အိမ်ဖော်မိန်းကလေးငယ် တစ်ဦးအား ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူ အိမ်ရှင်အမျိုးသမီးအား သူတစ်ပါးကို အပြင်းအထန်နာကျင်စေသော ညှင်းပန်းနှိပ်စက်မှုဖြင့် ပန်းဘဲတန်းမြို့နယ်တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းရှိ ဦး---၏ နေအိမ်တွင် ပြင်ပမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာဒဏ်ချက်များဖြင့် ရောက်ရှိနေထိုင်နေကြောင်း လမ်းသူလမ်းသားများမှ ရပ်ကွက်ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့ကြောင်း၊ ရပ်ကွက် ဥက္ကဋ္ဌမှတစ်ဆင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံ ဆက်လက်အကြောင်း ကြားခဲ့ပြီး ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ရက် နေ့ညက အဆိုပါနေအိမ်ကို ဧည့်စာရင်း ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေအိမ်တွင် နေထိုင်သူ ဦး----နှင့် ဒေါ်----တို့မှာ ဧည့်စာရင်းဖြင့် နေထိုင်သူများဖြစ်ပြီး ဧည့်စာရင်းမှာ ရက်ကျော် နေပြီဖြစ်ကာ အထက်ပါမိန်းကလေးငယ်ကိုလည်း ဧည့်စာရင်းမတိုင်ဘဲ နေထိုင်စေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းတို့သုံးဦးအား ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ခေါ်ဆောင်၍ ဖြစ်စဉ်ကိုမေးမြန်းကြည့်ခဲ့ရာ အဆိုပါမိန်းကလေးငယ်အား ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အလယ်ဘလောက်)၊ ငါးလွှာတွင် နေထိုင်သူ ဒေါ်---- က ဦးခေါင်း၊ မျက်နှာ နှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများ ရရှိအောင်ပြုလုပ်ခဲ့ပြီး သာကေတမြို့ နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းရှိ ညီမဖြစ်သူ၏နေအိမ်သို့ မိန်းကလေးငယ်အား ပို့ဆောင် ထားစဉ် ယခုကဲ့သို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ညှင်းပန်းနှိပ်စက်ခံထားရသူ မိန်းကလေးငယ်၏ ထွက်ဆိုချက်များအရ ၎င်းမှာ ပဲခူးမြို့တွင် နေထိုင် သူဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ခြောက်လခန့်မှ စတင်၍ ပန်းဘဲတန်းမြို့ နယ်၊ ၂၇လမ်း (အလယ်ဘလောက်)၊ ငါးလွှာတွင် နေထိုင်သူ ဒေါ်--- နေအိမ်တွင် အိမ်ဖော်အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ၀င်ရောက်လုပ်ကိုင်နေစဉ် ကာလအတွင်း မိန်းကလေးငယ် အား ဒေါ်---- က သုံးကြိမ်ခန့် ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းခြင်း၊ ပေါင်အား ဘရိတ်ဓားဖြင့် မွှန်းခြင်း၊ သနပ်ခါးတုံးဖြင့် ဦးခေါင်းကို ရိုက်ခြင်း၊ အပ်ဖြင့်ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ငရုတ်ကျည်ပွေ့ဖြင့် ခေါင်းကိုထုခြင်းများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရှိရသည်။ ထို့ပြင် မိန်းကလေးငယ်အား ဆေးကုသမပေးဘဲ နှိပ်စက်မှုပြုလုပ်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောမည်ဆိုပါက သုံးပိုင်းပိုင်း၍ သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်ခဲ့ကြောင်း မိန်းကလေးငယ်က ထွက်ဆိုခဲ့သည်။ ထို့ကြောင့် မိန်းကလေးငယ်အား လက်ခံထားသူ သာကေတမြို့ နယ်၊ ၁/အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းတွင်နေထိုင်သည့် ဦး ---နှင့် ဇနီးဒေါ်---တို့နှစ်ဦးနှင့် အတူ မိန်းကလေးငယ်အား နှိပ်စက်မှုပြုလုပ်ခဲ့သည့် ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အလယ်ဘလောက်)တွင် နေထိုင်သူ ဒေါ်---- ကိုပါ ညတွင်းချင်း သွားရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့သုံးဦးအား ရပ်ကွက်ဥက္ကဋ္ဌက တရားလိုပြုလုပ်၍ သာကေတမြို့နယ် အမှတ်(၁)ရဲစခန်းတွင် (ပ) ၅၆၇/၂၀၁၀၊ ပုဒ်မ ၃၂၅/ ၃၂၆ ဖြင့် အမှုတည်ဆောက်ခဲ့ကြောင်း သိရှိရသည်။ နှိပ်စက်ခံထားရသူ မိန်းကလေးငယ်ကိုလည်း ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း၊ ၎င်း၏ မိဘများကိုလည်း ဆက်သွယ်၍ မရသေးကြောင်း၊ လက်ရှိတွင် ၎င်းအား သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်တွင် ထိန်းသိမ်းစောင့် ရှောက်ထားသည်ဟု တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရှိရသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်မူ အဆိုပါအမှုအား ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်း၍ (ပ)၅၆၇/၂၀၁၀ ပုဒ်မ-၃၂၅/၃၂၆-၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။ |
ထိုင်းနိုင်ငံ တွင်အလုပ်လုပ်ကိုင်နေသောလူတစ်ယောက်၏ ပတ်(စ်)ပို့ကောက်ရထားပါသည် ပိုင်ရှင်နှင့် ပိုင်ရှင်နှင့်
နီးစပ်သူများအကြောင်းကြားဆက်သွယ်နိုင်ပါသည်။.....ဖုံးနံပတ်........၀၂၄၄၄၈၀၄၆....
အမည်....pha thar thu(a)par thu
မွေးနေ့.....10.MAY.1989
အဖအမည်.....U PHA LAR
မွေးရပ်.....HLAING BWE (လှိုင်းဘွဲ့)
ပတ်(စ်)ပို့နံပတ်.....KT 026764
မိတ်ဆွေဟာ သြစတြေးလျ နိုင်ငံမှာပဲ ဖြစ်ဖြစ် စင်ကာပူ နိုင်ငံမှာပဲ ဖြစ်ဖြစ် အလုပ်လုပ်မယ်၊ ကျောင်းတက်မယ်၊ နေထိုင်မယ် ဆိုရင် ဒီနိုင်ငံနှစ်ခု ဘယ်လို ကွာခြားလဲ ဆိုတာကို အခြေခံအားဖြင့်တော့သိထားရပါမယ်။
သြစတြေးလျနှင့် စင်ကာပူ ဘာကွဲလဲလို့ သိချင်သူများ အတွက်ပါ။ မိတ်ဆွေဟာ သြစတြေးလျမှာ အလုပ် လုပ်မယ်ဆိုရင် လစာ ပိုရပါမယ်။ အလုပ်သမားတွေက အခွင့်အရေးတွေ ပိုရှိပါတယ်။ အလုပ်ချိန် ပိုနည်းပါတယ်။ Fresh Grad တွေ အလုပ်ရှာရ ခက်ပါတယ်။ အဲဒါကြောင့် အင်ဒိုတွေ၊ မလေးတွေ၊ တရုတ်တွေက သြစတြေးလျမှာ ကျောင်းပြီးရင် စင်ကာပူ နိုင်ငံကို (၂)နှစ်လောက် အတွေ့အကြုံ သွားယူပြီးမှ သြစတြေးလျကို ပြန်လာ တတ်ကြပါတယ်။ သြစတြေးလျမှာ အလုပ်လုပ်မယ် ဆိုတဲ့ မြန်မာတွေဆိုရင် Professional တွေမှ ပိုအဆင်ပြေမှာပါ။
မိတ်ဆွေဟာ စင်ကာပူ နိုင်ငံမှာ အလုပ်လုပ်မယ် ဆိုရင် အလုပ်ရှာရ ပိုလွယ်ပါတယ်။ မြန်မာနိုင်ငံကနေ အလုပ်လာရှာသူတွေ အတွက် အဆင့်အတန်း မျိုးစုံ အတွက် အင်မတန်မှ သင့်တော်ပါတယ်။ ညဘက်ကိုလည်း အလုပ်လုပ်ခွင့် ရှိပါတယ်။ စနေ၊ တနင်္ဂနွေ နေ့မျိုးမှာလည်း အလုပ် ရနိုင်ပါတယ်။ မန်နေဂျာ ပေါက်စ ဖြစ်လွယ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး ကုမ္ပဏီ ထူထောင်ဖို့ လွယ်ပါတယ်။ နေထိုင်ရေး အတွက်ဆိုရင် သြစတြေးလျ နိုင်ငံမှာ အိမ်ဈေး ပိုချိုပါတယ်။ အိမ်ထောင်စု တစ်ခုရဲ့ တစ်နှစ်ဝင်ငွေ (၁)သိန်းကျော် နေချိန်မှာ အိမ်ဈေးက (၃)သိန်းခွဲကနေ စရှိပါတယ်။ အိမ်ဌားခတွေကတော့ အခွန်ဖြတ်ပြီး လစာရဲ့ (၂၀) ရာခိုင်နှုန်းကျော် ရှိပါတယ်။ အိမ်ငှားရ ခက်ပါတယ်။
စင်ကာပူ နိုင်ငံမှာကတော့ အိမ်ဝယ်တဲ့ အတိုးနှုန်း သက်သာပါတယ်။ ပင်စင် စုငွေထဲကနေ တစ်စိတ်တစ်ပိုင်း သုံးလို့ ရပါတယ်။ အိမ်ငှားခကတော့ လစာရဲ့ (၂၅)ရာခိုင်နှုန်းကျော်ရှိပါတယ်။ အိမ်ငှား ရတာလည်း လွယ်ပါတယ်။ မိတ်ဆွေအတွက် တက်ပြီး နေစရာ၊ တွယ်ကပ်ပြီး နေစရာ အမျိုးအိမ်တွေ၊ သူငယ်ချင်း အိမ်တွေ အများကြီး ရှိနိုင်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်လို့ ဆိုရင်တော့ သြစတြေးလျနိုင်ငံမှာ အသားနဲ့ နို့က ပိုလတ်ဆတ်ပြီး ဈေးချိုပါတယ်။ လမ်းဘေးစာတွေက ဈေးပိုကြီးပေမယ့် ပမာဏကတော့ (၂)ဆလောက် ရပါတယ် တရုတ်၊ ကုလား အစားအစာအပြင် အာရပ်၊ ဥရောပနှင့် အမေရိကန်စာ စစ်စစ်တွေ ရနိုင်ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ မြန်မာအကြိုက် အစားအစာ အားလုံးလိုလို ရနိုင်ပါတယ်။ ဈေးပေါတဲ့ လမ်းဘေးစာတွေ ရနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အစားအစာတွေ ရနိုင်ပါတယ်။
အိမ် ပြုပြင်စရိတ် အနေနဲ့ကတော့ သြစတြေးလျ နိုင်ငံမှာ လေဘာခတွေ ဈေးကြီးတဲ့ အတွက် အစစအရာရာ ကိုယ့်ဘာသာကိုယ် လုပ်ရပါမယ်။ ဒါပေမယ့် ပန်းကန်ဆေးတဲ့ စက်တွေ အိမ်တွေမှာ ရှိပါတယ်။ အိမ်ကို တစ်ခုခု ပြုပြင်မယ် အိမ်ရှိပစ္စည်းတွေ ပြင်ဆင်မယ်ဆိုရင် စရိတ်ကြီးပါတယ်။ စင်ကာပူ နိုင်ငံမှာ ဆိုရင်တော့ အမျိုးတွေ ခေါ်ထားမလား၊ Maid ခေါ်ထားမလား အဆင်ပြေပါတယ်။ အိမ်ပြုပြင် ထိန်းသိမ်းခ အများကြီး မပေးရပါဘူး။
ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆိုရင်တော့ သြစတြေးလျနိုင်ငံမှာ အခြေခံ ကျန်းမာရေး အတွက် အစိုးရက အခမဲ့ အကာအကွယ် ပေးထားပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ကျန်းမာရေး အာမခံကတော့ ရှိထားရပါမယ်။ အဲဒီအတွက် တစ်လကို သြစတြေးလျ ဒေါ်လာ(၁၀၀) ကနေ (၃၀၀)လောက်အထိ ကုန်နိုင်ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ အခမဲ့ ကျန်းမာရေးစနစ် မရှိပါဘူး။ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင်တော့ ကျန်းမာရေး အာမခံ ဝယ်ပေးတတ်ပါတယ်။ သွားနဲ့ မျက်စိ ဆေးကုရင် ဆေးနှုန်းတော့ သိပ်မကြီးပါဘူး။ ပင်စင်စုငွေထဲက တစိတ်တပိုင်းကို ဆေးကုသဖို့အတွက် ပြန်လည် အသုံးပြု နိုင်ပါတယ်။
သွားလာရေး အတွက်ဆိုရင်တော့ သြစတြေးလျ နိုင်ငံမှာ ကိုယ်ပိုင်ကားရှိမှ အဆင်ပြေမှာပါ။ ကိုယ်ပိုင်ကားလည်း ဝယ်နိုင်ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ Public Transport က အင်မတန် ကောင်းပါတယ်။ တက္ကစီ ဈေးနှုန်းတွေလည်း ချိုသာပါတယ်။ အုပ်ချုပ်သူ အစိုးရပိုင်း အနေနဲ့ကတော့ သြစတြေးလျ နိုင်ငံရဲ့အစိုးရ စနစ်က အင်မတန် ကောင်းပါတယ်။ အစိုးရရဲ့ Policy တွေက Transparent ဖြစ်တဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရပါတယ်။ (သတင်းစာကနေ ဖြစ်ဖြစ်) အစိုးရကို ဝေဖန် နိုင်ပါတယ်။
စင်ကာပူနိုင်ငံမှာတော့ Policy တွေ ခဏခဏ ပြောင်းပါတယ်။ စင်ကာပူ နိုင်ငံသူ နိုင်ငံသားတွေ အတွက်ပါ။ အစိုးရရုံးတွေမှာ အလုပ်လုပ်တာ စနစ်ကျပြီး မြန်ပါတယ်။ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါတယ်။ လုံခြုံရေး အတွက်ဆိုရင်တော့ သြစတြေးလျ နိုင်ငံမှာ တချို့နေရာတွေက စိတ်မချရပါဘူး။ သေနတ်၊ ကိုင်ခွင့်လည်း မရှိပါဘူး။ စင်ကာပူ နိုင်ငံကတော့ လုံခြုံ စိတ်အချရဆုံး နိုင်ငံ ဖြစ်ပါတယ်။ ည(၁၁)နာရီကျော်တဲ့ အထိ မိန်းကလေး တစ်ယောက်တည်း အိမ်ကို ပြန်လို့ရပါတယ်။ လူမျိုးရေး ခွဲခြားရေး အနေနဲ့ကတော့ သြစတြေးလျ နိုင်ငံမှာ အဖြူလူငယ်တွေက ကားပေါ်ကနေ အော်သွားမယ်။ ကံဆိုးရင် ဘီယာပုလင်းနဲ့ ပစ်သွားမယ်။ ရုံးထဲ၊ အလုပ်ထဲမှာတော့ ခွဲခြားမှု မရှိပါဘူး။ စကားပြောရင် လူမျိုးကိုတောင် တပ်ပြီး မပြောကြပါဘူး။ ဥပမာ-“ဟို အင်ဒိုကောင်လေ”ဆိုတာမျိုးပေါ့။ စင်ကာပူ နိုင်ငံမှာတော့ တရုတ်လူမျိုး ပုံစံ မပေါက်ရင်တော့ အနည်းငယ် ခွဲခြားခံရပါမယ်။ Singaporean တွေက သတင်းစာကနေ ဖြစ်ဖြစ် လူမျိုးကြီး ဝါဒတွေ အော်နေပေမယ့် အပြင်မှာတော့ မသိသာပါဘူး။
ရွှေ့ပြောင်း လုပ်သားတွေ၊ ရွှေ့ပြောင်း၊ အလုပ်သမားတွေ အတွက် သြစတြေးလျ နိုင်ငံမှာတော့ PR တွေက နိုင်ငံသားနဲ့ မခြား အခွင့်အလမ်း တော်တော်များများ ရနိုင်ပါတယ်။ အစိုးရ ထောက်ပံကြေးတွေလည်း ရနိုင်ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ PR တွေက အိမ်ဝယ်ဖို့ အခွင့်အလမ်းတော့ ရပါတယ်။ အသစ်တော့ ဝယ်လို့မရပဲ တစ်ဆင့်ခံ ဈေးကွက်ကပဲ ဝယ်လို့ ရနိုင်ပါတယ်။ အခွန်အခ အနေနဲ့ဆိုရင်တော့ သြစတြေးလျ နိုင်ငံမှာ အခွန်ကို နင့်နေအောင် ပေးရပါတယ်။ GST က (၁၀) ရာခိုင်နှုန်းပါ စားသောက်ကုန်တွေ အတွက်တော့ မပေးရပါဘူး။
စင်ကာပူနိုင်ငံမှာတော့ Income Tax ကတော့ နည်းပေမယ့် Property Tax နဲ့ Vehicle Tax ကတော့ များပါတယ်။ GST က (၇)ရာခိုင်နှုန်း ဖြစ်ပါတယ်။ ခရီးသွားလာမှု အနေနဲ့ကတော့ သြစတြေးလျ နိုင်ငံမှာ ဘယ်နေရာမဆို အလှမ်းဝေးပါတယ်။ ပြည်တွင်းမှာတော့ သွားစရာတွေ အများကြီး ရှိပါတယ်။ ပြည်ပကို သွားမယ်ဆိုရင် လေယာဉ်ခက (၁၀၀၀) အနည်းဆုံးပါ။ စင်ကာပူ နိုင်ငံကတော့ အနီးအနားက နိုင်ငံတွေကို စရိတ်နည်းနည်းနဲ့ လည်ပတ် နိုင်ပါတယ်။
ရာသီဥတု အနေအထား နှိုင်းယှဉ်ရင်တော့ သြစတြေးလျ နိုင်ငံမှာ ရာသီဥတု အပြောင်းအလဲ ရှိပါတယ်။ (၄)ရာသီ ရှိပါတယ်။ အအေးမလွန်ပါဘူး။ စင်ကာပူ နိုင်ငံကတော့ ရာသီဥတု ကြည်လင်ပြီး တစ်ခါတစ်လေ မိုးများပါတယ်။ တစ်နှစ်ပတ်လုံး ဒီရာသီပါပဲ။ သြစတြေးလျ နိုင်ငံမှာ ယောက်ျားလေး တစ်ဦးဟာ (၂)နှစ် စစ်မှုထမ်း ဆောင်ရပါမယ်။ ကလေးရယူမယ် ဆိုရင်တော့ သြစတြေးလျနိုင်ငံမှာ ကလေး မူကြိုကျောင်းတွေ ဈေးကြီးပါတယ်။ (၁၀၀၀) ကျော်ကနေ (၁၅၀၀)လောက် ပေးရပါတယ်။ ဒါပေမယ့် အစိုးရဆီက တစ်ဝက် ပြန်ရနိုင်ပါတယ်။
စင်ကာပူ နိုင်ငံမှာတော့ ကလေး မွေးပြီး (၂)လလောက်ရှိရင် ကလေးထိန်းကျောင်းကို ပို့လို့ရပါပြီ။ ကလေးကြီးတွေ အတွက်လည်း မူကြိုကျောင်းတွေ များပါတယ်။ ဈေးမများပါဘူး (၅၀၀)အောက်နဲ့ ရနိုင်ပါတယ်။ အလုပ်ချိန်ပြီးလို့ အနားယူ အပန်းဖြေရေးနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံမှာ အခမဲ့ TV လိုင်းတွေက အစီအစဉ်တွေ ပိုကောင်းပါတယ်။ ညနေ(၅)နာရီ ကျော်ရင် ဈေးဆိုင်တွေ ပိတ်ပါပြီ။ ကြာသပတေးနေ့ တစ်နေ့တည်းပဲ ည(၉)နာရီအထိ ဆိုင်တွေ ဖွင့်ပါတယ်။
လူတစ်ယောက်က ဒီလမှတ်ချက်ပေးထားပါတယ်။ “Restaurants and clubs open till 9:30pm or 10pm. And in the cities,many shops open till 9or10pm. People here normally work till 5:30or 6pm and do not work as late as in Asian countries.That is one of the main reasons why many businesses close."
စင်ကာပူ နိုင်ငံမှာတော့ တရုတ်အစီအစဉ်တွေ မကြည့်ရင်တော့ အခမဲ့ TV လိုင်းတွေ ကြည့်စရာ ရှားပါတယ်။ ည(၉)နာရီလောက် အထိ ဈေးဝယ် ထွက်နိုင်ပါတယ်။ Mustafa လိုဆိုင်မျိုး ဆိုရင် (၂၄)နာရီ ပတ်လုံး ဖွင့်ပါတယ်။ မြန်မာသံရုံးကို ပေးဆောင်ရမယ့် အခွန်အတွက်ကတော့ သြစတြေးလျ ဒေါ်လာ (၆၀) စင်ကာပူ ဒေါ်လာနဲ့ ဆရင်(၇၅)ဒေါ်လာ ပုံသေ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရအတွက် အခွန်နှုတ်ပြီးသားမှ ပျမ်းမျှ လစာ (၄၀၀၀) ရတဲ့သူဆိုရင် (၁.၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ ဗီဇာ အဆင့်အတန်း အလိုက် ပေးဆောင်ရပါတယ်။ Work Permit ဆိုရင် စင်ကာပူ ဒေါ်လာ(၄၀) လခ-၈၀၀ ရတဲ့သူဆိုရင် (၅%) ဖြစ်ပါတယ်။ S-Pass ဆိုရင် စင်ကာပူ ဒေါ်လာ(၈၀) လခ-၁၈၀၀ ရတဲ့သူဆိုရင် (၄.၅%) Enployment Permit နဲ့ PRဆိုရင် စင်ကာပူ ဒေါ်လာ (၁၂၀) (လခ-၃၀၀၀ ရတဲ့သူဆိုရင်) (၄%) ဖြစ်ပါတယ်။
PR လျှောက်ဖို့ အတွက်ဆိုရင် သြစတြေးလျ နိုင်ငံမှာတော့ တိုင်းပြည် အတွင်းမှာ ဘယ်လောက်ကြာအောင် နေထားသလဲဆိုတာနဲ့ မဆိုင်ပါဘူး (ဒီမှာ ကျောင်းတက်ထားရင်တော့ ပိုကောင်းတာပေါ့) လုပ်သက် များလား၊ လုပ်သက် နည်းလား၊ ဒီမှာ လိုအပ်တဲ့ ပညာ တတ်ရဲ့လားနဲ့ပဲ ဆိုင်ပါတယ်။ PR လျှောက်ဖို့ ရနိုင်မရနိုင်ကို လျှောက်မယ်လို့ စိတ်ကူးတာနဲ့ ကိုယ့်ဘာသာကိုယ် တွက်ကြည့်လို့ အဖြေ ထွက်ပါတယ်။ အစိုးရရဲ့ Policy တွေက Transparent ဖြစ်ပြီး Web Site တွေမှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။
စင်ကာပူ နိုင်ငံမှာ ဆိုရင်တော့ PR လျှောက်ဖို့ အတွက် ဗီဇာ အဆင့်အတန်းပေါ် မူတည်ပြီး ဘယ်လောက်ကြာကြာ စင်ကာပူ နိုင်ငံမှာ နေထားသလဲပေါ်မှာ မူတည်ပါတယ်။ (အစိုးရ Web Site တွေမှာတော့ စင်ကာပူနိုင်ငံမှာ မနေလည်း ရပါတယ်လို့ ဆိုပေမယ့် ဟောင်ကောင်ကျွန်း ပျက်မလို ဖြစ်တုန်းက ဘော်ချက်တာပါ။) PR ရနိုင် မရနိုင်က ကံပေါ်မူတည် သလိုလို၊ ဟိုဟာကြောင့် သူက Reject ဖြစ်တာ၊ သူကတော့ ဒီဟာကြောင့် ရတာလို့ ပြောရလောက်အောင် ဘာကြောင့် ရနိုင် မရနိုင်ကို ရှင်းရှင်းလင်းလင်း ပေးမသိပါဘူး။ အစိုးရမှာ ဖော်မြူလာတွေ ထုတ်နိုင်တဲ့ (PE-Political Economy)သမားတွေ ရှိပြီး သူတို့တွေက ကိန်းရှင်တွေကို အမြဲတမ်း Update လုပ်နေလို့ပဲ ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတာ တွေကတော့ သြစတြေးလျ နိုင်ငံနဲ့ စင်ကာပူ နိုင်ငံတို့ရဲ့ကွာခြားချက်တွေပါရွှေမတွေပေါ့ အရင်ကဆိုမလေးရှားမှာ အင်ဒိုနီးရှားနဲ့  ဗီယက်နမ်မတွေ အရမ်းခေတ်စားတယ် အခုသူတို့ ခေတ် ကုန်သွားပြီ ရွှေမတွေ
ခေတ်စားလာပြီ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်ရွှေမတွေ ဒီလိုဖြစ်နေတော့ စိတ်မကောင်းဘူဗျာ ကျွန်တော်တို့နားမှာ မြင်ရတွေ့ရတာတွေကတော့ တော်တော်ဆိုးတယ် အေးဂျင်းတွေနဲ့ ကြိုက်ကြ တရုတ်တွေ မလေးတွေနဲ့ ကြိုက်ကြ သူတို့က ကားလေးပြပြီး လာခေါ်သွားရင် ပါသွားပြီ မိန်းကလေးတွေကလဲ အပြိုင်အဆိုင်ပဲ သူ့ လူက ကားနဲ့ လာခေါ်တယ် ဘာဝယ်ပေးတယ်နဲ့ ပြိုင်နေကြတာပဲ
သူတို့မြင်တာ ကားပဲမြင်တာ ဒုက္ခရောက်ပြီး အမှောင်ကျမဲ့တနေ့  သူတို့မမြင်ဘူး ပထမတော့ မိန်းကလေးတွေလိုချင်တာ သွားချင်တာ
လိုက်ပို့ မှာပေါ့ တခုလိုချင် တခုပေးရတယ်ဆိုတာ သဘောပေါက်ထားပါ စားလို့ဝပြီး ငြီးငွေ့ လာရင်တော့ အဟောင်းထားခဲ့ပြီး
နောက်ထပ် အသစ်ရှာတော့မှာသေရှာတယ် သူတို့က ဒါမျိုးတွေ လုပ်စားနေကြလေ။
အဆိုးဆုံးက ရန်ကုန်သူ မိရွှေမ တော်တော်ဆိုးနေတာ အရင်က စင်္ကာပူမှာလုပ်တယ် စင်္ကာကပြန်လာပြီး ၂၀၁၀ ခုနှစ်က
မလေးရှားကို ရောက်လာတယ် သူစင်္ကာပူမှာ ရှိစဉ်ကတည်းက မလေးရှားက ကောင်နဲ့ အင်တာနက် ကနေ ချစ်သူတွေ ဖြစ်သွားကြတယ် အခုမလေးရှားရောက်လာတော့ သူ့ ချစ်သူက တခြားမြို့ကနေ လာတွေ့ တယ် ကောင်က sony ဖုန်း အကောင်းစား
တလုံးဝယ်ပေးလိုက်တယ် နောက်နှစ်ပတ်ကြာတော့ သူ့ ချစ်သူ လာတွေ့ တယ် အတွေ့ မခံတော့ဘူး ဖုန်းခေါ်လဲမကိုင်ဘူး
အဲဒါနဲ့ ပြတ်သွားကြရော ဖုန်းလဲပြန်မပေးတော့ဘူး နောက်သူတို့ စက်ရုံမှာ မိရွှေမ သတင်းထွက်လာပါတယ် သူတို့ စက်ရုံက
နီပေါ နဲ့  ကြိုက်နေတယ်တဲံ့ အဲဒီစက်ရုံမှာ မျိုးချစ်ရွှေကောင်တွေ ရှိတယ်လေ မျိုးချစ်ရွှေကောင် ၃ယောက်လဲ မခံချင်တာနဲ့
နီပေါကောင်ကို အပြင်မှာခေါ်ပြီး ၀ိုင်းထိုးလိုက်ကြတယ် နောက်နီပေါကောင်က မန်နေဂျာ တိုင်လိုက်တော့ မျိုးချစ်ရွှေ ၃ယောက်
အေးဂျင်း လက်ထဲပြန်အပ်လိုက်တယ် မျိုးချစ်ရွှေတွေ မရှိတော့ မိရွှေမ ပိုကဲလို့ ကောင်းသွားတာပေါ့ အခုတော့ အတူသွား
အတူလာ အတူစား အတူအိပ် နဲ့ ဟုတ်နေတာ သူမကောင်းလို့  အခုဆို ကျွန်တော်စက်ရုံက နီပေါတွေက မင်းတို့မြန်မာမတွေ
ရတယ်ဆိုတာပဲပြောကြတယ် သူတို့ အတွဲ မြင်တိုင်း နှစ်ယောက်လုံး သတ်ချင်စိတ်တွေ ဖြစ်နေတာ အခုတော့ ( ငါးခုန်းမ တကောင်ကြောင့် တလေလုံး ပုတ်ဆိုသလို ဖြစ်နေပြီ)သင်တယောက် မကောင်းမှုကြောင့် ကျွန်တော်တို့  မြန်မာနိုင်ငံနဲ့  မြန်မာလူမျိုး
တွေရဲ့ ဂုဏ် သိက္ခါ တွေ မချလိုက်ပါနဲ့ဗျာ မလေးရှားရောက်နေတဲံ့  ရွှေမလေးများ ဒါလေးဖတ်ပြီး အမျိုး ဂုဏ် ကို စောင့်ထိန်း ပေးကြပါ။ မှတ်ချက် ရွှေမအားလုံး မဆိုလိုပါ.....မှားတာရှိရင် ခွင့်လွှတ်ပါ......မုန်တိုင်း
လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ကျွန်တော့်ဆီကို ဓာတ်ချောစာ တစ်စောင် ၀င်လာပါတယ်။ ဖတ်ပြီးတော့ ခံစားမှု ပေါင်းစုံဖြစ်ပါတယ်။ ကရုဏာလည်း သက်ရတယ်၊ ဒေါသလည်း ဖြစ်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ရွံလည်း ရွံရှာ စက်ဆုပ် အော့နှလုံး နာမိပါတယ်။ ယောက်ျားဆိုတဲ့ သတ္တ၀ါတွေဟာ အသက်ကြီးလေ ပိုယုတ်ကန်းလေလားလို့တောင် တွေးမိလာရတဲ့ အထိပါပဲ။ တစ်ဆက်တည်းမှာ ဆင်ခြင်ဉာဏ်နည်းလွန်းတဲ့ မိန်းမငယ်လေးတွေကိုလည်း ကိုင်ဆောင့်ချင်စိတ် ပေါက်သွားပါတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မတွေးရဲစရာပါ။ ကလေးမလေးဆီကိုတော့ လိုအပ်သလို အကြောင်းပြန်ပြီးပါပြီ။ အယုံလွယ်တတ်တဲ့ မိန်းမငယ်၊ မိန်းမရွယ်တွေ သတိထားနိုင်အောင် သူ့စာကို အရင်းအတိုင်း ပြန်ဖော်ပြပေးလိုက်ပါတယ်။
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။
သမီးမှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှ လွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။
တစ်နေ့ သမီးတို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်း ရှိလာတယ်။ အဲ့ဒါသမီးလည်း
စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။
အဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို
သေချာပြောပြပါရစေ။ သူက မိန်းမ နှစ်ယောက် ယူခဲ့ဖူးပြီး နှစ်ယောက်စလုံး
သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့ ရှိပါတယ်။ အခု သူ ယူထားတဲ့ မိန်းမက
ဘဏ်တစ်ခုမှာ အလုပ်လုပ်ပြီး သူ့ထက် အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး
တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ
သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ
မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက
သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီးလူတွေကအစ
ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်း သိက္ခာရှိတဲ့ ဗေဒင်ဆရာလို့ ထင်ခဲ့မိပါတယ်။
သမီးတို့တွေ ဗေဒင်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။ သမီးအလှည့် ရောက်တော့ သူက ပြောပါတယ်။ သူ ဟောသမျှကို ဘယ်သူ့ကိုမှ မပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ်တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ် ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။
သူက ပြောပါတယ်။ သမီးစိတ်က
ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။ အဲ့ဒါသမီးက ကိုယ်ဝန်ရမှာ၊
ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ
သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူ ပြောတာတွေကို ဘယ်သူ့မှ မပြောရဘူးတဲ့။ သူ
ဒီလိုပြောတာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့ ဆရာ။ သမီးဘ၀ တိုးတက်
ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက သမီးကို တန်တန်းစွဲ
ဖြစ်နေအောင်လို့တဲ့။ နောက်ပြီး
သမီး ခန္ဓာကိုယ်ကို သူ့ကို လှူလိုက်ပါတဲ့။ သူ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က
သမီး ခန္ဓာကိုယ်ကို ယူထားမယ်ဆိုရင် တခြား ဘယ်သူမှ သမီးကို မစော်ကားရဲတော့ဘဲ
ယောက်ျားတွေက အောက်ကျို့လာစေရမယ်တဲ့ဆရာ။
သမီးကလည်း ဒီလောက်တောင်
ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ ပြောသမျှကို ယုံမိပါတယ်။ သမီး
အသုံးမကျတာပါဆရာ။ သမီးက ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့
လမ်းပြပေးမယ့်သူလို့လည်း တွေးခဲ့မိပါတယ်။ အဲ့ဒါ သူက သမီးကို ယတြာချေဖို့
ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။ သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ
သူ့ကို ပေးဖို့ တောင်းပါတယ်။ သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့
သူ့အခန်းထဲကို ခေါ်ပြီး သမီးကို အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး
သမီးအောက်ပိုင်းကို နမ်းတော့တာပဲဆရာ။
သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။ ဘယ်ယောက်ျားမှ သူ့လို အောက်ကျခံပြီး ဒီလို နမ်းမှာ မဟုတ်ဘူးတဲ့။
အဲ့ဒါ သူ့လိုလူကတောင် နမ်းတယ်ဆိုရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။
ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း သူ့ရဲ့လိင်တံကို
စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက “ဟဲ့…ငါက အကြောင်းရှိလို့”
ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ
လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။
ဒါပေမယ့် အားလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို
လုပ်ခိုင်းတာ မဟုတ်ဘူးဆိုပြီး ထင်ခဲ့မိတယ်။
နောက်တော့ သူ သမီးကို
စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း ရှက်ပါတယ်။ သူ ပြောတာက
ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့ ဆိုပြီးတော့ပါ။ အဲ့ဒါ
ထွက်လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင် ကိုယ်ဝန်မရနိုင်ဘူးလို့
ပြောပါတယ်။ အခုချိန်ကစပြီး သမီးချစ်သူကလည်း သမီးကို
တန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်း နိုင်တော့မယ်လို့ ပြောပါတယ်။
သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့် အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ် မွေးစားလိုက်ပြီလို့ပြောတယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။ အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့ ပြောတယ် ဆရာရယ်။
သမီးလည်း ဘာမှ မသိတော့ဘဲ
ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း မပြောဖူးပါဘူး။ နောက်တစ်နေ့
သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေအနေ
ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့် မကောင်းဘူးလို့ သူတို့က ပြောပါတယ်။
အဲ့ဒါနဲ့
သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့
ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက
သမီးသူငယ်ချင်းတွေကိုလည်း
ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့
သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့
ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။
နောက်ပြီး သမီးကို
ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း သမီးလိုပဲ ဒီလိုမျိုး
သိက္ခာရှိတဲ့ ဗေဒင်ဆရာက မကောင်းတာတော့ မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့
ဆရာရယ်။ နောက်တစ်ယောက်ကျတော့ ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။
သူလည်း အဲ့ဒီ့လိုပဲ လုပ်မိပြန်တယ်။
သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို
မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း
မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။
သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေ ဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV
ပိုးများ ၀င်နေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။
သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါကူးတယ် မဟုတ်လား ဆရာ။ သမီး
သွေးလည်း သွားစစ်ချင်တယ်ဆရာ။
သမီး ဘာတွေ လုပ်ဖို့
လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့ အိမ်ထဲက အိမ်ပြင်တောင်
မထွက်ချင်တော့ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့
စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူအပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။
သမီးချစ်သူက
အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း ဘာမှ အမှားအယွင်းမရှိအောင်
နေတတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့ တန်းတူ မဖြစ်သလို
ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။ ဒါပေမယ့် အားလုံးက
လေးစားရတဲ့ နာမည်ကြီး ဆရာတစ်ဆူက အဲ့ဒီ့လို မကောင်းတဲ့စိတ်နဲ့
မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။
တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။
အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကို အောက်လမ်းနည်းတွေ ဘာတွေ သုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။
သမီးလေ သူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာ ကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။
သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။
စိတ်ဆင်းရဲလွန်းလို့ သမီးဘာဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။
သမီးရဲ့စာကို နာမည်နဲ့၊
နေရပ်လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ ဖော်ပြပေးပါ။ နာမည်က သူနဲ့
ပတ်သက်တဲ့ မိန်းမတစ်ယောက် နာမည်မိုလို့ပါ။
မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေ သိကြမှာဆရာ။ သမီးမှာ ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။
![]() |
![]() |