ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ငွေအရစ်ကျ ပေးသွင်းကာဝယ်ယူနိုင် ၊ ဂျီအက်စ်အမ် ဖုန်းများ အားလုံး အင်တာနက် အသုံးပြုခွင့် စတင် ရရှိ ရန်ကုန်နှင့် နေပြည်တော် ဧရိယာတွင် အသုံးပြုခ တစ်မိနစ် လေးကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည် ၊ ထိတွေ့မျက်နှာပြင်ပါ ကြ

11 views
Skip to first unread message

Slip Knot

unread,
Jun 25, 2011, 7:15:51 PM6/25/11
to


  1. ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ငွေအရစ်ကျ ပေးသွင်းကာဝယ်ယူနိုင် ၊
  2. ဂျီအက်စ်အမ် ဖုန်းများ အားလုံး အင်တာနက် အသုံးပြုခွင့် စတင် ရရှိ ရန်ကုန်နှင့် နေပြည်တော် ဧရိယာတွင် အသုံးပြုခ တစ်မိနစ် လေးကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည် ၊
  3. ထိတွေ့မျက်နှာပြင်ပါ ကြိုးမဲ့ဂစ်တာပေါ်ပြီ ၊ 
  4. ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ ၊
  5. "မြောက်ကိုရီးယား က ဟက်ကာ ၃၀၀၀ ကျော် မွေးထုတ် နိုင်ခဲ့" ၊
  6.  ကြောက်စရာကောင်းသော Virus . ပါဝင်သော အင်တာနက် သီချင်းများစုစည်းမှု DVD/VCD ၊
  7. September လအတွင်း iPhone 5 ထွက်ရှိလာတော့မည်ဖြစ် ၊
  8.  iPhone မျိုးဆက်သစ် ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်  ၊
  9. iPhone လိုချင်သည့်​ တရုတ်မိန်း​က​လေး​ အပျိုစင်ဘဝနှင့်​ အလဲအလှယ် လုပ်မည်ဟုဆို  ၊
  10.  Nokia ၏ပထမဦးဆုံး Windows Phone သတင်းများထွက်ပေါ် ၊
  11. အင်္ဂလိပ်ဘာသာစကားကနေ မြန်မာဘာသာကို ပြန်လို့ရတဲ့ Sites ၄ ခုပါ။
  12. Google မှ ဂိမ်းများထုတ်လုပ်သွားနိုင်ချေရှိ ၊
  13.  EA မှ နာမည်ကျော် PopCap games အားဝယ်ယူသွားနိုင် ၊
  14.  Solving Unidentified Network Problem in Windows 7 ၊
  15. ဆိုက်ဘာကဖီး(သို့ )အင်တာနက်ဆိုင်ဖွင့်ကြည့်ရအောင်။(၁) ၊
  16. Advanced_SystemCare_Pro_4.0.1.204_Portable ၊
  17. Hide Folders v3.7.4.651 +crack ၊
  18. The World's Most Beautiful Buildings..

ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ငွေအရစ်ကျ ပေးသွင်းကာဝယ်ယူနိုင်

Thursday, 23 June 2011 00:21 | Print E-mail

ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို ငွေအရစ်ကျ ပေးသွင်းကာဝယ်ယူနိုင် ကြောင်း Mr foner မှ အထွေထွေမန်နေဂျာ ကိုစည်သူက ပြောပြခဲ့ပါသည်။

ငွေအရစ်ကျ ပေးသွင်းဝယ်ယူလိုသူသည် ကနဦးပေးသွင်းငွေ ငွေကျပ်ငါးသိန်းအပြင် ငွေကျပ်သုံးသောင်း ခွဲကို ပိုပေးသွင်းရန် လိုအပ်ကြောင်းသိရသည်။ အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူခွင့်ရှိသူများတွင် အစိုးရဌာနများတွင် လုပ်ကိုင်သူများနှင့် ကုမ္ပဏီဝန်ထမ်း များသာ ပါဝင်သေးကြောင်း သိရသည်။

“အရစ်ကျဝယ်မယ်ဆိုရင် ကျပ်ငါးသိန်းသုံးသောင်းခွဲကို သုံးနဲ့စားပြီး သုံးရစ် အချိုးကျ သွင်း ရမှာ ဖြစ်ပါတယ်။ စပြီး ကတ်ဝယ်တဲ့နေ့မှာ တစ်ရစ်သွင်းရပါမယ်။ ဝယ်ပြီး တစ်လပြည့်တဲ့ နေ့မှာ တစ်ရစ်သွင်းရမှာပါ။ အရစ်ကျဝယ်တဲ့သူကို ထောက်ခံပေးမယ့် လူတစ်ယောက် တော့ လိုပါတယ်။ ဝယ်လိုသူရဲ့ အထက်အရာရှိ တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်ပါမှ ဖြစ်ပါမယ်” ဟု ကိုစည်သူက ပြောပြခဲ့သည်။

အရစ်ကျ ဖုန်းဝယ်သူ အနေဖြင့် ကတ်စတင်ရရှိသည့်နေ့တွင် ပထမငွေအရစ်သွင်းပြီး ဖုန်း လက်ခံရရှိမည်ဖြစ်သော်လည်း မိမိဖုန်းပိုင်ဆိုင်သည့် စာရွက်စာတမ်းကိုမူ ထုတ်ပေးဦးမည် မဟုတ်ဘဲ နောက်ဆုံးအရစ်ပေးသွင်းပြီးသည့်အချိန်မှသာလျှင် စာရွက်စာတမ်းများ ရရှိမည် ဖြစ်ကြောင်း သိရသည်။

Ref : Bi Weekly Eleven



ဂျီအက်စ်အမ် ဖုန်းများ အားလုံး အင်တာနက် အသုံးပြုခွင့် စတင် ရရှိ ရန်ကုန်နှင့် နေပြည်တော် ဧရိယာတွင် အသုံးပြုခ တစ်မိနစ် လေးကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်

b41223
အင်တာနက် လာရောက် လျှောက်ထားသူများကို ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်

ဂျီအက်စ်အမ် ဖုန်းများအားလုံး အင်တာနက် စတင် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စ၍ ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(ရွှေဂုံတိုင်)ရုံးနှင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် တပ်ဆင်ခ အဖြစ် ငွေကျပ် တစ်သောင်း ပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ လတ်တလောတွင် ရန်ကုန်နှင့် နေပြည်တော် ဧရိယာများတွင် စတင် သုံးစွဲခွင့်ပြုမည် ဖြစ်ပြီး နောက်ပိုင်းတွင် သုံးစွဲနိုင်သည့် ဧရိယာ တိုးချဲ့သွားရန် ရှိကြောင်း သိရသည်။

ကနဦး ပေးသွင်းငွေ ကျပ် ၁၅ သိန်း ပေးသွင်းထားသည့် ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက် သုံးစွဲမည် ဆိုပါက တပ်ဆင်ခကို မြန်မာ့ဆက်သွယ်ရေးမှ ကောက်ခံမည် ဖြစ်ကာ ငွေကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အတွက်မူ မြန်မာ့ဆက်သွယ်ရေး ရုံးနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ ဖုန်းအသစ် ၀ယ်ယူမည့်သူများ အနေဖြင့်လည်း အင်တာနက် သုံးစွဲလိုပါက တစ်ပါတည်း ထည့်သွင်းနိုင်သည်။

''ဒီနေ့ စလျှောက်ခွင့်ပြုပြီး မနက်ဖြန်မှာ အင်တာနက်လိုင်း ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လုံးရေ ကန့်သတ် မထားပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။ဂျီအက်စ်အမ် ဖုန်းများ အတွက်  အင်တာနက် သုံးစွဲခကို တစ်မိနစ်လျှင် လေးကျပ်နှုန်း သတ်မှတ်ထားပြီး အင်တာနက် မြန်နှုန်းမှာ ၂၅၆ kbps ရှိကြောင်း သိရသည်။ CDMA 800 ဖုန်း အမျိုးအစားတွင် အင်တာနက် သုံးစွဲနိုင်ပြီး
ဂျီအက်စ်အမ် ဖုန်းများတွင်လည်း စတင် သုံးစွဲလျက်ရှိပြီ ဖြစ်သည်။


ထိတွေ့မျက်နှာပြင်ပါ ကြိုးမဲ့ဂစ်တာပေါ်ပြီ

iPhone၊ iPad များဖြင့် ထိတွေ့ မျက်နှာပြင် သုံးနည်းပညာပစ္စည်းခေတ်ကို နှစ်ခြိုက်စွာ ဖြတ်သန်းကြသူများအတွက် ထိတွေ့မျက်နှာ ပြင်ပါ ကြိုးမဲ့ဂစ်တာတစ်မျိုးပေါ်ထွက်လာပြီ ဟု သိရသည်။

ကီတာရာဟု အမည်ပေးထားသော ကြိုးမဲ့ ဂစ်တာကို သာမန်ဂစ်တာနှင့်မခြား လက် မနာဘဲ တီးခတ်နိုင်မည်ဖြစ်သလို အသံ အထူး ဖန်တီးချက်များလည်း ထည့်သွင်း နိုင်မည်ဖြစ်သည်။

မူလပုံစံကို အင်ဂျင်နီယာတစ်ဦးက အားလပ် ချိန်တွင် စမ်းသပ်ဖန်တီးခဲ့ခြင်းဖြစ်သော် လည်း အွန်းလိုင်းဗီဒီယိုဝက်ဘ်ဆိုက် You Tube မှ တစ်ဆင့် သတင်းပျံ့သွားပြီးနောက် စီးပွားဖြစ်ထုတ်လုပ်မည့်အဆင့်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဂစ်တာအသံအိုးနေရာတွင် လေးထောင့်ကွက်ပုံစံထိတွေ့ဖန်သားပြင်ပါရှိသလို လက်ကွက် ကိုလည်း ထိတွေ့မျက်နှာပြင်သုံးအဖြစ် ဖန်တီးထားသည်။ တီးထားသည်ကို မှတ်သားပြီး ပြန်လည်ပေါင်းစပ်ခြင်း၊ အသံအထူးပြုလုပ်ချက်များပေါင်းစပ်ခြင်းပြုလုပ်နိုင်သည်။

Ref : Bi Weekly Eleven



ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ

Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုးရှိ

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ

ဂျပန်နိုင်ငံရှိ စူပါကွန်ပျူတာ တစ်လုံးသည် ယခုအခါ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နိုင်လာပြီဖြစ်သည်။ Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုး ရှိနေကြောင်း သိရသည်။ Kသည် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ တစ်လုံး၏ (၆)လကြာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ကွန်ပျူတာအဖြစ် ရပ်တည်ခဲ့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယင်းကွန်ပျူတာသည် တစ်စက္ကန့်လျင် (၈) ကွာဒရာလီယန် အရေအတွက်ထိ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။

Japan Super Computer

(၁ ကွာဒရာလီယန် = ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကွန်ပျူတာ၏ မြန်နှုန်းယူနစ်မှာ (၈.၂) ပန်တာဖလော့ပ်ထိ ရှိကြောင်းလည်း သိရသည်။ တရုတ်သည် ယခုနှစ် အစောပိုင်းက Tianhe – 1A ကွန်ပျူတာဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် ရပ်တည်နိုင်ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ အများစုကိုမူ အမေရိကန်က ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်။ အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည့် ထိပ်ဆုံးကွန်ပျူတာ (၁၀)လုံးတွင် အမေရိကန် စူပါကွန်ပျူတာ (၄)လုံး ပါဝင်နေသည်။ ကျွမ်းကျင်သူများက Kကို ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ဒုတိယနေရာမှ ပြိုင်ဖက်ထက် (၅)ဆမျှ မြန်နှုန်းမြင့်နေအောင် စွမ်းဆောင်နိုင်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။

Japan Super Computer

“အထင်ကြီးလောက်စရာ နည်းပညာ မြှင့်တင်မှုပါ။ သူဟာ တခြားကွန်ပျူတာတွေထက် အများကြီး ပိုပြီးတော့ မြန်နှုန်းမြင့်နေပါတယ်”ဟု ဂျပန်နိုင်ငံ၊ ကိုဘေးရှိ ကွန်ပျူတာ သိပ္ပံဌာနမှ ပါမောက္ခ ဂျက်ဒွန်ဂါရာက ပြောကြားခဲ့သည်။ Kသည် ဆားကစ်လမ်းကြောင်း (၆၇၂)ခုဖြင့် ချိတ်ဆက်ထားသည့် Processorပေါင်း (၇၀၀၀၀)ကျော် ပါဝင်ဖွဲ့စည်းထားသည်။ Kအတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင် ပမာဏသည် လူနေအိမ် တစ်သောင်းကို ထောက်ပံ့ပေးနိုင်သည်။ Kကို မောင်းနှင်ထားရသည့်အတွက် တစ်နှစ်လျင် ကုန်ကျစရိတ် ပေါင်စတာလင် (၆)သန်းထိ ရှိကြောင်းလည်း သိရှိရသည်။

Source: DailyMail


"မြောက်ကိုရီးယား က ဟက်ကာ ၃၀၀၀ ကျော် မွေးထုတ် နိုင်ခဲ့"

by politics on June 21, 2011
N Korea well trained hackerါ


မြောက်ကိုရီးယား နိုင်ငံ က ကွန်ပျူတော တွေ ကို ဖောက်ထွင်း ၀င်ရောက် မွှေနှောက် ပြီး အချက်
အလက် တွေ ယူကာ ဖျက် ဆီး သွား တတ်တဲ့ ကွန်ပျူတာ ဟက် ကာတွေ ကို မွေးထုတ် နေပြီး
အခုဆို ရင် ကမ္ဘာ့ အဆင့် မှီ ဟက်ကာ ၃၀၀၀ လောက် ရှိတယ် လို့  မြောက်ကိုရီးယား ကနေ တောင်
ကိုရီးယား နိုင်ငံ ကို  ဘက်ပြောင်း ခိုလှုံ လာတဲ့ ကွန်ပျုတာ စောရ သမား နှစ်ဦး က အယ်(လ) ဂျာဇီး
ယား သတင်း ဌာန ကို ပြောပါတယ်။ 

နိုင်ငံ ရဲ့  ပညာ ရေး စနစ် က တော့ ဓားမ နောက် ပိတ် ခွေ ဖြစ်နေပေမယ့် ကွန်ပျူ တာ ထူး ချွန်သူ
တွေ ကို တော့ ငယ်ငယ် ကတည်း ကျောင်း တွေ ကနေ လေ့ လာ စုံစမ်း ပြီး ငယ်စဉ် ကတည်းက
သင်ကြား ပေး ခဲ့တာ လို့  ဆိုပါတယ်။

တောင်ကိုရီးယား သို့ ထွက် ပြေးလာသူများ အနက် ကင်ဟွမ်ကောင်း သည် မြောက်ကိုရီးယား အ
စိုးရ၏ လှို့ ဝှက် ဆိုင် ဘာ တိုက် ခိုက် ရေး အထူး ယူနစ် ဖြစ် သည့် Unit 121 တွင် တာဝန်ထမ်းဆောင်
မည့် သူများ ကို လေ့ကျင့် သင်ကြားပေး ရသည့် တက္ကသိုလ် ပါမောက္ခ တစ်ဦး ဖြစ်ပြီး ကိုယ်တိုင် လည်း
ဆိုင် ဘာ တိုက် ခဲ့ ရေး သမား တစ်ဦး ဖြစ်သည်။

ကင်က မြောက် ကို ရီးယား အစိုး ရ ၏ ဟက် ကာ စုဆောင်း ပုံ ကို ပြောပြရာတွင် နိုင်ငံ တ၀ှမ်း ရှိ
အထက်တန်း ၊ အလယ်တန်း ကျောင်း များ မှ ကွန်ပျူတာ၊သင်္ချာ နှင့် စနစ်စီမံ မှု ဆိုင်ရာ  ထူးချွန်
သည့် ကျောင်းသား များ ကို စုဆောင်း ပြီး Kim Il Sung University, Kim Chaek University of
Technology နှင့်Hamheung College စသည့် မြောက် ကို ရီးယား ရှိ ထင် ရှား သော ကျောင်းများ
တွင် အစိုးရ စရိတ် ဖြင့် ပညာ သင်ကြားပေး ပြီး ထူးချွန်မှု ရှိသည့် ကျောင်းသား များ ကို တရုတ် နှင့်
ရုရှား တို့  တွင် ပညာ သင်ယူစေသည် ဟု ထုတ် ဖော်ပြောကြား ခဲ့သည်။

Unit 121 သည် မြောက် ကို ရီးယား အစိုး ရက အထူး အခွင့် ရေး ပေး ခံထား ရသည့် အဖွဲ့ ဖြစ် ပြီး
လတ် တလော ဆိုင် ဘာ တိုက် ခိုက် မှု များ အတွက် တာဝန် ရှိ သည် ဟု သူက ထုတ် ဖော် ပြော
ကြား ခဲ့သည်။

မြောက်ကိုရီးယား မှ ဆိုင် ဘာ တိုက် ခိုက်မှု ကျွမ်းကျင် သူများ သည့် အခြား နိုင်ငံများ သို့  နှစ်စဉ်
ထွက်ပြေး ခို လှုံကြပြီး  အသက် ၆၂ နှစ် ရှိ ကင် သည် လည်း ထွက် ဘက် ပြောင်း ခိုလှုံ သူများ ထဲ
မှ အဆင့် မြင့် ဆုံး သူ တစ်ဦး ဖြစ်သည်။

သူက မြောက် ကို ရီးယား အစိုးရ ကို စွန့် ခွာ လာရ သည့် အကြောင်း ကို အယ်(လ)ဂျာဇီးယား ရုပ်
သံ ကို ပြောပြ ချက် များ ကို အောက် တွင် ထုတ် နှုတ် ဖော်ပြထားသည်။



ကြောက်စရာကောင်းသော Virus . ပါဝင်သော အင်တာနက် သီချင်းများစုစည်းမှု DVD/VCD

သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ဟိုတလောက  Virus ကိုက်သွားပါတယ်..။ ဘာကြောင့်မှန်း မသိပါဘူး. Windows XP မတက်တော့ပဲ restart ပဲပြန်ဖြစ်ဖြစ်နေပါတယ်..။  နောက်တော့ သူက အင်တာနက်သီချင်းများစုစည်းမှု အခွေကို ကွန်ပျူတာမှာ နားထောင်လိုက်တယ်လို့ ပြောပါတယ်..။ အဲဒါနဲ့ ..သူ့ကွန်ပျူတာကို စစ်ကြည့်တော့ Hard disk drive (C:) ထဲက system ဖိုင်တွေ ပျက်နေပါပြီ..။ အဲဒါနဲ့ ကျွန်တော့် ကွန်ပျူတာမှာ အဲဒီ အခွေကို my computer မှာ double click မနှိပ်ပဲ XYplorer နဲ့ hidden file တွေရှာကြည့်တော့ ..

AUTORUN.INF

EDC DPROT.ICO

PRO.BAT,

PRO.EXE

VCD_play.exe ဖိုင်တွေကို တွေ့ရပါတယ်။

 

ကိုယ့်ကွန်ပျူတာထဲကို အဲဒီ အချပ် ထည့်လိုက်တာနဲ့ autorun ပြီးတော့ ကိုယ့်ကွန်ပျူတာ  Drive C: ထဲက

boot.ini

IO.SYS

MSDOS.SYS

NTDETECT.COM ဖိုင်တွေရယ် C:\windows ထဲက

system.ini

win.ini

အစရှိတဲ့ ဖိုင်တွေကို ..လုံးဝ DELETE လုပ်ပစ်လိုက်ပါတယ်..။

အဲဒီတော့ windows ကို ပြန်တင်ရင်တင်၊ မတင်ရင် Repair လုပ်၊ မလုပ်ချင်ရင် ..Virus က ဖျက်လိုက်တဲ့ ဖိုင်တွေကို ကော်ပီကူးလိုက်...။ အလုပ်တော့ တော်တော်ရှုပ်ပါတယ်..။ ကြားထဲ့က အခန့်မသင့်ရင် Drive တွေကို Format ချမိပြီး DATA တွေပါ ပျက်ဆီးနိုင်ပါတယ်..။

 

အဲဒီတော့ အဲဒီ သီချင်းခွေကို လုံးဝ  ကွန်ပျူတာနဲ့ ဖွင့်မကြည့်ကြပါနဲ့..။ AUTORUN ကို ပိတ်ထားတဲ့ ကွန်ပျူတာတွေမှာလည်း My Computer ထဲကနေ အဲဒီ သီချင်းခွေထည့်ထားတဲ့ Drive ကို Double Click နှိပ်မိရင် ...ကွန်ပျူတာထဲက system file တွေ အဖျက်ခံရနိုင်ပါတယ်..။ တစ်ခုထူးခြားတာက သူ့ကို AntiVirus Software တော်တော်များများက သတ်ပေးလို့မရပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ DVD, CD ထဲက System File တွေ ဖြစ်နေလို့ပါ ..။ အဲဒါက ပိုအန္တရာယ်ကြီးပါတယ်..။

 

အဲဒီတော့ အဲဒီလိုမဖြစ်အောင် CD/DVD ထဲက System File, Hidden File တွေကိုမြင်ရအောင် အလွယ်တကူ install လုပ်လို့ရတဲ့

XYPLORER ကို ထည့်ထားကြပါ..။ အဲဒီ FILE MANAGER SOFTWARE လေးက windows explorer နဲ့ ပုံစံအတူတူပါပဲ ..။ ဒါပေမယ့် သူက windows explorer မှာ မမြင်ရတဲ့ hidden/ Super Hidden လုပ်ထားတဲ့ဖိုင်တွေအားလုံးနီးပါးကို မြင်ရပြီး hidden ကိုလည်း ဖြုတ်လို့ရပါတယ်..။ သူ့ရဲ့အသုံးဝင်ပုံက  ကွန်ပျူတာနဲ့ ချိတ်ဆက်သမျှ Drive တွေအကုန်လုံးရဲ့ Hidden File တွေကို မြင်ရပါတယ်..။ ပြီးတော့ USB Stick, Memory Card, Hard Disk တွေထဲက ဖိုင်တွေကို ဖျက်လို့ ကူးလို့ရပါတယ်.။

အင်တာနက်မှာ download လုပ်လို့ရတဲ့ ဒီ software လေးက ရက်သုံးဆယ်ပဲသုံးလို့ရပါတယ်..။ ရက်သုံးဆယ်ပြည့်ရင် Uninstall ပြန်လုပ်ပြီး Install ပြန်လုပ်ရင် ရက်သုံးဆယ် ပြန်ရပါတယ်..။ အောက်မှာ ဒေါင်းလုပ် လုပ်ပြီးသုံးကြည့်ကြပါ..။

 

http://www.xyplorer.com/download.php

 

အခု နောက်ဆုံးအင်တာနက်ဂျာနယ်မှာပါလာတဲ့သတင်းအရ အင်တာနက်သီချင်းများစုစည်းမှု (၄) အခွေမှာပါ အဲဒီလို Virus ပါဝင်ကြောင်း သိရပါတယ်..။

DVD, CD ခိုးကူးတဲ့လူတွေက .. သူတို့ကျတော့ သီချင်းတွေကို လက်ရွေးစင်ထုတ် ခိုးကူးပြီး ...တခြားသူတွေ၊ ကွန်ပျူတာအသုံးပြုတဲ့သူတွေက သူတို့ခိုးကူးထားတဲ့သီချင်းတွေကို .. စိတ်ကြိုက်မရွေးချယ်နိုင်၊ မသိမ်းဆည်းနိုင်၊ ပြန်မကူးနိုင်အောင်..

အောက်တန်းကျစွာနဲ့ ဖန်တီးထားတာပါ..။ သူတို့က  Windows System မပါတဲ့ DVD အခွေပွားစက် Duplicator တွေနဲ့သုံးတော့ အဲဒီ Virus ထည့်ထားတဲ့ DVD, CD တွေကို ရာထောင်ချီပြီးပွားနိုင်ပါတယ်..။ သူတို့စက်တွေ မပျက်ပါဘူး ..။  သူတို့ပဲခိုးကူးစားမယ်ဆိုတဲ့သဘောပါ..။

 

September လအတွင်း iPhone 5 ထွက်ရှိလာတော့မည်ဖြစ်
Friday, June 24, 2011
Share |

iPhone 5 coming September


iPhone 5 coming September

Apple မှ အများမျှော်လင့်နေကြသော iPhone 5 အား ယခုလာမည့် September လတွင်ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်းသိရပါတယ်။

ထို့ပြင် Apple မှ အမည်မဖော်လိုသော ပညာရှင်တစ်္ဌးမှ သတင်းဌာနများသို့ ပြောကြားချက်တွင် ယခုထုတ်လုပ်သွားမည့် iPhone 5 တွင် မကြာသေးခင်ကာလအတွင်းထုတ်လုပ်ထားသည့် A5 Processor၊ ယခင် iPhone 4 တွင် 5-megapixel ရှိသော Camera အစား 8- megapixel ရှိ Camera ကိုအသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

ထို့နောက် 0x158င်းမှထပ်မံပြီး Apple မှယခုအခါ iPad များတွင် အသုံးပြုထားသော Screen Resolution ထက်ပိုမိုသာလွန်ကောင်းမွန်သော Screen အရည်အသွေးကိုလည်း စမ်းသပ်နေကြကြောင်း ပြောကြားထားပါတယ်။

စစ်တမ်းကောက်ချက်များအရ Apple ၏ လူကြိုက်အများဆုံးနှင့် ဝင်ငွေအရဆုံး ထုတ်ကုန်မှာ iPhone များဖြစ်နေပြီး ယခုထည့်သွင်းထားသော Processor မှာ ဖုန်းအတွင်းရှိ Program များလျှင်မြန်စွာအလုပ်လုပ်ဆောင်နိုင်စေရန် စီမံထားကြောင်း သိရပါတယ်။

ယခုအချိန်တွင် Apple နှင့် Samsung တို့မှာ ဖုန်းဒီဇိုင်းများတူညီခြင်းကိစ0x081စများကြောင့် ပြဿနာများတက်လျှက်ရှိနေပြီး Android OS အသုံးပြု Samsung ၏ ဖုန်းများမှာလည်း Apple နှင့် တူညီသော နည်းပညာများကို အသုံးပြုထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများအရ ယခုထုတ်လုပ်သွားမည့် iPhone 5 တွင် လွန်ခဲ့သော ရက်ပိုင်းအတွင်းမှ ကြော်ငြာခဲ့သည့် iOS 5 ကို အသုံးပြုသွားမည်ဖြစ်ပြီး ထူးခြားချက်မှာတော့ Apple ဟာ မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် ရည်ရွယ်ကာ ဈေးပေါသော iPhone များထုတ်လုပ်သွားမည်ဟု ကောလဟာလများထွက်ရှိနေကြောင်းကို တင်ပြလိုက်ရပါတယ်။



iPhone မျိုးဆက်သစ် ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

စက်တင်ဘာလတွင် Appleသည် နောက်ထပ် iPhone မျိုးဆက်သစ်ကို စတင်ရောင်းချမည်ဟု သတင်းဌာနများက ဖော်ပြခဲ့
Posted on Jun 24 11 - 09:03 AM | Hits : 302
iPhone မျိုးဆက်သစ် ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

Appleအနေနှင့် iPhone 5ကို ထုတ်လုပ်ရန်န် ပြင်ဆင်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ စက်တင်ဘာလတွင် Appleသည် နောက်ထပ် iPhone မျိုးဆက်သစ်ကို စတင်ရောင်းချမည်ဟု သတင်းဌာနများက ဖော်ပြခဲ့သည်။ ထိုiPhone အသစ်တွင် ပိုမို၍ Resolution ကောင်းမွန်သော ကင်မရာနှင့် မြန်နှုန်းပိုမြင့်သည့် ကွန်ပျူတာ Chipတို့ ပါဝင်လာမည်ဟု ဆိုသည်။ iPhone 5ကို လာမည့် လအနည်းငယ်တွင် Appleက စတင်ရောင်းချမည်ဟု သတင်းများ ကာလရှည်ကြာစွာ ထွက်ပေါ်နေခဲ့ပြီးဖြစ်သည်။ iPhone 5ထွက်လာချိန်တွင်လည်း ယခင်Versionများကဲ့သို့ ဖုန်းအလုံးရေ သန်းပေါင်းများစွာ ရောင်းချရမည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းထားသည်။ Appleသည် ပြီးခဲ့သည့်နှစ် ဇွန်လက iPhone 4ကို စတင်ရောင်းချခဲ့ရာ ၀ယ်လိုအား မြင့်မားလွန်းပြီး Onlineမှ အမှာစာများ လက်ခံရင်း Apple၀က်ဘ်ဆိုက်ပင် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ Appleအနေနှင့် iPhoneသစ်ကို iPhone 5ထက် iPhone 4G သို့မဟုတ် iPhone 4Sအဖြစ် နာမည်ပေးဖွယ် ရှိနေကြောင်းလည်း သတင်းများကဆိုသည်။ ထိုမျိုးဆက်သစ် iPhoneတွင် လက်ရှိ iPhone 4၌ သုံးစွဲနေသည့် 5 megapixel အရည်အသွေးရှိ ကင်မရာအစား 8 megapixel ကင်မရာကို အစားထိုး ထည့်သွင်းပေးဖွယ် ရှိနေသလို Applicationများ Runရာတွင် ပိုမိုလျင်မြန်စေမည့် Processorကိုလည်း ထည့်သွင်းပေးဖွယ် ရှိနေသည်။ ထို့အပြင် Blackberryနှင့် Samsungတို့ကဲ့သို့ ပြိုင်ဖက်များ၏ Android OSကို အရှိန်အဟုန်နှင့် သုံးစွဲလာမှုကို ယှဉ်ပြိုင်ရန် ပိုမိုအဆင့်မြှင့်ထားသည့် iOSကိုပါ ထည့်သွင်းလာဖွယ် ရှိနေကြောင်း သိရသည်။ မျိုးဆက်သစ် iPhoneနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆန်ဖရန်ဆစ္စကိုတွင် ပြုလုပ်မည့် နည်းပညာ ဆွေးနွေးပွဲအတွင်း အမှုဆောင်ချုပ် စတိဗ်ဂျော့ဘ် ကိုယ်တိုင် ကြေညာဖွယ် ရှိနေသည်။ Appleနှင့် နီးစပ်သူများက ဖုန်းအသစ်တွင် မကြာသေးမီကမှ Appleက မိတ်ဆက်ပေးခဲ့သည့် iCloud Softwareလည်း ပါဝင်လာမည်ဟု ပြောကြားထားကြသည်။

Source: DailyMail


iPhone လိုချင်သည့်​ တရုတ်မိန်း​က​လေး​ အပျိုစင်ဘဝနှင့်​ အလဲအလှယ် လုပ်မည်ဟုဆို

Friday, 24 June 2011 23:10
E-mail Print
alt

iPhone4 ကို ရူးသွပ်ကြသူများပြားလာ© dailymail

တရုတ်နိုင်ငံတွင် လူငယ်ပိုင်း​များ​မှာ Appleကုမ္ပဏီထုတ် iPhoneတစ်လုံး​ ပိုင်ဆိုင်နိုင်ရန် အလွန်ရူး​သွပ် ​တောင့်​တ​နေ​လေ့​ ရှိသည်ကို မိန်း​က​လေး​ တစ်ဦး​က သက်​သေပြခဲ့​သည်။

အသက် ၂၀ ဝန်း​ကျင်သာ ရှိ​သေး​သော တရုတ်မိန်း​က​လေး​ တစ်ဦး​သည် Weibo (တရုတ် Versionဖြစ်သည့်​ Twitter)တွင် သူမအ​နေနှင့်​ iPhone 4 တစ်လုံး​ကို ပိုင်ဆိုင်ရန် ဆန္ဒရှိ​နေ​ကြောင်း​၊​ သို့​သော်လည်း​ ဝယ်ယူရန် မတတ်နိုင်သဖြင့်​ ထိုဖုန်း​ကို ဝယ်ယူ​ပေး​သူအား​ သူမ၏ အပျိုစင်ဘဝကို ​ပေး​အပ်ရန် အသင့်​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထိုမိန်း​က​ လေး​က သူမအတွက် iPhone 4တစ်လုံး​ ဝယ်​ပေး​သူ မည်သူနှင့်​မဆို တစ်ညအိပ်မည်ဟု Weiboတွင် ​ရေး​သား​ခဲ့​သည်။ ဂွမ်​ဒေါင်း​တွင် ​ နေထိုင်​သော မိန်း​က​လေး​က သူမသည် iPhone 4ကို အလွန်နှစ်သက်ပြီး​ လိုချင်​နေမိ​ကြောင်း​လည်း​ ဝန်ခံထား​သည်။ သို့​သော်လည်း​ သူမ၏ Post​အောက်တွင် အများ​စုက မပြုလုပ်သင့်​သည့်​ ရူး​မိုက်​သော ကမ်း​လှမ်း​မှု တစ်ခုဟာ ​ဝေဖန်​ရေး​သား​ခဲ့​သည်။

ထို့​အပြင် အခြား​သော အဆင်အခြင် နည်း​ပါး​သည့်​ မိန်း​က​လေး​ငယ်များ​လည်း​ အလား​တူ လုပ်ရပ်မျိုး​ ပြုလုပ်လာမည်ကို အချို့​က စိုး​ရိမ်​ နေကြသည်။ ပြီး​ခဲ့​သည့်​ ဧပြီလကလည်း​ တရုတ်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် လူငယ်​လေး​ တစ်ဦး​သည် Apple၏ ထုတ်လုပ်သည့်​ Tablet ကွန်ပျူတာ iPad 2အား​ ဝယ်ယူနိုင်ရန် ၎င်း၏ ​ကျောက်ကပ် တစ်လုံး​ကို ခွဲထုတ်​ရောင်း​စား​ခဲ့​ကြောင်း​ သိရှိရသည်။



Nokia ၏ပထမဦးဆုံး Windows Phone သတင်းများထွက်ပေါ်

Saturday, June 25, 2011
Share |

Nokia’s First Windows Phone


Nokia’s First Windows Phone

Nokia မှ 0x158င်းတို့၏ ပထမဦးဆုံး Windows Phone 7 ဖြင့် အသုံးပြုမည့် mobile ဖုန်းအား ထုတ်ဖော်ပြသသွားခဲ့ပြီ ဖြစ်ပါတယ်။

Code name အနေဖြင့် Sea Ray ဟုခေါ်ဆိုမည့် အဆိုပါmobile ဖုန်းမှာ Nokia ၏Microsoft နှင့် သဘောတူညီမှုရယူထားသည့် အတိုင်း Windows Phone အမြောက်အမြားထုတ်လုပ်မည့် အစီအစဉ်၏ အစပဲဖြစ်ပါတယ်။

ယခုသတင်းအား ဟန်ဂေရီ အခြေစိုက် blog တစ်ခုမှနေ၍ Nokia ၏ CEO ဖြစ်သူ Steven Elop မှ ထို Windows Phone အား 0x158င်း၏ ဝန်ထမ်းများသို့ပြသနေပုံ video နှင့် photo များကိုပြသထားပါတယ်။

သတင်းများအရ ယခုထုတ်လုပ်သွားမည့် Sea Ray ဖုန်းမှာ Nokia မှ မကြာသေးခင်အချိန်တွင်မှ ထုတ်လုပ်ခဲ့သည့် Nokia N9 နှင့် အနည်းငယ်တူညီသော်လည်း N9 မှာ MeeGo OS ကိုအသုံးပြုထားကာ ကုမ0x081ပဏီမှလည်း စမ်းသပ်သော model တစ်ခုသာဖြစ်သောကြောင့် ယခုကဲ့သို့ OS အသစ်အသုံးပြုသော model အသစ်ကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်။

ယခုဖုန်းမှာ N9 နှင့်တူသည်ဟု ခန့်မှန်းထားကြသည့်အတွက် ပါဝင်အသုံးပြုထားမည့် ပစ0x081စည်းများမှာ 1GHz Processor၊ 3.9 လက်မရှိပြီး resolution 854×480 ရှိသော AMOLED မြင်ကွင်း၊ အခြစ်ရာ/ အစင်းရာ လုံးဝမပေါ်မည့် နည်းပညာ နှင့် သိုလှောင်မှုပမာဏမှာတော့ 16GB သို့မဟုတ် 64GB ရှိနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။

ယခုကဲ့သို့ ပါဝင်လာနိုင်မည်ဟုခန့်မှန်းထားသော ပစ0x081စည်းများကြောင့် ပညာရှင်အများစုမှ အံအားသင့်နေကြပြီးပုံမှန်အားဖြင့် Windows Phone များမှာ 8GB သို့မဟုတ် 16GB သာရှိကြောင်းနှင့် Processor ကိုလည်း Dual-Core များ အသုံးပြုလေ့ရှိသောကြောင့်ပဲဖြစ်ပြီး Sea Ray မှာ မည်သည့် ပစ0x081စည်းများကို အသုံးပြုသွားမလဲဆိုတာကတော့ မသေချာသေးပါဘူး။

Video ထဲတွင် ဖော်ပြထားချက်အရ Elop ဟာ 0x158င်း၏ ဝန်ထမ်းများအား Windows OS အသုံးပြုနောက်ထပ်ဖုန်းများရှိကြောင်း ပြောကြားခဲ့တဲ့အတွက် Sea Ray ဟာ ယခုနှစ်အတွင်း Nokia မှ ထုတ်လုပ်မည့် တစ်ခုတည်းသော Windows Phone ဖြစ်နိုမှာ မဟုတ်တာတော့ အသေအချာပဲဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

အင်္ဂလိပ်ဘာသာစကားကနေ မြန်မာဘာသာကို ပြန်လို့ရတဲ့ Sites ၄ ခုပါ။

အင်္ဂလိပ်ဘာသာစကားကနေ မြန်မာဘာသာကို ပြန်လို့ရတဲ့ Sites ၄ ခုပါ။ လိုအပ်ရင် Links ယူထားလိုက်ကြပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်။http://en.my-mm.org      http://www.ornagai.com     www.planet.com.mm/dictionary   http://www.myordbok.com   



Google မှ ဂိမ်းများထုတ်လုပ်သွားနိုင်ချေရှိ
Saturday, June 25, 2011
Share |

‘Games at Google’ ?


‘Games at Google’ ?

အင်တာနက်အသုံးပြုသူများအနေဖြင့် သိပ်မကြာသေးသောကာလအတွင်း Google ဟာ ဂိမ်းများနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုပြုလုပ်နေတယ်လို့သိကြလိမ့်မယ်လို့ထင်ပါတယ်။

Google ဟာ0x158င်းတို့၏ Web Browser တစ်ခုဖြစ်သော Chrome အတွင်း Game Store တစ်ခုအား ၂၀၁၀ ခုနစ် မေလအတွင်း ပြလုပ်ခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်ပြီး ၂ လအကြာတွင်တော့ Farmville ဂိမ်းကိုထုတ်လုပ်သော Zynga သို့ ကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၀ ကြား ရင်နှီးမြုပ်နှံမှုတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။

ထိုကဲ့သို့ ရင်နှီးမြုပ်နှံမှုများ ပြုလုပ်အပြီးတွင် Google ဟာ 0x158င်းတို့ကိုယ်ပိုင် Social Network ဂိမ်းတစ်ခုထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ကောလဟာများထွက်ရှိခဲ့ပါတယ်။

ယခုအခါတွင်တော့ ထိုစဉ်အချိန်မှထွက်ရှိခဲ့သော သတင်းများကို အတည်ပြုစေမယ့် Google ရဲ့ လုပ်ဆောင်ချက်ကတော့ 0x158င်းတို့ဟာ Game နှင်  ပတ်သက်သော Product Manager တစ်ယောက်အားခေါ်ယူသွားမည်ဟု အလုပ်ခေါ်ထားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

အလုပ်ခေါ်ချက်တွင် ဖော်ပြထားချက်အရ Product Manager မှာ ဂိမ်းတစ်ခုအား အောင်မြင်စေရန် စွမ်းဆောင်နိုင်ရမည်ဖြစ်ပြီး၊ လုပ်ငန်းအသစ်ဖြစ်သည့်အတွက် ထိုးဖောက်လုပ်ဆောင်နိုင်စွမ်းရှိရမှာဖြစ်ကြောင်း သိရပါတယ်။

Google ဟာလက်ရှိအချိန်တွင်လည်း 0x158င်းတို့၏ Google Chrome Browser အတွင်း ဂိမ်းများအတွက် လူကြိုက်များလျှက်ရှိနေပြီး လတ်တလောအချိန်တွင် နာမည်ကြီး Angry Birds ဂိမ်းအား ပထမဦးဆုံး Windows ပေါ်တွင် ကစားနိုင်ရန် ပြုလုပ်ခဲ့ပြီး online သာမက offline သာကစားနိုင်ခြင်းဟာ အဓိကအားသာချက်ပင်ဖြစ်ကြောင်း ဖော်ပြုလိုက်ရပါတယ်။



EA မှ နာမည်ကျော် PopCap games အားဝယ်ယူသွားနိုင်
Friday, June 24, 2011
Share |


EA to buy PopCap games?


EA to buy PopCap games?

Planet vs Zombie နှင့် အခြား နာမည်ကျော် mobile ဂိမ်းများကို ထုတ်လုပ်လျှက်ရှိသော PopCap games အား ယခုအခါတွင် ကန်ဒေါ်လာ ၁ ဘီလီယံဖြင့်ရောင်းချမည့် အစီအစဉ်ဖြစ်နေကြောင်း သိရပါတယ်။

အဆိုပါ သတင်းအား Tech Crunch မှ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုဖော်ပြချက်ထဲတွင် ယခုကဲ့သို့ PopCap games အား ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူသွားမည့် ကုမ0x081ပဏီမှာ အခြားမဟုတ်ပဲ နာမည်ကျော် Electronics Arts (EA) မှဖြစ်ကြောင်း၊ ထွက်ရှိလာသော သတင်းမှာ မှန်ကန်ခဲ့ပါက EA အနေဖြင့် စွန့်စားမှုတစ်ရပ်ပင်ဖြစ်ကြောင်း သိရပါတယ်။

EA ၏ပေးချေရမည့်ငွေပမာဏမှာ 0x158င်းတို့အတွက် အလွန်များပြားနေပြီး ယခုတန်ဖိုးမှာ EA ဈေးကွက်၏ ၁၃ ရာခိုင်နှုန်းအမြတ်ငွေနှင့် ညီမျှကြောင်း သိရပါတယ်။

ပညာရှင်များမှ ခန့်မှန်းထားချက်များအရ EA မှာယခုအခါတွင် Hardcore ဂိမ်းများမှ ရုန်းထွက်ရန် ကြိုးစားနေပြီး တစ်ဖန် mobile ဂိမ်းများဘက်ကိုလည်း ခြေဦးလှည့်ရန် ကြံစည်နေကြောင်း၊ 0x158င်းတို့ရည်ရွယ်ချက်များပြည့်မြောက်ရန်မှာလည်း Plant vs Zombies၊ Peggle၊ Bejeweled အစရှိသော mobile ဂိမ်းများကို ထုတ်လုပ်နေသော PopCap games အားဝယ်ယူသွားခြင်းမှ လွဲ၍ ဈေးကွက်အားထိုးဖောက်ရန် မလွယ်ကူကြောင်း သိရပါတယ်။

PopCap games မှာ အဆိုပါ နာမည်ကြီး mobile ဂိမ်းများသာမက Zuma၊ Insaniquarium နှင့် Bookworm Adventures ကဲ့သို့သော လူများစွာကစားသော ဂိမ်းများကိုလည်း အောင်မြင်စွာထုတ်လုပ်ထားပြီး Tech Crunch ၏ အဆိုအရ ကုမ0x081ပဏီ ၏ တစ်နှစ်ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၁၀၀ မှ သန်း ၁၅၀ ထိရှိကြောင်းသိရပါတယ်။

သတင်းများသာ မှန်ကန်ခဲ့ပါက EA ၏ ယခုကဲ့သို့ mobile ဂိမ်းကုမ0x081ပဏီတစ်ခုအား ဝယ်ယူမှုမှာ ပထမဆုံးဖြစ်လာမည်မဟုတ်ပဲ ၂၀၀၉ ခုနှစ်အတွင်းကလည်း Playfish ကုမ0x081ပဏီအား ကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် ဝယ်ယူခဲ့ပြီး၊ ၂၀၁၀ ခုနှစ်အတွင်းတွင် iPhone အတွင်းရှိ လူအများဆုံး ကစားခဲ့သော Angry Brids ဂိမ်းအားထုတ်လုပ်ခဲ့သည့် Chillingo ကိုလည်း ကန်ဒေါ်လာ သန်း ၂၀ ဖြင့်ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။


Solving Unidentified Network Problem in Windows 7

PostAuthorIconWritten by Thurein

Windows 7 မှာ Unidentified Network icon ကို မြင်မြင်နေရတာ အတော်ကို စိတ်မချမ်းသာစရာ ကောင်းတဲ့ကိစ္စပါပဲ။ ကျွန်တော် သတိထားမိသလောက်ကတော့ IP နဲ့ Subnet လောက်ပဲ ထည့်ထားပြီး Gateway မပါဘူးဆိုရင် သူက unidentified လို့ ပြတယ်။ IP,Subnet,Gateway,DNS အကုန်ထည့်ထားပေမယ့် Gateway သို့မဟုတ် DNS နဲ့ Connection မမိဘူးဆိုရင်လည်း သူက unidentified network ဆိုပြီး ပေါ်တတ်ပါတယ်။ အများအားဖြင့် ADSL လိုင်းတွေမှာဆိုရင် DNS Server တွေဟာ Request time out များတဲ့အတွက် အင်တာနက်ရနေသော်လည်းပဲ Unidentified network လို့ ပေါ်တတ်ပါတယ်။

တစ်ရက်က ကြုံခဲ့တာလေးပေါ့။ ကွန်ပျူတာကိုဖွင့်လိုက်ပါတယ်။ Unidentified Network ပြနေတယ်။ Google ဖွင့်ကြည့်တော့လည်း မတတ်ဘူး။ ဘယ့်နှယ် တခြားကွန်ပျူတာတွေက Connection ရပြီး သူက မရဘူးဖြစ်နေတာကိုး။  IP ကလည်း DHCP နဲ့ ယူထားတာ။ IP တွေဘာတွေလည်း ကျတယ်။ ဒါပေမဲ့ Internet မရဘူး ဖြစ်နေတာ။ အဲဒါနဲ့ Network Adapter ကို Disable လုပ်လိုက်တယ်။ ပြီးတော့ Enable ပြန်လုပ်လိုက်တယ်။ ပြန်ကောင်းသွားတယ်။ ဒါပေမဲ့ အဲဒီ ကွန်ပျူတာ ဖွင့်တိုင်းဖွင့်တိုင်း Network Adapter ကို Disable/Enable လုပ်ပေးနေရတယ်။ အဲဒီလို မလုပ်ရင် Internet က မရဘူး။

ဘာကြောင့်ဖြစ်တာပါလိမ့်ဆိုပြီး Google မှာ သည်းကြီးမည်းကြီး ရှာကြည့်ပါတယ်။ ထုံးစံအတိုင်းပဲ အမျိုးမျိုး ပြောကြတာပါပဲ။ IPv6 ကို Disable လုပ်ကြည့်ပါလားလို့၊ Driver Update လုပ်ပါလားလို့ ဘာတို့ စသည်ဖြင့် စုံနေတာပါပဲ။ နောက်ဆုံးမှ Forum တစ်ခုတည်းမှာ ကိုယ့်လိုမျိုးဖြစ်တဲ့ လူတစ်ယောက်က မေးထားတာလေးကို တွေ့လို့ ၀င်ဖတ်ကြည့်လိုက်တော့ အဖြေကို တွေ့ရပါတော့တယ်။

Service တစ်ခုကို ပိတ်ပစ်လိုက်ရုံပါပဲတဲ့။ ဘယ် service လည်းဆိုတော့ ##ID_String..... ဆိုတဲ့ service ကိုပါတဲ့။ အဲ ကိုယ်လည်း အဲဒီ service ကို ခဏခဏ တွေ့နေရပါတယ်။ Microsoft ရဲ့ Service တော့ မဟုတ်ပါဘူး။ Apple ရဲ့ service ပါ။ QuickTime တင်လိုက်ရင် သူကပါ ပါပါလာတာလေ။ C:\Program Files\Bonjour\mDNSresponder.exe နဲ့ တွဲပြီး အလုပ်လုပ်တာပါ။ Wikipedia ရဲ့အဆိုအရ Apple က Mac OSX မှာ Network Setup အတွက် Configuration လုပ်စရာ မလိုအောင် အဲဒီ Software ကို အသုံးပြုတယ်လို့ ပြောထားတာပါပဲ။ လောလောဆယ်တော့ သူက တော်တော် ပြဿနာပေးတဲ့ services ကြီး ဖြစ်နေတာပေါ့။

အဲဒါနဲ့ပဲ ##ID_Sting.... service ကို Manual တောင် မဟုတ်ဘူး။ စိတ်နာလွန်းလို့ Disabled တောင် သတ်မှတ်လိုက်တာ ကောင်းသွားပါရောလား။


ဆိုက်ဘာကဖီး(သို့ )အင်တာနက်ဆိုင်ဖွင့်ကြည့်ရအောင်။(၁)



အင်တာနက်ဆိုင်ဆိုတဲ့ဆိုက်ဘာကဖီးဆိုင်ဖွင့်တယ်ဆိုတာလက်ရှိမြန်မာပြည်မှာ
ရေပန်းအစားဆုံးနဲ့ ခေတ်အမီဆုံးလုပ်ငန်းတစ်ခုဆိုရင်မမှားပါဘူး။
ဒါကြောင့်အွန်လိုင်းမှာမေးလာကြတဲ့သူငယ်ချင်းတွေအတွက်ဆိုင်ကိုဘယ်လိုစီစဉ်ဖွင့်လှစ်ရင်
ကောင်းမလဲဆိုတာလုပ်ခဲ့တဲ့အတွေ့ အကြုံနဲ့ အင်တာနက်မှာရှာဖွေပြီးသိသလောက် ဖော်ပြလိုက်ပါတယ်။
အရင်ကျွန်တော်အင်တာနက်ဆိုင်ဖွင့်တုန်းကလွယ်ကူမယ်ထင်ခဲ့ပါတယ်နောက်ပိုင်းလုပ်
ကြည့်မှအတော်အလုပ်ရှုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတွေ့ ခဲ့ရပါတယ်။

၁။အင်တာနက်ဆိုင်ဖွင့်ဖို့ ပထမဦးစွာလိုအပ်တာကတော့စိတ်တိုတတ်တာတွေ။စိတ်မရှည်မှု့ 
တွေကိုအရင်ဦးစွာလျှော့ရပါ့မယ်။ဥပမာ(ခပ်တည်တည်လာပြီးဂျီတော့ခ်။ဂျီမေးလ်မသုံးတတ်
တာ။သူတို့ တို့ ဘာသာကလိကြပြီး ဆိုင်ကလူကိုလာမေးတတ်တာတွေမျိုးပေါ့)

အင်တာနက်ဆိုင်အတော်များများဟာ။များသောအားဖြင့်ဂိမ်း(Game)ဆိုင်နဲ့ တွဲထားတတ်
ကြပါတယ်။(Game)ဂိမ်းဆော့တဲ့သူတွေကအုပ်လိုက်လာအော်ဟစ်ကြတာတွေရှိပါတယ်များ
သောအားဖြင့်ပေါ့လေ။အင်တာနက်သုံးတဲ့သူတွေကတော့အေးဆေးစွာသုံးချင်ကြတာများပါ
တယ်။ဆူညံတဲ့ဂိမ်းနဲ့ အင်တာနက်ကိုတွဲဖွင့်မယ်ဆိုရင်အခန်းကိုကန့် ထားသင့်ပါတယ်။
အမှန်ဆိုအင်တာနက်သုံးတဲ့စက်တွေမှာကွန်ပျူတာအရည်အသွေး(Performance)
ဟာဂိမ်းဆော့တဲ့ စက်တွေလောက်တပ်ဆင်စရာမလိုအပ်ပါဘူး။ဘာလို့ လည်းဆိုတော့
အင်တာနက်သုံးသူအတော်များများဟာချက်တင်ထိုင်။စာဖတ်။သတင်းကြည့်။ဖိုရမ်လို့ ခေါ်တဲ့
ဆိုရှယ်နက်ဝပ်တွေ။အများဆုံးလိုအပ်ရင်သူတို့ လိုချင်တဲ့ဖိုင်တွေကိုဒေါင်းလုပ်လုပ်တာ
လောက်တင်ဖြစ်နေတတ်လို့ ပါ။ အင်တာနက်ဆိုင်ရှင်အတော်များများဟာအင်တာနက်သုံးဖို့ အတွက်စက်တွေကို
ဂိမ်းဆော့တဲ့စက်တွေကဲ့သို အရည်အသွေ့း(Performance)ကောင်းစွာတပ်ဆင်လေ့ရှိပါတယ်။
ကွန်ပျူတာတွေကိုအရည်အသွေးကောင်းအောင်ဆင်ရင်တပ်ဆင်သလောက်ငွေကုန်ကြေးကျ
များပြီးပျက်စီးပါကလည်းငွေကြေးပိုကုန်ကျတဲ့အတွက်အရင်းများပြီးအမြတ်မရှိဖြစ်တတ်ကြပါတယ်။
အမှန်ဆို အင်တာနက်သုံးဖို့ စက်က

CPU = 2 Ghz
MEMORY = 1Ghz
HDD = 80Gb

VGA = 64 Mb

လောက်ဆိုလုံလောက်စွာသုံးစွဲနိုင်ပါတယ်။

အင်တာနက်ဆိုင်တစ်ခုမှာလူမသိသူမသိအရေးကြီးတာတွေရှိပါတယ်။ဒါတွေကတော့

အင်တာနက်အသုံးပြုဖို့ နေရာကိုတတ်နိုင်ရင်ကိုယ်သုံးနေတာကိုတခြားလူအလွယ်တကူ
မမြင်ရအောင်လုပ်ထားသင့်ပါတယ်။ဘာလို့ လည်းဆိုတော့အင်တာနက်သုံးစွဲသူအတော်
များများဟာသူတို့ ရဲ့
ကိုယ်ရေးကိုယ်တာတွေ။စိတ်ခံစားချက်တွေကိုတစ်ခါတစ်လေအွန်လိုင်းမှာဖော်ပြတတ်ကြပါတယ်
ကိုယ်သုံးနေတာတခြားလူမမြင်တဲ့အတွက်ဘေးကလူအတွက်လည်းအနှောင့်အယှက်။
မဖြစ်တော့ပါဘူး

အင်တာနက်ကွန်ပျူတာတပ်ဆင်ရာမှာ Keyboard နဲ့  Mouseကိုအကောင်းဆုံးကိုတပ်ဆင်သင့်ပါတယ်
ဘာလို့ လည်းဆိုတော့ဆိုင်အတော်များများဟာ
စက်ကကောင်းနေတတ်ပြီး Keyboard နဲ့  Mouse ကိုသာမန်ဈေးပေါတာတပ်ကြပြီးခနခနပျက်ပါကအသုံးပြုသူ
စိတ်ညစ်စေတတ်ပြီးနောက်တစ်ခါမလာချင်စိတ်ဖြစ်တတ်ပါတယ်။

နောက်ထိုင်ခုံတွေကိုသက်တောင့်သက်သာရှိတဲ့ခုံတွေအသုံးပြုသင့်ပါတယ်သက်တောင့်
သက်သာမရှိတဲ့ခုံတွေဟာလာသုံးတဲ့သူတွေကိုပြန်ပါတော့လို့ နှင်ထုတ်နေသလိုပါဘဲ။
တတ်နိုင်ရင်ရွှေပြောင်းရလွယ်ပြီးနေရာမယူတဲ့ခုံမျိုးကိုအသုံးပြုသင့်ပါတယ်။
အင်တာနက်ဆိုင်အခန်းကိုအေးစိမ့်စွာထားသင့်ပါတယ်။အရမ်းအေးရင်လည်းပြင်ပအပူချိုန်နဲ့ 
ကွာပြီးလူကိုထိခိုက်စေနိုင်ပါတယ်။နေပူထဲကလာတဲ့သူ။မိုးရွှာထဲကလာတဲ့သူအတွက်အန္တရယ်
ရှိနိုင်ပါတယ်။
နောက်ကွန်ပျူတာတွေကို အပူထွက်နည်းပြီးပါဝါစားသက်သာတဲ့ပစ္စည်းတွေကိုအသုံးပြုသင့်ပါတယ်။
ဥပမာ ။ CRT မော်နီတာနေရာမှာ LCD မော်နီတာသုံးတာမျိုး ပုံစံပေါ့။
နည်းနည်းလေးသက်သာပေမဲ့အရေအတွက်ကိုအများကြီးသုံးတာဖြစ်တဲ့အတွက်အများ
ကြီးသက်သာစေပါတယ်။
ဒါကြောင့်မီးပျက်တဲ့အချိုန်မှာမီးစက်နဲ့ အသုံးပြုရင်အဆင်ပြေမှာဖြစ်သလို
လစဉ်မီတာခလျှော့ကျတဲ့အတွက်သင်ဝမ်းသာပါလိမ့်မယ်။
နောက်ဆိုင်မှာထားတဲ့ဝန်ထမ်းတွေကလည်းစိတ်ရှည်ပြီးသဘောကောင်းတာရွှေး
ခန့် သင့်ပါတယ်။ဝန်ထမ်းကသူ့ ဘာသူချက်တင်တက်အဆင်မပြေလို့ မေးတဲ့အခါ
အော်ငေါက်တာနဲ့ ဆိုသင့်ဆိုင်နာမည်ကျပါလိမ့်မယ်။

နောက်တစ်ခုကအင်တာနက်ဆိုင်ကကောင်တာမှာထားတဲ့ဆာဗာအကြောင်းပါ။
အင်တာနက်ဆိုင်တွေမှာကောင်တာမှာထားတဲ့ဆာဗာကွန်ပျူတာတွေကို….

Advanced_SystemCare_Pro_4.0.1.204_Portable


 

ဒီတစ်ခါကျွန်တော်တို့ System Care လေးကို Portable လေးနဲ့သုံးကြည့်ရအောင်ဗျာ။ကီးလေးပါထည့်ပေး

ထားပါတယ်။Skin လေးတွေလည်း (၁၀)မျိုးလောက်ပါပါတယ် ။အားလုံးပဲအဆင်ပြေပါစေခင်ဗျာ.....


သူ့ရဲ့Function လေးတွေကတော့တော်တော်စုံပါတယ်။ကျွန်တော့်တိုရဲ့PCမှာရှိတဲ့Malware တွေ၊အသုံး

မလိုတော့တဲ့ဖိုင်တွေRegistry Error တွေကိုရှင်းပေးခြင်း ၊ Fix လုပ်ပေးခြင်းတို့ကိုပြုလုပ်ပေးမှာ

ဖြစ်ပါတယ်.။Quick Care နဲ့ Deep Care ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်..။

Key လေးကိုပုံမှန်အတိုင်းထည့်လို့ Invial ဖြစ်နေတယ်ဆိုရင်မိမိတို့သုံးနေတဲ့ Connection ကိုခဏဖြုတ်

ပေးလိုက်ပါ..။Key ထည့်ပြီးတော့မှနက်ပြန်ချိတ်ကြည့်ပေးပါ။ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ ...........

 



 



Hide Folders v3.7.4.651 +crack

 

ဒီကောင်လေးကအဟောင်းလေးပါပဲ ဒါပေမယ့်တော်တော်လေးကိုအသုံးဝင်ပါတယ်။ကျွန်တော်တို့ဖွက်

ချင်တဲ့ဖိုင်တွေ ကို ကျွန်တော်တို့ဒီ software လေးကိုသုံးပြီး function လေးမျိုးပြုလုပ်လို့ရပါတယ်။

Hide, Lock, Hide & Lock, Read Only ဆိုပြီး ၄မျိုးအသုံးပြုလို့ရပါတယ်။ Add ကနေပြီးကိုယ်လိုချင်တဲ့ Folder လေးကိုရွေးမယ် ပြီးရင် အမျိုးအစားသတ်မှတ်မယ်။ပြီးရင်တော့ Enable လုပ်ပေးလိုက်ရုံပါပဲ။


ဒါပေမယ့်တစ်ခုရှိတာက ကျွန်တော်တို့ Tools ထဲကနေပြီးတော့ change password မှာကျွန်တော်တို့ password လေးတော့ဝင်ဖြည့်ပေးဖို့လိုပါတယ်။ မဖြည့်ထားရင်တော့ဒီအတိုင်းပဲပေါ်နေမှာပါ။ကျွန်တော်

သုံးနေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါခင်ဗျာ။

 

Downloading From Ifile.it

 

Downloading From Ziddu

 

Downloading From Mediafire



The World's Most Beautiful Buildings..

Click here to join nidokidos

Click here to join nidokidos
Museo Guggenheim in the northern Spanish city of Bilbao, opened in 1997, is one of the most influential and striking buildings in modern architecture. With its ribbon-like sheets of titanium and its collection of interconnecting blocks, the museum gives a nod to Bilbao's industrialism but also to the saucer-like curves of Frank Lloyd Wright's Solomon R Guggenheim Museum in New York.

2. Potala Palace, Tibet
Click here to join nidokidos

Click here to join nidokidos
Perched high above the holy city of Lhasa is the former seat of the Tibetan government and the winter residence of the Dalai Lama. More notable now for its imposing presence than its residents, this huge construction is 13 stories high, contains thousands of rooms, and is styled like a traditional Buddhist gompa (temple), if significantly more elaborate. More than 7,000 workers were said to have been involved in its construction during the 7th century AD.Potala Palace is now a state museum of China, and has been given a place on the UNESCO World Heritage list.

3. Bibliotheca Alexandrina, Egypt
Click here to join nidokidos
Between the ancient pyramids and the Bibliotheca Alexandrina, Egypt now has the best of old and new. Like a giant discus landed at an angle or an enormous light switch, Alexandria's oceanfront library is arguably the first great design of the new millennium. Completed in 2002, it's inspired by the original Alexandrina library, founded in the 3rd century BC and acclaimed as the greatest of all classical institutions. The building's sloped design represents a second sun rising beside the Mediterranean. The vast rotunda space can hold eight million books.

4. La Sagrada Familia, Spain
Click here to join nidokidos
Surely the most extraordinary church on the planet, from the mind of one of history's most eccentric designers: Antoni Gaudí. With its tapering towers like the straightened arms of an octopus, construction of Sagrada Família began in 1882, though Gaudí's vision was so complex that the church is still unfinished. It will ultimately feature three façades and 18 towers, the tallest of them (557 feet) representing Jesus Christ.

5. Taj Mahal, India
Click here to join nidokidos

Click here to join nidokidos
The Taj Mahal in Agra was built by Emperor Shah Jahan as a memorial for his second wife, Mumtaz Mahal, who died giving birth to their 14th child in 1631.

6. Imam Mosque, Iran
Click here to join nidokidos

Click here to join nidokidos

Click here to join nidokidos
Headlining beside one of the world's largest squares, Esfahan's Imam Mosque is a tiled wonder. Completely covered, inside and out, with pale blue and yellow ceramic tiles (which are an Esfahan trademark), it's a stunning 17th-century mosque, with its tiles seeming to change color depending on the light conditions. The main dome is 177-feet high and intricately patterned in a stylized floral mosaic, while the magnificent 90-foot high portal is a supreme example of architectural styles from the Safavid period (1502-1772). The mosque sits askew to the square, at about 45 degrees, so that it faces Mecca.

7. Winter Palace, Russia
Click here to join nidokidos
Best known as the outer casing for the remarkable State Hermitage Museum, this pistachio-colored gem on the banks of the Neva River in St Petersburg was designed by Francesco Bartolomeo Rastrelli as the winter residence of the Russian tsars. Filling an entire block, it bears all the whimsy and ornamentation of the baroque period, and statues line its roof edges like divers about to plunge into the Neva. Little wonder it should be the showpiece of a city built specifically to highlight that Russia could match the architectural beauty of Europe.

8. Crac des Chevaliers, Syria
Click here to join nidokidos

Click here to join nidokidos
Described by TE Lawrence as the 'finest castle in the world', this hilltop Crusader fortress might be 800 years old but, like a good botox treatment, stands tight and taut against the ravages of time. It's the classic blueprint of a medieval castle, its thick outer walls separated from the inner structure by a moat dug out of the rock. Inside, it's a minitown, complete with a chapel, baths, a great hall and a Gothic loggia. The most visible sign of aging is the vegetation that grows from its walls; nothing a good shave wouldn't fix.

9. Museu Oscar Niemeyer, Brazil
Click here to join nidokidos
Designed by Oscar Niemeyer, the celebrated architect behind the creation of the Brazilian capital, BrasĂ­lia, the Museu Oscar Niemeyer in Curitiba will test your view of aesthetics. Like all great buildings - and probably more so - the art museum's appearance has an element of love-it-or-hate-it, with its main gallery shaped like a reflective glass eye, balancing atop a yellow support, and approached on curving ramps above a pool of water. Once inside the building commonly called the 'Eye Museum', you'll see that every aspect of the museum's design seems to marry beauty with whimsy.

10. Hagia Sophia, Turkey
Click here to join nidokidos

Click here to join nidokidos
Aya Sofya (or Hagia Sophia) is the great architectural landmark at the heart of Istanbul, with its four minarets poised like moon-bound rockets. Constructed in the 6th century AD as an Orthodox church, it later became a mosque and, since 1935, a museum. The enormous structure was built in just five years, and its musk walls are topped by an imposing dome, 101-feet wide and 183-feet high. The dome's base is ringed by windows, so that from within the structure, the dome seems almost to hover ethereally above the building.





--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,
http://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442?sk=wall


slip
http://www.meepyatite.info/


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@gmail.com.


7.JPG
10.JPG
1-a.JPG
1.JPG
2-a.JPG
8.JPG
6-b.JPG
4.JPG
5.JPG
10-a.JPG
9.JPG
3.JPG
5-a.JPG
2.JPG
6.JPG
8-a.JPG
6-a.JPG
Reply all
Reply to author
Forward
0 new messages