတို့နဲ့ အဆင့်တူ သတ်မှတ်တာ မဟုတ်ပါဘူး။ အုပ်ချုပ်မှုကိစ္စတွေ၊ နေရေးထိုင်ရေးကိစ္စတွေ၊ လုံခြုံရေး ကိစ္စတွေက တကယ်တမ်း တိတိကျကျ ဆောင်ရွက် ပေးရမှာက တိုင်းနှင့်ပြည်နယ် ကပါ။ ဗဟိုအစိုးရက နေပြည် တော်မှာ ပဲရှိတာပါ။ ဒါကြောင့် ပထမ အဆင့် ကို ပြည်နယ်အဆင့်နဲ့ ဆောင်ရွက်ဖို့လုပ်ပါဆို ပြီး စီစဉ်လိုက်တာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဖော်ဆောင်မည့် အစိုးရအဖွဲ့ အစည်းအနေဖြင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးရာတွင် ကြိုတင်သတ်မှတ်ချက်များချထားမည် မဟုတ် ဘဲ တစ်ဖက်နှင့်တစ်ဖက်ပွင့်လင်းစွာဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဆွေးနွေးတဲ့နေရာမှာ သူတို့ကိုလည်း ဘာပဲ ဆွေးနွေး ရမယ်ဆိုတဲ့ သတ်မှတ်ချက်မထားပါဘူး။ ကျွန်တော်တို့ ဘက်က လည်း ကြိုတင် သတ်မှတ်ချက် မရှိပါ ဘူး။ တိုင်းရင်းသား အချင်းချင်း ရင်းနှီးမှုရှိ တယ်။ ချစ်ကြည်မှု ရှိတယ်။ တန်ဖိုးထားမှုရှိ တယ်ဆိုတာ ကိုပြတာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ အဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက် ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် တွင် နှစ်ဦး သဘောတူ အပစ်အခတ်ရပ်ဆဲခြင်း၊ သတ်မှတ်ထားသည့် နေရာများတွင် နေထိုင် ခြင်း၊ လက်နက်ဖြင့် သွားလာခြင်း မပြုရန်၊ သွားလာမည် ဆိုပါက ကြိုတင် ညှိနှိုင်းမှုများပြု လုပ်ရန်၊ ဆက်ဆံရေး စခန်းများတည်ဆောက် ရန်တို့ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်တွင် ပြည်ထောင်စု အတွင်းမှ ခွဲထွက်ခြင်းမရှိသည့် စိတ်ဓာတ်ရှိရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် အရေးသုံးပါးကိုလက်ခံယုံကြည်ရန်၊ စီးပွား ရေးလုပ်ငန်းများအား ဥပဒေနှင့် အညီ ဆောင် ရွက်ရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ် ငန်းများ အား အစိုးရနှင့်ပူးပေါင်းတိုက်ဖျက်ရန် တို့အား ဆွေးနွေး မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။
သားလတ်
တရုတ်နိုင်ငံ
ရွှေလီမြို့နှင့် မြန်မာနိုင်ငံမူဆယ်မြို့များအဖြစ် သတ်မှတ်ရန် မြန်မာဘက်မှ
ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း သတင်းရရှိသည်။
“ရှမ်းပြည်နယ် အစိုးရထံမှ ခွင့်ပြုချက်ရပြီးပါပြီ။ တရုတ်ဘက်က လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်” မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ ထိုကဲ့သို့ ချစ်ကြည်ရေးမြို့များအဖြစ် သတ်မှတ်ရန် စီစဉ်ရခြင်းမှာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရည်ရွယ်ချက်ဖြစ်ပြီး ယခုတစ်ပတ်အတွင်း နှစ်ဖက်နိုင်ငံမှ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ မူဆယ်မြို့တွင် ခရီးသွားလုပ်ငန်း တိုးတက်စေရေးအတွက် ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်သည်။
ထို့အပြင် နမ်စီမြို့မှ လားရှိုးမြို့သို့ အပတ်စဉ် လေယာဉ်ပျံသန်းရန် ယူနန်အစိုးရအဖွဲ့ ပြည်ပရေးရာတာဝန်ခံက ရွှေလီမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ယူနန်အစိုးရအား အကြံပြုခဲ့သည်။
မူဆယ်ဝင်ပေါက်မှ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသား ၅၆၇၉ ဦးနှင့် နိုင်ငံခြားသား ၁၆၈ ဦးတို့ ဝင်ရောက်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလကုန်အထိ တရုတ်နိုင်ငံသား ၁၇၈ ဦးနှင့် နိုင်ငံခြားသား ၃ ဦး ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော စာရင်းအရ သိရသည်။
Ref : 7 Day News
ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ခံခဲ့ရသည့်
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမှာ
အခြားနေရာများထက် မြင့်တက်လျက် ရှိနေကြောင်း သြစတြေးလျ နိုင်ငံရောက်
မြန်မာဆရာဝန်အသင်းမှ ဒေါက်တာအေးအေးက ၄င်းတို့၏ လေ့လာချက်များကို ကိုးကား၍
ပြောကြားသည်။
လတ်တလောကာလ၌ ယင်း ဒေသများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ
သောက်စားမှုများ ကို လူကြီး၊ လူလတ်ပိုင်းများသာမက လူငယ်များကြားတွင်ပါ
အခြား ဒေသများထက် မြင့်တက်နေပြီး အဓိကအားဖြင့် သဘာဝဘေးဒဏ်
ခံရပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များကိုသာ ပေးနိုင်ခဲ့ပြီး
စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူ ထောင်ရေး အစီအစဉ်များကို လုပ်ဆောင်နိုင်ခြင်း
မရှိခဲ့သောကြောင့် ဖြစ်ကြောင်း ၄င်းကထောက်ပြ ပြောကြားသည်။
သဘာဝဘေးဒဏ်
ခံစားခဲ့ရသော ဒေသများတွင် ပျက်စီးဆုံးရှုံး မှုများ၊ မိသားစုများ
သေဆုံးရခြင်းများ၊ စီးပွားပျက်ခြင်းများကြောင့် ဒေသခံများမှာ ပြင်းထန်သော
စိတ် ဝေဒနာကို ခံစားရလေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး
အထောက်အပံ့များကို မရရှိပါက မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သောက်ခြင်းအပြင်
လူမှုဆက်ဆံ ရေးတွင် အနှောင့်အ ယှက် သဘောဆောင်လာတတ်သော် လည်း
ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံ ဒေသများတွင်မူ မူလကတည်းက
မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေး ဝါးများ ပေါများနေသဖြင့် ယခုကဲ့သို့
အခြားဒေသများထက် သုံးစွဲမှုနှုန်းမြင့်တက် သွားခဲ့ခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းများ ရှိနေဆဲဖြစ်သည့်
အရှေ့ပိုင်း၊ မြောက်ပိုင်းဒေသများမှ ဒေသခံများသည် ၄င်းတို့၏ရင်သွေးများကို
အရွယ်ရောက်ပြီဟု ယူဆရပါက ရန်ကုန်၊ မန္တလေးစသည့်မြို့ ကြီးများသို့
စေလွှတ်ပြီး ပညာသင်စေခြင်း၊ အလုပ်လုပ်ကိုင်စေခြင်း တို့ပြုလုပ်စေပြီး
မူးယစ်ဆေးဝါး အန္တရာယ်မှ ရှောင်ကွင်းလေ့ရှိကြကြောင်း ရှမ်းပြည်နယ်အတွင်း
လှည့်လည်တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နိုင်လင်း
(၁)
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။
၈၈ အရေးအခင်းဆိုတာ
ကျောင်းသားတွေခေါင်းဖြတ်သတ်ပွဲကြီးပါကလား... သူတို့ အချင်းချင်း
အရိုးတွန်မှပဲ ကျွန်တော်တို့ ဒီခေတ်လူတွေ အမှန်အတိုင်း
သိခွင့်ရတော့တယ်..ကျေးဇူးပါ.. နောက်ထပ် ပို့စ်တွေဖတ်ပြီး
အမှန်တရားကိုခေတ်လူငယ်တွေ သိစေချင်ပါတယ်