On 12/17/11, မီးပြတိုက် <nor...@mee-pya-tite.com> wrote:
> 1. ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ
> ကောက်နှုတ်ချက် ၊
> 2. ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော်
> ကုန်ကျခံသုံးစွဲမည်ဟုဆို ၊
> 3. မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း ဝန်ကြီးပြော ၊
> 4. ကြားဖြတ် ရွေးကောက်ပွဲ နှင့် တစညပါတီ ၊
> 5. မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်လုပ်ငန်းပုဂ္ဂလိက လွှဲပြောင်းရန် စီစဉ် ၊
> 6. တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ လုပ်ငန်းပေါင်း (၂၂) ခု
> သဘောတူစာချုပ် ချုပ်ဆို ၊
> 7. ရန်ကုန်၌ ယာဉ်သွား ခုံးကျော် တံတားများ တည်ဆောက်ခွင့် ကုမ္ပဏီ ၂ ခု ရရှိ
> ၊
> 8. ရန်ကုန်တွင် အထပ်မြင့် လူနေအိမ် ခန်းပါ ဈေး ၁၀ ခု ခန့် တည်ဆောက်မည် ၊
> 9. စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများစောင့် ကြည့် ဖမ်းဆီးရန်
> အစိုးရပင်စင်စားများကို ခန့်မည် ၊
>
>
>
> ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ
> ကောက်နှုတ်ချက်<http://www.myanmarexpress.net/2011/12/blog-post_5544.html>
> 04:06 Myanmar Express Group 3
> comments<http://www.myanmarexpress.net/2011/12/blog-post_5544.html#comment-form>
>
> ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊
> ပွဲစားများကို မေးလိုပါသည်။
>
> လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင်
> ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။
>
> မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း
> လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။
>
> အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။
>
> ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။
>
> ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။
>
> ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။
>
> မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို
> လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။
>
> ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။
>
> ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍
> အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန်
> မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)
>
> ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊
> လှည့်ပတ်ခဲ့ကြ၏။
>
> အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။
>
> ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း
> ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။
>
> အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို
> ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။
>
> လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။
>
> ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန်
> ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။
>
> ကျွန်တော် အလွန်ကြိုက်ပါသည်။
>
> ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး
> တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။
>
> သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။
>
> တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။
>
> ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း
> နားလည်လာရပါသည်။
>
> ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍
> ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏
> ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း
> (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့်
> ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊
> သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော
> အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ
> ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ
> လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ
> တွေ့မြင်ကြပါလိမ့်မည်။
>
> <http://3.bp.blogspot.com/-qoKRcRgSt1c/TfiufSZXmnI/AAAAAAAABRo/MaPJbjcs3ZQ/s1600/myanmarexpress.blogspot.com.99.jpg>
> ကိုယ့်နိုင်ငံအလံကို ချနင်းပြီး သူများနိုင်ငံအလံကိုလွှင့်ထူးထားသော
> မြန်မာအတိုက်အခံများ
>
>
> ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား
> ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။
>
> ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။
>
> သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊
> တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။
>
> ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ
> တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ
> မစဉ်းစားမိကြတော့ဘူးလား။
>
> ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့်
> ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း
> ရှုတ်ချပါသည်။
>
> ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင်
> တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု
> နားလည်ပါသည်။
>
> အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး
> နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို
> ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ
> ရှိပါသည်။
>
> ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ
> နိုင်စရာ မရှိပါ။
>
> စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့
> မိန့်ခွန်းပြောခဲ့ပြန်သည်။
>
> သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား
> သိနိုင်ပါသည်။
>
> သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊
> မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။
>
> ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍
> ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။
>
> ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို
> ကျွန်တော် အင်မတန် နှမြောမိပါသည်။
>
> ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်
> ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု
> ထိုက်ပေသည်။
>
> သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။
>
> ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။
>
> နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။
>
> ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။
>
> ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။
>
> လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။
>
> ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက်
> ထွက်ပေါ်လာကြသည်။
>
> ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍
> အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။
>
> နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း
> ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင်
> လုပ်လာကြသည်။
>
> ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း
> ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။
>
> နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့
> ၀င်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း
> အပြင်းအထန် သတ်ဖြတ်ကြသည်။
>
> အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။
>
> ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း
> ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။
>
> ငတ်သဖြင့် လုကြ၏။
>
> ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည်
> ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။
>
> အစိုးရကို ကလော်ဆဲကြ၏။
>
> တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အဝ
> သွားရောက်ထုတ်ယူကြ၏။
>
> ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။
>
> လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။
>
> အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။
>
> နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ
> ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။
>
> ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး
> မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။
>
> သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။
>
> ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့်
> တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။
>
> ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင်
> တဲတဲလေးသာ ကျန်တော့သည်။
>
> ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို
> ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို
> ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။
>
> တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ
> ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍
> တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။
>
> သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင်
> မပြောပလောက်ပါ။
>
> ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက
> တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို
> တွေ့ရပေသည်။
>
> အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ
> ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့်
> အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။
>
> လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။
>
> အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။
>
> အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။
>
> မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး
> ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု
> ပြန်လည်စဉ်းစားကြစေလိုသည်။
>
> ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော
> သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏
> ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု
> မေးကြည့်ချင်ပါသည်။
>
> ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ
> မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။
>
> မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု
> ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။
>
> တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း
> ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။
>
> အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး
> ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။
>
> ၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။
>
> အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက
> ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။
>
> ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။
>
> အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို
> နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး
> ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။
>
> ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ
> ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။
>
> ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့
> ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။
>
> နောက်တစ်ခုအနေနှင့် ပြောရလျှင် "ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ
> စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက "ရွေးကောက်ပွဲလုပ်စရာ မလိုပါ။
> ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့"ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။
> တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။
>
> တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။
>
> ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့"ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက်
> ဖြစ်မနေဘူးလားဟု မေးလိုပါသည်။
>
> ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ
> သန်းပေါင်းများစွာ ရှိနေကြပါသည်။
>
> ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။
>
> ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို
> ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။
>
> ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို
> သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။
>
> ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ
> ဒီမိုကရေစီ ဟုတ်ပါရဲ့လား။
>
> ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို
> ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။
>
> ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို
> သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ်
> ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။
>
> လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။
>
> ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။
>
> ကျွန်စော်နံလာပြီကို သတိပြုကြပါ။
>
> အစိုးရသည် အစိုးရသာဖြစ်ပါသည်။
>
> တိုင်းပြည်မဟုတ်ပါ။
>
> အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို
> မဖျက်ကြပါနှင့်။
>
> ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။
>
> ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။
>
> ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊
> ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့်
> ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။
>
> သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍
> တိုင်းပြည်ချစ်စိတ်မွေးကြပါ။
>
> တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင်
> ကြိုက်သလိုပါဝင်ကြပါ။
>
> မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ
> မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။
>
> အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ်
> ဖြေပြီးဖြစ်ပါသည်။
>
> မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။
>
> မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။
>
> ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။
>
> ထပ်၍ဆိုပါမည်။
>
> ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ
> မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။
>
> ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍
> သေဆုံးခဲ့ရပါသည်။
>
> သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော်
> ကြည့်ပါသည်။
>
> ref: myanmar times
> Posted in:
> ကူးယူဖော်ပြ<http://www.myanmarexpress.net/search/label/%E1%80%80%E1%80%B0%E1%80%B8%E1%80%9A%E1%80%B0%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%80%BB%E1%80%95>
> ,ဆင်ခြင်စရာ<http://www.myanmarexpress.net/search/label/%E1%80%86%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%85%E1%80%9B%E1%80%AC>
> ,ထူးဆန်းသော
> အတိုက်အခံများ<http://www.myanmarexpress.net/search/label/%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%20%E1%80%A1%E1%80%90%E1%80%AF%E1%80%AD%E1%80%80%E1%80%B9%E1%80%A1%E1%80%81%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8>
>
> ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော်
> ကုန်ကျခံသုံးစွဲမည်ဟုဆို
> ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော်
> ကုန်ကျခံသုံးစွဲမည်ဟုဆို
>
> <http://4.bp.blogspot.com/-5tPwQHaefZM/TutY3_qS9BI/AAAAAAAAFjc/XXdEL6y3n00/s1600/393217_259717427422910_127099574018030_710708_2055308195_n.jpg>
> ဦးတင်အေး
> (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ် ဖေ့ဘုတ်)
> မကြာမီ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က
> ငွေကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဖြစ်ကြောင်း
> ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။
> ယနေ့နံနက် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်
> ကျင်းပပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌ ဦးတင်အေးက အထက်ပါအတိုင်း
> ပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက ကျပ်သန်းပေါင်း ၁၀
> ဒသမ ၈ ဘီလီယံကို ကော်မရှင်အနေနှင့် အကုန်ကျခံ သုံးစွဲခဲ့ သည်ဟုသိရသည်။
> ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို
> ဦးတင်အေးက `ကျင်းပပေးမှာ သေချာပါတယ်။ ကျင်းပမယ့်ရက်မတိုင်ခင်
> သုံးလကြိုပြောပါမယ်´ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
> လတ်တလောတွင် ၂၀၁၀ ရွေးကောက်ပွဲပါဝင်ခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ခုနှင့်
> မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ သစ်လေးခု စုစုပေါင်း ၄၁ ပါတီရှိပြီး
> ယင်းပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်မည်ဖြစ် သည်။
> အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် မှတ်ပုံမတင်ရသေးသည့်
> နိုင်ငံရေးပါတီသစ်ခြောက်ခု မှာမူ မှတ်ပုံတင်ကျပြီးမှသာ ရွေးကောက်ပွဲအကြို
> မဲဆွယ်စည်းရုံးမှုများကိုပြုလုပ်နိုင်မည်ဖြစ်သည်။
> ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး
> မီဒီယာများ၏ မေးမြန်းမှု ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ
> ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက် ပွဲတွင် လူထု၊
> ပါတီနှင့် ကော်မရှင်တို့၏ အားနည်းချက်များရှိခဲ့သော်လည်း အောင်မြင် သည့်
> ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်ဟု ယုံကြည်ကြောင်း ဦးတင်အေးကဖြေကြားသည်။
> မီဒီယာများ ရွေးကောက်ပွဲကာလအတွင်း လွတ်လွတ်လပ်လပ်သတင်းရယူခွင့်နှင့်ပတ်သက်ပြီး
> ပြန်ကြားရေးဝန်ကြီးဌာနနှင့် တိုင်ပင်ကာ ဥပဒေနှင့်အညီခွင့်ပြုမည်ဖြစ်ကြောင်း
> ဦးတင်အေးက ဆိုသည်။
> ရွေးကောက်ပွဲကာလတွင် ပြည်ပမှ လေ့လာသူများ လာရောက်ခွင့်ပြု၊
> မပြုနှင့်ပတ်သက်ပြီး တိကျသော အဖြေ တစ်စုံတစ်ရာပေးမသွားသော်လည်း
> `ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျရင် အခြေအနေအချိန် အခါအပေါ် မူတည်ပြီး
> ဆုံးဖြတ်သွားမှာပါ´ဟု ဦးတင်အေးကဖြေကြားသည်။
> ကြားဖြတ်ရွေးကောက်ပွဲတွင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရှိပြီး
> အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် နှစ်နေရာနှင့်
> ပြည်သူ့လွှတ်တော်တွင် ၄၀ နေရာတို့ဖြစ် သည်။
>
> *နေပြည်တော်၊ ဒီဇင်ဘာ - ၁၆*
> by 7Day News Journal * *
>
>
> မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း
> ဝန်ကြီးပြော<http://www.thithtoolwin.com/2011/12/blog-post_6337.html>
> မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ
> လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲကြောင့် ကမ္ဘာက အထင်သေးကြောင်း
> ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြောလိုက် သည်။
>
> အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး
> ဦးသိန်းဇော်တို့က သောကြာနေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌
> သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရာတွင် ဦးအောင်သောင်းက ယခုကဲ့သို့
> ပြောဆိုလိုက်ခြင်း ဖြစ်သည်။
> [image: at3]
> မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ
> လက်နက်ကိုင် ပဋိပက္ခများ ရှိနေသောကြောင့် ကမ္ဘာက အထင်သေးကြောင်း
> ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြော (ဓါတ်ပုံ မဇ္ဈိမ)
> “ကျနော်တို့ တိုင်းပြည်လည်း အများသိတဲ့ အတိုင်းပါပဲ။ ငြိမ်းချမ်းမှု
> မရှိပါဘူး။ မရှိခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။
> နှစ်ပေါင်း ၆၀ ကျော်သည့်တိုင်အောင် လက်နက်ကိုင်ဆောင်သော
> အဖွဲ့များရှိနေခြင်းမှာ ကမ္ဘာမှာ တခုတည်းသော
> နိုင်ငံလည်း ဖြစ်ပါတယ်။ အဲတော့ ကမ္ဘာကလည်း အထင်သေးပါတယ်။ ဆိုတော့ တိုင်းပြည်
> တခုလုံးလည်း အထင်သေးခံရတဲ့ အနေအထား ရှိပါတယ်။ ဒီဘဝကလည်း ကျနော်တို့
> လွတ်မြောက်ချင်ပါတယ်။ တနည်းအားဖြင့်
> ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုပါတယ်” ဦးအောင်သောင်းက ပြောသည်။
>
> ယခုအစိုးရ သက်တမ်းအတွင်း တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရအောင်
> လုပ်သွားမည်ဟုလည်း ပြောဆိုသွားသည်။
>
> “ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အပြောအဆိုတွေကို ကျနော်တို့ သတိထားပါတယ်။
> ခံယူချက် မှားမသွားအောင်၊ ယူဆချက် ပြောင်းမသွားအောင်၊ ကျနော်တို့
> အတတ်နိုင်ဆုံး ကြိုးစားပါတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေကို အခြေခံ
> လုပ်နေတဲ့အတွက် ကျနော်တို့ အောင်မြင်နေတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့်
> ဒီအစိုးရ သက်တမ်း မှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်လို့ ခိုင်ခိုင်မာမာ
> ပြောခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
>
> ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်ပတ်သက်၍လည်း “ပြည်ပမီဒီယာ၊ ရှိနေတဲ့
> မီဒီယာ အမျိုးမျိုးတွေပေါ့။
> ကောင်းတာတွေလည်း အများကြီးပဲ။ အကျိုးပြုတာတွေလည်း အများကြီးပဲ။
> ကြိုဆိုတာတွေလည်း အများကြီးပဲ။ ပြီးတော့လည်း တချို့တလေတွေမှာ ဆွဲခေါ်ပြီးတော့မှ
> တွန်းတိုက်ပြောဆိုတာတွေလည်း ရှိတယ်။ တချို့ အပြော
> လေးတွေက တိုင်းရင်းသားတွေထံ မရောက်ဘူး။ ဒါလေးတွေကိုလည်း ရှင်းသွားစေချင်တယ်”
> ဟု အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောဆိုသွားသည်။
>
> မွန်းလွဲ ၂ နာရီမှ စတင်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ
> မီဒီယာများမှ သတင်းထောက် ၂၅ ဦးခန့် တက်ရောက်ကြပြီး ညနေ ၄ နာရီတွင်
> ပြီးဆုံးခဲ့သည်။
>
> မင်းသက်
> ရန်ကုန် (မဇ္ဈိမ)
>
>
> ကြားဖြတ် ရွေးကောက်ပွဲ နှင့်
> တစညပါတီ<http://www.myanmarexpress.net/2011/12/blog-post_8004.html>
> 15:14 Myanmar Express Group No
> comments<http://www.myanmarexpress.net/2011/12/blog-post_8004.html#comment-form>
>
> <http://4.bp.blogspot.com/-dJsf26iWqmA/TusF8jl03VI/AAAAAAAAEB8/4zak3KoZZHo/s1600/www.myanmarexpress.net%2B%25281a0%2529.jpg>
> တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ကြားဖြတ် ရွေးကောက် ပွဲတွင် လစ်လပ်
> မဲနေရာ ၄၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင် သွား မည် ဖြစ်ကြောင်း ဇမ္ဗူသီရိ
> မြို့နယ်ရှိ (တ.စ.ည)ရုံး မှ ဦးကျော်အေးက ယခုလ ၉ ရက်နေ့တွင် ပြောသည်။
> လစ်လပ်မဲဆန္ဒနယ်တွေထဲ က ၃ နေရာ ကိုတော့ မရေရာသေး ဘူး။ ၄၅ နေရာကိုတော့ တိတိကျ
> ကျပြိုင်သွားမယ်လို့ ပြောလို့ရပါ တယ်။ စည်းရုံးရေးတွေကိုလည်း ထိ ထိရောက်ရောက်
> လုပ်သွား မှာပါဟု ၄င်းကဆိုသည်။
>
> ဇမ္ဗူသီရိမြို့နယ် တ.စ.ညရုံး၏ နာယက ဦးကျော်အေးသည် ပြီးခဲ့ သည့် ၂၀၁၀
> နိုဝင်ဘာရွေးကောက် ပွဲတွင် ယခုနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်
> ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့ကာ
> ရှုံးနိမ့်ခဲ့ပြီး လက်ရှိတွင် ကြားဖြတ်ရွေးကောက် ပွဲ၌ ဝင်ရောက်အရွေး ချယ်ခံတော့
> မည်မဟုတ်ကြောင်းသိရသည်။ အသက်ကလည်း ၇၄ နှစ် ရှိနေပြီ။ ကျန်တဲ့သားသမီး ၃ ယောကက်
> လည်းတကသ္က လိုေ် ကျာင်း စရတိ န် စဲ့ားဝတေ် နရေးအဆင်မ ပြေပါ ဘူး ။
>
> အသိမ်းခံရတဲ့လတ်တလော မြေတွေကလည်း လျော်ကြေးမရ တော့ ပိုဆိုးတယ်။ ရုံးချုပ်က
> ဝင် ပြိုင်စေချင်ပေမယ့် နောက်ဆက်တွဲ ကုန်မယ့်ကုန်ကျစရိတ်ကို မတတ်
> မနိုင်တော့ဘူး ။ ဒါကြောင့် ဒြီကားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အနေနဲ့
> မပြိုင်တော့ဘူး ။ ဇမ္ဗူသီရိရုံး ရဲ့ နာယကနေရာကိုပဲ ယူထားပါ တယ်ဟု ၄င်း
> ကဖွင့်ပြောသည်။
>
> ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပမည်အတအိ
> လင်း မကြေညာသေးသော်လည်း လစ် လပ်မဲဆန္ဒနယ်များကို ပါတီအသီးသီးသို့
> အသိပေးခဲ့ပြီးဖြစ်သည်။
>
> ဧရာဝတီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုး သားလွှတ်တော် ၁ နေရာ၊
> တိုင်း ဒေသကြီး လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ်တွင်ပြည်သူ့လွှတ်တော် ၁ နေရာ၊
> အမျိုးသားလွှတ်တော် ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ၆ နေရာ၊
> မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီး ရှိ
> (နေပြည်တော်အပါအဝင်) ပြည် သူ့လွှတ်တော် ၁၀ နေရာ၊ မကွေး တိုင်းဒေသကြီးတွင်
> ပြည်သူ့လွှတ် တော် ၅ နေရာ၊ အမျိုးသားလွှတ် တော် ၁ နေရာ။ ပဲခူးတိုင်းဒေသကြီး တွင်
> ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁ နေရာ၊
> တိုင်းဒေသကြီးလွှတ်တော် တွင် ၁ နေရာ၊ တနင်္သာရီတိုင်းဒေ သကြီးတွင်
> ပြည်သူ့လွှတ်တော် ၂ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊
> အမျိုး သားလွှတ်တော်တွင် ၂ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ် တော် ၃
> နေရာဟူ၍ ထုတ်ပြန် သည့် စာရင်းဇယားများအရ သိရ သည်။
>
> လစ်လပ်သော မဲဆန္ဒနယ် အပြည့်အစုံမှာ
>
> ရန်ကုန်တိုင်း
>
> ၁။ဦးအောင်ကြည် မင်္ဂလာတောင်ညွန့် အလုပ်သမား၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်
> လည်နေရာချထားရေး ဝန်ကြီး
> ၂။ဒေါက်တာပွင့်ဆန်း မရမ်းကုန်း ဒု-ဝန်ကြီး (ကူးသန်းရောင်းဝယ်ရေး)
> ၃။ ဦးခင်မောင်စိုး လှည်းကူး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး
> ၄။ ဦးသိန်းထိုက် ဒဂုံ (ဆိပ်ကမ်း) သတ္တုတွင်းဝန်ကြီး
> ၅။ သူရဦးမြင့်မောင် သုံးခွ သာသနာရေးဝန်ကြီး
> ၆။ ဦးစိုးတင့် ကော့မှုး ဒု-၀န်ကြီး (ဆောက်လုပ်ရေး)
>
>
> မန္တလေးတိုင်း
>
> ၇။ ဦးသိန်းစိန် ဇမ္ဗူသီရိ သမ္မတ
> ၈။ သီဟသူရ ဦးတင်အောင်မြင့်ဦး ပုဗ္ဗသီရိ ဒုတိယသမ္မတ
> ၉။ ဦးမြင့်လှိုင် ဒက္ခိဏသီရိ လယ်ယာ/ဆည်မြောင်းဝန်ကြီး
> ၁၀။ ဦးကျော်စွာခိုင် ဥတ္တရသီရိ သမ္မတရုံး ဝန်ကြီး
> ၁၁။ဒေါက်တာမြအေး မဟာအောင်မြေ ပညာရေးဝန်ကြီး
> ၁၂။ ဦးတင်အေး တံတာဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
> ၁၃။ ဦးလှထွန်း ကျောက်ပန်းတောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
> ၁၄။ ဦးညဏ်ထွန်းအောင် နွားထိုးကြီး ပို့ဆောင်ရေးဝန်ကြီး
> ၁၅။ ဦးသိန်းအောင် မိတ္ထိလာ
> ၁၆။ ဒေါက်တာမြင့်အောင် ပြင်ဦးလွင်
>
>
> ဧရာဝတီတိုင်း
>
> ၁၇။ ဦးတင့်ဆန်း မြောင်းမြ ဟိုတယ်/ ခရီး၊အားကစားဝန်ကြီး
> ၁၈။ ဦးသိန်းညွန့် မအူပင် သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်
> ၁၉။ ဦးသန်းထွန်း ပုသိမ်
> ၂၀။ ဦးခင်မောင်အေး ၀ါးခယ်မ
> ၂၁။ ဦးသန်းဌေး မြန်အောင်
> ၂၂။ ဒေါက်တာ မြတ်မြတ်အုန်းခင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံ၊
> ဒေးဒရဲ) ဒုတိယဝန်ကြီး(ကျန်းမာရေး)
> ၂၃။ ဦးသောင်းဟန် ရေကြည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်
>
>
> တနင်္သာရီတိုင်း
>
> ၂၄။ ဦးစိုးသိန်း ကျွန်းစု စက်မှုဝန်ကြီး
> ၂၅။ ဒေါက်တာကျော်ကျော်ဌေး လောင်းလုံ
>
>
> ပဲခူးတိုင်း
>
> ၂၆။ ဦးအောင်မင်း တောင်ငူ ရထားပို့ဆောင်ရေးဝန်ကြီး
> ၂၇။ ဦးဝင်းတင် ထန်းတပင်
> ၂၈။ ဦးအံ့ကြီး သနပ်ပင်
> ၂၉။ ဒေါက်တာဝင်းမြင့် လက်ပံတန်း ဒု-၀န်ကြီး (ကျန်းမာရေး)
> ၃၀။ ဒေါ်ချိုနွယ်ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (အုဌ်တွင်း၊ ထန်းတပင်)
> ၃၁။ ဦးအေးနိုင် က၀ မဲဆန္ဒနယ် အမှတ် ၂ (တိုင်းဒေသကြီး လွှတ်တော်)
>
>
> မကွေးတိုင်း
>
> ၃၂။ ဦးဇော်မင်း မကွေး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး
> ၃၃။ ဒါက်တာ မောင်မောင်ဌေး ပွင့်ဖြူ ဒု-ဝန်ကြီး(သာသနာရေး)
> ၃၄။ ဦးစိုးမောင် ရေစကြို သမ္မတရုံး ဝန်ကြီး
> ၃၅။ ဦးသိန်းထွန်း မြိုင် ဆက်သွယ်ရေး ၀န်ကြီး
> ၃၆။ ဦးစောလှ ပခုက္ကူ
> ၃၇။ ဦးခင်ဇော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) (တောင်တွင်းကြီး)
>
>
> စစ်ကိုင်းတိုင်း
>
> ၃၈။ ဦးခင်မောင်မြင့် စစ်ကိုင်း ဆောက်လုပ်ရေးဝန်ကြီး
> ၃၉။ ဦးကျော်ဆန်း ပုလဲ ပြန်ကြားရေး၊ယဉ်ကျေးမှုဝန်ကြီး
> ၄၀။ ဦးမောင်မြင့် မင်းကင်း ဒု-ဝန်ကြီး(နိုင်ငံခြားရေး)
> ၄၁။ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်
> အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)စီးပွားရေးနှင့် (ကန့်ဘလူ၊ ကျွန်းလှ၊
> တန့်ဆည်၊ ရေဦး) ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
> ၄၂။ ဦးခင်မောင်အေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) ဒု-၀န်ကြီး (ဗန်မော်၊
> ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊(မွေးမြူရေး နှင့် ရေလုပ်ငန်း)
>
>
> ကချင်ပြည်နယ်
>
> ၄၃။ ဦးဘုန်းဆွေ မိုးကောင်း ဒု-ဝန်ကြီး (လူမှုဝန်ထမ်း/ကယ်ဆယ်ရေး)
> ၄၄။ ဦးအုန်းမြင့် ဖားကန့် သမဝါယမဝန်ကြီး
> ၄၅။ ဦးလွန်းမောင် ဗန်းမော် ပြည်ထောင်စု စာရင်းစစ်ချုပ်
>
>
> မွန်ပြည်နယ်
>
> ၄၆။ ဦးအေးမြင့် မော်လမြိုင် သိပ္ပံနှင့် နည်းပညာဝန်ကြီး
>
>
> ရှမ်းပြည်နယ်
>
> ၄၇။ ဦးတင်နိုင်သိန်း ကလော အမျိုးသား စီမံကိန်းနှင့် စီးပွားရေး
> ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
> ၄၈။ ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)
> ဒုတိယ သမ္မတ
>
> တို့ဖြစ်သည်။
>
> ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တ.စ.ညပါတီ သည်
> တစ်နိုင်ငံလုံးအနေဖြင့် မဲဆန္ဒ နယ် ၅၄ နေရာအနိုင်ရရှိခဲ့ကြောင်း သိရသည်။
>
>
> မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်လုပ်ငန်းပုဂ္ဂလိက လွှဲပြောင်းရန် စီစဉ်
>
> မြန်မာဆက်သွယ်ရေး (စာတိုက်မှ) လုပ်ငန်းဝန်ဆောင်မှုများကို
> ပုဂ္ဂလိကလုပ်ငန်းအဖြစ်ပြောင်းလဲ၍ စိတ်ဝင်စားမှုရှိသော
> စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူကား ဆွေးနွေးမှုနှင့်
> သဘောထားရယူမှုပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး
> မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်ကြီး)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏
> ပြောကြားချက်အရ သိရသည်။ “ပုဂ္ဂလိကကို လွှဲပေးမလားဆိုတော့
> ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးဆွေးနွေး၊
> သဘောထားရယူမှုတော့ လုပ်ထားပါတယ်။ လက်ရှိစာတိုက်လုပ်ငန်းရဲ့ အခြေအနေကတော့
> အလေ့အကျင့်ရှိတဲ့ ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေတဲ့အတွက်
> အခက်အခဲမရှိပါဘူး။ အခုလက်ရှိ နိုင်ငံတော်ကလည်း လုပ်ငန်းတွေ
> တိုးတက်ဖွံ့ဖြိုးအောင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့
> ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းနဲ့
> ပြန်လည် နေရာချထားရေး စတာတွေကြတော့ ပုဂ္ဂလိကကို လွဲပေးလို့ရတဲ့
> လုပ်ငန်းတွေမဟုတ်ဘူးလေ အခု စာတိုက်လုပ်ငန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့
> ပုဂ္ဂလိက လုပ်ငန်းရှင်တွေရှိလား၊ ရှိရင်ဆောင်ရွက်မယ့် အနေအထားရှိပြီး
> ဝန်ကြီးဌာနက မူဝါဒတစ်ခုချပြီး ဆောင်ရွက်စေမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
> အထက်ပါ မြန်မာဆက်သွယ်ရေးလုပ်ငန်း (စာတိုက်နှင့်ကြေးနန်း) အနေနဲ့ လက်ရှိတွင်
> ပြည်တွင်း/ ပြည်ပ စာပို့၊ ပြည်တွင်း/ ပြည်ပ အမြန်ချောပို့ လုပ်ငန်းနှင့်
> ပုဂ္ဂလိက ချောပို့လုပ်ငန်းတစ်ခုဖြစ်သည့် DHL နှင့် ပူးပေါင်း၍
> ပြည်ပအမြန်ချောပို့လုပ်ငန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၂၀၁၁
> ခုနှစ်ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
>
>
> တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ လုပ်ငန်းပေါင်း (၂၂) ခု သဘောတူစာချုပ်
> ချုပ်ဆို
>
> တရုတ်-မြန်မာနှစ်နိုင်ငံပေါင်း၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊
> စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၁)ကြိမ်မြောက် တရုတ်-မြန်မာ
> နယ်စပ်စီးပွားကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အတူပူးတွဲ၍ လုပ်ငန်းပေါင်း(၂၂) ခု
> ဖက်စပ်လုပ်ကိုင်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
> အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုသော အခမ်းအနားတွင် မြန်မာနိုင်ငံမှ
> စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
> ဦးအောင်မင်း၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ
> တာဟုန်တိုင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ မိမိတို့နှင့်သက်ဆိုင်ရာ
> လုပ်ငန်းများကို သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ တရုတ်-မြန်မာ
> နှစ်နိုင်ငံပူးပေါင်း ၍ လုပ်ငန်း၂၂ ခုကို သဘောတူစာချုပ် ၃၀ ခုအထိ
> လုပ်ငန်းရှင်များက လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အဆိုပါ စာချုပ်တန်ဖိုးငွေမှာ
> အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၅၇၃ အထိ ရှိကြောင်း၊ နှစ်နိုင်ငံ
> တင်သွင်းရောင်းဝယ်ရေး စာချုပ်တန်ဖိုးငွေ ကန်ဒေါ်လာသန်းပေါင်း ၇၇၉၃၃ နှင့်
> ပို့ကုန်ရောင်းဝယ်ရေးစာချုပ် ၂၀ ခုကို အမေရိကန်ဒေါ်လာသန်း ၇၇.၉၃ အထိ
> လုပ်ငန်းရှင်အသီးသီးမှ လုပ်ငန်းအသီးသီးတို့ကို သဘောတူလက်မှတ်
> ရေးထိုးခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်က သတင်းရရှိခဲ့သည်။ နှစ်နိုင်ငံမှ
> လုပ်ငန်းရှင်အများစု သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော လုပ်ငန်းများမှာ
> ဆေးဝါးလုပ်ငန်း၊ ရေထွက်ကုန်ထုတ်လုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊
> စက်မှုကုန်ကြမ်းထုတ်လုပ်ငန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ် လုပ်ငန်းတို့ကို
> အဓိကလုပ်ငန်းများအဖြစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာ
> ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
>
>
> ရန်ကုန်၌ ယာဉ်သွား ခုံးကျော် တံတားများ တည်ဆောက်ခွင့် ကုမ္ပဏီ ၂ ခု ရရှိ
> <http://www.yoyarlay.com/localnews/local-news/lower-myanmar/17967-2011-12-15-09-35-24>
> [image: p_3_49_6]
>
> ယာဉ်သွား ခုံးကျော် တံတား များကို ရန်ကုန် မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု
> အဖြစ် များသည့် နေရာ ၄ ခု တည်ဆောက် ရန် ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၂ခု၌
> လုပ် ကိုင်ခွင့် ရရှိ သွားပြီ ဖြစ် ကြောင်း ဆောက် ခွင့်ရ ကုမ္ပဏီများ ထံမှ
> သိရသည်။ လှည်းတန်းနှင့် တာမွေအဝိုင်း လမ်းဆုံ ခုံးကျော် တံတားများ အတွက်
> လေ့လာ ဆန်းစစ် မှုများ ပြုနေသည့် ရွှေတောင် ကုမ္ပဏီ၊ လမ်း တံတား ဆောက်လုပ်ရေးမှ
> ဦးသန်းထွန်း က ဆောက် လုပ် ခွင့် တော့ ယေဘုယျအနေနှင့် ရသွား ပြီ။
>
> စာချုပ်နဲ့ လက်မှတ် ထိုးတာ မျိုးတွေတော့ မလုပ်ရ သေးဘူး ဟု ပြောသည်။
> ရန်ကုန်မြို့ ကမာရွတ် (လှည်း တန်း)၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ
> မြို့နယ် များတွင် ခုံးကျော် တံတား ၄ စင်းအား လေးလ အတွင်း အပြီးတည်ဆောက်သွား
> မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မီဒီယာများအား
> ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ခွင့်ကို
> သက်ဆိုင်ရာက ချထား ပေးခြင်း ဖြစ် ကြောင်း သိရသည်။
>
> ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံး ကျော်တံတားများကို တာဝန်ယဆောက်လုပ်မည့်FMI
> ကုမ္ပဏီမူ ဦးလင်းမြိုင်က ရတာတော့ ဟုတ်သွားပါပြီ။ ဒီ့အတွက် အရင် ကတည်းက
> လေ့လာတိုင်းတာမှု တွေ ပြုလုပ်နေတော့ စမယ့်အချိန် ကို အခုပြောဖို့ စောပါသေးတယ်။
> ဘာကြောင့်လဲဆိုတော့ အမြင့်တို့၊ အကျယ်တို့၊ နေရာတို့က ဆွေးနွေးဆဲ ပါဟု
> ပြောသည်။
>
> တံတား ၄စင်းအား ဆောက် လုပ်ရန်အတွက် ပြည်တွင်းရှိ ဘဏ် အချို့နှင့်
> ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ချေးငွေဖြင့် ဆောက်လုပ် မည်ဟု အကြမ်းဖျင်းလျာထား
> ကြောင်းသိရပြီး လှည်းတန်းခုံးကျော် တံတားအတွက် ကမ္ဘောဇဘဏ်မှ ချေးငွေဖြင့်
> ဆောက်လုပ်မည်ဖြစ် ကြောင်း၊ တာမွေခုံးကျော်တံတား ကိုလည်း
> စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်မှ ချေးပေးရန် ရှိကြောင်းနှင့် ရွှေဂုံတိုင်နှင့်
> ဘုရင့်နောင်ခုံးကျော် တံတားကိုမူ BOT စနစ်ဖြင့်ကုမ္ပဏီတစ်
> ခုအားလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု
> ဝန်ကြီးဦးစိုးသိန်းက ပြောသည်။
>
> ယင်းကဲ့သို့ ရန်ကုန်မြို့တွင် ခုံး ကျော်တံတားများ ဆောက်လုပ် ခြင်းမှာ
> စင်ကာပူနိုင်ငံကဲ့သို့ ခေတ်မီ လှပစေရန် သမ္မတကြီးက လမ်းညွှန်
> ထားခြင်းကြောင့်ဖြစ်သလို ယာဉ် ကြောပိတ်ဆို့မှုများ အမြန်ဆုံး ကျ
> ဆင်းသွားစေရန်လည်း ဖြစ်သည်ဟု သိရသည်။ လက်ရှိလုပ်ကိုင်ခွင့်ရ ကုမ္ပဏီ များ
> ဆောက်လုပ်မည့် အစီအစဉ် တွင် အရည်အသွေးပိုင်းဆိုင်ရာ စစ် ဆေးခြင်းကို
> မြို့တော်စည်ပင် (ရန် ကုန်)က ပြုလုပ်မည်ဟု သိရသည်။
>
> PN-051
>
> ရန်ကုန်တွင် အထပ်မြင့် လူနေအိမ် ခန်းပါ ဈေး ၁၀ ခု ခန့် တည်ဆောက်မည်
> <http://www.yoyarlay.com/localnews/local-news/lower-myanmar/18024-2011-12-16-08-21-46>
>
> ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ
> ရရှိစေရန်နှင့် မြို့တော် အင်္ဂါရပ်နှင့်အညီ ဈေးများလည်း ဖွံ့ဖြိုး တိုးတက်လာ
> စေရန် စည်ပင်သာယာ နယ်နိမိတ် အတွင်း အထပ်မြင့် လူနေတိုက်ခန်းပါ ဈေး ၁၁
> ခုခန်းကို ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူ ပူပေါင်း၍ တည်ဆောက်
> မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(ဈေးများဌာန) ဌာနမှူးက
> The Voice Weekly သို့ပြောကြားသည်။ ယခုအစိုးရ သက်တမ်းအတွင်း အဆိုပါ
> အဆင့်မြင့်ဈေးများကို အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ လုပ်ငန်း စဉ်ကိုမူ
> ယခုအချိန်တွင် အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
> “အနည်းဆုံးလေး၊ ငါး၊ ခြောက် ဈေး ကနေ ဆယ်ဈေးလောက်ထိဆောက် ဖြစ်မှာပါ။ နေရာကတော့
> အချက်အချာကျတဲ့ နေရာတွေပဲဖြစ်မှာပါ”ဟု ၎င်းက ဆိုသည်။
>
> အဆိုပါတည်ဆောက်မည့် ဈေး များသည် ယခင်ရှိပြီးသားဈေးများကို ပြန်လည်တည်ဆောက်မည့်
> အစီအစဉ် ဖြစ်ကြောင်း၊ မူလဈေးနေရာအပြည့် တည်ဆောက်မည်ဖြစ်ပြီး အပေါ်ထပ်များ သည်
> လူနေအိမ်ခန်းများ အတွက် ထား၍ မြေညီထပ်ကိုဈေးအဖြစ် သတ်မှတ်မည်ဖြစ် ကြောင်း
> ဈေးများဌာနထံမှ သိရသည်။ ပထမဆုံးစီမံချက်အဖြစ် စမ်းချောင်း မြို့နယ်
> ရှမ်းလမ်းဈေးကို ၂၀၁၂ခုနှစ် မတ်လမှစတင်ကာ တည်ဆောက်မည် ဖြစ်ကြောင်း
> အထက်ပါဌာနထံမှ သိရသည်။ မူလဈေးဆိုင်ခန်းများအား ဈေး သစ်များတည်ဆောက်ပြီးလျှင်
> မြေညီ ထပ်တွင် အခမဲ့ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်း၊ ဈေးတည်ဆောက်
> မှုကြာမြင့်ချိန်နှင့် ဆိုင်ခန်း နေရာများ ပြန်လည်ရရှိရန် ဈေးများဌာနက အာမခံ
> ပါကြောင်း ဈေးများဌာန အကြီးတန်း အရာရှိကြီးတစ်ဦးကဆိုသည်။
>
> “အာမခံတာကိုမယုံကြည်ရင် ဈေး သူဈေးသားတွေနဲ့ စည်ပင်နဲ့စာချုပ် ချုပ်မယ်လို့
> တောင်ပြောထားတယ်” ဟု ၎င်းကပြောကြားသည်။ ရှမ်းလမ်းဈေး သစ်တည်ဆောက်မည့်
> အစီအစဉ်နှင့် ပတ်သက်၍ ဈေးသူ ဈေးသား အချို့မှ ၎င်းတို့၏ မူလ ဆိုင်ခန်းများ ပြန်လည်
> မရရှိမည်ကိုစိုးရိမ်နေကြကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က The Voice Weekly
> သို့ ပြောကြားသည်။ “City Mart နေရာက သက်သေ ပါ” ဟု မူလဆိုင်ခန်းများ
> ပြန်လည်မရရှိ ခဲ့မှု ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ ရှမ်းလမ်း ဈေးမှ အသက် ၃၅နှစ်ခန့်
> ကုန်ခြောက် ရောင်းချသူအမျိုးသားတစ်ဦးက ၎င်း၏ စိုးရိမ်စိတ်ကိုဖွင့်ဟပြောဆိုသည်။
> ယင်းရှမ်းလမ်းဈေးမှ ဈေးသည်များ ကို ဈေးတည်ဆောက်စဉ်ကာလအတွင်း မူလက
> အခွန်လွတ်ဈေးတွင် ရောင်းချခွင့် ပြုရန် စီစဉ်ခဲ့သော်လည်း ယခုအခါ
> အဆိုပါဈေးအနီးတစ်ဝိုက်တွင်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဈေးများဌာန
> တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
>
> လူနေအိမ်ခန်းပါ အထပ်မြင့်ဈေး များတည်ဆောက်ပြီးစီးပါက ဆောက် လုပ်ရေးကုမ္ပဏီဘက်မှ
> အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနှင့် ဈေးများဌာနမှ အကျိုး အမြတ်
> ၃၀ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး မူလဈေး နေရာများပြန်လည် ချထားရ သည့် အတွက်
> ဈေးသူ ဈေးသားများအား ၂၀ ရာခိုင်နှုန်းပေး လိုက်ရသည့်သဘော ဖြစ်ကြောင်း
> ဈေးများဌာနထံမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ နယ်နိမိတ်
> ၃၃မြို့နယ်မှ ရရှိသော အခွန် ဘဏ္ဍာငွေများကို ယင်း နယ်နိမိတ်အတွက် လမ်းတံတားအစ
> ရှိသော လုပ်ငန်းများအတွက် လိုအပ် သလိုပြန်လည်သုံးစွဲရပြီး မှော်ဘီအစရှိ သော
> စည်ပင်သာယာ နယ်နိမိတ်အတွင်း မပါဝင်သည့်မြို့နယ်ကမူ မိမိတို့မြို့နယ် မှရရှိသော
> အခွန်ငွေများကို မိမိတို့ မြို့နယ်အတွက်သာ ပြန်လည်သုံးစွဲရ ကြောင်း သိရသည်။
> ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး အတွက် နောင် ၂နှစ်အတွက် ဘတ်ဂျက် လိုငွေမှာ
> ဘီလီယံ ၂၀ခန့်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
> ပြောကြားထားသည်။
>
>
> စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများစောင့် ကြည့် ဖမ်းဆီးရန်
> အစိုးရပင်စင်စားများကို ခန့်မည်
> <http://www.yoyarlay.com/localnews/local-news/lower-myanmar/17925-2011-12-15-04-27-32>
>
> ရန်ကုန်မြို့တော်တွင် ဆောင်ရွက်နေသည့် သန့်ရှင်းသာယာရေး စီမံချက်အရ
> စည်းကမ်းမဲ့ အမှိုက်ပစ်သူ၊ စည်းကမ်းမဲ့ အပေါ့အလေးစွန့်သူနှင့် ကွမ်းတံတွေး
> ထွေးသူများ အား စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရပင်စင်စား ၀န်ထမ်းများကို
> ခန့်ထားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏
> ပြောကြားချက်အရ သတင်း ရရှိသည်။
>
> ရန်ကုန်မြို့တော် သန့်ရှင်း သာယာလှပေးရေး စီမံချက်ကို အခါအားလျော်စွာ
> ဆောင်ရွက်လျက်ရှိပြီး ယင်း စီမံချက် ပြုလုပ်နေသည့် အချိန်အတွင်း စည်းကမ်းမဲ့
> အမှိုက်စွန့်ပစ်သူများနှင့် အပေါ့အလေးစွန့်သူများကို ရန်ကုန်
> မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ
> အရေးယူလျက်ရှိရာ ယင်း လုပ်ငန်းများကို အကူအညီ အထောက်အပံ့ဖြစ်စေရန်နှင့်
> လုပ်ကိုင်လိုသည့် အစိုးရပင်စင်စား ၀န်ထမ်းများ အလုပ်ရရှိရန် ရည်ရွယ်၍
> ယခုကဲ့သို့ခန့်အပ် သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
> ခန့်အပ်သည့်အပိုင်းကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ
> ရွေးချယ်ပြုလုပ် သွားမည်ဖြစ်ပြီး အသက် ၆၀ နှင့် ၇၀ ကြား ပင်စင်စား
> သန်စွမ်းသူများကို အဓိကထားရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
>
> “ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေး စီမံချက်လုပ်တဲ့နေရာမှာလမ်းဘေးသေးပေါက်တာ၊
> ကွမ်းတံတွေး ထွေးတာ၊ စည်းကမ်းမဲ့အမှိုက်ပစ်တာ တွေကို စောင့်ကြပ် ကြည့်ရှုဖမ်းဆီး
> ခိုင်းဖို့အတွက် အစိုးရပင်စင်စားတွေ ကို ခန့်ထားမယ်။ အဓိကတော့ အသက် ၆၀ နဲ့ ၇၀
> ကြားရှိ သန်စွမ်းသေးတဲ့ ပင်စင်စားတွေပေါ့။ ခန့်တဲ့အပိုင်းကိုတော့
> ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်သွားမယ်။ လောလောဆယ်တော့
> ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ အရင်ဆုံးလုပ်ဖို့တော့ စီစဉ်ထားတယ်။
> စောင့်ပြီးဖမ်းတဲ့ ပင်စင်စားတွေကို လည်း သူတို့ပဲ လွှတ်ပေးမထားဘူး။ သူတို့ရဲ့
> မလှမ်းမကမ်းမှာ စည်ပင်သာယာ ရဲဝန်ထမ်းတွေကို အရန်အဖြစ် ထားရှိပေးထားမယ်။
> သူတို့ကိုခန့် ထားတဲ့နေရာမှာ နေ့စားလုပ်အားခ၊ ပုံမှန်လစာအနေနဲ့ ပေးမှာတော့
> မဟုတ်ဘူး။ ဖမ်းဆီးရမိလို့ ဒဏ်ရိုက်တဲ့ ငွေ ရဲ့ ၁၀ ရာခိုင်နှုန်းကိုပေးမယ်။ ဥပမာ
> ဒဏ်ငွေက ကျပ် ၁၀၀၀၀ ဆိုရင် ၁၀ ရာခိုင်နှုန်း ကျပ် ၁၀၀၀ ရမယ်”ဟု
> ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
>
> ယင်းသို့ စောင့်ကြည့်ဖမ်းဆီးမှု များပြုလုပ်မည့် အစီအစဉ်အတွက် ပညာပေးကာလမရှိဘဲ
> မကြာမီ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မြို့တွင်းခြောက်မြို့နယ်တွင်
> ပြုလုပ်၍ အဆင်ပြေပါက မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များ၊ အခြားမြို့နယ်များ
> တွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
>
> “အဲဒီလိုစောင့်ကြည့်ဖမ်းဆီးဖို့ အတွက် ပညာပေးကာလ မရှိဘူး။ ပညာပေးကာလက
> အရင်ကတည်းက လုပ်ပြီးသား၊ အခုကတော့ တကယ် ဖမ်းဆီးမှာ ဖြစ်ပါတယ်”ဟု
> ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။
>
>
>
> --
> နောက်ထပ် သတင်းများအတွက် :
> http://groups.google.com/group/mayanmardailymail/subscribe
> *
>
> With Best Regards,
>
> မီးပြတိုက်
> http://www.mee-pya-tite.com/
>
>
> **Facebook စာမျက်နှာ*
> *
> https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442
> *
> *
>
> Simple Views On My Land
> http://simpleviewsonmyland.blogspot.com/
>
>
> Myanmar Social Network
> http://myanmar-social-network.socialgo.com/
>
>
> ကွန်ပျူတာနည်းပညာမှတ်စု
> http://mee-pya-tite.blogspot.com/
>
>
> ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
> http://mdsng.blogspot.com/
> *
> *
>
> *
> *နေ့စဉ် မြန်မာအီးမေးများ
> **http://myanmardailymail.blogspot.com/*
> *
>
>
> မြန်မာ Blog များအားလုံး
> http://allmyanmarblogs.blogspot.com/
>
>
> မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
> http://myanmargazette.blogspot.com/
>
>
> နားဆင်စရာ
> http://myl6.blogspot.com/
>
>
> ဖတ်စရာ
> http://7comrades.blogspot.com/
>
>
> MIET တက္ကသိုလ်ကျောင်းသားများ Forum
> http://mietforum.ning.com/
>
>
> နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန်
> mayanmar...@googlegroups.comကို အီးမေးပို့ပါ၊ ပြန်ထွက်ရန်
> mayanmardailymail <mayanmar...@googlegroups.com>
> +unsub...@googlegroups.com<http://myanmar-daily-info-n-general-knowledge+unsub...@googlegroups.com/>သို့
> အီးမေးပို့ပါ။
> http://groups.google.com/group/mayanmardailymail သို့
> တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်
> ad...@mee-pya-tite.com ၊ forall...@gmail.com နှင့်
> simplev...@googlemail.com <simplev...@gmail.com> များသို့
> ဆက်သွယ်ပါ။
> *
>