အမေရိကန်မှရသော စစ်သင်္ဘောသစ်ကို ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့သလို တရုတ်ကလည်း အကြီးဆုံး ကင်းလှည့်ယာဉ် စေလွှတ် ၊ တရုတ် လေယာဉ်တင် သင်္ဘောအား ဂြိုဟ်တုမှ ဓါတ်ပုံရိုက်ယူခဲ့ခြင်း ၊ အမေရိကန် တိုက်ရေယာဉ်များ စင်ကာပူတွင် ချထားမည် ၊ အမေရိကန်တို့ထွက်သွား

8 views
Skip to first unread message

မီးပြတိုက်

unread,
Dec 23, 2011, 10:27:43 AM12/23/11
to

  1. အမေရိကန်မှရသော စစ်သင်္ဘောသစ်ကို ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့သလို တရုတ်ကလည်း အကြီးဆုံး ကင်းလှည့်ယာဉ် စေလွှတ် ၊
  2. တရုတ် လေယာဉ်တင် သင်္ဘောအား ဂြိုဟ်တုမှ ဓါတ်ပုံရိုက်ယူခဲ့ခြင်း ၊
  3. အမေရိကန် တိုက်ရေယာဉ်များ စင်ကာပူတွင် ချထားမည် ၊
  4.  အမေရိကန်တို့ထွက်သွားပြီ အီရတ်မည်သို့ကျန်ရစ်မည်နည်း ၊
  5. နယူး​​ယောက်မြို့​​တွင် ဓာတ်​လှေခါး​ညပ်မှု​ကြောင့်​​ အမျိုး​သမီး​တစ်ဦး​​သေဆုံး​  ၊ 
  6. ရှပ်နီများကိစ္စ ဝန်ကြီးချုပ်ဟောင်းအား ရဲကတွေ့ဆုံမေးမြန်း ၊
  7. ကင်ဂျုံအီလ်ဈာပနသို့ တက်ရောက်ရန် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ပြောကြား  ၊
  8. ကင်ဂျုံအန်း မြောက်ကိုရီးယားခေါင်းဆောင်နေရာဆက်ခံ ၊
  9. ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးလွှတ်ပေး  ၊
  10.  ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်  ၊
  11.  Funny Furniture

အမေရိကန်မှရသော စစ်သင်္ဘောသစ်ကို ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့သလို တရုတ်ကလည်း အကြီးဆုံး ကင်းလှည့်ယာဉ် စေလွှတ်
w82_15
ဒီဇင်ဘာလ ၁၄ ရက်နေ့က ဟာမီလ်တန် အမျိုးအစား
Gregorip del Pilar စစ်သင်္ဘောရှေ့တွင် ရပ်နေသော ဖိလစ်ပိုင်သင်္ဘောသားများ

ယခုနှစ်အတွင်း အမေရိကန်နိုင် ငံမှရရှိခဲ့သော စစ်သင်္ဘောသစ်ကို တ ရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရေပိုင်နက်သို့ ဒီဇင်ဘာလ ၁၄ ရက်တွင် စေလွှတ်ခဲ့ ကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုက မနီလာမြို့ရှိ ရေတပ်ဌာနချုပ် တွင် ပြောကြားခဲ့သည်။ 

အရှည် ၁၁၅ မီတာ (၃၇၈ ပေ) ရှိ  Gregorio del Pilar  စစ်သင်္ဘော သည်တောင်တရုတ်ပင်လယ် ဖိလစ်ပိုင် ပိုင်ဆိုင်သည်ဟုယုံကြည်ရသည့် ရေပိုင်နက်များတွင် ကင်းလှည့်သွား မည်ဖြစ်သည်။ ယင်းသင်္ဘောနာမည်မှာ ဖိလစ်ပိုင်တော်လှန်ရေးအတွင်း ပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီးတစ်ဦးနာမည်ကို မှည့်ထားခြင်းဖြစ်သည်။


တောင်တရုတ်ပင်လယ်ရှိ ကျွန်း စုများအငြင်းပွားမှုဖြစ်နေစဉ် အမေ ရိကန်ထံမှရရှိသော ယင်းစစ်သင်္ဘောကို ဒုတိယကမ္ဘာစစ်ခေတ်ဖျက်သင်္ဘော နေရာတွင် အစားထိုးမည်ဖြစ်သည်။ တရုတ်နိုင်ငံကလည်း တန်ချိန် ၃၀၀၀ ရှိသော အကြီးဆုံးကင်းလှည့် ရေယာဉ် ဟိုင်ကျန်း ၅၀ ကို အရှေ့ တရုတ်ပင်လယ်သို့ ဒီဇင်ဘာလ ၁၄  ရက်တွင် စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ 

ကျွန်းစုများ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နှင့်အရှေ့တောင် အာရှနိုင်ငံအချို့အကြား အငြင်းပွားမှုများမှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့ရာ စစ်ဖြစ်နိုင်ခြေ အလားအလာ အများဆုံးရှိသော နေရာတစ်ခုဖြစ်လာနေသည်။

Ref: AFP


တရုတ် လေယာဉ်တင် သင်္ဘောအား ဂြိုဟ်တုမှ ဓါတ်ပုံရိုက်ယူခဲ့ခြင်း

“ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဂြိုဟ်တုဓာတ်ပုံ

အမေရိကန်ပြည်ထောင်စုမှစီးပွားရေးလုပ်ငန်းအရ ဂြိုဟ်တုလွှတ်တင်ထားသောကုမ္ပဏီ(commercial U.S. satellite company)တစ်ခု မှမိမိတို့သည် တရုတ်နိုင်ငံကမ်းလွန်ပင်လယ်ဝါအတွင်း ခုတ်မောင်းနေသော တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော၏ပုံအား ရရှိထားသည်ဟု ပြောသည်။ “ဒစ်ဂျစ်တယ်ဂလုဘ် အင်ကော်ပိုရိတ်တက်” (DigitalGlobe Inc.) မှ ပြောရာတွင် ဗုဒ္ဓဟူးနေ့ (၇.၁၂.၂၀၁၁) တွင် မိမိတို့ ဂြိုဟ်တုများ အနက် တစ်လုံးသည် လေယာဉ်တင် သင်္ဘောအား ဓါတ်ပုံရိုက်ခဲ့သည်။ ကြာသပတေးနေ့ (၈.၁၂.၂၀၁၁) တွင် ကုမ္ပဏီမှ သတင်းအချက်အလက်များစိစစ်သောဝန်ထမ်း (Analyst) သည် ဓာတ်ပုံများအား ကြည့်ရှုစစ်ဆေး နေစဉ် ထိုပုံအားတွေ့ရှိခဲ့သည်။

 “ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီ၏ သတင်းအချက်အလက်များ စိစစ်သောဌာန (DigitalGlobe's analysis center) ၏ ညွှန်ကြားရေးမှူး စတီဖင် ဝု (Stephen Wood) က ပုံထဲမှ သင်္ဘောအား ဓါတ်ပုံရိုက်ယူလိုက်သော နေ့ရက်နှင့် နေရာတို့ကြောင့် တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောဖြစ်မည်ဟု မိမိ ယုံကြည်ကြောင်း ပြောသည်။ ထိုနေ့ရက်မှာ တရုတ် လေယာဉ်တင်သင်္ဘော ပင်လယ်တွင် စမ်းသပ်ခုတ်မောင်းသောနေသောအချိန် ဖြစ်သည်။

ကိုလိုရာဒို ပြည်နယ်၊ လောင်းမော်ထ် (Longmont, Colorado) တွင် အခြေစိုက်သော “ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီသည် ဂြိုဟ်တုဓာတ်ပုံများ နှင့် ရရှိသော သတင်းအချက်အလက်များ စိစစ်ထားချက်များအား ရောင်းချရာ ကုမ္ပဏီ၏ ဖောက်သည်များမှာ အမေရိကန်ပြည်ထောင်စု စစ်ဘက်၊ အရေးပေါ် အခြေအနေများအား တုံ့ပြန် ဆောင်ရွက်ရသော ဌာနများ (emergency response agencies) နှင့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်ကြသည်။

မှတ်တမ်းဓာတ်ပုံများမှ တရုတ်နိုင်ငံ၏ ပထမဦးဆုံး လေယာဉ်တင်သင်္ဘော၏ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက် ဓာတ်ပုံ

တရုတ်၏ စစ်အင်အားကြီးနိုင်ငံဖြစ်ရန် ရည်ရွယ်ချက်နှင့် ဆက်စပ်နေသည်ဟု ယူဆမှုများရှိနေသဖြင့် လေယာဉ်တင် သင်္ဘောအား အပြည်ပြည်ဆိုင်ရာမှ အလွန်ပင် စိတ်ဝင်စားနေကြသည်။

“ဗာရီယာ့ဂ်” (Varyag) ဟု အမည်ပေးထားသော လေယာဉ်တင် သင်္ဘောအား ယခင် ဆိုဗီယက် ယူနီယံ မှ တည်ဆောက်ခဲ့ရာ မပြီးဆုံးမီတွင် ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့ရာ ယခင် ဆိုဗီယက် ယူနီယံတွင် ပါဝင်ခဲ့သော ယူကရိန်းနိုင်ငံ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည်။

တစ်ပိုင်းတစ်စသာ ပြီးသေးသော လေယာဉ်တင် သင်္ဘောအား ၁၉၉၈ ခုနှစ်တွင် ယူကရိန်းလက်မှ တရုတ်နိုင်ငံက ဝယ်ယူခဲ့ပြီးနောက် နှစ်အတန်ကြာ ပြန်လည်မွမ်းမံခဲ့သည်။ ဝယ်ယူစဉ်က သင်္ဘောတွင် အင်ဂျင်စက်များ၊ တပ်ဆင်ထားသော လက်နက်များ၊ ရေကြောင်း လမ်းညွှန်သောစနစ်များ (navigation systems) မရှိပါ။

တရုတ်နိုင်ငံက လေယာဉ်တင် သင်္ဘောအား သုတေသနနှင့် လေ့ကျင့်ရေးအတွက် ရည်ရွယ်သည်ဟု ပြောရာ အလားတူ လေယာဉ်တင် သင်္ဘောများ ထပ်မံတည်ဆောက်ရန် ရည်ရွယ်ချက်ရှိသည်ဟု ခန့်မှန်းပြောဆိုချက်များ ဖြစ်ပေါ်စေသည်။

တရုတ်နိုင်ငံသည် ယခင်က လေယာဉ်တင် သင်္ဘောနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောကြားမှု များစွာမရှိသော်လည်း မကြာမီနှစ်များတွင် ပို၍ပွင့်လင်းလာခဲ့သည်ဟု ဘော်နီ အက်စ် ဂလေစာ (Bonnie S. Glaser) က ပြောသည်။ သူမသည် မဟာဗျူဟာနှင့် နိုင်ငံတကာရေး လေ့လာရေးဌာန (Center for Strategic and International Studies) ၏ တရုတ်နိုင်ငံအရေး ကျွမ်းကျင်သူ ဖြစ်သည်။

တရုတ်နိုင်ငံမှ ယခုနှစ်အတွင်း လေယာဉ်တင်သင်္ဘောအား ပင်လယ်တွင်း စမ်းသပ်ခုတ်မောင်းခြင်း နှစ်ခါပြုလုပ်ခဲ့ကြောင်း ကြေညာသည်ဟု သူမက ပြောသည်။

တရုတ်လေယာဉ်တင် သင်္ဘော၏ တိုးတက်ပြောင်းလဲလာမှုသည် အမေရိကန်ပြည်ထောင်စု စစ်ဘက်မှ မှန်းဆထားခဲ့သကဲ့သို့ ဖြစ်လာသည်ဟု ကာကွယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ရေတပ်ဗိုလ်မှူး လက်စ်လီ ဟားလ်-ရိုက်ဒ် (Cmdr. Leslie Hull-Ryde) က ပြောသည်။

တရုတ်လေယာဉ်တင် သင်္ဘောသည် လာမည့်နှစ်ကုန်တွင် ရေတပ်တာဝန်များ ထမ်းဆောင်နိုင်တော့မည်ဟု ယခုနှစ် ကွန်ဂရက်လွှတ်တော်သို့ ကာကွယ်ရေးဌာနမှ တင်သွင်းသော အစီရင်ခံစာတွင် ပါရှိသည်။

ထိုအချိန်မှစ၍ နောက်ထပ်နှစ်အတန်ကြာမှ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်မည့် လေယာဉ်အုပ်စု ရှိလာနိုင်သည်ဟု ရေတပ်ဗိုလ်မှူး ဟားလ်-ရိုက်ဒ် (Cmdr. Hull-Ryde) က အီးမေးလ်တွင် ရေးသည်။

“ဒစ်ဂျစ်တယ်ဂလုဘ်” ကုမ္ပဏီ၏ ဂြိုဟ်တုဓါတ်ပုံနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထောက်လှမ်းရေး ကိစ္စဖြစ်သောကြောင့် သူမက ပြောဆိုခြင်း မပြုနိုင်ဟု အဖြေပေးသည်။


အမေရိကန် တိုက်ရေယာဉ်များ စင်ကာပူတွင် ချထားမည်

အမေရိကန် ရေတပ်က ပင်လယ်ကမ်းရိုးတန်းသုံး တိုက်ရေ ယာဉ်အတော်များများကို စင်ကာပူနိုင်ငံတွင် တပ်စွဲထားရှိမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင် ငံတွင်လည်း အမေရိကန် ရေတပ်သင်္ဘောများ ထားရှိ တပ်စွဲထားရန် ဖြစ်နိုင်သောကြောင့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အတွင်း တရုတ်နိုင်ငံ၏ ရတက် မအေး စရာအဖြစ်များ ပို၍ တိုးလာမည်ဟု သုံးသပ်နေကြသည်။ ရေတပ်သင်္ဘော အရွယ်အစား သေးငယ်သော်လည်း အာရှနိုင်ငံ များအတွင်း အမေရိကန် ရေတပ် ဖြန့်ကျက် ချထားသည့် အာရှနိုင်ငံ များနှင့် တိုးတက်သော ထိတွေ့ ဆက်ဆံနေမှုအပေါ် ပြသရာ ရောက်နေပြီး တရုတ်တို့အတွက် ကသိကအောက် ဖြစ်စေကာဒေသ အတွင်း ကာကွယ်ရေးအတွက် အခက်အခဲရှိလာလိမ့်မည်ဟု ပြောဆို သုံးသပ်ချက်များ ပေးနေကြသည်။ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင်မြို့ ဆိပ်ကမ်းတွင်လည်း အမေရိကန် စစ်သား ၂၅ဝဝ ကို ချထားရန်အတွက် နှစ်နိုင်ငံ သဘောတူညီမှု ရယူထားရှိထားပြီး ဖြစ်သည်။ အမေရိကန် ရေတပ်က အာရှ ပစိဖိတ် ဒေသအတွင်းတွင် ပင်လယ်ရေ   ကြောင်း  သွားလာရေး လမ်းဆုံးအဖြစ် မဟာဗျူဟာကျကျ ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း အမေရိကန် ရေတပ်စစ်ဆင်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိုနသန် ဂရင်းနာ့ဂ်က ပြောခဲ့သည် ဟု ဖော်ပြထားသည်။
KLMA Ref: Reuters/AP


အမေရိကန်တို့ထွက်သွားပြီ အီရတ်မည်သို့ကျန်ရစ်မည်နည်း

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

သားသမီးများနှင့် ပြန်လည်ဆုံစည်းရင်း မျက်ရည်မဆည်နိုင် ဖြစ်နေရသည့် အမေရိကန်စစ်သည်တစ်ဦး။
ဓာတ်ပုံ - အေအက်ဖ်ပီ

အီရတ်နိုင်ငံကို အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်၍ သမ္မတ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့ပြီး ရှစ်နှစ် ကြာခဲ့ပြီဖြစ်သော ယနေ့အချိန်တွင် အမေရိကန်တပ်များ အားလုံး အီရတ်မှ ပြန်လည်ရုပ်သိမ်း ပြီဖြစ်သည်။

အမေရိကန်တပ်များ ရုပ်သိမ်းသွားသော်လည်း အီရတ်တွင် စိန်ခေါ်မှုများ တသီတတန်းနှင့် ကျန်ခဲ့ လေသည်။

အငြင်းပွားနေသော နယ်မြေပိုင် ဆိုင်မှုများ

အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာ့ဒ် လူမျိုးတို့က အီရန်နယ်စပ်မှ ဆီးရီးယားနယ်စပ်အထိ မြောက်ပိုင်း နယ်မြေတစ်ခုလုံးကို ကာ့ဒ်ပြည် နယ်သုံးခုအဖြစ် ပေါင်းစည်းလိုသည်။

ဘဂ္ဂဒက်ကလည်း ပြည်နယ်လေးခု၏ အစိတ်အပိုင်းများပါဝင်သော ဒေသနှင့် ရေနံကြွယ်ဝပြီး တိုင်းရင်းသားမျိုးစုံ နေထိုင်သည့် ကာကွတ် မို့တော်နှင့် အနီးတစ်ဝိုက်ကို သူတို့ပိုင်သည်ဟု ပြောနေသည်။

သောင်းကျန်းသူမျိုးစုံနှင့် အယ်လ်ကေဒါများ

၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် အထွတ်အထိပ်ရောက်ခဲ့သော ဆွန်နီ ဘာသာဝင်တို့၏ သောင်းကျန်းမှုသည် အမေရိကန်စစ်တပ်နှင့် ဆွန်နီဘာသာဝင် တိုင်းရင်းသားလူမျိုးစုတို့အကြား မဟာမိတ်ဖွဲ့ကာ ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် အယ်လ်ကေဒါတို့ကို ချေမှုန်းနိုင်ခဲ့သဖြင့် သိသိသာသာ ကျဆင်းသွားခဲ့သည်။

အယ်လ်ကေဒါတို့၏ရှေ့ပြေး အီရတ် အစ္စလာမ်နိုင်ငံတော် အဖွဲ့သည် ရှီးယား ဘာသာဝင်များ၊ ခရစ်ယာန်များနှင့် အီရတ်အစိုးရ တပ်ဖွဲ့များအပေါ် တိုက် ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေ ကြဆဲပင်ဖြစ်သည်။

ဘာသာရေးအသိုင်းအ၀ိုင်းများ အကြားတင်းမာမှုများ

ယခုအခါ ရှီးယားဘာသာဝင်တို့ ဦးဆောင်နေသော အီရတ်အစိုးရက ဆွန်နီ ဘာသာဝင်တို့သည် ၎င်းတို့အစိုးရ ပြုတ်ကျအောင် ကျိတ်ကြံနေကြသည် ဟု စွပ်စွဲသည်။

ဆက်ဒမ်ဟူစိန်ကိုယ်တိုင် ဆွန်နီတစ်ဦးဖြစ်ပြီး ၎င်း၏ အစိုးရ လက်ထက်တွင် ဆွန်နီများသာ ကြီးစိုး လွှမ်းမိုးထားခဲ့သည်။

ဆီးရီးယား အကျပ်အတည်းပြဿနာ

အီရတ်နိုင်ငံသည် ဆီးရီးယားနိုင်ငံ နှင့် ရှည်လျားသော နယ်နိမိတ်ထိစပ် လျက်ရှိပြီး ဆက်ဒမ် ဟူစိန်၏ ဘာ့သ် ပါတီ၏ အပွားလက်တက်တစ်ခု ဖြစ်သော ဘာ့သ်ပါတီသည် ဆီးရီးယား တွင် အာဏာရအုပ်စိုးနေသည်။

ဆီးရီးယားနိုင်ငံတွင် လက်ရှိလူနည်းစု ရှီးယား 'အာလာဝိုက်'အစိုးရ ပြုတ်ကျ သွားလျှင် ဒုက္ခသည်များ နယ်စပ်ဖြတ် ကျော်ပြီး အီရတ် နိုင်ငံထဲသို့ ၀င်ရောက် လာလျှင်အီရတ်နိုင်ငံအတွင်း ဆွန်နီနှင့် ရှီးယားတို့ကြား တင်းမာမှုမှာ ပိုမို မြင့်တက်သွားနိုင်သည်။

အီရန်၏ ဩဇာလွှမ်းမိုးမှု

အီရန်နိုင်ငံသည် အီရတ်အပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသည်ဟု ယုံကြည်ရသည်။ အီရတ်တောင်ပိုင်းရှိ ရှီးယားစစ်သွေးကြွများကို အီရန်နိုင်ငံက စစ်သင်တန်းပေးခြင်း၊ လက်နက်တပ် ဆင်ပေးခြင်းများ ပြုလုပ်နေသည်ဟု အမေရိကန်တို့၏ စွပ်စွဲချက်ကို အီရန် က ငြင်းသည်။

ဖွဲ့စည်းပုံဆိုင်ရာ ပျက်ယွင်းမှုနှင့် အားနည်းချက်များ

အီရတ်တွင် ပြည်ထဲရေးဝန်ကြီးမရှိပါ။ ၂၀၁၀ ပြည့်နှစ်၊ မတ်လရွေးကောက်ပွဲ ပြီးချိန်မှစ၍ နိုင်ငံရေးအငြင်းပွားမှုများ ကြောင့် အမြဲတမ်းကာကွယ်ရေးဝန်ကြီး တစ်ဦးကို ခန့်အပ်နိုင်ခြင်းမရှိသေးပေ။

အီရတ် အစိုးရဌာနများမှာလည်း အားနည်းပြီး ခြစားမှုများနှင့် ပြည့်နှက် နေသည်။ အီရတ်နိုင်ငံသည် ကမ္ဘာပေါ် တွင်အဂတိလိုက်စားမှု အများဆုံးစာရင်း တွင် နံပါတ် (၈) နေရာတွင် ရှိသည်ဟု Transparency International အဖွဲ့မှဆိုသည်။

ပြည်နယ်အချို့ကလည်း ကာဒစ္စတန် ဒေသကဲ့သို့ပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမို ရလိုကြောင်း တောင်းဆိုနေကြသည်။

အီရတ်စစ်တပ်သည် ပြည်တွင်းလုံခြုံ ရေးကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း မိမိနယ်နိမိတ်ကာကွယ်ရေး၊ လေကြောင်း ပိုင်နက်နှင့် ပင်လယ်ကမ်းရိုးတန်း ပိုင်နက်လုံခြုံရေး များကိုမူ ၂၀၂၀ ပြည့်နှစ်တိုင်အောင် တာဝန်ယူနိုင်စွမ်း ရှိဦးမည်မဟုတ်ပါဟု စစ်အရာရှိများက ဆိုသည်။

စွမ်းအင်ပြဿနာ

အီရတ်အစိုးရ ၀င်ငွေအများစုကို ရှာပေးနေသော ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှု မြင့်တက်နေသော်လည်း ရေနံ လုပ်ငန်းနှင့် လုပ်ငန်းမှ ရသည့် ၀င်ငွေ များကို ဗဟိုအစိုးရနှင့် ပြည်နယ်များ အကြား မည်သို့ဖြန့်ဝေမည်ဆိုသည့် ဥပဒေများကို သတ်သတ်မှတ်မှတ် ပြဋ္ဌာန်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။

လူမှုရေးပြဿနာများ

အီရတ်လူဦးရေ၏ လေးပုံတစ်ပုံခန့် မှာ ဆင်းဆင်းရဲရဲ နေထိုင်ကြရဆဲရှိသည်။

၂၀၀၃ ခုနှစ် ဒီဘက်ပိုင်းတွင် အမျိုးသမီးများ၏ အခြေအနေ ပို၍ ယိုယွင်းကျဆင်းလာသည်။ အီရတ်တွင် ဒုက္ခသည်နှင့် ပြည်တွင်း နေရာ ရွှေ့ပြောင်း ခံကြရသူ ၁ ဒသမ ၇၅ သန်းရှိသည်။

ကာ့ဒ်ခွဲထွက်ရေးသမားများ

ကာဒစ္စတန် အလုပ်သမားပါတီ (PKK) နှင့် လွတ်လပ်သော ကာဒစ္စတန်ပါတီ (PJAK) တို့သည် တူရကီ အစိုးရနှင့် အီရန်အစိုးရတို့ကို တွန်းလှန်တိုက်ခိုက် နေခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ။

၎င်းတို့၏ အခြေခံစခန်းများကို အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ထားရှိကြ သည်။ တူရကီနှင့် အီရန်အစိုးရတပ်များက ထို ကာ့ဒ်အခြေစိုက် စခန်းများကို လေကြောင်းမှလည်းကောင်း၊ အမြောက် ကြီးများဖြင့် ပစ်ခတ်၍လည်းကောင်း ပုံမှန်တိုက်ခိုက် ချေမှုန်းလေ့ရှိသည်။

ကူဝိတ်နိုင်ငံနှင့် တင်းမာမှု

၁၉၉၀ ပြည့်နှစ်တွင် ဆက်ဒမ်ဟူစိန် ၏ စစ်တပ်များ ကူဝိတ်နိုင်ငံတွင်း ၀င်ရောက်ကျူးကျော်ခဲ့ချိန်မှစ၍ အီရတ်- ကူဝိတ်ဆက်ဆံရေးမှာ မကောင်းခဲ့ပေ။ နှစ်နိုင်ငံကြား နယ်နိမိတ်သတ်မှတ်မှုမှာ ယခုအထိ ပြီးပြည့်စုံမှုမရှိသေးချေ။

ကူဝိတ်နိုင်ငံက ကြီးမားသော ရေနက် ဆိပ်ခံကြီး ဆောက်လုပ်နေသဖြင့် အီရတ် နိုင်ငံ၏ ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ နေသည်ဟု အီရတ်နိုင်ငံက ပြောဆို ကန့်ကွက်လျက်ရှိသည်။

ယနေ့ အီရတ်နိုင်ငံတွင် အခြေစိုက်စခန်း သုံးခု၌ အမေရိကန်စစ်သည် ၆,၀၀၀ သာ ကျန်ရှိတော့သည်။

သောင်းကျန်းမှု အထွတ်အထိပ်အချိန် ကာလက အမေရိကန်စခန်း ၅၀၅ ခုတွင် စစ်သည်စုစုပေါင်း ၁၇၀,၀၀၀ နီးပါးအထိ ရှိခဲ့သည်။

ယခု ဒီဇင်ဘာလကုန်တွင် အီရတ်မှ အမေရိကန်စစ်သည်အားလုံး ရုပ်သိမ်းသွားကြတော့မည် ဖြစ်သည်။



နယူး​​ယောက်မြို့​​တွင် ဓာတ်​လှေခါး​ညပ်မှု​ကြောင့်​​ အမျိုး​သမီး​တစ်ဦး​​သေဆုံး

alt

ဓာတ်​လှေခါး​ညပ်မှု​ကြောင့်​​ ​သေဆုံး​သွား​​သော အမျိုး​သမီး​© dailymail

အ​မေရိကန်နိုင်ငံတွင် အမျိုး​သမီး​တစ်ဦး​ ဓာတ်​လှေခါး​ညပ်မှု​ကြောင့်​​ ​သေဆုံး​သွား​​ကြောင်း​ သိရသည်။

နယူး​​ယောက်ရှိ မက်ဟန်တန်တွင် ​နေထိုင်​သော ဆူဇန်နီ ဟတ်သည် သူမ၏ ​နေအိမ်တိုက်ခန်း​တွင် တပ်ဆင်ထား​​သော ဓာတ်​လှေခါး​တွင် ညပ်ကာ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ရဲများ​က ဟတ်သည် စိတ်ပိုင်း​ဆိုင်ရာ ထိခိုက်စရာများ​ ကြုံထား​ရသည်ဟု ယုံကြည်ရပြီး​ ဓာတ်​လှေခါး​ တံခါး​တွင် ရပ်​နေစဉ် သူမ၏ စိတ်အ​ခြေအ​နေနှင့်​​ ပတ်သက်ပြီး​ သံသယဖြစ်​နေသည်။

သူမသည် ဓာတ်​လှေခါး​နှင့်​​ တရွတ်ဆွဲ ပါသွား​ပြီး​ ညပ်​နေသဖြင့်​​ ကယ်ထုတ်ကာ ​ဆေး​ရုံသို့​​ ပို့​​​ဆောင်​ပေး​ခဲ့​​​သော်လည်း​ ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။ ၂၆ ထပ်မြင့်​​​သော တိုက်ခန်း​တွင် ဖြစ်ပွား​​သော မ​တော်တဆမှုအတွက် ရဲများ​က စုံစမ်း​​နေဆဲဖြစ်သည်။ ယခုသီတင်း​ပတ်အတွင်း​ ဖြစ်ပျက်ခဲ့​​သည့်​​ ကိစ္စအတွက် မည်သည့်​​ အမှား​အယွင်း​ ရှိ​နေသည်ကိုလည်း​ ​ခြေရာခံ​နေသည်။

အဆိုပါ ဓာတ်​လှေခါး​ကို ဇွန်လက တစ်ကြိမ် စစ်​ဆေး​ထား​ပြီး​ မည်သည့်​​ အမှား​အယွင်း​မျှ မရှိခဲ့​​ဟုဆိုသည်။ ၂၀၀၃ ခုနှစ်ကတည်း​က ယင်း​ဓာတ်​လှေခါး​၏ လုပ်​ဆောင်ချက်များ​ကို ပုံမှန်​လေ့​​လာခဲ့​​ရာ အား​လုံး​မှန်ကန်​နေ​ကြောင်း​လည်း​ သိရသည်။ ယင်း​အ​ဆောက်အအုံတွင် ဓာတ်​လှေခါး​ ၁၃ ခုရှိပြီး​ တာဝန်ရှိသူများ​က ယင်း​တို့​​အား​လုံး​ကို အ​ရေး​​ပေါ် စစ်​ဆေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။


ရှပ်နီများကိစ္စ ဝန်ကြီးချုပ်ဟောင်းအား ရဲကတွေ့ဆုံမေးမြန်း

တာဝန်ရှိသူများနှင့်မတွေ့မီ သတင်းထောက်များ မေးမြန်းသည်တို့ကို ပြန်လည်ဖြေကြား နေသော မစ္စတာ အဘိဆစ် ဝေ့ဂျာဂျီဝ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂
ရှပ်နီများ ဆန္ဒပြခဲ့ခြင်းအပေါ် အစိုးရဟောင်း၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်အား ထိုင်းရဲဌာန၏   တွေ့ဆုံမေးမြန်းမှုများ   ပြုလုပ်ခဲ့ သည်။  ယမန်နှစ်က ရှပ်နီများ ဆန္ဒ ပြခဲ့ခြင်းအပေါ် အစိုးရဟောင်း အနေဖြင့် စိတ်ရှည်သည်းခံမှုနှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းသတ် မှတ်ချက်များကို အခြေခံ၍ ကိုင် တွယ်   ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနမှ တာဝန်ရှိသူများနှင့် မတွေ့မီတွင် အဘီဆစ်က သတင်းထောက်များအား ပြော ကြားခဲ့သည်။ အဆိုပါ တရားဥပဒေနှင့် မညီညွတ်   သောဆန္ဒပြမှုများအား တရားရေးဌာန၏ အမိန့်အရ ကိုင်တွယ် ဖြေရှင်းခဲ့ခြင်းဖြစ် ကြောင်းလည်းသူကပြောသည်။ ”အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှုအတွက် ထိန်းသိမ်း ရမယ့် တာဝန်ရှိကြောင်း တရား ရေးဆိုင်ရာ ပြဋ္ဌာန်းချက်ရှိပါတယ်။ သက်ဆိုင်ရာ အာဏာ ပိုင်တွေကိုလည်း သင့်လျော် သလို အဆင့်ဆင့်ဆောင်ရွက်ဖို့   ပြောခဲ့ပါတယ်”ဟု အဘီဆစ်က ပြောသည်။ သူ့အနေနှင့် အမှန်များကို သာ ပြောသဖြင့် ရဲတာဝန်ရှိသူ တို့၏ မေးခွန်းများကို မစိုးရိမ် ကြောင်းလည်း ဆက်ပြောပါ သေးသည်။ ”အဆုံးမှာတော့   ပြည်သူ တွေ နားလည်သဘောပေါက် လာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု မစ္စတာ အဘီဆစ်ဝေ့ဂျာဂျီဝက သတင်း   ထောက်များအား ပြောပါသည်။ ယခုကဲ့သို့ ရဲတာဝန်ရှိသူများ နှင့်တွေ့ဆုံခြင်းသည် ဒီမိုကရက် ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အနေနှင့် ဒုတိယလူဖြစ်ပြီး သူ့ရှေ့ ဝယ် ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူသက်  သောင်ဆုဘန်းက တွေ့ ဆုံခဲ့ပါသေးသည်။ ရှပ်နီများ ဆန္ဒပြ ခဲ့ကြစဉ်က  အဘီဆစ်သည် အခြေ အနေအရပ်ရပ်ကို ကိုင်တွယ်ဖြေ ရှင်းရသူ တာဝန်ခံဖြစ်ပြီး   သောင်ဆု ဘန်းမှာမူ အမျိုးသားလုံခြုံရေး ဌာန၏တာဝန်ခံဖြစ်ကာ အရေးပေါ် အခြေအနေဆိုင်ရာ ဆုံးဖြတ်ရေး ဗဟို၏ ဒါရိုက်တာလည်း ဖြစ်ခဲ့ သည်။ ရှပ်နီများ ဆန္ဒပြခဲ့ ကြစဉ်က နှိမ်နင်းခဲ့ရာတွင် ၉၂ ဦးသေဆုံးခဲ့ပြီး ၁ဝဝဝ ထက်မနည်း ဒဏ်ရာရခဲ့ သည်။ မြို့တော်ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ရင်ဆိုင်ခဲ့ကြ သည့်  ယမန်နှစ် ဧပြီနှင့်မေလများဝယ် သေဆုံးခဲ့ သူ ၉၂ ဦးအနက် ၁၆ ဦးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။ သူတို့၏ စုံစမ်းစစ်ဆေးမှုများ အပြီးမသတ်သေးမီ မစ္စတာ အဘီ ဆစ်နှင့် မစ္စတာ သောင်ဆုဘန်းတို့ နှစ်ဦးအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ရဲတာဝန် ရှိသူများ က ဆိုသည်။ သို့ရာတွင် လက်ရှိအစိုးရ အဖွဲ့ အနေဖြင့် ရဲဖက်ဆိုင်ရာစုံစမ်းစစ် ဆေးမှုများကိုဝင်ရောက်စွက်ဖက်ရန် မသင့်ကြောင်း အဘီဆစ်က ပြောသည်။   ထိုနေ့   စောစောပိုင်း တွင်ပင် လက်ရှိ ဒုတိယဝန်ကြီးချုပ် မစ္စတာ ချလမ် ယူဘမ်ရွန်းထံ ဆက် သွယ်၍ထင်မြင်ချက်ပေး နေမှုများကို ရပ်တန့်ရန်နှင့် ရဲအလုပ် ရဲတွေသာ လုပ် စေရန်   တောင်းဆို ခဲ့သေးကြောင်းလည်း သူက ပြောပါသေးသည်။ ”ကျွန်တော့် အစိုးရအဖွဲ့က ဆန္ဒပြတာတွေကို ဘယ်လိုကိုင် တွယ်ဖြေရှင်းခဲ့တယ်ဆိုတဲ့ အထောက် အထားတွေကို ရှင်း လင်းပြသဖို့ ပြင်ဆင်ထားပါ တယ်”ဟု ဝန်ကြီးချုပ်ဟောင်းက ပြောသည်။  မစ္စတာ အဘီဆစ်အား တွေ့ ဆုံမေးမြန်းမှုသည် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်   ကြောင်း ရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူက ပြောပါသည်။
PN-300, Ref: Bangkok Post


ကင်ဂျုံအီလ်ဈာပနသို့ တက်ရောက်ရန် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ပြောကြား

မြောက်ကိုရီးယားက ယခုအခါ တောင်ကိုရီးယားအား နိုင်ငံအကြီးအကဲ တစ်ဦး၏ ဈာပနကို လာရောက် ဂါရ၀ပြုရန် တိုက်တွန်းခဲ့ပြီး ယင်းကို ငြင်းဆန်ပါက နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပိုမိုနာကျင်စရာများ ဖြစ်လာမည်ဟု သတိပေးထား

ကင်ဂျုံအီလ်ဈာပနသို့ တက်ရောက်ရန် မြောက်ကိုရီးယားက တောင်ကိုရီးယားကို ပြောကြား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်၏ ဈာပန အခမ်းအနားတွင် လာရောက် အရိုအသေပေးရန် မြောက်ကိုရီးယားက  တောင်ကိုရီးယားကို တိုက်တွန်းတောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားသည့် ကွန်မြူနစ် ခေါင်းဆောင်ကြီးကို လာမည့် ဗုဒ္ဓဟူးနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ရာ ထိုအခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားကို မြောက်ကိုရီးယားက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

kim jong il

(ကင်ဂျုံအီလ်အား လာရောက် ဂါရဝပြုကြသည့် မြောက်ကိုရီးယားပြည်သူများ)

မြောက်ကိုရီးယားသည် ဒီဇင်ဘာ (၂၉)ရက်နေ့ထိ နိုင်ငံတော်အဆင့် ၀မ်းနည်းကြေကွဲခြင်း နေ့ရက်ကို သတ်မှတ်ထားဦးမည်ဖြစ်သည်။ ထိုနှစ်နိုင်ငံသည် အစဉ်အဆက် တင်းမာမှုများ မြင့်တက်နေခဲ့ပြီး မကြာသေးမီ နှစ်ပိုင်းက နယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဆက်ဆံရေး ပိုမဆို ဆိုးရွားခဲ့သည်။ မြောက်ကိုရီးယားက ယခုအခါ တောင်ကိုရီးယားအား နိုင်ငံအကြီးအကဲ တစ်ဦး၏ ဈာပနကို လာရောက် ဂါရ၀ပြုရန် တိုက်တွန်းခဲ့ပြီး ယင်းကို ငြင်းဆန်ပါက နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပိုမိုနာကျင်စရာများ ဖြစ်လာမည်ဟု သတိပေးထားသည်။ “တောင်ကိုရီးယားရဲ့ စိတ်နေသဘောထားကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”ဟု မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

kim jong il

(မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏ ရုပ်အလောင်း)

ယခုဈာပနတွင် တက်ရောက်ခွင့်ရသူ အများစုသည် မြောက်ကိုရီးယား နိုင်ငံသားများသာဖြစ်ပြီး ဂျပန်မှ မင်းသမီး တန်ကိုဟု နာမည်ကြီးသည့် မျက်လှည့်ဆရာမ တစ်ဦးကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။ နီးစပ်သော သတင်းများက ကင်မ်၏ အကြီးဆုံးသား ကင်မ်ဂျွန်နမ်သည် ဈာပန အခမ်းအနားကို ပျက်ကွက်ဖွယ် ရှိနေကြောင်းလည်း ဖော်ပြနေသည်။ ဂျွန်နမ်သည် ဖခင်၏ အရိုက်အရာကို ဆက်ခံခွင့်ရမည့်သူအဖြစ် ရေပန်းစားခဲ့သော်လည်း ခေါင်းဆောင်ကြီးကင်မ်က အငယ်ဆုံးသား ကင်ဂျုံအန်းကိုသာ အာဏာလွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။

Source: Guardian


ကင်ဂျုံအန်း မြောက်ကိုရီးယားခေါင်းဆောင်နေရာဆက်ခံ

(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၉ ( ၂၃ - ၂၉ ၊ ၁၂ ၊ ၂၀၁၁)

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်း ဗီဒီယို လုပ်ငန်းတစ်ခုအားသွားရောက်စစ်ဆေးနေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

အသက် ၆၉ နှစ် ရှိပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နျူကလီးယားလက်နက်ပိုင်ဆိုင် ထားသည်ဟု ဆိုသော မြောက်ကိုရီးယားနိုင်ငံသည် ကသောင်းကနင်းဖြစ်လာ မည့်အရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေသည့်အကြားက ကင်ဂျုံအီးလ်၏သားဖြစ်သူ ကင်ဂျုံအန်း အား 'မြောက်ကိုရီးယား နိုင်ငံသားတို့၏ မဆုတ်မနစ်တဲ့စိတ်ဓာတ်နဲ့ အတွေး အခေါ် ယုံကြည် ချက်များရဲ့ဒေါက်တိုင်' အဖြစ် ဖော်ပြကာ ဆက်ခံသူအဖြစ် ကြေညာ ခဲ့သည်။

"ကွန်မြူနစ်ပါတီ၊ စစ်တပ် နဲ့ ပြည်သူ လူထုတို့ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်လည်းဖြစ်၊ တော်လှန်ရေးကြီးရဲ့ ဆက်ခံသူလည်းဖြစ်တဲ့ ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်သူ ကင်ဂျုံအန်းဟာ ကျွန်ုပ်တို့ရဲ့ တော်လှန်ရေးကြီးမှာ ရှေ့တန်းက ရပ်တည်ပေးမှာဖြစ်ပါတယ်။ "ပါတီအဖွဲ့ဝင်တွေအားလုံး၊ စစ်တပ်နဲ့ ပြည်သူတွေက ကင်ဂျုံအန်းရဲ့ ခေါင်း ဆောင်မှုနောက်က သစ္စာရှိစွာနဲ့လိုက်ပါသင့်တယ်" ဟု မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနတစ်ခုက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံမှ ဘွဲ့ရ တစ်ဦးဖြစ်သူ အသက် ၃၀ ၀န်းကျင်ရှိ ကင်ဂျုံအန်းသည် ၂၀၀၈ ခုနှစ်ဩဂုတ်လတွင် ၎င်း၏ဖခင် လေဖြတ် ဝေဒနာ ခံစား ရပြီးနောက် ရေပန်းစားထင်ရှားလာခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ်က ၎င်းသည် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်လာပြီး ထိပ်တန်းအာဏာရ ပါတီတွင်လည်း နေရာရလာ ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် သေဆုံးကြောင်း ကြေညာသည့် ဒီဇင်ဘာ ၁၉ ရက်နေ့၌ မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေဒေသတွင် တာတိုပစ်ဒုံးကျည်ဖြင့် စမ်းသပ် ပစ်ခတ်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကို တောင်ကိုရီးယားစစ်တပ် အာဏာပိုင်များက စောင့်ကြည့် အကဲခတ်လျက်ရှိကြောင်းကို တောင်ကိုရီးယား သတင်းဌာနမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည် အမျိုးသားလုံခြုံ ရေးပူးပေါင်းဆောင် ရွက်မှုကို ဂရုတစိုက် သေချာစွာဆောင်ရွက်ရန် ဒီဇင်ဘာလ ၁၉ ရက်နေ့က တယ်လီဖုန်း ဖြင့်ဆက်သွယ် ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်ပြည် ထောင်စု၏ ခိုင်မာသော ကတိက၀တ်ကို သမ္မတအိုဘားမားက ထပ်လောင်းအတည်ပြုကြောင်း ကြေညာ ချက်တစ်စောင်၌ ဖော်ပြ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကိုရီးယားကျွန်း ဆွယ်တွင် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် လုံခြုံမှု အဓွန့်ရှည်သော ခေတ်သစ် တစ်ရပ်ထူထောင်ရန် မြောက်ကိုရီး ယားခေါင်းဆောင်သစ်ကို တိုက်တွန်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံ ရေးမရှိသော ဂျပန်နိုင်ငံကလည်း ကင်ဂျုံ အီးလ် သေဆုံးမှုနှင့်ပတ်သက်၍၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး တစ်ဖက်တွင်လည်း အရေးပေါ် လုံခြုံရေးအစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

ဗြိတိန်နိုင်ငံကလည်း အထီးကျန် နေထိုင်သော မြောက်ကိုရီးယားနိုင်ငံတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်ပေါ်ရန် မျှော်လင့်ချက်ကြီး လျက်ရှိသည်။

ပေကျင်းတွင် သမ္မတဟူကျင်တောင်က မြောက်ကိုရီးယားသံရုံးသို့ သွားရောက်ကာ ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး စီးပွားရေးအရ အားထားရ သောနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ကင်ဂျုံအီးလ်၏ ဈာပနကို ပြုံယမ်းမြို့ တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ထိကျင်းပ မည်ဖြစ်သော်လည်း နိုင်ငံခြားကိုယ်စား လှယ်အဖွဲ့ များကိုမူ ဖိတ်ကြားခြင်းမပြုပေ။

နိုင်ငံသားများ၏၀မ်းနည်းပူဆွေးကြောင်း ပြသခြင်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။


ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးလွှတ်ပေး

alt

ပါလက်စတိုင်း အကျဉ်းသားများအားအစ္စရေး မှ လွှတ်ပေး© dailymail

အစ္စရေးသည် ပါလက်စတိုင်း အကျဉ်းသား ၅၅၀ ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဟားမတ်တို့က အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရေး တောင်းဆိုမှုကို ဒီဇင်ဘာ ၁၈ ရက်နေ့က အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာသည်။ ဟားမတ် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရ အရာရှိ အဘူအိုဘီဒါက “အကျဉ်းသားချင်း လဲလှယ်မှု အစီအစဉ်ကို အပြီးသတ်နိုင်ပြီလို့ ကြေညာနိုင်ပါတယ်။

အစ္စရေးတွေဘက်က ဖမ်းထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး အကျဉ်းသား ၅၅၀ ကို ပြန်လွှတ်ပေးလိုက်တာ အမှန်ပါပဲ”ဟု ပြောကြားခဲ့သည်။ ယင်းတို့အနက် ၅၀၉ ဦးသည် အနောက်ဘက် ကမ်းခြေ ဒေသမှဖြစ်ပြီး ၄၁ ဦးသည် ဂါဇာကမ်းမြှောင်မှ ဖြစ်ကြောင်းလည်း သိရှိရသည်။ ဟားမတ်တို့ဘက်မှလည်း ထိန်းသိမ်းထားသည့် အကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ရာ ဂါဇာနှင့် အစ္စရေးကြား နယ်နိမိတ်တွင် လွတ်မြောက်လာသူများကို မိသားစုများက လာရောက် ကြိုဆိုခဲ့ကြသည်။

အစ္စရေးတို့ လွှတ်ပေးခဲ့သူ ၅၅၀ အနက် ဟားမတ်တို့၏ ဂျီဟတ်ရေးရာ လှုပ်ရှားသူ စစ်သွေးကြွများ မပါဝင်ဘဲ သမ္မတ မာမွတ်အဘက်စ်၏ ဖာတာပါတီနှင့် ဆက်နွယ်သူများ၊ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများမှ ဖြစ်ကြောင်းလည်း သိရှိရသည်။ 


ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​​ခွင့်​​ပေး​​သည့်​​​ တရုတ်တက္ကသိုလ်

alt

တရုတ်တက္ကသိုလ်​ကျောင်း​တစ်​ကျောင်း​၌ ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ​​ရေး​​ချိုး​ခွင့်​​​ပေး​© dailymail

တရုတ်နိုင်ငံ အ​​နောက်​​မြောက်ပိုင်း​​ ရှန်ဇီး​​ရှိ တက္ကသိုလ် တစ်ခုအတွင်း​​ အများ​​သုံး​​ ​​ရေချိုး​​ခန်း​​တစ်ခုတွင် ​​ကျောင်း​​သား​​​​ကျောင်း​​သူ စုံတွဲများ​​ကို အတူတကွ ​​ရေချိုး​​ခွင့်​​​ ​​ပေး​​ထား​​​​ကြောင်း​​ သိရှိရသည်။

ယင်း​​ကိစ္စသည် ပညာ​​ရေး​​နယ်ပယ်တွင် လိင်လုပ်ငန်း​​တစ်ခု ​​ဆောင်ရွက်​​နေခြင်း​​အဖြစ် ​​ဝေဖန်မှုများ​​ မြင့်​​​တက်လာသည်။ အ​​နောက်​​မြောက်ပိုင်း​​ ပိုလီတက္ကသိုလ်တွင် ရှိ​​နေ​​သော အများ​​သုံး​​ ​​ ရေချိုး​​ခန်း​​ တစ်ခုသည် စုံတွဲများ​​အတွက် သီး​​ခြား​​ ​​ရေချိုး​​ခန်း​​ ၇ ခုကို ဖွင့်​​​လှစ်​​ပေး​​ထား​​သည်။ ​​ဒေါင်လိုက်အ​​နေအထား​​ Showerခန်း​​များ​​ ပါရှိ​​သော အခန်း​​ကို ၁၅ ယွမ်၊ ​​ရေချိုး​​ကန်ပါ​​သော အခန်း​​ကို ၁၈ ယွမ်ဖြင့်​​​ ငှား​​ရမ်း​​​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ အခန်း​​ကို တစ်ဦး​​တည်း​​ အသုံး​​ပြုလိုပါကလည်း​​ ထက်ဝက်​​ဈေး​​ဖြင့်​​​ ငှား​​ရမ်း​​နိုင်သည်။

ကိုယ်ပိုင် စာချုပ်ဖြင့်​​​ လုပ်ကိုင်​​နေသူ တစ်ဦး​​က အဆိုပါ ​​ရေချိုး​​ခန်း​​ကို ငှား​​ရမ်း​​ကာ ဖွင့်​​​လှစ်ထား​​ခြင်း​​ဖြစ်သည်။ ​​ရေချိုး​​ခန်း​​၏ ​​အောက် ၂ ထပ်သည် သမား​​ရိုး​​ကျ မိသား​​စု၊ ​​ကျောင်း​​သား​​များ​​ အသုံး​​ပြုနိုင်​​သော သီး​​ခြား​​ ​​ရေချိုး​​ခန်း​​များ​​ဖြစ်​​ နေသည်။ တက္ကသိုလ် ​​ကျောင်း​​၀င်း​​အတွင်း​​ ယင်း​​ကဲ့​​​သို့​​​ ​​ရေချိုး​​ခန်း​​မျိုး​​ ရှိ​​နေခြင်း​​အ​​ပေါ် ​​ကျောင်း​​သူ​​ကျောင်း​​သား​​များ​​၏ အမြင်မှာလည်း​​ အ​​ရော​​ရော အ​​ထွေး​​​​ထွေး​​ဖြစ်​​နေသည်။

ဇူဟု အမည်​​ ဖော်ပြသည့်​​​ ဘွဲ့​​​ရ တစ်ဦး​​က “ကျွန်​​တော်က​​တော့​​​ လက်မခံနိုင်ဘူး​​။ တက္ကသိုလ် ​​ကျောင်း​​သား​​​​တွေဟာ အရွယ်​​ရောက်ပြီး​​သား​​ လူ​​တွေပါ။ ဒီ​​တော့​​​ သူတို့​​​ရည်း​​စား​​နဲ့​​​ ​​ရေတူတူချိုး​​တာကို ကိုယ့်​​​ စိတ်တိုင်း​​ကျ ဆုံး​​ဖြတ်နိုင်တယ်။ ဒါ​​ပေမဲ့​​​ တက္ကသိုလ် ​​ကျောင်း​​၀င်း​​ထဲမှာ ဒါမျိုး​​လုပ်တာက​​တော့​​​ ဆိုး​​ရွား​​တဲ့​​​ စရိုက်တစ်ခုပါ”ဟု ​​ဝေဖန်သွား​​သည်။


Funny Furniture



--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

Slip
http://www.meepyatite.info/


Facebook
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@googlemail.com.


Reply all
Reply to author
Forward
0 new messages