နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာကတော့ ဒီလူတွေပါပဲ ၊ မြန်မာနိုင်ငံ၏ ပထမဆုံး Call Center ၀န်ထမ်းအင်အား ၂၄၀ ဖြင့် စတင်ဖွင့်လှစ် ၊ အေးရှားဝေါဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းထိ ဝိုင်ဖိုင်စနစ် ဆောင်ရွက်မည်

12 views
Skip to first unread message

မီးပြတိုက်

unread,
Dec 29, 2011, 7:39:08 AM12/29/11
to

  1. နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာကတော့ ဒီလူတွေပါပဲ ၊
  2.  မြန်မာနိုင်ငံ၏ ပထမဆုံး Call Center ၀န်ထမ်းအင်အား ၂၄၀ ဖြင့် စတင်ဖွင့်လှစ် ၊
  3.  အေးရှားဝေါဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းထိ ဝိုင်ဖိုင်စနစ် ဆောင်ရွက်မည် ၊
  4.  ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းလိုင်းသစ် SE-ME-WE 5 တွင် မြန်မာနိုင်ငံ ပါဝင်ရန် တရုတ်ဘက်မှ ကမ်းလှမ်း ၊
  5. ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ ပြည်နှင့် မကွေးမြို့တို့အတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်ရန် ကမ်းလှမ်း ၊
  6. Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချမည် ၊
  7. WiFi ပြန်လွင့်လျှင် no internet access ဖြစ်နေခြင်းအတွက်..  ၊
  8. မိန်းမ Hacker ၊
  9. ကမ္ဘာကြီးကို ပြောင်းလဲစေသော ပစ္စည်း(၉) မျိုး < အပိုင်း-၁ > ၊
  10. Like ခလုတ်ကြောင့် Facebook တရားစွဲခံရ  ၊
  11. အီးမေးလ်၊ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုသော ကျောင်းသားများ ထူးချွန်ပုံရ ၊
  12. ကျနော်တို့မသိသေးတဲ့ Google ၏ Search Features များ ၊


နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာကတော့ ဒီလူတွေပါပဲ

18:42  Myanmar Express Group  No comments

(ဘယ်အမေမှ လာမကယ်ပါ၊ အမေ့ထမိန်လည်း မီးမကွင်းတော့ပါ)

ယနေ့ ၂၉ ရက်နေ့ ရန်ကုန်တိုင်း ပုစွန်တောင် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ ဒုတပ်ကြပ် သီဟမျိုး ၊ တပ်သား မျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သား သော်ဇင်မျိုးထက် တို့ကို ဂုဏ်ပြုပါ၏။


ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နေ့ရော ညပါ အချိန်ပြည့် တောင်းဝန်ထမ်းဆောင်နေတဲ့ အစိုးရ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာများကို ရှာဖွေ ကယ်ထုတ်နေတဲ့ အစိုးရ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနဲ့ လူနာများကို ဆေးဝါးကုသမှုနဲ့ ထောက်ပံ့မှုတွေ ပေးခဲ့ကြတဲ့ တပ်မတော် မှ ဒေါက်တာဗိုလ်ကြီးများ အားလုံးကို လေးစားဂုဏ်ပြုပါ၏။ ဒဏ်ရာရရှိခဲ့ကြတဲ့ ရဲဘော်ပေါင်း ၁၀၀ ကျော်ကိုလည်း ဂုဏ်ပြုပါ၏


ကွန်ရက်လိုလို၊ ကျန်းမာရေးလိုလို၊ ပညာရေးလိုလို အသံကောင်းဟစ်နေကြသူတွေ ရှိပေမယ့် တကယ်တမ်း ကိုယ့်အသက်ကိုယ်တောင် စွန့်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန် ည ၁ နာရီကျော် ၂ နာရီ ကျော် ထ ပြီး လက်တွေ့လုပ်ဆောင်သွားကြရတော့ ဒီလူတွေပါပဲ။ ဘာသံမှမပေး၊ ဘာဆောင်ပုဒ်မှ မကြွေးကြော်ပဲ အခုလို နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာကတော့ ဒီလူတွေပါပဲ။


အဆောက်အအုံ အပျက်အဆီးများကြားမှာ တာဝန်ထန်းဆောင်နေသူ အစိုးရ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး

အတင်းတိုးဝင် ငြှိမ်းသတ်


ကိုယ့်ရင်သွေးနဲ့ မခြား ကူညီ ကယ်ဆယ်

ပြည်သူ့အတွက် ကြက်ခြေနီ

ကြက်ခြေနီ၊ မီးသတ်နဲ့ ပြည်သူရဲတွေရဲ့ ပူးပေါင်းမှုစွမ်းအားဖြင့် ပြည်သူတွေရဲ့ အသက်ကို အပျက်အဆီးများကို နင်းကာ ကျော်ဖြတ်ကယ်တင်

ဘုန်းကြီးတွေကို အမှန်တကယ် လက်တွေ့ ကယ်တင်တာက အစိုးရ မီးသတ်တပ်ဖွဲ့ပါ

ကားတောင် ဒီလောက် စုတ်ပျက်သွားရင် သေဆုံးသွားတဲ့ ရဲဘော်တွေ တစ်ကိုယ်လုံး စုတ်ပျက်သွားမည်လားမသိ

အားမငယ်ကြပါနဲ့ မြည်မာပြည်သူတို့......
အစိုးရ ကြက်ခြေနီအဖွဲ့က သင်တို့အတွက် အရေးကြီးတဲ့အချိန်တိုင်းမှာ အနီးဆုံးမှာ ရှိပါတယ်

မီးသတ်တပ်ဖွဲ့ဆိုတာ မီးကိုငြှိမ်းရုံတင်မကဘူး၊ လူလည်းကယ်ရတယ်၊ အသေလည်းခံရတယ်

အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး
အရေးကြီးဆုံးအသက်ကို ကယ်ဖို့ အစိုးရကြက်ခြေနီအဖွဲ့တွေ အစဉ် ကြိုးစားနေ

ဒါမျိုးတွေကိုကျတော့ လူတွေက အဝေးကပဲ ရပ်ကြည့်ကြတယ်
တကယ်လုပ်ရတာကတော့ ဒီလူတွေပါပဲ

လေးစားပါတယ် ကြက်ခြေနီနဲ့ မီးသတ် ရဲဘော်များ



သေရေးရှင်ရေးဆိုရင် ရပ်ကြည့်၊ အပြစ်ပြော တွေက တမှောက်

လူလူချင်း၊ ယောင်္ကျားအချင်းချင်းတူပေမယ့်
မီးသတ်ကားပေါ်က လူတွေနဲ့ ဘေးက ရပ်ကြည့်နေတဲ့လူတွေနဲ့ ခံယူချက်ခြင်း လုံးဝ မတူ



နေ့တွေ ညတွေ က အရေးမကြီး၊ တာဝန်နဲ့ ပြည်သူ့အကျိုးသာ အရေးကြီးသည်


စစ်တပ်ဆိုတာ စစ်တိုက်တဲ့အလုပ်တစ်ခုပဲ လုပ်လို့မရပါဘူး
ခုလို ပြည်သူတွေအတွက်လိုအပ်လာတော့ ဘယ်အဖွဲ့အစည်းက ဆရာဝန်က ဆေးလာကုပေးလဲ......
ဆရာဝန် ဗိုလ်ကြီးများကို လေးစားပါ၏

http://oppositeyes.blogspot.com/2011/12/blog-post_29.html မှ ကူးယူဖော်ပြပါကြောင်း


မြန်မာနိုင်ငံ၏ ပထမဆုံး Call Center ၀န်ထမ်းအင်အား ၂၄၀ ဖြင့် စတင်ဖွင့်လှစ်

ထူးအောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

ရတနာပုံ Call Center တွင် ၀န်ဆောင်မှုပေးနေကြသည်ကို တွေ့ရစဉ်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Call Center ဖြစ်သည့် ရတနာပုံ Call Center ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က အမှတ် (၃၆၁)၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးဝင်းအတွင်း ၀န်ထမ်းအင်အား ၂၄၀ ဖြင့် စတင်ဖွင့် လှစ်လိုက်သည်။

ရတနာပုံ Call Center သည် အိုင်တီ နှင့် တယ်လီကွန်မ်ကုမ္ပဏီများ ၀န်ဆောင်မှုများကို ရောင်းချခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေး အကျိုး ဆောင် ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ဆေးရုံများ၊ ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများ၊ ပစ္စည်းဖြန့်ဝေပေးသည့် ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ စတိုးဆိုင်ကြီးများစသည့် လုပ်ငန်းများကို ၀န်ဆောင်ပေး သွားနိုင်မည်ဖြစ်ကြောင်း Blue Ocean မှ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က အဆိုပါ နေ့ ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

"မြန်မာ့ဆက်သွယ်ရေးရဲ့မိုဘိုင်းဌာန၊ သတင်းအချက်အလက်နည်းပညာဌာန၊ အော်တိုဖုန်းဌာန၊မြန်မာ့စာတိုက်လုပ်ငန်းမှ လုပ်ငန်း တွေ အပြင် အော်တိုဖုန်းများ၊ မိုဘိုင်းဖုန်းများကို တယ်လီဖုန်းဆိုင်ရာများကို ဖြေကြားခြင်း၊ အင်တာနက်လိုင်းများရဲ့ ဘီလ်များကို ဖြေကြားပေးခြင်း၊ ငွေလက်ကျန်နည်းနေတဲ့ ဖုန်းတွေကို SMS နဲ့ အကြောင်းကြားသကဲ့သို့ ဖုန်းဆက်အကြောင်းကြားပေးခြင်း စသည့်ဝန်ဆောင်မှုများပေးနေပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ Call Center ကို ရတနာပုံ တယ်လီပို့နှင့် Blue Oceanတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Call Center ၀န်ဆောင်မှုလုပ်ငန်းများကို Post Paid စနစ်မှ Pre Paid စနစ်သို့ ပြောင်းလဲချိန်တွင်လည်း ၀န်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း ဦးထွန်းထွန်းနိုင်ကပြောသည်။

"၀န်ဆောင်မှုပေးမယ်ဆိုတာက Post Paid စနစ်ကနေ Pre Paidစနစ်ကို ပြောင်းလဲချိန်မှာ ဘယ်လိုလုပ်ဆောင် သင့်တယ်၊ ဘယ် နေရာတွေမှာ လဲလှယ် သွားနိုင်မယ်ဆိုတာကို အကြံပေးတာမျိုး လုပ်ဆောင်မှာပါ"ဟု ၎င်းက ပြောသည်။

ထို့ပြင် မိုဘိုင်းဖုန်းမှ နိုင်ငံတကာသို့ ခေါ်ဆိုသောနှုန်းထားများ ဖြေကြားခြင်း၊ ဖုန်းကတ်ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် အသစ် လျှောက်ထားမှုပုံစံ၊ လျှောက်ထားနိုင်သောနေရာများ၊ မိုလ်ဘိုင်းအင်တာနက်လျှောက်ထားပုံများ၊ အသုံးပြုပုံများကိုလည်း လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း၊ Call forwarding, Call Waiting, Conference Call ၀န်ဆောင်မှုများ လျှောက်ထားပုံများ၊ အသုံးပြုပုံများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ Value Added ၀န်ဆောင် မှုများဖြစ်သော Voice Mail, Caller Ring Back Tone ၊ M188 Mobile Application ၀န်ဆောင်မှုများ ရယူနိုင်ပုံနှင့် ဈေးနှုန်းများကို ဖြေကြားပေးခြင်း စသည့်ကိစ္စများကို တာဝန်ယူဆောင် ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါစင်တာတွင် အလုပ်အပ်နှံထားသည့် ကုမ္ပဏီ ၁၂ ခုနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ၂၄ နာရီဖြေကြားပေး မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ဆောင်မှုများအတွက် မြန်မာ့ဆက်သွယ်ရေး၏ ဘီလ်များမှသာ ကောက်ခံသွားမည်ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။


အေးရှားဝေါဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းထိ ဝိုင်ဖိုင်စနစ် ဆောင်ရွက်မည်

23/Dec/2011

    E-Mail this article         Printable Version
အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လျင်မြန်ချောမွေ့စေရေးအတွက် အေးရှားဝေါဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းအထိ e-customs စနစ် ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ဦးမောင်မောင်ထွန်းရွှေက ပြောသည်။ ဆိပ်ကမ်းများတွင် အင်တာနက်စနစ် ကျင့်သုံးနိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနမှ ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ယခုလက်ရှိတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အင်တာနက်မြန်နှုန်းနှင့် လုံခြုံရေး ဆောင်ရွက်ချက်များကို စတင်စီစဉ်နေကြောင်း သိရသည်။ “အင်တာနက်လိုင်း ကောင်းဖို့အတွက် ရတနာပုံတယ်လီပို့ကနေ ရယူဆောင်ရွက်နေပါတယ်။ လိုအပ်ရင် မြန်မာ့ဆက်သွယ်ရေး MPT လုပ်ငန်းကနေ ထပ်ချိတ်ဆက်ဖို့ စီစဉ်ထားကြပါတယ်။ လက်ရှိ e-customs ဆောင်ရွက်မှုအတွက် ရတနာပုံတယ်လီပို့ကနေ 4MB လိုင်းအင်အားရှိတဲ့ အင်တာနက်စနစ်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလိုင်းအတွက် လုံခြုံရေးစနစ်တွေကို ရတနာပုံတယ်လီပို့က ပေးထားတယ်။ အင်တာနက် ကျွမ်းကျင်တဲ့ ဟက်ကာသမားတွေကြောင့် မသမာသူတွေ ရှိလာပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်နိုင်ဖို့နဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ Data တွေ ဆုံးရှုံးမှု မရှိစေဖို့ ရည်ရွယ်ပြီး ကြိုတင်ကာကွယ်ထားပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ အေးရှားဝေါဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းအထိ ဝိုင်ဖိုင်စနစ် အင်တာနက်မြန်နှုန်း ရရှိစေရန် လိုအပ်သည့် ကြားခံထပ်ခံ လိုင်းအင်အား မြှင့်တင်နိုင်သော အထောက်အကူပြုပစ္စည်းများ တပ်ဆင်အသုံးပြုရန် ပညာရှင်များဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ ဝိုင်ဖိုင်စနစ်ဖြင့် ဆိပ်ကမ်းများမှ ပို့ကုန်၊ သွင်းကုန် အကောက်ခွန်စာရင်းများကို ရယူနိုင်ရန် ဆိပ်ကမ်းနှစ်ခုခန့်တွင် စတင်စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းလိုင်းသစ် SE-ME-WE 5 တွင် မြန်မာနိုင်ငံ ပါဝင်ရန် တရုတ်ဘက်မှ ကမ်းလှမ်း

တရုတ်နိုင်ငံမှ စီစဉ်ဆောင်ရွက်မည့် ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းလိုင်းသစ် SE-ME-WE 5 စီမံကိန်းတွင် မြန်မာနိုင်ငံ ပါဝင်ရန် တရုတ်နိုင်ငံဘက်မှ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံဆက်သွယ်ရေး ၀န်ကြီးများအဆင့် ညီလာခံတွင် ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအပြင် Dialogue Partners နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများမှလည်း ယင်းညီလာခံကို တက်ရောက် ဆွေးနွေးခဲ့ရာတွင် တရုတ်နိုင်ငံဘက်မှ ZTE ၊ HUAWEI နှင့် ASP ကုမ္ပဏီများအား GSM Core Network အတွက် လုပ်ငန်းအပ်နှံထားရှိခြင်း ကိစ္စရပ်များနှင့် တရုတ်နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်မည့် ရေအောက်ကေဘယ်လ် ဖိုင်ဘာဆက်ကြောင်းလိုင်းသစ် SE-ME-WE 5 စီမံကိန်းတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တရုတ်နိုင်ငံဘက်မှ ကမ်းလှမ်းချက်အား မြန်မာနိုင်ငံ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ယင်းကိစ္စအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ “SE-ME-WE 5  က ရေအောက် ဖိုင်ဘာဆက်ကြောင်း လိုင်းသစ်ဆိုတော့ တရုတ်ဘက်က သူတို့သက်ဆိုင်ရာ ကုမ္ပဏီတွေ လွှတ်ပေးမယ် ထင်ပါတယ်။ လက်ရှိ ပြည်တွင်းမှာက SE-ME-WE  3 ဆက်ကြောင်း တစ်ကြောင်းတည်းရှိတော့ ဒီဆက်ကြောင်းပျက်ရင် အရန်လိုင်း မရှိတော့ SE-ME-WE 5  နဲ့ ချိတ်ဆက်ဖို့ လိုလာပြီ။ အဲဒီလို ချိတ်ဆက်တဲ့ အခါမှာလည်း ဒီအတွက် ကုန်ကျစရိတ်က ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံကနေ သူတို့ဆက်ကြောင်းဆီ သွားချိတ်ဖို့ ကုန်ကျစရိတ်ကို ကိုယ့်ဘက်ကပဲ အကုန်အကျခံရမလား၊ သူတို့ဘက်ကပဲ ထောက်ပံ့ပေးမှာလား ဆိုတာတွေ အများကြီး ဆွေးနွေးရပါဦးမယ်။ ကျွန်တော်တို့ဘက်က ချိတ်ဖို့ကိုတော့ သဘောတူပေမယ့် အသေးစိတ် လုပ်ရမယ့် အပိုင်းကိုတော့ ဆက်ဆွေးနွေးရပါဦးမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဦးဇော်မင်းဦးက ပြောကြားသည်။ ယခင် SE-ME-WE 3 အာရှ-ဥရောပ ရေအောက် ကေဘယ်လ် (South-East Asia- Middle East-Western Europe 3 Submarine Cable) ဆက်သွယ်ရေး လုပ်ငန်းတွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ပါဝင်ထားပြီး မြန်မာနိုင်ငံ အပါအ၀င် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံရာထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ အာရှ-ဥရောပ ရေအောက်ကေဘယ်လ် လုပ်ငန်းမှာ မြန်မာနိုင်ငံနှင့် ချိတ်ဆက်မှုအပိုင်းမှာ  ဖျာပုံမြို့မှ ၁၁၄၃ ကီလိုမီတာ အကွာအဝေးတွင် ရေအောက်ကေဘယ်လ်ဖြင့် ဆက်သွယ်ထားခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ ပြည်နှင့် မကွေးမြို့တို့အတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်ရန် ကမ်းလှမ်း


ကမ္ဘောဒီးယားနိုင်ငံရှိ CFOC Fiber Optic မှ မြန်မာနိုင်ငံရှိ နေပြည်တော်၊ ရန်ကုန်၊ ပြည်နှင့် မကွေးမြို့များအတွက် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်ရန် ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကမ်းလှမ်းချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရပါက ယင်းစီမံကိန်းအား စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ CFOC Fiber optic မှ နေပြည်တော်၊ ရန်ကုန်၊ ပြည်နှင့် မကွေးမြို့များတွင် ဖိုက်ဘာဆက်ကြောင်း သွယ်တန်းခြင်းအား BOT စနစ်ဖြင့် စီစဉ်ဆောင်ရွက်လိုခြင်းဖြစ်ပြီး သွယ်တန်းမည့် ဖိုက်ဘာဆက်ကြောင်းမှာ အလင်းဖန်မျှင် ၇၈ ချောင်း ပါဝင်သည့် 78 Core Fiber ဆက်ကြောင်းဖြစ်ကြောင်း သိရသည်။ “ကမ္ဘောဒီးယားနိုင်ငံက ရန်ကုန်၊ ပြည်၊ မကွေး၊ နေပြည်တော်တစ်လျှောက် ဖိုက်ဘာဆက်ကြောင်း သွယ်တန်းပြီး မြန်မာပြည်ကို ပြန်ငှားစားမယ် သတ်မှတ်ကာလ ပြည့်သွားရင် မြန်မာပြည်ကို အပိုင်ပေးခဲ့မယ်ဆိုပြီး သူတို့ဘက်က ကမ်းလှမ်းခဲ့တာပါ။ သူတို့ရဲ့ ကမ်းလှမ်းချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချမည်

ပုံမှန်ဈေးနှုန်း ၈ သိန်း ၁ သောင်းဖြင့် ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ၆ သိန်း ၁ သောင်းကျပ်ဖြင့်သာ ရောင်းချသွားတော့မည်ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို နှစ်သိန်းလျှော့ချပေးသည့်အပြင် ယခင်က အသုံးပြုလိုသူများပေးဆောင်ရသည့် တပ်ဆင်ခများကိုလည်း ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။ နယ်မြေဒေသအပေါ်မူတည်၍ တပ်ဆင်ခများသည် ၂ သိန်းမှ ၃ သိန်း အထိ ယခင်က ကုန်ကျခဲ့ကြောင်း ယခုအခါ၌ အဆိုပါ ကုန်ကျစရိတ်များကိုလည်း အသုံးပြုသူအနေဖြင့် ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။ ထိုအပြင် ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ အတွင်း ၀ယ်ယူသူများကို နှစ်ကုန်ပရိုမိုးရှင်းအဖြစ် လစဉ်ကြေး တစ်လစာ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း၌ အက်ဖ်အီးစီ ၁၅၀၀ နှင့် ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ကျပ်ငွေ ၈ သိန်း ၁ သောင်းကျပ်နှင့် ပြန်လည်ပြင်ဆင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ အလားတူပင် တရားဝင်ပေါက်ဈေး ၁၅ သိန်းဖြင့် ရောင်းချလျက်ရှိသည့် ADSL အင်တာနက်လိုင်းများကို သြဂုတ်လအတွင်း၌ ငွေကျပ် ၅ သိန်း အဖြစ်သို့ ရတနာပုံတယ်လီပို့ကုမ္ပဏီမှ ဈေးနှုန်းပြောင်းလဲ လျှော့ချပေးခဲ့သည်။ ကနဦးတပ်ဆင်ခက ၆ သိန်း ၁ သောင်းကျပ်ဖြင့် ဈေးနှုန်းနိမ့် အင်တာနက်လိုင်းတစ်ခု ဖြစ်လာခဲ့သည့် Wimax အင်တာနက်လိုင်းကို အရစ်ကျစနစ်ဖြင့်လည်း ရန်ကုန်မြို့၌ ၀ယ်ယူအသုံးပြုနိုင်ကြောင်း မန္တလေးမြို့အတွက် Wimax အင်တာနက်လိုင်း ရောင်းချခြင်းကိုမူ ခဏတာ ရပ်ဆိုင်းထားကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။



WiFi ပြန်လွင့်လျှင် no internet access ဖြစ်နေခြင်းအတွက်..


11 Dec 11, 11:22 AM
ရဲသူ: ကျနော် လက်တော့ နဲ့  wifi သုံးနေတာတနေ့ ကထိ အဆင်ပြေနေသေးတယ်။မနေ့ က wifi ဖွင့်လိုက်တော့လိုင်းတော့မိတယ်ဗျ(connected )လို့ ပြပြီး no internet accessဖြစ်နေတယ်။အခုဒီစာရေးနေတာက သူငယ်ချင်း၇ဲ့ broadband ငှားပီး ကူညီဖြေကြားပေးပါခင်ဗျာ

16 Dec 11, 03:53 PM
ဟိန်းဇော်:ဟိန်းဇော်: ကျနော်လဲကိုရဲသူလိုဖြစ်နေတယ်ဗျာ လက်တော့ကနေ wifi ပြန်လွင့်တာ မှာ no internet access ဖြစ်နေတယ် ကျနော်လဲကိုရဲသူလိုဖြစ်နေပါတယ်။ကူညီပေးပါ

***ဧကရီ***

ကိုရဲသူ နဲ့ ကိုဟိန်းဇော်မေးထားတာ ဧကရီ ရှာဖွေသိသလောက်ဖြေပေးလိုက်ပါတယ်ရှင့်..
အခု software လေးက Connectify Pro v3.25 Full Patch လေးပဲဖြစ်ပါတယ်။
wifi ပြန်လွင့်တာ မှာ no internet access ဖြစ်နေကို ပြုပြင်လို့လည်းရသလို
မိမိကွန်ပျူတာ WiFi အင်တာနက်ကို share ပေးတဲ့ software လေးပဲဖြစ်ပါတယ်။
computer to computer ၊ computer to phone၊ computer to ipad ၊
တို့ကို Share ပေးတဲ့ နေရာမှာ မိမိတို့ နှစ်သက်သလို Password ခံပေးနိုင်ပါတယ်၊


အောက်မှာ အဆင်ပြေသလိုဒေါင်းရန်။

http://downloads.connectify.me/ConnectifyInstaller.exe

http://www.downloads.connectify.me/ConnectifyInstaller.exe


မိန်းမ Hacker

    ရုရှားနိုင်ငံသူ ခရစ္စတီနာ ဆဗီချင်စကာယာသည် ယခုအခါ ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး Hacker အဖြစ် နာမည်ကြီးလာသည်။ အသက်(၂၂)နှစ်ရှိပြီဖြစ်သော မျက်ဝန်းပြာပြာနှင့် လှပျိုဖြူသည် ရုရှားမှ ဆိုင်ဘာရာဇ၀တ်မှုများနှင့် ဆက်နွယ်နေသော ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံမှ အင်တာနက် သုံးစွဲသူများအား ပေါင်စတာလင် (၆)သန်းမျှ နစ်နာအောင် ပြုလုပ်ခဲ့သူဟု ယူဆရပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ပေါင်(၂၂)သန်းဖိုးမျှ နစ်နာပျက်စီးမှုများ ဖြစ်ပေါ်စေသည့် အဆင့်မြင့် နည်းပညာများ အသုံးပြုနေသည့် ဆိုင်ဘာရာဇ၀တ်ဂိုဏ်း တစ်ခုနှင့် ဆက်နွယ်နေကြောင်း အမေရိကန် ရဲများက စွပ်စွဲထားသည်။ Zeus Trojanဟု အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုသော အဆိုပါ ဆိုင်ဘာရာဇ၀တ်ဂိုဏ်းသည် ဘဏ်Accountများကို Hackလုပ်ပြီး Account နံပါတ်များ၊ သက်ဆိုင်ရာ Account ပိုင်ရှင်၏ အမည်နှင့် နံပါတ်များကို ခိုးယူခဲ့သလို ဘဏ်Accountအတုများဖြင့်လည်း လှည့်စားမှုများ ပြုလုပ်ခဲ့သည်။

    sexiest hacker

    နယူးယော့ခ်တွင် ကျောင်းတက်နေသည့် ခရစ္စတီးနားသည် အရှေ့ဥရောပ နိုင်ငံများမှ Hacker (၃၇)ဦး ပါဝင်သော ဂိုဏ်းအနက်မှ အမေရိကန်တွင် ပညာသင်ကြားနေသူ (၄)ဦးတွင် အပါအ၀င်ဟု ယူဆရသည်။ ထိုဂိုဏ်းသည် အမေရိကန်၊ ဗြိတိန်နှင့် ကမ္ဘာအနှံ့သို့ ချိတ်ဆက်ကာ ဘဏ်Accountများအား ခိုးယူခဲ့ခြင်းဖြစ်သည်။ နယူးယော့ခ် တရားရုံးတွင် အမှုရင်ဆိုင်ရမည့် ခရစ္စတီနာသည် သူမ၏ ကျွမ်းကျင်မှုမှ ရရှိသော အမြတ်အစွန်းကို ဂိုဏ်းထံသို့ လွှဲပေးပြီး ရာခိုင်နှုန်းဖြင့် ငွေကြေးရရှိသည်ဟု ယုံကြည်ရသည်။ သူမသည် ယခုအခါ အမေရိကန်သို့ ထိုးဖောက်ဝင်ရောက်ကာ သူလျှိုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အသက်(၂၈)နှစ်အရွယ် ရုရှားသူ အန်နာချပ်မန်းကဲ့သို့ နာမည်ကြီးနေပြီဖြစ်သည်။ အန်နာအား အမေရိကန်က ဇူလိုင်လအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဆိုင်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး မက်ဟန်တန်မှ အစိုးရရှေ့နေ ပရိဘာဟာရာက “ဒီဂျစ်တယ်ခေတ်မှာ ကောင်းကျိုးတွေ အများကြီး ရလာတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေလည်း ကြီးလာတယ်။ ဥပမာ၊ ဘဏ်တစ်ခုကို မျက်နှာဖုံးဝတ်၊ သေနတ်ပြပြီး ဓားပြတိုက်တာတွေထက် နည်းပညာနဲ့ ဓားပြတိုက်လာတာတွေက ပိုဆိုးတယ်”ဟု သုံးသပ်သွားသည်။ ခရစ္စတီနာသည် ဘဏ်ဖောက်ထွင်းမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ကမ္ဘာကြီးကို ပြောင်းလဲစေသော ပစ္စည်း(၉) မျိုး < အပိုင်း-၁ >

      အလွယ်တကူ သယ်ဆောင်နိုင်သောလက်ကိုင် အသုံးအဆောင်များကို လူတိုင်းအလျဉ်းသင့်သလို ဆောင်လေ့ရှိကြသည်။ ယင်းပစ္စည်းသေးသေးလေးများက လူတို့ ဘ၀ကိုသက်တောင့်သက်သာဖြစ်စေ၊ လုံခြုံမှုရစေပြီး ကျန်းမာရေးကိုပါအထောက်အကူ ပြုပါသည်။
      လူအချင်းချင်း ဆက်သွယ်ရေးကိုပိုမိုမြန်ဆန်စေကာသတင်း အချက်အလက်များစွာကို အချိန်တို အတွင်းရယူပေးပို့ နိုင်ပါသေးသည်။သို့ သော် ထိုပစ္စည်းများကလူတို့ ဘ၀ကို လွှမ်းမိုးမှု များသွားပြီး လူမှုရေးခေါင်းပါးမှုများ ပေါ်ပေါက်လာစေနိုင်သည်ဟု အချို့ က သတိပေးကြသည်။
      ယခု ကျွန်မ ဖော်ပြမည့် လက်ကိုင်အသုံးအဆောင်များမှာ ကမ္ဘာကြီးအားပြောင်းလဲဆန်းသစ်စေသော ကိရိယာများအဖြစ် America.gov website editor များမှ ရွေးချယ်ထားပါသည်။


      (၁) ဓာတ်ခဲ၊ ဘက်ထရီ
      ဓာတ်ခဲ၏ ရှေ့ ပြေးဖြစ်သောပစ္စည်း တစ်မျိုးကို ၁၈၀၀ ပြည့်နှစ်တွင် အီတလီလူမျိုး( အလက်ဆန်ဒရို ဗိုလတာ) မှ တီထွင်ခဲ့ခြင်းဖြစ်သည်။ သိုလှောင်ထားသော ဓာတုစွမ်းအင်များကို လျှပ်စစ်စွမ်းအင် အဖြစ်သို့ ပြန်ပြောင်းထုတ်ပေးနိုင်သော ပစ္စည်းပင်ဖြစ်သည်။ လက်ကိုင်တယ်လီဖုန်း မှစတင်ပြီး ဆေးကုသရေး အထောက်အကူပစ္စည်း ၊မီးလုံး မှ မော်တော်ကားအထိပင် အသုံးပြုနေကြပါသည်။


      (၂) သံပတ်ရေဒီယို
      ၁၉၉၂ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး( ထရီဗာဘေးလစ်) က တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ လျှပ်စစ်မီး မရှိသော ဒေသများတွင် သံပတ်ရေဒီယိုများ အသုံးပြုနေခြင်းမှာ ခေတ်နှင့်အံချော်နေခြင်း မဟုတ်ပါ။ အဓိကအားဖြင့် အာဖရိကကျေးလက် ဒေသမှ သိန်းနှင့်ချီသောလူထု ဆီသို့ AIDS ရောဂါကာကွယ်ရေး ၊လူထုလုံခြုံရေး ၊ စိုက်ပျိုးရေးနည်းပညာများ စသည်တို့ နှင့် ပတ်သက်သော သတင်းအချက်အလက်များရောက်ရှိစေရန် အဓိကပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ရေဒီယို၏နည်းပညာမှာ ရိုးရှင်းပါသည်။သံပတ်လက်ကိုင်ကိုရစ်တင်းပေးရုံသာဖြစ်ပြီး သံပတ်ပြန်ပြေသောအခါ စွမ်းအင်ရရှိကာ အသံမြည်စေခြင်းဖြစ်သည်။


      (၃) ဒစ်ဂျစ်တယ်ဗီဒီယို ကင်မရာ (Digital video camera)
      ၁၉၈၃ ခုနှစ်တွင် ဗီဒီယိုကင်မရာများတွင် Analogue စနစ်မှ Digital စနစ်သို့ ကူးပြောင်းလိုက်နိုင်သဖြင့် နည်းပညာ ထပ်ဆင့်တိုးတက်ခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်လောကတွင် သဘာဝကျသောအမြင်အာရုံခံစားမှု ပေးစွမ်းနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာ၏အထောက်အပံ့ကောင်းဖြစ်ပါသည်။တက်ကြွလှုပ်ရှားသူများအတွက် ကင်မရာသေးသေးလေးများမှာ လွန်စွာထိရောက်သော နိုင်ငံရေးလက်နက်တစ်ခု ဖြစ်လာပါသည်။


      (၄) ဂျီပီအက်စ် (GPS)
      GPS ဟုအတိုကောက်ခေါ်သော ကိရိယာလေးမှာ ကမ္ဘာ့ တည်နေရာပြစနစ် (Global Positioning System) ကိုအသုံးပြုသော ပစ္စည်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်တွင် လူသုံးကုန်ဈေးကွက်အတွင်း ရောက်ရှိလာခဲ့သည်။ ယခင် မြေပုံနှင့် သံလိုက်အိမ်မြှောင် သုံးခဲ့ရသော ခေတ်က အတိအကျမသိနိုင်သည့်နေရာများကို ယင်း GPS ကဂြိုဟ်တုနှင့်ချိတ်ဆက်ကာ အလိုရှိသောနေရာကို တိကျစွာ ညွှန်ပြနိုင်ပြီး ရာသီမရွေး ၊အချိန်မရွေး၊နေရာမရွေး စွမ်းဆောင်နိုင်ပါသည်။ ယခုအခါတွင် ကားများနှင့်လက်ကိုင်ဖုန်းများတွင် GPS စနစ်ကို ကျယ်ပြန့် စွာအသုံးပြုနေပြီဖြစ်သည်။



      Like ခလုတ်ကြောင့် Facebook တရားစွဲခံရ

      Likeခလုတ်ဖြင့် လူအများ၏ ခွင့်ပြုချက် မရဘဲ ၎င်းတို့အမည်များကို ကြော်ငြာကဏ္ဍအတွက် ရည်ရွယ် အသုံးပြုမှုများကြောင့် Facebookကို ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုထား

      Like ခလုတ်ကြောင့် Facebook တရားစွဲခံရ

      Like ခလုတ်ကြောင့် Facebook အနေနှင့် ကယ်လီဖိုးနီယားတွင် ပြဿနာတက်နေကြောင်း သိရသည်။ Likeခလုတ်ဖြင့် လူအများ၏ ခွင့်ပြုချက် မရဘဲ ၎င်းတို့အမည်များကို ကြော်ငြာကဏ္ဍအတွက် ရည်ရွယ် အသုံးပြုမှုများကြောင့် Facebookကို ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုထားသည်။ အစိုးရ ရှေ့နေများ ပစ်မှတ်ထားနေသည့် ကိစ္စတစ်ခုသည် Facebook၏ ကြော်ငြာဝင်ငွေနှင့် Likeခလုတ်တို့ကြား ဆက်စပ်မှုလည်း ဖြစ်သည်။

      facebook like

      Facebookကို ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်သည် ယင်းအခြေအနေကြောင့် Likeခလုတ်ကို မိမိ၏ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်စပ်နေသော အခြေအနေကိုသာ ခွင့်ပြုရန် စဉ်းစားရမည်ဟု သတိပေးထားသည်။ လတ်တလောတွင် Facebookသည် မည်သည့် အနှောင်အဖွဲ့မျှ မရှိဘဲ Likeခလုတ်ကို နှိပ်ခွင့်ပေးကာ မိမိတို့ နှစ်သက်သည့် အရာကို Likeလုပ်ကာ အချင်းချင်း ဝေမျှနိုင်မည်ဖြစ်သည်။ Facebookသည် Likeကို ထူးခြားအောင်မြင်သော Featureတစ်ခုအဖြစ် ဇန်န၀ါရီလက စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် Facebook အသုံးပြုသူ စီးပွားရေး လုပ်ငန်းရှင်များက Likeကို ထုတ်ကုန်ကြော်ငြာ ကဏ္ဍအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချမှုများလည်း ရှိလာသည်။

      facebook

      အမေရိကန် တရားသူကြီး လူစီကောက Facebookပရိသတ်သည် စီးပွားရေး လုပ်ငန်းရှင်များကဲ့သို့ Likeနှင့်ပတ်သက်၍ တူညီသော သက်ရောက် ခံစားခွင့် ရှိသင့်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အနေအထားကြောင့် Facebookသည် Privacyဆိုင်ရာ သတ်မှတ်ချက်များကို ပြန်လည် သုံးသပ်ပြီး Shareပြုလုပ်မှုများကို စီးပွားရေး ကြော်ငြာနှင့် ဆက်စပ်မှု ရှိမရှိ စီစစ်ဖွယ် ရှိသည်။ Facebookသည် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို သီးခြားထိန်းသိမ်းထားပေးမည်ဆိုသော ကတိနှင့် ပတ်သက်၍ စောင့်ထိန်းရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေသည်။ Facebookက ကယ်လီဖိုးနီးယားတွင် တရားစွဲဆိုခြင်း ခံထားရသော ကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်း သိရှိရသည်။

      Source: DailyMail


      အီးမေးလ်၊ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုသော ကျောင်းသားများ ထူးချွန်ပုံရ


      အိမ်တွင် အီးမေးလ် အသုံးပြုကြသော ကလေးများမှာ ပိုမို ထူးချွန်ပုံရပြီး သူငယ်ချင်းများအကြားတွင်လည်း ရေပန်းစားကြကြောင်း သုတေသနလေ့လာမှုအရ သိရှိထားသည်။

      သြစတြေးလျနိုင်ငံ၊ ကာတင် တက္ကသိုလ်၊ ပညာရေးဘွဲ့သင်တန်းဌာနမှ စိတ်ပညာ ကထိကဖြစ်သူ Genevieve Johnson ၏ သုတေသန လေ့လာမှုတွင် ကနေဒါနိုင်ငံ မူလတန်းကျောင်းမှ ယောက်ျားလေး ၅၁ ဦးနှင့် မိန်းကလေး ၄၄ ဦးတို့၏ တုံ့ပြန်ချက်များကို လေ့လာဆန်းစစ်ခဲ့သည်။

      သုတေသီဆရာမက အီးမေးလ် အသုံးမပြုသူတို့ကို ယခင် ခေတ်ဟောင်းကာလက တယ်လီဗေးရှင်းနှင့် မယဉ်ပါးခဲ့သေးသည့် သူတို့နှင့် နှိုင်းယှဉ်ခြင်းကြည့်သည်။

      ‘‘ကိုယ်တွေ ဟိုး… ငယ်ငယ်လေးတုန်းက၊ ကလေးဘ၀က အတွေ့အကြုံကို နောက်ကြောင်းပြန် စဉ်းစားကြည့်စမ်းပါ။ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ နေ့လည်စာ ထမင်းဘူးပေါ်မှာ နောက်ဆုံးထွက် ကာတွန်း ရုပ်ပုံကလေး မရှိနေဘူးဆိုရင်၊ ဘာဖြစ်လို့လဲဆိုတော့ သူက တယ်လီဗေးရှင်းမှ မကြည့်ထားတာ။ အဲဒီသူငယ်ချင်းဟာ အထီးကျန်ဆန်ဖြစ်ရပြီ။ ကလေးတို့ရဲ့ ကမ္ဘာလောကကြီး ဘာတွေ ဖြစ်နေသလဲဆိုတာကို မသိနိုင်တဲ့အတွက်ပါ။’’

      သင့်ကလေးဟာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုတတ်ပါစေ

      သင့်ကလေးဟာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုတတ်ပါစေ

      “အဲဒီအတွက်ကြောင့် အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုခွင့် ရတဲ့ ကလေးတွေဟာ ပိုပြီးတော့ ပေါ်ပြူလာ ဖြစ်နိုင်တယ်လို့ ကျမတို့က ပြောနေတာပါ။ ဒါဟာ တကယ်မှန်ပါတယ်။” တက္ကသိုလ်က ထုတ်ပြန်သည့် သုတေသန ရလဒ်ကို ကိုးကား၍ Johnson က ပြောပြခဲ့သည်။

      လေ့လာမှုအရ မိန်းကလေးများက အိမ်တွင် အီးမေးလ်ကို ပိုအသုံးပြုပြီး ကျောင်းတွင်မူ မိန်းကလေး၊ ယောက်ျားလေး အသုံးပြုမှုမှာ အတူတူဖြစ်သည်ဟုဆိုပါသည်။

      ဤကဲ့သို့ တူညီမှုရှိခြင်းမှာ အင်တာနက်ကို စာသင်ကြားရာတွင် အသုံးပြုခြင်းကြောင့် နည်းပညာနှင့် ပတ်သက်ပြီး ဂျန်ဒါ အကွာအဝေး သိပ်မရှိတော့သည့်ကိုလည်း တွေ့မြင်ရကြောင်းပင်ဖြစ်သည်။

      “ကစားတာတွေ အပါအ၀င် အင်တာနက်ဟာ ဆိုးဝါးတယ်လို့ ရှုမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့ သုတေသန လေ့လာတွေ့ရှိမှုအရ အထောက်အထားများစွာကတော့ ဒါဟာ မမှန်ဘူးဆိုတာကို ပြနေပါတယ်။” ကထိက၏ တင်ပြချက်ဖြစ်သည်။

      “အွန်လိုင်းပေါ်မှာ သုံးနေတဲ့ အရာအားလုံးဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ ဖွံ့ဖြိုးမှု ရလဒ်တွေရှိတယ်လို့တော့ ကျမ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အတော်များများကတော့ အသုံးတည့်လှတယ်။” သူမက နိဂုံးချုပ် တင်ပြခဲ့ပါသည်။

      မောက္ခ ဒစ်ဂျစ်တယ် ပညာရေး သုတေသန သတင်း
      မှတ်ချက်။ ။ ပြန်လည်တင်ပေးခြင်းဖြစ်သည်။


      ကျနော်တို့မသိသေးတဲ့ Google ၏ Search Features များ

        ကမ္ဘာကျော် Search Engin ကြီး တစ်ခု ဖြစ်တဲ့ Google ဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့သူတွေ အတွက် တစ်နည်းအားဖြင့် သူ့ရဲ့ Search Box မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရိုက်ထည့်ပြီး ရှာဖွေနေသူတွေ အတွက် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မယ့် Features တွေကို ဖော်ပြပေးထားပါတယ်။

        ဥပမာအားဖြင့် ကျွန်တော်တို့က အခုအချိန် အမေရိကန်မှာ ဘယ်အချိန်လောက် ရှိနေပြီလဲ၊ စင်ကာပူမှာ ဘယ်အချိန်လောက် ရှိနေပြီလဲ ဆိုတာကို သိချင်တယ် ဆိုပါစို့။ ဒါဆိုရင် Google မှာ time US, time Singapore စသည်ဖြင့် ရိုက်ထည့်လိုက်တာနဲ့တင် Google က သူ့ရဲ့ Search ရဲ့ ထိပ်ဆုံးမှာ အဲဒီ နိုင်ငံတွေရဲ့ အချိန်ကို ဖော်ပြ ပေးပါလိမ့်မယ်။

        Google ရဲ့ Search Features တွေကို https://www.google.com/intl/en/help/features.html မှာ သွားရောက် ကြည့်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ Search Features တွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

        Google Calculator

        ကျွန်တော်တို့ အနေနဲ့ Google ကို Calculator တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Google ရဲ့ Search Box မှာ 2 + 3 လို့ ရိုက်ထည့် ကြည့်လိုက်ပါ။ Google က 2 + 3 = 5 ဆိုပြီး အဖြေ ပြန်ထုတ်ပေးပါလိမ့်မယ်။ ဒါကတော့ အလွယ်ကူဆုံး သင်္ချာ အဖြေတစ်ခုကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီထက် ခက်ခဲတဲ့ ဂဏန်း၊ သင်္ချာ ရလဒ်များကိုလည်း Google က တိကျ မှန်ကန်စွာ အဖြေထုတ်ပေးနိုင်ပါသေးတယ်။

        Google Currency Coversion


        စင်ကာပူ ဒေါ်လာ ၁၀၀ မှာ အမေရိကန် ဒေါ်လာ ဘယ်လောက် ပေါက်ဈေးရှိသလဲ သိချင်ပါသလား ? အဲဒီ ပေါက်ဈေးကို ဘယ်ဝက်ဘ်ဆိုက်မှာ သွားကြည့်ရမှာလဲ ? ဒီအတွက် Google က သူ့ရဲ့ User တွေကို မပင်ပန်းရအောင်လို့ ကူညီပေးထားပါတယ်။ Google ရဲ့ Search Box မှာ 100 SGD in USD လို့သာ ရိုက်ထည့်လိုက်ပါ။ Google က စင်ကာပူ ဒေါ်လာ ၁၀၀ မှာ အမေရိကန် ဒေါ်လာရဲ့ ပေါက်ဈေးကို ဖော်ပြ ပေးပါလိမ့်မယ်။

        ဒီနေရာမှာ ကျွန်တော်တို့ မြန်မာ ငွေကြေးကို MMK လို့ အတိုကောက် သုံးပါတယ်။ အရင် Burma အနေနဲ့ တုန်းက BUK လို့ သုံးပါတယ်။ (ကျွန်တော် စမ်းကြည့်တာတော့ Google ရဲ့ Search Result မှာ MMK ကို အခြား ငွေကြေးလို တိုက်ရိုက် ဖော်ပြပေးခြင်း မရှိပါဘူး။) ကျွန်တော့်အနေနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ငွေကြေး အတိုကောက် စာလုံးများကို ဒီ post ရဲ့ အောက်ဆုံးမှာ World Currencies ဆိုပြီး စုစည်း ဖော်ပြ ပေးလိုက်ပါတယ်။ asknumbers.com ကနေ ယူ၍ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

        Google Unit Conversion

        ၁၅ လက်မမှာ cm အနေနဲ့ ဘယ်လောက် ရှိသလဲ …? ၃ မိုင်မှာ centimeters ဘယ်လောက် ရှိသလဲ …? ဒါတွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ အတွက်လည်း Google က သူ့ရဲ့ Search Features မှာ Unit Conversion ကို ထည့်သွင်း ပေးထားပါတယ်။

        Google Dictionary Definitions

        Google ကို Dictionary တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Search Box မှာ Zoo လို့ ရိုက်ထည့်လိုက်ပါက Google က Zoo ရဲ့ Definition အချို့ကို ဖော်ပြ ပေးမှာဖြစ်ပြီး ပြည့်ပြည့်စုံစုံ သိချင်သူတွေအတွက်လည်း More Info ဆိုတဲ့ လင့်များကို ပေးထားပါသေးတယ်။

        Google Sports Scores

        အင်္ဂလန် ပရီးမီးယားလိဂ်က မန်ယူ အသင်းရဲ့ နောက်ဆုံး ကန်ခဲ့တဲ့ ပွဲစဉ် ရလဒ်ကို သိချင်တယ် ဆိုရင်လည်း Google က ကူညီပေးနိုင်ပါသေးတယ်။ Man Utd လို့သာ ရိုက်ထည့်လိုက်ပါ။ Search Results တွေရဲ့ ထိပ်ဆုံးမှာ မန်ယူအသင်းရဲ့ နောက်ဆုံး ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။ Google မှာ ကိုယ် သိချင်တဲ့ အသင်းနာမည်၊ တင်းနစ် အားကစား ဆိုရင်တော့ လူနာမည် ပေါ့ဗျာ၊ အဲဒီ နာမည်ကို ရိုက်ထည့် လိုက်တာနဲ့ နောက်ဆုံး ကစားသွားတဲ့ ပွဲစဉ် ရလဒ်ကို ဖော်ပြ ပေးပါလိမ့်မယ်။

        Google Public Data

        နိုင်ငံ တစ်နိုင်ငံရဲ့ လူဦးရေ၊ အလုပ်လက်မဲ့နှုန်း စတဲ့ အချက်တွေကို လွယ်လင့်တကူ သိနိုင်ဖို့အတွက်လည်း Google က လုပ်ဆောင် ပေးထားပါသေးတယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေကို သိချင်တယ်ဆိုရင် Google Search Bar မှာ population FL လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ဖလော်ရီဒါ ပြည်နယ်ရဲ့ လူဦးရေဟာ ဘယ်နေ့၊ ဘယ်ရက်အထိ ဘယ်လောက် ရှိတယ်ဆိုတာကို Google က ပြပေးပါလိမ့်မယ်။

        Google Sunrise & Sunset

        နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့ရဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေကို ကိုလည်း Google မှာ ကြည့်လို့ ရနိုင်ပါတယ်။ ဥပမာ ရန်ကုန်မြို့ရဲ့ နေထွက်ချိန်ဟာ ဘယ်အချိန်လဲ ဆိုတာကို Google မှာ ရှာကြည့်ချင်ရင် sunrise Yangon လို့ ရိုက်ထည့်ပြီး ရှာရုံပါပဲ။ Google search ရဲ့ ထိပ်ဆုံးမှာ ရန်ကုန်မြို့ရဲ့ နေထွက်မယ့် အချိန်ကို ပြပေးမယ့် အပြင် နေထွက်ဖို့ နောက်ထပ် နာရီ ဘယ်လောက် လိုသေးတယ် ဆိုတာကိုပါ ပြပေးပါလိမ့်မယ်။ နေဝင်ချိန်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ sunrise နေရာမှာ sunset ဆိုတာကို ပြောင်းလိုက်ရုံပါပဲ။

        Google Weather

        ဒီနေ့ နေသာမလား? မိုးအုံ့မလား ? မိုးရွာမလား ? ဒီလို မိုးလေဝသ အခြေအနေတွေကိုလည်း Google မှာ ရှာလို့ ရနိုင်ပါတယ်။ Weather Yangon, Myanmar လို့ Google Search Bar မှာ ရိုက်ထည့်လိုက်ပါက Google က search results ရဲ့ ထပ်ဆုံးမှာ Yangon မြို့ရဲ့ ရာသီဥတု အခြေအနေကို ဖော်ပြပေးပါလိမ့်မယ်။

        World Currencies

        Afghanistan Afghanis – AFN
        Albania Leke – ALL
        Algeria Dinars – DZD
        America (United States) Dollars – USD
        Argentina Pesos – ARS
        Australia Dollars – AUD
        Austria Schillings – ATS*
        Bahamas Dollars – BSD
        Bahrain Dinars – BHD
        Bangladesh Taka – BDT
        Barbados Dollars – BBD
        Belgium Francs – BEF*
        Bermuda Dollars – BMD
        Brazil Reais – BRL
        Bulgaria Leva – BGN
        Canada Dollars – CAD
        CFA BCEAO Francs – XOF
        Chile Pesos – CLP
        China Yuan Renminbi – CNY
        Colombia Pesos – COP
        CFP Francs – XPF
        Costa Rica Colones – CRC
        Croatia Kuna – HRK
        Cyprus Pounds – CYP*
        Czech Republic Koruny – CZK
        Denmark Kroner – DKK
        Deutsche (Germany) Marks – DEM*
        Dominican Republic Pesos – DOP
        Dutch (Netherlands) Guilders – NLG*
        Eastern Caribbean Dollars – XCD
        Egypt Pounds – EGP
        Estonia Krooni – EEK
        Euro – EUR
        Fiji Dollars – FJD
        Finland Markkaa – FIM*
        France Francs – FRF*
        Germany Deutsche Marks – DEM*
        Greece Drachmae – GRD*
        Hong Kong Dollars – HKD
        Hungary Forint – HUF
        Iceland Kronur – ISK
        India Rupees – INR
        Indonesia Rupiahs – IDR
        Iran Rials – IRR
        Iraq Dinars – IQD
        Ireland Pounds – IEP*
        Israel New Shekels – ILS
        Italy Lire – ITL*
        Jamaica Dollars – JMD
        Japan Yen – JPY
        Jordan Dinars – JOD
        Kenya Shillings – KES
        Korea (South) Won – KRW
        Kuwait Dinars – KWD
        Lebanon Pounds – LBP
        Luxembourg Francs – LUF*
        Malaysia Ringgits – MYR
        Malta Liri – MTL*
        Mauritius Rupees – MUR
        Mexico Pesos – MXN
        Morocco Dirhams – MAD
        New Zealand Dollars – NZD
        Norway Kroner – NOK
        Oman Rials – OMR
        Pakistan Rupees – PKR
        Peru Nuevos Soles – PEN
        Philippines Pesos – PHP
        Poland Zlotych – PLN
        Portugal Escudos – PTE*
        Qatar Riyals – QAR
        Romania New Lei – RON
        Romania Lei – ROL*
        Russia Rubles – RUB
        Saudi Arabia Riyals – SAR
        Singapore Dollars – SGD
        Slovakia Koruny – SKK
        Slovenia Tolars – SIT*
        South Africa Rand – ZAR
        South Korea Won – KRW
        Spain Pesetas – ESP*
        Sri Lanka Rupees – LKR
        Sudan Pounds – SDG
        Sweden Kronor – SEK
        Switzerland Francs – CHF
        Taiwan New Dollars – TWD
        Thailand Baht – THB
        Trinidad and Tobago Dollars – TTD
        Tunisia Dinars – TND
        Turkey New Lira – TRY
        United Arab Emirates Dirhams – AED
        United Kingdom Pounds – GBP
        United States Dollars – USD
        Venezuela Bolivares Fuertes – VEF
        Vietnam Dong – VND
        Zambia Kwacha – ZMK
        * Absolute and replaced with EURO

        Post by Anzartone
        (http://anzartone.22web.net)



        Italian Beauty

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket

        Photobucket


        --

        More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


        With Best Regards,

        Slip
        http://www.meepyatite.info/


        Facebook
        https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


        Simple Views On My Land
        http://simpleviewsonmyland.blogspot.com/


        Myanmar Social Network
        http://myanmar-social-network.socialgo.com/


        Computer Technical Notes & Sharing Software
        http://slip-meepyatite.blogspot.com/


        Myanmar Digital Satellite Navigation Gathering
        http://mdsng.blogspot.com/


        All Myanmar Blogs
        http://allmyanmarblogs.blogspot.com/


        Myanmar (Burma)
        http://republicoftheunionofmyanmar.blogspot.com/


        Music
        http://myl6.blogspot.com/


        Funny Jokes
        http://7comrades.blogspot.com/


        MIET Forum
        http://mietforum.ning.com/


        You received this message because you are member of
        "Myanmar Daily Info & General Knowledge" group. To post to this group, send email to
        myanmar-daily-info-...@googlegroups.com
        To unsubscribe from this group, send email to
        myanmar-daily-info-n-gene...@googlegroups.com
        For more options, visit this group at
        http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
        If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@googlemail.com.


        Reply all
        Reply to author
        Forward
        0 new messages