ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် များအပါအ၀င် လစ်လပ်မဲ ဆန္ဒ နယ် ၆၅ နေရာရှိသည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မီဒီယာများကိုဥပဒေနှင့် အညီ သတင်းယူ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံ တကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ကိုမူ အခြေအနေ အချိန်အခါပေါ်မူတည် ၍ ဆောင်ရွက် မည်ဖြစ်ကြောင်း နေပြည် တော်၌ ဒီဇင်ဘာ ၁၆ ရက်တွင် ပြည် တွင်းမီဒီယာ များနှင့်တွေ့ဆုံစဉ်ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောကြားသည်။
လာမည့်ကြားဖြတ် ရွေးကောက်ပွဲ တွင် မီဒီယာ များသတင်းယူရန် မည်သို့ စီစဉ်ထားမှုနှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကိုခွင့်ပြုရန် ရှိ / မရှိနှင့်ပတ်သက်၍ မီဒီယာ သမားများ၏ မေးမြန်းမှု အပေါ် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြန်လည် ရှင်းလင်းပြောကြားရာတွင် ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုအစိုးရကို ပြည်သူ့ကိုယ်စား လှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အစိုးရ က လည်း အပြောင်းအလဲတွေ အများကြီး ဆောင်ရွက် နေပါတယ်။ မီဒီယာနဲ့ပတ် သက်ပြီးတော့ လည်း အများကြီးလျှော့ချ ပေးထားပါ တယ်။ အဲဒီအခြေအနေ နဲ့ အဲဒီအချိန် အခါမှာ ဖြစ်ပေါ်တဲ့အခြေ အနေ အရ ဆောင်ရွက် ပေးပါ လိမ့်မယ်လို့ ကျွန်တော် ဒီလိုပဲဖြေပါရစေ။ မီဒီယာ တွေကို ဥပဒေ နဲ့အညီ သတင်းယူခွင့်ပြု မှာပါ။ ဘယ်နေရာက ဓာတ်ပုံ ရိုက်ရမယ် စသည်ဖြင့် ခွင့်ပြုမှာပါ။ ဒါကလည်း ကျွန် တော်တို့ကို နားလည်ပေးပါ။ ဥပဒေနဲ့ အညီခွင့်ပြုမယ်၊ မပြုချင် စရာ အကြောင်း ကိုမရှိပါဘူး” ဟု ဦးတင်အေးက ပြော ကြားသည်။
ခိုင်လင်းကျော်၊ ထွန်းလင်း
အစိုးရနည်းပညာ တက္ကသိုလ်များတွင် ကျောင်းလခများ တတ်နိုင် သလောက် ခွဲပေးရန် ခွင့်ပြု
အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ကျောင်းလခ တစ်နှစ်စာ တစ်ခါတည်း အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို မိမိတို့ တတ်နိုင်သလောက်သွင်းရန် ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၁၁-၂၀၁၂ ပညသင်နှစ်တွင် သင်တန်းအားလုံး အသီးသီးကို နှစ်ဆတိုးမြှင့်၍ ကောက်ခံခဲ့၍ ကျောင်းလခ တစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့် အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ကျောင်းအပ်နှံရာတွင် မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင် နှစ်သောင်းကျပ်ပါ ကောက်ခံခဲ့သည်။ နှစ်ကျ ကျောင်သားများအနေဖြင့် ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာ ကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။ ကျောင်းလခ တိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက် သုံးထောင်ကျပ်နှင့် တခြား အထွေထွေကြေးများ ပေါင်းကာ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းနီးပါး သွင်းရပြီး B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော် သွင်းရကာ BE အတွက် ခြောက်သောင်းနီးပါး ပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင် များစွာ အခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ ကျောင်းသားမိဘများ၏ အဆင်မပြေမှု တင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့ ကျောင်းလခကို မိမိတို့ တတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဒီဇင်ဘာလကုန်အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
ရခိုင်ကမ်းရိုးတန်းတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာခဲ့မှုအရ အင်အားကြီး တစ်ကျော့ပြန်ငလျင်များ အချိန်မရွေး လှုပ်ခတ်နိုင်ကြောင်း တွေ့ရှိခဲ့ရ |
![]() ၁၉၉၆ ခုနှစ် စိုင်ခြုံကျေးရွာအနီး မီးတောင်ပေါက်ကွဲပြီး မြေကြီးများ ကွဲအက်နေသည်ကို တွေ့ရစဉ်
ရခိုင်ကမ်းရိုးတန်းဒေသတွင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးလေ့လာမှုပြုလုပ်ခဲ့ပြီးနောက် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွင် ယခင်ခန့်မှန်းထားသည်ထက် အချိန်စော၌ အင်အားကြီးငလျင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်စွမ်း အချိန်မရွေးဖြစ်နိုင်ကြောင်း နိုင်ငံခြားမှ ပညာရှင်များ နှင့်အတူ လေ့လာမှုများအရ သိရှိရကြောင်း သတင်းရရှိပါသည်။ ရခိုင်ကမ်းရိုးတန်းဒေသရှိ မြေဆီလွှာသည် ဘူမိဗေဒ သဘောတရားအရ ငလျင်ကြီးများ လှုပ်ခတ်တတ်သည့် အင်ဒိုနီရှားနိုင်ငံ ၂၀၀၄ ခုနှစ် ဆူနာမီငလျင်ကြီးလှုပ်ခတ်ခဲ့သော ဆူးမားတြားဒေသတို့နှင့် မြေဆီလွှာပုံစံချင်း တူညီနေသောကြောင့် နိုင်ငံခြားပညာရှင်များနှင့်အတူ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်မှ စတင်ပြီး အတိတ်ငလျင်ကြီးများကို အကျယ်တ၀င့် လေ့လာခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လေ့လာမှုများအရ နှစ်ပေါင်းသုံးထောင်အတွင်း အင်အားကြီးငလျင် သုံးကြိမ်ခန့်လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နောက်ဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်မှာ ၁၇၆၂ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၇ နှင့် ၉ အကြား ငလျင်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ကြောင်းနှင့် ၂၀၀၅ ခုနှစ်က ဂျပန်ဘူမိပညာရှင်များနှင့်အတူ လေ့လာမှုအရ ငလျင်ကြီး တစ်ကျော့ပြန်လှုပ်နိုင်ခြေ နှစ်ပေါင်း ၉၀၀ ခန့်လောက် ကြာမြင့်နိုင်ပြီး ၂၆၆၀ ခုနှစ် ခန့်လို့ ခန့်မှန်းခဲ့ကြကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်က မာန်အောင် ကျွန်းဘက်ပိုင်းတွင် အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်ဆန်းပိုင်းက စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်က မြေကမ္ဘာလေ့လာရေးဋ္ဌာနနှင့် ပူးပေါင်းလေ့လာခဲ့မှုအရ အရင်ခန့်မှန်းထားသည်ထက်စောပြီး နှစ် ၂၀၀၊ ၃၀၀ ၀န်းကျင်အကြား တစ် ကျော့ပြန် ငလျင်ကြီး လှုပ်ခတ်နိုင်သည်ဟု တွေ့ရှိရကြောင်း သိရသည်။ ယခုဆိုလျှင် နှစ် ၂၅၀ ရှိနေပြီဖြစ်ပြီး အတိတ်ငလျင်ကြီးများ လှုပ်ခတ်ခဲ့မှုများကြောင့် မြေဆီလွှာ တွန့်ခေါက်နေမှု၊ မြေသားမြင့်တက်နေမှုများသည် မာန်အောင်ကျွန်း၊ ရမ်းဗြဲကျွန်းတောင် ပိုင်းနှင့် စစ်တွေမြို့တောင်ပိုင်း ဖရုံကာကျွန်းများတွင် အများဆုံးဖြစ်ပေါ်နေသည်ဟု ဆိုသည်။ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ဒေသတစ်လျောက် လေ့လာမှုများကို ၂၀၀၅
ခုနှစ်မှ စတင်ပြုလုပ်ခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဂျပန်၊
ပြင်သစ်ပညာရှင်များ ၂၀၁၁ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်မှ
ပညာရှင်များနှင့် လေ့လာခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်း
ကျွန်းများပေါ်တွင် မြေပေါ်မြေအောက် ရွှံမီးတောင်များ၊
ရေအောက်ရွှံ့မီးတောင်များလည်း နှစ်များမကြာမီ မကြာခဏ ပေါက်ကွဲနေကြောင်း
သိရသည်။ |
မေဇင်ဝင်း
အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် Excise & Narcotics Anti-Narcotics Squad က (၁၄၁ ဂရမ်) ရှိ ဘိန်းဖြူ ၁၀ ဟောင် နှင့်အတူ မြန်မာအမျိုးသမီး တဦးကို ဒီဇင်ဘာ ၂၁ ရက် နေ့က ဖမ်း ဆီးခဲ့ကြောင်း သိရသည်။
အဖမ်းဆီးခံအမျိုးသမီးမှာ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် Zonuam ရွာသား အဘဦး Lalhmangaiha ၏ သမီး
Lallunghnemi (၃၁နှစ်) ဖြစ်ပြီး လက်ရှိ မီဇိုရမ်ပြည်နယ်မြို့တော်
အိုင်ဇောလ်မြို့ Bungkawn Dam Veng ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
လက်ရှိ
ဘိန်းဖြူကာလပေါက်ဈေးကို မသိရသော်လည်း အရင်ဖမ်းဆီးခဲ့ဖူးသော
ဘိန်းဖြူတန်ဖိုးအရ အ နည်း ဆုံး ရူပီး ၈ သိန်း ခန့် ရှိကြောင်း
မြန်မာနိုင်ငံသားတဦးက ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်းဝင်လာသော
ဘိန်းဖြူများမှာ အဓိကအားဖြင့် ကုလားပြည် Silchar ဘက်မှ သော် လည်း ကောင်း
မြန်မာနိုင်ငံဘက်မှသော်လည်းကောင်း ဝင်လာခြင်းဖြစ်ပြီး အများအားဖြင့်
ဘိန်းဖြူမှုမှာ မြန်မာနိုင်ငံ ချင်းအမျိုးသားများ ပါဝင်ပါတ် သက်ကြောင်း
သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က
မီဇိုရမ်ပြည်နယ်အတွင်း အဓိက ဘိန်းဖြူရောင်းဝယ်ဖောက်ကားသူ မြန်မာနိုင်ငံ သား
နှစ်ဦး ကို ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး SP, CID (Crime) Special
Narcotic PS staff နှင့် 26th Assam Riffle တို့က ဖမ်းဆီးခဲ့
ကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်မှာ ပြည်နယ် ဥပဒေနဲ့ မလွတ်ကင်းတဲ့
မြန်မာနိုင်ငံသားတစုကြောင့် ရိုးရိုးသားသား လုပ်ကိုင် စားသောက်သူတွေ
အတွက်ထိခိုက်နစ်နာနေတယ်၊ သူတို့ကြောင့် ဒေသခံတွေ မျက်စိနှောက်
စရာဖြစ်နေသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုပ်သိမ်းလိုက်မယ် ဆိုရင် သာမန် ပြည်သူလူထု အတွက် အကျိုးကျေးဇူးတွေ ရရှိလာမယ်လို့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောဆို လိုက်ကြောင်း Bloomberg သတင်းဌာနက ဖေါ်ပြပါတယ်။
(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာက အကြံပြုခဲ့တယ်ဆိုတဲ့ Bloomberg သတင်းဌာနရဲ့ ပြောဆိုချက်ဟာ မဟုတ်မမှန်ကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောဆိုပါတယ်။
AFP
အကျဉ်းကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ မကြာသေးခင်ကမှ အကျဉ်းထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ တက်ရောက်ပြီး ကိုမင်းကိုနိုင် အကြောင်း စကားပြောဆိုသည်။
နဲနဲပါးပါးညှိပြီးမှ တင်ကြပါကွယ်
Myanmar Express နဲ့တွေ့ရင် အရှက်ကွဲကြမယ်
တစ်ယောက်က ပြောတယ် ဆိုရင် နောက်တစ်ယောက်ကလည်း ပြောတယ်ပဲ တင်ပါ
မပြောဘူး သွားမလုပ်နဲ့
အရင်လို ကိုယ်ပြောသမျှ အမှန်ဖြစ်နေတဲ့ ခေတ်မဟုတ်တော့ဘူး
ပြည်ပသတင်းဌာနတွေ ဆင်ခြင်ဖို့လိုပြီ
ဟိုး အရင်ကတည်းက အမှန်တင်တဲ့ မီဒီယာတွေမှမဟုတ်ကြတာ..
ဒီလိုထောက်ပြခံရလို့ ရှက်မယ့်ရုပ်တွေလဲမဟုတ်လောက်ပါဘူး...
တသက်လုံးတောင် သူများပေးစာ ကမ်းစာကို အရှက်မရှိ၊ တောင်း
စားလာကြသေးတာပဲ .. သူတို့အတွက်တော့ထူးဆန်းတဲ့ကိစ္စ
မဟုတ်ပါဘူး ... MEG ပေါ်လာတော့ ဒင်းတို့ နဂိုကမရှိတဲ့ သိက္ခာ
ကုန်ပီပေါ့ဗျာ ....... ဟားဟားဟားဟား
ကောင်းတယ်။ များများဆော်ပေး။ ဒါမှ သူတို့လည်း အရည်ချင်းတွေ တကယ်ရှိလာမယ်။ စိတ်ဓာတ်လည်း မှန်လာမယ်။ သတင်းသမားဆိုတာ သိသလောက် မှားတာကို ထောက်ပြရဲသလို၊ မှန်တာကိုလည်း ထုတ်ဖော် ချီးမွမ်းရဲရမယ်။
မှန်လိုက်တာဗျာ
သံယောင်လိုက်ပြီဘာမှမသိဘဲတင်တဲ့ဆိုဒ်တွေက
တော်တော်များတယ်နော်
သူများပေးစာ ကမ်းစာကို အရှက်မရှိ၊ တောင်းစားနေပြီ
ဘာမှမသိဘဲလျှောက်တင်နေတာတော့များပဗျာ
Myanmar Express ကြီးရယ်အဲ့လိုလူတွေကို
နည်းနည်းသတိပေးလိုက်ပါအုံးဗျာ
ရန်ကုန်မြို့တော်တွင်
စည်းကမ်းမဲ့ အမှိုက်ပစ်၊ အပေါ့အလေးစွန့်သူနှင့် ကွမ်းတံတွေးထွေးသူများအား
စောင့်ကြည့်ဖမ်းဆီးရန် အစိုးရပင်စင်စား ဝန်ထမ်းများကို ခန့်ထားမည် |
ရန်ကုန်မြို့တော်တွင်
ဆောင်ရွက်နေသည့် သန့်ရှင်းသာယာရေး စီမံချက်အရ စည်းကမ်းမဲ့ အမှိုက်ပစ်သူ၊
စည်းကမ်းမဲ့ အပေါ့အလေးစွန့်သူနှင့် ကွမ်းတံတွေး ထွေးသူများအား
စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရပင်စင်စား ၀န်ထမ်းများကို
ခန့်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။ ရန်ကုန်မြို့တော်
သန့်ရှင်းသာယာလှပေးရေး စီမံချက်ကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပြီး
ယင်းစီမံချက် ပြုလုပ်နေသည့် အချိန်အတွင်း စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်သူများနှင့် အပေါ့အလေး စွန့်သူများကို ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ
အရေးယူလျက်ရှိရာ ယင်းလုပ်ငန်းများကို အကူအညီ အထောက်အပံ့ ဖြစ်စေရန်နှင့်
လုပ်ကိုင်လိုသည့် အစိုးရပင်စင်စား ၀န်ထမ်းများ အလုပ်ရရှိရန် ရည်ရွယ်၍
ယခုကဲ့သို့ ခန့်အပ်သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ခန့်အပ်သည့်အပိုင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ရွေးချယ်ပြုလုပ်သွားမည်ဖြစ်ပြီး အသက် ၆၀ နှင့် ၇၀ ကြား ပင်စင်စား
သန်စွမ်းသူများကို အဓိကထား ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
“ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေး စီမံချက် လုပ်တဲ့နေရာမှာ
လမ်းဘေးသေးပေါက်တာ၊ ကွမ်းတံတွေးထွေးတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေကို
စောင့်ကြပ်ကြည့်ရှု ဖမ်းဆီးခိုင်းဖို့အတွက် အစိုးရပင်စင်စားတွေကို
ခန့်ထားမယ်။ အဓိကတော့ အသက် ၆၀ နဲ့ ၇၀ ကြားရှိ သန်စွမ်းသေးတဲ့
ပင်စင်စားတွေပေါ့။ ခန့်တဲ့အပိုင်းကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက လုပ်သွားမယ်။ လောလောဆယ်တော့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ
အရင်ဆုံးလုပ်ဖို့တော့ စီစဉ်ထားတယ်။ စောင့်ပြီးဖမ်းတဲ့ ပင်စင်စားတွေကိုလည်း
သူတို့ပဲ လွှတ်ပေးမထားဘူး။ သူတို့ရဲ့ မလှမ်းမကမ်းမှာ စည်ပင်သာယာ
ရဲဝန်ထမ်းတွေကို အရန်အဖြစ် ထားရှိပေးထားမယ်။ သူတို့ကို ခန့်ထားတဲ့ နေရာမှာ
နေ့စားလုပ်အားခ၊ ပုံမှန်လစာအနေနဲ့ ပေးမှာတော့ မဟုတ်ဘူး။ ဖမ်းဆီးရမိလို့
ဒဏ်ရိုက်တဲ့ ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးမယ်။ ဥပမာ ဒဏ်ငွေက ကျပ် ၁၀၀၀၀
ဆိုရင် ၁၀ ရာခိုင်နှုန်း ကျပ် ၁၀၀၀ ရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယင်းသို့
စောင့်ကြည့်ဖမ်းဆီးမှုများ ပြုလုပ်မည့် အစီအစဉ်အတွက် ပညာပေးကာလမရှိဘဲ မကြာမီ
စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မြို့တွင်း ခြောက်မြို့နယ်တွင်
ပြုလုပ်၍ အဆင်ပြေပါက မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များ၊
အခြားမြို့နယ်များတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
စည်ပင်သာယာမှ သွယ်တန်းထားသည့် ရေပိုက်များမှာ ရေယိုစိမ့်မှုများကို ထိန်းသိမ်းခဲ့ခြင်းကြောင့် တစ်နေ့ ရေဂါလန် ၇ သိန်းကျော် လေလွင်နေခြင်းကို တားဆီးနိုင်ခဲ့ သည်ဟု စည်ပင်သာယာရေသန့်ဌာနမှ အကြီးတန်းအရာရှိတစ်ဦးပြောသည်။ စည်ပင်သာယာရေး ကော်မတီ မှ လူတစ်ဦးလျှင် တစ်နေ့ ရေဂါလန် ၃ဝ ခန့်ပေးဝေသည်ဟု ဆိုခြင်းကြောင့် အဆိုပါ ရေဂါလန် ၇ သိန်း ကျော်ထိန်းသိမ်းနိုင်ခဲ့ခြင်းသည် လူ ဦးရေ ၂ သောင်းကျော် ရေသုံးစွဲရန် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုက်လိုင်းများမှာ ရေယိုစိမ်မှုများပြုပြင်ခြင်းကို လွန်ခဲ့သည့် ၄ လမှ စတင်ဆောင်ရွက်ပြီး ဌာနမှသွယ်တန်းပေးထားသည့် ပိုက်လိုင်းကြီးများ ပျက်စီးပါက ဌာနမှ တာဝန်ယူပြင်ဆင်ပေးပြီး နေအိမ်များမှ ပိုက်လိုင်းငယ်များ ပျက်စီးပါက ဌာနမှလုပ်အားစိုက်၍ ပြုပြင်ပေးခဲ့သည်ဟု အထက်ပါအရာရှိက ပြောသည်။ ”မြို့နယ်တိုင်းကို ပိုက်လိုင်းတွေ လိုက်စစ်ပါတယ်။ တချို့မြို့နယ်တွေကကျယ်တော့ ရပ်ကွက်တိုင်း မရောက်တာတွေလည်း ရှိနိုင်ပါတယ်။ ဌာနအနေနဲ့ ကွက်ပြည့် မနင်းနိုင်သေးတာပါ”ဟု ၄င်းက ပြောသည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း(၈) ရပ်ကွက်နေ အသက် ၄ဝ ကျော် ပြည်သူတစ်ဦးက ”စည်ပင်က သွယ်ထားတဲ့ရေ လွန်ခဲ့တဲ့ ၃ လ လောက်က စပြီးပြန်လာနေပါတယ်။ ရေက အဝတ်လျှော်ဖို့တော့ရတယ်။ ရေလာနောက်တော့ ထမင်းချက်လို့ မရပါဘူး။ ညဘက်မှ လာတာများပါတယ်”ဟု ပြောသည်။ အဆိုပါရပ်ကွက်မှ စည်ပင်သာယာရေ သွယ်တန်းထားခြင်းမရှိသည့် အိမ်ရှင်မတစ်ဦးမှလည်း ”စည်ပင်က ပေးတဲ့ရေက ညဘက်လာတာများတော့ ရေသွယ်ထားတဲ့ သူတွေက ရေပိုက်ဖွင့်အိပ်ကြတာ။ မနက်ဆိုရင် ရပ်ကွက်မှာ ရေလျှံနေတယ်’ဟု ဆိုသည်။ အမြင့်ပိုင်းရပ်ကွက်များမှာ ရေသုံးစွဲမှုများခြင်းနှင့် ရေလေလွင့်မှု များခြင်းများဖြစ်ပါက ရပ်ကွက်အနိမ့်ပိုင်းများ သို့ ရေရောက်ရှိရန် ခက်ခဲကြောင်း စည်ပင်ရေသန့်ဌာနမှ အရာရှိက ထပ်လောင်းပြောသည်။
ဝေမာထွန်းသင်္ဘောသားများကို နိုဝင်ဘာလ ၂၈ ရက်နေ့ မှစ၍ ကားတင်သွင်းခွင့်၊ လျှောက်ထားခွင့် ပြုခဲ့ရာ ရက်ပိုင်း အတွင်း ကား တင်သွင်း ခွင့် လျှောက်ထား သူ သင်္ဘောသား ဒီဇင်ဘာလ ၁၄ရက်နေ့ အထိ တစ်ထောင်နီးပါး ရှိနေကာ သုံးရာ နီးပါး ကားတင်သွင်းခွင့်များ ခွင့်ပြုပေးပြီး ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ပြောကြား သည်။ကားတင်သွင်းခွင့် လျှောက်လွှာ တင်သွင်းသူများ စာရင်းကို အပတ်စဉ် အလိုက် ဝန်ကြီးဌာနသို့ တင်ပြခွင့်ပြု ပေးလျက် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
"ကားတင်သွင်းခွင့် လျှောက်ထားတဲ့သူ ၈၀ဝ ကျော် ရှိပြီ။ ပို့ဆောင်ရေး ဝန်ကြီးဌာန ကနေ စိစစ်ပြီးတော့ မော်တော်ယာဉ် တင်သွင်းခွင့် ကြီးကြပ်ရေး ကော်မတီကို တင်ပြထားတာ ၂၇၄ ဦး ရှိပြီ " ဟု ၄င်းက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရှင်းပြသည်။ကားတင်သွင်းခွင့် လျှောက်ထားခြင်းကို သတ်မှတ်ထားသည့် ကားအစီးရေ အထိ လက်ခံသွားမည် ဖြစ်ပြီး လျှောက်လွှာ တင်သွင်းခွင့် နောက်ဆုံး နေ့ရက်ကို သတ်မှတ်ထားခြင်း မရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ကားတင်သွင်းခွင့် လျှောက်လွှာ တင်ထားလိုသည့် သင်္ဘောသားများသည် ဘဏ်ငွေစာရင်းတွင် ဝင်ငွေခွန် ဆောင်ထားပြီး အမေရိကန် ဒေါ်လာ ၁၀,ဝ၀ဝ မှ ၅၀,ဝ၀ဝ နှင့်အထက် ရှိသူများကို တင်သွင်းခွင့် ပြုသွားမည် ဖြစ်ပြီး ကားတင်သွင်းရာတွင် ရန်ကုန် ဆိပ်ကမ်းအရောက် အမေရိကန် ဒေါ်လာ ၅၀ဝ၀ မှ ၂၅,ဝ၀ဝ အထိ ကျသင့်သော ကားများ တင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် တရားဝင် ထုတ်ပြန်ထားသည်။ကားတင်သွင်းခွင့် လျှောက်ထားရာတွင် စီဒီစီ မိတ္တူနှစ်စုံ၊ ဘဏ်စာအုပ် မိတ္တူနှစ်စုံ၊ ဝင်ငွေခွန် ကျေကြောင်း ပုံစံမူရင်း မိတ္တူ တစ်စုံ၊ ကွန်ပျူတာရိုက် ထားသော လျှောက်လွှာ မူရင်း နှစ်စုံ (လက်မှတ်ကို စိစစ်ရေး ကော်မတီ ရှေ့တွင် ရေးထိုးရမည်)၊ ဘဏ်စာအုပ် မူရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်တို့ကို ကိုင်ဆောင်လာရမည် ဖြစ်ကြောင်း ယင်းဌာနတွင် ထုတ်ပြန် ထားသည်။
ကားတင်သွင်းခွင့် လျှောက်လွှာ တင်သွင်းရာတွင် ကိုယ်တိုင် လျှောက်ထားရမည် ဖြစ်ပြီး နောက်ဆုံး သင်္ဘောသားလိုက်သည့် အခေါက် အတွက် အခွန်ဆောင်ပြီး ထားသူ ဖြစ်ရမည် ဖြစ်ကြောင်း၊ ဘဏ်ငွေစာရင်းတွင် သတ်မှတ်ငွေ ရှိသူ၊ ဘဏ်ရှိ စုဆောင်းငွေ ပမာဏအလိုက် နိုင်ငံတော်သို့ ဝင်ငွေခွန် ပေးဆောင်ထား ပြီးသော အခွန်ကျေကြောင်း စာရွက် တင်ပြနိုင်သူ များကို တင်သွင်းခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။သင်္ဘောသားများ ကားတင်သွင်းခွင့် ပြုရာတွင် ဘတ်စ်ကားနှင့် ထရပ်ကားများကို လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ထုတ်သည့် ကားကို တင်သွင်းရမည် ဖြစ်ပြီး အိမ်စီး ဇိမ်ခံကား ဆိုပါက လွန်ခဲ့သည့် ငါးနှစ်က ထုတ်လုပ်သည့် ကားကို တင်သွင်းခွင့် ရှိကြောင်း ယင်းဌာနတွင် ထုတ်ပြန် ထားသည်။ဘဏ်စာရင်းတွင် ဝင်ငွေခွန် သွင်းရန် အခွန်ကျေကြောင်း ထောက်ခံချက် လိုအပ်ကာ အခွန် ဆောင်ထားသည့် ပမာဏတွင် မူတည်ပြီး ဘဏ်ငွေသွင်းခွင့် ရှိကြောင်း ကားတင်သွင်းခွင့် လျှောက်လွှာတင်ရန် လာစုံစမ်းသူ အသက် ၄၀ ကျော် သင်္ဘောသား တစ်ဦးက ဆိုသည်။
" ဘဏ်ငွေစာရင်းမှာ ဒေါ်လာ တစ်သောင်းကျော်လောက် ရှိတယ်။ အခွန် ဆောင်ထားတာက နှစ်ထောင် ကျော်လောက် ရှိပါတယ်။ ဘဏ်စာရင်းမှာ နောက် တစ်သောင်း သွင်းဖို့ အခွန်ကျေကြောင်း စာရွက်တွေ မရှိလို့ အခုမှ အခွန်ကျေကြောင်း စာရွက် ပြန်တောင်းရမယ်။ ဘဏ်ငွေစာရင်းမှာ ဒေါ်လာ များများ ရှိလေ တန်ဖိုးများတဲ့ ကားကို တင်သွင်းလို့ ရလေ ဖြစ်တယ် " ဟု ၄င်းက ရှင်းပြသည်။
တရုတ်နိုင်ငံ
Cherry Auto Mobile Co.,Ltd ကထုတ်လုပ်သည့်
ချယ်ရီဝက်ဂွန်းအိမ်စီးကားများတစ်စီးလျှင် ဒေါ်လာ ၅၈ဝဝ ဖြင့် ၈-၁၂-၂ဝဝ၁၁
ရက်ကစတင်ကာ ပထမဆုံး အရောင်းပြခန်းဖွင့် ရောင်းချပြီဖြစ်ကြောင်း သိရသည်။
ယင်းမှာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းအမှတ် ၄၇ တွင်ဖြစ်ပြီး
၆-၁၂-၂ဝ၁၁ရက်က ရန်ကုန်ဆူးလေဆိပ်ကမ်း ဂိတ်အမှတ် ၄ သို့
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှရောက်လာသော ကားများဖြစ်ကြောင်း၊စီးရေ ၁ဝဝဝ ဆံ့သော
M.V.CHEANEYU ရှစ်ထပ် သင်္ဘောကြီးဖြင့် ၂၂-၁၁-၂ဝ၁၁ ရက်က ရှန်ဟိုင်းမှ
တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကားတစ်စီးလျှင် ဒေါ်လာ ၅၈ဝဝ အပြင်
အကောက်ခွန်ဂျူတီကြေး ကျပ်၁၃သိန်းခွဲခန့် ၊ ကုန်သွယ်ခွန်ကျပ် ၁၄သိန်းကျော်၊
က-ည-န တွင်လိုင်စင်ပြုလုပ်ရန် စရိတ်များ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ယခုကားသည် ဘယ်မောင်း ၈ဝဝစီစီ အင်ဂျင်ပါဝါရှိကြောင်း၊
အောက်တိန်းစက်ဆုံးဆီကို အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းကားများကို
စက်မှုဝန်ကြီးဌာနက မှာယူတင်သွင်း ရောင်းချခြင်းဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်း
လဲလှယ်ရန် ပါမစ်ရထားပြီးသူများကို အဓိကထား ရောင်းချပေးသွားမည်
ဖြစ်ကြောင်းသိရသည်။ ရန်ကုန်အပြင် မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း
အရောင်းပြခန်းများဖွင့်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်အိုယာဉ်ဟောင်းများ လဲလှယ်ရေး အစီအစဉ်အတွက် ဂျပန်မှ တစ်ပတ်ရစ်ကားစီးရေ
၁ဝဝမှာ ၅-၁၁-၂ဝ၁၁ ရက်နေ့က ရန်ကုန်-ဆူးလေဂိတ် ၆သို့ Ocean Blue
သင်္ဘောဖြင့်လည်းကောင်း ၅-၁၂-၂ဝ၁၁ရက်နေ့ညက ဂျပန် Usedကားစီးရေ ၄၃၇စီးမှာ
M.V.MIN-DORO သင်္ဘောဖြင့် လည်းကောင်း အသီးသီး ရောက်ရှိခဲ့ကြပြီး ဖြစ်ကြောင်း
သိရသည်။
ကားများထုတ်ယူရာတွင် Customs မှ နှစ်ရက်အတွင်း အပြီးလုပ်ပေး |
![]() ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ပြည်ပမှတင်သွင်းလာသည့်ကားများအား တာဝန်ရှိသူများမှ အစုအဖွဲ့လိုက် စစ်ဆေးနေစဉ်
ကားများထုတ်ယူရာတွင် ယခင်က အကောက်ခွန်ဌာနကို ဖြတ်သန်းရာ၌ လေးရက်မှ ငါးရက်အထိ ကြာမြင့်သော်လည်း ယခုအခါတွင် အလွန်ဆုံး နှစ်ရက်သာ ကြာမြင့်တော့ကြောင်း ကားထုတ်ယူသူများထံမှ သတင်းရရှိပါသည်။ ''အရင်က File Run တာက နှစ်ရက်ကြာတယ်။ ယာဉ်ကြိုစစ်က တစ်ရက်၊ Duty ဆောင်တာက တစ်ရက်၊ အနည်းဆုံး လေးရက်ကြာတယ်။ အဲဒီမှာ ကံမကောင်းရင် ငါးရက်လောက် ကြာသေးတယ်။ အခုတော့ စာရွက်စာတမ်း အပြည့်အစုံနဲ့ မနက်ပိုင်းသွားပြီး Duty ဆောင်ဖို့ အချိန်မီတယ်ဆိုရင်တော့ ညနေဆို ကားထွက်ပြီ။ Duty ဆောင်ဖို့ အချိန်လွန်သွားလို့ နောက်ရက်မှ ဆောင်ရရင်တော့ နှစ်ရက်ကြာတယ်။ အလွန်ဆုံးမှ နှစ်ရက်လောက်ပဲ ကြာတော့တယ်။ တော်တော်လေးကို လုပ်ရ ကိုင်ရ အဆင်ပြေသွားတယ်။ ပြောင်းပေးတာ ကျေးဇူးတင်ပါတယ်''ဟု ကားထုတ်ယူသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ''အခု ယာဉ်ကြိုစစ်တာ မရှိတော့တဲ့အတွက် ပိုကောင်းသွားတယ်။ အချိန်လည်း အကုန်သက်သာသွားတယ်''ဟု ကားတင်သွင်းသူတစ်ဦးကလည်း ပြောကြားခဲ့သည်။ ယခင်က အကောက်ခွန်ဌာန ၀န်ထမ်းအင်အား နည်းပါးမှုအပါအ၀င် အဆင့်များလွန်းသည့်အတွက် အချိန်ကြန့်ကြာခြင်းဖြစ်ပြီး ယခုတွင် အဖွဲ့သုံးဖွဲ့ဖြင့် ဆောင်ရွက်နေသည့်အတွက် မြန်ဆန်လာခြင်းဖြစ်သည်ဟု သိရသည်။ 'ကျွန်တော်တို့ အရင်ကတော့ အဖွဲ့ကနည်းတဲ့အတွက် လုပ်ငန်းအဆင့်တွေများတော့ အချိန်ယူရတယ်။ အခုတော့ အဖွဲ့တွေ ထပ်ပေးထားတဲ့အတွက် Asia World ဆိပ်ကမ်းမှာဆို တစ်ဖွဲ့က ကားသီးသန့်ကိုပဲ သီးခြားလုပ်ကိုင်နိုင်ပြီ။ ရုံးမှာက နှစ်ဖွဲ့နဲ့ လုပ်ပေးနေတဲ့အတွက် မြန်ဆန်သွားတာ။ ထပ်ပြီးတော့ ဘယ်လို လုပ်ပေးရင် ပိုမြန်နိုင်မလဲဆိုတာကိုလည်း စဉ်းစားလုပ်ဆောင်နေဆဲပါ''ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ |