"ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ " ၊ ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ ၊ NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု အငြင်းပွားမှုများ ဖြစ်ပေါ် ၊ ၈၈ မျိုးဆက် သတင်းစာရှင်းလ

45 views
Skip to first unread message

မီးပြတိုက်

unread,
Jan 23, 2012, 12:30:47 PM1/23/12
to


  1. "ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ " ၊
  2.  ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ ၊
  3. NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု အငြင်းပွားမှုများ ဖြစ်ပေါ်  ၊
  4. ၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ ၊
  5. အမြင်မှန်ရလာတဲ့ SNLD ပါတီ ပြန်လည်မှတ်ပုံတင်မည် ၊
  6. ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် ) ၊
  7. အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် ဘေးမကင်းသော လိင်ဆက်ဆံမှု ဆက်နွှယ် ၊
  8. အမျိုးသားတွေ စားသင့်သော အစားအသောက် ၁၀ မျိုး ၊
  9. အများဆုံးပြဿနာပေးတဲ့ အူအတက် ၊
  10.  ဘယ်သတ္တဝါတွေရက်ဘယ်လောက်ကိုယ်ဝန်ဆောင်ကြလဲ ၊
  11.  မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ”

"ခင်ညွန့်ကို ခွင့်မလွှတ်နိုင်ရင် သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်း ခွင့်လွှတ်နိုင်စရာမရှိ "

( ဆောင်းပါးရှင် မြန်မာသ့တော်ဆင့်ရဲ့ စဉ်းစားဘွယ် အငြင်းပွားဘွယ် ဆောင်းပါးဖြစ်ပါတယ် ၊ စဉ်းစားကြဘို့ အငြင်းပွားကြဘို့နဲ့ ဝေဖန်သုံးသပ်နိုင်ဘို့ အတွက် တင်ပြလိုက်ပါတယ် ၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ ဖမ်းဆီး ထိမ်းသိပ်းတာကို ခံရတဲ့ အထဲမှာ ကျွန်တော်လည်း ပါပါတယ် ၊ အရှိန်ရနေတဲ့ ဘ၀တစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားရဘူးပါတယ် ၊ ဒါပေမယ့် ဒီနေ့ သူ့ကိုခွင့်လွှတ်တဲ့အထဲမှာ ကျွန်တော်ပါပါတယ် ဘာလို့ခွင့်လွှတ်လဲမေးရင် ( ၁ ) က ပြန်မစချင်တော့လို့ပါ ....ဒေါက်တာဆိတ်ဖွား )

ဝင်စတန် ချာချီဟာ သူရဲ့ နာမည်ကျော် အတွဲပေါင်း များစွာရှိတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး (Second World War) လို သမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင် အရေးကြီးပုံချင်း အတူတူပဲ ဖြစ်ပေမဲ့ အရွယ် အစားအစား လက်ဝါးသာသာ လောက်သာရှိတဲ့ စာအုပ်(ကျမ်း) ကလေး တစ်အုပ်ကိုလဲ ရေးခဲ့ ဘူးတယ်။ စာအုပ်နာမည်က Great Contemporaries (pub. 1947) တဲ့။
 
စာအုပ်ထဲမှာ တခြားခေတ်ပြိုင် ပုဂ္ဂိုလ်တွေနဲ့ အတူတူ ဟစ်တလာ၊ စတာလင်နဲ့ ထရော့စကီးတို့ အကြောင်းတွေလဲ ပါတယ်။ စာအုပ်ရဲ့ နိဒါန်းမှာတော့ ရေးတဲ့ ရည်ရွယ်ချက်ကို သူက ဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲ ပြောင်ပဲ ပြောထားပါတယ်။ အာဏာရှင် စံနစ် (ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ရမဲ့ နောက်ဆုံးပိတ် တိုက်ပွဲကြီး အကြောင်းပါ။ “ကြိုတင် မှာထားချင်တာ ကတော့ ကြိုတင်လက်နက် တပ်ဆင်ထားကြ” (To be forewarned is to be forearmed) လို့ အတိအလင်း ပြောထားပါတယ်။
 
ဒီစာအုပ်ကို အကြောင်းပြုပြီး ကျနော် ပြောချင်တာက ချာချီဟာ သူနဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆိုရရင်) ရန်/ငါစည်းခြား သတ်မှတ် ပြခဲ့ယုံသာမက သူတို့ပြုမူခဲ့ပုံတွေကို သမိုင်းအမြင်နဲ့လဲ ကြည့်မြင်ခဲ့တဲ့ အချက်ပါ။ ဥပမာ စတာလင် ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ (ကမ္ဘာကြီး သံမဏိနဲ့ လျှပ်စစ်ခေတ်ကို ရောက်နေချိန်မှာ) သစ်သားထွန်တုံး ထွန်တံကိုပဲ သုံးနေရသေးတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့ပေမဲ့ သူသေသွားတဲ့ အချိန်မှာ သူ့တိုင်းပြည်ကို ညူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံအဖြစ် ချန်ထားရစ်ခဲ့တယ်။” (He was born into a country that still used wooden ploughshares. When he died he left his country a nuclear power.) လို့ အကဲဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ရန်သူဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည် ကောင်းစားရေး ကိုယ်လုပ် သွားကြတာချင်းကတော့ အတူတူဘဲ ဖြစ်လို့ လူအရတော့ လေးစား ပြတာကို တွေ့ ရတယ်။
 
စစ်ကြီးအပြီး အမေရိကန် ပြည်ထောင်စုမှာ သူပြောခဲ့တဲ့ မိန့်ခွန်း တွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ခု ပါရှိခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဒီမိုကရေစီကို ကမ္ဘာနဲ့ချီပြီး ကာကွယ်တဲ့ ခုခံစစ်ကြီးကို ကြီးမှုးခဲ့ပေမဲ့ “စင်စစ် ဒီမိုကရေစီဟာ အပြစ် အနာအဆာ မကင်း၊ ချို့ယွင်းချက် ဗလပွနဲ့ စံနစ်တစ်ခုပါ။ ဒါပေမဲ့လဲ ကမ္ဘာကြီးအတွက် လက်တွေ့မှာ ပိုကောင်းတဲ့ ၀ါဒစံနစ် ဆိုတာလဲ မရှိသေးပါဘူး။ ဒါ့ကြောင့် အဲဒါကိုဘဲ ဖက်တွယ် နေရပါတယ်” လို့ ၀န်ခံ မှတ်ချက် ပြုခဲ့ဘူးပါတယ်။
 
တဘက်မှာတော့ မဟာ့မဟာ အင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက် ချာချီဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဓီတို့ကို ခွင့်မလွှတ်နိုင် ဖြစ်ခဲ့တာတွေလဲ ရှိသပေါ့။ သူကဂျပန်နဲ့ ပေါင်းခဲ့တဲ့ အောင်ဆန်းကို သစ္စာဖေါက်လို့ အတိအလင်း သတ်မှတ်ခဲ့ပြီး ဗြိတိသျှ အင်ပါယာကို လူပုံအလယ်မှာ အရှက်ရစေတဲ့ ဂန္ဓီကြီးကိုလဲ လံကွတ်တီဝတ် ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာ ခေါ်ခဲ့တယ်။ ဂျာမဏီ အထိသွားပြီး ဟစ်တလာနဲ့ မဟာမိတ်ပြုကာ အိန္ဒိယ အမျိုးသား တပ်မတော် ထူထောင်ပြီး အင်္ဂလိပ်ကို လက်နက်နဲ့ တော်လှန်ခဲ့တဲ့ ဆူဘတ်စ်ချန္ဒရာဘို့စ် ကတော့ သူ့ဖာသာသူ စောစောစီးစီး လေယဉ် ပျက်ကျပြီး သေသွားလို့ ချာချီ အပြစ်တင်ခွင့် မရခဲ့ပါဘူး။ (ဘိုစ်နဲ့ လမ်းစဉ်ချင်း မတူဘဲ - အိန္ဒိယမှာ သာမက ကမ္ဘာမှာပါ အဓိကရ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဂန္ဓီခမျာ -ချာချီနဲ့ ဗြိတိသျှ အင်ပါယာကြီးရဲ့ သြဇာ အရှိန်အ၀ါကို မဆန့်ကျင် ရဲကြလို့ နိုဗဲလ်ဆု ကော်မတီက သူ့ကို ဆုမပေးရဲလို့ -ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုကြီးကို ရမသွားရှာဘူး။
 
ချာချီနဲ့ အလားတူ ပုဂ္ဂိုလ်တွေကြောင့် ‘သမိုင်းဆိုတာ နောက်ဆုံးပိတ် ဖြစ်တဲ့ စစ်ပွဲမှာ နိုင်တဲ့ဘက်က ရေးတဲ့အတိုင်း’ (History is written by the winner of the last war.) ဖတ်ရတာမျိုးပဲလို့ အငေါ်တူး စကားမျိုးတွေ ပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ချာချီနဲ့ ပါတ်သက်လို့ တခြား ပြောချင်တာတွေ ရှိသေးပေမဲ့ ဒီနေရာမှာတော့ သူနဲ့ ခေတ်ပြိုင် ရာဇ၀င်မြောက် လူပုဂ္ဂိုလ်တွေ (historical figures) တွေအပေါ် အပြီးသပ် တန်ဘိုးဖြတ် (Final assessment)ရာမှာ သူအသုံးပြုခဲ့တဲ့ ပေတံ (measures) တွေက ဘာတွေလဲ ဆိုတာကိုသာ လေ့လာစူးစမ်း တင်ပြ လိုရင်းပါ။

ဘာဘဲပြောပြော အထက်က တင်ပြခဲ့တဲ့ စတာလင်အပေါ် ချာချီရဲ့ အပြီးသတ် မှတ်ချက်ကို ကြည့်ရင် သူဟာ (ဒီမိုကရေစီဝါဒ အမြင်အရ) “လူကြမ်းတွေ တိုင်းပြည်ချစ်နည်း” ကို လက်မခံပေမဲ့ သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကိုတော့ အသိအမှတ် ပြုခဲ့တာ တွေ့ရတယ်။ ဒီလိုဆိုတော့ လူကြမ်းတွေရဲ့ (လူသား မဆန်တဲ့) တိုင်းပြည် ချစ်နည်းတွေကို သူတို့ရဲ့ တိုင်းပြည် ချစ်စိတ်ကို ကြည့်ပြီး ခွင့်လွှတ်ထိုက်/ မလွှတ်ထိုက် ဆိုတာကလဲ စူးစမ်းဆင်ချင် ကြည့်စရာပါ။ “နိဂုံးချုပ် ကောင်းရင် အားလုံး ကောင်းတယ်” (All is well that ends well) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ် ရေးဘူးတယ်။
 
ပြီးခဲ့တဲ့ နောက်ဆုံးအသုတ် ထောင်ခါပွဲကြီးမှာ အများက လွတ်စေချင်နေတဲ့ သူတွေနဲ့ အတူတူ အများက မလွတ်စေချင်တဲ့ သူတစ်ချို့လဲ ပါလာတယ်။ အဓိက လူကတော့ တချိန်က အနောက်တိုင်း စာနယ်ဇင်းတွေက ဒုစရိုက် မင်းသား  (Prince of evil) လို့ နာမည်ပေး ခံရဘူးတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ပါ။
 
[ခင်ညွန့်လို့ခေါ်တာ မြန်မာ့ ယဉ်ကျေးမှုအရ ဆိုရင်တော့ ရင့်သီးတယ် ထင်ကြမှာပဲ။ ဒါကတော့ ကျနော်ရဲ့ ဂျာနယ်လစ်ဇင် စတိုင်ဖြစ်လို့ မတတ်နိုင်ဘူး။ လူတွေကို ဦး/ဒေါ် တပ်ခေါ်ပြီး စာစီရတာက ရှည်လွန်းတယ်။ စာထဲမှာ တစ်ကြိမ်မက အကြိမ်ကြိမ် ပြန်စီဘို့ လိုတဲ့ နာမည်တွေ ဖြစ်နေယင် အလွန် အချိန်ကုန်ပြီး လက်ညောင်းတယ်။ လူတွေကို မလေးစားလို့ မဟုတ်ပါ။ ဒါကြောင့် စာမှာပါတဲ့ သူတိုင်းကို တပြေးညီ နာမည်ရင်း အတိုင်း အတိအကျ သုံးစွဲတာပါ။ ဒါတောင် နဂို အမည်ရင်းကိုက ရှည်နေတဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့လို၊ အောင်ဆန်းစုကြည် တို့လို နာမည်တွေကျရင် မလွှဲမရှောင်သာ အပြည့်အစုံ ရေးနေ ရတာပါဘဲ။ ပရိသတ် အသီးသီးက ခေါ်နေကြသလိုသာ “နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်” တို့ “မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” တို့ ဆိုတာမျိုးတွေ ရေးနေရယင် ခရီးတွင်မှာ မဟုတ်သလို၊ ရေးရသူ မဆိုထားနဲ့ ဖတ်ရသူ အတွက်တောင် အတော်ရှည်ပြီး ၀ါကျမှာ နေရာ ယူလွန်းတယ်။ ကျနော့် ပုဂ္ဂလိက အမြင်မှာ ဂျာနယ်လစ်ဇင် မဆန်ဘူး၊ ပရိုဖက်ရှင်နယ် မဖြစ်ဘူး။ ပြည်ပက ရေးသူမို့ တတ်နိုင်လို့  ရေးတာဘဲလို့ ဆိုရင်လဲ ဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
 
လူတစ်ယောက်ကို သူမသေခင် အပြီးသတ် သဘောမျိုး အကဲဖြတ်တာ မမှန်နိုင်ပါဘူး။ ဒါပေမဲ့လဲ လုပ်တော့ လုပ်နေ ကြတာပါဘဲ။ သတင်း နည်းပညာတွေ အဆမတန် ထွန်းကား လာယုံမက လူတိုင်း လက်လှမ်း မှီလာတဲ့ ကနေ့ခေတ် မှာတော့ တကမ္ဘာလုံးမှာ လူတိုင်းက လူတိုင်းအပေါ် တရားသူကြီး ပြန်လုပ်တဲ့ ခေတ်ကို ရောက်ပြီလို့တောင် ပြောရမလားဘဲ။
 
ကျနော်တို့ ဗမာတွေကလဲ အရာရာကို အလျင်စလို မှတ်ချက် ပေးတတ်တဲ့ လူမျိုးရေး စရိုက် (racial character) ရှိလို့  “မပြီးခင် ဗမာ မမြင်စေနဲ့ ” လို့တောင် တခြား တိုင်းရင်းသားတွေက ပြောစမှတ် ပြုရသူတွေ ဖြစ်ကြပါတယ်။
 
ဒီ ၂ ချက်အပြင် နှစ်ပေါင်း ၅၀ကျော် ပါးစပ်ပိတ် ခံထားရပြီး အခုဖွင့်ပေး လိုက်တော့မှ ပြောရဲဆိုရဲ ဖြစ်လာကြတဲ့ တိုင်းပြည် ဖြစ်နေပြန်တဲ့ အတွက် အခု အချိန်မှာတော့ - သခင်စိုး မှတ်ချက် ပေးဘူးသလို “အရူးထောင် ဖွင့်ပွဲကြီး” တစ်ခုဟာ တားမရ ဆီးမရ ကန်ဘောင် ကျိုးကြလာနေ တော့ပါဘဲ။ ဒီမိုကရေစီ အရူးထောင် ဖွင့်ပွဲကြီးလို့ ပဲ ဆိုကြပါစို့ ။
 
ခင်ညွန့်ကို လွှတ်ပေး လိုက်တာကို မကျေနပ်တဲ့ လေသံနဲ့ မှတ်ချက် ပြုသူတွေ Facebook မှာ ထောင်ဂဏန်း နီးပါးရှိ တာကို တွေ့ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ် ကာလမှာ ထိပ်တိုက်ရင်ဆိုင် နိုင်ငံရေး လမ်းကြောင်း လိုက်မိခဲ့သူတွေဟာ စစ်အစိုးရရဲ့ ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှု ဒဏ်ကို ရက်ရက် စက်စက် ခံခဲ့ကြရတဲ့ အတွက် သူ့ရာထူးကျပြီး တလှည့်တပြန် ထောင်နန်းစံ ရတဲ့အခါမှာ အလွန် အင်မတန် ကျေနပ်အားရ ခဲ့ကြသလို အခု ပြန်လွတ် လာတော့လဲ ၀မ်းမသာနိုင် ဖြစ်ကြရ ပြန်တယ်။ လူ့ သဘာဝပါ။ အပြစ် ဆိုစရာမရှိ။ ဝေဘန် စောကြောစရာလဲ မလိုပါ။
 
သို့သော် အချိန်တန်ယင် မေ့ပျောက်သွားရမဲ့ သာမန် လူ့သဘာဝ ခံစားချက်ထက် ကျော်လွန်ပြီး နိုင်ငံရေး ပြဿနာ တရပ် ဖန်တီး လာမယ် ဆိုရင်တော့ သတိထား ရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် လက်ရှိ အကောင်းဘက်ကို ဦးတည် ရွေ့နေခြင်းကို အန္တရာယ် ပြုနိုင်ပါတယ်။ ခိုင်မာတဲ့ သမိုင်း လက်တွေ့ အရ ဒီလို ပြောနိုင်တာလဲ ဖြစ်ပါတယ်။
 
၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရပါတီက ခေါင်းဆောင် တစ်ဦးက Nuremberg ဆိုတဲ့ အသုံးအနှုံး ကလေး တစ်ခုကြောင့် အာဏာလက်ရှိ စစ်အစိုးရ ခေါင်းဆောင်တွေကို စိတ်ပြောင်းအောင် လုပ်လိုက်သလို ဖြစ်ပြီး သဘောထားတွေ တင်းမာ ကုန်ကြရာက နိုင်ငံရေး လမ်းကြောင်း ပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉၀ တုံးကလို တာဝန်မဲ့ လေသံမျိုးတွေ ကြားလာရပြန်တော့ ဒီတစ်ခါတော့ ဥပဒေထဲမှာ တရားဝင် အာဏာ သိမ်းခွင့် ထည့်ရေးထားတဲ့ အထိ တဘက်က အဆုံးစွန် အတွက်ပါ အသင့်ပြင်ထား (Prepared for the worst) တာနဲ့ ဆက်စပ် ကြည့်လိုက်ရင် နောက်ကြောင်း ပြန်မလှည့်ပါဘူးလို့ ဘယ်သူက ပြောနေပါစေ အကြောင်း တိုက်ဆိုင်လာရင် ဘယ်သူမှ အာမမခံနိုင်တဲ့ အခြေအနေမျိုး ဆိုတာ တွက်ဆ ကြည့်နိုင်ပါတယ်။
 
ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ယခင် အာဏာရှိစဉ်က လူ့အခွင့်အရေး ချိုးဖေါက် ခဲ့ကြတယ်လို့ စွပ်စွဲ ခံကြရသူတွေကို လိုက်လံ ရှာဖွေပီး အရေးယူ အပစ်ပေးတဲ့ နိုင်ငံရေး (Politics of Retribution) ဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ခေတ်စားလေ့ ရှိပါတယ်။ တည်ဆဲ ကမ္ဘာကြီး (existing world system)ကလဲ ဒါကို အားပေးပါတယ်။ သက်သေ ကတော့ The Hague က အပြည်ပြည် ဆိုင်ရာ ရာဇ၀တ်ကြောင်း တရားရုံး (International Criminal Court - ICC) ပါဘဲ။ ဒီရုံးရဲ့ တရားဝင်မှု (legitimacy) ကို နိုင်ငံ အတော်များများက လက်မခံကြဘူး။ ဥပမာ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက အသိအမှတ် မပြုဘူး။ ဒါဟာ လွပ်လပ်တဲ့ နိုင်ငံတော်တွေရဲ့ အချုပ်အခြာ အာဏာ (national sovereignty)ကို ထိပါးရာ ကျတယ်လို့ ယူဆကြတယ်။
 
ဒါပေမဲ့ ICC ဟာ အမေရိကန်လို မဟာ အင်အားကြီး နိုင်ငံကြီးတွေကို ဘာမှ မတတ်နိုင်ပေမဲ့ အင်အား ချိနဲ့ နေတဲ့ နိုင်ငံတွေ (weak states) နဲ့ ကျဆုံးနေတဲ့ နိုင်ငံတွေ (Failed states) ၊ ကျဆုံး သွားတဲ့ နိုင်ငံတွေ (Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲ ခံရသူတွေကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင် ပါတယ်။ ဥပမာ မီလိုဆိုဗစ် (ယူဂိုဆလားဗီးယား)၊ ခမာနီ ခေါင်းဆောင်တွေ (ကမ္ဘောဒီးယား)နဲ့ ချားလ်စ်-တေလာ (Sierra Leone) တို့ကိုကြည့်ပါ။ အီရတ်နဲ့ အာဖဂန် နစ္စတန် ပြည်သူတွေရဲ့ လူ့ အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖေါက်ခဲ့တဲ့ ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush) ကိုတော့ ICC က လေသံတောင် မဟရဲဘူး။ ဒါတွေဟာ လက်ရှိ အိုဘားမား လက်ထက် မှာတောင် ဆက်ဖြစ်နေတာပဲ။
 
ပြည်တွင်းစစ် ရှိနေတဲ့ နိုင်ငံတိုင်းဟာ ချိနဲ့တဲ့နိုင်ငံ (weak state) ပါ။ ဒီ့ထက် ကိုယ်ပိုင် နယ်မြေ၊ ကိုယ်ပိုင် စစ်တပ်နဲ့ ဗဟိုက အစိုးရကို မနာခံဘဲ တိုင်းပြည် ကြီးထဲမှာ တိုင်းပြည်ငယ်တွေလို နေနေကြတဲ့ အုပ်စုတွေ အများကြီး ရှိနေယင်တော့ သာမန် ချိနဲ့ရုံ မကတော့ဘဲ ကျဆုံးနေတဲ့ နိုင်ငံတော် (failed state) တစ်ခု ဖြစ်လာပါတယ်။ [F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကို ကျနော် စာရင်းပြုစု ထားတာ အချက်ပေါင်း သုံးဆယ်ကျော် ရှိပါတယ်။ နောင် အလျဉ်း သင့်တဲ့အခါ တင်ပြပါ့မယ်။]
 
ဒီလိုနေရာတွေမှာ ဒီမိုကရေစီ ဝေးလို့ တရားဥပဒေ အုပ်စိုးရေး (law and order) တောင် မသက်ရောက်ဘူး။ လူ့အခွင့်အရေး ဆိုတာကတော့ အစိုးရကော၊ သူပုန်ကော၊ သူပုန်အမည်ခံ တောပုန်း ဓါးပြတွေ၊ မူးယစ်ဆေးဝါး မားဖီးယားတွေ ကကော အားလုံး အပြိုင်အဆိုင် ချိုးဖေါက် နေကြတာ ပါဘဲ။ တခြားသူတွေ လုပ်နေ ကြတာတွေကို သဘောလောက် ၀တ်ကျေ တန်းကျေ ပြောကြပေမဲ့ အစိုးရတွေ ကျူးလွန် တာတွေ ကတော့ မိမိရရ မှတ်တမ်း မှတ်ရာ တွေနဲ့ ဖြစ်နေ တတ်ကြတယ် (well documented) ။
မြန်မာပြည်မှာ လူ့အခွင့်အရေး ကင်းတာ လွပ်လပ်ရေး ခေတ်ဦး ကတည်းကပါ။ ဦးနေ၀င်း လက်ထက် ဆိုရှယ်လစ် ၂၆နှစ်မှာ လက်နက်ကိုင် ပုန်ုကန်မှုတွေကို နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင် လုပ်နိုင် ခဲ့ပေမဲ့ ၁၉၈၈ မှာ ဗဟိုချက်မ ဒေသတွေ (center)မှာ အရပ်သားများရဲ့ လက်နက်မကိုင် ပုန်ကန် ထကြွမှုကြီး ပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့ အုံကြွမှုက မူလကတည်းက ရှိနေပြီးသား ပြည်တွင်းစစ်ကို ပြန်အရှိန် တက်လာ စေပြီး လူ့အခွင့်အရေး ကိစ္စကို ပိုဆိုး လာစေတာဘဲ။
 
၁၉၈၈ခုနှစ် စက်တင်ဘာမှာ ပေါ်လာတဲ့ စောမောင်၊ ခင်ညွန့်တို့ရဲ့ န၀တ (State Law and Order Restoration Council) ဟာ အသေအချာ လက္ခဏာ အကဲဖြတ် ကြည့်ရင် အာဏာ သိမ်းပွဲ မဟုတ်ခဲ့ဘူး။ ဘယ်သူ့ လက်ထဲမှာမှ မရှိတော့တဲ့ အာဏာကို ဘယ်လိုလုပ် သွားသိမ်းရမလဲ။ အာဏာ သိမ်းတယ် ဆိုတာ ကမ္ဘာ အရပ်ရပ်မှာကော မြန်မာပြည် (၁၉၆၂) မှာပါ အာဏာ လက်ရှိအစိုးရ ခေါင်းဆောင်တွေကို အရင်ဖမ်း၊ ထောင်ထည်းတည့်၊ သို့မဟုတ် လက်စတုံး ကွပ်မျက်ပစ်တာတွေ လုပ်ကြတာဘဲ။ ၁၉၈၈မှာ ဘယ်အစိုးရ ရှိနေသေးလို့ ဘယ်တိုင်းပြည် အကြီးအကဲကို ဖမ်းဆီးခဲ့ရ၊ ရာထူးက ချခဲ့ရသလဲ။
 
တကယ်က မင်းမဲ့ အခြေအနေ (anarchy) ဖြစ်သွားတာကို ရန်ကုန်သား ဆိုသူတိုင်း အသိဘဲ။ ၁၇၈၉ ပြင်သစ် တော်လှန်ရေးကြီး တုန်းကလို Robespierre နဲ့ Guillotine တို့ ပေါ်မလာ သေးတာဘဲ ရှိတယ်။ ဆင်ခြေဖုံးတွေမှာ ဆိုရင် ခေါင်းဖြတ် တာတွေ လုပ်နေတယ်။ လမ်းတိုင်း၊ ရပ်ကွက်တိုင်း လုံခြုံရေး ပျက်ပြားကုန်ပြီး ၀ါးကပ်ကာ ခြံစည်းရိုးတွေကြောင့် သွားလာ ရေးတောင် ခက်ခဲကုန်ပြီ။
 
ဒီအချိန်မှာ အရပ်သား နိုင်ငံရေးသမား တွေဟာ ခေတ်ကို ရှေ့ ဆောင် နိုင်ဘို့ ဝေးစွ၊ အမှီတောင် မလိုက် နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း ငယ်ကျိုး ငယ်နာတွေ မပြေနိုင်ကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် ဆက်ဖြစ် နေခဲ့ကြတာကို ကြည့်ယင် သူတို့အားလုံး အတိတ်မှာဘဲ ကျန်ရစ် နေခဲ့ကြတာကို သိနိုင်တယ်။ အချိန်နဲ့အမျှ မရပ်မနား ယိုယွင်း နေလာတဲ့ တိုင်းပြည် အခြေအနေကို ဘယ်လို လုပ်ရမလဲ။
ဒါကြောင့် သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ သမိုင်း လိုအပ်ချက် (historical necessity) အရ ပေါ်လာရတဲ့ သမိုင်းရဲ့ အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ သူ့ထက် ပိုကောင်းတဲ့ သမိုင်း လမ်းကြောင်းတွေ (betteralternative paths) ကို အရပ်သားတွေကမှ မဖန်တီးနိုင်ခဲ့ကြဘဲ။
 
ယ္ခုတိုင် သက်ရှိထင်ရှား ရှိနေကြသေးတဲ့ နိုင်ငံရေး သမားတွေ ကိုယ်တိုင် ပါခဲ့ကြလို့ သိနေကြတဲ့ အတိုင်း မြန်မာပြည် အတွက် ပိုကောင်းမဲ့ သမိုင်းလမ်းကြောင်း အနည်းဆုံး သုံးခုနဲ့ လွဲခဲ့ ကြပါတယ်။ အဲဒါတွေ ကတော့ -

(တစ်) - အရေးတော်ပုံ စောစောပိုင်းမှာ ဒေါက်တာ မောင်မောင် အစိုးရရဲ့ သုံးလအတွင်း ရွေးကောက်ပွဲ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြတာ -
(နှစ်) - အရေးတော်ပုံ အထွဋ်အထိပ် ကာလမှာ ဦးနုရဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲ လုပ်ပေးပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာ -
(သုံး) - ၁၉၉၀ ရွေးကောက်ပွဲမှာ အကြီးအကျယ် နိုင်လို့ အောင်ပွဲနဲ့ ယစ်မူး (dizzy with success) သွားတဲ့ NLD ပါတီက ခေါင်းဆောင် တစ်ချို့ ရဲ့ ၀င့်ဝါမှုကို သွေးလန့် သွားတဲ့ စစ်တပ်ဟာ နိုင်ငံရေး ကူးပြောင်းရေး အစဉ် (political transition process) ကို ချယ်လှယ်(manipulate) လာတာကို ပြည်ပအားကိုး သက်သက်လောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရေး (confrontation) လမ်းလိုက်မိလို့ အနိုင်ကနေ အရှုံး ပြန်ဖြစ် သွားတာ - စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလ အပိုင်းအခြား မှာတော့ ဦးနု - အောင်ဆန်းစုကြည် - စောမောင် - ခင်ညွန့် စတဲ့ နိုင်ငံရေး သမားတွေကော စစ်ခေါင်းဆောင် တွေပါ အခြေအနေသစ် ဖန်ဆင်းသူတွေ မဟုတ်ကြဘဲ ဖြစ်လာတဲ့ အခြေအနေတွေ အပေါ် တုန့်ပြန်မှုတွေ (response)သာ လုပ်ခဲ့ကြတဲ့ သမိုင်း ဇာတ်ကောင်တွေ (historical characters) ဖြစ်ခဲ့ကြတယ်။ ဆိုလိုတာက သမိုင်းကို ဖန်တီးတဲ့ ဇာတ်ဆရာတွေ မဟုတ်ကြဘူး။ [ဇာတ်ဆရာ အဆင့် ရောက်ခဲ့ကြ သူတွေကတော့ ဦးနေ၀င်းထံ ပေးစာတွေ ရေးပြီး လှုံ့ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကို ပွဲထုတ်ပြီး စင်တင်ခဲ့တဲ့ မောင်သော်က၊ သူမကို ဆရာ (mentor)လုပ်ဖို့ အားထုတ် ခဲ့ဘူးတဲ့ သခင်တင်မြ၊ ဦးထွေးမြင့်စတဲ့ သူတွေပါ။ သူတို့ရဲ့ ပါဝင်မှုကာလ တိုတောင်း ပေမဲ့ သူတို့ရဲ့ အဆင့်ကတော့ ဇာတ်ဆရာ အဆင့်ပါ။]
တပ်ထဲက ဖြစ်တဲ့ ခင်ညွန့်ဟာ အောင်ဆန်းစုကြည်လိုပဲ -သမိုင်း ဇာတ်ကောင် အဖြစ် စင်ပေါ်ကို အခြေအနေက တွန်းပို့ လိုက်လို့ ရောက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ် ရောက်လာပြီးတဲ့ အချိန်မှာတော့ မိမိ ရောက်နေတဲ့ နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေး အကြီးအကဲ) ကို အစွမ်းကုန် အသုံးချပြီး မိမိရဲ့ နိုင်ငံရေး ရန်သူတွေကို မလှန်နိုင်အောင် ဖိနှိပ် ထားနိုင်ခဲ့သူ ဖြစ်တယ်။ သူ့ အောင်မြင်မှုက သူ့ ကို ဒုစရိုက် မင်းသား (Prince of evil) ဘွဲ့ကို ရစေခဲ့တယ်။ တချိန်တည်းမှာပဲ အလုပ်ကို မရပ်မနား လုပ်လို့ အလုပ်စွဲနေသူ (Workaholic)လို့လဲ အောင့် သက်သက်နဲ့ ချီးမွမ်းတာ ခံရသူ ဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ ‘ဇာတ်ဆရာ’ အထိ ဖြစ်လာတယ်။
 
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ထိပ်တိုက် ရင်ဆိုင်ရေး စလိုက်ချိန် ကစပြီး ခင်ညွန့်ဟာ သူရဲ့ မက္ခီယာဗဲလီယန်း (Machiavellian) စတိုင် နိုင်ငံရေးကြောင့် “စစ်တပ်က လုပ်တဲ့ နိုင်ငံရေး” ရဲ့ ပင်ရင်း (author of military politics) ဖြစ်လာတယ်။ ကနေ့ အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ လူတွေအများကြီး ခွဲပြီး ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ် ရပ်စဲရေး ပြန်ရရေးဟာ ခင်ညွန့် တစ်ဦးတည်း လုပ်ပြ ခဲ့ပြီးသား ဖြစ်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း (၁/၉၀)နဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်/ ရွေးကောက်ပွဲသစ် လမ်းကြောင်း ချပြီး တဘက်က ပုံစံတကျ အသွင် ကူးပြောင်းရေးကို ချခင်းပြီး တဘက်ကလဲ တိုင်းပြည်ကို ဖွံ့ဖြိုးရေး (Developmental state) လမ်းကြောင်းပေါ် တင်ပေးခဲ့တယ်။ SLORC ကနေ SPDC (၁၉၉၂ /၂၀၁၀) ဖြစ်လာတယ်။ ဒီကနေ့ ဦးသိန်းစိန် အစိုးရသစ်က လုပ်နေတာတွေဟာ ခင်ညွန့်ရဲ့ လုပ်ငန်းစဉ် (seven steps ‘Roadmap’ to democracy) ကို ခင်ညွန့်မပါဘဲ ဆက်လုပ် နေတာသာ ဖြစ်တယ်။ ဒီနေရာမှာ ‘သိန်းစိန်က ခင်ညွန့်ထက် သာတယ်၊ သူက အောင်ဆန်းစုကြည်ကို ရအောင် စည်းရုံး ယူနိုင်တယ်’ လို့ ဆင်ခြေ တက်ကောင်း တက်ကြလိမ့်မယ်။
 
ဒီဆင်ခြေမျိုး ကတော့ အင်မတန် နုံချာပါတယ်။ ဦးသိန်းစိန် အစိုးရသစ်က သူ့လမ်းစဉ် (တကယ်က ခင်ညွန့် လမ်းစဉ်) ဘာတစ်ခုမျှ အပွန်းအပဲ့ ခံပြီး အောင်ဆန်းစုကြည်ကို လျှော့မပေး ခဲ့ရပါဘူး။ အချော့ကြိုက်တဲ့ သူကို ချော့လိုက်တာ လောက်ဘဲ ရှိပါတယ်။ ဒါမျိုးဟာ အနောက်တိုင်း လူဆိုးလောကက ‘Good cop / bad cop game’ လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ် ခင်ညွန့်နဲ့ သန်းရွှေတို့ရဲ့ ၂၃နှစ် အထု အထောင်း ခံခဲ့ရတဲ့ NLD နဲ့ အသက် ရလာပြီ ဖြစ်လာတဲ့ အောင်ဆန်းစုကြည်ဟာ ဆက်တင်း ခံမနေ နိုင်တော့ဘဲ တဘက်က လူလဲပြ လိုက်တာကို အကြောင်းပြ၊ ‘သူု့ကိုတော့ ယုံတယ်’ ဆိုပြီး ၂၃ နှစ် နိုင်ငံရေး လမ်းစဉ်ကို ‘flip flop’ လုပ်လိုက် ရတာဘဲ။ ရန်ကုန်မြို့က ပွဲစား ဝေါဟာရနဲ့ ပြောရယင် “ပါးပါးကလေး”ပါ။ တဘက်မှာလူထုက NLD မပါဘဲလဲ ဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲ တွေကနေ တဆင့် သတိပေး နေပြီလေ။ နိုင်ငံတကာ ပွဲကြည့် ပရိသတ်တွေ ကလဲ ဒီနှစ်ဘက် ပဋိပက္ခ ဘယ်နည်းနဲ့ ပြီးပြီး - ပြီးရင် ပြီးရောဆိုပြီး ၀ိုင်းသာဓု ခေါ်လိုက်ကြရတာပါ။
 
ယခုအခါ NLD ပါတီက ၁၉၉၀ ခုနှစ် ရလဒ်ကို လက်တွေ့ နိုင်ငံရေး လိုအပ်ချက်အရ မေ့ပြစ်လိုက်ပြီး ပါတီကို မှတ်ပုံ အသစ် ပြန်တင် အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ဘို့ စိတ်အား ထက်သန်နေတော့ ခင်ညွန့် ချပေးခဲ့တဲ့ လမ်းစဉ်ကို သိန်းစိန်က ဆက်အကောင် အထည် ဖေါ်နေပြီး အောင်ဆန်းစုကြည်က ပါဝင် ပူးပေါင်းခြင်း အားဖြင့် တရားဝင်အောင် ပြုပေး (legitimize) နေပြီဖြစ်တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင် အန္တရယ် ပြုတာ ပါဆိုတဲ့’  ဒီပဲယင်း လုပ်ကြံမှုကြီး ဆိုတာကို တကမ္ဘာလုံး ကြားအောင် အကြီးအကျယ် အော်ဟစ်ခဲ့ကြတာ တွေကို NLD က မေ့ပစ်လိုက်ပြီ ဖြစ်တယ်။ ဒါဟာ တကယ်မဟုတ်ဘဲ လုပ်ြကံ စွပ်စွဲခဲ့တာမို့ ဒီလောက် အလွယ်တကူ အသံတွေ တိတ်ကုန် တာလား။
 
ဘာဘဲဖြစ်ဖြစ် အတိုက်အခံနဲ့ အစိုးရသစ် နိုင်ငံရေးအရ တလှေတည်းစီးပြီး တစ်ခရီးတည်း သွားဘို့ ပြင်နေတဲ့ ယ္ခုအချိန်မှာ ဒီလမ်းပြ မြေပုံ နိုင်ငံရေး လမ်းစဉ်ရဲ့ ဗိသုကာ ဖြစ်ခဲ့တဲ့ ခင်ညွန့်ကို ခွင့်မလွှတ် နိုင်ရင် သူ့ရဲ့ နိုင်ငံရေး နောက်လိုက် (အာဏာ ရှိ/ အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ် နိုင်စရာ မမြင် ဖြစ်နေလိမ့်မယ်။
 
လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ မြန်မာပြည်မှာ အာဏာရှင် စံနစ်ကြီး စတင် ကတည်းက စခဲ့တာ ဖြစ်တယ်။ ခင်ညွန့် မတိုင်ခင်ကလဲ ဖြစ်၊ ခင်ညွန့် လက်ထက်မှာလဲ ဖြစ်၊ ခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းမှာလဲ ဆက်ဖြစ် နေတာဘဲ။ ထိပ်ဆုံးက ပုဂ္ဂိုလ်ကတော့ ဘယ်သူဘဲ ဖြစ်နေနေ ယန္တယား သဘောအရ တာဝန်ရှိ မှာပေါ့။ (institutionally, structurally responsible)။ သူဟာ ဘော်လရှီဗစ် ခေါင်းဆောင် လီနင်က ဇာဘုရင် မိသားစု တစ်ခုလုံးကို ပစ်သတ် ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင် လက်မှတ် ထိုးအမိန့် ချမှတ်တဲ့ အထိ ရက်စက် တာမျိုးတွေတော့ မကျူးလွန် ခဲ့လောက်ဘူး လို့တော့ အောက်မေ့ ရတာပဲ။ ဒါကြောင့် ဗမာ နိုင်ငံရေးသမား တစ်ချို့ ကိုးကားတဲ့ တောင်အာဖရိက နမူနာအတိုင်း ဆိုယင် “အမှန် တရားမှ တဆင့် ကြေးအေးရေး ကော်မရှင်တွေ” (Truth and Reconciliation Commissions) ဖွဲ့ ပြီး ဖြေရှင်း နိုင်တာပဲ။ ဒီလို မဖြစ်ချင်ရင်လဲ နောင်သင့်တော်တဲ့ အချိန်ကျမှ တကယ် လက်တွေ့ အပြစ် ရှိခဲ့သူတွေကို တိတိကျကျ ဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေး စီရင်လို့ရတာပဲ။ အခု ပြောနေကြသလို ယိုသမျှချေး ပုဇွန်ဆိပ်ခေါင်း စုပေးတာမျိုး လုပ်ဖို့ ကြိုးစားကြရင် မဆိုင်တဲ့ သူတွေက လက်မခံဘဲ သူတို့ တတ်တဲ့ နည်းနဲ့ ဟန့်တားကြ လက်တုန့် ပြန်လာကြလိမ့်မယ်။ နိုင်ငံရေး သံသရာ တပါတ် ကျော့လာနိုင်တယ်။
 
၇ နှစ်ကြာ အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ခင်ညွန့်ဟာ အခုအချိန်မှာ မာန်စွယ် ကျိုးပြီး အရပ်သားတွေရဲ့ ဘ၀ကို စာနာလာပုံ ပေါက်နေတယ်။ ဒါတကယ် မဟုတ်ရင်တော့ တော်တော် ဟန်ဆောင် ကောင်းတယ်လို့ ဆိုရမယ်။ သူဟာ တစ်ချိန်က နေ၀င်းနဲ့ အောင်ကြီး ပဋိပက္ခလို နိုင်ငံရေး ကွဲလွဲမှုကြောင့် အရာကျတာ မဟုတ်ဘဲ သူများထက် တော်နေလို့ ခြေလှမ်း ကျဲသွားလို့ လုပ်ဖေါ် ကိုင်ဘက်တွေက သူတို့ကို ချနင်း ကျော်တက် သွားမှာ စိုးလို့ ဆွဲချခံရတာ ဖြစ်တယ်။ အကျဉ်းကျခံ ၇ နှစ်က သူ့ကို အရပ်သားစိတ် ထည့်ပေးလိုက်ြပီ (civilianized) ဆိုတာ သေချာရင် သူ့ကို ဒီအတိုင်း လွှတ်မထားဘဲ သင့်တော်သလို ပြန်အသုံးချတာက တိုင်းပြည် အတွက်ကော သူ့ အတွက်ပါ ကောင်းလိမ့်မယ်။ တာဝန်မဲ့ ပေါက်ပန်းဈေး ပြောနေ ရေးနေ ကြတာတွေဟာ အစိုးရသစ်နဲ့ အောင်ဆန်းစုကြည် ကိုပါ အဖျားခတ်နေတယ်။ တင်းမာတဲ့ သဘောထား ရှိသူတွေကို ပိုတင်းမာ သွားစေလိမ့်မယ်။

မြန်မာသံတော်ဆင့်


ဒေါ်အောင်ဆန်းစုကြည် ဆုပေးထားတဲ့ ဇတ်ကားများ စင်ကာပူတွင်ပြသခွင့်မရ

05:21  Myanmar Express Group  1 comment

မြန်မာနိုင်ငံမှာ ရုပ်ရှင်ပြပွဲလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုပေးခဲ့ကာ အဟုတ်ကြီးလုပ်ခဲ့တဲ့ ဇတ်ကားများကို စင်္ကာပူ အာဏာပိုင်တွေက ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီဇတ်ကားတွေကို မနေ့တနေ့ကမှ ဒါရိုက်တာ နာမည်ခံခဲ့တဲ့ လူပြက် ဇာဂနာက စင်္ကာပူနိုင်ငံကို ယူဆောင်သွားပြီး ရုပ်ရှင်ပြပွဲလုပ်ကာ ပြသဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စင်္ကာပူအာဏာပိုင်တွေ ပြသခွင့် ပိတ်ခဲ့တဲ့ ဇတ်ကားတွေအားလုံးက အနုပညာအကြောင်းနားမလည်သူ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။


လွတ်လပ်ခြင်းအနုပညာ ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွားသိလရှင်တစ်ဦးကို ဖိနပ်ဆီးပြီး ဆုပေးခဲ့စဉ်

မြန်မာနိုင်ငံမှာ တုန်းကတော့ စည်းမဲ့ကမ်းမဲ့ လုပ်ချင်တာလုပ်လို့ ရခဲ့ပေမယ့် စင်္ကာပူရောက်မှ လွတ်လပ်ခြင်း အနုပညာ ဇတ်ကားတွေ မလွတ်မလပ်ဖြစ်နေရပါတယ်။ မြန်မာအစိုးရကသာ ပိတ်ခဲ့ရင် အတိုက်အခံတွေ၊ ပြည်ပေါက်ရောက် မြန်မာတွေသာမက ပြည်တွင်းပြည်ပ မီဒီယာအားလုံးက ကပါ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်" "ဒီမိုကရေစီ" "လူ့အခွင့်အရေး" စတဲ့ စကားလုံးအကြီးကြီးတွေနဲ့ အမျိုးမျိုး ကြီးကြီးကျယ်ကျယ် ဟောင်ဖွာဟောင်ဖွာ လုပ်သူကလုပ်၊ အကျီဖြူဝတ် ကာ ဘုရားတွေဆီသွားပြီး ဆီမီးထွန်းသူကထွန်း၊ စာရွက်လွတ်မှာ စာတွေရေးပြီး ဝါးခြမ်းပြားနဲ့ထိုးကာ လမ်းပေါ်ထွက် လမ်းလျှောက်ကြမယ့်လူတွေ တပြုံကြီး ရှိနေပေမယ့် အခုလို စင်္ကာပူအစိုးရက ပိတ်ပင်ချိန်မှာတော့ ဘယ်မီဒီယာကမှ အပြစ်မတင်ရဲသလို တကမ္ဘာလုံးကမြန်မာတွေနဲ့ စင်္ကာပူက မြန်မာတွေကပါ မတောင်းဆိုရဲ ဆန္ဒမပြရဲကြဘူးလို့ သိရပါတယ်။

စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကို "လွတ်တာနဲ့ ပြောပြီ" ဆိုတဲ့ ကိုယ်တိုင်သာ ဘာမှမဟုတ်တာ လွှတ်တော်မတ်တွေကစပြီး သမ္မတထိ အမျိုးမျိုးဝေဖန်နေသူ ဇာဂနာ ကိုယ်တိုင်က ဘာမှ မပြောမဆိုရဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက ဇာဂနာ နဲ့ မြန်မာအတိုက်အခံများကို "အိမ်ကျယ်" များသာ ဖြစ်ကြောင်း အခုလို မှတ်ချက်ပေးသွားပါတယ်။

"တကယ်တော့ မြန်မာအတိုက်အခံဆိုတဲ့လူတွေက အိမ်ကျယ်တွေပါ... အိမ်မှာသာ ဟီးရိုး လိုလို ဘာလိုလိုနဲ့ အိမ်က အစိုးရကို အပြစ်ရှာထောက်ပြရဲကြတာ တခြားနိုင်ငံ အစိုးရတွေရဲ့ ကိုယ့်နိုင်ငံအပေါ် ပိတ်ပင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျတော့ မဟ ရဲကြဘူးဗျ... ဥပမာ စီးပွားပိတ်ဆို့မှုပဲ ကြည့်လေ.... စီးပွားပိတ်ဆို့ခံရရင် ပြည်သူတွေ ဆင်းရဲတာ သိနေကြတာပဲ... ဒါပေမယ့် ဘယ်တစ်ကောင်မှ မဝေဖန်ရဲဘူး... အမြီးကုပ်နေကြတာ... တကယ်သာ ပြည်သူဖက်က ရပ်တည်ချင်ရင် အော်မယ်ဆို အော်လို့ရတာပဲ... အစိုးရကို ဒဏ်ခတ်ချင်ရင် တခြားနည်းလမ်းသုံးဖို့ အကြောင်း၊ စီးပွားပိတ်ဆို့မှုက မြန်မာအခြေခံလူတန်းစားတွေကို ထိခိုက်တဲ့အကြောင်း၊ ပြောကြပေါ့... လုံးဝ သတ္တိမရှိကြဘူး.. ကိုယ့်အစိုးရကိုသာ အတိုက်အခံလုပ်ရဲကြတာ သူများအစိုးရက မတရားလုပ်နေတာကိုတော့ မဆန့်ကျင်ရဲကြဘူးလေ... အခု ဖြစ်သွားတဲ့ စင်္ကာပူက ဖြစ်ရပ်က သက်သေပဲပေါ့...." လို့ ပြောခဲ့ပါတယ်။

ထိုင်မှာတုန်းက " လျှော့ဖြစ်သွားတယ်" လို့ အော်ခဲ့တဲ့ ဇာဂနာတစ်ယောက်၊
စင်္ကာပူမှာတော့ " လျှော့.. လျှော့.." လို့တောင် မအော်နိုင်တော့


စင်္ကာပူအစိုးရရဲ့ ပိတ်ပင်မှုကြောင့် ရုပ်ရှင်ပြပွဲလည်း ပျက်ခဲ့ရပြီး၊ ဒီဖြစ်ရပ်ပေါ်မှာ ငြိမ်ခံနေတဲ့ စင်္ကာပူက မြန်မာတွေကိုလည်း လူထုက တင်းမာနေတဲ့အကြောင်း ရန်ကုန်မြို့မှ ၈၈ မျိုးဆက် တစ်ဦးက အခုလို ပြောပါတယ်...

"စင်္ကာပူက မြန်မာတွေအကြောင်းကို ကျွန်တော် နားစွင့်နေတာ ကြာပြီ... တခြားနိုင်ငံက မြန်မာတွေက ဒီမိုကရေစီအရေး တက်တက်ကြွကြွရှိသလောက် စင်္ကာပူက မြန်မာတွေက ယောင်္ကျားလေးတွေဆိုရင် ကလိမ်ကကျစ်လုပ်ဖို့နဲ့ မိန်းကလေးတွေဆိုရင် ဖာသည်တွေလို ဝတ်စားပြီး လမ်းပေါ်ထွက်ဖို့ပဲ သိကြတယ်... မြန်မာကားတွေကို မြန်မာစကားနဲ့ ရိုက်ပြီး မြန်မာနိုင်ငံမှာတောင် ပြလို့ ရသေးတာကို အခု စင်္ကာပူက မြန်မာတွေဆီမှာ ပြခွင့်မရတာ အဲဒီက မြန်မာတွေ သတ္တိမရှိလို့ပဲ... ၈၈ တုန်းက စိတ်မျိုးနဲ့ဆိုရင် စင်္ကာပူက ယောင်္ကျားတွေအားလုံးအတွက် ထမိန်နဲ့ ကျောက်ပျဉ် တွေ လေယဉ်နဲ့ အပြည့် ပို့ပေးမိမှာ သေချာတယ်ဗျာ... တကယ်ဒေါသထွက်ဖို့ကောင်းတယ်...." လို့ လေသံမာမာနဲ့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုပေးခဲ့တဲ့ ဇတ်ကားတွေဟာ မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့ရဲ့ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့ဇတ်ကားတွေ ဖြစ်နေတဲ့အပြင် ဆင်ဆာအဖွဲ့ကိုပါ လှောင်ပြောင်ထားတဲ့ ဇတ်ကားတွေလည်း ပါရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ဆင်ဆာအဖွဲ့ကို လှောင်ပြောင်ထားတဲ့ ဇတ်ကားကို မြန်မာနိုင်ငံမှာ ပြလို့ရပြီး စင်္ကာပူနိုင်ငံမှာ ဆင်ဆာ ဖြတ်ခံရတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ အတိုက်အခံတွေအပေါ်မှာ အစိုးရရဲ့ အလျှော့ပေးမှုနဲ့ အတိုက်အခံတွေရဲ့ စည်းကမ်းမဲ့နေမှုကို မြန်မာပြည်သူများ ဆင်ခြင်ဖို့ အချိန်ရောက်ပါပြီ။

1 comments:

ရန် ကုန် မြို. က ၈၈ တ ဦး ပြော တဲ. အ ထဲ က စ ကား လုံး ၊ အ သုံး အ နှုန်း တွေ က အင် မ တန် မိုက် ရိုင်း ပြီး ၊ အောက် တ်း ကျ တဲ. အ သုံး အ နှုန်း တွေ ဘဲ ၊




NLD ပါတီ ကိုယ်စားလှယ်လောင်းရွေးချယ်မှု အငြင်းပွားမှုများ ဖြစ်ပေါ်



လာမည့် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက်  NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများတွင် အငြင်းပွားမှု ၊ မကြေလည်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။ မြို့နယ် ၊ ပြည်နယ် ၊ တိုင်းဒေသကြီးများမှ အဆင့်ဆင့် တင်ပြလာသော ကိုယ်စားလှယ်လောင်းများကို မရွေးချယ်ပဲ ၊ ဗဟိုမှ အခြားကိုယ်စားလှယ်လောင်းအမည်စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာမှ ၊ ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်လာတာဖြစ်ကြောင်း သိရပါသည် ။

ထိုသို့ ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်မှုကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော မြို့နယ်များအနက်မှ အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

မိထ္ထီလာမြို့ ။     ။ မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ် NLD ပါတီ၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့် အေး ဟာ မြို့နယ်ခရိုင် အဆင့်အစည်းအဝေးများကျင်းပပြီး သူမအားထောက်ခံသူ ၄၀၀၀ ကျော်၏ လက်မှတ်ထိုးများ ဖြင့်တင်ပြခဲ့သော်လည်း ဗဟိုမှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ကိုရွေးချယ်ခဲ့သဖြင့် ဒေါ်မြင့်မြင့်အေးဟာ တစ်သီး ပုဂ္ဂလ အဖြစ် ၀င်ရောက်အရွေးခံတော့မည်ဖြစ်ပြီး ၊ NLD မှ ဦးဝင်းထိန်နှင့် ယှဉ်ပြိုင်တော့မည် ဖြစ်ပါသည် ။


မြန်အောင်မြို့ ။     ။ မြန်အောင်မြို့နယ်တွင် NLD ပါတီ မြို့နယ်အဆင့် တာဝန်ရှိသူများက မဏာမရွေးချယ်သူ ၄ ဦးအား လျှို့ဝှက်မဲ ပေးစံနစ်ဖြင့်ရွေးချယ်ကာ အနိုင်ရသော ရှေ့နေကြီး ဦးခင်မောင်လတ် ကို တင်ပြခဲ့သော်လည်း ဗဟိုမှ လူသိနည်းလှသော ဦးကျော်မြင့်ကို ရွေးချယ်ခဲ့သဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည် ။

ပခုက္ကူ ။     ။ ပခုက္ကူ မြို့နယ်တွင် ဒေါက်တာကြည်မင်းဦးဆောင်သော  NLD ပါတီအောင်နိုင်ရေးကော်မတီ က အများလက်ခံသော ဦးလှိုင်အေး ကို ကိုယ်စားလှယ်လောင်းအဖြစ် တင်ပြခဲ့သော်လည်း ၊ ဗဟိုမှ ဦးပိုက်ကို အား ရွေးချယ်ခဲ့သဖြင့် ပါတီဝင်အချို့မှ မကျေနပ်မှုများ ဖြစ်ပေါ်လာသဖြင့် ၊ ဒေါက်တာကြည်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုံးချုပ်သို့ သွားရောက်ကာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ရွေးချယ်ခဲ့သည်ကို သိရှိနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည် ။

အလားတူအခြားမြို့နယ်အများအပြားတွင်လည်း အောက်ခြေမှ တင်ပြသူများနှင့်ဗဟိုမှ ရွေးချယ်သူ ကွဲလွဲမှုများအပေါ်မကျေနပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် Hip Hop အဆိုတော် ဇေယျာသော် ၊ HIV ဝေဒနာသည် စောင့်ရှောက်သူ ဖြူဖြူသင်း စသော နိုင်ငံရေးအရ အတွေ့အကြုံနည်းပါးလှသူများကို ရွေးချယ်မှုများအပေါ်တွင်လည်း ဝေဖန်မှုများရှိနေကြောင်း သတင်းရရှိပါသည် ။


၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ

22:56  Myanmar Express Group  4 comments


ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလာ ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုပြီး နာမည်ခံထားတဲ့လူတွေက သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်သွားခဲ့ပါတယ်။ သတင်းထောက်အများအပြားကို ဖိတ်ကြားခဲ့ပေမယ့် အခန်းအနားတက်ရောက်သူ တဝတ်ကျော်က သူတို့လူတွေသာဖြစ်နေတာကို တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်ပြီး တစ်ယောက်က ထပြီး မိုက်ခရိုဖုန်းရှေ့ကုန်းကာ စကားတွေပြောခဲ့ကြပါတယ်။ ပြောတဲ့အထဲမှာ ခဏခဏ ပါတဲ့ စကားကတော့ ၈၈ ကျောင်းသားတွေက ၂၃ နှစ်ကျော် အနစ်နာခံခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ ၈၈ ကျောင်းသားတွေရဲ့ ၂၃ နှစ်ကြိုးစားမှုမှာ ဘာမှတိုးတက်မလာတဲ့အကြောင်းနဲ့ ၈၈ ကျောင်းသားတွေ ကြိုးစားမှုကြောင့် ပြည်သူတစ်ဦးတစ်ယောက် ဘယ်လို တိုးတက်ကောင်းမွန်သွားတယ်ဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

ဒါ့အပြင် ဦးမင်းကိုနိုင်က ဒီကနေ့ နိုင်ငံရေးတိုးတက်မှုက ၈၈ မျိုးဆက်တွေရဲ့ ကြိုးပမ်းမှုတွေ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ မှမဟုတ်ပဲ ဟိုးအရင်ကတည်းက နိုင်ငံတော်အကြီးအကဲတွေက လမ်းပြမြေပုံ ခုနှစ်ချက်ကို ရေးဆွဲကာ နိုင်ငံတော်သစ်တည်ဆောက်ဖို့ အစီစဉ်ဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလမ်းပြမြေပုံ ၇ ချက်ကတော့

၁။ ၁၉၉၆ခုနှစ်ကစတင်၍ ယာယီအားဖြင့်ဆိုင်ငံ့ထားလျှက် ရှိသော အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပခြင်း။


၂။ အမျိုးသားညီလာခံကြီးအောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကိုတဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း။

၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံ ရမည့်မှုများနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲခြင်း။




၎။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ ၍အတည်ပြုခြင်း။



၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက်တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။




၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးပွဲများကျင်းပခြင်း။



၇။ လွှတ်တော် ကရွေးကောက် တင်မြှောက်သောနိုင် ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့အစည်းများဖြင့်ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေ စီနိုင်ငံတော်သစ်တည်ဆောက်ခြင်း။

တို့ဖြစ်ပါတယ်။ နိုင်ငံတော်မှ အစိုးရနဲ့ တာဝန်ရှိသူများက အဲဒီမူဝါဒ ခုနှစ်ချက်အတိုင်းလုပ်ဆောင်နေရာက ဒီနေ့ မြင်တွေ့နေရတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရတာဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေ လုပ်ခဲ့လို့ ဖြစ်လာတာလည်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လုပ်ခဲ့လို့ ဒီနေ့ ရလဒ်ကောင်းတွေ ဖြစ်လာတာ မဟုတ်ပါဘူး။

၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ NLD က လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံ ကို မတက်ခဲ့ကြပါဘူး၊ တက်သူတွေကိုလည်း ရှုံ့ချခဲ့ပြီး မတက်သူတွေကို ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းကိုလည်း ပိုးစိုးပက်စက် မကောင်းပြောခဲ့သူတွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဒါတောင်မှ ဒီကနေ့ နိုင်ငံတော်ရဲ့ တိုးတက်မှုတွေက သူတို့တွေ အနစ်နာခံခဲ့လို့၊ သူတို့တွေ ၂၃ နှစ်လုံးကြိုးစားခဲ့လို ဖြစ်လာတယ်လို့ အရှက်မရှိပြောနေကြတာကို တွေ့နေရပြန်ပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အပေါ်မှာ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အမျိုးသားညီလာခံကို မတက်ခဲ့ခြင်း၊ အခြေခံဥပဒေကို စစ်ကျွန်အဖြစ်သွပ်သွင်းမယ့် ဥပဒေလို့ ပြောခဲ့ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို နအဖ ရဲ့ နွားတင်းကုပ်ထဲဝင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖို့ ပြောခဲ့ခြင်းများအပေါ်မှာတော့ တစုံတရာ ပြောမသွားခဲ့ဘူးလို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ၁၉၈၈ အရေးအခင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပေမယ့် အဲဒီချိန်တုန်းက အရေးအခင်းမှာ ဆူပူသူ ၈၈ မျိုးဆက်တွေရဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှုအကြောင်း၊ အပစ်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း၊ ဂိုဒေါင်တွေကို မီးရှို့တဲ့အကြောင်း တွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။


၈၈ မျိုးဆက်များ ဂိုဒေါင်တွေဖောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီးခဲ့စဉ်က

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ ဆိုတာကိုတော့ ဦးမင်းကိုနိုင်ကပဲ နိုင်ငံရေး အသုံးအနှုံး စကားလုံး တစ်ခုမှ မပါပဲ ဒီနေ့ မြန်မာနိုင်ငံက ဖန်ခွက်ထဲက ရေတဝက်ဖြစ်ကြောင်းနဲ့ ပြည်သူက အဲဒီရေထဲက ငါး ဖြစ်ကြောင်း ဥပမာ ပြ ပြောကြားသွားပါတယ်။ ဖန်ခွက်ထဲကို ရေတဝက်ထည့်ပြီး ငါးထည့်ကြည့်ပါက နာရီပိုင်းအတွင်း ငါးက သေသွားမှာ ကိုတော့ ဦးမင်းကိုနိုင် ဦးနောက်က စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမသွားခဲ့ပါဘူး။ ဒီနေ့နိုင်ငံဟာ ဖန်ခွက်လည်း မဟုတ်သလို ရေ လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း ငါး မဟုတ်ပါဘူး။ ငါး ဆိုရင်လည်း ဖန်ခွက်ထဲမှာ မနေပဲ မြစ်ထဲ ပင်လယ်ထဲမှာပဲ နေချင်ကြမှာပါ။ မြန်မာနိုင်ငံသားအားလုံးကတော့ မြန်မာနိုင်ငံထဲမှာပဲ နေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး နားမလည်တဲ့ ဦးမင်းကိုနိုင်ရဲ့ ဥပမာက နိုင်ငံရေးနားလည်သူတွေအတွက် ဟာသ ဖြစ်စေတယ်လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။

ဦးမင်းကိုနိုင်သာမကပဲ တခြား ၈၈ မျိုးဆက် ဆိုသူတွေထဲမှာ နိုင်ငံရေးနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ကျောင်းပြီးသူ တစ်ယောက်မှ မရှိပဲ အားလုံးက ကျောင်း တပိုင်းတစ နဲ့ ထွက်လာကြသူတွေသာ ဖြစ်တာကြောင့် အတွေးအခေါ်တွေက ညံ့ဖျင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကာ လူဖြစ်ပြီး လူတွေကြားမှာ မနေရတာကြာတော့ လူလို မတွေးတတ်တာလည်း ဖြစ်နိုင်တယ်လို့ အခန်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းထောက်ကပဲ ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးမင်းကိုနိုင်က စာပေစိစစ်ရေး ဆိုတာ ရှိနေရင် ဒီလောက က ထပ်တက်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် ပြည်ပ သတင်းမီဒီယာတွေရဲ့ comment တွေကို စိစစ် ပြီးမှ တင်ပေးတဲ့အကြောင်း၊ တိုက်ရိုက်လေလှိုင်းဆွေးနွေးမှုတွေ၊ ပေးစာတွေကို စိစစ်ပြီးမှ ဖော်ပြတဲ့အကြောင်းတွေနဲ့ ဘီဘီစီလို သတင်းဌာနကြီးက facebook မှာ comment တွေ ဖြတ်တဲ့အကြောင်းနဲ့ comment ပေးလို့ မရအောင် လုပ်တဲ့အကြောင်းတွေကိုတော့ ပြောကြား သွားခြင်း မရှိဘူးလို့ သိရပါတယ်။ ၈၈ မျိုးဆက်ဆိုသူတွေထဲမှာ နည်းပညာအားနည်းသူတွေသာ များနေတာကြောင့် facebook ဆိုတာ မသိသူတွေလည်း တပုံကြီးရှိနိုင်ကြောင်း facebook လောကမှ သတင်းတွေအရလည်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အကြောင်းကိုတော့ ဦးမင်းကိုနိုင်ကပဲ ၁၉၈၈ ဆူပူမှုမှာ ပါဝင်လာကြရင်း ပေါ်ပေါက်လာတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အရင်ကတည်းက နိုင်ငံရေး ခံယူချက်ရှိလို့၊ နိုင်ငံရေးအကြောင်းနားလည် လေ့လာခဲ့လို့ နိုင်ငံရေးလောက ကို ဝင်ရောက်လာတာ မဟုတ်ကြပဲ အရေးအခင်း ဖြစ်တုန်း လမ်းကြုံလို့ နိုင်ငံရေးလောကထဲကို ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံသွားတာ ဖြစ်ပါတယ်။

ခေါင်ဖြတ်ပြီး ထောင်ထားတဲ့ ဂုဏ်ယူဖွယ်ရာ ရှစ်လေးလုံးအရေးတော်ပုံ

သတင်းထောက်တွေ သတင်းယူနေတဲ့ ရှေ့မှာပဲ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က သူတို့တွေ ဘက်လိုက် မယ့်အကြောင်းကို "
ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော်အသိပေးပါရ စေ" လို့ အတိအလင်း ပြောကြားသွားတာကိုလည်း အံ့သြဖွယ် တွေ့ရပြန်ပါတယ်။

ဦးမင်းကိုနိုင်က "လွန်ဆွဲပွဲ တစ်ခုဖြစ်ကြောင်း၊ တစ် ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့ သူတွေဖြစ်ကြောင်း၊ ကျန်တဲ့တစ်ဖက် က ပြုပြင်ပြောင်းလဲ ရေးဘက်က ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလွန်ဆွဲပွဲမှာ ပြုပြင်ပြောင်းလဲရေးဖက်ကနေ ၈၈ မျိုးဆက်တွေက ရှိမယ့်အကြောင်း ပြောကြားခဲ့ပေမယ့် ဒီကနေ့ အစိုးရ လုပ်ဆောင်နေတဲ့ ပြုပြင်ပြေင်းလဲရေး လုပ်ငန်းတွေနဲ့ အတိုက်အခံအင်အားစု အချို့ရဲ့ ၉၀ ရွေးကောက်ပဲကို ပြန်ခေါ်ဖို့ နဲ့ နောက်ကြောင်းပြန်ဖို့ အကြောင်းတွေကိုတော့ တစ်ခွန်းမှ ပြောမသွားခဲ့ပါဘူး။

စီးပွားပိတ်ဆို့မှု နဲ့ ပတ်သက်ပြီး ဖယ်ရှားဖို့အတွက် ၈၈ မျိုးဆက်တွေဖက်က ဝိုင်းဝန်းကူညီမယ် လို့ ဦးမင်းကိုနိုင်က က ပြောကြားခဲ့ပေမယ့် စီးပွားပိတ်ဆို့မှု ကြောင့် ပြည်သူအများ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အကြောင်းတွေ ကိုတော့ ထည့်သွင်းမပြောခဲ့ပါဘူး။ စီးပွားပိတ်ဆို့မှု နှစ်ပေါင်းများစွာ ခံနေရချိန်တုန်းကလည်း ဘယ် ၈၈ မျိုးဆက် တစ်ယောက်ကမှ ပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဦးကိုကိုကြီးကလည်း ဦးကိုကိုကြီးရဲ့ တစ်ကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ထောင်ထဲသွားမနေတဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ထောင်ထဲသွားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါဘတယ်။ ဦးကိုကိုကြီးထောင်ထဲသွားနေချိန် နိုင်ငံတိုးတက်ဖို့ ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေချိန်မှာ ထောင်ပြင်ကလူတွေ အစွမ်းအစနဲ့ ရုန်းကန်နေကြတဲ့အပေါ်မှာတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားဆိုတာနဲ့ ပတ်သက်ပြီး လူတွေ ဒလဟော အူလှိုက်သဲလှိုက် ကြိုဆိုခြင်းကိုတွေ့ရလို့ နိုင်ငံရေးအကျဉ်းသား တွေသာ ဖြစ်ပြီး သူခိုး ဓားပြတွေ မဟုတ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့ပေမယ့် ဦးခင်ညွန့်ကို လူအများက အူလိုက်သဲလှိုက်ကြိုဆိုကြပုံနဲ့ ရွှေတိဂုံဘုရားသွားချိန်မှာ စောင့်နေခဲ့ကြပုံကိုတော့ ဦးမင်းကိုနိုင် မပြောခဲ့ပါဘူး။

ပါတီထောင်ဖို့ကိစ္စနဲ့ပတ်သတ်လို့ကတော့ ဦးလှမျိုးနောင်က စဉ်းစားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ဆိုတဲ့လူတွေထဲမှာ ပါတီနိုင်ငံရေး နဲ့ပတ်သက်ပြီး ဗဟုသုတ အလွန်းနည်းတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအကြောင်းမေးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဦးကိုကိုကြီး က ပြောကြားခဲ့ပါတယ်။ ဘာကြောင့်ပူးပေါင်းမယ်၊ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေလုပ်ခဲ့လို့ ပြည်သူတွေ ဘယ်လို အကျိုးခံစားနေရတယ် ဆိုတာတွေကိုတော့ ရှင်းမပြခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲအပြီးမှ သဘောထားထုတ်ပြန်ချက်ဆိုပြီး အောက်ပါအချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်များထဲမှာ အစိုးရရဲ့ လမ်းပြမြေပုံ ၇ ချက်လို တိတိကျကျ ဦးတည်ထားတဲ့ ရည်ရွယ်ချက် တစ်ခုမှ မပါသလို၊ နိုင်ငံတော်နဲ့ ပြည်သူလူထု ခံစားရမယ့် ကောင်းကျိုး တစ်ခုမှ မပါခဲ့ပါဘူး။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။ (၈၈၈၈ အရေးတော်ပုံအကြောင်း)



၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။ (၎င်း နိမ့်ကျမှုများမှ တိုးတက်အောင် ၈၈ မျိုးဆက်များ ဘာမှ မလုပ်နိုင်ခဲ့ပါ)

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ (ဒီနေ့ဒီအချိန်ကို ဖန်တီးခဲ့တာ ၈၈ မျိုးဆက်တွေ အစွမ်းအစ ကြောင့် မဟုတ်ပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်ဆီ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံကြောင့်သာဖြစ်သည်)

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။ (စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ခိုင်းခဲ့တာကိုတော့ မကန့်ကွက်ရဲပါ)

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။ (၈၈ မျိုးဆက်အချင်းချင်း ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့ ABSDF ထဲက မငြိမ်းချမ်းတောတွေကို အရင်ရှင်းပါ)

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။ (ပြန်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရေးမှာ အစိုးရက လုပ်ပေးလို့မရပါ. သူတို့လုပ်ရက်တွေကသာ သူတို့ဂုဏ်သိက္ခာကို ဖော်ပြလိမ့်မည်။ မယောင်ရာကို ဆီမလူးပါနဲ့ ၈၈ မျိုးဆက်များ)

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။ (အားမပေးလို့လည်း မရတော့ဘူး၊ အားမပေးခဲ့စဉ်၊ ကန့်ကွက်ခဲ့စဉ်၊ မထောက်ခံစဉ် တုန်းကလည်း အစိုးရက သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ)

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။ (ပူးပေါင်းတာက လွယ်ပါတယ်၊ ကိုယ်စွမ်းနဲ့ ဥာဏ်စွမ်းရှိအောင် အရင်လုပ်ကြပါ။ လမ်းပေါ်ထွက်ပြီး အော်တဲ့ နိုင်ငံရေးလောက်တော့ ဘယ်နိုင်ငံရေးမှ မလွယ်ဘူးဆိုတာ သတိထားပါ )

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။ (ပြုပြင်ပြောင်းလဲရေးကို လက်မခံသူတွေ၊ ၉၀ ရွေးကောက်ပွဲကို နောက်ကြောင်းပြန်ချင်သူတွေ အများကြီးရှိနေသူတွေ ပြည်တွင်းပြည်ပ မှာ အများကြီးရှိနေတာကိုလည်း သတိရပါ)

ဆက်စပ် သတင်းများ

ဘာလဲဟဲ့ ရှစ်လေးလုံး

၈၈ ကျောင်းသားများ နှစ်ခြမ်းကွဲ ပြန်


4 comments:

ဗကပခေါင်းဆောင် သခင်ဗသိန်းတင်က ၈၈ လှုပ်ရှားမူမှာ ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေရဲ့  ၉၉ ရာခိုင်နှုံးကို ဗကပက သူတို့ ရဲ့ မြေအောက် ကျောင်းသားတွေက တစ်ဆင့် လူထုထဲကို ချပေးစေတယ်ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို ၁၉၈၉ခုနှစ် နိုဝင်ဘာလမှ မြန်မာ့တီဗီက ထုတ်လွှင့်ပြီး ကထဲက ၈၈ ကျောင်းသားတွေကို ဗကပက မြေအောက် ကျောင်းသားလို့ ဘဲ မြင်တယ်။ လက်နက်ကိုင်ပြီး မလှုပ်ရှားနိုင်တော့တဲ့ ဗကပရဲ့  ရေရှည်တိုက်ပွဲ လမ်းစဉ် ကတော့ သူတို့ ရဲ့ မြေအောက် အဖွဲ့ အစည်းတွေက လူထုကို ဆူပူအောင် လုပ်စေပြီး အစိုးရကို ပြုတ်ကျအောင် လုပ်ပြီး အာဏာယူဖို့ ပါဘဲ။ ၈၈ ကျောင်းသားတွေရဲ့  ၂၃ နှစ်ကြိုးပမ်းမှုတွေကို လေ့လာကြည့်ရင် ဗကပရဲ့  ရေရှည်တိုက်ပွဲ လမ်းစဉ်ကို အကောင်အထည် ဖေါ်နေတာကိုဘဲ ထင်ထင်ရှားရှား တွေ့ နေရပါတယ်။ လက်ရှိအစိုးရ အနေနဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေနဲ့ သဘောထားအမြင် ကွဲလွဲမူတွေကို လျှော့နဲစေလိုလို့ လဲ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေနဲ့ သင့်မြတ်အောင် လုပ်ဆောင်နေတာ လက်ရှိနိုင်ငံရေးမှာ ပါဝင်စေချင်လို့  အခွင့်အရေးတွေ ပေးနေတာကို မယူတတ်ရင်တော့ ပြည်သူရဲ့  ဒဏ်ခတ်တာ ခံရလိမ့်မည် ဖြစ်ပြီး မြောင်းထဲပြန်ရောက် သွားမှာကို မြင်ယောင်နေပါတယ်။

အဲကောင်တွေ စောက်ရူးတွေဥစ္စာကွာ... ဘာရည်မှန်းချက်မှမရှိ..၊ လူထုကို တိုးတက်အောင်လဲ သူတို့လုပ်ပေးခဲ့တာ တစ်ခုမှ မရှိပဲနဲ့ စောက်ကြီးစောက်ကျယ်ပြော... အရူးချီးပန်း တောင်ပြောမြောက်ပြောကောင်တွေ..။ ကျုပ်ရှေ့လာပြီး ၈၈ မျိုးဆက်လို့ ဂုဏ်ယူစွာလာပြောနေလို့ကတော့ စောက်ခွက်ကို ဖြတ်ကန်ပြီး သေးနဲ့ပန်းပစ်မယ်.. အလကားကောင်တွေ...။ အခုလဲ အရူးချီးပန်းမီဒီယာဆိုသူများက ဒင်းတို့အကြောင်းကို လုပ်စားကိုင်စားလို့ကောင်းအောင် မဟုတ်တမ်းတရားတွေ စွတ်ချီးမြှောက်ပြီး ရေးကြသားကြ... အလယ်အလတ်မီဒီယာနဲ့ အစိုးရလုပ်ငန်းစဉ်တွေအပေါ် နည်းနည်းလေးအကောင်းမြင်ကြတဲ့ မီဒီယာတွေကျတော့ သစ္စာဖောက်တွေလို့ ပြန်စွပ်စွဲချင်စွဲနဲ့... ဒီလိုဖြစ်နေသရွေ့ ကျုပ်တို့နိုင်ငံ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ကိုယ်လုပ်တာသာ ကိုယ်ကောင်းတယ်ထင်နေကြတဲ့လူတွေ... အဲဒီလူတွေအားလုံးကို ကျုပ်က - ပဲလို့ ဒီနေရာကနေ ပြောလိုက်ချင်တယ်... ဒါပဲ... စောက်ကျက်သရေတုံးလို့။

မင်းကိုနှိုင်ရဲ. သမိုင်းလေးးသိချင်တယ်ဗျာ တင်ပေးပါ် လားးဒီကောင်ကြီး က ဘာလို.ဒီလိုလုပ်နေတာလဲ ပြည်သူအတွက်လားနိုင်ငံတော်ကို မကျေနပ်တာလား နိုင်ငံတော်ကြီးကို ဖျက်စီးအောင်လူပ်နေတာလားးအခုက စုတ်ယုတ်အောင် လုပ်နေတာလား ဆိုတာလေးသိချင်လို.ပါ ဘာလို.အဲလိုလုပ်နေတယ်ဆိုတာနားမလည်ဘူး သှူုဦးတည်ချက်တွေက ဘာတွေလဲ နားမလည်ဘူး သူကိုတော.... ကျောင်းမှာလည်းပြောလိုက်ရင် အစိုးရ မကောင်းကြောင်းချည်းဘဲ နေရာတိုင်းမှာကောဘဲ အခုက သူက နိုင်ငံတော် တိုးတက်အောင် လုပ်နေတာလားးး အစိုးရကို မကျေနပ်လို.....လုပ်နေတာလား ဆိုတာ ကျွန်တော်တို. ကျောင်းတက်နေတဲ..ခလေးဦးနှောက်တောင် သိတယ်နော် ပြောလိုက်စေချင်ပါတယ် (ဦး မင်းကိုနိုင်) ကြီးကို လုံးဝ မထောက်ခံပါဘူးဆိုတာတော... အခုခေတ် ကျွန်တော်တို. ကျောင်းသားတွေက တင်ပြလိုက်ပါတယ် ရန်ကုန် ကျောင်းသားတစ်ဦးးး

23 January 2012 00:47  Re8888 ကလူတွေအားလုံးကို-ပဲကွာ နိုင်ငံကိုပုန်ကန်တဲ့ကောင်တွေ ဒင်းတို့လုပ်ခဲ့လို့ မြန်မာပြည်မှာသွေးစွန်းခဲ့တာလဲ ဒင်းတို့တရားခံပဲ စစ်တပ်ကတော့ မငြိမ်ရင်ပစ်မှာပဲ သေတာတောင်နည်းသေးတယ် ။ ကိုမေကိုလိုးတွေ တိုင်းပြည်၇ဲ့ဆံကုန်မြေလေးတွေ ဒင်းတို့ရှိနေလို့နိုင်ငံမတိုးတတ်တာ ဒေါ်အောင်ဆန်းဆုကြည်က ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါနဲ့လုပ်စားတယ် ဒင်းတို့က ဒေါ်အောင်ဆန်းဆုကြည့်  နဲ့လုပ်စားတယ် ခေါ်တာတော့ အမေဆုတဲ့ အမေဆုလင်ကို ကျတော့ရော ဘယ်လိုခေါ်မှာလဲ ရင်လေးပါသေးတယ်..။NLD ထဲမ၀င်ရင်လည်း မြန်မာပြည်မှာလုပ်စား စရာတွေတစ်ပုံကြီးပါ ထမင်းငက်မသွားပါဘူး NLD ကောင်းမူအကြာင်းပြုပြီးတော့ ကုလားထိုင်လုချင်တဲ့ အရူးတွေ ...။

Post a Comment

Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။



အမြင်မှန်ရလာတဲ့ SNLD ပါတီ ပြန်လည်မှတ်ပုံတင်မည်

21:19  Myanmar Express Group  No comments

၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ဖို့ အကြိမ်ကြိမ်ပြောသော်လည်း ရွေးကောက်ပွဲကို ကန့်ကွက်ကာ မှတ်ပုံမတင်ခဲ့တဲ့ SNLD ပါတီဟာ အခုတော့ အမြင်မှန်ရလာပြီး မှတ်ပုံတင်တော့မယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ လုံးဝ မှတ်ပုံမတင်နိုင်ဘူးဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀ ရက်နေ့က အစည်းအဝေးမှာတော့ ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက ဗဟိုကော်မတီ အစည်းအဝေးမှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက NLD မှတ်ပုံမတင်လို့ဆိုပြီး မှတ်ပုံမတင်ခဲ့တဲ့ SNLD ပါတီဟာ အခုတော့ NLD မှတ်ပုံတင်လို့ ပြန်ပြီး မှတ်ပုံတင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် NLD လို ၁၀၀ ရာခိုင်နှုံး ထောက်ခံလို့ မှတ်ပုံတင်ရပါတယ်လို့တော့ မထုတ်ပြန်ခဲ့ပါဘူး။

အစားကောင်းကောင်းမကျွးဘူး၊ ဆေးကုမပေးဘူးလို့
နာမည်ကြီးနေတဲ့ မြန်မာအကျဉ်းထောင်က လွတ်မြောက်လာသူ ဦးခွန်ထွန်းဦး

ပါတီဥက္ကဌ ဆိုသူ ဦးခွန်ထွန်းဦးဟာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြီးခဲ့တဲ့ စတုတ္ထမြောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာသူဖြစ်ပြီး ထောင်ထဲက ထွက်လာချိန်မှာ အရင်ကထက် နှစ် ဆ ကျော် ဝဖြိုးလာသူဖြစ်ပါတယ်။

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

သက်တန့်ချို
5/1/2012


အရက် အလွန်အကျွံ သောက်သုံးခြင်းနှင့် ဘေးမကင်းသော လိင်ဆက်ဆံမှု ဆက်နွှယ်


    အရက် အလွန်အကျွံ သောက်ခြင်းက ဘေးမကင်းသော လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာဆန်းစစ်မှု တစ်ခုတွင် ဖော်ပြခဲ့သည်။ အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုက HIV ရောဂါပိုးကို ကူးစက်စေနိုင်သည်ဟု ဆိုသည်။ ဘေးမကင်းသော လိင်ဆက်ဆံမှု ကာကွယ်သည့် နည်းလမ်းကို ရှာဖွေခြင်းသည် HIV ပိုးကူးစက်ခြင်းနှင့် AIDS ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်မှာ အများပြည်သူ ကျန်းမာရေးအတွက် အဓိကရည်မှန်းချက် ဖြစ်သည်။ သို့ရာတွင် အရက်သောက်သုံးခြင်းဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း ဆက်နွှယ်မှုရှိနေကြောင်း သိထားသော်လည်း အရက်ကို အလွန်အကျွံသောက်၍ အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုကြောင့် HIV ပိုး အမှန်တကယ်ပင် ကူးစက်မှုပြုခြင်း ရှိ၊မရှိကိုမူ ရှင်းလင်းစွာ သိရခြင်းမရှိသေးဟု ဆိုသည်။ ကနေဒါနိုင်ငံ လူမှုရေးနှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာနမှ ညွှန်မှူး ဂျာဂျင်ရင်းဦးဆောင်သော သုတေသီအဖွဲ့က လေ့လာဆန်းစစ်မှု ပြုခဲ့ကြခြင်း ဖြစ်သည်။ သုတေသီအဖွဲ့က လိင်ဆက်ဆံခြင်း၏ အကျိုးနှင့်အပြစ်များကို လက်တွေ့စမ်းသပ်မှု ၁၂ ခုဖြင့် လေ့လာ ဆန်းစစ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ တွေ့ရှိချက်အရ သောက်သုံးခြင်းက စိတ်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်မှုများကို အကျိုးသက်ရောက်မှု ရှိစေပြီး ထိုအကျိုးသက်ရောက်မှုက အရက်ပမာဏ အမြောက်အမြား သောက်သုံးစေကြောင်း ကောက်ချက်ချခဲ့ကြသည်။ စမ်းသပ်မှုတွင် အရက်ပမာဏများစွာ သောက်သုံးသူတို့သည် အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုတွင် ပါဝင်ပတ်သက်မှု ရှိရန် ပိုမို စိတ်အားထက်သန်တတ်ကြသည်ဟု ဆိုသည်။ အရက် တစ်မီလီမီတာ သောက်သုံးတိုင်း ထိုသူ၏သွေးထဲတွင် အယ်လ်ကိုဟောပမာဏ ဝ ဒသမ ၁ မီလီဂရမ် တိုးပွားစေပြီး ထိုသူအား အန္တရာယ်မကင်းသော လိင်ဆက်ဆံမှုပြုရန် ဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း တိုးပွားစေခဲ့သည်ဟု သုတေသီအဖွဲ့က ပြောကြားခဲ့သည်။



    အမျိုးသားတွေ စားသင့်သော အစားအသောက် ၁၀ မျိုး

    အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေး ကောင်းနေဖို့ အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့် အစာတွေကိုပဲ ဖြစ်သလို စားကြတာ များပါတယ်။  အစားအသောက် ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ဇနီးသည်တွေက ဂရုစိုက်ပေးသင့်တာကြောင့် သင့်ခင်ပွန်း ကျန်းမာသက်ရှည်ဖို့အတွက် အောက်ပါ အစားအသောက်တွေကို ကျွေးဖို့ လိုပါတယ်။
     ၁။ ငှက်ပျောသီး  
     အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သား ကြွက်တက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကို စားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှု ကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။
     ၂။ ဂျုံမှုန့်အကြမ်း  
     အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ (Oatmeal Cereal) တို့ပဲ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့်စီမံထားတဲ့ ကွေကာအုတ်တွေ အနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများ ပါဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ် ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရောအဆီ လျော့ကျပါလိမ့်မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့် ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပေါများစွာ ပါဝင်ပါတယ်။
     ၃။ ဘလူးဘယ်ရီသီး  
     ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေတဲ့ အန်သိုဆိုင်ယာနင် ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက် ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
     ၄။ ခရမ်းချဉ်သီး  
     ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်း ပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက် မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီး စားသင့်ပါတယ်။ ချက်ပြီးသား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပါတယ်။
    ၅။ သံလွင်ဆီ  
    တစ်နေ့မှာ သံလွင်ဆီ ထမင်းစား ဇွန်းနှစ်ဇွန်း စားပေးရင် ကိုယ်အလေးချိန်ကို လျော့ကျစေကာ စိတ်ခံစားမှု ကောင်းစေပြီး ရောဂါဝေဒနာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီက ကောင်းတဲ့အဆီ ဖြစ်ပြီး မပြည့်ဝဆီဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီကို စားရင် သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို လျော့နည်းစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။
     ၆။ သီဟိုဠ်စေ့
    သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆီးကျိတ်ကို ကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီးအက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်းတဲ့ ကိုလက်စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်
    ၇။ ပန်းဂေါ်ဖီစိမ်း   
    နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များဆုံး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲက ဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေး ပြဿနာတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက် သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။
    ၈။ အဆီများသော ငါး  
    အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများ ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့် တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။
    ၉။ ပဲမည်း  
    ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်း ပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ လေ့လာမှုအရ ပဲက ပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေ ဖြစ်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။
    ၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်
    သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကို ကောင်းစေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်က တခြား လက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

    http://satekuupuyar.blogspot.com/2011/12/blog-post_9844.html


    အူအတက်ရောင် ရောဂါနှင့် ပါတ်သက်ပြီး သိသင့် သိထိုက်သော အရာများကို အမေးအဖြေဖြင့် ဖော်ပြပေးလိုက်ပါသည်။

    မေး ။ ။ အူအတက်ရောင်ရောဂါဆိုတာ သေချာသွားပြီဆိုရင် ဘာလုပ်ပေးသင့်ပါသလဲ။

    ဖြေ ။ ။ ရောဂါရာဇဝင် မေးမြန်းပြီးလူနာကို စမ်းသပ်တွေ့ရှိရမှုတွေနဲ့ မလုံလောက်သေးတဲ့အခါမှာတော့ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု၊ ပုံရိပ်ဖော် စမ်းသပ်မှုစတာတွေ ပြုလုပ်ပေးရပါတယ်။ ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုမှာတော့ Complete Picture ခေါ်တဲ့သွေးရဲ့ ဟေမိုဂလိုဘင်ရာခိုင်နှုန်း ( Haemoglobin Percent )၊ သွေးဖြူဥစုစုပေါင်း အရေအတွက်နဲ့ သွေးဖြူဥအမျိုးအစားအလိုက် အရေအတွက်အပြင် သွေးမွှားဥအရေအတွက်ကိုပါ စစ်ဆေးရပါတယ်။ ဟေမိုဂလိုဘင်ရာခိုင်နှုန်းကိုကြည့်ပြီး လူနာရဲ့ သွေးအားပြည့်ဝမှုအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါမှ ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ၊ မရှိ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သွေးဖြူဥ စုစုပေါင်း အရေအတွက်ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ရောင်ရမ်းနေပါက ပုံမှန်ပမာဏ ထက် များနေတတ်ပါတယ်။ သွေးဖြူဥ အမျိုးအစား အလိုက် စစ်ဆေးမှုကတော့ ရုတ်ခြည်း ရောင်ရမ်းမှုဖြစ်တာလား၊ နာတာရှည် ရောင်ရမ်းမှုလားဆိုတာ ခွဲခြားဖို့ဖြစ်ပါတယ်။ ရုတ်ခြည်း အူအတက်ရောင်ရောဂါမှာတော့ သွေးဖြူဥစုစုပေါင်း ပမာဏဟာ များနေသလို Neutrophil ဆိုတဲ့ သွေးဖြူဥအမျိုးအစားရဲ့ ရာခိုင်နှုန်းဟာ ပိုများနေတတ်တာမို့ ထိုလူနာဟာ အူအတက်ရောင် ရမ်းမှုရောဂါဖြစ်နေပြီဆိုတာ အခွင့်အလမ်းများနေပါတယ်။ ဝမ်းဗိုက်ကို အာလ်ထရာဆောင်း ဓာတ်မှန်ရိုက် စမ်းသပ်မှုမှာတော့ စက်နဲ့ စမ်းသပ်သူရဲ့ အရည်အသွေးပေါ်လိုက်ပြီး အူအတက်ရောင်ရမ်းမှုရှိ၊ မရှိကို သေချာစွာ သိရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်မှု တစ်မျိုးတည်းနဲ့တော့ အတည်ယူလို့မရဘဲ လူနာရဲ့ ရောဂါလက္ခဏာ၊ အခြေအနေတွေနဲ့ ဆက်စပ်ပြီး သုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ အူအတက်ဝန်းကျင်က အူတွေဟာ ရောင်ရမ်းမှုအရှိန်ကြောင့် ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ဖောင်းကားလာခြင်း ( Local lleus ) ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အထက်ပါ စမ်းသပ်စစ်ဆေးမှုတွေက ရောဂါဖြစ်ကြောင်း ညွှန်ပြနေပြီဆိုရင်တော့ အူအတက် ရုတ်ခြည်းရောင်ရမ်းမှု ရောဂါဖြစ်ဖို့ ၉၅ ရာခိုင်နှုန်းကျော် သေချာသလောက်ရှိပါတယ်။ ရာနှုန်းပြည့်သေချာပြီလို့ မဖော်ပြတာကတော့ ဆေးပညာလောကမှာ ရာနှုန်းပြည့် မှန်တယ်၊ မှားတယ်ဆိုတာ အလွန်ရှားပါးလှလို့ ဖြစ်ပါတယ်။

    မေး ။ ။ အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ပြီးသော်လည်း အူအတက်ရောင်ရောဂါမှန်း မသေချာသေးပါက သမားတော်အနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။

    ဖြေ ။ ။ အခြား ဆင်တူယိုးမှား ရောဂါတွေလည်း ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေ မပေါ်လာသေးတာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ Watch and Proceed မူကိုကျင့်သုံးပါတယ်။ ဒါကဘာလဲဆိုတော့ ရောဂါလက္ခဏာတွေ ထပ်ပေါ်လာသလား၊ ပျောက်သွားသလားဆိုတာ စောင့်ကြည့်စစ်ဆေးပါတယ်။ ရောဂါသက်သာ ကောင်းမွန်သွားပါက လူနာလည်း စိတ်ချမ်းသာပြီး၊ မိမိလည်းအလုပ်သက်သာသွားပါတယ်။ ဒါပေမယ့် မိမိမှာတော့ တာဝန်ပိုကြီးပြီး လူနာရဲ့ ရောဂါလက္ခဏာအခြေအနေတွေကို မကြာခဏ စစ်ဆေးနေဖို့တော့ အထူးလိုအပ်ပါတယ်။ ဒါမှ ရောဂါအခြေအနေ ဆိုးလာတဲ့အခါ အချိန်မီ အန္တရာယ်မများခင် ခွဲစိတ် နိုင်မှာဖြစ်သလို အခြားရောဂါလက္ခဏာတွေ ထပ်ပေါ်လာတဲ့အခါဆိုရင်လည်း ဘာရောဂါဆိုတာ ပိုပြီးတိတိကျကျ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီမူက Wait and See နဲ့ မတူပါဘူး။ အဲဒါက “စောင့်ကြည့်”တာပေါ့ဆိုတာပါပဲ။ ပြန်ပြန်ပြီး အခါခါ စစ်ဆေးမှုတွေ မပါသလို ဘယ်တော့ ခွဲစိတ်ဖို့ ဆုံးဖြတ် တယ်၊ မဆုံးဖြတ်ဘူးဆိုတာ မပါပါဘူး။ စာရေးသူတို့ ငယ်စဉ်က ဆရာသမားတွေက မှတ်မိလွယ်အောင် သင်ပေးလိုက်တာ ဖြစ်ပါတယ်။ နောက်မူတစ်ခုကတော့ “open and see” ဆိုတဲ့ မသေချာရင် ဗိုက်ဖွင့်ကြည့်ပေါ့ ဆိုတာပါပဲ။ ဒါကတော့ သိပ်အလုပ်များတဲ့သူတွေအတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ဖို့မလိုတဲ့သူကို ခွဲစိတ်မိပါက မိမိအနေနဲ့ စိတ်ပူနေရပြီး မကြာခဏ သွားစမ်းသပ်ရတာ မလုပ်ရပေမယ့် လူနာအနေနဲ့တော့ အတော်လေး ထိခိုက်နိုင်ပါတယ်။ တချို့လူနာတွေက ခွဲတော့ခွဲတယ်၊ ရောဂါလည်းမပျောက်ဘူးဆိုကာမကျေမနပ် ဖြစ်တတ်ပါတယ်။ ဒါဟာ Open and See Policy ကြောင့် ဖြစ်နိုင်ပါတယ်။ “ Watch and Proceed” လုပ်ရင်တော့ လူနာရဲ့ ရောဂါ အခြေအနေ ပြောင်းလဲနေတာကို အချိန် နဲ့တစ်ပြေးညီ သိရှိနိုင်ပြီး ခွဲစိတ်ဖို့လို၊ မလိုကိုလည်း အချိန်မီ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သမားတော်အနေနဲ့တော့ တကူးတက အပင်ပန်းခံပြီး လူနာကို မကြာခဏ စစ်ဆေးနေဖို့တော့ လိုအပ်လှပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှပဲ လူနာအခြေအနေ တစ်ခုခုပြောင်းလဲတာနဲ့ သိရှိပြီး အခြေအနေမလွန်မီ အန္တရာယ်နည်းနည်းနဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်မှာဖြစ်ပါတယ်။ တချို့လူနာတွေမှာတော့ ဆေးဝါးနဲ့ ကုသရင်း ရောဂါပျောက်ကင်းသက်သာသွားလို့ ခွဲစိတ်ဖို့ မလိုဘဲလည်း ဖြစ်တတ်ပါတယ်။

    မေး ။ ။ အူအတက်ရောင်ရောဂါနဲ့ ဆင်တူယိုးမှားရောဂါတွေကော ရှိပါသလား။

    ဖြေ ။ ။ အူအတက်ရောင်ရောဂါဟာ ရုတ်ခြည်းဗိုက်နာလာလို့ ခွဲစိတ်ဖယ်ရှားကုသမှု အများဆုံးလုပ်ပေးရတဲ့ ရောဂါဖြစ်သလို ဆင်တူယိုးမှား ရောဂါတွေကလည်း များပြားလှပါတယ်။ မခွဲစိတ်သင့်တဲ့ ဆင်တူယိုးမှား ရောဂါတွေ ဖြစ်နေတာကို ခွဲစိတ်မိရင်တော့ လူနာအတွက် အကျိုးမရှိဘဲ တစ်ခါတစ်ရံမှာ ဒုက္ခဖြစ်တတ်ကြပါတယ်။ ရောဂါဖြစ်စမှာ အစာမကြေတဲ့ ရောဂါလက္ခဏာတွေဖြစ်တတ်လို့ အစာအိမ်အတွင်း အမြှေးပါးရောင်ရမ်းတဲ့ Gastritis ရောဂါ၊ အူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းတဲ့ ( Duodenitis ရောဂါ၊ အထက်လှန်အောက်လျှော ( Gastroenteritis)၊ အူမကြီးရောင်ရောဂါ ( Colitis)၊ အူတွေကို နောက်ကျောနဲ့ ဆက်သွယ်ပေးထားတဲ့ အဆီပြင်ထဲက အဆီရည်ကျိတ်တွေ ရောင်ရမ်းတဲ့ (Mesenteric Adenitis)ရောဂါတွေနဲ့ မှားယွင်းတတ်ပါတယ်။ ရေယုန်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အသည်းရောင်ရောဂါတွေမှာလည်း အူအတက်ရောင်ရောဂါနဲ့ ဆင်တူတဲ့ ဝေဒနာလက္ခဏာတွေ ပေါ်တတ်ပါတယ်။ အူအတက်ရောင်ရောဂါ အပြင်းအထန်နာလာတဲ့အခါ မှာတော့ မုန့်ချိုအိတ်ရောင်ရောဂါ၊ သည်းခြေအိတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်း ကျောက်တည်ရောဂါ၊ အူတွေရဲ့ သွေးကြောအတွင်း သွေးခဲတဲ့ Mesenteric Thrombosis ရောဂါဝမ်းဗိုက်အတွင်း အူလမ်းကြောင်း ပိတ်ဆို့တဲ့ Intestinal Obstruction ရောဂါတွေနဲ့ ဝှေးစေ့၊ ဝှေးစေ့အညှာ ( Spermatic Cord) တွေ ရောင်ရမ်းခြင်း၊ အူကျွံကျရောဂါ (Hernia) တွေမှာလည်း အူအတက်ရောင်ရောဂါနဲ့ ဆင်တူယိုးမှား လက္ခဏာတွေ ပေါ်တတ်ပါတယ်။ ရင်ခေါင်းထဲမှာ ရှိတဲ့အဆုတ် ဒါမှမဟုတ် အဆုတ်အမြှေးပါးတွေ ရောင်ရမ်းနေပါကလည်း ဝမ်းဗိုက်ညာဘက်မှာပါ နာပြီး အူအတက်ရောင်ရောဂါနဲ့ မှားတတ်ပါတယ်။ အမးသမီးးတွေမှာတော့ တင်ပါးဆုံရိုးကွင်းအတွင်းရှိ သားဥြွပန် ရောင်ရမ်း ( Salpingitis ) ခြင်း၊ သားဥြွပန်သန္ဓေသားတည်ခြင်း ( Ectopic Pregnancy)၊ သားဥအိမ်အရည် အိတ် ( Ovarian Cyst) နဲ့ သားအိမ် အလုံးအဖုတွေ လိမ်ကျစ်ခြင်း ( Pedunculated Fibroid)၊ မမျိုးပွား လိင်အင်္ဂါများ ရောင်ရမ်းခြင်းနဲ့ Pelvic Inflammatory Disease တို့ကိုလည်း ရုတ်ခြည်း အူအတက်ရောင်ရမ်းခြင်းနဲ့ မှားတတ်ပါတယ်။ တကယ်တော့ အူအတက်ရောင်ရောဂါနဲ့ ဆင်တူတဲ့ အခြားရောဂါ တွေကလည်း များပြားလို့ တစ်ခုနဲ့တစ်ခု ခွဲခြားနိုင်ဖို့အတွက် ဒီရောဂါတွေအကြောင်းလည်း နှံ့နှံ့စပ်စပ် သိထားဖို့တော့ လိုပါတယ်။ ဝမ်းဗိုက်ညာဘက်အောက်ပိုင်း နာပါက အူအတက်ရောင်တာပဲလို့ ယေဘုယျ ပြောကြပေမယ့် အားလုံးတော့ မမှန်နိုင်ဘူးဆိုတာ ယခု ဆင်တူယိုးမှား ရောဂါတချို့ကို တင်ပြခြင်းဖြင့် စာရှုသူများ သတိထားစေချင်ပါတယ်။

    မေး ။ ။ ဒီဆင်တူယိုးမှားရောဂါတွေနဲ့ အူအတက်ရောင်ရောဂါကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲ။

    ဖြေ ။ ။ ရောဂါရာဇဝင်နဲ့ ခံစားရမှုဝေဒနာကို အသေးစိတ် ဂဃနဏမေးခြင်း၊ စေ့စေ့စပ်စပ် စမ်းသပ်ကြည့် ရှုစစ်ဆေးခြင်း (လိုအပ်ပါက စအိုအတွင်း လက်ညှိုးထည့်ကာ စမ်းသပ်စစ်ဆေးခြင်း) နဲ့ တင်ပြခဲ့တဲ့ ရောဂါ ရှာဖွေရေး ဓာတ်ခွဲစမ်းသပ်ခြင်း၊ အသံလှိုင်းနဲ့ စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ၉၀ ရာခိုင်နှုန်းကျော်မှာ ဆင်တူယိုးမှားရောဂါများနှင့် ရုတ်ခြည်းအူအတက် ရောင်ရမ်းသော ရောဂါများကို ခွဲခြား သိနိုင်ပါတယ်။ ဒီအပတ်မှာတော့ ဒီမှာ ခေတ္တရပ်နားပြီး နောက်အပတ်မှာ ဒီအူအတက်ရောင်ရောဂါ၏ နောက်ဆက်တွဲရောဂါများ ကုသပေးမှုများ၊ ဘယ်တော့၌ ခွဲစိတ်ဖို့ သင့်၊ မသင့် စတာတွေကို အနည်းငယ် အသေးစိတ် ဆက်လက်ဆွေးနွေးတင်ပြပါမည်။

    Ref:Health Digest


    ဘယ်သတ္တဝါတွေရက်ဘယ်လောက်ကိုယ်ဝန်ဆောင်ကြလဲ

      ၁။ကြံ.သူတော် ရက်ပေါင်း ၃၃၀ ရက်
      ၂။ရေမြင်း ၂၄၀
      ၃။ဝံပုလွေ ၆၃
      ၄။ဝေလငါး ၃၀၅
      ၅။ကုလားအုတ် ၃၉၀
      ၆။ခြင်္သေံ့ ၁၁၀
      ၇။မြေခွေး ၆၃
      ၈။ကြောင် ။
      ၉။သားပိုက်ကောင် ၃၉
      ၁၀။သစ်ကုလားအုတ် ၄၂၀
      ၁၁။အိန္ဒိယဆင် ၆၂၁
      ၁၂။ကျား ၁၀၆
      ၁၃။ကြံ. ၅၄၈
      ၁၄။ခွေး ၆၃
      ၁၅။ကျွဲ ၃၁၁
      ၁၆။မြင်း ၃၃၀
      ၁၇။ရှဥ့် ၃၀
      ၁၈။ယုန် ၃၂
      ၁၉။လူဝံ ၂၃၆
      ၂၀။လူ ၂၇၀
      ၂၁။အာဖရိကဆင် ၆၃၈
      ၂၂။ဆိတ် ၁၅၀
      ၂၃။နွား ၂၈၀
      ၂၄။ပူး ၆၂
      ၂၅။ပွေး ၃၀
      ၂၆။ဝက် ၁၁၅
      ၂၇။သမင် ၂၃၀
      ၂၈။ဖား ၁၅၀
      ၂၉။ဝက်ဝံ ၂၁၀
      ၃၀။ကြက် ၂၀
ျမှတ်ချက်။ ။အဆိုပါရက်များမှာခန်.မှန်းရက်များသာဖြစ်ကြောင်း



      မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ”

        အဲဒီ စာအုပ်မှာ ပါဝင်တဲ့ မာတိကာ - ဓမ္မကထိက ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ) မှ

        ချီးမြှင့် ရေးသား ပေးထားတဲ့အမှာစကား ၊ စာရေးသူ ကိုယ်တိုင်ရေးသားဖေါ်ပြထားတဲ့ အမှာစာ

        နဲ.ကျေးဇူးတင်လွှာ အပြင်နောက်ဆုံး စာမျက်နှာမှာပါတဲ့ ကျမ်းကိုး များအပြင် စာရေးသူ၏ ခံယူ
        သုံးသပ်ချက် နဲ. ဓာတ်ပုံကို ဖေါ်ပြပေးလိုက်ပါတယ် ။
        အခု ပထမဆုံး ဆရာတော် အရှင်ဇောတိက ( ကန်.ဘလူ)ရဲ့ အမှာစကားကို ဖေါ်ပြချင်ပါတယ်။
        စာကိုယ် အပြည့်အစုံကိုတော့ စာပေဗိမာန်က ပြန်ရတော့မှပဲ ပို.စ် တင်ပေးပါရစေ ။

        ရွှင်လန်းချမ်းမြေ့ကြပါစေ
        (ကလေးတို.ဆရာမ)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

        “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ သမိုင်းစဉ် ”  ဟူသော အမည်ဖြင့် ကလေးတို.
        ဆရာမသည် စာတမ်းတစ်ခု ကျမ်းတစ်စောင် ပြုစုထားပြီး စာရေးသူထံပို.လာပါ၏ ။
        စာတမ်းရှင်ကျမ်းပြုဆရာမ သည် “ ကလေးတို. ဆရာမပီပီ “ ထိုစာတမ်းကို ကလေး သူငယ်

        များမှ အစကျောင်းသူ ကျောင်းသားများပါမကျန် လူငယ်လူရွယ် အားလုံးအတွက် ရည်သန်ကာ

        ရေးသား ထားဟန်တူ၏ ။
        ဆရာမ၏ ရည်ရွယ်ချက်သည် အလွန်ပင် မွန်မြတ်ကောင်းမွန်လှပါပေ၏  ။     သီပေါမင်း ပါတော်

        မူပြီး နောက် နှောင်းခေတ် လူအများစုသည် နယ်ချဲ့.အောက်မှာ နေခဲ့ရသဖြင့် ဘာသာတရား အသိ
        များနှင့်သမိုင်း မှန်များကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ပေ။ မိမိဘာသာတရား ၏ကောင်း
        မွန် မှန်ကန်မှုများကို အလေးထားရမှန်းမသိပဲ ခေတ်ပညာ လောက ဓာတ်ပညာတို.ကိုသာ သရဏံ

        ဂစ္ဆာမိလုပ်လာကြတော့၏ ။ “ ဘာသာတရားပညာ မသိလျှင် အကန်း ၊ သိပ္ပံပညာ မသိလျှင် အကျိုး”
        ဟု ဆိုကြလေရာ ယခုအခါ ဘာသာတရား ကန်းနေကြသဖြင့် သူကန်းပမာ လိုရာကောင်းကျိုး အမျိုး
        မျိုးကို မရရှိ မခံစားနိုင်ကြပဲ ရှိကြ လေသည် ။
        မိမိရိုးရာ ဘာသာတရားကို အထင်သေးကာ မလေ့လာပဲထားခဲ့ကြ၏ ။ နိုင်ငံတကာ ပညာရှင်
        များက ဗုဒ္ဓဘာသာတရားကို အလေးထားလာကြသောအခါမှ တစ်ချို.ကပြန်လည်သတိထားမိလာကြ
        သည် ။ အနောက်နိုင်ငံ ပညာရှင်များ၏ အချို.ဖေါ်ပြချက်များသည် တစ်ခါတစ်ရံ အမှားများနှင့်မ
        ကင်းပေ ။ထိုအမှားများကိုပင်အမှန်ထင်ကာ ကိုယ့်ဘာသာတရားကိုပြန်လည် စော်ကားမှုများလည်း
        ရှိခဲ့သည် ကိုတွေ. ရ၏ ။ တစ်ချို.က ဗုဒ္ဓပိဋတ်တော်များမှ ဝိနည်းအချို.ကို ပယ်လိုကြ၏ ။ တစ်ချို.
        က အဘိ ဓမ္မာ ပိဋကများကို ပယ်လိုကြ၏ ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ. အနေဖြင့် ထိုအမှား
        မျိုးစုံကို အထူး (ဝိနိစ္ဆယ) အဖွဲ. အသီးသီးဖွဲ.စည်းကာ အကြိမ်ကြိမ် ( ဝိနိစ္ဆယ) ညှိနှိုင်း ဆုံးဖြတ်ပေး

        ခဲ့ရပေသည် ။ ဆရာတော်တစ်ပါးက “အမှုပေါင်းစုံ ၊ အမှုသည်ပေါင်းစုံနှင့် လုံးထွေးနေကြရသည်”

        ဟု သူ၏ဆောင်းပါးတစ်ပုဒ်တွင် ညီးတွားတော်မူခဲ့၏ ။ ထို.ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းမှန်များ
        ကိုလည်းသိ သင့်ပေသည် ။ ဤသမိုင်းဆိုင်ရာ အမှန်တရားများကိုသိမြင်ခြင်းအားဖြင့် သာသ

        နာတော် ကိုလည်း မြှင့်တင်ရာ ရောက် ပေမည် ။ ထေရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော်
        များကို လည်း လူအများက ပိုမိုယုံကြည် လေးစား အားထားလာမည် ။ ဟုတ်ပေသည်- ယခုအခါ ထေ
        ရဝါဒ သာသနာတော်နှင့် ရဟန်းသံဃာတော်များအား ဘာသာခြားများမဆိုထားဘိ ထေရဝါဒဗုဒ္ဓဘာ
        သာ ဝင်ဆိုသူများပင် မလေးးစားချင်ကြသည်ကို တွေ.လာရပေပြီ ။ အဘယ့်ကြောင့်ဟူမူ ထေရဝါဒ
        သာသနာ့သမိုင်း “အမှန်”များနှင့်ထေရဝါဒ သာသနာ တော်၏တန်ဖိုးကို မသိကြသော ကြောင့်ပင် တည်း ။
        ပုဂံခေတ် ဗုဒ္ဓသာသနာထွန်းကားရခြင်း၏ အကြောင်းရင်းမှာပုဂံတစ်နိုင်ငံလုံးသည် ထေရဝါဒ သာသ

        နာတော်ကို အပြည့်အဝယုံကြည်ကြခြင်းသည် အဓိကဖြစ်ကြောင်း ပညာရှင်များကဝန်ခံထား
        ကြပေပြီ ။ ပုဂံ သာသနာတော်သည် ရောင်ဝါ နေထက်လင်းခဲ့၏ ။ တိုင်းပြည်သည်လည်း စည်ပင်ဝ
        ပြောကာတိုင်းသူ ပြည်သားတို.မှာလည်း သာသနာတော်၏အဆုံးအမအောက်တွင် အေးချမ်းတည်
        ငြိမ်စွာနေနိုင်ခဲ့ကြသည်မှာ မြန်မာနောက်ဆုံးဘုရင် သီပေါမင်းလက်ထက်အထိပင်ဖြစ်ပါသည် ။
        သို.ကြောင့်ပင် ထိုခေတ် မြန်မာလူမျိုးများအကြောင်းကို ၁၈၉၇- ခုနှစ်တွင် မြန်မာ့ သစ်တော
        အရေးပိုင်အဖြစ် အမှုထမ်းခဲ့သူ အိပ်ခ်ျဖီးလ်ဒင်း ( H. Fielding ) က သီပေါမင်း၏ မဟေသီ ခေါ်
        ( Thibaw’s Queen ) စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၇ာတွင် မှတ်တမ်းတင် ရေးသားထားသည်မှာ
        “မြန်မာလူမျိုးများသည် အလွန်အကျွံသမားများမဟုတ်ကြပါ။ နေရာတကာမှာ မျှမျှတတရှိကြ၏ ။

        နိုင် ငံတစ်လုံးကိုကြည့်ပါက မတန်တဆ "ဝ" နေသူကိုမတွေ.ရ ။ အရက်သေစာကိုလည်း လုံးဝနီးပါး

        မသောက်ကြပါ “ ဟူ၍ ဖြစ်ပါသည် ။
        ဤစာအုပ်ကို သီပေါမင်းပါတော်မူပြီး ၁၂ - နှစ် ကြာပြီးမှ ထုတ်ဝေခဲ့ခြင်းဖြစ်ရာ ယခု မျက်
        မှောက်ခေတ် အခြေနေနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် “ ဘယ့်လောက် မယုံကြည်နိုင်စရာ ကောင်းတဲ့

        မှတ်ချက်စကားလဲ “ ဟုပင် ထင်စရာဖြစ်နေပါသည်၏ ။
        ဒုက္ခအဖုံဖုံ ဘေးရန် အမျိုးမျိုးနှင့် ရင်ဆိုင်တွေ.ကြုံနေကြရခြင်း၏ အကြောင်းရင်း စစ်စစ်ကိုရှာ
        ကြည့် လိုက်သော် ဗုဒ္ဓဘာသာဝင်ဆိုသူ ရွှေမြန်မာများသန္တာန်မှာ ဗုဒ္ဓတရားတော်များ တစတ စ မှေး မှိန် ပျောက်ကွယ်လာသောကြောင့်တည်း။ ထေရဝါဒဗုဒ္ဓဘာသာ၏အဆုံးအမကိုမလိုက် နာ ကြသော
        ကြောင့်တည်း ။ အထူးသဖြင့် ခေတ်ပညာတတ် တက်ခေတ် လူငယ်လူရွယ်များက ထေရဝါဒ သာသ

        နာတော်နှင့် ထေရဝါဒ ရဟန်းတော်တို.အပေါ်ဝယ် အထင်အမြင်သေးလာကြ ယုံကြည်မှု နည်းလာကြ

        သောကြောင့်ပင်တည်း ။
        ထိုကဲ့သို. လူငယ်လူရွယ်များက ထေရဝါဒသာသနာတော်နှင့် ထေရဝါဒရဟန်းတော် တို.အပေါ်ဝယ်

        အထင်အမြင်သေးလာကြ ယုံကြည်မှုနည်းလာကြခြင်းမှာလည်း သမိုင်းပညာရှင် အမည်ခံ စာရေးဆရာ
        အ ချို.နှင့် ဒါရိုက်တာတို.ဖန်တီးထားသော ( မင်းတုန်းမင်းကြီးနှင့် ရေမြှုပ်ဗုံး ) ဇာတ်လမ်းသည်လည်း
        တစ်ခု အပါအဝင်ဖြစ်၏ ။ ဒါရိုက်တာတင်ယု ရိုက်ကူးသည့် ( နန်းတွင်းအ ရေးတော်ပုံ ) ဇာတ်ကား ၊
        ( ကနောင်မင်း သာအကြီး) စာအုပ်များမှာလည်း မဟုတ်မမှန်လုပ်ကြံ ဖေါ်ပြထားသည်ကိုတွေ.ရ၏။
        ထိုရုပ်ရှင် စာပေ တို.ကို ကြည့်ရှု ဖတ်မိကြသော မျိုးဆက်သစ် လူငယ်တို. နှလုံးသားဝယ် “ ဒီဘုန်းကြီး

        တွေကြောင့်ကွာ၊ သူ တို. နိုင်ငံရေးဝင်ရှုပ်လို.” စသည်ဖြင့် သာသနာတော်ကို အထင်သေး
        သော အတွေးအခေါ်များစူး ဝင် သွားခြင်းဖြစ်၏ ။သာသနာတော်အတွက် နစ်နာလှပါ၏ ။ သာသနာ
        တော် အတွက် စဉ်းစားပြီးမှ ခွင့်ပြုသင့် - မသင့် ဆုံးဖြတ်ရန် လိုပါသည် ။
        အမှန်ကိုစစ်ကြည့်ပါက တူမီး( သေနတ်)မှသည် မောင်းပြန်လက်နက် လုပ်နိုင်ခြင်းကို အမေရိကန်မှာ

        တစ်နှစ်သာ ကြာရှိသေးချိန်တွင် မင်းတုန်းမင်းကြီးက မောင်းပြန်လက်နက်ထုတ် လုပ်နိုင်ခဲ့၏ ။ စက်ရုံ
        (၅၀) ခန်.ကို တည်ထောင်ပေးခဲ့သည်ကို ၁၈၈၅- ခုနှစ် နန်းတွင်းအသိမ်းခံသောအခါအင်္ဂလိပ်စစ်ဗိုလ်

        ကာနယ်လ် ပရင်တာဂတ်၏မှတ်တမ်းမှာအတိအလင်းရေးသားထား သည်ကိုတွေ.ရ၏ ။
        ထိုကဲ့သို.သော မဟုတ်မမှန် လုပ်ကြံကြသော အန္တရာယ်မျိုးစုံမှ လွတ်မြောက်ပြီး သမိုင်းမှန်များကို

        သိနားလည်ကြစေရန်နှင့် ထရဝါဒ သာသနာတော် တန်ဖိုးကို သိရှိ နားလည်ကြစေရန် ဆရာမ
        ဒေါ်မေကျော့ရှင်း ၏ “ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာသမိုင်းစဉ်” ဟူသော စာအုပ်
        က အထောက်အကူပြုပေးလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ------
        ၂၉-၇-၂၀၁၀
        အရှင်ဇောတိက ( ကန်.ဘလူ)
        နည်းပြ ( ပဋိပတ္တိမဟာဌာန) သာသနဓဇဓမ္မာစရိယ
        Diploma in Buddha Dhama
        B.A. (B.Dh.,Gold Medallist ), M.A.(B.Dh.),Ph.D(Prelim)
        အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
        ဓမ္မပါလကုန်းမြေ ၊ စွယ်တော်မြတ်စေတီအနီး၊ မရမ်းကုန်း ၊ ရန်ကုန်မြို




        --
        နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


        With Best Regards,

        မီးပြတိုက်
        http://www.mee-pya-tite.com/


        Facebook စာမျက်နှာ
        https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


        Simple Views On My Land
        http://simpleviewsonmyland.blogspot.com/


        Myanmar Social Network
        http://myanmar-social-network.socialgo.com/


        ကွန်ပျူတာနည်းပညာမှတ်စု
        http://mee-pya-tite.blogspot.com/


        ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
        http://mdsng.blogspot.com/
         

        နေ့စဉ် မြန်မာအီးမေးများ
        http://myanmardailymail.blogspot.com/

         
        မြန်မာ Blog များအားလုံး
        http://allmyanmarblogs.blogspot.com/


        မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
         

        နားဆင်စရာ
        http://myl6.blogspot.com/


        ဖတ်စရာ
        http://7comrades.blogspot.com/


        MIET တက္ကသိုလ်ကျောင်းသားများ Forum
        http://mietforum.ning.com/


        နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
        http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.com ၊ forall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



        Reply all
        Reply to author
        Forward
        0 new messages