ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့် ၊ Eggs and Sprite အားဖြစ်တယ်ဆိုလို့ ၊ အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​​ဝေဒနာ​ခံစား​​နေရသည့်​ ဗြိတိန်​မိန်း​က​လေး​ ၊ အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ ၊ အမျိုးသားများသည် အမျိုးသမီးများထ

1,823 views
Skip to first unread message

meepyatite

unread,
Feb 24, 2011, 3:01:49 PM2/24/11
to

  1. ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့် ၊
  2. Eggs and Sprite အားဖြစ်တယ်ဆိုလို့ ၊
  3. အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​​ဝေဒနာ​ခံစား​​နေရသည့်​ ဗြိတိန်​မိန်း​က​လေး​ ၊
  4. အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ ၊
  5. အအေးမိဖျားနာခြင်း ဖြစ်ခါနီးအချိန်မှာ ဂရုစိုက်သင့်သည်များ ၊
  6. ဝမ်းပျက်ဝမ်းလျှောခြင်း (Diarrhea) ၊
  7. ကိုယ်ဝန်ရှိစဉ် မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် မွေးလာသည့် ကလေးများ၌ အမူအကျင့်ဆိုင်ရာပြဿနာများတွေ့ရှိ ၊
  8. ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲက အလုံး Ovarian Cyst ၊
  9. ဘာကြောင့်များ ရာသီသွေးထိန်ရတယ်၊
  10. ကြော်ငြာ​အဖြစ် အမြည်း​ပေး​သည့်​​ ဒိန်ချဉ်မှာ သုက်ရည်နှင့်​​တူ​နေသဖြင့်​ ရဲက​​စစ်​ဆေး​ ၊
  11. ဒိန်ခဲ ကြိုက်သလား၊ ဟော့ဒေါ့ ကြိုက်သလား ၊
  12. အလှအပ နှင့် ကျန်းမာရေးအတွက် ငှက်ပျောသီး ၊
  13. သဘာဝကိုဆန့် ကျင်သူတွေအတွက် သဘာဝရဲ့ ဒါဏ်ခတ်ချက်.... ၊

ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်။


ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်-ဈေးဝယ်လာတာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။ လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင် တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)

ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွားပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။


ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာ သောက် လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ်...အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။


အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ပါဘူး။


နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့်ပွားအောင် သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။


Eggs and Sprite အားဖြစ်တယ်ဆိုလို့


ကြက်ဥ နဲ့ Sprite ရောသောက်ရင် အားဖြ့ည်တယ်ဆိုလို့ နေ့တိုင်းလို သောက်ဖြစ်နေပါတယ်။ ဆိုးကျိုးတွေက ဘာတွေ ဖြစ်စေနိုင်ပါသလဲ။

 

“Eggs ကြက်ဥ အစရှာခြင်း” အကြောင်းတော့ ရေးထားပါတယ်။

 

မူလပိုင်ရှင်တွေက (ဆော့ဖ်-ဒရင့်ခ်) လို့ ခေါ်တာကို ကျွန်တော်တို့က “အအေး” လို့ ခေါ်လိုက်တယ်။ Cold drink လို့လဲ သူတို့က ခေါ်တာပါဘဲ။ အရက်တွေကို Hard drinks ခေါ်လို့ ဒါကို Soft drinks ခေါ်တာပါ။ အားဖြစ်တာလို့တော့ ဘယ်သူကမှ မခေါ်ပါ။

 

နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ Soda, Soda pop, Pop, Carbonated beverage, Tonic, Coke, Fizzy drink, Mineral စသဖြင့်။ သမိုင်း ရှာရင် အာရပ်ကမ္ဘာက စခဲ့တယ်။ အနောက်နိုင်ငံတွေမှာ ၁၇ ရာစုကစပြီး ဈေးကွက်ထဲ ၀င်လာခဲ့တယ်။ ၁၈ ရာစုကြမှ Carbonated drinks ဆိုတာ ပေါ်လာတယ်။ Phosphate soda (ဆိုဒါ) က ၁၉၀၀ နောက်ကြမှ ပေါ်ပြူလာ ဖြစ်လာတယ်။

 

Club Soda (ကလပ်-ဆိုဒါ) ကို ဟန်ဂေရီတွေက စတယ်၊ အထဲမှာ ဆား နဲနဲပါတယ်။ သွေးတိုး ရှိရင် မကောင်းဘူး။ Tonic Water ဆိုတာ နာမယ်က အားဖြစ်စေသလိုလိုပေမဲ့ (ကာဗွန်) ပါသလို အဓိက (ကွီနင်း) နဲနဲလဲ ပါလို့ ချိုအောင် လုပ်ပေး ထားရတယ်။ ဗြိတိသျှ-ကိုလိုနီတွေ ငှက်ဖျားကြောက်လို့ သောက်တာကနေ စခဲ့တာပါ။ ကြွက်သား နာတတ်သူတွေ အတွက်လဲ ကောင်းပါတယ်။

 

ဘယ်အရာမဆို တာရှည်ခံ၊ နံမယ်ရ၊ ခေတ်လဲ နောက်မကျ၊ စီးပွါးရေးကလဲ တွက်ခြေကိုက်၊ မြင်လိုက်တာနဲ့ ၀ယ်ချင်၊ အောင်မြင်တဲ့ လူသုံး-ပစ္စည်းတွေ အများကြီးရှိတယ်။ တံဆိပ်အတူ၊ အရည်အသွေးတူ၊ လူတွေ ဘယ်တိုင်းပြည်မှာမဆို ၀ယ်ယူနိုင်ကြတာက (ဂလိုဘယ်လိုက်ဇေးရှင်း) ဖြစ်စဉ် တစိတ်တပိုင်းပါဘဲ။ ကနေ့ခေတ် လူတွေကြား ပေါ်ပြူလာ အများဆုံး ဖြစ်တဲ့ ဖျော်ရည်ဟာ ၁၉၂၀ ကတည်းက ပေါ်ခဲ့တဲ့ 7 Up (ဆဲဗင်း-အပ်) ဖြစ်မယ်။ Bib-Label Lithiated Lemon-Lime Soda လို့ စခေါ်ခဲ့တယ်။ Mood-stabilizing drug စိတ်အခြေအနေ ထိန်းဆေးသဘောပါ။ Hangover cure အရက်-များသွားလို့ ဖြစ်တာတွေ ကုစားဘို့ ရည်ရွယ်ခဲ့ပါတယ်။

 

Sprite ဆိုတာက Lemon-lime flavored သံပုရာ-ရှောက်အနံ့ထည့်ထားတဲ့ Caffeine (ကေဖင်း) မပါတဲ့ Soft drink ဖြစ်တယ်။ နာမယ်ကြီး Coca-Cola Company ကနေ ၁၉၆၁ ကတည်းက 7 Up ကို ပြိုင်ထုတ်တာလဲ ဖြစ်တယ်။ ထုတ်ခါစမှာ Whiskey (၀ီစကီ) တို့ Vodka (ဗော့ဒဂါ) တို့နဲ့ ရောသောက်ဘို့ပါ။ အမေရိကားမှာ လူအများ အသဲစွဲ ဘတ်စကက် NBA ကို ၁၉၉၀ မှာ Sponsor ရကတည်းက Sprite နာမယ် ပိုကြီးကြီးလာခဲ့တယ်။ Naturally Tart ဖြစ်ပါတယ်လို့ ကြော်ညာပါတယ်။ Tart ရဲ့ အဓိပ္ပါယ်က နှစ်ခွ-သုံးခွ ရှိတယ်။ ချဉ်စုတ်စုတ်-အရသာ၊ ဌာပနာ-သွားရည်စာနဲ့ ကြေးစား-မိန်းမတွေ ဖြစ်တယ်။ တချို့ကလဲ ဒါမျိုးမှ ကြိုက်တာကိုး။

 

ကုန်ပစ္စည်း ကြော်ညာစာ မဟုတ်လို့ ကျန်းမာရေးဘက် လှည့်ပါမယ်။ Sugar-sweetened အချိုကဲ အစား-အရည်မှန်သမျှ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။ လေ့လာမှုတွေကို အကောင်းဖက်ရော၊ အဆိုးဘက်ကပါ လုပ်ပါတယ်။ အချိုဖြစ်အောင် High-fructose corn syrup ပြောင်းကထုတ်တဲ့ အချိုရည် နဲ့ Sucrose (ဆူးခရို့စ်) သကြားကို သုံးတယ်။ Caffeine (ကေဖင်း) ပါတာဆိုရင် Anxiety စိုးရိမ်စိတ်နဲ့ Sleep disruption အအိပ်ခက်တာတွေ ဖြစ်စေတယ်။ သောက်တာများမှပါ။ နဲနဲစီသာပါတဲ့ Sodium benzoate နဲ့ Benzene တွေက ဒုက္ခ ပေးလောက်အောင်တော့ မပါဘူး။

 

၁၉၉၈ မှာ Center for Science in the Public Interest ကနေ Liquid Candy: How Soft Drinks are Harming Americans' Health အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တယ်။ အချိုရည်တွေကြောင့် Obesity အ၀လွန်တာ၊ Type 2 Diabetes ဆီးချိုရောဂါ၊ Dental cavities သွားပိုးစားတာ၊ Heart disease နှလုံးရောဂါ နဲ့ အာဟာရ နည်းတာတွေ ဖြစ်စေနိုင်တယ်။ ၁၉၉၇-၂၀၀၁ အတွင်း အမေရိကားမှာ အချိုရည် သောက်တာရော အ၀လွန်တာပါ နှစ်ဆတိုးခဲ့တယ်။

 

အချိုရည်တွေမှာ Glucose (ဂလူးကို့စ်)၊ Fructose (ဖရပ်တို့စ်)၊ Sucrose (ဆူးခရို့စ်) သကြား အမျိုးမျိုး ပါနိုင်တယ်။ ပါးစပ်ထဲမှာ နေတဲ့ ဗက်တီးယားတွေက အဲဒီ သကြားကို Ferment အချဉ်ဖေါက်တော့ Acid (အက်စစ်) ဖြစ်စေတယ်။ (အက်စစ်) ကနေ သွားအပေါ်ဖုံး ကြွေလွှာ Enamel ကို ဖျက်ဆီးတယ်။ နောက်ပြီး ဖျော်ရည် အများစုကိုနှိုက်က Acidic ဖြစ်နေသေးတယ်။ pH 3.0 လောက်သာ ရှိကြတယ်။ ပါးစပ်ထဲမှာ စုပ်သလို ကြာကြာထားရင် သွားကို ထိခိုက်စေတယ်။ ဖျော်ရည် သောက်ပြီးပြီးချင်း သွားတိုက်ပြန်ရင် ပိုဆိုးနိုင်တယ်။

 

နောက်ဆိုးသေးတာက သွေးထဲမှာ (ပိုတက်ဆီယမ်) နည်းစေလို့ Hypokalemia ဖြစ်စေတယ်။ အားလုံးက လက်ခံတာ မဟုတ်ပေမဲ့ ဖျော်ရည်ကြောင့် Bone density အရိုးအားနည်းတယ်လို့ ပြောတာလဲ ရှိသေးတယ်။ ဖျော်ရည်တွေကနေ အာဟာရဓါတ် ဘယ်လောက်ရသလဲ။ တမင် ထည့်ပေးမထားရင် ဗီတာမင် မပါဘူး။ ဓါတ်ဆား မပါဘူး။ ဖိုင်ဗာ၊ ပရိုတင်း တွေလဲ မပါဘူး။ ရေ၊ နွားနို့နဲ့ သစ်သီး-ဖျော်ရည် အစစ်တွေအစား ဒါတွေချည်း သောက်နေရင် အာဟာရ ချို့တဲ့စေတယ်။

 

USDA အမေရိကန် အစားအသောက်အဖွဲ့ကနေ သတ်မှတ်ပေးထားတာက တနေ့မှာ (ကယ်လိုရီ) ၂၀၀၀ ရမဲ့ အစား အစာထဲမှာ သကြား လဘက်ရည်ဇွန်း ၁၀ ဇွန်းထက် မပိုရပါ။ ဖျော်ရည် အတော်များများထဲမှာ သကြား ဒိထက် ကဲပါနေတယ်။ Caloric intake များရင် လူကိုဝစေတယ်။ လျော့ချင်ရင် လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရလိမ့်မယ်။

 

အရင်က ဖျော်ရည်တွေထဲက အချိုဓါတ်ဟာ Corn syrup ကနေရတယ်။ ၂၀၁၀ ကစပြီး အမေရိကားမှာ High-fructose corn syrup (HFCS) ကို ပြောင်းသုံးစေတယ်။ ဈေးချိုလို့ပါ။ HFCS ကို ဆီးချို၊ သွေးတိုး စတာတွေ အားပေတယ်လို့ ထောက်ပြကြတယ်။ ဥရောပမှာတော့ သူများတိုင်းပြည်တွေကနေ Sugarcane ကြံ-သကြား မသွင်းရအောင် ဥရောပထွက် Sugar beets ကိုသာ သုံးစေလို့ Sucrose ကနေ အချိုဓါတ်ရစေတယ်။

 

Non-alcoholic beverage အရက်မပါ-သောက်စရာ အရည်တွေမှာ ရေ၊ Carbonated water ကာဗွန်ရေ နဲ့ Flavoring agent အနံ့တခုခုပါတယ်။ သကြား ဒါမှမဟုတ် ပြောင်းသကြားရည်၊ Diet drinks (ဒိုင်းယက်-ဒရင့်ခ်) တွေမှာတော့ Sugar substitute သကြား-အစားထိုးတာတွေ သုံးတယ်။ တချို့မှာ Caffeine (ကေဖင်း)၊ တချို့မှာ အသီးရည်၊ တချို့မှာ အရက် Alcohol 0.5% အထိ ပါတတ်သေးတယ်။

 

Carbonated water ကာဗွန်ဒိုင်အောက်ဆိုက်ပါ ရေကြောင့် သွားကိုတော့ သိပ်မထိခိုက်စေပါ။ သူ့ထဲမှာပါတဲ့ (ဖေါ့စဖိတ်) ကြောင့် အရိုးကို ထိခိုက်စေမှာလဲ မပြောပလောက်ပါ။ European Journal of Gastroenterology and Hepatology ကနေပြောတာက အစာမကျေဖြစ်တာ သက်သာစေတယ်၊ ၀မ်းမချုပ်စေဘူးတဲ့။

 

လူ့ကိုယ်ခန္ဓာဟာ စားလိုက် သောက်လိုက်တဲ့ (ဆူးခရို့စ်) ကို (ဂလူးကို့စ်) နဲ့ (ဖရပ်တို့စ်) အဖြစ် ပြောင်းပြီးမှ အူကနေ စုပ်ယူပါတယ်။ ရိုးရိုးသကြားကိုလဲ အဲလိုပါဘဲ။ ဒါပေမဲ့ Fructose Metabolism (ဖရပ်တို့စ်) ဓါတ်ပြောင်းဖြစ်စဉ် ဆိုတာ အလွန်မြန်လို့ Fatty acid (ဖက်တီး-အက်စစ်) နဲ့ Triglyceride (ထရွိုင်-ဂလစ်ဇရိုက်) ဖြစ်တာ အသဲမှာ မြန်-များလို့ အဆီတွေ လာစုစေတယ်။ အရက် မသောက်သူတွေမှာပါ Fatty liver disease အဆီဖုံး-အသဲရောဂါ လာဖြစ်စေနိုင်တယ်။

 

အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​​ဝေဒနာ​ခံစား​​နေရသည့်​ ဗြိတိန်​မိန်း​က​လေး


alt

အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​ဝေဒနာခံစား​နေရသည့်​ ဗြိတိန်မိန်း​က​လေး​ © dailychilli

ဗြိတိန်နိုင်ငံတွင် မိန်း​က​လေး​ငယ် တစ်ဦး​သည် အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​ဝေဒနာ ခံစား​နေရ​ကြောင်း​ သိရသည်။ သူမသည် ​သေဆုံး​သွား​သည့်​ အလှ​မွေး​ ဟမ်း​စတား​ ကြွက်က​လေး​ကို ဥယျာဉ်ထဲ တွင်း​တူး​မြှုပ်နှံရင်း​ မ​တော်တဆ ​လေဖြတ်သွား​ခြင်း​ဖြစ်သည်။

အဖြူနှင့် ​ အနက်​ရောင် ​ရောစပ်ထား​သည့်​ ဟမ်း​စတား​လေး​အတွက် ဝမ်း​နည်း​ကြေကွဲ​နေ​သော ​ကေလိတ်ဝက်ဒ်သည် စိတ်ထိခိုက်၍ ရုတ်တရက် လဲကျသွား​ခဲ့​သည်။ သို့​သော်လည်း​ သူမသည် လူး​လဲထ၍ အိမ်ထဲပြန်ဝင်လာခဲ့​သေး​သည်။ သို့​သော်လည်း​ ​ဆေး​ရုံသို့​ ​ရောက်ချိန်တွင်မူ ဆရာဝန်များ​က မိန်း​က​လေး​သည် ​လေဖြတ်​ဝေဒနာ ခံစား​နေရ​ကြောင်း​ အတည်ပြုခဲ့​သည်။ ဝက်ဒ်၏ မိခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် လီဘီကာက သူမ၏ သမီး​သည် ဘယ်ဖက်​ခြေ​ထောက်မှ ခံစား​မှုများ​ကို မသိ​တော့​ကြောင်း​ အထိတ်တလန့်​ ​အော်ဟစ်ရင်း​ အိမ်ထဲ​ပြေး​ဝင်လာ​ကြောင်း​၊​ ရုတ်တရက် ထူပူသွား​မိ​သော်လည်း​ ၉၉၉ သို့​ ​ကြောက်အား​လန့်​အား​ ဖုန်း​ခေါ်ခဲ့​မိ​ကြောင်း​ ရှင်း​ပြခဲ့​သည်။

 ဆေး​ဝန်ထမ်း​များ​ ​ရောက်လာပြီး​နောက် ကား​ဒစ်ရှိ ​ဝေလက​လေး​ဆေး​ရုံသို့​ ဝက်ဒ်အား​ ​ခေါ်​ဆောင်သွား​ခဲ့​သည်။ ​ဆေး​စစ်မှုများ​အရ သူမ၏ ဦး​နှောက်ညာဖက်ခြမ်း​တွင် ​လေဖြတ်မှု ဖြစ်​ပေါ်ခဲ့​ကြောင်း​ ဆရာဝန်များ​က စစ်​ဆေး​တွေ့​ရှိခဲ့​ပြီး​ အကျိုး​ဆက် အ​နေနှင့်​ ခန္ဓာကိုယ် ဘယ်ဖက်ရှိ အစိတ်အပိုင်း​ အချို့​တို့​ သွက်ချာပါဒ ဖြစ်သွား​ကြောင်း​ သိရသည်။

လက်ရှိတွင် ဆရာဝန်များ​သည် မိန်း​က​လေး​၏ ​လေဖြတ်မှု အ​သေး​စိတ်ကို စစ်​ဆေး​နေဆဲဖြစ်ပြီး​ ယခုနှစ်ကုန်တွင် ဦး​နှောက်သို့​ ​သွေး​လည်ပတ် စီး​ဆင်း​မှုကို အ​သေး​စိတ်စစ်​ဆေး​ ဓာတ်မှန်ရိုက်ဖွယ် ရှိ​နေ​ကြောင်း​ သတင်း​ရရှိသည်။


အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ


8-( 8-( 8-(  အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းလမ်းများ ;-) ;-) ;-)
လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ 
အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။
အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်-
(၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။
အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။
(၂) အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။
(၃) စာဖတ်ခြင်း။
အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။
(၄) စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။
(၅) နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။
(၆) ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ 
အကိုး။ ဒေါက်တာမောင်မောင်ညို (အံပဖွယ်သုတစာစောင်)



အအေးမိဖျားနာခြင်း ဖြစ်ခါနီးအချိန်မှာ ဂရုစိုက်သင့်သည်များ

ကျွန်မတို့အများစုဟာ ကိုယ့်ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အားနည်းနေတာ၊ နေရတာ သက်သောင့်သက်သာ မရှိတာ စတဲ့ အပြောင်းအလဲတွေကို မဖျားခင် အချိန်လေးမှာ ကြိုသတိထားမိကြပါတယ်။

ဒါကြောင့် “အအေးမိချင်သလိုလို ဖြစ်နေတယ်” ဒါမှမဟုတ် “ငါတော့ ဖျားတော့မယ်ထင်တယ်” စတဲ့ စကားလုံးတွေကို ရေရွတ်မိကြတာပဲ မဟုတ်ပါလား။ အဲဒီလို အအေးမိခါနီးအချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်လိုက်မယ်ဆိုရင် သင့်ကို ဖျားနာစေမယ့် ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေကို သင့်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်ပြီး နေကောင်းလာပါလိမ့်မယ်။

အအေးမိချင်သလိုလို ဖြစ်နေချိန်မှာ ကိုယ့်ကိုကိုယ် လျစ်လျူရှုပြီး ပေပေတေတေ နေလိုက်မယ်ဆိုရင်တော့ ပိုပြီးဖျားနာလာပါလိမ့်မယ်။ ဒါကြောင့် အအေးမိဖျားနာခါနီး အချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အအေးမိခြင်းကို အမြန်မောင်းထုတ်နိုင်ဖို့ အနားများများယူပါ

အအေးမိချင်သလိုလို ခံစားနေရရင် စွမ်းအင်တွေကုန်တဲ့အထိ၊ ကိုယ်ခံစွမ်းအားကျတဲ့အထိ ပြင်းပြင်းထန်ထန် အလုပ်မလုပ်ပါနဲ့။ အိမ်မှာ လဲလျောင်းပြီး အနားယူပေးပါ။

၂။ ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ

သင့်ခန္ဓာကိုယ်က နွမ်းနယ်ပြီး မလန်းဆန်းဘူးဆိုရင် ပိုပြီးနေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ ဖျားချင်သလို ဖြစ်လို့ဆိုပြီး အိပ်ရာထဲမှာ စောင်ထူထူခြုံပြီး ကွေးနေတာကလည်း နည်းမှန်လမ်းမှန် မဟုတ်ပါဘူး။ ကြက်သီးနွေးရေနဲ့ ရေချိုးလိုက်ပါ။ သင့်ခန္ဓာကိုယ်ကို လန်းဆန်းပေါ့ပါးသွားစေပါလိမ့်မယ်။ ရေနွေးငွေ့ဟာ အသက်ရှူ လမ်းကြောင်း ပြဿနာတွေကိုပါ သက်သာစေပါတယ်။

၃။ အစားအသောက်ကို ကောင်းကောင်းစားပါ

သင်ဟာဖျားချင်သလိုဖြစ်နေရင် အစားအသောက်ကို စားချင်သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကို အလိုမလိုက်ပါနဲ့။ အအေးမိခြင်းကို တိုက်ထုတ်နိုင်ဖို့ သင့်ခန္ဓာကိုယ်ဟာ အာဟာရကောင်းကောင်း လိုအပ်နေပါတယ်။ အလွယ်တကူ ကြေညက်နိုင်တဲ့ ပရိုတင်းများစွာပါဝင်တဲ့ အစားအသောက် စားပေးပါ။ ဒီအချိန်မှာ ကြက်စွပ်ပြုတ်ပူပူဟာ အအေးမိခြင်းကို တိုက်ထုတ်နိုင်စေတဲ့ အကောင်းဆုံးအာဟာရပါ။ ဒီအချိန်မှာ ဆီကြော်စာ၊ အချိုစာတွေနဲ့ အဆီအအိမ့် ပါဝင်မှုများတဲ့ အစာတွေကို မစားပါနဲ့။ ဒီအစာတွေက ကြေညက်ခဲပြီး ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျော့ကျစေတာကြောင့်ပါ။

၎။ ရေနှင့် အရည်များများ သောက်ပါ

ဖျားခြင်းဟာ သင့်ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေပါတယ်။ သင်စားတဲ့ အစားအစာတွေကို ကောင်းကောင်း ချေဖျက်နိုင်ဖို့နဲ့ အအေးမိခြင်းကို တိုက်ထုတ်နိုင်ဖို့ ရေကိုလိုအပ်နေပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်း သန့်စင်စေတဲ့အတွက် ရေသောက်ပြီး ဆီးများများသွားပေးပါ။ အရည်သောက်ဖို့ လိုပေမယ့် ကော်ဖီ၊ အချိုရည်နဲ့ အရက်ကိုတော့ မသောက်သင့်ပါဘူး။ ဒီအရည်တွေက ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက် စေလို့ပါ။ ရေ၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေကိုသာ သောက်သင့်ပါတယ်။

၅။ ဖြည့်စွက်ဆေး မှီဝဲပါ

ဗီတာမင်စီ၊ သွပ်ဓာတ် (Zinc) နဲ့ Echinacea တွေဟာ အအေးမိခြင်းကို မြန်မြန် မောင်းထုတ် နိုင်ပါတယ်။

 


ဝမ်းပျက်ဝမ်းလျှောခြင်း (Diarrhea)

ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဝမ်းသွားတာ ကုန်စင်အောင် ဒီအတိုင်း ထားလိုက်တာဟာ အကောင်းဆုံး ကုသမှုပါ။ ဝမ်းပျက်တာဟာ သင့်ခန္ဓာကိုယ် စနစ်တွေအတွက် အနှောင့်အယှက် ဖြစ်နေတဲ့အရာကို စွန့်ထုတ်ပစ်တဲ့ ခန္ဓကိုယ်ရဲ့ အကောင်းဆုံး ခုခံမှု နည်းလမ်းပါ။ “ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ လူနာတစ်ယောက်ကို အရေးပေါ် ဝမ်းပိတ်အောင် လုပ်ရမယ့် အခြေအနေ (ဥပမာ - အလုပ်ကိစ္စကြောင့် မသွားမဖြစ် အစည်းအဝေးပွဲတက်ရတာ) မျိုးကလွဲပြီး ဝမ်းပိတ်ဆေး မပေးရပါဘူး” လို့ ဝါရှင်တန် ဆေးတက္ကသိုလ်မှ ဒါရိုက်တာ Lynn က ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သက်သောင့်သက်သာရှိအောင်နဲ့ မြန်မြန်သက်သာသွားမယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ နွားနို့နဲ့ ဆက်စပ်မှုရှိမရှိ ဖော်ထုတ်ပါ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာဟာ နို့ကို ခံနိုင်ရည်မရှိတာကြောင့် အဖြစ်များတာပါ။ နို့စို့ကလေးငယ်ဘဝကတည်းက နို့ကို ခံနိုင်ရည်မရှိတာ ဖြစ်နိုင်ပေမယ့် အသက်ကြီးလာမှ ရုတ်တရက် မခံနိုင်တာလည်း ဖြစ်တတ်ပါတယ်။ နို့သောက်ပြီး နောက်တစ်နေ့မှာ လေပွ၊ ဗိုက်အောင့်ပြီး ဝမ်းပျက်နေရင် Lactose ပါတဲ့ အစာတွေကို ရှောင်ပါ။

၂။ နို့ကို ဘယ်လောက် ခံနိုင်ရည်ရှိသလဲလို့ စမ်းသပ်ပါ။
သင်ဝမ်းပျက်ဝမ်းလျှောတာဖြစ်ရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ရှောင်ပါ။ ဝမ်းပြန်မှန်သွားရင် နို့ထွက်ပစ္စည်းကို တဖြည်းဖြည်းချင်း စမ်းသုံးကြည့်ပြီး ဘယ်လောက်ပမာဏဆိုရင် ဝမ်းပျက်တာပြန်ဖြစ်သလဲကို မှတ်သားထားပါ။ သင်ဟာ ဘယ်အဆင့်လောက်မှာ နို့ဒဏ်ကို မခံနိုင်သလဲဆိုတာ သိသွားရင် နို့ထွက်ပစ္စည်းတွေကို လျှော့စားပြီး ဝမ်းမပျက်အောင် ကာကွယ်ပါ။

၃။ သင်သောက်နေကျ ဆေးဝါးတွေကို စဉ်းစားပါ။
သင်ဟာ အစာမကြေ ရင်ပူတာအတွက် အစာကြေဆေးတွေ သောက်နေရရင် ဝမ်းပျက် နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဟိုက်ဒရောဆိုက်ပါဝင်တဲ့ အစာကြေဆေးတွေဟာ Milk of Magnesia ဆေးလို ဝမ်းပျက်တတ်ပါတယ်။ ပဋိဇီဝဆေး၊ ငှက်ဖျားဆေး (Quinidine) နဲ့ Colchicine ဆေးတွေဟာလည်း ဝမ်းပျက်စေတတ်ပါတယ်။ ဗီတာမင် C ကို ပမာဏ များများ သောက်မိရင်လည်း ဝမ်းပျက်တတ်ပါတယ်။ ဗီတာမင် C ၆၀ မီလီဂရမ်ထက် ပိုသောက်မိရင် တချို့သူတွေမှာ ဝမ်းပျက်တတ်ပေမယ့် တစ်နေ့လုံးအတွက် ဗီတာမင် C ၂၀၀၀ မီလီဂရမ်ကို အကြိမ်ခွဲပြီးသောက်ရင် အများစုက ဝမ်းမပျက်တတ်ပါဘူး။

၎။ အရည်ကျဲကျဲသောက်ပါ။
ဝမ်းပျက်ခါစမှာ ကြက်စွပ်ပြုတ်ရည်လိုမျိုး အရည်ကျဲကျဲသောက်ပေးပါ။ ဝမ်းပျက်နေစဉ် အူမကြီးအနားရစေနိုင်ပါတယ်။ နောက်မှ တဖြည်းဖြည်းချင်း ဆန်ပြုတ်၊ ငှက်ပျောသီး ဒါမှမဟုတ် ဒိန်ချဉ်စားသွားပါ။

၅။ အရည်များများသောက်ပါ။
ဝမ်းပျက်လို့ အစာမစားနိုင်ဖြစ်နေတာကို စိတ်မပူပါနဲ့။ အဓိကအနေနဲ့ အရည်များများ သောက်ပေးဖို့ပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်ပေးရပါမယ်။ ဓာတ်ဆားထုပ်ဝယ်ပြီး ဓာတ်ဆားဖျော်ရည် ဖျော်သောက်ပါ။ အလွယ်တကူဝယ်လို့မရရင် ရေတစ်လီတာကို သကြားလေးဇွန်းနဲ့ ဆားအနည်းငယ် ထည့်ဖျော်ပြီး သောက်ပါ။

၆။ အောက်ပါအစာတွေကို ရှောင်ပါ။
ဝမ်းပျက်နေစဉ်မှာ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်နဲ့ ရွက်လိပ်ဂေါ်ဖီတွေကို မစားပါနဲ့။ ခန္ဓာကိုယ်က စုပ်ယူမှုအားမကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာလည်း ဝမ်းပိုမိုပျက်စေတတ်ပါတယ်။ ပေါင်မုန့်၊ ပါစတာနဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်၊ ပန်းသီး၊ ပန်းသစ်တော်၊ မက်မန်းသီး၊ ဆီးသီး၊ ပြောင်းဖူး၊ အုတ်စပါးနဲ့ အာလူးတို့ကို ရှောင်ပါ။

၇။ အချိုရည်တွေရှောင်ပါ။
Gas ပါဝင်တဲ့ အချိုရည်တွေဟာ ဝမ်းပျက်တာကို ပိုဆိုးစေနိုင်ပါတယ်။

၈။ မီးဖိုချောင်မဝင်ပါနဲ့။
သင် ဒါမှမဟုတ် သင်မိသားစုဝင်ထဲက ဝမ်းပျက်သူတွေဟာ မီးဖိုချောင်ဝင်ပြီး ထမင်းဟင်း မချက်သင့်ပါဘူး။ ဝမ်းပျက်တာ ပျောက်ကင်းသွားမှသာ မီးဖိုချောင်ထဲ ပြန်ဝင်သင့်ပါတယ်။ လက်ဆေးတဲ့အကျင့်ဟာလည်း ဝမ်းပျက်ရောဂါ မပျံ့နှံ့အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ထမင်းဆိုင်မှာ စားဖိုမှူးလုပ်သူ၊ အစားအသောက်ကို ကိုင်တွယ်ပြီး ရောင်းချသူတွေအနေနဲ့ ဝမ်းပျက်စဉ်မှာ အလုပ်ကနေ ခေတ္တအနားယူထားသင်ပါတယ်။

၉။ လိုအပ်ရင် ဆေးသောက်ပါ။
ဝမ်းပျက်ဝမ်းလျှောနေရင် ဆေးမသောက်ဘဲ ဒီအတိုင်းထားတာဟာ အကောင်းဆုံးပါ။ ဒါပေမဲ့ သင်မသွားမဖြစ် သွားရမယ့်နေရာကို သွားဖို့လိုပြီး ဝမ်းပိတ်အောင် မဖြစ်မနေ လုပ်ရမယ်ဆိုရင် Attapulgite ဒါမှမဟုတ် Imodium ဆေးသောက်ပါ။ Attapulgite ဟာ အူထဲမှာရှိနေတဲ့ မကောင်းတဲ့အရာတွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ Imodium ဟာ အူတွေရောင်ရမ်းစေပြီး အူလှုပ်ရှားမှု နည်းစေပါတယ်။ Kaopectate ဆေးလည်း သောက်နိုင်ပါတယ်။

၁၀။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ။
ပုံမှန်အားဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ သူ့ဘာသာသူ ပြန်လည်ကောင်းမွန် တတ်ပါတယ်။ နို့စို့ကလေး၊ ကလေးငယ်၊ အသက်ကြီးသူ ဒါမှမဟုတ် တခြားရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနေသူတွေဟာ ဝမ်းပျက်ဝမ်းလျှောဒဏ်ကို မခံနိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ တစ်ရက်နှစ်ရက် အတွင်း မသက်သာခဲ့ရင်၊ ကိုယ်အပူချိန်တက်တာနဲ့ မခံမရပ်နိုင်အောင် ဝမ်းဗိုက်နာကျင်တာ နဲ့ တွဲဖြစ်ရင် ဒါမှမဟုတ် အသားဝါတာ၊ အဖုအပိမ့်ပေါက်တာနဲ့ အတူတူတွဲဖြစ်ရင် ဒါမှမဟုတ် အလွန်အမင်း အားနည်းနေရင်လည်း ဆရာဝန်နဲ့ပြပါ။ သင့်မစင်ထဲမှာ ချွဲ၊ သွေး ဒါမှမဟုတ် ပြည်တွေပါလာရင်လည်း ဆရာဝန်နဲ့ ပြသရပါမယ်။ ရုတ်တရက် ဝမ်းပျက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုရှိခဲ့ရင် စိုးရိမ်ရပါတယ်။ သင်ဟာ အလွန်အမင်း ဝမ်းပျက်နေပြီး အရည် ဒါမှမဟုတ် အစာမစားနိုင်ဘူးဆိုရင် အရေးပေါ် ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။



ကိုယ်ဝန်ရှိစဉ် မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် မွေးလာသည့် ကလေးများ၌ အမူအကျင့်ဆိုင်ရာပြဿနာများတွေ့ရှိ

ကိုယ်ဝန်ရှိနေစဉ် မိုဘိုင်းဖုန်းများကို ပုံမှန်အသုံးပြုသောအမျိုးသမီးများက မွေးဖွားလာသည့် ကလေးများသည် ဆိုးရွားသည့်အမူအကျင့်များကို ပြုလုပ်နိုင်ခြေလွန်စွာ မြင့်မားကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။

ယင်းနောက် မွေးလာသည့် ကလေးများသည် မိုဘိုင်းဖုန်းကို အသက်အလွန်ငယ်ရွယ်စဉ်၌ အသုံးပြုပါက ယင်းကဲ့သို့ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပို၍ မြင့်မားသည်ဟု ဆိုသည်။ မိခင်ဝမ်းဗိုက်ထဲ၌ရှိနေစဉ် မိခင်က မိုဘိုင်းဖုန်းကို အသုံးပြုပါက အဆိုပါကလေးသည် အသက်ခုနှစ်နှစ်အရွယ်တွင် အမူအကျင့်ဆိုင်ရာခက်ခဲမှုဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟုဆိုသည်။

ကလေးငယ်တစ်ဦးသည် မမွေးဖွားခင်နှင့် မွေးဖွားပြီးနောက်ကလေးဘဝတွင် မိုဘိုင်းဖုန်း နှင့်ထိတွေ့ရပါက အမူအကျင့်ဆိုင်ရာ ပြဿနာဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပို၍မြင့်မား သည်ဟု ဆိုသည်။ မိခင်ဝမ်းဗိုက်အတွင်း၌ မိုဘိုင်းဖုန်းနှင့်ထိတွေ့မှု မရှိသော်လည်း အသက်ငယ်ရွယ်စဉ် မိုဘိုင်းဖုန်းအသုံးပြုသည့်  ကလေးများသည့် ပုံမှန်မဟုတ်သော အမူအကျင့်များပြုနိုင်ခြေ ၁၀ ရာခိုင်နှုန်းပို၍ မြင့်မားသည်ဟုဆိုသည်။ ကယ်လီဖိုးနီးယားမှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်ကြောင့် ကလေးငယ်များ မိုဘိုင်းဖုန်း အသုံးပြုခြင်း ကိုတားမြစ်သင့်ကြောင်း  တွေ့ရသည်။

Ref : Good Health


ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲက အလုံး Ovarian Cyst


Q: ဆရာရှင့်
(၁) ကျွန်မ အသက် ၂၅ တုံးက ရေအိတ် ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါ ထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများ ရှိနိုင်ပါသလဲ။ နောက်နှစ်မှာ ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး၊ ဘာတွေ ကြိုတင် မှီဝဲဖို့ လိုပါသလဲ။

(၂) ရေအိတ်က ဘာကြောင့်ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို-အအို မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။ Ovarian Cyst လို့ ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့ ၀လာသလို ထင်ရတယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ နဲနဲဘဲ စားရသေးတယ်၊ ဗိုက်က ပြည့်သွားပြီး၊ ဗိုက်တင်းသွားတယ်။ ဆက်စားချင်ပေမဲ့ မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလို ဖြစ်ပါတယ်။ အဲလောက်ဘဲ ခံစားရပါတယ်။ အိတ်ထမတင် လေ့ကျင့်ခန်း လုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။ ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး။ စိုးရိမ်လို့ ဆေးခန်း သွားတော့မှ ရေအိတ်ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက်တွေလို့ဘဲ ပြောပါတယ်။ တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရ ခက်တဲ့အတွက် အဲဒါပါ ထုတ်လိုက်တယ်လို့ ပြောပါတယ်။

A: အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ Tumor ခေါ်တဲ့ အလုံး-အကြိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလဲ အတိအကျ ပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

Ovary ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ Uterus သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ Uterine tubes သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။ ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန်ရင့်မာ အရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ ဘေးတို့မှာ ကပ်နေတာ မဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှား လှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့ နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံး သပ်သပ်ကို ခွဲစိတ်ထုတ်လိုက်တာက အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ် တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့ မျိုးဥအိတ်ကို ချန်ထားဘို့လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင် သားသမီးရဘို့ တ၀က်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံး ရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့လဲ စိတ်ချရမယ်။

Ovarian cyst တခါ ဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီ မမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ်သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်း နည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူ တွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါ၀ါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေ ပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ “အပင်းထည့်တယ်” လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။

အဲလို ခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅၀% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာ စားပါ။ ဆေးလည်း ပုံမှန် အားဆေးသာ လိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့ လိုမယ်။ ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေ တားဆေးသုံးရင် မျိုးဥမထွက်စေတာမို့ Ovarian cyst ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေး ယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD မကြာရင် Condom သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊ ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။

 

Public Health In Myanmar မှ ကူးယူဖော်ပြပါသည်

Health_news_102010_1.gif


ကြော်ငြာ​အဖြစ် အမြည်း​ပေး​သည့်​​ ဒိန်ချဉ်မှာ သုက်ရည်နှင့်​​တူ​နေသဖြင့်​ ရဲက​​စစ်​ဆေး


alt

ကြော်ငြာ​အဖြစ် အမြည်း​​ပေး​သည့်​​ဒိန်ချဉ် © dailychilli

ကြော်ငြာအဖြစ် အမြည်း​ပေး​သည့်​ ဒိန်ချဉ်သည် သုက်ရည်နှင့်​ အရသာတူ​နေ​ကြောင်း​ အမျိုး​သမီး​ တစ်ဦး​က စွပ်စွဲခဲ့​ပြီး​နောက် ဒိန်ချဉ်​ရောင်း​သူကို ရဲကစစ်​ဆေး​လျက်ရှိသည်။

အ​မေရိကန်နိုင်ငံ၊​ အယ်ဘူကွာကွာရှိ ရဲတပ်ဖွဲ့​က ယခုသီတင်း​ပါတ်အတွင်း​ ဆန်း​ဖလား​ဝါး​ဈေး​ရှိ စတိုး​ဆိုင် အလုပ်သမား​ တစ်ဦး​ဖြစ်သည့်​ အသက် ၃၁ နှစ်အရွယ် အန်တိုနီ ဂါစီယာအား​ ​မေး​မြန်း​မှုများ​ ပြလုပ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အမျိုး​သမီး​က သူမသည် ဒိန်ချဉ်ကို ​သောက်ပြီး​နောက် ​ထွေး​ထုတ်လိုက်​ကြောင်း​၊​ အဘယ့်​ကြောင့်​ဆို​သော် ၎င်း၏ အရသာသည် အမျိုး​သား​ သုက်ရည်နှင့်​ ဆင်တူ​နေ၍ဖြစ်​ကြောင်း​ ရဲတပ်ဖွဲ့​ထံ တိုင်ကြား​ခဲ့​သည်။ ရဲတပ်ဖွဲ့​သည် ယင်း​နမူနာ ဒိန်ချဉ်ကို စစ်​ဆေး​မှု ပြုလုပ်သွား​မည်ဟုဆိုသည်။

ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရပုဂ္ဂိုလ် ရဲကြပ်ကြီး​ ထရစ်​ဟော့​မန်း​က ယခုကဲ့​သို့​ တိုင်ကြား​မှုမျိုး​ ကြုံဖူး​သည်မှာ ပထမဆုံး​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။ ဂါစီယာသည် ယခင်က အ​သေး​စား​ လိင်မှုဆိုင်ရာ ​စော်ကား​ခြင်း​အတွက် နှစ်ကြိမ်မျှ ရုံး​တင်စစ်​ဆေး​ ခံခဲ့​ရသည်။


ဒိန်ခဲ ကြိုက်သလား၊ ဟော့ဒေါ့ ကြိုက်သလား


ချိစ် ခေါ် ဒိန်ခဲ သိပ်ကြိုက် တာပဲ ဆိုတဲ့ သူတွေ သတိ ထားရမှာက ချိစ်မှာ အမိုင်နိုစက်စစ် ဓာတ် တစ်မျိုး ဖြစ်တဲ့ Tyramine ပါဝင် ပါတယ်။ တစ်ဖန် ဟော့ဒေါ့ (Hot dogs) များမှာလည်း နိုက် ထရိုက်တွေ ပါရှိကြ ပါတယ်။ ချိစ် (ဒိန်ခဲ) နှင့် ဟော့ဒေါ့ နှစ်မျိုး စလုံးမှာ ပါတဲ့ ဒြပ်ပေါင်း များက ဦးနှောက် အတွင်း သွေးစီးဆင်း လှည့်ပတ် သွားလာ မှုကို ပြောင်းလဲမှုတွေ ဖြစ်စေ ပါတယ်။ ထိုအခါ သင့်ဦးနှောက် အတွင်းရှိ သွေးကြော များဟာ ကျဉ်းလာလိုက်၊ ကျယ်လာလိုက် ဖြစ်လာ တာကြောင့် သွေးခုန်နှုန်းများ တဒုတ်ဒုတ် ဖြစ်လာပြီး ခေါင်း ပိုကိုက် စေပါတယ်။ အဲဒီ အစား အစာတွေ စားခြင်းကြောင့် ခေါင်းကိုက် လာပါက Tyramine မြင့်မားစွာ ပါဝင်သော အစားအစာ များကို ရှောင်ကြဉ် သင့်ပါတယ်။ Tyramine မြင့်မားစွာ ပါဝင်တဲ့ ထိုအစားအစာ တွေကတော့ အဆန် (ဥပမာ- မြေပဲလှော်)၊ အသားကင်များ၊ ချဉ်ဖတ် အမျိုးမျိုး၊ အမှည့်လွန် သစ်သီးများ၊ ဝိုင်နှင့် ဘီယာတို့ ဖြစ်ပါတယ်။ ဓာတု ဒြပ်ပေါင်းတွေ ထည့်မလုပ်တဲ့ ဟော့ဒေါ့ အစာ သွပ်ဆိုရင် တော့ စားနိုင်ပါတယ်။ တာရှည် ခံအောင် လုပ်ထားတဲ့ အစာတွေ (ဥပမာ- ဝက်အူချောင်း) သွပ် ထားတဲ့ ဟော့ဒေါ့မျိုး ရှောင်သင့် ပါတယ်တဲ့။


အလှအပ နှင့် ကျန်းမာရေးအတွက် ငှက်ပျောသီး


     ဒီနေ့ တော့ပြတိုက်မှ သူငယ်ချင်းများအတွက် လွယ်လွယ်ကူကူရနိုင်တဲ့ ငှက်ပျောသီးရဲ့  အသုံးဝင်ပုံတွေကို တင်ပြပေးပါမယ်။ကျန်းမာ

ရေးအတွက်ကော အလှအပအတွက်ပါ အသုံးဝင်လှတဲ့ ဒီငှက်ပျောသီးအကြောင်းကို 8 Day ဂျာနယ်မှဘဲကူးယူဖေါ်ပြပေးလိုက်တာပါ။

ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။  ဒါ့အပြင်ဆံကေသာ  အတွက်   လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံး ပြုကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု
     ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

အမြင်အာရုံ
     တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

ပျို့အန်ခြင်း
     အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
      ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ခြင်အန္တရာယ်
     ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

လေဖြတ်ခြင်း
     နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။

အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
     အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

     ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။

အရေပြားအတွက်
     ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမျှအသား  အရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ကြွက်နို့ကို    သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။ထောပတ်သီး တစ်လုံး၊     ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။

ကလေးများအတွက်
     ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

     ပြတိုက်မှသူငယ်ချင်းများ ကျန်းမာရေးဗဟုသုတပြည့်ဝနိုင်ကြပြီး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်ဝနိုင်ကြပါစေလို့ 

ဆုတောင်းမေတ္တာပို့ သလျှက်......

     စေတနာများစွာဖြင့်........



သဘာဝကိုဆန့် ကျင်သူတွေအတွက် သဘာဝရဲ့ ဒါဏ်ခတ်ချက်....
သဘာဝကိုဆန့် ကျင်ယင် သဘာဝကြီးကဒါဏ်ခတ်တတ်ပါတယ်...

သဘာဝနှင့် ဆန့် ကျင်စွာ ပါးစပ်ဖြင့် လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်
ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်တယ်လို့ ဆိုပါတယ်...

 မလုပ်နဲ့ နော်... 

ပါးစပ်ဖြင့် ချစ်သူကြင်ဖက်( အခကြေးငွေပေးပြီးပျော်ပါးသူ )၏ပန်းအစုံကို နမ်းငုံခြင်းဟာ ယခုအခါတွင် အ
သက် ၅၀အောက်အရွယ်များတွင် ခံတွင်း အတွင်းရောဂါပိုးကူးစက်ပျံ့ ပွားပြီး ( papillomavirus ရောဂါပိုး )
လည်ချောင်းကင်ဆာဖြစ်ရခြင်း၏ အဓိကအချက်အလက်၊ အကြောင်းတရားဖြစ်နေပါသည်ဟု အင်္ဂလန်နိုင်ငံ
ထုတ် ဒေလီမေးလ် သတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...

ခံတွင်းထဲမှာ ဒီ HPV ပိုးတွေက အလွယ်တစ်ကူပေါက်ဖွားကူးစက်နိုင်ပါတယ်...

HPV ( Human Papillomavirus ) ဟုခေါ်သည့်  အဆိုပါ ခံတွင်းအတွင်းပျံ့ ပွားသည့် ရောဂါပိုးဟာ လွန်ခဲ့ 
သည့် ဆယ်စုနှစ်များအတွင်း အသက်အန္တရယ်ထိခိုက်စေသည်အထိဖြစ်နိုင်သောပါးစပ်နှင့် လည်ချောင်း
ဆိုင်ရာကင်ဆာရောဂါများတိုးပွားရခြင်း၏အဓိကအကြောင်းအရာဖြစ်လာခဲ့ ပါတယ်...

 
ဆေးလိပ်သောက်ချင် သောက်လိုက်ပါ....

ကိုလံဘတ်မြို့ မှ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်ပါမောက္ခ မော်ရာဂစ်ဘဆွန်က ( ပါးစပ်၊ ခံတွင်းဖြင့် ) လိင်
ဆက်ဆံမှုကြောင့် ဖြစ်ပွားသည့် လည်ချောင်း၊ ခံတွင်းကင်ဆာဟာ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပွား
ရခြင်းထက် ပိုမိုအဓိကကျတဲ့ အချက်ဖြစ်နေပါတယ် လို့ ပြောကြားခဲ့ ပါတယ်...
ဆ၇ာဝန်များကတော့ ယောကျာင်္းလေးများ ( အမျိုးသားများ ) ဟာလည်း မိန်းကလေးများကဲ့ သို့ အဆိုပါကင်
ဆာရောဂါပိုးပြန့် ပွားခြင်းမှတားဆီးကာကွယ်ရန် HPV ပိုးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းခဲ့ ပါတယ်....
ဗြိတိန်နိုင်ငံမှာတော့ အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်အရွယ်ရှိမိန်းကလေးများကိုသားအိမ်ကင်ဆာကာ
ကွယ်ဆေးထိုးပေးဖို့ အမျိုးသားကျန်းမာရေးဌာနမှ စီစဉ်ပေးလေ့ ရှိပါတယ်...
အဆိုပါရောဂါကြောင့် နှစ်စဉ်အမျိုးသမီး ၁၀၀၀ ခန့် ဗြိတိန်နိုင်ငံမှာသေဆုံးလျှက်ရှိပါတယ်...

--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

slip
http://www.meepyatite.info/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


All Myanmar Blogs
ttp://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://mathetzinnet.blogspot.com/


Music
http://myl6.blogspot.com/


My Bookmark
http://lighthouse28.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/



You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact meepy...@gmail.com & forall...@gmail.com.

Health_news_102010_1.gif
Reply all
Reply to author
Forward
0 new messages