မြန်မာနိုင်ငံတွင်
တီဘီရောဂါဖြစ်ပွားမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လူ ၁၀၀၀ လျှင် တစ်ဦးဟု
ခန့်မှန်းထားသော်လည်း ပြုလုပ်ထားသည့် စစ်တမ်းများအရ လူ ၁၀၀၀ လျှင် ၎
ဦးခန့်အထိရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောသည်။
“အခုဆိုရင် တီဘီရောဂါသည် အသစ်က လူတစ်သိန်းမှာ ၄၀၄ ဦးအထိရှိတယ်။ WHO ရဲ့
ခန့်မှန်းချက်ထက် သုံးဆ၊ လေးဆလောက်များနေတယ်”ဟု
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာစည်သူအောင်ကပြောသည်။
(ရန်ကုန်မြို့တစ်နေရာမှ လူစည်ကားရာနေရာတစ်ခု) (ဓာတ်ပုံ - ဂျေမောင်မောင် - အမရပူရ)
ထို့အပြင် လူထုအတွင်း တီဘီရောဂါ သံသယရှိလူနာ ၁၀၀ တွင် ၁၀
ဦးနှုန်းရှိနေကြောင်း သိရသည်။ ထို ၁၀ ရာခိုင်နှုန်းမျှရှိသော
သသံယရှိလူနာများတွင် ထက်ဝက်ခန့်သာ ဆေးကုသမှု ခံယူသည့်အတွက် ကျန်ရှိသည့်
လူနာများမှ ကူးစက်မှုများ များပြားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး
ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှမြင့်က ပြောကြားသည်။ “သံသယရှိ
လူနာတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးဌာနကို ဆေးကုသဖို့
မရောက်လာတဲ့အခါ ရောဂါကူးဖို့ အလားအလာတွေ အရမ်းများသွားတယ်။ တစ်ယောက်ကို
ဆေးကုသနိုင်ပေမယ့် သူကနေ ဆယ်ယောက်လောက်ကို ရောဂါဖြန့်ထားရင် ဘာမှ
မထူးတော့ဘူး”ဟု ဒေါက်တာလှမြင့်က ပြောသည်။
နှစ်စဉ် တီဘီရောဂါဝေဒနာရှင် သုံးသိန်းခွဲခန့်ရှိရာမှ ကျန်းမာရေးဌာနသို့
ဆေးကသုရန်ရောက်ရှိသူ တစ်သိန်းလေးသောင်းသာရှိသဖြင့် မလိုအပ်သော
ရောဂါကူးစက်မှုများ၊ အသက်သေဆုံးမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
တီဘီရောဂါသည် ကူးစက်မှုများပြားပြီး တတိယ ဦးစားပေးတိုက်ဖျက်ရန် ရောဂါအဖြစ်
သတ်မှတ်ထားပြီး မြန်မာနိုင်ငံသည်ကမ္ဘာ့တီဘီရောဂါအဖြစ် အများဆုံး ၂၂ နိုင်ငံ၊
ဆေးယဉ်ပါးတီဘီအဖြစ် အများဆုံး ၂၇ နိုင်ငံ၊ တီဘီ၊ အိတ်ခ်ျအိုင်ဗီအဖြစ်
အများဆုံး၄၁ နိုင်ငံတွင် ပါဝင်ကြောင်း သိရသည်။ တီဘီရောဂါသည်
ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကာပြောခြင်း၊
သီချင်းဆိုခြင်း၊ တံတွေးထွေးခြင်းစသည့် နည်းလမ်းများဖြင့် လေထဲမှတစ်ဆင့်
ကူးစက်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့်အတွက်
ကူးစက်မှုများပြားခြင်းဖြစ်သည်။
Credit: ဝတ်ရည် (7Day News Journal)
တီဘီရောဂါလူနာများအတွက် Global Fund က ၂၀၁၂ နှင့် ၂၀၁၃ အထိ ဆေးဝါးများ ဆက်လက်ထောက်ပံပေးမည်ဖြစ်ကြောင်း အမျိုးသား တီဘီရောဂါ တိုက် ဖျက်ရေးစီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူ အောင်က Targeted Media Campaign for TB Control အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။
"၂၀၁၁ အတွက် ဂျပန်နိုင်ငံက တီဘီ ဆေးတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တီဘီ လူနာအားလုံးတွက် တိုင်းနဲ့ပြည်နယ်တွေကို ဖြန့်ထားပေးပါတယ်။ ဂျပန်ဆေးတွေကုန်တာနဲ့ ဂလိုဘယ်ဖန်းက ဆေးတွေနဲ့ ဆက်သွားမှာပါ။ သုံးပုံတစ်ပုံကတော့ ရထားပြီးပါပြီ"ဟု ဒေါက်တာ စည်သူအောင်က ပြောကြားသည်။
"တစ်နှစ်ကို တီဘီလူနာ တစ်သိန်း လေးသောင်းအတွက် ဆေးတန်ဖိုး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သုံးသန်းရှိပါတယ်"ဟု ၎င်းက ပြော သည်။
အစိုးရအနေနှင့်လည်း အစိုးရဘတ်ဂျက်မှ ၂၀၀၉ ခုနှစ်တွင် တီဘီဆေးဖိုးအတွက် ကျပ်သိန်း ၉၀၀ ထောက်ပံ့ပေးခဲ့ကာ ၂၀၁၀ တွင် ကျပ်သိန်း ၁,၂၀၀ နှင့် ၂၀၁၁ ခုနှစ်တွင် ကျပ်သိန်း ၁,၆၀၀ ထောက်ပံ့ပေးခဲ့သည်ဟု ဒေါက်တာ စည်သူအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"တီဘီဆေးတွေကို Global Drug Facilities ခုနစ်နှစ်တိတိပေးခဲ့ပြီး ၂၀၀၉ နှစ်ကုန်မှာ ဆေးတွေမရတော့ဘူး။ ဒါကြောင့် ကျန်းမာရေး ၀န်ကြီးဌာနကနေ ပြီးတော့ အလှူရှင်အဖွဲ့အစည်းတွေ၊ သံရုံးက လူတွေ ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးကာ ဆေးရရှိအောင်ကြိုးစားတဲ့ အခါမှာ ၂၀၁၀ မှာတော့ 3DF က တစ်နှစ်စာ ဆေးထောက်ပံ့ပေးပြီး ၂၀၁၁ ခုနှစ်မှာတော့ People from Japan ထောက်ပံ့ ပေးခဲ့ကာ ၂၀၁၂ ခုနှစ်မှာတော့ Global Fund အဖွဲ့အစည်းထံကရရှိအောင် တောင်းခံနေပါတယ်။ တချို့တစ်ဝက်လည်း ရရှိနေပါပြီ"ဟု ရန်ကုန်တိုင်းဒေသ ကြီး၏ တီဘီဆရာဝန်ကြီးဖြစ်သူ ဒေါက်တာတင်မိမိခိုင်က ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီအဖြစ်များဆုံးနိုင်ငံ ၂၂ နိုင်ငံတွင် ပါဝင်ပြီး ဆေးယဉ်ပါးတီဘီ အများဆုံးဖြစ်ပွားသည့် နိုင်ငံ ၂၇ နိုင်ငံ တွင် ပါဝင်၍ တီဘီနှင့် အိပ်ခ်ျအိုင်ဗီအဖြစ်များသည့်နိုင်ငံ ၄၁ နိုင်ငံ၌လည်း ပါဝင်သည်ဟုသိရသည်။
"၂၀၀၉-၁၀ National TB Prevalence Survey လေ့လာချက် အရဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရင်ခန့်မှန်းထားတဲ့ ကွင်းဆင်းလေ့လာချက်ထက် လူနာ နှစ်ဆ သုံးဆလောက် များနေတယ်ဆိုတာ တွေ့ရတယ်။ ကျွန်တော်တို့ အရင် တုန်းကဆိုရင် လူဦးရေ ၁,၀၀၀ မှာ တစ်ယောက်ဆိုပြီး target ထားခဲ့ကြတယ်။ အခုတော့ လူဦးရေ ၁,၀၀၀ မှာ သုံးလေးယောက်အထိ တီဘီ ဖြစ်ပွားနေတာကို သွားတွေ့ရတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာလှမြင့်က ပြောသည်။
"မြန်မာနိုင်ငံ လူဦးရေတစ်သိန်းတွင် တီဘီဟု သံသယရှိသူ လူနာတစ်သောင်း ရှိနေပြီး သံသယလူနာထဲမှ တစ်ဝက်လောက်သာ တီဘီဌာနတွေမှာ ဆေးခန်း လာပြတယ်။ တစ်ဝက်လောက်က အကြောင်းအမျိုးမျိုးကြောင့် မပြကြဘူး" ဟု ၎င်းက ပြောသည်။
ပြည်သူလူထုအနေဖြင့် ချောင်းနှစ် ပတ်ထက် ပိုဆိုးနေပါက တီဘီသံသယဟု သတ်မှတ်ပြီး သလိပ်စစ်ရန်လိုအပ်ကြောင်းနှင့် ကျန်းမာရေးဌာနများ၌ သလိပ်အခမဲ့စစ်ပေးနေကာ လိုအပ်သော ကျန်းမာရေးကုသမှုများနှင့်အတူ ဆေးများကိုလည်း အခမဲ့ရယူနိုင် ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံအတွင်းရှိ မွေးစမှ ၁ဝ နှစ်အောက်အတွင်းရှိ ကလေးအယောက် ၁ဝဝ
တွင် ၇ဝ ရာခိုင်နှုန်းမှာ သန်ကောင် ရောဂါပိုးငါးမျိုး စွဲကပ်မှုခံနေရကြောင်း
ကျန်းမာရေး ဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက
၎င်းတို့ ပြုလုပ်ထားသော သုတေသနရလဒ်များကို ကိုးကားပြီး ပြောကြားသည်။
ထို့အပြင် မြန်မာကိုယ်ဝန် ဆောင်မိခင် ၁ဝဝ တွင် ၄ဝ ရာခိုင် နှုန်းမှာ
ယင်းကဲ့သို့ သန်ကောင် စွဲကပ် သည့်ရောဂါဖြစ်ပွားနေကြကြာင်း
၎င်းကထပ်လောင်းပြောကြား သည်။ ယင်းကဲ့သို့ သန်ကောင်စွဲကပ်မှု
အဓိကဖြစ်ပွားနေရသည့် အကြောင်းအရင်းများမှာ မသန့်ရှင်းသော အစားအစာများကို
စားသုံးနေရခြင်း၊ သောက်သုံးရေများ တွင် ရောဂါ ပိုးများ
သန့်စင်ထားမှုမရှိခြင်း၊ ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင်
အာဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်မှု မရှိခြင်းတို့ကြောင့်
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားမှုများသော
သန်ကောင်များမှာ သန်လုံးကောင်၊ တုတ်ကောင်၊ ကြာပွတ်သန်ကောင်၊
ချိတ်သန်ကောင်နှင့် သံပြားကောင် အမျိုးအစား များဖြစ်ကြောင်း၊ သန်ကောင်ရောဂါ
စွဲကပ်နေပါက ကလေးများတွင် စံချိန်မီမကြီးထွားနိုင်ခြင်း၊
အာဟာရမဖွံ့ဖြိုးခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်း
တို့ ဖြစ်ပေါ်စေနိုင်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ရောင်းချလျက်ရှိသော ဖုံးအုပ်ထားခြင်းမရှိသည့်
လမ်းဘေးအစားအစာများတွင် သန်ကောင်ရောဂါပိုး စွဲကပ်နိုင်သည့် အနေအထားများ ကို
တွေ့မြင်နေရပြီး ဖုန်များထူထပ်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မသန့်ရှင်းသော
နေရာများတွင် ထိုအစားအစာများကို မိခင်ရောကလေးပါ မသိကျိုးကျွန်ပြု၍
စားသုံးနေ ကြသည်ကို လေ့လာတွေ့ရှိနေရကြောင်း ကူး စက်တတ်သောရောဂါများ
ကာကွယ်ရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်လင်း
ကင်ဆာ ရောဂါကု ဝေဒနာရှင်များ ဓာတ်ရောင်ခြည်ကုသရန် အနည်းဆုံး ငါးလကျော်ကျော် စာရင်းသွင်း စောင့်ဆိုင်း နေရသည့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ဓာတ်ရောင် ခြည်ဌာန၌ ကနေဒါနိုင်ငံမှ ဇူလိုင်လအတွင်းက တင်သွင်း တပ်ဆင်နေသော ကင်ဆာရောဂါကု ဓာတ်ရောင်ခြည် စက်သစ်မှာ ဒီဇင်ဘာလ တတိယပတ်တွင် ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား သည်။ ကျပ်သိန်းပေါင်း ၁၁,၅၀ဝ တန်ဖိုး ရှိသော Theratron Phoenix Eternal Therapy Syster စက်ကို ပြည်သူများ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေ ဖြင့် ကနေဒါနိုင်ငံမှ မှာယူတင်သွင်းရာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဓာတ်ရောင်ခြည်ဆေးကု ဌာနသို့ ရောက်ရှိလာကြောင်း၊ စက်တင်ဘာ လကုန်တွင် တပ်ဆင်ပြီးစီး နိုင်မည်ဖြစ် ကာ အောက်တိုဘာလတွင် စတင်ကုသပေးနိုင် မည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေသက်ခင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ဖွင့်လှစ်နိုင်ခြင်းမရှိ သေးကြောင်း တွေ့ရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် Radiotherapy ဖြင့် ကုသသည့် ကင်ဆာ ရောဂါကု ဓာတ်ရောင်ခြည် စက်သုံးလုံး ရှိရာ လွန်ခဲ့သည့်သုံးနှစ်ခန့်က စက် တစ်လုံးပျက်စီးသွားခဲ့ပြီး နောက်တစ်လုံး မှာ ယခုနှစ် နိုဝင်ဘာလ အတွင်း ထပ်မံ ပျက်စီး သွားခဲ့၍ ကျန်စက်တစ်လုံး ဖြင့်သာ ကုသနေရ (သတင်း ဖော်ပြပြီး The Voice Weekly Vol.7/No.49) သည်။ ယင်းပျက်စီးနေသည့် ဓာတ်ရောင်ခြည် ကုသစက်များမှ ချို့ယွင်းသည့် အစိတ်အပိုင်းအချို့ကို ပြည်တွင်း၌ ပြင်ဆင် ၍ရသော်လည်း အများအားဖြင့် ပြည်ပ တွင်သာ ပြင်ဆင်၍ ရနိုင်ကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ယခုဖွင့်လှစ်မည့် ဓာတ်ရောင်ခြည် ကုသစက်အသစ်သည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဝေဒနာရှင် ၅၀ ခန့် ကုသ နိုင်မည်ဖြစ်ကြောင်း ယင်းဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ “ချက်ချင်းကြီးတော့ တစ်ရက်ကို လူနာ ၅၀ ကျော် ကုသနိုင်မှာ မဟုတ်သေး ဘူး။ ပထမဆုံး လူနာအစိတ်၊ သုံးဆယ် တဖြည်းဖြည်းနဲ့ တစ်နေ့ကို လူနာ ၅၀ ပုံမှန်ကုသနိုင်တယ်။ ဒါပေမဲ့ ဒီမှာ လူနာ ကများနေတော့ ၅၀ ထက်ကို ပိုကုပေးရနိုင်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကရှင်းပြသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည် ဆေးကုဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသရန် စောင့်ဆိုင်းနေသူ များပြားလာ၍ အချို့ လူနာများမှာ မစောင့်ဆိုင်း နိုင်သဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးနှင့် ပြည်ပနိုင်ငံများတွင် သွား ရောက်ကုသနေကြရကြောင်း ကင်ဆာ ရောဂါဝေဒနာ ရှင်များက ဆိုကြသည်။ “ကျွန်တော့်ဆွေမျိုး တစ်ယောက် ဆိုရင် အူကင်ဆာ ဖြစ်နေတာ။ ရန်ကုန် ဆေးရုံကြီးမှာ ဓာတ်ကင်ခွင့် မရသေးတဲ့ အတွက် အခုထိုင်းမှာ ဓာတ်သွားကင်ရ မယ်” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ လူနာရှင်အမျိုးသား တစ်ဦးက ပြောကြား သည်။
ထိုင်းနိုင်ငံ ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်တစ်ကြိမ်ကုသလျှင် ထိုင်းဘတ်ငွေ ၃၀ဝ၀ ပေးရမည်ဖြစ်ပြီး အကြိမ်သုံးဆယ်ခန့် ဓာတ်ရောင်ခြည် ကုသရမည်ဖြစ်ကြောင်း၊ ယင်းသို့ ထိုင်းနိုင်ငံကို သွားရောက်ကုသမည် ဆိုပါက ကျပ်သိန်းရာချီကုန်ကျမည်ဖြစ် ကြောင်း ၎င်းကထပ်မံရှင်းပြသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခု နှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ် လျှင် ကျပ်သိန်း ပေါင်းထောင်ချီပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာနုနုသာက ပြောကြားခဲ့သည် ကို ပြည်တွင်း သတင်းဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် လူနာများ၏ အဓိကအားထားရာ ဆေးရုံ ကြီးတစ်ခုဖြစ် နေသော်လည်း စက်ပစ္စည်း များနှင့် ကုသရသော ကုထုံးများ အတွက် စောင့်ဆိုင်းရချိန်ကြာမြင့်ပြီး ဝန်ဆောင်မ ကြီးတစ်ခုဖြစ်နေ သော်လည်း စက်ပစ္စည်း များနှင့် ကုသရသော ကုထုံးများ အတွက် စောင့်ဆိုင်းရချိန်ကြာမြင့်ပြီး ဝန်ဆောင်မူ နှင့် သန့်ရှင်းရေး ကိစ္စရပ်များတွင် ကောင်း မွန်ခြင်းမရှိ သေးကြောင်း ယင်းသတင်း ဂျာနယ်တွင် ထပ်မံဖော်ပြထားသည်။
ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာ ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ နှင့် ၂၉ ရက်များတွင် ရန်ကုန်မြို့၊ ကုန်သည်ကြီး များဟိုတယ်တွင် ကျင်းပသွားမည်ဟု အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်း ကပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ ဆေးပညာနယ်ပယ်များတွင် အောင်မြင်ထင်ရှားသော သမားတော်များနှင့် ခွဲစိတ်ဆရာဝန်များ ၆၀ ခန့် တက်ရောက်၍ ဟောပြောဆွေးနွေးကြမည်ဟု ၎င်းက ပြောသည်။
ဆွေးနွေးပွဲအတွက် ရွေးချယ်ထားသည့် ခေါင်းစဉ်များမှာ အသည်းရောင် ဘီပိုး၊ စီပိုး၊ အသည်းကင်ဆာ၊ အသည်း ခြောက်ရောဂါ၊ အသည်းအစားထိုးခြင်း အကြောင်းနှင့်အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ပတ်သက်၍ နောက်ဆုံးပေါ်ကုထုံးများနှင့် ခေတ်မီ အယူအဆများကို တက်ရောက်လာသည့် ပညာရှင်များက ဟောပြောဆွေးနွေးရန် ရွေးချယ်ထားသည်။
"ဒီဟောပြောပွဲအတွက် ရွေးထားတဲ့ ခေါင်းစဉ်တွေကခဲရာခဲဆစ် နားလည်ရ ခက်မယ့်အကြောင်းအရာတွေ ထည့်မထားဘူး။ ဆရာဝန် တိုင်း နားလည်လွယ်မယ့် ဒီနိုင်ငံမှာ အဖြစ်အများဆုံးရောဂါတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက နောက်ဆုံးပေါ် အယူအဆတွေကို ဟော ပြောကြမှာပါ"ဟု ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
"မြန်မာဆရာဝန်တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ အစည်းအဝေးတစ်ခု တက်ပြီး နားထောင်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ ဒီလိုအပြည်ပြည်ဆိုင်ရာ ဆေးပညာဟောပြောပွဲတွေ များများလုပ်နိုင်မှ ကျွန်မတို့နိုင်ငံရဲ့ ဆေးပညာ အများကြီး တိုးတက်လာ ပါမယ်"ဟု သင်္ဃန်းကျွန်းစံပြဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ဒေါက်တာ ဒေါ်သန်းသန်းဆွေက ပြောသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းပညာအဖွဲ့မှစီစဉ် ပြုလုပ်ပြီး ပထမ အကြိမ်ဆွေးနွေးပွဲကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အသေးစိတ်ကို လမ်း ၃၀ ဆေးခန်း၊ ဖုန်း ၃၇၁ ၆၆၁၊ ၃၇၁ ၆၆၂၊ သို့မဟုတ် 30th street...@mptmail.net.mm သို့ ဆက်သွယ် မေးမြန်းနိုင်သည်။
ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ 
ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊ပါရာပြည်နယ်ရှိ အနာဂျာ့ စ်
ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏အရေးပါသောအင်္ဂါအစိတ်အပိုင်းများ
အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်...
မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ်
လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်...
ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....
ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် ( ဦးခေါင်းအောက်စိုက်) ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ တစ်နာရီမျှ
ကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...
ကမ္ဘာကြီးကို
ပူနွေးလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ဓာတ်ငွေ့ပမာဏအားလုံး၏ ၅
ဒသမ ၁ ရာခိုင်နှုန်းသည် အသား ထုတ်လုပ်မှုကြောင့် ပေါ်ထွက်လာ
ခြင်းဖြစ်သောကြောင့် အသားစား ခြင်းသည် ကမ္ဘာမြေကို ပူနွေးစေ သော
အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်း
သိမ်းရေးဝါဒီတစ်ဦးက ပြောသည်။အသားအတွက် သားကောင် များကို
သတ်ဖြတ်ထုတ်လုပ်ခြင်း သည် လူသားကြောင့် ထွက်ပေါ် လာသော မီသိန်းပမာဏ၏ ၃၇
ရာခိုင်နှုန်းရှိကြောင်း၊ လွန်ခဲ့သော နှစ် ၂ဝ အတွင်း ကမ္ဘာမြေအပူချိန်
တက်လာရခြင်းမှာ မီသိန်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ၇၂ ဆမျှ ပိုမိုပတ်သက်
နေခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။”တိရစ္ဆာန်တစ်ကောင်ကို
မွေးတဲ့အချိန်ကစပြီး သူ့အတွက် မြေလွတ်မြေရိုင်းမရှိတဲ့နေရာတွေမှာ
သစ်တောတွေခုတ်ပြီး စားကျက် အဖြစ် ဖန်တီးပေးရမယ်။ သစ်တော တွေကို
ခုတ်လိုက်တဲ့အတွက် သစ်ပင်တွေ နည်းသွားပြီး ကာဗွန် ဒိုင်အောက်ဆိုဒ်ကို
စုပ်ယူမှုလည်း နည်းသွားတော့ ကာဗွန် ဒိုင်အောက် ဆိုဒ်တွေက လေထုထဲမှာ
ရှိသင့်တဲ့ ပမာဏထက် ပိုရှိနေတော့တယ်။ နောက် တိရစ္ဆာန်မွေးမြူရေး အစာ
ထုတ်လုပ်တဲ့အခါမှာလည်း ကာဗွန် ဒိုင် အောက်ဆိုဒ်ထွက်တယ်။ သူတို့ရဲ့
အသားကိုရဖို့ အဆင့်ဆင့်ပြုလုပ် ရတဲ့နေရာမှာလည်း စက်တွေကို သုံးရတဲ့အတွက်
ကာဗွန်ဒိုင်အောက် ဆိုဒ်ထွက်တယ်။ အထူး သဖြင့် ကျွဲ၊ နွားတွေက
သူတို့ရဲ့ဇီဝကမ္မသဘော အရ လေချင်တက်ရင် မီသိန်းတွေ ထွက်တယ်။ ကာဗွန်ဒိုင်အောက်
ဆိုဒ်ပြီးရင် မီသိန်းကလည်း ကမ္ဘာ ကြီးကို ပူနွေးစေတာပဲ” ဟု ၄င်းက ပြောသည်။
ထို့အပြင် အသားထုတ်လုပ် ရေးအတွက် တိရစ္ဆာန်အရေအတွက် ပိုမိုအသုံးပြုရခြင်းသည်
ကမ္ဘာတစ် ခွင်လုံးရှိ သယ်ယူပို့ ဆောင်ရေးယာဉ် များမှ ထုတ်လွှတ်သည့် သဘာဝ
ပတ်ဝန်းကျင်ကို ထိခိုက်စေသော ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏထက် အလွန့်အလွန်
ပိုမိုများပြားနေ ကြောင်း၊ ထို့ကြောင့် ကမ္ဘာကြီး ပူ နွေးလာမှုကို
တစ်ဖက်တစ်လမ်းမှ ကာကွယ်ရန်အတွက် အသားလျှော့ စားသင့်ကြောင်း၊ အသားလျှော့စား
ခြင်းသည် သဘာဝပတ်ဝန်း ကျင်အ ပေါ် ကျရောက်သော အန္တရာယ် ပမာဏကို
ကျုံစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ သော ထုတ်လုပ်မှုပမာဏကိုလည်း
လျော့နည်း စေ ကြောင်း သိရသည်။”အသားကို လျှော့စားပြီး ဟင်းသီးဟင်းရွက်
စားသုံးသူရဲ့ ဘဝနေထိုင်နည်းဟာ ဆိုးကျိုးကွင်း ဆက်တွေရဲ့ အတိုင်းအတာကို
ဟန်ချက် ညှိပေးနိုင်မယ့် ကမ္ဘာမြေ ပူနွေးမှုကို ရပ်တန့်ရေးအတွက် မရှိမဖြစ်
လိုအပ်ချက်အမှန်ဖြစ် တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။ကမ္ဘာမြေ
ပူနွေး မှုကင်းစင်ရေး အပေါ် အခြေပြုပြီး ဟန်ချက်ညီမျှ စွာ
ဆောင်ရွက်ခြင်းဖြင့် အသက် အန္တရာယ် အကြီးမားဆုံးရောဂါ ၃ မျိုးဖြစ်သော
နှလုံးရောဂါ၊ ကင်ဆာ နှင့် လေသင်တုန်းဖြတ်ရောဂါကြီး များကို
ကင်းဝေးစေလိမ့်မည်ဟု လည်းသိရသည်။
မင်းချစ်နိုင်
DNA အပိုပါလာတဲ့ကမ္ဘာ့ပထမဆုံး၂နှစ်ကလေးငယ်
ဆေးသုတေသန ပညာရှင်များသည်
လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာ အနေအထားကြောင့် ကြက်ငှက်တုပ်ကွေး ရောဂါနှင့်
ပတ်သက်သည့် သုတေသန အချက်အလက်များကို ထုတ်ပြန်ကြေညာတော့မည် မဟုတ်ဟု သိရသည်။
ဇီဝလုံခြုံရေးဆိုင်ရာ စံနှုန်းများအရ အန္တရာယ်ရှိသည့် အနေအထားမျိုး
ဖြစ်နိုင်ကြောင်း သတိပေးမှုများကြောင့် သုတေသီများက H5N1
ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြရန်
ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ဇီဝလက်နက်ဖြင့် တိုက်ခိုက်လာနိုင်မှုများအပေါ် လေ့လာစောင့်ကြည့်ရန်
(၂၀၀၁)ခုနှစ်က ဖွဲ့စည်းခဲ့သည့် Biosecurityက အီရက်စ်မက်စ် ဆေးသုတေသန
လုပ်ငန်း၏ အချက်အလက်များကို လျှို့ဝှက်ထားရန် တိုက်တွန်းခဲ့သည်။ သုတေသန
အချက်အလက်များကို ဖြန့်ချီလိုက်ခြင်းက ဇီဝလက်နက်ကို အသုံးပြုမည့်
အကြမ်းဖက်သမားများအတွက် အကျိုးဖြစ်ထွန်းလာစေနိုင်ကြောင်း Biosecurityဘက်မှ
ထောက်ပြခဲ့ပြီးနောက် ဆေးသုတေသန ပညာရှင်များကလည်း အချက်အလက်များကို
လျှို့ဝှက်ထားရန် လက်ခံခဲ့သည်။
ဒတ်ခ်ျပညာရှင်များ ပါဝင်သော သုတေသန အဖွဲ့ကို ဒေါက်တာ ရွန်ဖူချီရာက
ဦးဆောင်ပြီး ဗိုင်းရပ်စ်၏ မျိုးဗီဇ အပြောင်းအလဲများအရ ကြက်များ၊
ငှက်များမှတစ်ဆင့် လူနှင့် နို့တိုက် သတ္တ၀ါများတွင် ပျံ့နှံ့ကူးစက်နိုင်ခြေ
မြင့်တက်လာသော အနေအထားကို လေ့လာခဲ့ခြငးဖြစ်သည်။ အလားတူ လေ့လာမှုများ
ပြုလုပ်နေသော ဒေါက်တာ ယိုရှီဟီရို ကာဝိုကာ ဦးဆောင်သည့် ၀စ်ကွန်ဆင်
တက္ကသိုလ်မှ ပညာရှင်များကမူ ၎င်းတို့၏ သုတေသနရေးရာ အချက်အလက်များကို
အများပြည်သူထံ အသိပေး ဖြန့်ချီသွားရန် စီစဉ်နေကြောင်း သိရှိရသည်။
Source: BusinessWeek
ဝါရှင်တန်- အားပြင်းသော ပိုးသတ် ဆေးများကို ခံနိုင်ရန် ကြမ်းပိုးများသုံးသည့် မျိုးဗီဇလုပ်ဆောင်ချက်တစ်ခုကို အမေရိကန် သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ကြသည်ဟု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ဝေသော လေ့လာ ချက်တစ်ခုအရ သိရှိရသည်။
ထိုလုပ် ဆောင်ချက်မျိုးဖြင့် ပိုးမွှားများကို နှိမ်နင်း ရန် ပိုမိုထိရောက်သော နည်းလမ်းများ ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။
၁၉၅၀ ပြည့်လွန်နှစ်ကာလကတည်းက အမေရိကန်ပြည်ထောင်စုတစ်ခုလုံး တွင် လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီးသော ကြမ်းပိုး များသည် အမေရိကန် နှင့် တခြားအနောက်ဥရောပနိုင်ငံ များတွင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း အလုံး အရင်းနှင့် ပြန်လည်ရောက် ရှိလာသည် ဟု သိရသည်။
ယခုရောက်ရှိလာသည့် ကြမ်းပိုး များသည် ၎င်းတို့အား နှိမ်နင်းရန် အဓိကသုံးလေ့ရှိခဲ့သည့် ဒယ်လ်တာ မီသရင်နှင့် ဘီတာ ကိုင်ဖကူသာယင် ပိုးသတ်ဆေးတို့ကို ရာနှုန်းပြည့် ခံနိုင်ရည်ရှိနေကြောင်း သိရသည်။
အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် ရှိသော ကြမ်းပိုးအမျိုးအစားပေါ် မူတည်ပြီး ၎င်းတို့၏ ခံနိုင်ရည်အားနှင့် ခုခံမှု နည်းဗျူဟာ များမှာလည်း မတူညီ နိုင်ကြောင်း၊ ထို့ကြောင့် အမြဲမပြတ် စောင့်ကြည့်နေရန်လိုကြောင်း ယင်း လေ့လာချက်ကို အဓိကရေးသားသူ စာရေးဆရာ ဇက်အဒယ်မန်က ပြောကြားသည်။
အဒယ်မန်နှင့် အခြားသုတေသီများ ဤလေ့လာချက်တွင် တွေ့ရှိသော အမျိုး အစားမှာ နှစ်မျိုးရှိပြီး အတော်အတန် ခံနိုင်ရည်ရှိသော ကြမ်းပိုးမျိုးကို ၂၀၀၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ကတည်းက တွေ့ရှိခဲ့ပြီးဖြစ်သည့် ခံနိုင်ရည် လုံးလုံးမရှိသော ကြမ်းပိုး နှစ်မျိုး ခွဲခြားနိုင်ကြောင်း သိရသည်။
ပိုးသတ်ဆေး (pyrethroids) များကို
ခံနိုင်ရည်ရှိမှုကို လေ့လာရာ၌ ၂၀၀၈ ခုနှစ်မှစတင်တွေ့ရှိခဲ့သည့်
ခေတ်သစ် ကြမ်းပိုးသည် ယခင်မျိုးစိတ်ဟောင်း ထက်စာလျှင် ၂၄ နာရီအတွင်း deltamethrin အဆ ၅,၂၀၀ ပိုမိုသုံးရပြီး beta-cyfulthrin ဖြင့်ဆိုလျှင် ၂၄ နာရီ
အတွင်း ၁၁၁ ဆ ပိုမိုသုံးရကြောင်း
တွေ့ရှိခဲ့ရခြင်းဖြစ်သည်။