မျိုးဆက်သွေး
စက်ဆန်း ဂိုဒေါင်တွေ မီးလောင်တာ ပြီးသွားပေမယ့် ဂယက်တွေက မပြီးသေးဘူး။ မီးသတ်သမား တွေကို ဂုဏ်ပြုတဲ့ သူများ၊ ဒုက္ခသည်များကို ကိုယ်ထိ လက်ရောက် ကူညီနေသူများ၊ ဘလော့ဂ်တွေ၊ Face Book တွေမှာ ရေးသား အားပေးသူ၊ စာနာ သူများ ရှိသလို အဲဒီလို လူတွေကြားမှာ မီးလောင်ရတာ မြောက်ကိုရီးယားက ၀ယ်ထားတဲ့ လက်နက် များကြောင့် ဖြစ်တာ၊ အစိုးရက ပြောတဲ့ ပရဆေးတွေ ဖြစ်တဲ့ ယမ်းစိမ်း၊ ဇ၀တ်သာတို့ကြောင့် ကွဲတာ မဟုတ်ဘူးလို့ ပြောသူတွေလည်းရှိ၊ ထုံးစံအတိုင်း အစိုးရ အသုံးမကျလို့ ဆိုပြီး ၀င်သမသူတွေလည်း ရှိတာ တွေ့ရပြန်တယ်။ မဆီမဆိုင် စက်တင်ဘာ ၁၁ တုံးက အမေရိကန် အစိုးရက ထောက်ပံ့တာ ကောင်းလွန်းလို့ အဝေးကြီးမှာ နေတဲ့သူတောင် ဖုန်စုပ်စက် တစ်လုံး ရပြီး ရန်ကုန်ကို အလကား ဖုန်းဆက်ခွင့် ငါးခါရခဲ့တယ်လို့ သောက်ရှက်မရှိ အထုပ်ဖြေပြ သူလည်း ရှိတယ်။
ဒီလိုလူတွေ တွေ့တော့ မြတ်စွာဘုရား ဟောခဲ့တဲ့ သုတ္တန် တစ်ပုဒ်ကို သတိရတယ်။ အခါတစ်ပါးမှာ မြတ်စွာဘုရားကို ရဟန်း တစ်ပါးက လူဘယ်က စသလဲ၊ ကမ္ဘာဘယ်က စသလဲ ဆိုတာ မေးသတဲ့။ မြတ်စွာဘုရားက အဲဒါကို ဖြေတဲ့အခါမှာ ခရီးသွား တစ်ဦးဟာ တောအုပ်ထဲကို ဖြတ်ပြီး ခရီးသွားနေတုံးမှာ သူ့ကို မြှားတစ်စီး လာမှန်တယ်၊ အဲဒီအခါမှာ ခရီးသွားက ဘာလုပ်မှာလဲ။ မြှားကိုကိုင်ပြီး မြားပစ်သူက ဘယ်သူလည်း ၊ မြှားကို ဘာအသားနဲ့ လုပ်ထားသလဲ၊ မြားပစ်သူက ဘာအမျိုး အနွယ်လည်း ဆိုပြီး စဉ်းစားမလား၊ မြှားကိုနှုတ်ပြီး ဆေးကုမလားလို့ ပြန်ပြီး မေးခွန်းထုတ်သတဲ့။ အဲဒီအခါမှာ မေးတဲ့ရဟန်းက မြှားကို နှုတ်ပြီး အရင် ဆေးကုပါ့မယ်လို့ ဖြေသတဲ့၊ အဲဒီအခါကျမှ မြတ်စွာဘုရားက ပစ္စုပ္ပန်မှာ အရေးအကြီးဆုံး အလုပ်ကို အရင်လုပ်ဖို့ တရား ဆက်ဟောပါတယ်။
အခုလည်း ပေါက်ကွဲမှုဟာ ပရဆေးကြောင့်ဆိုတာ မှန်မမှန် ပညာရှင်များ သုံးသပ်ပါလိမ့်မယ်၊ Face Book စာမျက်နှာတစ်ခု မှာတော့ ဒါဖြစ်နိုင်ကြောင်း ရေးထားတာကိုလည်း ဖတ်မိပါတယ်။ ဒီဖြစ်ရပ် မဟုတ်နိုင်ဘူးဆိုရင် ပညာရှင်များ ထောက်ပြပါ လိမ့်မယ်။
ဒါ့ကြောင့် ထင်ရာမြင်ရာ ပြောနေတဲ့ အင်တာနက်ပေါ်က ကိုယ်တော်ကြီးများ ဒီမေးခွန်းများကို ဖြေကြည့်ကြပါ။ ( ပြည်တွင်းက လူများကို ပြောတာပါ၊ ပြည်ပက လေနတ်သားများ မပါဘူး။ )
၁။ ရပ်ကွက်ထဲမှာ မီးဘေး ကာကွယ်ရေး အတွက် မီးသတ်တွေ လာစစ်ဆေးတာ၊ ပြုပြင်ခိုင်းတာတွေ ရှိတုံးက သင်ဘယ်လို သဘောထား ခဲ့ပါသလဲ။
၂။ သင့်အိမ်ကနေ စပြီး မီးမလောင်အောင် သင်ဘာတွေ လုပ်ထားသလဲ။
၃။ မီးလောင်ရင် ကိုယ်တိုင် ဘယ်နှစ်ခါ ဝင်ကူးဖူးသလဲ။
၎။ ကြက်ခြေနီ၊ အရန်မီးသတ် လုပ်ဖူးသလား။
၅။ အခု မီးလောင်မှုကြောင့် သေဆုံးသူများ၊ ဒုက္ခသည်များအတွက် သင်ဘာကူညီ ပြီးပြီလဲ။
ဆရာ စိန်ခင်မောင်ရီက ဒါတွေဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဆိုတဲ့ ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးတွေ ရေးခဲ့တယ်။ အခုလည်း ဒီစာဖတ်ပြီးမှ မီးဘေးကိစ္စ ဆွေးနွေးကြပါလို့ ပြောမယ်။ လေထိုး လေလျှော် သမားတွေ တွေ့ရတာ များလွန်းလို့ စိတ်ကုန်လှပြီ။
မျိုးဆက်သွေး
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှာ မီးလောင်ပေါက်ကွဲတဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေမှာ တက်လာတယ်။ အဲဒီ သတင်းတွေအရ (၂၀) ဦး သေဆုံးပြီး ဒဏ်ရာရသူ (၈၀) နီးပါး ရှိတယ်လို့ သတင်း တစ်ရပ်က ဆိုတယ်။
တစ်ခြားသတင်း တစ်ရပ်ကတော့ (၁၀) ယောက်သေတယ်၊ (၅၀) ယောက် ဒဏ်ရာ ရတယ်လို့ ဆိုတယ်။ အန္တရာယ် ရှိတယ်၊ နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်၊ အရေးပေါ် အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ပေါက်တာကတော့ တော်တော်လေး ပြင်းထန်တယ်။ အိမ်တွေ ဘာတွေ လှုပ်သွားတယ်၊ မှန်တွေဘာတွေ ကွဲတယ်။ လူတွေလည်း အသေအပျောက် များတယ်၊ ရပ်ကွက်ထဲက လူတွေလည်း ချက်ချင်းထပြေးကြတယ်၊ ဒဏ်ရာရတဲ့ သူတွေလည်း များတယ်၊ ဗုံးပေါက်သလိုမျိုးပဲ လို့လည်း ဒေသခံတစ်ဦးက ပြောတယ်ဆိုပြီး ကိုးကားရေးသား ထားတာ တွေ့ရပါတယ်။
ပေါက်ကွဲတဲ့ နေရာက ဂိုဒေါင်လို့ ပြောတယ်၊ အထဲမှာက တီဗွီတို့၊ အောက်စက်တို့၊ ရေခံသေတ္တာတို့ ထားတယ်၊ ပေါက်ကွဲသံ ကလည်း တစ်မြို့လုံးကို ဟိန်းသွားတာပဲ၊ လူတစ်ဖက်လောက် ရှိတဲ့ အင်္ဂတေတိုင်ကြီးတွေ ပေသုံးလေးဆယ်၊ ငါးဆယ် ခြောက်ဆယ်၊ တစ်ရာလောက်ထိကို မြင့်တက်ပြီးတော့ ကိုက် သုံးလေးရာလောက် အဝေးထိကို လာကျတာ။ အဲဒါတွေ စင်ပြီးတော့ သေကုန်ကျတာ၊ မရှု့ရက် မမြင်ရက်စရာပဲ၊ သေတဲ့သူတွေ အများကြီးလို့လည်း သတင်းတစ်ရပ်က ဆိုပြန် ပါတယ်။
သတင်းသမားတွေဟာ ပြည်သူတွေဆီကို သတင်းအမှန်တွေနဲ့ အချက်အလက် အမှန်တွေကို ပေးပို့နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သတင်းသမား တစ်ယောက်ရဲ့ စောင့်စည်း လိုက်နာရမယ့် ကျင့်ဝတ်လည်း ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာတင် မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒီကျင့်ဝတ်အတိုင်းပဲ ဖြစ်ပါတယ်။
ခု တက်လာတဲ့ သတင်းပို့စ်တွေက ဖတ်ကြည့်ရသလောက်တော့ သတင်းဖြစ်စဉ်တွေကို အမှန်အတိုင်း၊ အရှိအတိုင်း ပေးနိုင်ဖို့ ကြိုးစားထားမျိုးထက် သတင်းလက်ဦးမှု ရယူရေးနဲ့ ဖြစ်စဉ်ထက် ချဲ့ကား ရေးသားထားတာ၊ ထိတ်လန့်တကြား ဖြစ်အောင် ရေးသားထားတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်ကို သိရှိနိုင်ဖို့အတွက် မင်္ဂလာတောင်ညွှန့် မြို့နယ်က ဒေသခံတစ်ဦးရဲ့ ပြောဆို ချက်ကို တင်ပေးလိုက်ပါတယ်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ကြက်ဘဲ ဈေးတန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ဆိပ်ကမ်း အာဏာပိုင် စက်မှုလက်မှု ဌာနခွဲ စက်ဆန်း သင်္ဘောကျင်းပိုင် ဂဒေါင် ၄၀ ကျော်အား ပုဂ္ဂလိက ကုမ္ပဏီအား ငှားရမ်းထားရှိရာ ည (၁၂) နာရီတွင် မီးပျက်သွားရာ မီးပြန်လာသည့် အခါ EVD/DVD စက်များ သိုလှောင်သည့် ဂိုဒေါင်မှစ၍ ဝါယာရှော့ စတင်ဖြစ်ပွားခဲ့သည်။ ဂိုဒေါင်အနီးရှိ ကန်များ၊ သိုလှောင်ရုံများ ဆက်လက် ကူးစက်ပြီး ည(၁)နာရီခွဲမှ စတင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (၂) နာရီခန့် အချိန်တွင် ကန့်များ သိုလှောင်သည့် အခန်းသို့ မီးကူးရာ (၅) ကြိမ်တိတိ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဆေးဂိုဒေါင်ရှိ အိုးခွက် ပန်းကန်များ၊ ပရဆေး ပစ္စည်းများ၊ နံ့သာဖြူ သိုလှောင် ဂိုဒေါင်ရုံများ၊ ဓာတ်ကူး အဲယာကွန်း ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်ရုံများ၊ စက်မှုလက်မှု ပစ္စည်းများ သိုလှောင်ရုံများ ဆက်လက်ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
မီးလောင်မှု့ကြောင့် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၅) ဦးနှင့် ဒဏ်ရာရရှိသူ (၉၆) ဦး ဖြစ်ပါသည်။ မီးသတ်ယာဉ် (၂) စီး၊ ကိုယ်ပိုင်ယာဉ် (၃) စီး၊ ဓမ္မာရုံ (၁) ရုံ၊ ရှင်ဥပဂုတ္တကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဖြိုးစေတနာ ဆေးခန်း၊ ဂိုဒေါင် (၈) လုံး ပျက်စီးသွားကြောင်း သိရှိရပါသည်။ မီးလောင်မှု့ကြောင့် ဆိပ်ကမ်းပေါ်ရှိ အိမ်ခြေ (၁၀၀) ကျော် ပျက်စီး သွားကြောင်းလည်း သိရှိရသည်။
အခုအခါမှာတော့ ဒေသခံ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးများ လုပ်ဆောင်နိုင်ရန် အတွက် ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားပြီး အကူအညီ ပေးနေတယ်ဆိုတဲ့ သတင်းကိုတော့ သတင်းဝက်ဆိုဒ်တွေမှာ မတွေ့ရသေးပါဘူး။
ကျေးစေတမန်
i respect those who sacrificed their lives for other but these are unnecessary deaths
fire fighters should have equipped with better protect armors and tools
look at the those fire fighters what do they have? only clothes uniform.
this should not have happen
this can not happen again
Mr.President please support public services providers such as fire fighters, medical personals with better tools.
အဲဒီကျဆုးံသွားတဲ့ မီးသတ်ရဲဘော်တွေအတွက် လှူဒါန်းရန် မီးသတ်ရုးံချုပ်ဖုန်းနဲပါတ်ကိုသိလိုပါတယ် ..ဖြစ်နိုင်ရင်ဖေါ်ပြပေးစေလိုပါတယ် ..
သြော်... တိုက်ပွဲမှာ ကျနေတဲ့ တို့စစ်သည်တွေကို ဒီလိုတောင် မလုပ်ပေးနိုင်ခဲ့ဝူး... မတိုက်ချင်ပဲ တိုင်းပြည်ကြီး ပြိုကွဲမှာ စိုးလို့ မိနစ်တိုင်းမှာ အသက်ပေးနေရတဲ့ တို့စစ်သည်တွေ အပေါ်မှာလည်း ကိုယ်ချင်းစာနိုင်ပါစေ... ((
ကောင်းလိုက်တဲ့
ပို့စ်ဗျာ.... သုံးစားမရတဲ့ ဈေးရောင်းပစ္စည်းတွေ သုံးစားမရတဲ့ အာပလာပွဲတွေ
မလိုပါဘူး.... တိုင်းပြည်အတွက် အကယ် အလုပ်အကျွေးပြုမယ့် လူတွေသာ
လိုအပ်တာပါ....
၁၀၉/၁၁၀ တွေရဲ့ အသုဘပွဲတိုင်း လွမ်းသူပန်းတွေ ပို့တတ်တဲ့
ဒီမိုသမားတွေနဲ့ မယ်တော်ုကီး ဒေါ်စု ဒီလို စွန့်လွှတ်သူတွေကိုကျတော့
သတင်းစကားလေးတောင် မေးဖော်မရပါလား....
ဒီမိုသမားတွေနဲ့ ဒေါ်စုတို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ ဘယ်လို ယုံရပါ့မလဲ......????????????
ပြည်သူတွေအတွက်အသက်ပါစွန့် လွှတ်စွန့် စား တစ်ကယ့်သူရဲကောင်းအစစ်အမှန်များကို
လေးစားစွာအလေးပြုလိုက်ပါတယ်။
ပြည်သူတွေအတွက်အသက်စွန့် ခဲ့ရတဲ့သူတွေ ၊ ပူဆွေးသောကရောက်နေသူတွေ ကိုကူညီနှစ်သိမ့်ရမဲ့အစား
ဂီတဖျော်ဖြေပွဲကြီးကျင်းပပြီးအပျော်ကြီးပျော်နိုင်သူတွေကို
တော့လုံးဝကိုစိတ်ပျက်မိပါတယ်။
GREAT POEM !
လေးစားမိပါတယ်။ခေါင်းဆောင်စိတ်အပြည့်အ၀ရှိလို့တဲ့ခေါင်းဆောင်ပါဘဲ..။
တကယ်ကို လေးစားဖို့ကောင်းသလို ဒီpost လေးကို ဖတ်းနေရင်းနဲ့
ကို မျက်ရည်ဝဲမိတယ် .....