
၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ် ယူပါ။
၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊
လူယုတ်မာလည်း ဖြစ်တယ်။
၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာ
ပျက်ရင်သာ ငိုပါ။
၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
ဘယ်တော့မှ မရောက်ဘူး မှတ်။
၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့
ပြပါ။
၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။
၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။
၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။
၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။
၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။
၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။
၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက်
ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။
၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။
၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။
၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာ
ဆိုတဲ့ ၃ တန်း။
၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်းသွားလို့
မရနိုင်ဘူး။
၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။
၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင်
အခုသေရဲ မသေရဲ ပြန်တွေးကြည့်။
၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။
၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊
၁ ကနေ ဆင်း လာတာလား? သတိထား။
၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။
၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။
၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။
၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။
တကယ်အောင်မြင်ချင်ရင် အခုပဲ စလုပ်ပါ။
၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။
၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ
အရေးကြီးတယ်။
၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။
၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။
၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။
ရေးသားသူ=ကိုအင်္လကာ
မြတ်စွာဘုရားက လူဝတ်ကြောင်းဘ၀ဆိုတာ ရွှေဥဒေါင်းနဲ.တူတယ် ၊ရှင်ရဟန်းဘ၀ ဆိုတာ ရွှေဟင်္သာ နဲ. တူတယ် ၊ ရွှေဥဒေါင်းကျတော.အဆင်းသိပ်လှတာပဲ ၊ ခေါင်းကလည်ပဲအမောက်ကလေးနဲ. ၊ လည်းပင်ကလည်းပဲအရောင်စုံ အရစ်ကလေးနဲ. ၊ တောင်ပံတွေကလည်း အကွက်မျိုးစုံ ၊အဆင်းမျိုးစုံ ၊အရောင်မျိုးစုံနဲ. ၊ အမြီးတွေကလည်း အကွက်မျိုးစုံ ၊အရောင်မျိုးစုံ နဲ. ၊ အမြီးလေးများဖြန်.လိုက်ရင် လှလှပပ အကွက်တွေပေါ်လို. ၊ အင်မတန်အဆင်းလှတာပဲ

ရွှေ ဟင်္သာများကျတော. နှုတ်သီးကလည်း ပြားပြားနဲ. ၊ ဘဲလိုပါပဲ ၊ လက်တွေခြေတွေကြည်.လိုက်ပြန်တော.လည်း လက်ချောင်းတွေ ခြေချောင်းတွေ ကိုသာရေပြားကြီး ပတ်ထားသလို ၊ အဆင်းအာဖြင့်ဘာမှမတင့်တယ်ဘာဘူး ။

ဒါပေမယ့် အဆင်းလှတဲ.ရွှေဥဒေါင်းနဲ. အဆင်းမလှတဲ.ရွှေဟင်္သာတို.ကောင်းကင်ပေါ်မှာ ပြိုင်ပြီးတော့ပြေးကြပြီး ၊ အပြေးပြိုင်ကြပြီးဆိုရင်တော့ ၊
(၁)အာရုံပြောင်းလိုက်ပါ။
(၂)မတွေ့ဖြစ်အောင်နေထိုင်ပါ။
(၃)စီးပွားရေး၊ပညာရေး၊လူမူ့ရေးဘက်တွေမှာ အချိန်ပေးပြီး စိတ်ပြောင်းလိုက်ပါ။
(၄)ဘာသာရေးဘက်ကို စိတ်ဝင်စားစွာ ပြုလုပ်ပါ။
(၅)မိဘနှင့်ညီအကို မောင်နှမများ မျက်နှာကိုထောက်ထားပါ။
(၆)ကာမေသုကံကြောင့် ဒုက္ခရောက်နေသူတွေရဲ့ အဖြစ်ကိုကြည့်ပြီး သင်ခန်းစာယူပါ။
(၇)ကာမေသုမိစ္ဆာစာရ ဆိုတဲ့အရာသည်-ဒုစရိုက်ထဲမှာပါတဲ့အကြောင်း ကိုယ့်ကိုကိုယ် အမြဲသတိပေးပါ။
(၈)ကာမေသုမိစ္ဆာကံ အလုပ်ဟာ ခဏတာ သာယာမူ့ ရတာဖြစ်ကြောင်း သတိပြုပါ။
(၉)တခဏ သာယာမူ့ကြောင့် တစ်ဘဝ နာမည်ပျက်ဖြစ်နိုင်ကြောင်း အမြဲသတိပြုပြီးနေပါ။
ဘုန်းဘုန်းဘုရား တပည့်တော်က ယူအေအီးမှာ အလုပ်လုပ်နေတာပါဘုရား။ တပည့်တော်သိချင်တာလေးရှိလို့ပါ။ တပည့်တော်ကို
ဒီက ဘာသာခြားတယောက်က မေးပါတယ်။ ထေရ၀ါရနှင့်မဟာယာန ဘာကွာခြားလဲ။ အဲဒီကနေပြီးတော့သူက
ဆက်မေးပါတယ်။ ဘာလို့ဘုန်းကြီးတွေဟာ ဆွမ်းခံစားရတာလဲတဲ့ တပည့်တော် တတ်သလောက်တော့
ရှင်းပြပါတယ်သိပ်လဲမရှင်းပြရဲဘူး မှားရင်ကိုယ့်ဘာသာကို တလွဲထင်မှာဆိုးလို့ပါ။ အဲဒါကြောင့်
ဘယ်လိုရှင်းပြရင် အတိုဆုံးနဲ့အထိရောက်ဆုံး ဖြစ်မလဲဆိုတာ တပည့်တော်ကို
ကူညီပါဦးဘုရား။
ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် (၃)လအကြာမှာ ဘုရားရှင်ဟောခဲ့တဲ့
တရားတွေတော်ကို အရှင်အာနန္ဒာအစရှိတဲ့ ရဟန္တာ(၅၀၀)က စုစည်းကာ
စုပေါင်းရွတ်ဆိုခဲ့ကြပါတယ်။
နောက်ပိုင်း နှစ်(၁၀၀)ကြာလာတဲ့အခါ အချို့ရဟန်းတော်တွေက မြတ်ဗုဒ္ဓရဲ့ တရားတွေထဲမှ အနည်းငယ်သော အချက်အလက်တွေကို
ပြင်ဆင်ကျင့်သုံးကြပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ အရှင်ယသအပါအ၀င် ရဟန္တာ(၇၀၀)ကနေ
ဒုတိယအကြိမ် စုပေါင်းရွတ်ဆိုကြပါတယ်။ အဲဒါလို ဒုတိယအကြိမ် ရဟန္တာတွေ
စုပေါင်းရွတ်ပေါင်း ရွတ်ဆိုတဲ့အခါမှာ မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကို ပြင်ချင်တဲ့
ပုထုဇဉ်ရဟန်းတွေ အချို့ဟာ သူတို့ဘာသာ သီးသန့်စုပေါင်းရွတ်ဆိုပွဲ ပြုလုပ်ကြပါတယ်။
အဲဒီအချိန်ကနေစပြီး ရဟန္တာတွေ စုပေါင်းရွတ်ဆိုတာကို လက်မခံ သူတို့ပြင်ချင်တာပြင်ချင်တဲ့ ပုထုဇဉ်ရဟန်းတွေဟာ
သူတို့ဘာသာ စုပေါင်းရွတ်ဆိုပွဲလုပ်ပြီး စတင်၍ ကွဲခဲ့ကြပါတယ်။ ရဟန္တာတွေ စဉ်ဆက်မပြတ်
ထိန်းသိမ်းရွတ်ဆိုခဲ့တာကို ယနေ့ချိန်ထိ လက်ခံကျင့်သုံးတဲ့ဘာသာကို
ထေရ၀ါဒဗုဒ္ဓဘာသာလို့ခေါ်ပြီး မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတွေထဲမှ ပုထုဇဉ်ရဟန်းတွေ
ပြင်ချင်တာပြင် ထည့်ချင်တာထည့်ပြီး ကျင့်သုံးတဲ့ဘာသာကို မဟာယာနဗုဒ္ဓဘာသာဆိုပြီး
ကွဲပြားသွားပါတယ်။
ရဟန်းတော်တွေ အဘယ့်ကြောင့် ဆွမ်းခံစားရသလဲဆိုတော့ ရဟန်းတွေဟာ သံသရာမှလွတ်ကြောင်း ကိလေသာတွေကို
ပယ်သတ်နိုင်အောင် အကျင့်တွေကို ကျင့်နေတဲ့အတွက် ကိုယ်တိုင်လည်း စီးပွားမရှာရ၊
ကိုယ်တိုင်လည်း ချက်ပြုတ်မစားရပါ။ ကိုယ်တိုင်ရှာဖွေခြင်း၊
ကိုယ်တိုင်ချက်ပြုတ်ခြင်းများ လုပ်နေရလျှင် အချိန်ကုန်၍ တရားအားထုတ်ချိန်
နည်းသွားသလို အဓိကကျတဲ့ ကိလေသာတွေ နည်းပါးအောင် လုပ်နေတဲ့အတွက်
ကိုယ်တိုင်ရှာဖွေလျှင် ရလာတဲ့စည်းစိမ်းကို စုထားချင်တဲ့ လောဘစိတ်တွေဖြစ်မယ်။
ကိုယ်တိုင်ချက်စားလျှင် မနက်ညစာ နောက်တစ်နေ့စာစသည့် လောဘမသတ်နိုင်သည့် ကိလေသာတွေ
ဖြစ်နေမယ်။ ဒါ့ကြောင့် ရဟန်းတွေဟာ ဆွမ်းခံ၍ရလာတဲ့ စားစရာများကို
ညစာနောက်တစ်ရက်စာဟူ၍ မထားရပါ။
နောက်ပြီး ယခုလို အကျင့်မြတ်အကျင့်ကောင်းတွေကို ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်၊ ကျင့်သုံး၍
တရားထူးများရနေတဲ့ပုဂ္ဂိုလ်တွေကို လှူဒါန်းပေးကမ်းလျှင် အလွန်တရာ အကျိုးကြီးမားတာကြောင့်
သူတို့လို မလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ကောင်းကျိုးများ တစ်ဖက်တလှမ်းကရအောင်ဆိုပြီး
အကျင့်မြတ်တွေကျင့်နေတဲ့ ရဟန်းတွေဟာ မိမိအလုပ် မပိုအောင်လည်ကောင်း၊
ကိုယ်တိုင်ရှာဖွေစားသောက်လျှင် နေ့စာညစာစသည့်ကိလေသာ စိတ်များ ဖြစ်နေမည်ဆိုးသောကြောင့်လည်းကောင်း၊
သူတို့လို မကျင့်နိုင်သည့် ဒါယကာ ဒါယိကာများကို အကျိုးထူးများ
ရစေချင်သောကြောင့်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှု
ကျန်းမာရေးကောင်းအောင်လည်းကောင်းစသည့် အချက်အလက်များကြောင့် ရှေးရှေးကမ္ဘာပေါင်း
မြောက်များစွာက ပွင်ခဲ့သည့် ဘုရားများနှင့်ရဟန်းတော်များ၊ ယခု ပွင့်တော်မူခဲ့သည့်
ဂေါတမမြတ်စွာဘုရားနှင့်ရဟန်းတော်များသည် ဆွမ်းခံ၍ စားရခြင်း ဖြစ်ပေသည်။
ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ မရှင်းပါက ဆက်လက်မေးမြန်းပါလေ။
အရှင်ဘုရား တပည့်တော်အား သေခြင်း(၄)မျိုးကို ရှင်းပြပေးတော်မူပါဘုရား။ နောက်ဆုံးကတော့ မိမိကိုယ်ကိုသတ်သေရခြင်းသည်အများပြောနေကြတဲ
့ဝဋ္ဋ်ကြွေးရှိလို့ ခံရတာ အဖန်ငါးရာငါးကမ္ဘာခံရလိမ့်မယ်။ ထိုင်ရပ်သေရင်ဖြစ်ဖြစ် ဒါကတော့
နောက်ဆုံးဘ၀ပဲ ၀ဋ္ဋ်ကုန်ပြီ. အစရှိသည်ဖြင့်ပြောနေကြတာတွေဟာ ဘုရားဟောနဲ့
ကိုက်ညီမူရှိမရှိ တပည့်တော်သိချင်ပါတယ်ဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပြီး သာသနာ့တာဝန်ကို
ကျေပွန်စွာထမ်းဆောင်နိုင်ပါစေဘုရား။
အင်း။ သေခြင်း (၄)မျိုးကတော့
၁။ အသက်ကုန်၍ သေခြင်း။ ဥပမာ- မီးဇာကုန်၍ မီးခွက်ငြိမ်းသလို သေရမည့် သက်တမ်းကုန်၍ သေခြင်း။
၂။ ကံတရားကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီကုန်၍ မီးခွက်ငြိမ်းသလို မိမိ၏ရှေးကုသိုလ်ကံသည် ဤအရွယ်လောက်နေရမည့်ကံပါ၍ သေဆုံးခြင်း။
၃။ အသက်ရော ကံတရားရောကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီရော မီးဇာရော
နှစ်ပါးလုံးကုန်၍ မီးခွက်ငြိမ်းသလို လူတို့သက်တမ်းကလည်း ဤမျှလောက်ပဲ
နောက်ဆုံးသက်တမ်းဖြစ်၍လည်းကောင်း မိမိ၌ပါလာသော ကံတရားကလည်း ဤမျှနဲ့ပဲ နိဂုံးသတ်ရန်
အချိန်ကျရောက်လာသောကြောင့်လည်းကောင်း သေခြင်း။
၎။ လူတို့သက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း အသက်ရှည်ရန် ရှိနေပါသော်လည်း မိမိ၏
ဘ၀ပေါင်းများစွာ၌ တစ်ခုခုသောဘ၀မှာ သူတစ်ပါးကို မထင်မှတ်ဘဲ သတ်ခြင်းစတဲ့
ဥပစ္ဆေဒကကံရှိနေ၍ ရုတ်တရက် ကားတိုက်ခြင်းစသည့် သေဆုံးခြင်းမျိုးဖြင့် သေခြင်း။
ဥပမာ- မီးခွက်၌ မီးဇာရော ဆီပါရှိနေသော်လည်း အပြင်က ရုတ်တရက်တိုက်လာသော လေကြောင့်
မီးခွက်ငြိမ်းသွားသလို မိမိ၌ လူသက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း မကုန်သေးဘဲ
ရုတ်တရက်ကပ်၍ဖြတ်ကာ သေစေ တတ်သော ကားတိုက်းခြင်း၊ ကားမှောက်ခြင်း၊
ဓါးထိုးခံရခြင်းစသည့် မထင်မှတ်ဘဲ ရုတ်တရက်သေခြင်းမျိုးဖြင့် သေဆုံးခြင်းဟူ၍
သေခြင်း(၄)မျိုး ရှိပေသည်။
ထိုတွင် နံပါတ်(၁)သည် လူတို့ (၇၅)နှစ် သက်တမ်း၌ မွေးဖွားလာလျှင် (၇၅)နှစ်ပြည့်၍ သေခြင်း။ နံပါတ်(၂)သည်
သက်တမ်း(၇၅)နှစ်တွင် မွေးဖွားပါသော်လည်း မိမိ၏ ရှေးကုသိုလ်ကံ နည်းပါးမှုကြောင့်
မိမိကံတရားကပါလာသည့်အချိန်ရောက်လျှင် သေခြင်း။ နံပါတ်(၃)သည် သက်တမ်းကလည်း
(၇၅)နှစ်ပြည့်၊ ကံတရားကလည်း ဒီချိန်သေရမည့်ကံပါလာ၍ သေခြင်း။ နံပါတ်(၄)သည် မိမိ၏
ရှေးရှေးသော ဘ၀ပေါင်းများစွာက ဥပစ္ဆေဒကကံကြောင့် ရုတ်တရက်မထင်မှတ်ဘဲ သေခြင်းတို့ပင်
ဖြစ်ပေသည်။
တကယ်တော့ မိမိကိုယ်ကို သတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရမည်ဟု မြတ်စွာဘုရားရှင်က တိုက်ရိုက်ဟောထားခြင်း မတွေ့ရပေ။ သို့သော် ရခဲ့လှစွာသော
ကုသိုလ်ကောင်းမှု ပြုလုပ်၍ အကောင်းဆုံးဖြစ်သော လူ့ဘ၀လေးကို ရရှိလာတဲ့အချိန်မှာ
လူ့ဘ၀ကို လွယ်လွယ်ကူကူနဲ့ အဆုံးမသတ်ကြဖို့ရန် ရှေးရှေးလူတွေက ထွင်၍ပြောခဲ့ခြင်း
ဖြစ်နိုင်ပေသည်။
လူ့ဘ၀သည် အလွန်တရာမှ ရခဲလှပါသည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က လူ့ဘ၀ကို ရဖို့ရာမှာ ဗြဟ္မာ့ပြည်က အပ်တစ်ချောင်း
အောက်ကိုချလိုက်လျှင် မြေကြီးပေါ်မှာ ထောင်ထားသော အပ်နှင့်ဗြဟ္မာပြည်က
ကျလာသောအပ်တို့ ထိပ်တိုက်ထိဖို့ရန်ကမှ လွယ်ပေအုန်းမည်၊ ဖြစ်နိုင်ပေအုန်းမည်။ လူ့ဘ၀ကို
ရဖို့ရန်သည် ထိုထက် ခဲယဉ်းလှသည်ဟု မိန့်တော်မူခဲ့ပါသည်။
တစ်ခါ မြတ်စွာဘုရားရှင်က လူ့ဘ၀ကနေ လူပြန်ဖြစ်သော သတ္တ၀ါနှင့်အပါယ်ဘုံသို့ ကျရောက်သတ္တ၀ါ မည်သူက များသနည်းဆိုသည့်
ပြဿနာကို ကမ္ဘာမြေပေါ်၌ရှိသော သဲများနှင့် မြတ်ဗုဒ္ဓ၏လက်ဝါးပေါ်၌ရှိသော သဲအရေအတွက်နဲ့
နှိုင်းယှဉ်ပြခဲ့ပါသည်။ လက်ဝါးပေါ်မှာရှိသော သဲများက လူ့ဘ၀ကနေသေပြီး
လူပြန်ဖြစ်တဲ့သတ္တ၀ါတဲ့။ ကျန်တဲ့မြေကြီးပေါ်မှာရှိတဲ့ သဲများကတော့ လူ့ဘ၀ကနေသေပြီး
အပါယ်ဘုံသို့ ဖြစ်ကြတဲ့သတ္တ၀ါများဖြစ်သည်ဟု မိန့်ခဲ့ပါသည်။
ထို့ပြင် စဉ်းစားကြည့်လျှင် လူ့ဘ၀၏ ရခဲပုံကို သိနိုင်ပေလိမ့်မည်။ မိမိ၏ ပတ်ဝန်းကျင်မှာရှိသော
တိရစ္ဆာန်များနှင့်လူများကို နှိုင်းယှဉ်ကြည့်လျှင် မည်သူက ပိုများသနည်း၊
လူ့ဘ၀ကိုရဖို့ရန် မည်မျှခက်ခဲသနည်းဆိုတာကို သိနိုင်ပေလိမ့်မည်။ အပါယ်(၄)ဘုံဖြစ်တဲ့
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုသည့် (၄)ဘုံထဲမှ ကျန်သည့်(၃)ဘုံကို အသာထားပါ။
တိရစ္ဆာန်ဘုံနှင့်လူ့ဘုံနှိုင်းယှဉ်ကြည့်လျှင်ပင် ဘယ်ဘုံက ရရှိဖို့ရန် ခဲယဉ်းသည်ကို
သိနိုင်ပေသည်။
တိရစ္ဆာန်ဘုံတောင်မှ မြစ်ပင်လယ်ချောင်းများ၌ရှိနေသော တိရစ္ဆာန်တွေ တောတောင်များနေသော တိရစ္ဆာန်တွေကို
မကြည့်ပါနဲ့အုန်း။ မိမိတို့နေ့စဉ်မြင်တွေ့ နေရသည့် ခြင်၊ ယင်၊ ပုရွက်ဆိတ်စသည့်
တိရစ္ဆာန်များနဲ့ လူသားတို့ နှိုင်းယှဉ်ကြည့်လျှင်ပင် လူ့ဘ၀ကရဖို့ရန်
ပို၍ခက်ခဲလှပါသည်။ သို့ဖြစ်၍ ရခဲလှတဲ့လူ့ဘ၀လေးရလာတဲ့အခါမှာ မိမိကိုယ်ကို သတ်သေသောသူသည်
အဘယ်မျှလောက် မိုက်မဲမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါလိမ့်မည်။
၎င်းပြင် လူ့ဘုံသည် အခြားသောဘုံတွေထက် ကောင်းမှုပြုရန် ပို၍လွယ်ကူသော ကြောင့် ဘုရားလောင်းများသည်ပင်
လူ့ဘ၀ရရှိတဲ့အချိန်များ၌ ပါရမီများကို ဖြည့်ကျင့်ရပေသည်။ လူ့ဘ၀သည်
ကောင်းမှုကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍
အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။
ထို့ကြောင့် မိမိကိုယ်ကို သတ်မသေကြရန်အတွက် မိမိကိုယ်ကိုသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရသည်ဟု ရှေးလူကြီးများက
ပြောခဲ့ကြခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ ပြုလုပ်သင့်သည်
ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိတဲ့လူ့ဘ၀မှာ တန်ဖိုးရှိသောလူ့တစ်ယောက်ဖြစ်ကာ
တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြရန် အထူးအထူးပင်
လိုအပ်ပါပေသည်။
******************************************************
Singapore ၂၀၁၀။၂၀၁၁ တရားပွဲများ သတင်း
******************************************************
No စဉ် |
Name of Venerable ဆရာတော် ဘွဲ့အမည် |
အစီအစဉ် |
Venue ကျင်းပမည့်နေရာ |
Date ရက်စွဲ |
Time အချိန် | ||
|
Activities by ဖားအောက်ဝိပဿနာ ဓမ္မရိပ်သာ Pa Auk Meditation Center (Singapore) |
|||||||
၁ |
|
SAMATHA & VIPASSANA MEDITATION RETREAT |
Pa-Auk Meditation Centre (ဖားအောက်ကျောင်း) 15 TEO KIM ENG ROAD,416385. SINGAPORE |
10th February to 12th March 2011 |
|
|
|
|
Activities by JAYAMANGALA BUDDHIST VIHARA ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ရိပ်သာ) |
|||||||
| ၁ |
![]() |
ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ | နေ့တရားစခန်း |
ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ရိပ်သာ) 23A, Jalan Mas Puteh, Near ESSO Station, West Coast Road, Singapore 128628 Bus No.: 30, 143, 51, 78, 285 ဖုန်း 6778 1678, 8123 0769 |
၂၅ ဒီဇင်ဘာ ၂၀၁၀ ၂၆ ဒီဇင်ဘာ ၂၀၁၀ ၁ ဇန်နဝါရီ ၂၀၁၁ ၂ ဇန်နဝါရီ ၂၀၁၁ ၈ ဇန်နဝါရီ၂၀၁၁ ၉ ဇန်နဝါရီ ၂၀၁၁ ၁၅ ဇန်နဝါရီ ၂၀၁၁ ၁၆ ဇန်နဝါရီ ၂၀၁၁ |
စနေနေ့၊
တနင်္ဂနွေနေ့ |
နေ့လည် ၁ နာရီမှ ညနေ၆ နာရီထိ |
| ၂ |
![]() |
ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ | တရားပွဲ |
Informatic Campus, Auditorium 12 Science Center Road, S609080, (near Jurong East MRT) အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ |
၂ ဇန်နဝါရီ ၂၀၁၁ | တနင်္ဂနွေနေ့ | ညနေ ၅ နာရီမှ ၇ နာရီထိ |
| ၃ |
![]() ![]()
ဒေါက်တာ အရှင်ဝိစိတ္တ ထူးကြီးဆရာတော် ဦးဣန္ဒာဝုဓာဘိဝံသ နှင့် သံဃာတော်အရှင်မြတ်များ၊ ဆရာလေး သီလရှင် အပါး(၂၀) |
နှစ်သစ်မင်္ဂလာ သံဃဒါန ဆွမ်းတော်ကြီးလောင်းလှုပွဲ |
ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ရိပ်သာ) 23A, Jalan Mas Puteh, Near ESSO Station, West Coast Road, Singapore 128628 Bus No.: 30, 143, 51, 78, 285 ဖုန်း 6778 1678, 8123 0769 |
၁ ဇန်နဝါရီ ၂၀၁၁ | စနေနေ့ | နံနက် ၉ နာရီ | |
|
Activities by Chanmyay Society ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့ |
|||||||
| ၁ |
![]() |
ကျေးဇူးတော်ရှင် ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသ | ဝိပဿနာ (၁၄)ရက် အလုပ်ပေးတရားစခန်း | Palalai Buddhist Temple, No. 49 Bedok Walk Road, Singapore 469145 | ၅-၁-၂၀၁၁ မှ ၁၈-၁-၂၀၁၁ | (၁၄)ရက် | |
|
Activities by Satipatthana Meditation Centre |
|||||||
| ၁ |
![]() |
ဆရာတော် ဦးရာဇိန္ဒ | ၉ ရက် နှစ်ကူး အထူး ဝိပဿနာ တရားစခန်း | 40 Jalan Malu-Malu, Singapore 769657 Tel : 62725696 | ၂၅-၁၂-၂၀၁၁ မှ ၂-၁-၂၀၁၁ | (၉)ရက် | |
|
Activities by မြစိမ်းတောင် တရားပွဲဖြစ်မြောက်ရေးအဖွဲ့ (Singapore) |
|||||||
| ၁ |
![]() |
မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ | ၉ ရက် တရုတ် နှစ်ကူး အထူး ဝိပဿနာ တရားစခန်း | သန္တိသုခရာမ ရိပ်သာ။ Johor, Malaysia | ၂၉-၁-၂၀၁၁ မှ ၆-၂-၂၀၁၁ ထိ | (၉)ရက် | |
| ၂ |
![]() |
မြစိမ်းတောင်ဆရာတော် ဘဒ္ဒန္တ ဇာနေယျ | ၂ ရက် ဝိပဿနာ တရားစခန်း |
Informatic Campus, 12 Science Center Road, S609080, (near Jurong East MRT) |
၀၆-၀၂-၂၀၁၁ (တနင်္ဂနွေ) ၀၇-၀၂-၂၀၁၁ (တနင်္လာနေ့ ) |
(၂)ရက် |
နေ့ လည် ၂ နာရီ မှ ညနေ ၆နာရီ တရားထိုင် ညနေ ၆နာရီမှ ည(၈)နာရီ တရားပွဲ |
|
Activities by Mhamuni Buddhuist Society ဗုဒ္ဓဂယာ သုခါရာမကျောင်း |
|||||||
|
၁ |
|
နှစ်သစ်မင်္ဂလာ တရားပွဲနှင့် ဆွမ်းဆန်တော်လောင်းလှုပွဲ ဆရာတော် ဘဒ္ဒန္တသုစိတ္တာ ဘိဝံသ |
နှစ်သစ်မင်္ဂလာ တရားပွဲနှင့် ဆွမ်းဆန်တော်လောင်းလှုပွဲ Ten (10) Monks will attend to this Ceremony |
Informatic Campus, auditorium 12 Science Center Road, S609080, (near Jurong East MRT) အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ |
1st January 2011 |
|
နံနက် ၇း၃၀ မှ ၉း၃၀ အထိ
|
|
၂ |
|
၆ ရက် တရားစခန်းပွဲ |
တရားစခန်းနေရာ Fairy Point CHalet(1), Aloha, Changi Village စာရင်ပေးရန် ဗုဒ္ဓဂယာ သုခါရာမကျောင်း Mhamuni Buddhuist Society NO.45, Corporation Rise, Taman Jurong SINGAPORE 618359 TEL-65-6777 7018 / 91852924 |
၉-၀၁-၂၀၁၁ မှ ၁၄-၀၁-၂၀၁၁ ထိ |
၆ရက် |
|
|
|
၃ |
|
၂ ရက် စွန်းလွန်းဝိပဿနာ အထူး တရားစခန်းပွဲ |
တရားစခန်းနေရာ Informatic Campus, 12 Science Center Road, S609080, (near Jurong East MRT) စာရင်ပေးရန် ဗုဒ္ဓဂယာ သုခါရာမကျောင်း Mhamuni Buddhuist Society NO.45, Corporation Rise, Taman Jurong SINGAPORE 618359 TEL-65-6777 7018 / 91852924 |
၂၂-၀၁-၂၀၁၁ မှ ၂၃-၀၁-၂၀၁၁ ထိ |
၂ ရက် (စနေ၊ တနင်္ဂနွေ) |
နေ့လည်(၂)နာရီမှ ညနေ(၅)နာရီအထိ |
|
|
Activities by သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာ |
|||||||
|
၁ |
|
တရက် တရားစခန်း |
Informatic Campus, Blk A,
#03-08 အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ |
(အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း) |
တနင်္ဂနွေနေ့ |
နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ |
|
|
၂ |
|
တရားပွဲ |
Informatic Campus, auditorium 12 Science Center Road, S609080, (near Jurong East MRT) အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ |
၂၈-၁၂-၁၀ |
အင်္ဂါနေ့ |
ညနေ (၇)နာရီမှ ညနေ(၉)နာရီအထိ |
|
|
၃ |
|
တရားပွဲ |
Informatic Campus, auditorium 12 Science Center Road, S609080, (near Jurong East MRT) အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ |
၂၉-၁၂-၁၀ |
ဗုဒ္ဓဟူးနေ့ |
ညနေ (၇)နာရီမှ ညနေ(၉)နာရီအထိ |
|
|
၎ |
|
မြတ်သောဆွမ်းဒါနနှင့်ကျောင်းဒါန ရေစက်ချတရားပွဲ |
Informatic Campus, auditorium 12 Science Center Road, S609080, (near Jurong East MRT) |
၁-၁-၂၀၁၁ |
စနေနေ့ |
ညနေ(၄း၃၀)နာရီမှ ညနေ(၆)နာရီအထ |
|
|
Activities by မြတ်လယ်တီ အဖွဲ့ (စင်္ကာပူ) |
|||||||
| ၁ |
![]() |
ကမ္မဋ္ဌာန စရိယချုပ် ဆရာကြီးဦးသန်း | ဝိပဿနာ (၇)ရက် အလုပ်ပေးတရားစခန်း |
Poh Ern Shih (Temple of Thanksgiving) 9 Chwee Chain Road, Singapore 117488 |
၃၀-၁-၂၀၁၁ မှ ၆-၂-၂၀၁၁ |
(၇)ရက် | |
|
Activities by အောက်စဖို့ဒ် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူနိုင်ငံ) Oxford Buddha Vihara(Singapore) |
|||||||
| ၁ | ၂၀၁၁ နှစ်သစ်ကူးကောင်းချီးမင်္ဂလာပွဲ ကျင်းပခြင်း | ၂၀၁၁ နှစ်သစ်ကူးကောင်းချီးမင်္ဂလာပွဲ ကျင်းပခြင်း | Oxford Buddha Vihara(Singapore) အောက်စဖို့ဒ် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူနိုင်ငံ) 36 Phoenix Garden (Teck Whye), Off Choa Khu Kang Road Ph: 66893359 Email: obv...@gmail.com |
ဇန်န၀ါရီလ ၁ ရက်
|
စနေနေ့ |
နံနက် ၁၀း၀၀ မှ ၁၁း၃၀ အထိ ညနေ ၀၆း၃၀ မှ ၈း၀၀ အထိ |
|
| ၂ | ၂၀၁၁ နှစ်သစ်ကူးကောင်းချီးမင်္ဂလာပွဲ ကျင်းပခြင်း | ၂၀၁၁ နှစ်သစ်ကူးကောင်းချီးမင်္ဂလာပွဲ ကျင်းပခြင်း | Oxford Buddha Vihara(Singapore) အောက်စဖို့ဒ် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူနိုင်ငံ) 36 Phoenix Garden (Teck Whye), Off Choa Khu Kang Road Ph: 66893359 Email: obv...@gmail.com |
ဇန်န၀ါရီလ ၂ ရက်
|
တနင်္ဂနွေနေ့ |
နံနက် ၁၀း၀၀ မှ ၁၁း၃၀ အထိ ညနေ ၀၆း၃၀ မှ ၈း၀၀ အထိ |
|
| ၃ |
![]() |
န၀မမြောက် ပိဋကသုံးပုံအာဂုံဆောင် ရွှေစင်တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဒေါက်တာ ဂန္ဓမာလာလင်္ကာရ၏ စင်္ကာပူနိုင်ငံ ဓမ္မသဘင် | တရားပွဲ | Oxford Buddha Vihara(Singapore) အောက်စဖို့ဒ် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် (စင်္ကာပူနိုင်ငံ) 36 Phoenix Garden (Teck Whye), Off Choa Khu Kang Road Ph: 66893359 Email: obv...@gmail.com |
ဖေဖေါ်ဝါရီ ၂၀၁၀ |
အသေးစိတ်ကို ပြန်လည် တင်ပြပါမည် | |
|
Activities by Sasanaramsi Burmese Buddhist Temple စကာင်္ပူနိုင်ငံ မြန်မာဘုန်းတော်ကြီးကျောင်း |
|||||||
၁ |
|
ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း |
Sasanaramsi Burmese Buddhist Temple (Topayoh) 14 tai Gin Road, S3327873 Tel:(65)6251-1717 |
၁ ဒီဇင်ဘာလ ၂၀၁၀ မှ ၃၁ ဒီဇင်ဘာလ ၂၀၁၀ |
၁ လ |
နေ့စဉ် ညနေ ၅ နာရီမှ ၇ နာရီထိ |
|
၂ |
|
နှစ်သစ်ကူး စုပေါင်း ပရိတ်ရွတ် ပွဲ |
နှစ်သစ်ကူး သံဃာတော်များ စုပေါင်း ပရိတ်ရွတ် ပွဲ |
Sasanaramsi Burmese Buddhist Temple (Topayoh) 14 tai Gin Road, S3327873 Tel:(65)6251-1717 |
၁-၁-၂၀၁၁ |
၈း၃၀ နံနက် | |
၃ |
|
နှစ်သစ်ကူး ဆွမ်းဆန်စိမ်း လောင်းလှုပွဲ |
နှစ်သစ်ကူး ဆွမ်းဆန်စိမ်း လောင်းလှုပွဲ |
Sasanaramsi Burmese Buddhist Temple (Topayoh) 14 tai Gin Road, S3327873 Tel:(65)6251-1717 |
၁-၁-၂၀၁၁ |
၉း၀၀ နံနက် | |
၎ |
|
အခမဲ့ ဘုရားဖူး ခရီး |
Sasanaramsi Burmese Buddhist Temple (Topayoh) 14 tai Gin Road, S3327873 Tel:(65)6251-1717 |
၁-၁-၂၀၁၁ |
နေ့လည် ၁၂း၃၀ နာရီ | ||
|
Activities by ပုညသင်္ဂဟမိသားစု (Singapore) |
|||||||
| ၁ | ပုညသင်္ဂဟမိသားစု နဝမအကြိမ်မြောက် ဒုလ္လဘရဟန်းခံပွဲ | ဒုလ္လဘရဟန်းခံပွဲ |
Vipassana Meditation Centre (Singapore) 251, Lavender Street Singapore 338789 Tel/Fax: 64453984 Email: vm...@singnet.com.sg Website: http://vmc128.8m.com |
၂-၂-၂၀၁၁ | |||